၀တ္ထာရမ္မဏပုရေဇာတနိဿယ
အကြင်တရားသည် (၁) ဝတု္ထလည်းဟုတ်၏= ဝတ္ထု၊ (၂) ပစ္စယုပ္ပန်တရားတို့၏ အာရုံလည်း ဟုတ်၏= အာရမ္မဏ၊ (၃) ပစ္စယုပ္ပန်တရားတို့ မဖြစ်မှီ ရှေးဦးစွာ ဖြစ်နှင့်သည်လည်း ဟုတ်၏= ပုရေဇာတ၊ (၄) နိဿယ သတ္တိဖြင့် အမှီခံရသည်လည်း ဟုတ်၏= နိဿယ။ ဤလေးချက်နှင့်ညီညွတ်နိုင်သော တရားမှာ ‘ဟဒယဝတ္ထု’သာ ဖြစ်၏။
ဤဟဒယဝတ္ထုကို အာရုံပြု၍ စိတ်, စေတသိက်တရားတို့ ဖြစ်နိုင်ကြသေးသဖြင့် ဟဒယဝတ္ထုသည် မိမိကို အာရုံပြု၍ ဖြစ်ကြကုန်သော စိတ်, စေတသိက်တရားတို့အား ကျေးဇူးပြုရာ၌ ‘ဝတ္ထာရမဏပုရေဇာတ နိဿယ’ဟု ခေါ်သော ပစ္စည်းခွဲကလေးတစ်ခု ရှိသေး၏။ ဟဒယဝတ္ထုကို အဘယ်သို့ အာရုံပြုသနည်းဟူမူ –
(၁) မိမိ၏ ဟဒယဝတ္ထုကို အာရုံပြု၍ – “ငါ၏ မနောဝိညာဉ်စိတ်သည် ငါ၏ ဟဒယဝတ္ထုကို အာရုံပြု၍ ဖြစ်၏။ ဤငါ၏ မနောဝိညာဉ်စိတ်မှီရာ ဟဒယဝတ္ထုရုပ်သည် ငါ၏ဥစ္စာတည်း။ ဤဟဒယဝတ္ထုသည် ငါ၏အတ္တတည်း” ဤသို့ တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ဖြင့် လည်းကောင်း။
(၂) “ဤဟဒယ၀တၳဳ႐ုပ္သည္ မၿမဲ၊ ဆင္းရဲ၏၊ အတၱမွ ဆိတ္သုဥ္း၏” ဤသို႔ လကၡဏာေရးသံုးပါး သို႔တင္၍ သံုးသပ္သည္၏ အစြမ္းျဖင့္လည္းေကာင္း မေနာဒြါရ ၀ဇၨန္းအစရွိကုန္ေသာ မေနာဒြါရိက (စိတ္တံခါး၌ ျဖစ္ေသာ) ၀ီထိစိတ္တို႔သည္ ျဖစ္ၾကကုန္၏။
ဤသို႔ေသာနည္းျဖင့္ ဟဒယ၀တၳဳ႐ုပ္သည္ မိမိကို အာ႐ံုျပဳ၍ ျဖစ္ၾကကုန္ေသာ (မေနာဒြါရာ၀ဇၨန္း၊ ကာမေဇာ ၂၉၊ တဒါ႐ံု ၁၁- ဟူေသာ) မေနာ၀ိညာဥ္စိတ္ ၄၃-ပါးတို႔ႏွင့္ (ဣသာ၊ မစၦိရိယ၊ ကုကၠဳစၥ၊ ၀ီရတီ-၃၊ အပၸမညာ-၂ ဟူ၍ ရွစ္ပါးၾကဥ္အပ္ေသာ) ေစတသိက္-၄၄ ပါးတို႔အား ‘၀တၳာရမဏပုေရဇာတနိႆယ’ သတၱိျဖင့္ ေက်းဇူးျပဳသည္ ဟူ၍ မွတ္သားရာ၏။
ဤသို႔ ဟဒယ၀တၳဳ႐ုပ္ကုိ အာ႐ံုျပဳ၍ ၀ီထိစိတ္မ်ား ျဖစ္ျခင္းသည္ ပကတိ အခါ၌သာမက၊ ေသခါနီး (မရဏသႏၷ) အခါ၌လည္း ျဖစ္ႏိုင္ေသး၏။ အလြန္ေလးနက္ေသာ အရာေပတည္း။ (ညႊန္း-ဆရာႀကီးဦးျမင့္ေဆြ၏ ပ႒ာန္းမဟာ)
စိတၱနိယာမအစဥ္ Mental process
