ပဋိသေႏၶအဆင့္ဆင့္  zawgyi

     

          အခါတစ္ပါး၌ ျမတ္စြာဘုရားသည္ ရာဇၿဂိဳဟ္ျပည္ ဣႏၵကူဋေတာင္ ဣႏၵကဘီလူး၏ ဗိမာန္၌ (သီတင္းသံုး) ေနေတာ္မူ၏။ ထိုအခါ ဣႏၵကဘီလူးသည္ ျမတ္စြာဘုရားထံသို႔ ခ်ဥ္းကပ္လ်က္ ဂါထာျဖင့္ ရြတ္ဆုိ ေလွ်ာက္ထား၏။

          “အရွင္ဘုရား ျမတ္စြာဘုရားတို႔သည္ ႐ုပ္ကို ဇီ၀ဟူ၍ ဆိုေတာ္မမူကုန္။ အဘယ္အေၾကာင္းေၾကာင့္ ဤသတၱ၀ါသည္ ဤကိုယ္ကို ရသနည္း၊ ထိုသတၱ၀ါအား အ႐ိုးစု အသားစိုင္သည္ အဘယ္မွ ေရာက္လာသနည္း။ အဘယ္အေၾကာင္းေၾကာင့္ ဤသတၱ၀ါသည္ အမိ၀မ္း၌ ကပ္ၿငိသနည္း”ဟု ေလွ်ာက္၏။

          “ဘီလူး ေရွးဦးစြာ ကလလေရၾကည္ျဖစ္၏၊ ကလလေရၾကည္မွ အျမႇဳပ္ ျဖစ္၏။ အျမႇဳပ္မွ သားတစ္ျဖစ္၏။ သားတစ္မွ အခဲျဖစ္၏။ အခဲမွ ခက္မငါးျဖာတို႔ ျဖစ္ကုန္၏။ ဆံç အေမြး, ေျခသည္း, လက္သည္းတို႔လည္း ျဖစ္ကုန္၏။

          ဤသတၱ၀ါ၏ အမိသည္ အၾကင္ထမင္းကိုလည္းေကာင္း၊ အေဖ်ာ္ကိုလည္းေကာင္း၊ စားဖြယ္ကို လည္းေကာင္း စား၏။ အမိ၏၀မ္း၌ တည္ေသာ ထိုသတၱ၀ါသည္ ထို(အမိစားေသာ) အစာျဖင့္ ထိုအမိ၀မ္း၌ မွ်တ ၏ဟု မိန္႔ေတာ္မူ၏။ ဆက္လက္ၿပီး

          (၁) ပထမံ ကလလံ ေဟာတိ   = ပထမသတၱာဟ (ရက္သတၱပတ္)၌ ကလလေရၾကည္ျဖစ္၏။

          (၂)  ကလလာ ေဟာတိ အဗၺဳဒံ = ဒုတိယပတ္၌ အျမႇဳပ္ကေလးျဖစ္လာသည္။

          (၃)  အဗၺဳဒါ ဇာယေတ ေပသိ = ထို႔ေနာက္ တတိယပတ္တြင္ နီနီေထြးေထြး အသားတစ္ကေလး ျဖစ္သည္။

          (၄) ေပသိ နိဗၺတၱေတ ဃေနာ = ထို႕ေနာက္ စတုတၳပတ္တြင္ ခပ္မာမာအသားတုံးက ျဖစ္လာသည္။

          (၅) ဃနာ ပသာခါ ဇာယႏၲိ = ပဥၥမပတ္၌ ေခါင္း, ေျခႏွစ္ဘက္၊ လက္ႏွစ္ဘက္ ျဖစ္မည့္ေနရာငါးခုမွာ ခက္မငါးျဖာဟုေခၚသည့္ အဖုကေလးငါးခု ျဖစ္လာသည္။

          (၆) ေကသာ ေလာမာ နခါပိစ = ထို႔ေနာက္ ဆံပင္, ေမြးညႇင္း, ေျခသည္း, လက္သည္းစသည့္ အဂၤါရပ္ အစိတ္အပိုင္းမ်ားလည္း အခါအားေလ်ာ္စြာ လူ႔အဂၤါရပ္ စုံေအာင္ ျဖစ္ေပၚလာ၏”ဟူ၍ ဘီလူးကို ျမတ္စြာဘုရား ရွင္က မိန္႔ၾကားေတာ္မူပါတယ္။ (ညႊန္း – သဂါထာ၀ဂၢ သံယုတ္ပါဠိေတာ္ ၁၀-ယကၡသံယုတ္၊ ၁-ဣႏၵကသုတ္)

မဟာဘူတာ

 

