၆ – သဟဇာတပစၥေယာ
ဘ၀ႏွင့္ ပ႒ာန္းသင္ခန္းစာ
သဟဇာတ Born together or conascence.
သဟ = အတူတကြ၊ ဇာတ = ျဖစ္ေပၚလာသည္။ Born together or conascence.
သဟဇာတပစၥည္း၏ ေက်းဇူးျပဳပံုကို အ႒ကထာမ်ားတြင္ ေမွာင္ေနသည့္ တိုက္ခန္းထဲ၌ ဆီမီး ထြန္းလိုက္ သည္ႏွင့္ ဆီးမီးေတာက္ျခင္း၊ အလင္းေရာက္ျခင္းႏွင့္ အေမွာင္ေပ်ာက္ျခင္းတို႔သည္ တစ္ၿပိဳင္တည္း၊ တစ္ခ်ိန္တည္း ေပၚေပါက္လာၾကသကဲ့သို႔ စိတ္ ေစတသိက္မွန္သမွ် ဥပါဒ္ ဌီ ဘင္အားျဖင့္ တစ္ၿပိဳင္တည္း ျဖစ္လာ၏ Born together ဟု ဥပမာ ျပဳေတာ္မူၾကပါသည္။
မီးေတာက္ဟူေသာ အေၾကာင္းေၾကာင့္ အလင္းေရာင္ဟူေသာ အက်ဳိးျဖစ္ေပၚလာရာတြင္ အေၾကာင္းႏွင့္ အက်ဳိးက တစ္ၿပိဳင္နက္တည္း၊ အခ်ိန္အားျဖင့္လည္း တစ္ခ်ိန္တည္းျဖစ္ေပၚကာ ေက်းဇူးျပဳသည့္ႏွယ္ ျဖစ္၏။ ဤတြင္ မဟာဘုတ္မ်ားတၿပိဳင္တည္း Born together ျဖစ္လာ၏။ စိတ္ႏွင့္ စိတၱဇ႐ုပ္မ်ားလည္း တၿပိဳင္တည္း Born together ျဖစ္လာၾက၏။
သဟဇာတပစၥည္း၏သခ်ၤာ
သဟဇာတပစၥည္း၏သခ်ၤာမွာ – ၉ ျဖစ္ပါသည္။ ထို႕ေၾကာင့္ ‘သဟဇာေတ န၀’ ဟု မွတ္သားႏိုင္ပါသည္။ ထိုသခ်ၤာကို ေအာက္ပါအတိုင္း ေလ့လာႏိုင္ပါသည္ –
ကုသလ ဓမၼာ သခ်ၤာ–၃
(၁) ကု-ကု (၂) ကု-ဗ်ာ (၃) ကု-ကု-ဗ်ာ
အကုသလ ဓမၼာ သခ်ၤာ–၃
(၁) အကု-အကု (၂) အကု-ဗ်ာ (၃) အကု-အကု-ဗ်ာ
အဗ်ာကတ ဓမၼာ သခ်ၤာ–၁
(၁) ဗ်ာ-ဗ်ာ
ကုသလ ဗ်ာကတပဒ သခ်ၤာ –၁
(၁) ကု-ဗ်ာ-ဗ်ာ
အကုသလ ဗ်ာကတပဒ သခ်ၤာ –၁
(၁) အကု-ဗ်ာ-ဗ်ာ
ပုေရဇာတ၊ ပစၦာဇာတႏွင့္ သဟဇာတ
ပ႒ာန္းတရားေတာ္၌ ပစၥယ = ပစၥည္းဟူေသာ အေၾကာင္းတရားႏွင့္ ပစၥယုပၸန္ဟူေသာ အက်ဳိးတရားတို႔ ရွိရာတြင္ –
(က) ဦးစြာ အေၾကာင္းတရားေပၚၿပီး အက်ဳိးတရားက ေနာက္မွေပၚသည့္ (ပုေရဇာတပစၥည္း) Born earlier or prenascence.
