၈။ နိႆယပစၥေယာ ဘ၀ႏွင့္ ပ႒ာန္းသင္ခန္းစာ   zawgyi

 

          ‘နိႆယ’ ဟူေသာ ပါဠိေ၀ါဟာရသည္ ‘မွီရာ၊ တည္ရာ’ ဟု အဓိပၸာယ္ရပါသည္။ မွီရာတည္ရာ အျဖစ္ျဖင့္ ေက်းဇူးျပဳျခင္းသည္ နိႆယပစၥည္းမည္၏။ ဥပမာအားျဖင့္ ေျမႀကီးသည္ သစ္ပင္တို႔အား မွီရာတည္ရာ အျဖစ္ျဖင့္ ေက်းဇူးျပဳသကဲ့သို႔ ျဖစ္ပါသည္။ ထို႔အတူ ႐ုပ္နာမ္တရားတုိ႔သည္လည္း အျခားတစ္ပါးေသာ ႐ုပ္နာမ္တရားတို႔အား မွီရာတည္ရာ အျဖစ္ျဖင့္ ေက်းဇူးျပဳျခင္းကို နိႆယပစၥည္းကျပ၏။

          နိႆယပစၥည္း၌ က- သဟဇာတနိႆယ ႏွင့္ ခ- ပုေရဇာတနိႆယ ဟူ၍ ႏွစ္မ်ိဳးရွိသည္။

 

(က) သဟဇာတနိႆယ

 

        ‘သဟဇာတနိႆယ’ ဟူသည္ (သဟဇာတ+နိႆယ) ‘သဟဇာတ = အတူတကြလည္းျဖစ္ + နိႆယ = မွီရာတည္ရာလည္းျဖစ္’ ဟု အဓိပၸာယ္ရွိသည္။ ထို႔ေၾကာင့္ သဟဇာတပစၥည္း ဟူသည္ သဟဇာတပစၥည္း၌ ေဖာ္ျပခဲ့သည့္ ”အတူတကြျဖစ္၍ ေက်းဇူးျပဳေသာ” တရားတို႔သည္ပင္ မွီရာတည္ရာ (နိႆယ) အျဖစ္ျဖင့္လည္း ေက်းဇူးျပဳၾကေသာေၾကာင့္ ‘သဟဇာတ’ ပစၥည္းႏွင့္ ‘နိႆယ’ ပစၥည္းႏွစ္မ်ိဳးလံုး၌ ပါ၀င္ၾကရသည္္္။ ထို႔ေၾကာင့္ ထိုအမည္ႏွစ္ခုကို ေပါင္း၍ ‘သဟဇာတနိႆယ’ ပစၥည္းဟု ‘နိႆယ’ ေရွ႕က ‘သဟဇာတ’ ပုဒ္ျဖင့္ အထူးျပဳကာ အမည္တပ္ရျခင္း ျဖစ္သည္။

          ထို႔ေၾကာင့္ (၁) စိတ္, ေစတသိက္နာမ္ခႏၶာေလးပါးတို႔သည္ အခ်င္းခ်င္းအားျဖင့္လည္းေကာင္း၊ စိတၱဇ႐ုပ္ ပဋိသေႏၶကမၼဇ႐ုပ္တို႔ အားလည္းေကာင္း အတူတကြျဖစ္ဖက္ ‘သဟဇာတသတၱိ’ ႏွင့္ မွီရာတည္ရာအျဖစ္ ‘နိႆယသတၱိ’ တို႔ျဖင့္ ေက်းဇူးျပဳကုန္၏။

          (၂) မဟာဘုတ္ႀကီး ေလးပါးတို႔သည္ အခ်င္းခ်င္းအားလည္းေကာင္း၊ မိမိတို႔ကို မွီ၍ျဖစ္ၾကရေသာ ဥပါဒါ႐ုပ္တို႔အား လည္းေကာင္း အတူတကြျဖစ္ဖက္ ‘သဟဇာတသတၱိ’ ႏွင့္ မွီရာတည္ရာအျဖစ္ ‘နိႆယသတၱိ’ တို႔ျဖင့္ ေက်းဇူးျပဳကုန္၏။

          (၃) ပဥၥေ၀ါေကာရ ပဋိသေႏၶနာမ္ခႏၶာႏွင့္ ဟဒယ၀တၳဳ႐ုပ္တို႔သည္ ပဋိသေႏၶခဏ၌ အခ်င္းခ်င္းအား အတူတကြျဖစ္ဖက္ ‘သဟဇာတသတၱိ’ ႏွင့္ မွီရာတည္ရာအျဖစ္ ‘နိႆယသတၱိ’ တို႔ျဖင့္ ေက်းဇူးျပဳကုန္၏။

(ခ) ၀တၳဳပုေရဇာတနိႆယ

 

