အကြောင်းအကျိုးတရား Cause & effect 

 

 

မြတ်စွာဘုရားရှင်က အကျိုးတရားတစ်ရပ် ပေါ်ပေါက်လာနိုင်ရန်အတွက် အကြောင်းတရား ပေါင်းများစွာ ပေါင်းဆုံပေးရကြောင်း ဟောတော်မူပါသည်။ ယခုကဲ့သို့ အကြောင်းတရား ပေါင်းဆုံသဖြင့် ဖြစ်ပေါ်လာသည့် သဘောတရားကို နားလည်လာသူအဖို့ တစ်စုံတစ်ဦးဦးသော တန်ခိုးရှင်၊ ဖန်ဆင်းရှင် Creator က ဖန်ဆင်း တာလည်း မဟုတ်သကဲ့သို့ အကြောင်းမဲ့ဖြစ်နေခြင်းလည်း မဟုတ်ကြောင်းကို ပိုင်ပိုင်နိုင်နိုင် သိရှိနိုင်သည်။

ဖြစ်သင့်သော အကြောင်းတရားကြောင့် ဖြစ်သင့်သော အကျိုးတရား ပေါ်ပေါက်လာခြင်းသာတည်း။ ထို အကျိုးတရား မဖြစ်ပေါ်နိုင်သော အကြောင်းတရားကြောင့် ထိုထိုအကျိုးတရား မဖြစ်နိုင်ပေဟု သိရှိလာခြင်းကို ဆိုလို ပါသည်။ ဥယျာဉ်ထဲ စိုက်ပျိုးထားသည့် ပန်းသီးစေ့ဟူသော အကြောင်းတရားကြောင့် ချိုသော ပန်းသီးသီးသည်။ ခါးသော ကြက်ဟင်းခါးသီး မသီးနိုင်ပေ။ စပ်သောငရုပ်သီးလည်း မသီးပေ။ ချဉ်သောရှောက်သီးလည်း မသီးနိုင်ပေ။

ထိုထို သင့်သောအကြောင်းတရားတို့ကြောင့်သာ ထိုထိုသင့်သော အကျိုးတရားတို့ ပေါ်ပေါက်ခြင်း ဖြစ်၏။ ယခုကဲ့သို့ Right understanding သမ္မာဒိဋ္ဌိအမြင် မှန်ကန်ရန် ပဋ္ဌာန်းတရားတော်ကို သင်ယူနေကြရခြင်း ဖြစ်ပါ သည်။

ဤသို့ နားမလည်နိုင်ပါက အဟေတုက မိစ္ဆာဒိဋ္ဌိ၊ အကြိယာမိစ္ဆာဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိတို့မှ လွန် မြောက်ရန် ခဲယဉ်းပေတော့မည်။

ဧ၀ံဓမၼတာနည္း ( Of such a nature method)

 

          ဧ၀ံဓမၼတာနည္းဟူသည္ “ျဖစ္သင့္သည့္ အေၾကာင္းတရားတို႔ေၾကာင့္သာ ျဖစ္သင့္သည့္ အက်ဳိးတရားတို႔ ျဖစ္ၾကသည္”ဟု အမွန္ကို အမွန္အတိုင္း သိသည္ကို ဧ၀ံဓမၼတာနည္းဟု ေခၚ၏။

          ဥပမာ အ၀ိဇၨာဟူေသာအေၾကာင္းေၾကာင့္သာ ျဖစ္ထိုက္သည့္ သခၤါရဟူေသာ အက်ဳိးတရား ျဖစ္လာ၏။ သခၤါရဟူေသာ အေၾကာင္းေၾကာင့္သာ ျဖစ္သင့္ျဖစ္ထိုက္သည့္ ၀ိညာဏ္ဟူေသာ အက်ဳိးတရား ျဖစ္လာသည္ဟု သိရွိနားလည္လာႏိုင္သည္ကို သမၼာဒိ႒ိဉာဏ္ျမင္ျဖင့္ အမွန္အတိုင္း သိလာျခင္း ျဖစ္ပါသည္။