ဧကံမဟာဘူတံ တိဏၰႏၷံ မဟာဘူတာနံ သဟဇာတပစၥေယန ပစၥေယာ”မဟာဘူတ = ႀကီးမား၊ ထင္ရွား သည့္႐ုပ္ = မဟာဘုတ္ဟု ေရွးဆရာေတာ္ႀကီးမ်ားက ျမန္မာျပန္ဆိုခဲ့ပါသည္။ မဟာဘုတ္တြင္ က-ကမၼဇမဟာဘုတ္ ခ- စိတၱဇမဟာဘုတ္ ဂ- အာဟာရဇမဟာဘုတ္ ဃ- ဥတုဇမဟာဘုတ္ဟူ၍ ေလးပါးရွိ၏။

(က)     ကမၼဇမဟာဘုတ္ = ကံေၾကာင့္ျဖစ္သည့္ ႐ုပ္= စကၡဳပသာဒ႐ုပ္ စသည္မွာ ပထ၀ီ၊ ေတေဇာ၊ အာေပါ ၀ါေယာ ၄-ပါးလံုး အတူတကြ ပါ၀င္ေနသည္။

          (ခ )     စိတၱဇမဟာဘုတ္ = စိတ္ေၾကာင့္ျဖစ္သည့္႐ုပ္ = ကာယ၀ိညတ္ စသည္၌ ပထ၀ီ၊ ေတေဇာ၊ အာေပါ၀ါေယာ ၄-ပါးလံုး အတူတကြ ပါ၀င္ေနပါသည္။

          (ဂ )     အာဟာရဇမဟာဘုတ္ = အာဟာရေၾကာင့္ျဖစ္သည့္ ႐ုပ္ = အာဟာရမွီ၀ဲျခင္းေၾကာင့္ ျဖစ္ေပၚ လာသည့္ ပထ၀ီ၊ ေတေဇာ၊ အာေပါ၊ ၀ါေယာ ၄-ပါးလံုး အတူ တကြ ပါ၀င္၏။

          (ဃ)     ဥတုဇမဟာဘုတ္ ဥတုေၾကာင့္ျဖစ္သည့္႐ုပ္ = အပူအေအးေၾကာင့္ ေျပာင္းလဲျဖစ္ေနသည့္႐ုပ္ စသည္၌လည္း ပထ၀ီ၊ ေတေဇာ၊ အာေပါ၊ ၀ါေယာ ၄-ပါးလံုး အတူတကြ ပါေနသည္။ ဤမဟာဘုတ္တို႔သည္ ျဖစ္လည္း အတူတူ၊ ပ်က္လည္း အတူတူ။

 

သဟဇာတပစၥည္း၊ ပစၥယုပၸန္၊ သုဒၶသခ်ၤာႏွင့္ မ်ဳိးတူပစၥည္း

 

          (က)     သဟဇာတ၏ ပစၥည္းဟူေသာ အေၾကာင္းတရားမ်ားမွာ နာမ္ခႏၶာေလးပါး၊ စိတ္၊ ေစတသိက္မ်ား၊ မဟာဘုတ္ေလးပါးတို႔ ျဖစ္၏။

          (ခ )     သဟဇာတ၏ ပစၥယုပၸန္ဟူေသာ အက်ဳိးတရားမ်ားမွာ နာမ္ခႏၶာေလးပါး၊ စိတ္၊ ေစတသိက္မ်ားႏွင့္ စိတၱဇ႐ုပ္မ်ား။

          (ဂ )     သဟဇာေတ န၀၊ သဟဇာတပစၥည္း၏ သုဒၶသခ်ၤာမွာ-၉ ျဖစ္၏။

          (ဃ)     သဟဇာတႏွင့္ မ်ဳိးတူသည့္ပစၥည္း ၁၅-ပါးရွိပါသည္၊ ၎တို႔မွာ ၁-သဟဇာတ၊ ၂-နိႆယ၊ ၃-အတၳိ၊ ၄-အ၀ိဂတ၊ ၅-အညမည၊ ၆-၀ိပါက၊ ၇-သမၸယုတၱ၊ ၈-၀ိပၸယုတၱ၊ ၉-ေဟတု၊ ၁၀-သဟဇာတာဓိပတိ၊ ၁၁-သဟဇာတကမၼ၊ ၁၂-သဟဇာတာဟာရ၊ ၁၃-သဟဇတိႁႏၵိယ၊ ၁၄-စ်ာန၊ ၁၅-မဂၢပစၥည္း တို႔ ျဖစ္ပါသည္။

 

 

 

သဟဇာတ၏ ပစၥည္းႏွင့္ ပစၥယုပၸန္

 