ပ႒ာန္းကို ၀ီထိႏွင့္ယွဥ္ၿပီး ေလ့လာမွသာ နားလည္လြယ္မည္။ ထို႕ေၾကာင့္ စကၡဳ၀ိညာဏ္ စိတ္၀ီထိကို ေလ့လာႏိုင္ရန္ရန္ေအာက္တြင္ေဖၚျပပါသည္။
ဘ၀င္ – Stream of bhavanga
အတီတဘ၀င္ – Past bhavanga
ဘ၀ဂၤစလန – Vibrational bhavanga
ဘဂၤုပေစၦဒ – Arrest bhavanga
ပဥၥဒြါရာ၀ဇၨန္း – Five-door adverting
စကၡဳ၀ိဉာဏ္ – Eye-consciousness
သမၸဋိစၦိဳန္း – Accepting (Receiving)
သႏၲီရဏ – Investigating
၀ုေ႒ာ – Decision (Determining) ေဇာ- ၇ ႀကိမ္ – mental impulsions/ (Javana)
တဒါ႐ံု -၂ ႀကိမ္ တို႔သည္ ေရွ႕ေနာက္ ဥပါဒ္၊ ဌီ၊ ဘင္ ျဖစ္၊ တည္၊ ပ်က္ အစဥ္အတိုင္း ျဖစ္ေနၾကသည္ကို စိတၱနိယာမဟု ေခၚပါသည္။
႐ုပ္သက္က (၁၇) ခ်က္ ရွိသည္။ ထို႕ေၾကာင့္ စကၡဳပသာဒက အတီတဘ၀င္၏ ဥပါဒ္ ခဏက စျဖစ္ၿပီး ဒုတိယ တဒါ႐ံု၏ ဘင္မွာ ခ်ဳပ္ပါသည္။ စကၡဳ၀ိညာဏ္က စကၡဳပသာဒကိုမွီၿပီး ျဖစ္ရသည္မွာ နိယာမတရား ျဖစ္သည္။ ႐ုပ္တရားျဖစ္သည့္ စကၡဳပသာဒက ျမင္သိစိတ္ စကၡဳ၀ိညာဏ္ထက္ ေစာၿပီးျဖစ္ႏွင့္ရသျဖင့္္ ပုေရဇာတ ပစၥည္းရသည္။
အဘယ္ကာလမွ် ေစာျဖစ္ရသနည္းဟူမူကား စကၡဳ၀ိညာဏ္ထက္ အေစာျဖစ္ၾကသည့္ အတီတဘင္၊ ဘ၀ဂၤစလန၊ ဘ၀ဂၤုပေစၦဒ၊ ပဥၥဒြါရာ၀ဇၨန္းဟူေသာ စိတၱခဏ ၄-ခ်က္ေစာၿပီး ျဖစ္ရပါသည္။ အတီတဘ၀င္၏ ဥပါဒ္ခဏက ျဖစ္ခဲ့သည့္ စကၡဳပသာဒ ႐ုပ္ကိုမွီ၍ျဖစ္ပါသည္။ ထို႕ေၾကာင့္ စကၡဳပသာဒ႐ုပ္က စကၡဳ၀ိညာဏ္စိတ္ကို ၀တၳဳပုေရဇာတ နိႆယျဖင့္ ေက်းဇူးျပဳပါသည္။
အရိပ္ပမာ
အေၾကာင္းက မ်က္စိနဲ႔အဆင္းျဖစ္ၿပီး အက်ိဳးက ျမင္သိစိတ္ျဖစ္၏။ မ်က္စိႏွင့္အဆင္း ႏွစ္ပါးတို႔သည္ မခိုင္ ခန္႔သည့္သေဘာ ရွိပါသည္။ ပ်က္တတ္သည့္သေဘာ ရွိပါသည္။ သို႔ျဖစ္ပါ၍ မ်က္စိနဲ႔အဆင္း ေပါင္းစံုမိမွ ျဖစ္ေပၚ လာသည့္ ျမင္သိစိတ္ေလးကလည္း မခိုင္ခန္႕သည့္ သေဘာ၊ ပ်က္တတ္သည့္ သေဘာရွိသည္။ သို႔ေသာ္ မ်က္စိနဲ႔ အဆင္းေပါင္းကာ ျဖစ္ေပၚလာသည့္ ျမင္သိစိတ္ကေလးကို “ၿမဲတယ္၊ ေကာင္းတယ္” ဟု ထင္တတ္ၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ မသိမႈေမာဟ အားႀကီးေသာေၾကာင့္ ျဖစ္ပါသည္။