          တစ္နည္းျပဆိုရေသာ္ ဤအက်ဳိးတရား ျဖစ္သင့္သည့္အေၾကာင္းေပါင္းဆံု၍သာ ထိုအက်ဳိးတရား ေပၚေပါက္ လာျခင္း ျဖစ္သည္။ ဤအက်ဳိးတရားတစ္ရပ္ မေပၚေပါက္သင့္သည့္ အေၾကာင္းေၾကာင့္မူ ထိုအက်ဳိးတရား မျဖစ္ေပၚ ေပဟု အမွန္အတိုင္း သိျမင္သည္ကို သမၼာဒိ႒ိဉာဏ္  Right understanding ေခၚ၏။

          ထိုထိုအက်ဳိးတရားကို ျဖစ္ေစႏိုင္သည့္ အေၾကာင္းတရားတို႔ကို အမွန္အတိုင္း မသိႏိုင္ေသးသည့္ သံသရာ ရွည္ၾကာ ကာလပတ္လံုး၌မူ မျဖစ္ႏိုင္သည့္ အေၾကာင္းတရားမ်ားစြာေၾကာင့္ အက်ဳိးတရားမ်ား ျဖစ္ေနသည္ဟု မွားမွားယြင္းယြင္း ယူေပေတာ့မည္ (သို႔မဟုတ္) အေၾကာင္းမဲ့ျဖစ္ေနသည္ဟု မိစၦာဒိ႒ိအျမင္ wrong under- standing အားျဖင့္ မွားမွားယြင္းယြင္း ယူေပေတာ့မည္ ယူေနေပေတာ့မည္။

          အ႒ကထာလာ ဥပမာမွာ ႏြားႏို႔မွ ဒိန္ ျဖစ္သည္။ ေရမွသည္ ဒိန္ မျဖစ္ႏိုင္ပါ။ ဆီမွသည္ ဒိန္မျဖစ္ ႏိုင္ပါ။ ျဖစ္သင့္သည့္ အက်ဳိးတရားတစ္ရပ္ ျဖစ္ေပၚလာႏိုင္ရန္ ျဖစ္သင့္သည့္အေၾကာင္းတရား ဧကန္ မုခ် ရွိရပါမယ္။ ျဖစ္သင့္သည့္အေၾကာင္းတရား မရွိပါဘဲ အက်ဳိးတရားတစ္ရပ္ မေပၚေပါက္ႏိုင္ပါေပ။

          အက်ဳိးတရား မေပၚေပါက္ႏိုင္သည့္ အေၾကာင္းတရားက ထိုထိုအက်ဳိးကို မေဖာ္ထုတ္ေပးႏိုင္ပါ။ ဆီမွသည္ ႏို႔ထမ္းေခၚသည့္ ဒိန္မျဖစ္ႏိုင္ပါ။ ေရမွသည္ ဒိန္မျဖစ္ႏိုင္ပါဟု ပိုင္ပိုင္သိျမင္ သေဘာက်ႏိုင္သည့္ ေယာဂီအဖို႔ အက်ဳိး ဟူသမွ်၌ ဆိုင္ရာဆိုင္ရာ အေၾကာင္းတရားတို႔ မရွိပါ၊ အေၾကာင္းမဲ့ အက်ဳိးတရားတို႔ ေပၚေပါက္လာျခင္း ျဖစ္သည္ ဟူေသာ အေဟတုကဒိ႒ိ၊ အကိရိယဒိ႒ိအယူတို႔မွ လြတ္ေျမာက္ေနပါသည္။

 

 

အေၾကာင္းအက်ဳိး ေရွ႕ျဖစ္ ေနာက္ျဖစ္

    

