Month: June 2023

ပဉ္စမအကြိမ်မြောက် အဘိဝိနယာစရိယစာတော်ပြန်ပွဲနှင့် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားဆိုင်ရာ ကြည် ညိုဖွယ်ပုံရိပ်များ (၁၇-၆-၂၀၂၃)

စာတော်ပြန်ပွဲလာရောက်ဖြေဆိုကြမည့် သံဃာတော်များသီတင်းသုံးရန်ကျောင်းဆောင် ပြင်ဆင်နေကြစဉ်။ စာတော်ပြန်ပွဲဖြေဆိုခွင့်ကတ်များ စိစစ်ဆောင်ရွက်စဉ်။ ကျမ်းစာအုပ်ဖွင့်စနစ် (Open Book Examination System) ဖြင့် ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ကျမ်းစာအုပ်များကို ကြိုတင်ပြင်ဆင်ထားပုံ။ “အဘိဝိနယာစရိယ” ဘွဲ့တော်ဆက်ကပ်လှူဒါန်းရန် ကျမ်းစာအုပ်များနှင့် ဘွဲ့လက်မှတ်တော်များ ပြင်ဆင်ထားပုံ။…

ပဉ္စမအကြိမ်မြောက် အဘိဝိနယာစရိယ စာတော်ပြန်ပွဲ

“အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ” ဟူသော အဋ္ဌာကထာစကားနှင့်အညီ မြန်မာနိုင်ငံ၏ အနာဂတ်သာသနာ့တာဝန်ကို ပုခုံးပြောင်းကာ ဦးဆောင်ဦးရွက်ပြုတော်မူကြမည့် ရဟန်းတော် အရှင်မြတ်‌များသည် စာပေပရိယတ္တိအရာတွင် နှံ့စပ်ကျွမ်းကျင်တတ်မြောက်ရုံသာမက ဝိနည်းပဋိပတ်အရာတွင်လည်း ကျွမ်းကျင် နိုင်နင်းသည့် သာသနာ့အာဇာနည်အလောင်းအလျာရှင် ရဟန်းကောင်းများ ပေါ်ထွန်းလာစေရန်အတွက်…