ပမာျပရေသာ္ ဘုရားရွင္၏ သပၸာယ္လွသည့္ ဆင္းတုေတာ္ကို မ်က္စိျဖင့္ ဖူးေတြ႕လိုက္ရသည္။ မ်က္စိႏွင့္ အဆင္းစံုသျဖင့္ ျမင္သိစိတ္ ေပၚလာသည္။ ဆင္းတုေတာ္ႀကီး မ်က္စိထဲ ေရာက္လာသည္လည္းမဟုတ္ မ်က္လံုးက ဆင္းတုေတာ္ဆီ ေရာက္သည္လည္းမဟုတ္ဘဲ ျမင္သိစိတ္သည္ အရိပ္တစ္ခုမွ်သာ ျဖစ္သည္။
အမွန္တကယ္တြင္မူ မ်က္စိႏွင့္ အဆင္း ႏွစ္ပါးစံု မခိုင္ခန္႔သည့္သေဘာရွိသျဖင့္ ပ်က္တတ္ေၾကာင္းႏွင့္ မ်က္စိႏွင့္ အဆင္း ေပါင္းစံုမိမွ ျဖစ္ေပၚလာသည့္ ျမင္သိစိတ္ေလးကလည္း မခိုင္ခန္႔သည့္ သေဘာရွိေၾကာင္းကို သိရွိ လက္ခံႏိုင္ရန္ ခက္ခဲလွေပသည္။
ျမင္သိစိတ္ ျဖစ္လာလိုက္၊ ၾကားသိစိတ္ ျဖစ္လာလိုက္၊ စားသိစိတ္ ျဖစ္လာလိုက္ႏွင့္ ျဖစ္ေနပါသည္။ ထိုကဲ့သို႔ ျဖစ္ရျခင္း၏အေၾကာင္းရင္းမွာ ႐ုပ္ႏွင့္နာမ္ ႏွစ္ပါးေပါင္းဆံုမိျခင္းေၾကာင့္တည္း။ နာမ္အစဥ္အတန္းႀကီးသည္ မျပတ္ ဒလစပ္ ဘ၀င္အေနႏွင့္ ျဖစ္ေပၚေနပါသည္။ ထိုဘ၀င္မွတစ္ဆင့္ ျမင္သိစိတ္၊ ၾကားသိစိတ္၊ စားသိစိတ္တို႔ အေၾကာင္းဆံုတိုင္း ျဖစ္ေပၚေန၏။
လူေသေကာင္၌ မ်က္စိရွိေသာ္လည္း အဆင္းကို မျမင္ရေပ။ အေၾကာင္းမွာ သူတို႔မွာ ဘ၀င္စိတ္ အစဥ္ အတန္းမရွိေသာေၾကာင့္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ နာမ္တရားတစ္ခု ျဖစ္ေပၚလာႏိုင္ရန္အတြက္ အနႏၲရသတၱိ၊ သမနႏၲရသတၱိ ရွိမည္။ ႐ုပ္ႏွစ္ခုကလည္း ပုေရဇာတ, အာရမၼဏ, နိႆယသတၱိတို႕ျဖင့္ ေက်းဇူးျပဳလွ်င္ ျမင္သိစိတ္ ေပၚေပမည္။
ဤသို႔ အေၾကာင္းဆံုလွ်င္မူ ျမင္သိစိတ္ “အရိပ္”တစ္ခု ေပၚလာရန္ မည္သူတစ္စံုတစ္ဦးကမွ ဖန္းတီး ထားျခင္း မဟုတ္သကဲ့သို႕ မည္သူတစ္စံုတစ္ဦးကမွ တားျမစ္၍လည္း မရႏိုင္ေပ။
ဥပမာျပရေသာ္
ထပ္မံ၍ ဥပမာျပရေသာ္ တရားစခန္းလာမည့္ရက္တြင္ တစ္ေသာင္းတန္ ေငြစကၠဴငါးရြက္ကို ေခါင္းအံုး ေအာက္က ဖ်ားၾကားတြင္ ေသေသခ်ာခ်ာ မွတ္မွတ္ရရ ထားရစ္ခဲ့သည္။ တရားအားထုတ္သည့္ ရက္မ်ားတြင္ အခါအားေလ်ာ္စြာ ထိုေငြကိုသတိရတိုင္း ေငြစကၠဴ ၅-ရြက္၏ အရိပ္သာမက ေခါင္းအံုးေအာက္ကဖ်ာ၏ အရိပ္ပါ စိတ္ထဲထင္ေနပါသည္။