          ပ႒ာန္းတရားေတာ္၌ ပစၥယ= ပစၥည္းဟူေသာ အေၾကာင္းတရားႏွင့္ ပစၥယုပၸန္ဟူေသာ အက်ဳိးတရားတို႔ ရွိရာတြင္ အေၾကာင္းကအရင္ အက်ဳိးကေနာက္လည္းရွိသည္။ အေၾကာင္းႏွင့္အက်ဳိး တစ္ၿပိဳင္နက္ ျဖစ္တာလည္း ရွိပါသည္။ အက်ဳိးကအရင္ျဖစ္ၿပီး အေၾကာင္းက ေနာက္မွာျဖစ္တာလည္း ရွိပါသည္။

          တရား႐ႈမွတ္ရာတြင္လည္းပစၥယ = အေၾကာင္းတရား၊ ပစၥယုပၸႏၷ = အက်ဳိးတရားပါေနပါသည္။

          ဥပမာ တရား႐ႈမွတ္ရာတြင္ စိတ္ကေလးၿငိမ္းေအးၿပီး ခ်မ္းသာေနသည္ကို သိသိေနသည္ ဆိုပါစို႔ ထို အခိုက္တြင္ သညာပါသည္။ ၿငိမ္းေအးကာ ခ်မ္းသာေနသည့္ေ၀ဒနာကို မွတ္သိေနတာမွာ ေစတနာက သညာကို သိခိုင္းေနသည္။ သိသိေနျခင္းက ၀ိညာဏ္ျဖစ္သည္။ ထို႔ေၾကာင့္ ‘စတၱာေရာအ႐ူပိေနာ’ နာမ္ခႏၶာေလးပါး အလုပ္ လုပ္ေနျခင္း ျဖစ္ပါသည္။

          ေ၀ဒနာကို မွတ္သိေနရာတြင္ သူက အေၾကာင္းတရားျဖစ္ၿပီး က်န္သည့္ သညာ၊ သခၤါရ၊ ၀ိညာဏ သံုးပါး တို႔က အက်ဳိးတရား ျဖစ္သည္။ ေ၀ဒနာကို အက်ဳိးတရားထားပါက သညာ၊ သခၤါရ၊ ၀ိညာဏတို႔က အေၾကာင္းတရား ျဖစ္ပါသည္။

          ၂-ပါးက အေၾကာင္းျဖစ္ရင္ ၂-ပါးက အက်ဳိး။ ၃-ပါးက အေၾကာင္းျဖစ္ရင္ ၁-ပါးက အက်ဳိး။ ထို႔ေၾကာင့္ “ဧကံ မဟာဘူတံ တိဏၰႏၷံ မဟာဘူတာနံ သဟဇာတပစၥေယန ပစၥေယာ။ တေယာ မဟာဘူတာ ဧကႆ မဟာဘူတႆ သဟဇာတပစၥေယန ပစၥေယာ။ ေဒြမဟာဘူတာ ဒိြႏၷံ မဟာဘူတာနံ သဟဇာတပစၥေယန ပစၥေယာ“ ဟု လာရွိပါသည္။

 

          မဟာဘူတ       = မဟာဘုတ္ ၄-ပါး

          ႐ုပ္ခႏၶာ            = မဟာဘုတ္ ၄-ပါး

          မဟာဘူတ       = ႀကီးမား ထင္ရွားသည့္႐ုပ္ = မဟာဘုတ္ဟူ၍ပင္ ေရွးက ျမန္မာျပန္ခဲ့ပါသည္။

 

          ပထ၀ီ ေတေဇာ အာေပါ ၀ါေယာ ၄-ပါးလံုး အျပန္အလွန္ ေက်းဇူးျပဳေနျခင္းကို “ဧကံ မဟာဘူတံ တိဏၰႏၷံ မဟာဘူတာနံ သဟဇာတပစၥေယန ပစၥေယာ။”