(ခ ) အေၾကာင္းတရားႏွင့္ အက်ဳိးတရား တစ္ၿပိဳင္တည္း ေပၚေပါက္လာသည့္ (သဟဇာတပစၥည္း) Born together or conascence. ႏွင့္
(ဂ ) ဦးစြာအက်ဳိးတရား ေပၚေပါက္လာၿပီး အေၾကာင္းတရားက ေနာက္မွေပၚလာသည့္ (ပစၦာဇာတ ပစၥည္း) Born laterer or postnascence. ဟူ၍ ရွိပါသည္။
သဟဇာတပစၥည္းတြင္ အေၾကာင္းျဖစ္သည့္ ပစၥည္း၌လည္း ႐ုပ္တရားႏွွင့္ နာမ္တရားပါသည္။ အက်ဳိး တရားျဖစ္သည့္ ပစၥယုပၸန္၌လည္း ႐ုပ္တရားႏွင့္ နာမ္တရားမ်ားပါသည္။ ထို႔ေၾကာင့္ သဟဇာတပစၥည္းတြင္ ႐ုပ္ႏွင့္ နာမ္က အေၾကာင္းတရားလည္း ျဖစ္သည္။ အက်ဳိးတရားလည္း ျဖစ္သည္။
နာမ္ခႏၶာေလးပါး
စတၱာေရာ အ႐ူပိေနာ = နာမ္ခႏၶာေလးပါးျဖစ္သည့္ ေ၀ဒနကၡႏၶာ၊ သညာကၡႏၶာ၊ သခၤါရကၡႏၶာႏွင့္ ၀ိညာ ဏကၡႏၶာ ရွိသည့္အနက္ –
(က) နာမ္ခႏၶာတစ္ပါးက သံုးပါးကို ေက်းဇူးျပဳရာတြင္ ဥပမာ ေ၀ဒနကၡႏၶာက အေၾကာင္းတရား ျဖစ္ပါက က်န္သံုးပါးျဖစ္သည့္ သညာကၡႏၶာ၊ သခၤါရကၡႏၶာႏွင့္ ၀ိညာဏကၡႏၶာတို႔က အက်ဳိးတရား။ “ဧေကာ ခေႏၶာ တိဏၰႏၷံ ခႏၶာနံ သဟဇာတပစၥေယန ပစၥေယာ။”
(ခ ) နာမ္ခႏၶာႏွစ္ပါး က်န္သံုးပါးကို ေက်းဇူးျပဳရာတြင္ ဥပမာ ေ၀ဒနကၡႏၶာႏွင့္ သညာကၡႏၶာက အေၾကာင္း တရားျဖစ္လွ်င္ က်န္ႏွစ္ပါးျဖစ္သည့္ သခၤါရကၡႏၶာႏွင့္ ၀ိညာဏကၡႏၶာက အက်ဳိးတရား။
“ေဒြ ခေႏၶာ ေဒြဏၰႏၷံ ခႏၶာနံ သဟဇာတပစၥေယန ပစၥေယာ။”
နာမ္ခႏၶာ ၄–ပါးကို ခႏၶာဖဲြ႕ပါက –
စတၱာေရာခႏၶာ အ႐ူပိေနာဓမၼာ = (နာမ္ခႏၶာေလးပါး) ၁ – ေ၀ဒနကၡႏၶာ၊ ၂ – သညာကၡႏၶာ၊ ၃ – သခၤါရကၡႏၶာ၊ ၄ – ၀ိညာဏကၡႏၶာကို ဆိုလိုျခင္း ျဖစ္ပါသည္။
ေစတသိက္ ၅၂–ပါးကို ခႏၶာဖဲြ႕ပါက –
– ေ၀ဒနာေစတသိက္က ေ၀ဒနကၡႏၶာ တစ္ပါးရ၏။
– သညာေစတသိက္က သညကၡႏၶာ တစ္ပါးရ၏။
– က်န္သည့္ေစတသိက္ – ၅၀ က သခၤါရကၡႏၶာတစ္ပါးရ၏။
– စိတ္ ၈၉-ပါးက ၀ိညာဏကၡႏၶာရ၏။
ဤနာမ္ခႏၶာတို႔သည္ သဟဇာတ = အတူတကြ။ အညမည = အျပန္အလွန္အားျဖင့္ ေက်းဇူးျပဳပါသည္။
စိတၱဇ႐ုပ္၊ ပဋိသေႏၶကမၼဇ႐ုပ္
သူတို႔ေၾကာင့္ ျဖစ္ေပၚလာသည့္ စိတၱဇ႐ုပ္ကိုလည္း ေက်းဇူးျပဳ၏။ ပါဠိစာေပ၌လာရွိသည့္ ပဋိသႏၶိကို ျမန္မာ စာေပတြင္ ပဋိသေႏၶဟု သံုးႏႈန္းသည္။ ပဋိသေႏၶစိတ္၏ အဓိပၸါယ္မွာ ဘ၀ေဟာင္းႏွင့္ ဘ၀အသစ္ကို ဆက္စပ္ေပး သည့္စိတ္ ျဖစ္ပါသည္။ ပဋိသေႏၶစိတ္ကို ေနရာအားေလွ်ာ္စြာ ၀ိပါက္စိတ္ဟုလည္း ေခၚ၏။
ပဋိသေႏၶကမၼဇ႐ုပ္၌ ဟဒယ၀တၳဳ႐ုပ္ပါသည္။ ခဏငယ္သံုးခ်က္အတြင္း ဟဒယ၀တၳဳ႐ုပ္က (အေၾကာင္း တရား)၊ ပဋိသေႏၶစိတ္ကေလးက (အက်ဳိးတရား)အျဖစ္ သဟဇာတသတၱိႏွင့္ အခ်င္းခ်င္း အျပန္အလွန္ ေက်းဇူး ျပဳ၏။
