စိတ္တဇရုပ်

(၄-စတုတ္တ) “စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော”။ (စိတ် စေတသိက်) (နာမ်ကရုပ်ကို ကျေးဇူးပြုသည်)

စိတ်စေတသိက်တရားတို့က စိတ္တဇရုပ်ကို ထုတ်လုပ်သည်။ ပမာပြရသော် စိတ်ဆိုးပါက စိတ်ရော၊ ရုပ်ပါ ကြမ်းတမ်းလာပါသည်။ စိတ်စေတသိက်တရားတို့ရှိနေသည့်အခိုက်၌ အပြန်အလှန် ကျေးဇူးပြုသောကြောင့် အတ္ထိ ပစ္စည်း မည်၏။

 

(၅-ပဉ္စမ) “မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော”။ (မဟာဘုတ်နှင့် ဥပါဒါရုပ်)             (ရုပ်ကရုပ်ကို ကျေးဇူးပြုသည်)

မဟာဘုတ်တို့ပေါ်လာသည်နှင့် ဥပါဒါရုပ်တို့ကလည်း Born together ဖြစ်လာပါသည်။

ဥပါဒါရုပ်ဟူသည် – ၂၄ ပါး ရှိ၏။ ၎င်းတို့မှာ- ပသာဒရုပ်က  – ၅ ပါး။   ဂေါစရရုပ်က – ၄ ပါး။ ဘာဝရုပ်က -၂ ပါး၊ ဟဒယဝတ္ထုရုပ်  – ၁ ပါး၊ ဇီဝိတရုပ် – ၁ ပါး၊၊ အာဟာရရုပ် – ၁ ပါး၊၊ ပရိစ္ဆေဒရုပ် – ၁ ပါး၊၊ ဝိညတ်ရရုပ် -၂ ပါး၊ ဝိကာရရုပ် – ၃ ပါး၊ လက္ခဏရုပ် – ၄ ပါး စုစုပေါင်း -၂၄ ဖြစ်သည်။ ပသာဒရုပ်ဟူသည် စက္ခုပသာဒ၊ သောတပသာဒ စသည်တို့ ဖြစ်သည်။

ဂေါစရရုပ်ဟူသည် မျက်စိနားစသည် ပဉ္စဝိညာဏ်၏ ကျက်စားရာအာရုံဖြစ်သည့် ရူပါရုံ၊ သဒ္ဒါရုံ စသည့် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိတွေ့တို့ ဖြစ်ကြသည်။

မဟာဘုတ်နှင့် ဥပါဒရုပ်တို့ကလည်း ရှိနေသည့်အခိုက်၌ အပြန်အလှန်ကျေးဇူးပြုသဖြင့် အတ္ထိပစ္စည်း ဖြစ်၏။

 

သြဇာရုပ်

 

အလွန်သေးငယ်သည့် အက်တမ်အမှုန်အမွှားကို ရုပ်ဖြစ်ကြောင်း ယနေ့သိပ္ပံပညာရှင်များက သိလာကြ ပါသည်။ မျက်စိဖြင့် မမြင်ရသည့် ရုပ်အမှုန်အမွှားအက်တမ် အနုမြူတစ်ခုစီ တစ်ခုစီ အဋ္ဌ ကလာပ်ပေါင်း မြောက်မြားစွာ ရှိနေပါသည်။ ၎င်းကလာပ်ကလေးတစ်စီတွင်လည်း သြဇာရုပ် ရှိပါသည်။ ထိုသြဇာရုပ်က ကျန်သည့် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ အာဟာရ ဇရုပ်၊ ဥတုဇရုပ်တို့ကို အာဟာရသတ္တိဖြင့် ကျေးဇူးပြုပါသည်။

(၆-ဆဋ္ဌမ) စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။ (အာယတန)

အာယတန-၁၂ ပါး ရှိပါသည်။ အာယတနဟူသည် အကြောင်းဟု အဓိပ္ပါယ်ရပါသည်။ စိတ်စေတသိက် တို့၏ ဖြစ်ပေါ်ကြောင်းဟု ဆိုနိုင်ပါသည်။ စက္ခာယတနမည်သည် စက္ခုပသာဒပင်တည်း။ ရူပါယတနကလည်း ရူပါရုံပင်တည်း။ ထို့ကြောင့် စက္ခုပသာဒ ရုပ်ဟူသော မျက်စိအကြည် ရုပ်တရားက စက္ခုဝိညာဏ် = မြင်သိစိတ်ကို မှီရာအနေနှင့် ကျေးဇူးပြုပါသည်။

ဤနေရာတွင် စက္ခုပသာဒရုပ်ကို မြင်သိစိတ်က မှီရပါသည်။ ထို့ကြောင့်  စက္ခုပသာဒရုပ်က ကြိုတင် ဖြစ်နှင့် ရသောကြောင့် ပုရေဇာတပစ္စည်း  Born earlier က ကျေးဇူးပြု၏။

 

(၇-သတ္တမ) ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု  စ ဝတ္တန္တိယ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။(ဝတ္ထုရုပ်)

ယံရူပံ= ဟဒယဝတ္ထုရုပ်ကို ဆိုလိုပါသည်။ စိတ်၏မှီရာ ဝတ္ထုရုပ်က ခြောက်ခု ရှိပါသည်။ ၎င်းတို့မှာ စက္ခုဝတ္ထု၊  သောတဝတ္ထု၊  ဃာနဝတ္ထု၊   ဇိဝှါဝတ္ထု၊ ကာယဝတ္ထု  နှင့် ဟဒယဝတ္ထုတို့ ဖြစ်ပါသည်။