          မဟာဘုတ္မွာ ကမၼဇမဟာဘုတ္ စိတၱဇမဟာဘုတ္ အာဟာရဇမဟာဘုတ္ ဥတုဇမဟာဘုတ္တို႔ ရွိပါသည္။

          (က)     ကံေၾကာင့္ျဖစ္သည့္႐ုပ္ = စကၡဳပသာဒ႐ုပ္စသည္မွာ ပထ၀ီ ေတေဇာ အာေပါ ၀ါေယာ ၄-ပါး လံုး အတူတကြ ပါေနသည္။

          (ခ )     စိတ္ေၾကာင့္ျဖစ္သည့္႐ုပ္= ကာယ၀ိညတ္စသည္မွာ ပထ၀ီ ေတေဇာ အာေပါ ၀ါေယာ ၄-ပါး လံုး အတူတကြ ပါ၀င္ေနပါသည္။

          (ဂ ) အာဟာရေၾကာင့္ျဖစ္သည့္႐ုပ္ = အာဟာရမွီ၀ဲလိုက္ပါက ျဖစ္လာသည့္႐ုပ္ စသည္မွာ ပထ၀ီ ေတေဇာ အာေပါ ၀ါေယာ ၄-ပါးလံုး အတူတကြ ပါေနသည္။

          (ဃ) ဥတုေၾကာင့္ျဖစ္သည့္ ႐ုပ္= အပူအေအးေၾကာင့္ ေျပာင္းလဲျဖစ္ေနသည့္ ႐ုပ္စသည္မွာလည္း ပထ၀ီ ေတေဇာ အာေပါ ၀ါေယာ ၄-ပါးလံုး အတူတကြ ပါေနသည္။

          ဤမဟာဘုတ္တို႔က ျဖစ္လွ်င္လည္း အတူတကြျဖစ္ၿပီး၊ ပ်က္လွ်င္လည္း အတူတကြ ပ်က္ပါသည္။

         

                      

ဥပါဒါ႐ုပ္ ၂၄ပါး

    

          မဟာဘုတ္ကို မွီ၍ျဖစ္ေသာ႐ုပ္ ၂၄-ပါးကို ဥပါဒါ႐ုပ္ဟု ေခၚသည္။ ၎တို႔မွာ ပသာဒ႐ုပ္ ၅-ပါး ေဂါစရ႐ုပ္ ၄-ပါး။ ဘာ၀႐ုပ္ ၂-ပါး။ ဟဒယ၀တၳဳ ၁-ပါး။ ဇီ၀ိတ႐ုပ္ ၁-ပါး။ အာဟာရ႐ုပ္ ၁-ပါး။ ပရိေစၦဒ႐ုပ္ ၁-ပါး။ ၀ိညတ္႐ုပ္ ၂-ပါး။ ၀ိကာရ႐ုပ္ ၃-ပါးႏွင့္ လကၡဏ႐ုပ္ ၄-ပါးတို႔ ျဖစ္ၾကသည္။

          * ပသာဒ႐ုပ္ ၅-ပါးမွာ     = စကၡဳပသာဒ စသည္  ၅-ပါး။

          * ေဂါစ႐ုပ္ ၄-ပါးမွာ        = ႐ူပါ႐ုံ။ သဒၵါ႐ုံ။ ဂႏၶာ႐ုံ။ ရသာ႐ံံု။ ေဖာ႒ဗၺ၏တရားကိုယ္ ပထ၀ီ၊ ေတေဇာ                                                 ၀ါေယာတို႔ကို ယူသည္။