          ‘၀တၳဳ ပုေရဇာတနိႆယ’ ဟူေသာ ေ၀ါဟာရ၌ (၀တၳဳ+ပုေရဇာတ+နိႆယ) ဟူ၍ ပုဒ္သံုးခု ပါ၀င္ ေနသည္။  ထိုတြင္ ၀တၳဳ ဟူသည္ စိတ္၊ ေစတသိက္တရားတို႔ မွီ၍ ျဖစ္ရာျဖစ္ေသာ  ၀တၳဳ ႐ုပ္ေျခာက္ပါးတို႔ကို ဆိုလုိသည္။ ယင္း၀တၳဳ႐ုပ္ေျခာက္ပါးတို႔သည္ မိမိတို႔ကို မွီ၍ ျဖစ္ၾကရေသာ စိတ္၊ ေစတသိက္တို႔ မျဖစ္မီ ေရွးဦးစြာ ျဖစ္ႏွင့္ၾကရသျဖင့္ ‘ပုေရဇာတ’ (ေရွ႕ကျဖစ္ႏွင့္ျခင္း) သေဘာကိုလည္း ေဆာင္ၾကသည္။ ထို႔ျပင္ ထို၀တၳဳ႐ုပ္ ေျခာက္ပါးတို႔သည္ စိတ္၊ ေစတသိက္တရားတို႔၏ မွီရာတည္ရာ (မွီခိုအားထားရာ) ျဖစ္ေသာေၾကာင့္ ‘နိႆယ’ အမည္ကိုလည္း ရျပန္သည္။

          ထို႔ေၾကာင့္ ၀တၳဳပုေရဇာတပစၥည္း ဟူသည္ (၁) ၀တၳဳလည္း ဟုတ္၏၊ (၂) စိတ္, ေစတသိက္တရားတို႔ မျဖစ္မီ ေရွးဦးစြာ ျဖစ္ႏွင့္ေသာေၾကာင့္ ပုေရဇာတလည္း ဟုတ္၏၊ (၃) စိတ္, ေစတသိက္တရားတို႔၏ မွီရာ တည္ရာ ျဖစ္၍ နိႆယလည္း ဟုတ္၏ ဟူေသာ အဂၤါသုံးခ်က္ႏွင့္ ညီေသာ ပစၥည္းမ်ဳိးတည္း။

          ဤအဂၤါ သုံးခ်က္ႏွင့္ညီေသာ တရားတို႔ကား ၀တၳဳေျခာက္ပါးပင္တည္း။ ထို၀တၳဳေျခာက္ပါးတို႔သည္ အ႐ူပ ၀ိပါက္စိတ္ ေလးခုမွ တစ္ပါးေသာစိတ္ – ၈၅၊ ေစတသိက္-၅၂ တို႔အား ‘၀တၳဳပုေရဇာတနိႆယ’ သတၱိျဖင့္ ေက်းဇူး ျပဳကုန္၏။

          ယခုဆက္လက္ၿပီး ၀တၳဳပုေရဇာတ နိႆယကို လယ္တီဆရာေတာ္ႀကီး၏ ပ႒ာန္းအလင္းျပက်မ္း၌ လာသည္ကို ျပပါဦးမည္။ ပဌမ ဘ၀င္စိတ္သည္ကား ပဋိသေႏၶစိတ္ႏွင့္ အတူတကြျဖစ္ေသာ ဟဒယ၀တၳဳ႐ုပ္ကို မွီ၍ျဖစ္၏၊ ဒုတိယဘ၀င္စိတ္သည္ ပဌမ ဘ၀င္စိတ္ႏွင့္ အတူတကြ ျဖစ္ေသာ ဟဒယ၀တၳဳ႐ုပ္ကို မွီ၍ျဖစ္၏၊ ဤအတူ တတိယဘ၀င္စိတ္သည္  ဒုတိယဘ၀င္စိတ္ႏွင့္ အတူတကြျဖစ္ေသာ ဟဒယ၀တၳဳ႐ုပ္ကို အမွီျပဳ၍ ျဖစ္၏။ ဤသို႔ အစရွိသည္ျဖင့္ မရဏာသႏၷ ကာလတိုင္ေအာင္ မေနာဓာတ္, မေနာ၀ိညာဏဓာတ္ ႏွစ္ပါးတို႔၏ ၀တၳဳပုေရဇာတ နိႆယပစၥည္းကို သိအပ္၏။ 

          ဥပမာ တေယာသံတို႔မည္သည္ တေယာႀကိဳးကို တေယာထိုးတံတို႔ျဖင့္ ထိုးေသာအဟုန္ေၾကာင့္  သာလွ်င္ ျဖစ္ကုန္၏၊ တစ္ပါးေသာ အျခင္းအရာအားျဖင့္ မျဖစ္ကုန္၊ ထိုဥပမာအတူ ပဥၥ၀ိညာဏ္တို႔မည္သည္ ၀တၳဳ႐ုပ္ငါးပါးဟု ဆိုအပ္ကုန္္ေသာ အာ႐ုံငါးပါးတို႔၏ ထင္ျခင္းသို႔ေရာက္ေသာ အဟုန္ေၾကာင့္သာလွ်င္  ျဖစ္ကုန္၏၊ တစ္ပါးေသာ အျခင္းအရာအားျဖင့္ မျဖစ္ကုန္။