အိမ္ကလူမ်ားက အိပ္ယာအိပ္ခင္းကို ေနပူလွန္းရန္ယူရာတြင္ ထိုေငြစကၠဴ ၅-ရြက္ကို ေတြ႕သျဖင့္ ယူသံုးၿပီးေသာ္လည္း ေယာဂီစိတ္ထဲတြင္မူ အိမ္ေရာက္လွ်င္ ထိုေငြငါးေသာင္းျဖင့္ ပိတ္စလွလွ၀ယ္ၿပီး ခ်ဳပ္၀တ္ မည္ဟု ေတြးေနပါသည္။ ထားခဲ့သည့္ေငြစကၠဴ ေပ်ာက္သြားၿပီးျဖစ္ပါေသာ္လည္း ေငြစကၠဴ၏အရိပ္ကား ထိုေယာဂီ၏ စိတ္အာ႐ံုတြင္ မေပ်ာက္ေသးပါ။
ရက္သတၱတစ္ပတ္ ျပည့္သည့္တိုင္လည္း ရွိေနမည္။ ႏွစ္ပတ္၊ သံုးပတ္ျပည့္သည့္တိုင္လည္း ရွိေနေပဦး မည္။ တစ္လျပည့္သည့္တိုင္လည္း ရွိေနေပဦးမည္။ အကယ္၍ သူသည္ ဆိုင္ကယ္မေတာ္တဆျဖစ္ၿပီး အိမ္မေရာက္ လိုက္ရဘဲ ဘ၀တစ္ပါးသို႔ ကူးေျပာင္းသြားေစကာမူ ထိုအရိပ္က သူသႏၲာန္၌ ေပ်ာက္ကြယ္သြားေတာ့မည္ မထင္ေပ။
အေၾကာင္းအက်ဳိးတရားမွ်သာ
ေကာင္းကင္ျပင္၌ လွ်ပ္စီးလက္သည္ကို လူတိုင္း ျမင္ဖူးၾကသည္။ လွ်ပ္စီးမလက္ခင္ ၾကည့္ေတာ့ လည္း မရွိပါ။ လွ်ပ္စီးလက္ၿပီးေတာ့လည္း မရွိေတာ့ပါ။ ျဖတ္ကနဲ သိလိုက္သည္ႏွင့္ တၿပိဳက္နက္တည္းပင္ မရွိေတာ့ေပ။ ျမင္သိစိတ္၊ ၾကားသိစိတ္၊ နံသိစိတ္၊ ထိသိစိတ္ႏွင့္ ေတြးႀကံသိစိတ္တို႔လည္း ထိုနည္းအတူ ပင္ျဖစ္သည္။ မျမင္ ေသးခင္၊ မၾကားေသးခင္၊ မနံေသးခင္၊ မထိေတြ႕ေသးခင္၊ မေတြးေသးခင္ မရွိေပ။ ျမင္သခိုက္ တစ္ခဏျမင္႐ံုမွ်သာ၊ ၾကားသခိုက္ တစ္ခဏၾကား႐ံုမွ်သာ၊ နံသခိုက္ တစ္ခဏ အနံ႕ရ႐ံုမွ်သာ၊ ေတြးႀကံသခိုက္ တစ္ခဏမွ်သာရွိၿပီး သိလိုက္သည္ႏွင့္ တၿပိဳင္နက္တည္း ျဖဳတ္ဆို ေပ်ာက္သြားၾကသည္။၊ ခ်ဳပ္သြားၾကသည္။ဤသည္မွာ ပရမတၳဓမၼ၏ သေဘာသဘာ၀ ျဖစ္ေပသည္။ အရိပ္ကေလးေပၚၿပီး ေပ်ာက္သြားေနသည့္ ျဖစ္စဥ္ႀကီး Process သက္သက္သာရွိသည္။ ဘ၀င္စိတ္ေလးကလည္း အနႏၲရသတၱိႏွင့္ ေက်းဇူးျပဳေသာေၾကာင့္ ေပၚလာျခင္း ျဖစ္သည္။ အေကာင္အထည္၊ အထည္ျဒပ္ မဟုတ္ေပ။ အေၾကာင္းတရားႏွစ္ခု ဆံုေသာေၾကာင့္ အက်ိဳးတရားတစ္ရပ္ ျဖစ္ေပၚလာျခင္းမွ်သာျဖစ္သည္။ ပုဂၢိဳလ္၊ သတၱ၀ါ အတၱ၊ အထည္ျဒပ္မရွိပါေလ။
၀တ္ထာရမ္မဏပုရေဇာတနိဿယ unicode