          * ဘာ၀႐ုပ္ ၂-ပါးမွာ       = ဣတၳိဘာ၀႐ုပ္။ ပုမၻာ၀႐ုပ္။

          * ဟဒယ၀တၳဳ              = စိတ္ေစတသိက္တို႔တည္ရာ။

          * ဇီ၀ိတ႐ုပ္မွာ              = ကမၼဇ႐ုပ္တို႔ကို ေစာင့္ေရွာက္ေသာ႐ုပ္

          * အာဟာရ႐ုပ္မွာ         = အဆီအႏွစ္ၾသဇာ႐ုပ္။

          * ပရိေစၦဒ႐ုပ္မွာ            = ႐ုပ္ကလာပ္ တခုႏွင့္တခု ပိုင္းျခားထားေသာ အၾကား႐ုပ္

          * ၀ိညတ္႐ုပ္မွာ            = မိမိအလိုဆႏၵကို သူတပါးအား သိေစႏိုင္ေသာ အမူအရာ႐ုပ္ကာယ။                                                 ၀စီ၀ိညတ္ စသည္။

          * ၀ိကာရ႐ုပ္မွာ            = လဟုတာ႐ုပ္။ မုဒုတာ႐ုပ္။ ကမၼညတာ႐ုပ္။

          * လကၡဏ႐ုပ္မွာ                    = ဥပစယ႐ုပ္။ သႏၲတိ႐ုပ္။ ဇရတာ႐ုပ္။ အနိစၥတာ႐ုပ္တို႔ ျဖစ္ၾကပါသည္။

 

 

အကြောင်းအကျိုးတရား Cause & effect unicode

မြတ်စွာဘုရားရှင်က အကျိုးတရားတစ်ရပ် ပေါ်ပေါက်လာနိုင်ရန်အတွက် အကြောင်းတရား ပေါင်းများစွာ ပေါင်းဆုံပေးရကြောင်း ဟောတော်မူပါသည်။ ယခုကဲ့သို့ အကြောင်းတရား ပေါင်းဆုံသဖြင့် ဖြစ်ပေါ်လာသည့် သဘောတရားကို နားလည်လာသူအဖို့ တစ်စုံတစ်ဦးဦးသော တန်ခိုးရှင်၊ ဖန်ဆင်းရှင် Creator က ဖန်ဆင်း တာလည်း မဟုတ်သကဲ့သို့ အကြောင်းမဲ့ဖြစ်နေခြင်းလည်း မဟုတ်ကြောင်းကို ပိုင်ပိုင်နိုင်နိုင် သိရှိနိုင်သည်။

ဖြစ်သင့်သော အကြောင်းတရားကြောင့် ဖြစ်သင့်သော အကျိုးတရား ပေါ်ပေါက်လာခြင်းသာတည်း။ ထို အကျိုးတရား မဖြစ်ပေါ်နိုင်သော အကြောင်းတရားကြောင့် ထိုထိုအကျိုးတရား မဖြစ်နိုင်ပေဟု သိရှိလာခြင်းကို ဆိုလို ပါသည်။ ဥယျာဉ်ထဲ စိုက်ပျိုးထားသည့် ပန်းသီးစေ့ဟူသော အကြောင်းတရားကြောင့် ချိုသော ပန်းသီးသီးသည်။ ခါးသော ကြက်ဟင်းခါးသီး မသီးနိုင်ပေ။ စပ်သောငရုပ်သီးလည်း မသီးပေ။ ချဉ်သောရှောက်သီးလည်း မသီးနိုင်ပေ။

ထိုထို သင့်သောအကြောင်းတရားတို့ကြောင့်သာ ထိုထိုသင့်သော အကျိုးတရားတို့ ပေါ်ပေါက်ခြင်း ဖြစ်၏။ ယခုကဲ့သို့ Right understanding သမ္မာဒိဋ္ဌိအမြင် မှန်ကန်ရန် ပဋ္ဌာန်းတရားတော်ကို သင်ယူနေကြရခြင်း ဖြစ်ပါ သည်။

ဤသို့ နားမလည်နိုင်ပါက အဟေတုက မိစ္ဆာဒိဋ္ဌိ၊ အကြိယာမိစ္ဆာဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိတို့မှ လွန် မြောက်ရန် ခဲယဉ်းပေတော့မည်။

 

 

ဧဝံဓမ္မတာနည်း ( Of such a nature method)