အမိ၀မ္းထဲ ပဋိသေႏၶတည္သည့္ သတၱ၀ါတို႔တြင္ နာမ္တရားအျဖစ္ ပဋိသေႏၶ၀ိညာဏ္စိတ္ႏွင့္ ေစတသိက္ ၃၃-ပါး၊ ႐ုပ္တရားအျဖစ္ ကာယဒသက၊ ဘာ၀ဒသက၊ ၀တၳဳဒသကဟူေသာ ကံေၾကာင့္ျဖစ္သည့္ ကမၼဇ႐ုပ္ ကလာပ္ သံုးစု (သံုးစည္း) တို႔သည္ တစ္ၿပိဳင္တည္း ျဖစ္လာၾကသည္။
ကာယဒသက၊ ဘာ၀ဒသကႏွင့္ ၀တၳဳဒသက
(က) ကာယဒသကဟူသည္ ကာယပသာဒ၊ ဇီ၀ိတ႐ုပ္၊ အ႒ကလာပ္႐ုပ္ ၈-ပါး ဟူေသာ ကာယ ဒသက။
(ခ ) ဘာ၀ဒသကဟူသည္ ကမၼဇကလာပ္ ကိုးစည္း၌ပါသည့္ အထီး အမ ခဲြျခားေစသည့္ ဣတၳိဘာ၀ ဒသက ကလာပ္ျဖစ္ေစ၊ ပုမၻာ၀ဒသကကလာပ္။
(ဂ) ၀တၳဳဒသကဟူသည္ ဟဒယ၀တၳဳ႐ုပ္ ဇီ၀ိတ အ႒ကလာပ္။
(ဃ) သုတၱန္ေဒသနာေတာ္အရ ပဋိသေႏၶအခါကိုယူရာတြင္ အေမ့၀မ္းထဲ ေရာက္သည့္အခ်ိန္ကစၿပီး မဖြားမခ်င္း ကာလကို ယူပါသည္။ အဘိဓမၼာေဒသနာ၌မူ ပဋိသေႏၶစိတ္၏ ဥပါဒ္ ဌီ ဘင္ ခဏငယ္ သံုးခ်က္အတြင္းကိုသာ ပဋိသေႏၶအခိုက္ဟု ယူပါသည္။
ပဥၥေ၀ါကာရ၊ စတုေ၀ါကာရ၊ ဧကေ၀ါကာရ
(က) စတုေ၀ါကာရဘံုဟူသည္ နာမ္ခႏၶာေလးပါးသာ ရွိသည့္ဘံု။
(ခ ) ဧကေ၀ါကာရဘံုဟူသည္ ခႏၶာတစ္ပါးသာရွိသည့္ အသညသတ္ဘံု။
(ဂ ) ပဥၥေ၀ါကာရဘံုဟူသည္ ခႏၶာငါးပါးရွိသည့္ဘံု။ ထိုထိုဘံုမ်ားအနက္ ခႏၶာငါးပါးရွိသည့္ ဘံုကသာ ပဋိသေႏၶႏွင့္ ဟဒယ၀တၳဳ႐ုပ္မ်ားရွိသျဖင့္ အညမညပစၥည္းႏွင့္ သဟဇာတပစၥည္း ရပါ၏။
ဘ၀အသစ္ကို ဖန္တီးေပးသည့္ သဘာ၀နိယာမတရား
ေသခါနီးအေျခအေနကို ရင္ဆိုင္ေနရသူသည္ သူ၏ ဘ၀တစ္သက္တာ ျပဳလုပ္ခဲ့သည့္ အေၾကာင္းအရာ မ်ားစြာအနက္မွ စြမ္းအားအေကာင္းဆံုး အေၾကာင္းအရာက စဥ္းစား၍မဟုတ္ဘဲ မထင္မွတ္ထားသည့္ အိပ္မက္ တစ္ခု ႐ုတ္တရက္မက္လိုက္သည့္ႏွယ္ စိတ္တံခါး၀သို႔ အင္အားႀကီးစြာျဖင့္ အလိုအေလ်ာက္ ၀င္ေရာက္လာ တတ္ သည္။ လူမမာက ေရြးခ်ယ္ေသာေၾကာင့္ ေပၚလာျခင္းလည္း မဟုတ္ပါ။ တြန္းဖယ္၍လည္း မရေတာ့ပါ။
ဤသေဘာတရားကပင္ ဘ၀အသစ္တစ္ခုကို ဖန္တီးေပးေပေတာ့မည္။ သို႔မဟုတ္ ဘ၀တစ္သက္တာ မိမိ ျပဳလုပ္ခဲ့သည့္ အလုပ္၏ နိမိတ္သေကၤတမ်ားက အထက္ပါနည္းအတိုင္း ေပၚလာတတ္ပါသည္။ သုိ႔မဟုတ္ပါက လားေရာက္ရမည့္ဘ၀ႏွင့္ ဆိုင္ရာအာ႐ံုတို႔က စိတ္တံခါး၀သုိ႔ အင္အားႀကီးစြာျဖင့္ ၀င္ေရာက္ကာ ေနရာယူထား ေလေတာ့သည္။ လူမမာက ဤအာ႐ံုတို႔ကို ေရွာင္လႊဲမရဘဲ မေတြ႕ျမင္လိုေသာ္လည္း ျမင္ေတြ႕ေနရျခင္းမ်ဳိး ျဖစ္ပါ သည္။