          သဟဇာတပစၥည္းသည္ မီးေတာက္ေၾကာင့္ အလင္းေရာင္ျဖစ္သည့္ပမာ အေၾကာင္းႏွင့္အက်ဳိးက တစ္ခ်ိန္ တည္း၊ တၿပိဳင္တည္းျဖစ္ၿပီး ေက်းဇူးျပဳသည့္ပစၥည္း ျဖစ္ပါသည္။ အေၾကာင္းျဖစ္သည့္ ပစၥည္းဘက္ကလည္း ႐ုပ္တရားႏွွင့္ နာမ္တရား ျဖစ္ပါသည္။ အက်ဳိးတရားျဖစ္သည့္ ပစၥယုပၸန္ဘက္ကလည္း  ႐ုပ္တရားႏွင့္ နာမ္တရားတို႔ ျဖစ္ပါသည္။

                        

ခႏၶာငါးပါး ၀ိပႆနာ႐ႈကြက္

   

ဥၾသငွက္၏ ဥၾသ ဥၾသဟူေသာအသံကို ေသာတပသာဒ ျပည့္စံုသူတိုင္း ၾကားမည္။ သဘာ၀တရားက ၾကားၿပီးၿပီးျခင္း ေပ်ာက္သြားေတာ့သည္။ ေဖာက္ျပန္ပ်က္စီးသြားၿပီဟူ၍လည္း ေျပာႏိုင္ပါ သည္။ ေသာတပသာဒက ႐ုပ္တရား၊ အသံကလည္း ႐ုပ္တရား ထို႔ေၾကာင့္ ႐ူပကၡႏၶာေပၚသြားသည္။ နားက ၾကားသည္။ ဥၾသတြန္သံေလး နား၀င္ခ်ဳိလိုက္တာ၊ ေကာင္းလိုက္တာဟူေသာ ခံစားခ်က္ ေ၀ဒနကၡႏၶာ ေပၚသည္။ ဥၾသသံဟူေသာ အမွတ္သညာ၊ ဒီႏွစ္ ဥၾသသံၾကားရတာ ခါတိုင္းႏွစ္ထက္ ေစာတယ္ဟူေသာ အမွတ္သညာက သညကၡႏၶာ။ ဥၾသသံကို ၾကားသိ စိတ္က ၀ိညာဏကၡႏၶာ။ နားကၾကားႏိုင္ေအာင္ အာ႐ုံစိုက္ ၿပီးအတြင္း စိတ္ကေန ျပဳျပင္ေပးလိုက္ေသာေၾကာင့္ ၾကားျခင္းျဖစ္သည္။ ေတြးေနေငးေနပါက ၾကားမည္ မဟုတ္ေပ။ ဤသို႔ ျပဳျပင္စီမံေပးသည္ကပင္ သခၤါရကၡႏၶာ။

တစ္နည္းဆိုရေသာ္ ဥၾသသံႏွင့္ ေသာတပသာဒက ႐ူပကၡႏၶာ။ သာယာသည့္အသံ ခံစားသည္က ေ၀ဒနကၡႏၶာ။ ဥၾသသံမွန္း သမွတ္သားမိသည္က သညကၡႏၶာ၊ ၾကားသိစိတ္က ၀ိညာဏကၡႏၶာ၊ ျပဳျပင္စီမံ ေပးသည္က သခၤါရကၡႏၶာဟူေသာ ခႏၶာငါးပါးတို႔က တစ္ၿပိဳင္နက္တည္းျဖစ္ၿပီး၊ တစ္ၿပိဳင္နက္ ပ်က္သြားၾကေလသည္။ ညေမွာင္ ေနသည့္အခန္းထဲ မီးထြန္းသည့္ပမာ မီးေရာင္ေရာက္၊ အေမွာင္ေပ်ာက္ တစ္ၿပိဳင္နက္ တည္းပမာ ယူရမည္။

 

 

ေပၚရာထင္ရွားရာသိရန္ ပဓာန

 

          ၀ိပႆနာ႐ႈသည့္ ေယာဂီအေနျဖင့္ ဤမွ်မ်ားျပားသည့္ ျဖစ္စဥ္  Function ကို မွတ္သားမိရန္ မလြယ္ကူေပ။ ထင္ရွားရာတစ္ပါးပါးကို ႐ႈလွ်င္ (၀ါ) သိလွ်င္ (၀ါ) မိလွ်င္ လံုေလာက္ပါသည္။ ပမာဆိုရေသာ ဥၾသသံကို ၾကား လိုက္သည့္ အသံကိုျဖစ္ေစ၊ ႏွစ္သက္သည့္ ခံစားမႈကိုျဖစ္ေစ၊ မွတ္သားမႈကိုျဖစ္ေစ ေပၚရာ ထင္ရွားရာ သိႏိုင္သည္။ အေလ့အက်င့္ေကာင္းသည့္ ေယာဂီအဖို႔ ခံစားမႈ၊ မွတ္သားမႈ၊ သိမႈ ေပၚၿပီးေပ်ာက္ေနသည္ကို ႐ႈမိ၊ သိမိလွ်င္ လံုေလာက္ပါသည္။ အလံုးစံုေသာ ခႏၶာငါးပါးလံုး၏ ေပၚၿပီးေပ်ာက္ ျဖစ္ေပၚလာၿပီး ခ်ဳပ္သည္ကို အရာရာတိုင္း သိႏိုင္ရန္ကား မျဖစ္ႏိုင္ေကာင္းေပ။ ဘုရားရွင္၏ အရာျဖစ္ေပတည္း။