ဧဝံဓမ္မတာနည်းဟူသည် “ဖြစ်သင့်သည့် အကြောင်းတရားတို့ကြောင့်သာ ဖြစ်သင့်သည့် အကျိုးတရားတို့ ဖြစ်ကြသည်”ဟု အမှန်ကို အမှန်အတိုင်း သိသည်ကို ဧဝံဓမ္မတာနည်းဟု ခေါ်၏။

ဥပမာ အဝိဇ္ဇာဟူသောအကြောင်းကြောင့်သာ ဖြစ်ထိုက်သည့် သင်္ခါရဟူသော အကျိုးတရား ဖြစ်လာ၏။ သင်္ခါရဟူသော အကြောင်းကြောင့်သာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဝိညာဏ်ဟူသော အကျိုးတရား ဖြစ်လာသည်ဟု သိရှိနားလည်လာနိုင်သည်ကို သမ္မာဒိဋ္ဌိဉာဏ်မြင်ဖြင့် အမှန်အတိုင်း သိလာခြင်း ဖြစ်ပါသည်။

တစ်နည်းပြဆိုရသော် ဤအကျိုးတရား ဖြစ်သင့်သည့်အကြောင်းပေါင်းဆုံ၍သာ ထိုအကျိုးတရား ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဤအကျိုးတရားတစ်ရပ် မပေါ်ပေါက်သင့်သည့် အကြောင်းကြောင့်မူ ထိုအကျိုးတရား မဖြစ်ပေါ် ပေဟု အမှန်အတိုင်း သိမြင်သည်ကို သမ္မာဒိဋ္ဌိဉာဏ် Right understanding ခေါ်၏။

ထိုထိုအကျိုးတရားကို ဖြစ်စေနိုင်သည့် အကြောင်းတရားတို့ကို အမှန်အတိုင်း မသိနိုင်သေးသည့် သံသရာ ရှည်ကြာ ကာလပတ်လုံး၌မူ မဖြစ်နိုင်သည့် အကြောင်းတရားများစွာကြောင့် အကျိုးတရားများ ဖြစ်နေသည်ဟု မှားမှားယွင်းယွင်း ယူပေတော့မည် (သို့မဟုတ်) အကြောင်းမဲ့ဖြစ်နေသည်ဟု မိစ္ဆာဒိဋ္ဌိအမြင် wrong under- standing အားဖြင့် မှားမှားယွင်းယွင်း ယူပေတော့မည် ယူနေပေတော့မည်။

အဋ္ဌကထာလာ ဥပမာမှာ နွားနို့မှ ဒိန် ဖြစ်သည်။ ရေမှသည် ဒိန် မဖြစ်နိုင်ပါ။ ဆီမှသည် ဒိန်မဖြစ် နိုင်ပါ။ ဖြစ်သင့်သည့် အကျိုးတရားတစ်ရပ် ဖြစ်ပေါ်လာနိုင်ရန် ဖြစ်သင့်သည့်အကြောင်းတရား ဧကန် မုချ ရှိရပါမယ်။ ဖြစ်သင့်သည့်အကြောင်းတရား မရှိပါဘဲ အကျိုးတရားတစ်ရပ် မပေါ်ပေါက်နိုင်ပါပေ။

အကျိုးတရား မပေါ်ပေါက်နိုင်သည့် အကြောင်းတရားက ထိုထိုအကျိုးကို မဖော်ထုတ်ပေးနိုင်ပါ။ ဆီမှသည် နို့ထမ်းခေါ်သည့် ဒိန်မဖြစ်နိုင်ပါ။ ရေမှသည် ဒိန်မဖြစ်နိုင်ပါဟု ပိုင်ပိုင်သိမြင် သဘောကျနိုင်သည့် ယောဂီအဖို့ အကျိုး ဟူသမျှ၌ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ မရှိပါ၊ အကြောင်းမဲ့ အကျိုးတရားတို့ ပေါ်ပေါက်လာခြင်း ဖြစ်သည် ဟူသော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိအယူတို့မှ လွတ်မြောက်နေပါသည်။

