ကျမ်းစာအုပ်ဖွင့်  OBE စနစ်ဖြင့် နေပြည်တော်၌ ဖြေဆိုနေသည့် အဘိဝိနယာစရိယစာမေးပွဲကို လေ့လာဆန်းစစ်ရန်အတွက် Zoom Meeting ပြုလုပ်ခြင်း

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းမှ အဘိဝိနယာစရိယစာပြန်ပွဲများကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ပထမအကြိမ်၊ ၂၀၂ဝ ခုနှစ် ဇူလိုင်လတွင် ဒုတိယအကြိမ်နှင့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် တတိယအကြိမ်တို့ကို ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါစာပြန်ပွဲများတွက် Open Book Examination System အပေါ် Quantitative Analysis ဖြင့် သုတေသနစာတမ်းများ ရေးသားပြုခဲ့ပြီးဖြစ်ပါသည်။

ယခုနှစ်စတုတ္ထအကြိမ်မြောက် စာတော်ပြန်ပွဲကို Open Book Examination System အပေါ် Quantitative and Qualitative Analysis ဖြင့် သုတေသနစာတမ်းများ ရေးသာပြုစုနိုင်ရန်အတွက် မေလ၁၅  ရက်နေ့   ည ၈.၀၀နာရီ မှ ၁ဝ နာရီ ၃ဝ အထိ Zoom Meeting ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဆရာတော်သံဃာတော် (၃)ပါး၊ ဒေါက်တာခင်မျိုးမြင့်ကြူ ဒု-ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊  ဒေါက်တာတင်မောင်ဝင်း ဒု-ပါမောက္ခချုပ်  လွိုင်ကော်တက္ကသိုလ်၊  ဒေါက်တာဉာဏ်ဝင်းသန့်  ဒု-ညွှန်ကြားရေးမှူးချုပ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၊ ဦးကျော်လွင် ညွှန်ကြားရေးမှူး (ငြိမ်း) စိုက်မွေးဆည်ဝန်ကြီးဌာန၊ MD ဦးဇော်မိုးဝင်း (Natmout Group)၊ ဒေါ်နှင်းကြည် ညွှန်ကြားရေးမှူးချုပ် ဆရာအတတ်ပညာဦးစီးဌာန၊ ဒေါက်တာမြမြသန်း ပါမောက္ခ (ငြိမ်း) ထားဝယ်တက္ကသိုလ် ၊ ဒေါက်တာမြသက်စော ပါမောက္ခဌာနမှူး (ငြိမ်း) ထားဝယ်တက္ကသိုလ် ၊ ဒေါ်ခင်ခင်ကြီး ဒု-ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) အခြေခံပညာဦးစီးဌာန၊ ဒေါက်တာသက်နှင်းအေး ညွှန်ကြားရေးမှူး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒေါက်တာမေသဲစုမိုး ညွှန်ကြားရေးမှူး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒေါ်ခင်မျိုးသစ် လ/ထ ညွှန်ကြားရေးမှူး နေပြည်တော်၊ ဒေါ်အေးငြိမ်းကို လ/ထ ကထိက လွိုင်ကော် ပညာရေးဒီဂရီကောလိပ် နှင့် ဒေါ်ချိုသက်မောင် (အင်ဂျင်နီယာ) တို့ တက်ရောက်ခဲ့ကြပါသည်။ Open Book Examination System ၏ အားသာချက်၊ အားနည်းချက်များနှင့် Quantitative and Qualitative Analysis ဖြင့် သုတေသနစာတမ်းများ ရေးသားပြုစုရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ထားရှိနိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

Loading