ဤအေၾကာင္းတရားတို႔ကပင္ ဘ၀အသစ္တစ္ခုကို ျဖစ္ေပၚလာေစရန္ သဘာ၀က ဖန္တီးေပးထားသည့္ ကံႏွင့္ ကံ၏ အက်ိဳးဆက္မ်ားေပတည္း။ မေကာင္းသည့္ ငရဲနိမိတ္ကဲ့သို႔ေသာ အာ႐ံုထင္လာသည့္ လူမမာမ်ားကမူ ႐ုတ္တရက္ ေၾကာက္လန္႔တၾကား အထိန္းအကြပ္မဲ့ ေအာ္ဟစ္လာတတ္သျဖင့္ သူနာျပဳမ်ားက ႏွစ္သိမ့္အားေပးရ တတ္ေၾကာင္းႏွင့္ အခ်ဳိ႕လူမမာမ်ားကမူ အလြန္အမင္း ေၾကာက္လန္႔ကာ ႐ုန္းကန္ေနတတ္ေၾကာင္းကိုလည္း သုေတ သနစာတမ္းမ်ား၌ ေဖာ္ျပထားပါသည္။
ဤသို႔ ေၾကာက္လန္႔တၾကား ေသျခင္းကို ရင္ဆိုင္ေနရသည့္ လူမမာကို ေစာင့္ေရွာက္ေနသူ မိသားစု၀င္မ်ား အေနျဖင့္ စိတ္မခ်မ္းမေျမ႕ ျဖစ္႐ံုသာမက ကိုယ္ကိုယ္တိုင္ ေသခါနီးကာလ၌ အလားတူ အျဖစ္ဆိုးမ်ဳိး ႀကံဳမည္ ကိုလည္း အထူးပင္ စိုးရိမ္ကာ ထိတ္လန္႔ တုန္လႈပ္ေနတတ္ၾကပါသည္။ ေသဆံုးခါနီး ဤဘ၀၏ ေနာက္ဆံုးစိတ္ကို ဖန္တီးေပးသူမွာ တန္ခိုးရွင္၊ ဖန္ဆင္းရွင္ Creater, God မဟုတ္ဘဲ မိမိ ျပဳလုပ္ခဲ့သည့္အလုပ္ (ကမၼ = ကံ)ပင္ ျဖစ္ပါ သည္။ ဘ၀တစ္ခုကို ဖန္ဆင္းေပးႏိုင္စြမ္းသည့္ ကံေလးမ်ဳိးရွိ၏။
(က) ႀကီးေလးေသာ (ဂ႐ုကံ) ပမာအားျဖင့္ မိဘကိုသတ္သည့္ ပဥၥာနႏၲရိယကံ။
(ခ ) အေလ့အလာအျဖစ္ လိုလိုလားလားျပဳလုပ္ခဲ့သည့္ (အာစိဏၰကံ)။ ဘ၀တစ္ေလွ်ာက္လံုး ႀကိမ္ဖန္ မ်ားစြာ အေလ့အက်င့္မ်ားခဲ့သည့္ ကံ (၀ါ) တစ္ႀကိမ္ တစ္ခါမွ်ပင္ ျပဳခဲ့ေသာ္လည္း စိတ္၀ယ္ ထပ္တလဲလဲ ေအာက္ေမ့ေနသည့္ ကုသိုလ္၊ အကုသိုလ္ကံ။
(ဂ) ေသခါနီးကာလ၌ ကပ္၍ျပဳလုပ္သည့္ (အာသႏၷကံ)။ ပမာအားျဖင့္ ေသခါနီးကာလ သံဃာေတာ္ မ်ားထံပါးမွ ပရိတ္တရားေတာ္မ်ားကို နာၾကားျခင္း၊ သပိတ္၊ သကၤန္း စသည္ လွဴဒါန္းသည့္ကံ။
(ဃ) ဤကံသံုးမ်ဳိး ထင္ဟပ္မလာႏိုင္ပါက (ကဋတၱာကံ)။ ဘ၀ါဘ၀မ်ားစြာက ျပဳလုပ္ခဲ့သည့္ ကုသိုလ္၊ အကုသိုလ္မ်ားအနက္ တစ္ခုခု ထင္ဟပ္လာပါမည္။
ေသခါနီးကာလတြင္ ဤကံေလးမ်ဳိးအနက္ ကံတစ္ပါးပါးက စိတ္ကို အားေကာင္းစြာ လႊမ္းမိုးထားမည္ ျဖစ္ပါ သျဖင့္ ကာယကံရွင္သည္ ထိုအခ်ိန္၌ ထိုအေတြးကို ဖယ္ရွားႏိုင္စြမ္း မရွိရွာေတာ့ပါ။ လူမမာ၏အနီး၌ ရဟန္းေတာ္ မ်ား၏ တရားအသံကို နာၾကားေနရပါေသာ္လည္း စိတ္၌ ထင္ဟပ္ေနသည့္ ထိုအေတြးအာ႐ံုကို ဖယ္ရွားႏိုင္ရန္ အခက္အခဲ ရွိေကာင္း ရွိႏိုင္ပါသည္။
ဤဘ၀၏ ေနာက္ဆံုးအခ်ိန္တြင္ ၎အာ႐ံုကပင္ မရဏာသႏၷေဇာစိတ္ျဖစ္ကာ ဘ၀အသစ္တစ္ခုကို ေဖာ္ေဆာင္ေပးပါေတာ့မည္။ ဤသည္မွာ ဘာသာလူမ်ဳိးႏွင့္ မသက္ဆိုင္သည့္ သဘာ၀နိယာမတရား Natural Law ျဖစ္ေပသည္။
၆ – သဟဇာတပစ္စယော unicode
ဘဝနှင့် ပဋ္ဌာန်းသင်ခန်းစာ
သဟဇာတ Born together or conascence.