 

 

 

အကြောင်းအကျိုး ရှေ့ဖြစ် နောက်ဖြစ်

ပဋ္ဌာန်းတရားတော်၌ ပစ္စယ= ပစ္စည်းဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန်ဟူသော အကျိုးတရားတို့ ရှိရာတွင် အကြောင်းကအရင် အကျိုးကနောက်လည်းရှိသည်။ အကြောင်းနှင့်အကျိုး တစ်ပြိုင်နက် ဖြစ်တာလည်း ရှိပါသည်။ အကျိုးကအရင်ဖြစ်ပြီး အကြောင်းက နောက်မှာဖြစ်တာလည်း ရှိပါသည်။

တရားရှုမှတ်ရာတွင်လည်းပစ္စယ = အကြောင်းတရား၊ ပစ္စယုပ္ပန္န = အကျိုးတရားပါနေပါသည်။

ဥပမာ တရားရှုမှတ်ရာတွင် စိတ်ကလေးငြိမ်းအေးပြီး ချမ်းသာနေသည်ကို သိသိနေသည် ဆိုပါစို့ ထို အခိုက်တွင် သညာပါသည်။ ငြိမ်းအေးကာ ချမ်းသာနေသည့်ဝေဒနာကို မှတ်သိနေတာမှာ စေတနာက သညာကို သိခိုင်းနေသည်။ သိသိနေခြင်းက ဝိညာဏ်ဖြစ်သည်။ ထို့ကြောင့် ‘စတ္တာရောအရူပိနော’ နာမ်ခန္ဓာလေးပါး အလုပ် လုပ်နေခြင်း ဖြစ်ပါသည်။

ဝေဒနာကို မှတ်သိနေရာတွင် သူက အကြောင်းတရားဖြစ်ပြီး ကျန်သည့် သညာ၊ သင်္ခါရ၊ ဝိညာဏ သုံးပါး တို့က အကျိုးတရား ဖြစ်သည်။ ဝေဒနာကို အကျိုးတရားထားပါက သညာ၊ သင်္ခါရ၊ ဝိညာဏတို့က အကြောင်းတရား ဖြစ်ပါသည်။

၂-ပါးက အကြောင်းဖြစ်ရင် ၂-ပါးက အကျိုး။ ၃-ပါးက အကြောင်းဖြစ်ရင် ၁-ပါးက အကျိုး။ ထို့ကြောင့် “ဧကံ မဟာဘူတံ တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။ တယော မဟာဘူတာ ဧကဿ မဟာဘူတဿ သဟဇာတပစ္စယေန ပစ္စယော။ ဒွေမဟာဘူတာ ဒွိန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော“ ဟု လာရှိပါသည်။

မဟာဘူတ = မဟာဘုတ် ၄-ပါး

ရုပ်ခန္ဓာ = မဟာဘုတ် ၄-ပါး

မဟာဘူတ = ကြီးမား ထင်ရှားသည့်ရုပ် = မဟာဘုတ်ဟူ၍ပင် ရှေးက မြန်မာပြန်ခဲ့ပါသည်။

ပထဝီ တေဇော အာပေါ ဝါယော ၄-ပါးလုံး အပြန်အလှန် ကျေးဇူးပြုနေခြင်းကို “ဧကံ မဟာဘူတံ တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော။”

မဟာဘုတ်မှာ ကမ္မဇမဟာဘုတ် စိတ္တဇမဟာဘုတ် အာဟာရဇမဟာဘုတ် ဥတုဇမဟာဘုတ်တို့ ရှိပါသည်။

(က) ကံကြောင့်ဖြစ်သည့်ရုပ် = စက္ခုပသာဒရုပ်စသည်မှာ ပထဝီ တေဇော အာပေါ ဝါယော ၄-ပါး လုံး အတူတကွ ပါနေသည်။