          ထင္ျခင္းသို႔ ေရာက္ျခင္းသည္လည္း ထိုဒြါရ အာ႐ုံတိိို႔၏ ဌီသို႔ ေရာက္ေသာအခါ၌သာလွ်င္ ျဖစ္၏၊ ထင္ျခင္းသို႔ ေရာက္ျခင္းတည္းဟူေသာ အေၾကာင္းေၾကာင့္သာလွ်င္ ဘ၀င္ႏွစ္ႀကိမ္ လႈပ္၏၊ ဘ၀င္လႈပ္တည္း ဟူေသာ အေၾကာင္းေၾကာင့္လည္း ပဥၥဒြါရ၌ ဆင္ျခင္္ေသာ ပဥၥဒြါရာ၀ဇၨန္း စိတ္သည္ျဖစ္၏၊  အာ၀ဇၨန္းျဖစ္ျခင္းတည္း ဟူေသာ အေၾကာင္းေၾကာင့္လည္း စကၡဳ၀ိညာဥ္ အစရွိေသာ ၀ိညာဥ္ငါးပါးတို႔ အာ႐ုံအားေလ်ာ္စြာ အသီးသီး ျဖစ္ကုန္၏၊

          ထို႔ေၾကာင့္ စကၡဳအစရွိေသာ ၀တၳဳငါးပါးတို႔သည္ စကၡဳ၀ိညာဥ္စသည္ မျဖစ္မီ ေရွးျဖစ္ေသာ အတိတ္ ဘ၀င္ စိတ္၏ ဥပါဒ္ခဏ၌ ျဖစ္ကုန္သည္ျဖစ္၍သာလွ်င္ ပဥၥ၀ိညာဏဓာတ္တို႔အား ၀တၳဳပုေရဇာတနိႆယ သတၱိျဖင့္ ေက်းဇူးျပဳတတ္ကုန္၏။

          မရဏာသႏၷ အခါ၌ကား ခပ္သိမ္းကုန္ေသာ ၀တၳဳ႐ုပ္ေျခာက္ပါးတို႔သည္ စုတိစိတ္မွ ေရွး၌ တစ္ဆယ့္ ခုနစ္ခ်က္ ေျမာက္ျဖစ္ေသာ ဘ၀င္စိတ္၏ ဥပါဒ္ခဏ၌သာလွ်င္ ျဖစ္ကုန္၏၊ ထိုဘ၀င္စိတ္၏ ဥပါဒ္ခဏမွ ေနာက္၌ မျဖစ္ကုန္၊ ထို႔ေၾကာင့္ မရဏာသႏၷအခါ၌ ဘ၀င္စိတ္မ်ား ခပ္သိမ္းေသာ ဆဒြါရိက ၀ီထိစိတ္မ်ားႏွင့္ စုတိစိတ္သည္ မိမိတို႔ မျဖစ္မီ ေရွးအခါ၌ျဖစ္ကုန္ေသာ ထို ၁၇-ခ်က္ေျမာက္ စိတ္ႏွင့္အတူ ဥပါဒ္သည္သာလွ်င္ ျဖစ္ကုန္ေသာ မိမိ မိမိတို႔၏ ၀တၳဳတို႔ကိုမွီ၍ ျဖစ္ကုန္၏၊ ဤဆုိအပ္ခဲ့ၿပီးသည္ကား ၀တၳဳပုေရဇာတ နိႆယ ပစၥည္းတည္း။

 

၀တၳဳ႐ုပ္ေျခာက္ပါး

 

(၁)      သတၱ၀ါတို႔၏ မ်က္စိထဲ၌ = မ်က္နက္၀န္း၌ ပါရွိေသာ မ်က္စိအၾကည္ဓာတ္ကို စကၡဳပသာဒဟုေခၚ၏။ ယင္း စကၡဳပသာဒ႐ုပ္သည္ အျပင္ဘက္က အဆင္း = ႐ူပါ႐ုံ ၀င္ေရာက္ရာ တံခါးသဖြယ္ျဖစ္၍ ‘စကၡဳဒြါရ’ ဟုလည္း ေခၚ၏။ ထိုစကၡဳပသာဒ႐ုပ္သည္ ႐ူပါ႐ုံကို ျမင္သိမႈေခၚ စကၡဳ၀ိညာဥ္စိတ္ ႏွစ္ပါးျဖစ္ရာ ဌာနျဖစ္၍ ‘စကၡဳ၀တၳဳ’ ဟုလည္းေခၚ၏။

 