အကြင်တရားသည် (၁) ဝတု္ထလည်းဟုတ်၏= ဝတ္ထု၊ (၂) ပစ္စယုပ္ပန်တရားတို့၏ အာရုံလည်း ဟုတ်၏= အာရမ္မဏ၊ (၃) ပစ္စယုပ္ပန်တရားတို့ မဖြစ်မှီ ရှေးဦးစွာ ဖြစ်နှင့်သည်လည်း ဟုတ်၏= ပုရေဇာတ၊ (၄) နိဿယ သတ္တိဖြင့် အမှီခံရသည်လည်း ဟုတ်၏= နိဿယ။ ဤလေးချက်နှင့်ညီညွတ်နိုင်သော တရားမှာ ‘ဟဒယဝတ္ထု’သာ ဖြစ်၏။
ဤဟဒယဝတ္ထုကို အာရုံပြု၍ စိတ်, စေတသိက်တရားတို့ ဖြစ်နိုင်ကြသေးသဖြင့် ဟဒယဝတ္ထုသည် မိမိကို အာရုံပြု၍ ဖြစ်ကြကုန်သော စိတ်, စေတသိက်တရားတို့အား ကျေးဇူးပြုရာ၌ ‘ဝတ္ထာရမဏပုရေဇာတ နိဿယ’ဟု ခေါ်သော ပစ္စည်းခွဲကလေးတစ်ခု ရှိသေး၏။ ဟဒယဝတ္ထုကို အဘယ်သို့ အာရုံပြုသနည်းဟူမူ –
(၁) မိမိ၏ ဟဒယဝတ္ထုကို အာရုံပြု၍ – “ငါ၏ မနောဝိညာဉ်စိတ်သည် ငါ၏ ဟဒယဝတ္ထုကို အာရုံပြု၍ ဖြစ်၏။ ဤငါ၏ မနောဝိညာဉ်စိတ်မှီရာ ဟဒယဝတ္ထုရုပ်သည် ငါ၏ဥစ္စာတည်း။ ဤဟဒယဝတ္ထုသည် ငါ၏အတ္တတည်း” ဤသို့ တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ဖြင့် လည်းကောင်း။
(၂) “ဤဟဒယဝတ္ထုရုပ်သည် မမြဲ၊ ဆင်းရဲ၏၊ အတ္တမှ ဆိတ်သုဉ်း၏” ဤသို့ လက္ခဏာရေးသုံးပါး သို့တင်၍ သုံးသပ်သည်၏ အစွမ်းဖြင့်လည်းကောင်း မနောဒွါရ ဝဇ္ဇန်းအစရှိကုန်သော မနောဒွါရိက (စိတ်တံခါး၌ ဖြစ်သော) ဝီထိစိတ်တို့သည် ဖြစ်ကြကုန်၏။
ဤသို့သောနည်းဖြင့် ဟဒယဝတ္ထုရုပ်သည် မိမိကို အာရုံပြု၍ ဖြစ်ကြကုန်သော (မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ၂၉၊ တဒါရုံ ၁၁- ဟူသော) မနောဝိညာဉ်စိတ် ၄၃-ပါးတို့နှင့် (ဣသာ၊ မစ္ဆိရိယ၊ ကုက္ကုစ္စ၊ ဝီရတီ-၃၊ အပ္ပမညာ-၂ ဟူ၍ ရှစ်ပါးကြဉ်အပ်သော) စေတသိက်-၄၄ ပါးတို့အား ‘ဝတ္ထာရမဏပုရေဇာတနိဿယ’ သတ္တိဖြင့် ကျေးဇူးပြုသည် ဟူ၍ မှတ်သားရာ၏။
ဤသို့ ဟဒယဝတ္ထုရုပ်ကို အာရုံပြု၍ ဝီထိစိတ်များ ဖြစ်ခြင်းသည် ပကတိ အခါ၌သာမက၊ သေခါနီး (မရဏသန္န) အခါ၌လည်း ဖြစ်နိုင်သေး၏။ အလွန်လေးနက်သော အရာပေတည်း။ (ညွှန်း-ဆရာကြီးဦးမြင့်ဆွေ၏ ပဋ္ဌာန်းမဟာ)
စိတ္တနိယာမအစဉ် Mental process
ပဋ္ဌာန်းကို ဝီထိနှင့်ယှဉ်ပြီး လေ့လာမှသာ နားလည်လွယ်မည်။ ထို့ကြောင့် စက္ခုဝိညာဏ် စိတ်ဝီထိကို လေ့လာနိုင်ရန်ရန်အောက်တွင်ဖေါ်ပြပါသည်။