          ထို႔ေၾကာင့္ ေယာဂီ႐ႈမွတ္မိရန္မွာမူ မ်က္စိ၊ နား၊ ႏွာေခါင္း၊ လွ်ာ၊ ကိုယ္၊ စိတ္ဟူေသာ ဒြါရ ေျခာက္ပါးအနက္ တစ္ပါးပါးမွ ေပၚလာေသာ ခႏၶာငါးပါးမွ ဖမ္းရေပမည္။ အထက္ပါ ဥပမာတြင္မူ ဥၾသသံကို နားကၾကားသိရာမွ ခႏၶာငါးပါးေပၚလာပံုကို ေဖာ္ျပထားပါသည္။

 

 

ခႏၶာငါးပါးအစုအပံု

 

          ခႏၶာငါးပါးကို အစုအပံုဟု ဘာသာျပန္ႏိုင္ပါသည္။ သို႔ေသာ္ ေလာကေ၀ါဟာရအရ ျမင္ေတြ႕ေနရသည့္ စပါးပံု၊ သံပံုပမာ အစုအပံု မဟုတ္ပါေပ။ အတိတ္၊ အနာဂတ္၊ ပစၥဳပၸန္အားျဖင့္ စု၍ရေသာေၾကာင့္ အစုဟုေခၚျခင္း ျဖစ္သည္။ အတိတ္က ျဖစ္ခဲ့သည္။ ပစၥဳပၸန္၌ ျဖစ္ေနသည္။ အနာဂတ္၌လည္း ျဖစ္ေပဦး မည္ဆိုေသာေၾကာင့္ ခႏၶာ။ အတိတ္၊ အနာဂတ္၊ ပစၥဳပၸန္အားျဖင့္ စုေပါင္း၍ ေရတြက္ရေသာေၾကာင့္ ခႏၶာေခၚသည္။ စပါးပံု၊ သဲပံုပမာမဟုတ္ဘဲ သေဘာတရားအေနႏွင့္သာ ရွိသည္။

          သို႔ေသာ္ ျမင္ေတြ႕ေနရသည့္ သ႑ာန္ပညတ္ဟူေသာ အသြင္သ႑ာန္ႏွင့္ အစုအေပါင္းဟူေသာ သမူဟ ႏွစ္ခုကိုသာ ျမင္ၿပီးသူ၏ သဘာ၀အရွိဓာတ္သေဘာကို မျမင္ေတြ႕ႏိုင္ၾကေသာအခါ ပုဂၢိဳလ္သတၱ၀ါအျဖစ္ ပံုေပၚ ပါေတာ့သည္။ ထိုအခါ “သူက ငါ့လူ၊ ငါ့လူကို မလုပ္နဲ႔ မင္းဒုကၡေရာက္ခ်င္လို႔လား” ဟု ျဖစ္လာပါေတာ့သည္။

 

၀ိပႆနာဉာဏ္ေပၚရန္

 

          စိတ္ေၾကာင့္ျဖစ္သည့္ စိတၱဇ႐ုပ္ကိုလည္း ျပင္ပမွ အတံုးအခဲအျဖစ္ ျမင္ရေသာ္လည္း ႐ုပ္၏ေဖာက္ျပန္ တတ္သည့္ သေဘာအရ အေကာင္အထည္အားျဖင့္ မရွိေပ။

          တစ္ဖန္ မဟာဘုတ္တို႔လည္း တစ္ပါးအၾကာင္းျဖစ္လွ်င္ က်န္သံုးပါကအက်ဳိး၊ ႏွစ္ပါးကအေၾကာင္း ျဖစ္လွ်င္ က်န္ႏွစ္ပါးကအက်ဳိးျဖင့္ ျဖစ္ေနသည္။ အတူတကြျဖစ္ေနသျဖင့္ တစ္ခုပ်က္လွ်င္ က်န္သံုးခုလည္း ပ်က္ေတာ့ သည္သာ။ သဟဇာတအေနျဖင့္ အတူတကြျဖစ္၊ အတူတကြ ပ်က္ေနသည့္ သဘာ၀တရားႀကီးဟု နားလည္ရန္ ပဓာန္ျဖစ္သည္။