(ခ ) စိတ်ကြောင့်ဖြစ်သည့်ရုပ်= ကာယဝိညတ်စသည်မှာ ပထဝီ တေဇော အာပေါ ဝါယော ၄-ပါး လုံး အတူတကွ ပါဝင်နေပါသည်။

(ဂ ) အာဟာရကြောင့်ဖြစ်သည့်ရုပ် = အာဟာရမှီဝဲလိုက်ပါက ဖြစ်လာသည့်ရုပ် စသည်မှာ ပထဝီ တေဇော အာပေါ ဝါယော ၄-ပါးလုံး အတူတကွ ပါနေသည်။

(ဃ) ဥတုကြောင့်ဖြစ်သည့် ရုပ်= အပူအအေးကြောင့် ပြောင်းလဲဖြစ်နေသည့် ရုပ်စသည်မှာလည်း ပထဝီ တေဇော အာပေါ ဝါယော ၄-ပါးလုံး အတူတကွ ပါနေသည်။

ဤမဟာဘုတ်တို့က ဖြစ်လျှင်လည်း အတူတကွဖြစ်ပြီး၊ ပျက်လျှင်လည်း အတူတကွ ပျက်ပါသည်။

 

 

ဥပါဒါရုပ် ၂၄-ပါး

မဟာဘုတ်ကို မှီ၍ဖြစ်သောရုပ် ၂၄-ပါးကို ဥပါဒါရုပ်ဟု ခေါ်သည်။ ၎င်းတို့မှာ ပသာဒရုပ် ၅-ပါး ဂေါစရရုပ် ၄-ပါး။ ဘာဝရုပ် ၂-ပါး။ ဟဒယဝတ္ထု ၁-ပါး။ ဇီဝိတရုပ် ၁-ပါး။ အာဟာရရုပ် ၁-ပါး။ ပရိစ္ဆေဒရုပ် ၁-ပါး။ ဝိညတ်ရုပ် ၂-ပါး။ ဝိကာရရုပ် ၃-ပါးနှင့် လက္ခဏရုပ် ၄-ပါးတို့ ဖြစ်ကြသည်။

* ပသာဒရုပ် ၅-ပါးမှာ = စက္ခုပသာဒ စသည် ၅-ပါး။

* ဂေါစရုပ် ၄-ပါးမှာ = ရူပါရုံ။ သဒ္ဒါရုံ။ ဂန္ဓာရုံ။ ရသာရံုံ။ ဖောဋ္ဌဗ္ဗ၏တရားကိုယ် ပထဝီ၊ တေဇော ဝါယောတို့ကို ယူသည်။

* ဘာဝရုပ် ၂-ပါးမှာ = ဣတ္ထိဘာဝရုပ်။ ပုမ္ဘာဝရုပ်။

* ဟဒယဝတ္ထု = စိတ်စေတသိက်တို့တည်ရာ။

* ဇီဝိတရုပ်မှာ = ကမ္မဇရုပ်တို့ကို စောင့်ရှောက်သောရုပ်

* အာဟာရရုပ်မှာ = အဆီအနှစ်သြဇာရုပ်။

* ပရိစ္ဆေဒရုပ်မှာ = ရုပ်ကလာပ် တခုနှင့်တခု ပိုင်းခြားထားသော အကြားရုပ်

* ဝိညတ်ရုပ်မှာ = မိမိအလိုဆန္ဒကို သူတပါးအား သိစေနိုင်သော အမူအရာရုပ်ကာယ။ ဝစီဝိညတ် စသည်။

* ဝိကာရရုပ်မှာ = လဟုတာရုပ်။ မုဒုတာရုပ်။ ကမ္မညတာရုပ်။

* လက္ခဏရုပ်မှာ = ဥပစယရုပ်။ သန္တတိရုပ်။ ဇရတာရုပ်။ အနိစ္စတာရုပ်တို့ ဖြစ်ကြပါသည်။

 

Loading

By admin