(၂)      နားထဲ၌လည္း နားအၾကည္ဓာတ္ေခၚ ေသာတပသာဒ႐ုပ္သည္ရွိ၏။ ထိုေသာတပသာဒ႐ုပ္သည္ အျပင္ ဘက္က အသံ = သဒၵါ႐ုံ၀င္ေရာက္ရာ တံခါးသဖြယ္ျဖစ္၍ ‘ေသာတဒြါရ’ ဟုလည္းေခၚ၏။ သဒၵါ႐ုံကို ၾကားသိမႈေခၚ ေသာ တ၀ိညာဥ္စိတ္ႏွစ္ပါး၏ ျဖစ္ရာဌာနျဖစ္၍ ‘ေသာတ၀တၳဳ’ ဟုလည္း ေခၚ၏။

 

(၃)      ႏွာေခါင္းထဲ၌လည္း ႏွာေခါင္းအၾကည္ဓာတ္ေခၚ ဃာနပသာဒ႐ုပ္သည္ ရွိသည္။ ထို ဃာနပသာဒ ႐ုပ္သည္ အျပင္ဘက္က အန႔ံ = ဂႏၶာ႐ုံ၀င္ေရာက္ရာ တံခါးသဖြယ္ျဖစ္၍ ‘ဃာနဒြါရ’ ဟုလည္း ေခၚ၏။ ဂႏၶာ႐ုံကို နံသိမႈေခၚ ဃာန၀ိညာဥ္စိတ္ ႏွစ္ပါး၏ ျဖစ္ရာဌာနျဖစ္၍ ‘ဃာန၀တၳဳ’ ဟုလည္း ေခၚ၏။

 

(၄)      လွ်ာ၏အလယ္၌လည္း လွ်ာအၾကည္ဓာတ္ေခၚ ဇိ၀ွာပသာဒ႐ုပ္သည္ ရွိ၏။ ထို ဇိ၀ွာပသာဒ႐ုပ္သည္ အျပင္ ဘက္က အရသာ = ရသာ႐ုံ၀င္ေရာက္ရာ တံခါးသဖြယ္ျဖစ္၍ ‘ဇိ၀ွာဒြါရ’ ဟုလည္းေခၚ၏။ ရသာ႐ုံကို လ်က္သိမႈေခၚ ဇိ၀ွာ၀ိညာဥ္စိတ္ႏွစ္ပါး၏ ျဖစ္ရာဌာနျဖစ္၍ ‘ဇိ၀ွာ၀တၳဳ’ ဟုလည္းေခၚ၏။

(၅)      တကိုယ္လုံး၌ ပ်ံ႕ႏွံံ႔၍ တည္ေသာ ကိုယ္အၾကည္ဓာတ္ေခၚ ကာယပသာဒ႐ုပ္သည္ ရွိ၏။ ထို ကာယ ပသာဒ႐ုပ္သည္ အျပင္ဘက္ အေတြ႕ ေဖာ႒ဗၺာ႐ုံ၀င္ေရာက္ရာ တံခါးသဖြယ္ျဖစ္၍ ‘ကာယဒြါရ’  ဟုလည္းေခၚ၏။ ေဖာ႒ဗၺာ႐ုံကို ေတြ႕သိမႈေခၚ ကာယ၀ိညာဥ္စိတ္ႏွစ္ပါး၏ ျဖစ္ရာဌာနျဖစ္၍ ‘ကာယ ၀တၳဳ’ ဟုလည္း ေခၚ၏။

 

(၆)      ႏွလုံးသား၏အလယ္၌ ေသြးမ်ားတည္ေနေသာ တြင္းငယ္တစ္ခုရွိ၏။ ထုိေသြးမ်ား ပ်ံ႕ႏွံ႕လ်က္ တည္ေသာ ၀တၳဳတစ္မ်ဳိးကို ‘ဟဒယ’ ဟုေခၚ၏။ ပစၥဳပၸန္ ပဥၥာ႐ုံကို ခံယူေသာ မေနာဓာတ္သုံးပါးႏွင့္ (အ႐ူပ၀ိပါက္စိတ္ ေလးခု ၾကဥ္ေသာ) မေနာ၀ိညာဏဓာတ္ေခၚ မေနာ၀ိညာဥ္စိတ္ ၇၂-ပါး (ေပါင္းစိတ္ ၇၅-ပါး) တို႔၏ မွီရန္ျဖစ္ရာ ျဖစ္ေသာ ေၾကာင့္ ‘ဟဒယ၀တၳဳ’ ႐ုပ္ဟုေခၚ၏။

 

ျမင္သိစိတ္ျဖစ္ရန္ ပါ၀င္သည့္ပစၥည္း

 

          ျမင္သိစိတ္ စကၡဳ၀ိညာဏ္ တစ္ခုျဖစ္ေပၚလာႏိုင္ရန္ ၁-သဟဇာတပစၥည္း။ ၂-အညမညပစၥည္း။ ၃-နိႆယပစၥည္း။ ၄-အာရမၼဏပစၥည္း။ ၅-ပုေရဇာတပစၥည္း။ ၆-အတၳိပစၥည္းႏွင့္ ၇-အ၀ိဂတပစၥည္းတို႔က ေက်းဇူး ျပဳပါသည္။

နိႆယပစၥည္း၏ သခ်ၤာ

  