ဘဝင် – Stream of bhavanga
အတီတဘဝင် – Past bhavanga
ဘဝင်္ဂစလန – Vibrational bhavanga
ဘင်္ဂုပစ္ဆေဒ – Arrest bhavanga
ပဉ္စဒွါရာဝဇ္ဇန်း – Five-door adverting
စက္ခုဝိဉာဏ် – Eye-consciousness
သမ္ပဋိစ္ဆိုန်း – Accepting (Receiving)
သန္တီရဏ – Investigating
ဝုဋ္ဌော – Decision (Determining) ဇော- ၇ ကြိမ် – mental impulsions/ (Javana)
တဒါရုံ -၂ ကြိမ် တို့သည် ရှေ့နောက် ဥပါဒ်၊ ဌီ၊ ဘင် ဖြစ်၊ တည်၊ ပျက် အစဉ်အတိုင်း ဖြစ်နေကြသည်ကို စိတ္တနိယာမဟု ခေါ်ပါသည်။
ရုပ်သက်က (၁၇) ချက် ရှိသည်။ ထို့ကြောင့် စက္ခုပသာဒက အတီတဘဝင်၏ ဥပါဒ် ခဏက စဖြစ်ပြီး ဒုတိယ တဒါရုံ၏ ဘင်မှာ ချုပ်ပါသည်။ စက္ခုဝိညာဏ်က စက္ခုပသာဒကိုမှီပြီး ဖြစ်ရသည်မှာ နိယာမတရား ဖြစ်သည်။ ရုပ်တရားဖြစ်သည့် စက္ခုပသာဒက မြင်သိစိတ် စက္ခုဝိညာဏ်ထက် စောပြီးဖြစ်နှင့်ရသဖြင့် ပုရေဇာတ ပစ္စည်းရသည်။
အဘယ်ကာလမျှ စောဖြစ်ရသနည်းဟူမူကား စက္ခုဝိညာဏ်ထက် အစောဖြစ်ကြသည့် အတီတဘင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်းဟူသော စိတ္တခဏ ၄-ချက်စောပြီး ဖြစ်ရပါသည်။ အတီတဘဝင်၏ ဥပါဒ်ခဏက ဖြစ်ခဲ့သည့် စက္ခုပသာဒ ရုပ်ကိုမှီ၍ဖြစ်ပါသည်။ ထို့ကြောင့် စက္ခုပသာဒရုပ်က စက္ခုဝိညာဏ်စိတ်ကို ဝတ္ထုပုရေဇာတ နိဿယဖြင့် ကျေးဇူးပြုပါသည်။
အရိပ်ပမာ
အကြောင်းက မျက်စိနဲ့အဆင်းဖြစ်ပြီး အကျိုးက မြင်သိစိတ်ဖြစ်၏။ မျက်စိနှင့်အဆင်း နှစ်ပါးတို့သည် မခိုင် ခန့်သည့်သဘော ရှိပါသည်။ ပျက်တတ်သည့်သဘော ရှိပါသည်။ သို့ဖြစ်ပါ၍ မျက်စိနဲ့အဆင်း ပေါင်းစုံမိမှ ဖြစ်ပေါ် လာသည့် မြင်သိစိတ်လေးကလည်း မခိုင်ခန့်သည့် သဘော၊ ပျက်တတ်သည့် သဘောရှိသည်။ သို့သော် မျက်စိနဲ့ အဆင်းပေါင်းကာ ဖြစ်ပေါ်လာသည့် မြင်သိစိတ်ကလေးကို “မြဲတယ်၊ ကောင်းတယ်” ဟု ထင်တတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မသိမှုမောဟ အားကြီးသောကြောင့် ဖြစ်ပါသည်။