သဟ = အတူတကွ၊ ဇာတ = ဖြစ်ပေါ်လာသည်။ Born together or conascence.
သဟဇာတပစ္စည်း၏ ကျေးဇူးပြုပုံကို အဋ္ဌကထာများတွင် မှောင်နေသည့် တိုက်ခန်းထဲ၌ ဆီမီး ထွန်းလိုက် သည်နှင့် ဆီးမီးတောက်ခြင်း၊ အလင်းရောက်ခြင်းနှင့် အမှောင်ပျောက်ခြင်းတို့သည် တစ်ပြိုင်တည်း၊ တစ်ချိန်တည်း ပေါ်ပေါက်လာကြသကဲ့သို့ စိတ် စေတသိက်မှန်သမျှ ဥပါဒ် ဌီ ဘင်အားဖြင့် တစ်ပြိုင်တည်း ဖြစ်လာ၏ Born together ဟု ဥပမာ ပြုတော်မူကြပါသည်။
မီးတောက်ဟူသော အကြောင်းကြောင့် အလင်းရောင်ဟူသော အကျိုးဖြစ်ပေါ်လာရာတွင် အကြောင်းနှင့် အကျိုးက တစ်ပြိုင်နက်တည်း၊ အချိန်အားဖြင့်လည်း တစ်ချိန်တည်းဖြစ်ပေါ်ကာ ကျေးဇူးပြုသည့်နှယ် ဖြစ်၏။ ဤတွင် မဟာဘုတ်များတပြိုင်တည်း Born together ဖြစ်လာ၏။ စိတ်နှင့် စိတ္တဇရုပ်များလည်း တပြိုင်တည်း Born together ဖြစ်လာကြ၏။
သဟဇာတပစ္စည်း၏သင်္ချာ
သဟဇာတပစ္စည်း၏သင်္ချာမှာ – ၉ ဖြစ်ပါသည်။ ထို့ကြောင့် ‘သဟဇာတေ နဝ’ ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –
ကုသလ ဓမ္မာ သင်္ချာ-၃
(၁) ကု-ကု (၂) ကု-ဗျာ (၃) ကု-ကု-ဗျာ
အကုသလ ဓမ္မာ သင်္ချာ-၃
(၁) အကု-အကု (၂) အကု-ဗျာ (၃) အကု-အကု-ဗျာ
အဗျာကတ ဓမ္မာ သင်္ချာ-၁
(၁) ဗျာ-ဗျာ
ကုသလ ဗျာကတပဒ သင်္ချာ -၁
(၁) ကု-ဗျာ-ဗျာ
အကုသလ ဗျာကတပဒ သင်္ချာ -၁
(၁) အကု-ဗျာ-ဗျာ
ပုရေဇာတ၊ ပစ္ဆာဇာတနှင့် သဟဇာတ
ပဋ္ဌာန်းတရားတော်၌ ပစ္စယ = ပစ္စည်းဟူသော အကြောင်းတရားနှင့် ပစ္စယုပ္ပန်ဟူသော အကျိုးတရားတို့ ရှိရာတွင် –
(က) ဦးစွာ အကြောင်းတရားပေါ်ပြီး အကျိုးတရားက နောက်မှပေါ်သည့် (ပုရေဇာတပစ္စည်း) Born earlier or prenascence.