          နိႆယပစၥည္း၏ သခ်ၤာမွာ ၁၃-ျဖစ္ပါသည္။ ထို႕ေၾကာင့္ ‘နိႆေယ ေတရႆ’ ဟု မွတ္သားႏိုင္ပါသည္။ ထိုသခ်ၤာကို ေအာက္ပါအတိုင္း ေလ့လာႏိုင္ပါသည္-

ကုသလာ ဓမၼာ သခ်ၤာ-၃

(၁) ကု-ကု     (၂) ကု-ဗ်ာ     (၃) ကု-ကု-ဗ်ာ

အကုသလာ ဓမၼာ သခ်ၤာ-၃

(၁) အကု-အကု     (၂) အကု-ဗ်ာ     (၃)အကု-အကု-ဗ်ာ

အဗ်ာကတဓမၼာ သခ်ၤာ-၃

(၁) ဗ်ာ-ဗ်ာ    (၂) ဗ်ာ-ကု    (၃) ဗ်ာ-အကု

ကုသလာဗ်ာကတပဒ သခ်ၤာ -၂

(၁) ကု-ဗ်ာ-ကု       (၂) ကု-ဗ်ာ-ဗ်ာ

အကုသလာဗ်ာကတပဒ သခ်ၤာ -၂

(၁) အကု-ဗ်ာ-အကု      (၂) အကု-ဗ်ာ-ဗ်ာ

 

 

 

၈။ နိဿယပစ္စယော ဘဝနှင့် ပဋ္ဌာန်းသင်ခန်းစာ unicode

‘နိဿယ’ ဟူသော ပါဠိဝေါဟာရသည် ‘မှီရာ၊ တည်ရာ’ ဟု အဓိပ္ပာယ်ရပါသည်။ မှီရာတည်ရာ အဖြစ်ဖြင့် ကျေးဇူးပြုခြင်းသည် နိဿယပစ္စည်းမည်၏။ ဥပမာအားဖြင့် မြေကြီးသည် သစ်ပင်တို့အား မှီရာတည်ရာ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ ဖြစ်ပါသည်။ ထို့အတူ ရုပ်နာမ်တရားတို့သည်လည်း အခြားတစ်ပါးသော ရုပ်နာမ်တရားတို့အား မှီရာတည်ရာ အဖြစ်ဖြင့် ကျေးဇူးပြုခြင်းကို နိဿယပစ္စည်းကပြ၏။

နိဿယပစ္စည်း၌ က- သဟဇာတနိဿယ နှင့် ခ- ပုရေဇာတနိဿယ ဟူ၍ နှစ်မျိုးရှိသည်။

(က) သဟဇာတနိဿယ

‘သဟဇာတနိဿယ’ ဟူသည် (သဟဇာတ+နိဿယ) ‘သဟဇာတ = အတူတကွလည်းဖြစ် + နိဿယ = မှီရာတည်ရာလည်းဖြစ်’ ဟု အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် သဟဇာတပစ္စည်း ဟူသည် သဟဇာတပစ္စည်း၌ ဖော်ပြခဲ့သည့် ”အတူတကွဖြစ်၍ ကျေးဇူးပြုသော” တရားတို့သည်ပင် မှီရာတည်ရာ (နိဿယ) အဖြစ်ဖြင့်လည်း ကျေးဇူးပြုကြသောကြောင့် ‘သဟဇာတ’ ပစ္စည်းနှင့် ‘နိဿယ’ ပစ္စည်းနှစ်မျိုးလုံး၌ ပါဝင်ကြရသည်။ ထို့ကြောင့် ထိုအမည်နှစ်ခုကို ပေါင်း၍ ‘သဟဇာတနိဿယ’ ပစ္စည်းဟု ‘နိဿယ’ ရှေ့က ‘သဟဇာတ’ ပုဒ်ဖြင့် အထူးပြုကာ အမည်တပ်ရခြင်း ဖြစ်သည်။

ထို့ကြောင့် (၁) စိတ်, စေတသိက်နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်းအားဖြင့်လည်းကောင်း၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့ အားလည်းကောင်း အတူတကွဖြစ်ဖက် ‘သဟဇာတသတ္တိ’ နှင့် မှီရာတည်ရာအဖြစ် ‘နိဿယသတ္တိ’ တို့ဖြင့် ကျေးဇူးပြုကုန်၏။

(၂) မဟာဘုတ်ကြီး လေးပါးတို့သည် အချင်းချင်းအားလည်းကောင်း၊ မိမိတို့ကို မှီ၍ဖြစ်ကြရသော ဥပါဒါရုပ်တို့အား လည်းကောင်း အတူတကွဖြစ်ဖက် ‘သဟဇာတသတ္တိ’ နှင့် မှီရာတည်ရာအဖြစ် ‘နိဿယသတ္တိ’ တို့ဖြင့် ကျေးဇူးပြုကုန်၏။