          ထပ္၍ အ႒ကထာမ်ား၌ ဖြင့္ဆိုသည္မွာ သဘာ၀အလိုအေလ်ာက္ ျဖစ္ေပၚေနျခင္းဟု ျပသည္။ သဘာ၀ ဟူသည္ သုညဟု ျပေသာေၾကာင့္ အစိုင္အခဲ၊ အတံုး၊ အရည္၊ အဖတ္၊ ပံုသ႑ာန္ကင္းဆိတ္သည့္ သေဘာကပင္ သုညျဖစ္သည္။ ကင္းဆိတ္ျခင္းမည္သည္ ပုဂၢိဳလ္ သတၱ၀ါ၊ ေယာက်္ား၊ မိန္းမ၊ သူ ငါ အသက္ လိပ္ျပာ မဟုတ္ သည္ကို ကင္းဆိတ္သည္ဟု ဆိုလိုပါသည္။

          “ဥၾသသံ ေပၚလာတယ္၊ ေဟာ အခုမရွိေတာ့ဘူး၊ ေပ်ာက္သြားၿပီ၊ ဒါျဖစ္ပ်က္ေပါ့” ဟု အေတြးျဖင့္ “ေပၚၿပီး ေပ်ာက္သြားတယ္” ဟု ျပဳလုပ္ေနမိပါလွ်င္မူ ၀ိပႆနာဉာဏ္ အဆင့္ဆင့္ျမင့္တက္လာမည္ အခြင့္အေရး လံုး၀ ဆံုး႐ႈံးသြားမည္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ အသိဉာဏ္ပညာ တိုးတက္လာမည္ မဟုတ္ေပ။

 

 

ပဋိသန္ဓေအဆင့်ဆင့် unicode

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဣန္ဒကူဋတောင် ဣန္ဒကဘီလူး၏ ဗိမာန်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဣန္ဒကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏။

“အရှင်ဘုရား မြတ်စွာဘုရားတို့သည် ရုပ်ကို ဇီဝဟူ၍ ဆိုတော်မမူကုန်။ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် ဤကိုယ်ကို ရသနည်း၊ ထိုသတ္တဝါအား အရိုးစု အသားစိုင်သည် အဘယ်မှ ရောက်လာသနည်း။ အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် အမိဝမ်း၌ ကပ်ငြိသနည်း”ဟု လျှောက်၏။

“ဘီလူး ရှေးဦးစွာ ကလလရေကြည်ဖြစ်၏၊ ကလလရေကြည်မှ အမြှုပ် ဖြစ်၏။ အမြှုပ်မှ သားတစ်ဖြစ်၏။ သားတစ်မှ အခဲဖြစ်၏။ အခဲမှ ခက်မငါးဖြာတို့ ဖြစ်ကုန်၏။ ဆံç အမွေး, ခြေသည်း, လက်သည်းတို့လည်း ဖြစ်ကုန်၏။

ဤသတ္တဝါ၏ အမိသည် အကြင်ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ စားဖွယ်ကို လည်းကောင်း စား၏။ အမိ၏ဝမ်း၌ တည်သော ထိုသတ္တဝါသည် ထို(အမိစားသော) အစာဖြင့် ထိုအမိဝမ်း၌ မျှတ ၏ဟု မိန့်တော်မူ၏။ ဆက်လက်ပြီး –

(၁) ပထမံ ကလလံ ဟောတိ = ပထမသတ္တာဟ (ရက်သတ္တပတ်)၌ ကလလရေကြည်ဖြစ်၏။

(၂) ကလလာ ဟောတိ အဗ္ဗုဒံ = ဒုတိယပတ်၌ အမြှုပ်ကလေးဖြစ်လာသည်။

(၃) အဗ္ဗုဒါ ဇာယတေ ပေသိ = ထို့နောက် တတိယပတ်တွင် နီနီထွေးထွေး အသားတစ်ကလေး ဖြစ်သည်။

(၄) ပေသိ နိဗ္ဗတ္တတေ ဃနော = ထို့နောက် စတုတ္ထပတ်တွင် ခပ်မာမာအသားတုံးက ဖြစ်လာသည်။

(၅) ဃနာ ပသာခါ ဇာယန္တိ = ပဉ္စမပတ်၌ ခေါင်း, ခြေနှစ်ဘက်၊ လက်နှစ်ဘက် ဖြစ်မည့်နေရာငါးခုမှာ ခက်မငါးဖြာဟုခေါ်သည့် အဖုကလေးငါးခု ဖြစ်လာသည်။

(၆) ကေသာ လောမာ နခါပိစ = ထို့နောက် ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်းစသည့် အင်္ဂါရပ် အစိတ်အပိုင်းများလည်း အခါအားလျော်စွာ လူ့အင်္ဂါရပ် စုံအောင် ဖြစ်ပေါ်လာ၏”ဟူ၍ ဘီလူးကို မြတ်စွာဘုရား ရှင်က မိန့်ကြားတော်မူပါတယ်။ (ညွှန်း – သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် ၁၀-ယက္ခသံယုတ်၊ ၁-ဣန္ဒကသုတ်)