ပမာပြရသော် ဘုရားရှင်၏ သပ္ပာယ်လှသည့် ဆင်းတုတော်ကို မျက်စိဖြင့် ဖူးတွေ့လိုက်ရသည်။ မျက်စိနှင့် အဆင်းစုံသဖြင့် မြင်သိစိတ် ပေါ်လာသည်။ ဆင်းတုတော်ကြီး မျက်စိထဲ ရောက်လာသည်လည်းမဟုတ် မျက်လုံးက ဆင်းတုတော်ဆီ ရောက်သည်လည်းမဟုတ်ဘဲ မြင်သိစိတ်သည် အရိပ်တစ်ခုမျှသာ ဖြစ်သည်။
အမှန်တကယ်တွင်မူ မျက်စိနှင့် အဆင်း နှစ်ပါးစုံ မခိုင်ခန့်သည့်သဘောရှိသဖြင့် ပျက်တတ်ကြောင်းနှင့် မျက်စိနှင့် အဆင်း ပေါင်းစုံမိမှ ဖြစ်ပေါ်လာသည့် မြင်သိစိတ်လေးကလည်း မခိုင်ခန့်သည့် သဘောရှိကြောင်းကို သိရှိ လက်ခံနိုင်ရန် ခက်ခဲလှပေသည်။
မြင်သိစိတ် ဖြစ်လာလိုက်၊ ကြားသိစိတ် ဖြစ်လာလိုက်၊ စားသိစိတ် ဖြစ်လာလိုက်နှင့် ဖြစ်နေပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်း၏အကြောင်းရင်းမှာ ရုပ်နှင့်နာမ် နှစ်ပါးပေါင်းဆုံမိခြင်းကြောင့်တည်း။ နာမ်အစဉ်အတန်းကြီးသည် မပြတ် ဒလစပ် ဘဝင်အနေနှင့် ဖြစ်ပေါ်နေပါသည်။ ထိုဘဝင်မှတစ်ဆင့် မြင်သိစိတ်၊ ကြားသိစိတ်၊ စားသိစိတ်တို့ အကြောင်းဆုံတိုင်း ဖြစ်ပေါ်နေ၏။
လူသေကောင်၌ မျက်စိရှိသော်လည်း အဆင်းကို မမြင်ရပေ။ အကြောင်းမှာ သူတို့မှာ ဘဝင်စိတ် အစဉ် အတန်းမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် နာမ်တရားတစ်ခု ဖြစ်ပေါ်လာနိုင်ရန်အတွက် အနန္တရသတ္တိ၊ သမနန္တရသတ္တိ ရှိမည်။ ရုပ်နှစ်ခုကလည်း ပုရေဇာတ, အာရမ္မဏ, နိဿယသတ္တိတို့ဖြင့် ကျေးဇူးပြုလျှင် မြင်သိစိတ် ပေါ်ပေမည်။
ဤသို့ အကြောင်းဆုံလျှင်မူ မြင်သိစိတ် “အရိပ်”တစ်ခု ပေါ်လာရန် မည်သူတစ်စုံတစ်ဦးကမှ ဖန်းတီး ထားခြင်း မဟုတ်သကဲ့သို့ မည်သူတစ်စုံတစ်ဦးကမှ တားမြစ်၍လည်း မရနိုင်ပေ။
ဥပမာပြရသော်
ထပ်မံ၍ ဥပမာပြရသော် တရားစခန်းလာမည့်ရက်တွင် တစ်သောင်းတန် ငွေစက္ကူငါးရွက်ကို ခေါင်းအုံး အောက်က ဖျားကြားတွင် သေသေချာချာ မှတ်မှတ်ရရ ထားရစ်ခဲ့သည်။ တရားအားထုတ်သည့် ရက်များတွင် အခါအားလျော်စွာ ထိုငွေကိုသတိရတိုင်း ငွေစက္ကူ ၅-ရွက်၏ အရိပ်သာမက ခေါင်းအုံးအောက်ကဖျာ၏ အရိပ်ပါ စိတ်ထဲထင်နေပါသည်။