(၃) ပဉ္စဝေါကောရ ပဋိသန္ဓေနာမ်ခန္ဓာနှင့် ဟဒယဝတ္ထုရုပ်တို့သည် ပဋိသန္ဓေခဏ၌ အချင်းချင်းအား အတူတကွဖြစ်ဖက် ‘သဟဇာတသတ္တိ’ နှင့် မှီရာတည်ရာအဖြစ် ‘နိဿယသတ္တိ’ တို့ဖြင့် ကျေးဇူးပြုကုန်၏။

 

 

(ခ) ဝတ္ထုပုရေဇာတနိဿယ

‘ဝတ္ထု ပုရေဇာတနိဿယ’ ဟူသော ဝေါဟာရ၌ (ဝတ္ထု+ပုရေဇာတ+နိဿယ) ဟူ၍ ပုဒ်သုံးခု ပါဝင် နေသည်။ ထိုတွင် ဝတ္ထု ဟူသည် စိတ်၊ စေတသိက်တရားတို့ မှီ၍ ဖြစ်ရာဖြစ်သော ဝတ္ထု ရုပ်ခြောက်ပါးတို့ကို ဆိုလိုသည်။ ယင်းဝတ္ထုရုပ်ခြောက်ပါးတို့သည် မိမိတို့ကို မှီ၍ ဖြစ်ကြရသော စိတ်၊ စေတသိက်တို့ မဖြစ်မီ ရှေးဦးစွာ ဖြစ်နှင့်ကြရသဖြင့် ‘ပုရေဇာတ’ (ရှေ့ကဖြစ်နှင့်ခြင်း) သဘောကိုလည်း ဆောင်ကြသည်။ ထို့ပြင် ထိုဝတ္ထုရုပ် ခြောက်ပါးတို့သည် စိတ်၊ စေတသိက်တရားတို့၏ မှီရာတည်ရာ (မှီခိုအားထားရာ) ဖြစ်သောကြောင့် ‘နိဿယ’ အမည်ကိုလည်း ရပြန်သည်။

ထို့ကြောင့် ဝတ္ထုပုရေဇာတပစ္စည်း ဟူသည် (၁) ဝတ္ထုလည်း ဟုတ်၏၊ (၂) စိတ်, စေတသိက်တရားတို့ မဖြစ်မီ ရှေးဦးစွာ ဖြစ်နှင့်သောကြောင့် ပုရေဇာတလည်း ဟုတ်၏၊ (၃) စိတ်, စေတသိက်တရားတို့၏ မှီရာ တည်ရာ ဖြစ်၍ နိဿယလည်း ဟုတ်၏ ဟူသော အင်္ဂါသုံးချက်နှင့် ညီသော ပစ္စည်းမျိုးတည်း။

ဤအင်္ဂါ သုံးချက်နှင့်ညီသော တရားတို့ကား ဝတ္ထုခြောက်ပါးပင်တည်း။ ထိုဝတ္ထုခြောက်ပါးတို့သည် အရူပ ဝိပါက်စိတ် လေးခုမှ တစ်ပါးသောစိတ် – ၈၅၊ စေတသိက်-၅၂ တို့အား ‘ဝတ္ထုပုရေဇာတနိဿယ’ သတ္တိဖြင့် ကျေးဇူး ပြုကုန်၏။

ယခုဆက်လက်ပြီး ဝတ္ထုပုရေဇာတ နိဿယကို လယ်တီဆရာတော်ကြီး၏ ပဋ္ဌာန်းအလင်းပြကျမ်း၌ လာသည်ကို ပြပါဦးမည်။ ပဌမ ဘဝင်စိတ်သည်ကား ပဋိသန္ဓေစိတ်နှင့် အတူတကွဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်၏၊ ဒုတိယဘဝင်စိတ်သည် ပဌမ ဘဝင်စိတ်နှင့် အတူတကွ ဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်၏၊ ဤအတူ တတိယဘဝင်စိတ်သည် ဒုတိယဘဝင်စိတ်နှင့် အတူတကွဖြစ်သော ဟဒယဝတ္ထုရုပ်ကို အမှီပြု၍ ဖြစ်၏။ ဤသို့ အစရှိသည်ဖြင့် မရဏာသန္န ကာလတိုင်အောင် မနောဓာတ်, မနောဝိညာဏဓာတ် နှစ်ပါးတို့၏ ဝတ္ထုပုရေဇာတ နိဿယပစ္စည်းကို သိအပ်၏။

 

         

ဥပမာ တယောသံတို့မည်သည် တယောကြိုးကို တယောထိုးတံတို့ဖြင့် ထိုးသောအဟုန်ကြောင့် သာလျှင် ဖြစ်ကုန်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်ကုန်၊ ထိုဥပမာအတူ ပဉ္စဝိညာဏ်တို့မည်သည် ဝတ္ထုရုပ်ငါးပါးဟု ဆိုအပ်ကုန်သော အာရုံငါးပါးတို့၏ ထင်ခြင်းသို့ရောက်သော အဟုန်ကြောင့်သာလျှင် ဖြစ်ကုန်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်ကုန်။