 

မဟာဘူတာ

ဧကံမဟာဘူတံ တိဏ္ဏန္နံ မဟာဘူတာနံ သဟဇာတပစ္စယေန ပစ္စယော”မဟာဘူတ = ကြီးမား၊ ထင်ရှား သည့်ရုပ် = မဟာဘုတ်ဟု ရှေးဆရာတော်ကြီးများက မြန်မာပြန်ဆိုခဲ့ပါသည်။ မဟာဘုတ်တွင် က-ကမ္မဇမဟာဘုတ် ခ- စိတ္တဇမဟာဘုတ် ဂ- အာဟာရဇမဟာဘုတ် ဃ- ဥတုဇမဟာဘုတ်ဟူ၍ လေးပါးရှိ၏။

(က) ကမ္မဇမဟာဘုတ် = ကံကြောင့်ဖြစ်သည့် ရုပ်= စက္ခုပသာဒရုပ် စသည်မှာ ပထဝီ၊ တေဇော၊ အာပေါ ဝါယော ၄-ပါးလုံး အတူတကွ ပါဝင်နေသည်။

(ခ ) စိတ္တဇမဟာဘုတ် = စိတ်ကြောင့်ဖြစ်သည့်ရုပ် = ကာယဝိညတ် စသည်၌ ပထဝီ၊ တေဇော၊ အာပေါဝါယော ၄-ပါးလုံး အတူတကွ ပါဝင်နေပါသည်။

(ဂ ) အာဟာရဇမဟာဘုတ် = အာဟာရကြောင့်ဖြစ်သည့် ရုပ် = အာဟာရမှီဝဲခြင်းကြောင့် ဖြစ်ပေါ် လာသည့် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အတူ တကွ ပါဝင်၏။

(ဃ) ဥတုဇမဟာဘုတ် ဥတုကြောင့်ဖြစ်သည့်ရုပ် = အပူအအေးကြောင့် ပြောင်းလဲဖြစ်နေသည့်ရုပ် စသည်၌လည်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ၄-ပါးလုံး အတူတကွ ပါနေသည်။ ဤမဟာဘုတ်တို့သည် ဖြစ်လည်း အတူတူ၊ ပျက်လည်း အတူတူ။

သဟဇာတပစ္စည်း၊ ပစ္စယုပ္ပန်၊ သုဒ္ဓသင်္ချာနှင့် မျိုးတူပစ္စည်း

(က) သဟဇာတ၏ ပစ္စည်းဟူသော အကြောင်းတရားများမှာ နာမ်ခန္ဓာလေးပါး၊ စိတ်၊ စေတသိက်များ၊ မဟာဘုတ်လေးပါးတို့ ဖြစ်၏။

(ခ ) သဟဇာတ၏ ပစ္စယုပ္ပန်ဟူသော အကျိုးတရားများမှာ နာမ်ခန္ဓာလေးပါး၊ စိတ်၊ စေတသိက်များနှင့် စိတ္တဇရုပ်များ။

(ဂ ) သဟဇာတေ နဝ၊ သဟဇာတပစ္စည်း၏ သုဒ္ဓသင်္ချာမှာ-၉ ဖြစ်၏။

(ဃ) သဟဇာတနှင့် မျိုးတူသည့်ပစ္စည်း ၁၅-ပါးရှိပါသည်၊ ၎င်းတို့မှာ ၁-သဟဇာတ၊ ၂-နိဿယ၊ ၃-အတ္ထိ၊ ၄-အဝိဂတ၊ ၅-အညမည၊ ၆-ဝိပါက၊ ၇-သမ္ပယုတ္တ၊ ၈-ဝိပ္ပယုတ္တ၊ ၉-ဟေတု၊ ၁၀-သဟဇာတာဓိပတိ၊ ၁၁-သဟဇာတကမ္မ၊ ၁၂-သဟဇာတာဟာရ၊ ၁၃-သဟဇတိန္ဒြိယ၊ ၁၄-ဈာန၊ ၁၅-မဂ္ဂပစ္စည်း တို့ ဖြစ်ပါသည်။

 

 

 

 

သဟဇာတ၏ ပစ္စည်းနှင့် ပစ္စယုပ္ပန်

သဟဇာတပစ္စည်းသည် မီးတောက်ကြောင့် အလင်းရောင်ဖြစ်သည့်ပမာ အကြောင်းနှင့်အကျိုးက တစ်ချိန် တည်း၊ တပြိုင်တည်းဖြစ်ပြီး ကျေးဇူးပြုသည့်ပစ္စည်း ဖြစ်ပါသည်။ အကြောင်းဖြစ်သည့် ပစ္စည်းဘက်ကလည်း ရုပ်တရားနှင့် နာမ်တရား ဖြစ်ပါသည်။ အကျိုးတရားဖြစ်သည့် ပစ္စယုပ္ပန်ဘက်ကလည်း ရုပ်တရားနှင့် နာမ်တရားတို့ ဖြစ်ပါသည်။