(ခ ) အကြောင်းတရားနှင့် အကျိုးတရား တစ်ပြိုင်တည်း ပေါ်ပေါက်လာသည့် (သဟဇာတပစ္စည်း) Born together or conascence. နှင့်
(ဂ ) ဦးစွာအကျိုးတရား ပေါ်ပေါက်လာပြီး အကြောင်းတရားက နောက်မှပေါ်လာသည့် (ပစ္ဆာဇာတ ပစ္စည်း) Born laterer or postnascence. ဟူ၍ ရှိပါသည်။
သဟဇာတပစ္စည်းတွင် အကြောင်းဖြစ်သည့် ပစ္စည်း၌လည်း ရုပ်တရားနှင့် နာမ်တရားပါသည်။ အကျိုး တရားဖြစ်သည့် ပစ္စယုပ္ပန်၌လည်း ရုပ်တရားနှင့် နာမ်တရားများပါသည်။ ထို့ကြောင့် သဟဇာတပစ္စည်းတွင် ရုပ်နှင့် နာမ်က အကြောင်းတရားလည်း ဖြစ်သည်။ အကျိုးတရားလည်း ဖြစ်သည်။
နာမ်ခန္ဓာလေးပါး
စတ္တာရော အရူပိနော = နာမ်ခန္ဓာလေးပါးဖြစ်သည့် ဝေဒနက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာ ဏက္ခန္ဓာ ရှိသည့်အနက် –
(က) နာမ်ခန္ဓာတစ်ပါးက သုံးပါးကို ကျေးဇူးပြုရာတွင် ဥပမာ ဝေဒနက္ခန္ဓာက အကြောင်းတရား ဖြစ်ပါက ကျန်သုံးပါးဖြစ်သည့် သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာတို့က အကျိုးတရား။ “ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။”
(ခ ) နာမ်ခန္ဓာနှစ်ပါး ကျန်သုံးပါးကို ကျေးဇူးပြုရာတွင် ဥပမာ ဝေဒနက္ခန္ဓာနှင့် သညာက္ခန္ဓာက အကြောင်း တရားဖြစ်လျှင် ကျန်နှစ်ပါးဖြစ်သည့် သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာက အကျိုးတရား။
“ဒွေ ခန္ဓော ဒွေဏ္ဏန္နံ ခန္ဓာနံ သဟဇာတပစ္စယေန ပစ္စယော။”
နာမ်ခန္ဓာ ၄-ပါးကို ခန္ဓာဖွဲ့ပါက –
စတ္တာရောခန္ဓာ အရူပိနောဓမ္မာ = (နာမ်ခန္ဓာလေးပါး) ၁ – ဝေဒနက္ခန္ဓာ၊ ၂ – သညာက္ခန္ဓာ၊ ၃ – သင်္ခါရက္ခန္ဓာ၊ ၄ – ဝိညာဏက္ခန္ဓာကို ဆိုလိုခြင်း ဖြစ်ပါသည်။
စေတသိက် ၅၂-ပါးကို ခန္ဓာဖွဲ့ပါက –
– ဝေဒနာစေတသိက်က ဝေဒနက္ခန္ဓာ တစ်ပါးရ၏။
– သညာစေတသိက်က သညက္ခန္ဓာ တစ်ပါးရ၏။
– ကျန်သည့်စေတသိက် – ၅၀ က သင်္ခါရက္ခန္ဓာတစ်ပါးရ၏။
– စိတ် ၈၉-ပါးက ဝိညာဏက္ခန္ဓာရ၏။
ဤနာမ်ခန္ဓာတို့သည် သဟဇာတ = အတူတကွ။ အညမည = အပြန်အလှန်အားဖြင့် ကျေးဇူးပြုပါသည်။
စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်
သူတို့ကြောင့် ဖြစ်ပေါ်လာသည့် စိတ္တဇရုပ်ကိုလည်း ကျေးဇူးပြု၏။ ပါဠိစာပေ၌လာရှိသည့် ပဋိသန္ဓိကို မြန်မာ စာပေတွင် ပဋိသန္ဓေဟု သုံးနှုန်းသည်။ ပဋိသန္ဓေစိတ်၏ အဓိပ္ပါယ်မှာ ဘဝဟောင်းနှင့် ဘဝအသစ်ကို ဆက်စပ်ပေး သည့်စိတ် ဖြစ်ပါသည်။ ပဋိသန္ဓေစိတ်ကို နေရာအားလျှော်စွာ ဝိပါက်စိတ်ဟုလည်း ခေါ်၏။