ထင်ခြင်းသို့ ရောက်ခြင်းသည်လည်း ထိုဒွါရ အာရုံတို့၏ ဌီသို့ ရောက်သောအခါ၌သာလျှင် ဖြစ်၏၊ ထင်ခြင်းသို့ ရောက်ခြင်းတည်းဟူသော အကြောင်းကြောင့်သာလျှင် ဘဝင်နှစ်ကြိမ် လှုပ်၏၊ ဘဝင်လှုပ်တည်း ဟူသော အကြောင်းကြောင့်လည်း ပဉ္စဒွါရ၌ ဆင်ခြင်သော ပဉ္စဒွါရာဝဇ္ဇန်း စိတ်သည်ဖြစ်၏၊ အာဝဇ္ဇန်းဖြစ်ခြင်းတည်း ဟူသော အကြောင်းကြောင့်လည်း စက္ခုဝိညာဉ် အစရှိသော ဝိညာဉ်ငါးပါးတို့ အာရုံအားလျော်စွာ အသီးသီး ဖြစ်ကုန်၏၊

ထို့ကြောင့် စက္ခုအစရှိသော ဝတ္ထုငါးပါးတို့သည် စက္ခုဝိညာဉ်စသည် မဖြစ်မီ ရှေးဖြစ်သော အတိတ် ဘဝင် စိတ်၏ ဥပါဒ်ခဏ၌ ဖြစ်ကုန်သည်ဖြစ်၍သာလျှင် ပဉ္စဝိညာဏဓာတ်တို့အား ဝတ္ထုပုရေဇာတနိဿယ သတ္တိဖြင့် ကျေးဇူးပြုတတ်ကုန်၏။

မရဏာသန္န အခါ၌ကား ခပ်သိမ်းကုန်သော ဝတ္ထုရုပ်ခြောက်ပါးတို့သည် စုတိစိတ်မှ ရှေး၌ တစ်ဆယ့် ခုနစ်ချက် မြောက်ဖြစ်သော ဘဝင်စိတ်၏ ဥပါဒ်ခဏ၌သာလျှင် ဖြစ်ကုန်၏၊ ထိုဘဝင်စိတ်၏ ဥပါဒ်ခဏမှ နောက်၌ မဖြစ်ကုန်၊ ထို့ကြောင့် မရဏာသန္နအခါ၌ ဘဝင်စိတ်များ ခပ်သိမ်းသော ဆဒွါရိက ဝီထိစိတ်များနှင့် စုတိစိတ်သည် မိမိတို့ မဖြစ်မီ ရှေးအခါ၌ဖြစ်ကုန်သော ထို ၁၇-ချက်မြောက် စိတ်နှင့်အတူ ဥပါဒ်သည်သာလျှင် ဖြစ်ကုန်သော မိမိ မိမိတို့၏ ဝတ္ထုတို့ကိုမှီ၍ ဖြစ်ကုန်၏၊ ဤဆိုအပ်ခဲ့ပြီးသည်ကား ဝတ္ထုပုရေဇာတ နိဿယ ပစ္စည်းတည်း။

ဝတ္ထုရုပ်ခြောက်ပါး

(၁) သတ္တဝါတို့၏ မျက်စိထဲ၌ = မျက်နက်ဝန်း၌ ပါရှိသော မျက်စိအကြည်ဓာတ်ကို စက္ခုပသာဒဟုခေါ်၏။ ယင်း စက္ခုပသာဒရုပ်သည် အပြင်ဘက်က အဆင်း = ရူပါရုံ ဝင်ရောက်ရာ တံခါးသဖွယ်ဖြစ်၍ ‘စက္ခုဒွါရ’ ဟုလည်း ခေါ်၏။ ထိုစက္ခုပသာဒရုပ်သည် ရူပါရုံကို မြင်သိမှုခေါ် စက္ခုဝိညာဉ်စိတ် နှစ်ပါးဖြစ်ရာ ဌာနဖြစ်၍ ‘စက္ခုဝတ္ထု’ ဟုလည်းခေါ်၏။

(၂) နားထဲ၌လည်း နားအကြည်ဓာတ်ခေါ် သောတပသာဒရုပ်သည်ရှိ၏။ ထိုသောတပသာဒရုပ်သည် အပြင် ဘက်က အသံ = သဒ္ဒါရုံဝင်ရောက်ရာ တံခါးသဖွယ်ဖြစ်၍ ‘သောတဒွါရ’ ဟုလည်းခေါ်၏။ သဒ္ဒါရုံကို ကြားသိမှုခေါ် သော တဝိညာဉ်စိတ်နှစ်ပါး၏ ဖြစ်ရာဌာနဖြစ်၍ ‘သောတဝတ္ထု’ ဟုလည်း ခေါ်၏။