ခန္ဓာငါးပါး ဝိပဿနာရှုကွက်

ဥသြငှက်၏ ဥသြ ဥသြဟူသောအသံကို သောတပသာဒ ပြည့်စုံသူတိုင်း ကြားမည်။ သဘာဝတရားက ကြားပြီးပြီးခြင်း ပျောက်သွားတော့သည်။ ဖောက်ပြန်ပျက်စီးသွားပြီဟူ၍လည်း ပြောနိုင်ပါ သည်။ သောတပသာဒက ရုပ်တရား၊ အသံကလည်း ရုပ်တရား ထို့ကြောင့် ရူပက္ခန္ဓာပေါ်သွားသည်။ နားက ကြားသည်။ ဥသြတွန်သံလေး နားဝင်ချိုလိုက်တာ၊ ကောင်းလိုက်တာဟူသော ခံစားချက် ဝေဒနက္ခန္ဓာ ပေါ်သည်။ ဥသြသံဟူသော အမှတ်သညာ၊ ဒီနှစ် ဥသြသံကြားရတာ ခါတိုင်းနှစ်ထက် စောတယ်ဟူသော အမှတ်သညာက သညက္ခန္ဓာ။ ဥသြသံကို ကြားသိ စိတ်က ဝိညာဏက္ခန္ဓာ။ နားကကြားနိုင်အောင် အာရုံစိုက် ပြီးအတွင်း စိတ်ကနေ ပြုပြင်ပေးလိုက်သောကြောင့် ကြားခြင်းဖြစ်သည်။ တွေးနေငေးနေပါက ကြားမည် မဟုတ်ပေ။ ဤသို့ ပြုပြင်စီမံပေးသည်ကပင် သင်္ခါရက္ခန္ဓာ။

တစ်နည်းဆိုရသော် ဥသြသံနှင့် သောတပသာဒက ရူပက္ခန္ဓာ။ သာယာသည့်အသံ ခံစားသည်က ဝေဒနက္ခန္ဓာ။ ဥသြသံမှန်း သမှတ်သားမိသည်က သညက္ခန္ဓာ၊ ကြားသိစိတ်က ဝိညာဏက္ခန္ဓာ၊ ပြုပြင်စီမံ ပေးသည်က သင်္ခါရက္ခန္ဓာဟူသော ခန္ဓာငါးပါးတို့က တစ်ပြိုင်နက်တည်းဖြစ်ပြီး၊ တစ်ပြိုင်နက် ပျက်သွားကြလေသည်။ ညမှောင် နေသည့်အခန်းထဲ မီးထွန်းသည့်ပမာ မီးရောင်ရောက်၊ အမှောင်ပျောက် တစ်ပြိုင်နက် တည်းပမာ ယူရမည်။

 

 

 

ပေါ်ရာထင်ရှားရာသိရန် ပဓာန

ဝိပဿနာရှုသည့် ယောဂီအနေဖြင့် ဤမျှများပြားသည့် ဖြစ်စဉ် Function ကို မှတ်သားမိရန် မလွယ်ကူပေ။ ထင်ရှားရာတစ်ပါးပါးကို ရှုလျှင် (ဝါ) သိလျှင် (ဝါ) မိလျှင် လုံလောက်ပါသည်။ ပမာဆိုရသော ဥသြသံကို ကြား လိုက်သည့် အသံကိုဖြစ်စေ၊ နှစ်သက်သည့် ခံစားမှုကိုဖြစ်စေ၊ မှတ်သားမှုကိုဖြစ်စေ ပေါ်ရာ ထင်ရှားရာ သိနိုင်သည်။ အလေ့အကျင့်ကောင်းသည့် ယောဂီအဖို့ ခံစားမှု၊ မှတ်သားမှု၊ သိမှု ပေါ်ပြီးပျောက်နေသည်ကို ရှုမိ၊ သိမိလျှင် လုံလောက်ပါသည်။ အလုံးစုံသော ခန္ဓာငါးပါးလုံး၏ ပေါ်ပြီးပျောက် ဖြစ်ပေါ်လာပြီး ချုပ်သည်ကို အရာရာတိုင်း သိနိုင်ရန်ကား မဖြစ်နိုင်ကောင်းပေ။ ဘုရားရှင်၏ အရာဖြစ်ပေတည်း။

ထို့ကြောင့် ယောဂီရှုမှတ်မိရန်မှာမူ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဒွါရ ခြောက်ပါးအနက် တစ်ပါးပါးမှ ပေါ်လာသော ခန္ဓာငါးပါးမှ ဖမ်းရပေမည်။ အထက်ပါ ဥပမာတွင်မူ ဥသြသံကို နားကကြားသိရာမှ ခန္ဓာငါးပါးပေါ်လာပုံကို ဖော်ပြထားပါသည်။