ပဋိသန္ဓေကမ္မဇရုပ်၌ ဟဒယဝတ္ထုရုပ်ပါသည်။ ခဏငယ်သုံးချက်အတွင်း ဟဒယဝတ္ထုရုပ်က (အကြောင်း တရား)၊ ပဋိသန္ဓေစိတ်ကလေးက (အကျိုးတရား)အဖြစ် သဟဇာတသတ္တိနှင့် အချင်းချင်း အပြန်အလှန် ကျေးဇူး ပြု၏။
အမိဝမ်းထဲ ပဋိသန္ဓေတည်သည့် သတ္တဝါတို့တွင် နာမ်တရားအဖြစ် ပဋိသန္ဓေဝိညာဏ်စိတ်နှင့် စေတသိက် ၃၃-ပါး၊ ရုပ်တရားအဖြစ် ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသကဟူသော ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ် ကလာပ် သုံးစု (သုံးစည်း) တို့သည် တစ်ပြိုင်တည်း ဖြစ်လာကြသည်။
ကာယဒသက၊ ဘာဝဒသကနှင့် ဝတ္ထုဒသက
(က) ကာယဒသကဟူသည် ကာယပသာဒ၊ ဇီဝိတရုပ်၊ အဋ္ဌကလာပ်ရုပ် ၈-ပါး ဟူသော ကာယ ဒသက။
(ခ ) ဘာဝဒသကဟူသည် ကမ္မဇကလာပ် ကိုးစည်း၌ပါသည့် အထီး အမ ခွဲခြားစေသည့် ဣတ္ထိဘာ၀ ဒသက ကလာပ်ဖြစ်စေ၊ ပုမ္ဘာဝဒသကကလာပ်။
(ဂ) ဝတ္ထုဒသကဟူသည် ဟဒယဝတ္ထုရုပ် ဇီဝိတ အဋ္ဌကလာပ်။
(ဃ) သုတ္တန်ဒေသနာတော်အရ ပဋိသန္ဓေအခါကိုယူရာတွင် အမေ့ဝမ်းထဲ ရောက်သည့်အချိန်ကစပြီး မဖွားမချင်း ကာလကို ယူပါသည်။ အဘိဓမ္မာဒေသနာ၌မူ ပဋိသန္ဓေစိတ်၏ ဥပါဒ် ဌီ ဘင် ခဏငယ် သုံးချက်အတွင်းကိုသာ ပဋိသန္ဓေအခိုက်ဟု ယူပါသည်။
ပဉ္စဝေါကာရ၊ စတုဝေါကာရ၊ ဧကဝေါကာရ
(က) စတုဝေါကာရဘုံဟူသည် နာမ်ခန္ဓာလေးပါးသာ ရှိသည့်ဘုံ။
(ခ ) ဧကဝေါကာရဘုံဟူသည် ခန္ဓာတစ်ပါးသာရှိသည့် အသညသတ်ဘုံ။
(ဂ ) ပဉ္စဝေါကာရဘုံဟူသည် ခန္ဓာငါးပါးရှိသည့်ဘုံ။ ထိုထိုဘုံများအနက် ခန္ဓာငါးပါးရှိသည့် ဘုံကသာ ပဋိသန္ဓေနှင့် ဟဒယဝတ္ထုရုပ်များရှိသဖြင့် အညမညပစ္စည်းနှင့် သဟဇာတပစ္စည်း ရပါ၏။
ဘဝအသစ်ကို ဖန်တီးပေးသည့် သဘာဝနိယာမတရား
သေခါနီးအခြေအနေကို ရင်ဆိုင်နေရသူသည် သူ၏ ဘဝတစ်သက်တာ ပြုလုပ်ခဲ့သည့် အကြောင်းအရာ များစွာအနက်မှ စွမ်းအားအကောင်းဆုံး အကြောင်းအရာက စဉ်းစား၍မဟုတ်ဘဲ မထင်မှတ်ထားသည့် အိပ်မက် တစ်ခု ရုတ်တရက်မက်လိုက်သည့်နှယ် စိတ်တံခါးဝသို့ အင်အားကြီးစွာဖြင့် အလိုအလျောက် ဝင်ရောက်လာ တတ် သည်။ လူမမာက ရွေးချယ်သောကြောင့် ပေါ်လာခြင်းလည်း မဟုတ်ပါ။ တွန်းဖယ်၍လည်း မရတော့ပါ။
ဤသဘောတရားကပင် ဘဝအသစ်တစ်ခုကို ဖန်တီးပေးပေတော့မည်။ သို့မဟုတ် ဘဝတစ်သက်တာ မိမိ ပြုလုပ်ခဲ့သည့် အလုပ်၏ နိမိတ်သင်္ကေတများက အထက်ပါနည်းအတိုင်း ပေါ်လာတတ်ပါသည်။ သို့မဟုတ်ပါက လားရောက်ရမည့်ဘဝနှင့် ဆိုင်ရာအာရုံတို့က စိတ်တံခါးဝသို့ အင်အားကြီးစွာဖြင့် ဝင်ရောက်ကာ နေရာယူထား လေတော့သည်။ လူမမာက ဤအာရုံတို့ကို ရှောင်လွှဲမရဘဲ မတွေ့မြင်လိုသော်လည်း မြင်တွေ့နေရခြင်းမျိုး ဖြစ်ပါ သည်။