(၃) နှာခေါင်းထဲ၌လည်း နှာခေါင်းအကြည်ဓာတ်ခေါ် ဃာနပသာဒရုပ်သည် ရှိသည်။ ထို ဃာနပသာဒ ရုပ်သည် အပြင်ဘက်က အနံ့ = ဂန္ဓာရုံဝင်ရောက်ရာ တံခါးသဖွယ်ဖြစ်၍ ‘ဃာနဒွါရ’ ဟုလည်း ခေါ်၏။ ဂန္ဓာရုံကို နံသိမှုခေါ် ဃာနဝိညာဉ်စိတ် နှစ်ပါး၏ ဖြစ်ရာဌာနဖြစ်၍ ‘ဃာနဝတ္ထု’ ဟုလည်း ခေါ်၏။

(၄) လျှာ၏အလယ်၌လည်း လျှာအကြည်ဓာတ်ခေါ် ဇိဝှာပသာဒရုပ်သည် ရှိ၏။ ထို ဇိဝှာပသာဒရုပ်သည် အပြင် ဘက်က အရသာ = ရသာရုံဝင်ရောက်ရာ တံခါးသဖွယ်ဖြစ်၍ ‘ဇိဝှာဒွါရ’ ဟုလည်းခေါ်၏။ ရသာရုံကို လျက်သိမှုခေါ် ဇိဝှာဝိညာဉ်စိတ်နှစ်ပါး၏ ဖြစ်ရာဌာနဖြစ်၍ ‘ဇိဝှာဝတ္ထု’ ဟုလည်းခေါ်၏။

(၅) တကိုယ်လုံး၌ ပျံ့နှံံ့၍ တည်သော ကိုယ်အကြည်ဓာတ်ခေါ် ကာယပသာဒရုပ်သည် ရှိ၏။ ထို ကာယ ပသာဒရုပ်သည် အပြင်ဘက် အတွေ့ ဖောဋ္ဌဗ္ဗာရုံဝင်ရောက်ရာ တံခါးသဖွယ်ဖြစ်၍ ‘ကာယဒွါရ’ ဟုလည်းခေါ်၏။ ဖောဋ္ဌဗ္ဗာရုံကို တွေ့သိမှုခေါ် ကာယဝိညာဉ်စိတ်နှစ်ပါး၏ ဖြစ်ရာဌာနဖြစ်၍ ‘ကာယ ဝတ္ထု’ ဟုလည်း ခေါ်၏။

(၆) နှလုံးသား၏အလယ်၌ သွေးများတည်နေသော တွင်းငယ်တစ်ခုရှိ၏။ ထိုသွေးများ ပျံ့နှံ့လျက် တည်သော ဝတ္ထုတစ်မျိုးကို ‘ဟဒယ’ ဟုခေါ်၏။ ပစ္စုပ္ပန် ပဉ္စာရုံကို ခံယူသော မနောဓာတ်သုံးပါးနှင့် (အရူပဝိပါက်စိတ် လေးခု ကြဉ်သော) မနောဝိညာဏဓာတ်ခေါ် မနောဝိညာဉ်စိတ် ၇၂-ပါး (ပေါင်းစိတ် ၇၅-ပါး) တို့၏ မှီရန်ဖြစ်ရာ ဖြစ်သော ကြောင့် ‘ဟဒယဝတ္ထု’ ရုပ်ဟုခေါ်၏။

 

 

မြင်သိစိတ်ဖြစ်ရန် ပါဝင်သည့်ပစ္စည်း

မြင်သိစိတ် စက္ခုဝိညာဏ် တစ်ခုဖြစ်ပေါ်လာနိုင်ရန် ၁-သဟဇာတပစ္စည်း။ ၂-အညမညပစ္စည်း။ ၃-နိဿယပစ္စည်း။ ၄-အာရမ္မဏပစ္စည်း။ ၅-ပုရေဇာတပစ္စည်း။ ၆-အတ္ထိပစ္စည်းနှင့် ၇-အဝိဂတပစ္စည်းတို့က ကျေးဇူး ပြုပါသည်။

နိဿယပစ္စည်း၏ သင်္ချာ

နိဿယပစ္စည်း၏ သင်္ချာမှာ ၁၃-ဖြစ်ပါသည်။ ထို့ကြောင့် ‘နိဿယေ တေရဿ’ ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်-

ကုသလာ ဓမ္မာ သင်္ချာ-၃

(၁) ကု-ကု (၂) ကု-ဗျာ (၃) ကု-ကု-ဗျာ

အကုသလာ ဓမ္မာ သင်္ချာ-၃

(၁) အကု-အကု (၂) အကု-ဗျာ (၃)အကု-အကု-ဗျာ

အဗျာကတဓမ္မာ သင်္ချာ-၃

(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု

ကုသလာဗျာကတပဒ သင်္ချာ -၂

(၁) ကု-ဗျာ-ကု (၂) ကု-ဗျာ-ဗျာ

အကုသလာဗျာကတပဒ သင်္ချာ -၂

(၁) အကု-ဗျာ-အကု (၂) အကု-ဗျာ-ဗျာ

 

Loading

By admin