ခန္ဓာငါးပါးအစုအပုံ

ခန္ဓာငါးပါးကို အစုအပုံဟု ဘာသာပြန်နိုင်ပါသည်။ သို့သော် လောကဝေါဟာရအရ မြင်တွေ့နေရသည့် စပါးပုံ၊ သံပုံပမာ အစုအပုံ မဟုတ်ပါပေ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်အားဖြင့် စု၍ရသောကြောင့် အစုဟုခေါ်ခြင်း ဖြစ်သည်။ အတိတ်က ဖြစ်ခဲ့သည်။ ပစ္စုပ္ပန်၌ ဖြစ်နေသည်။ အနာဂတ်၌လည်း ဖြစ်ပေဦး မည်ဆိုသောကြောင့် ခန္ဓာ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်အားဖြင့် စုပေါင်း၍ ရေတွက်ရသောကြောင့် ခန္ဓာခေါ်သည်။ စပါးပုံ၊ သဲပုံပမာမဟုတ်ဘဲ သဘောတရားအနေနှင့်သာ ရှိသည်။

သို့သော် မြင်တွေ့နေရသည့် သဏ္ဍာန်ပညတ်ဟူသော အသွင်သဏ္ဍာန်နှင့် အစုအပေါင်းဟူသော သမူဟ နှစ်ခုကိုသာ မြင်ပြီးသူ၏ သဘာဝအရှိဓာတ်သဘောကို မမြင်တွေ့နိုင်ကြသောအခါ ပုဂ္ဂိုလ်သတ္တဝါအဖြစ် ပုံပေါ် ပါတော့သည်။ ထိုအခါ “သူက ငါ့လူ၊ ငါ့လူကို မလုပ်နဲ့ မင်းဒုက္ခရောက်ချင်လို့လား” ဟု ဖြစ်လာပါတော့သည်။

 

 

ဝိပဿနာဉာဏ်ပေါ်ရန်

စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်ကိုလည်း ပြင်ပမှ အတုံးအခဲအဖြစ် မြင်ရသော်လည်း ရုပ်၏ဖောက်ပြန် တတ်သည့် သဘောအရ အကောင်အထည်အားဖြင့် မရှိပေ။

တစ်ဖန် မဟာဘုတ်တို့လည်း တစ်ပါးအကြာင်းဖြစ်လျှင် ကျန်သုံးပါကအကျိုး၊ နှစ်ပါးကအကြောင်း ဖြစ်လျှင် ကျန်နှစ်ပါးကအကျိုးဖြင့် ဖြစ်နေသည်။ အတူတကွဖြစ်နေသဖြင့် တစ်ခုပျက်လျှင် ကျန်သုံးခုလည်း ပျက်တော့ သည်သာ။ သဟဇာတအနေဖြင့် အတူတကွဖြစ်၊ အတူတကွ ပျက်နေသည့် သဘာဝတရားကြီးဟု နားလည်ရန် ပဓာန်ဖြစ်သည်။

ထပ်၍ အဋ္ဌကထာများ၌ ဖွင့်ဆိုသည်မှာ သဘာဝအလိုအလျောက် ဖြစ်ပေါ်နေခြင်းဟု ပြသည်။ သဘာ၀ ဟူသည် သုညဟု ပြသောကြောင့် အစိုင်အခဲ၊ အတုံး၊ အရည်၊ အဖတ်၊ ပုံသဏ္ဍာန်ကင်းဆိတ်သည့် သဘောကပင် သုညဖြစ်သည်။ ကင်းဆိတ်ခြင်းမည်သည် ပုဂ္ဂိုလ် သတ္တဝါ၊ ယောကျ်ား၊ မိန်းမ၊ သူ ငါ အသက် လိပ်ပြာ မဟုတ် သည်ကို ကင်းဆိတ်သည်ဟု ဆိုလိုပါသည်။

“ဥသြသံ ပေါ်လာတယ်၊ ဟော အခုမရှိတော့ဘူး၊ ပျောက်သွားပြီ၊ ဒါဖြစ်ပျက်ပေါ့” ဟု အတွေးဖြင့် “ပေါ်ပြီး ပျောက်သွားတယ်” ဟု ပြုလုပ်နေမိပါလျှင်မူ ဝိပဿနာဉာဏ် အဆင့်ဆင့်မြင့်တက်လာမည် အခွင့်အရေး လုံး၀ ဆုံးရှုံးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အသိဉာဏ်ပညာ တိုးတက်လာမည် မဟုတ်ပေ။

 

 39 total views,  1 views today

By admin

Leave a Reply

Your email address will not be published.