ဤအကြောင်းတရားတို့ကပင် ဘဝအသစ်တစ်ခုကို ဖြစ်ပေါ်လာစေရန် သဘာဝက ဖန်တီးပေးထားသည့် ကံနှင့် ကံ၏ အကျိုးဆက်များပေတည်း။ မကောင်းသည့် ငရဲနိမိတ်ကဲ့သို့သော အာရုံထင်လာသည့် လူမမာများကမူ ရုတ်တရက် ကြောက်လန့်တကြား အထိန်းအကွပ်မဲ့ အော်ဟစ်လာတတ်သဖြင့် သူနာပြုများက နှစ်သိမ့်အားပေးရ တတ်ကြောင်းနှင့် အချို့လူမမာများကမူ အလွန်အမင်း ကြောက်လန့်ကာ ရုန်းကန်နေတတ်ကြောင်းကိုလည်း သုတေ သနစာတမ်းများ၌ ဖော်ပြထားပါသည်။
ဤသို့ ကြောက်လန့်တကြား သေခြင်းကို ရင်ဆိုင်နေရသည့် လူမမာကို စောင့်ရှောက်နေသူ မိသားစုဝင်များ အနေဖြင့် စိတ်မချမ်းမမြေ့ ဖြစ်ရုံသာမက ကိုယ်ကိုယ်တိုင် သေခါနီးကာလ၌ အလားတူ အဖြစ်ဆိုးမျိုး ကြုံမည် ကိုလည်း အထူးပင် စိုးရိမ်ကာ ထိတ်လန့် တုန်လှုပ်နေတတ်ကြပါသည်။ သေဆုံးခါနီး ဤဘဝ၏ နောက်ဆုံးစိတ်ကို ဖန်တီးပေးသူမှာ တန်ခိုးရှင်၊ ဖန်ဆင်းရှင် Creater, God မဟုတ်ဘဲ မိမိ ပြုလုပ်ခဲ့သည့်အလုပ် (ကမ္မ = ကံ)ပင် ဖြစ်ပါ သည်။ ဘဝတစ်ခုကို ဖန်ဆင်းပေးနိုင်စွမ်းသည့် ကံလေးမျိုးရှိ၏။
(က) ကြီးလေးသော (ဂရုကံ) ပမာအားဖြင့် မိဘကိုသတ်သည့် ပဉ္စာနန္တရိယကံ။
(ခ ) အလေ့အလာအဖြစ် လိုလိုလားလားပြုလုပ်ခဲ့သည့် (အာစိဏ္ဏကံ)။ ဘဝတစ်လျှောက်လုံး ကြိမ်ဖန် များစွာ အလေ့အကျင့်များခဲ့သည့် ကံ (ဝါ) တစ်ကြိမ် တစ်ခါမျှပင် ပြုခဲ့သော်လည်း စိတ်ဝယ် ထပ်တလဲလဲ အောက်မေ့နေသည့် ကုသိုလ်၊ အကုသိုလ်ကံ။
(ဂ) သေခါနီးကာလ၌ ကပ်၍ပြုလုပ်သည့် (အာသန္နကံ)။ ပမာအားဖြင့် သေခါနီးကာလ သံဃာတော် များထံပါးမှ ပရိတ်တရားတော်များကို နာကြားခြင်း၊ သပိတ်၊ သင်္ကန်း စသည် လှူဒါန်းသည့်ကံ။
(ဃ) ဤကံသုံးမျိုး ထင်ဟပ်မလာနိုင်ပါက (ကဋတ္တာကံ)။ ဘဝါဘဝများစွာက ပြုလုပ်ခဲ့သည့် ကုသိုလ်၊ အကုသိုလ်များအနက် တစ်ခုခု ထင်ဟပ်လာပါမည်။
သေခါနီးကာလတွင် ဤကံလေးမျိုးအနက် ကံတစ်ပါးပါးက စိတ်ကို အားကောင်းစွာ လွှမ်းမိုးထားမည် ဖြစ်ပါ သဖြင့် ကာယကံရှင်သည် ထိုအချိန်၌ ထိုအတွေးကို ဖယ်ရှားနိုင်စွမ်း မရှိရှာတော့ပါ။ လူမမာ၏အနီး၌ ရဟန်းတော် များ၏ တရားအသံကို နာကြားနေရပါသော်လည်း စိတ်၌ ထင်ဟပ်နေသည့် ထိုအတွေးအာရုံကို ဖယ်ရှားနိုင်ရန် အခက်အခဲ ရှိကောင်း ရှိနိုင်ပါသည်။
ဤဘဝ၏ နောက်ဆုံးအချိန်တွင် ၎င်းအာရုံကပင် မရဏာသန္နဇောစိတ်ဖြစ်ကာ ဘဝအသစ်တစ်ခုကို ဖော်ဆောင်ပေးပါတော့မည်။ ဤသည်မှာ ဘာသာလူမျိုးနှင့် မသက်ဆိုင်သည့် သဘာဝနိယာမတရား Natural Law ဖြစ်ပေသည်။