အိမ်ကလူများက အိပ်ယာအိပ်ခင်းကို နေပူလှန်းရန်ယူရာတွင် ထိုငွေစက္ကူ ၅-ရွက်ကို တွေ့သဖြင့် ယူသုံးပြီးသော်လည်း ယောဂီစိတ်ထဲတွင်မူ အိမ်ရောက်လျှင် ထိုငွေငါးသောင်းဖြင့် ပိတ်စလှလှဝယ်ပြီး ချုပ်ဝတ် မည်ဟု တွေးနေပါသည်။ ထားခဲ့သည့်ငွေစက္ကူ ပျောက်သွားပြီးဖြစ်ပါသော်လည်း ငွေစက္ကူ၏အရိပ်ကား ထိုယောဂီ၏ စိတ်အာရုံတွင် မပျောက်သေးပါ။
ရက်သတ္တတစ်ပတ် ပြည့်သည့်တိုင်လည်း ရှိနေမည်။ နှစ်ပတ်၊ သုံးပတ်ပြည့်သည့်တိုင်လည်း ရှိနေပေဦး မည်။ တစ်လပြည့်သည့်တိုင်လည်း ရှိနေပေဦးမည်။ အကယ်၍ သူသည် ဆိုင်ကယ်မတော်တဆဖြစ်ပြီး အိမ်မရောက် လိုက်ရဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားစေကာမူ ထိုအရိပ်က သူသန္တာန်၌ ပျောက်ကွယ်သွားတော့မည် မထင်ပေ။
အကြောင်းအကျိုးတရားမျှသာ
ကောင်းကင်ပြင်၌ လျှပ်စီးလက်သည်ကို လူတိုင်း မြင်ဖူးကြသည်။ လျှပ်စီးမလက်ခင် ကြည့်တော့ လည်း မရှိပါ။ လျှပ်စီးလက်ပြီးတော့လည်း မရှိတော့ပါ။ ဖြတ်ကနဲ သိလိုက်သည်နှင့် တပြိုက်နက်တည်းပင် မရှိတော့ပေ။ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ ထိသိစိတ်နှင့် တွေးကြံသိစိတ်တို့လည်း ထိုနည်းအတူ ပင်ဖြစ်သည်။ မမြင် သေးခင်၊ မကြားသေးခင်၊ မနံသေးခင်၊ မထိတွေ့သေးခင်၊ မတွေးသေးခင် မရှိပေ။ မြင်သခိုက် တစ်ခဏမြင်ရုံမျှသာ၊ ကြားသခိုက် တစ်ခဏကြားရုံမျှသာ၊ နံသခိုက် တစ်ခဏ အနံ့ရရုံမျှသာ၊ တွေးကြံသခိုက် တစ်ခဏမျှသာရှိပြီး သိလိုက်သည်နှင့် တပြိုင်နက်တည်း ဖြုတ်ဆို ပျောက်သွားကြသည်။၊ ချုပ်သွားကြသည်။ဤသည်မှာ ပရမတ္ထဓမ္မ၏ သဘောသဘာ၀ ဖြစ်ပေသည်။ အရိပ်ကလေးပေါ်ပြီး ပျောက်သွားနေသည့် ဖြစ်စဉ်ကြီး Process သက်သက်သာရှိသည်။ ဘဝင်စိတ်လေးကလည်း အနန္တရသတ္တိနှင့် ကျေးဇူးပြုသောကြောင့် ပေါ်လာခြင်း ဖြစ်သည်။ အကောင်အထည်၊ အထည်ဒြပ် မဟုတ်ပေ။ အကြောင်းတရားနှစ်ခု ဆုံသောကြောင့် အကျိုးတရားတစ်ရပ် ဖြစ်ပေါ်လာခြင်းမျှသာဖြစ်သည်။ ပုဂ္ဂိုလ်၊ သတ္တဝါ အတ္တ၊ အထည်ဒြပ်မရှိပါလေ။