ဟဒယဝတ္ထုကိုမှီ၍ သိရုံမျှသိသည့် မနောဓာတုနှင့် သေသေချာချာသိသည့် မနောဝိညာဏဓာတုတို့ ဖြစ်ကုန်၏။ ထိုသိရုံမျှသိသည့် မနောဓာတု၊ သေသေချာချာသိသည့် မနောဝိညာဏဓာတုတို့နှင့် ယှဉ်ကုန်သော စေတသိက်တရားတို့အား  ဟဒယဝတ္ထုက ကြိုတင်ဖြစ်၍  အတ္ထိပစ္စည်းဖြင့် ကျေးဇူးပြု၏။ (မနောဓာတု = သမ္ပဋိစ္ဆိုင်း။ မနောဝိညာဏဓာတု = သန္တီရဏ)

အတ္ထိပစ္စည်းနှင့် ယထာဘူတဉာဏ်

 

ရုပ်နာမ်တရားတို့ကို ပစ္စုပ္ပန်အနေအားဖြင့် တစ်ခုနဲ့တစ်ခု အတ္ထိပစ္စည်းဖြင့် ဖွဲ့စပ်၍ ကျေးဇူးပြုထား ခြင်းကြောင့် အထူးထူးသော နိမိတ်သဏ္ဍာန် ဟန်ပန်ပုံပန်း အဆန်းတကျယ် ဖြစ်နေကြ၏။ ‘ထိုထို အမျိုးမျိုး အထူး ထူးသော နိမိတ်တို့သည် အတ္ထိပစ္စည်း၏ ကိစ္စပါတကား’ ဟု နားလည်လာသူအဖို့ ထိုထိုနိမိတ်တို့ ပျောက်ကွယ်နိုင် ကြပါသည်။

ဥပမာအားဖြင့် ဆန်ကြိတ်စက်ကြီး၌ အချင်းချင်းဖွဲ့စပ် ချိတ်ဆက်ထားသည့် စက်ယန္ဒယားတို့၏ ပဓာန ဖြစ်သော ခလုပ်ကို မဖွင့်သေးသမျှ ငြိမ်သက်စွာပင် ရှိနေပေမည်။ ထို Starting ခလုပ်ကို ဖွင့်လိုက်သည်နှင့် စက်ယန္ဒယားကြီး၏ ပူလီများ၊ ဘတ်ကြိုးများ၊ ကြိတ်လုံးများ၊ ဆန်ကာများက တလှုပ်လှုပ်တရွရွ လှုပ်၍၊ ယမ်း၍၊ ခါ၍နေတော့သည်နှယ် တူပါသည်။

 

ပရပတ္ထတရားကို မမြင်နိုင်ရန် ဖုံးကာထားသည့်တရားများ

 

၁။       နာမပညတ်ခေါ် အမည်ဖုံးကာနေခြင်း။

၂။       သန္တတိပညတ်ခေါ် အစဉ်အတန်းဖုံးကာနေခြင်း။

၃။       သမူဟပညတ်ခေါ် အပေါင်းအစုဖုံးကာနေခြင်း။

၄။       သဏ္ဍာနပညတ်ခေါ် အသွင်သဏ္ဍာန် ဖုံးကာနေခြင်းတို့သည် လောကသားတို့အတွက် ပရမတ္ထ တရားကို မြင်နိုင်စွမ်းမရှိရန် ဖုံးကာထားသည့် တရားစုများ ဖြစ်၏။

 

၁။ နာမပညတ်

 

လောက၌ အရာဝတ္ထုမှန်သမျှတို့သည် အမှန်တကယ် ပရမတ်ဖြစ်ကြသည်။ ထိုပရမတ် သဘောတို့ကို နာမည်ခေါ်ဝေါ်၍  မဖြစ်၊ စကားပြောဆို၍ မဖြစ်၊ ထိုသို့ မဖြစ်သဖြင့် ‘ငါ၊ သူ၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ မောင်ဖြူ၊ မောင်မဲ’ စသည်ဖြင့် နာမည်အသီးသီး သတ်မှတ်ထားကြရသည်။ ကာလကြာမြင့်လာသည့်အခါ သတ္တဝါများသည် မူလပရမတ်အပေါ်သို့ စိတ်မရောက်ကြတော့ဘဲ  ပညတ်ထားသည့် အမည်နာမတို့တွင်သာ စိတ်စွဲ သွားတတ်ကြသည်။ ထိုအခါ ကြာကြာစံလိုပါက ကြာဇံလှူရမည်ဟု ရှုပ်ထွေးလာသည်။ အနေမြဲရန် ပြောင်းဖူး စိုက်ရမည်။ အင်္ဂလိပ်စကားဖြင့် ပြောင်းဖူးကို Corn ဟု ပြောင်းခေါ်လိုက်ပါက အဘယ်သို့ အနေမြဲရန် မပြောင်းဖူး ဖြစ်တော့မည်နည်း။ သတ်မှတ်ချက်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် မူလဖြစ်သည့် ခန္ဓာငါးပါး သို့မဟုတ် နာမ်ရုပ် တရားဟုခေါ်သည့် ပရမတ်ကို မမြင်နိုင်စွမ်းသည်က အကြောင်းရင်းဖြစ်ပေသည်။

 

၂။ သန္တတိပညတ်

 

ပရမတ္တသဘာ၀ အစစ်အမှန်တရားသည် တစ်ခုနှင့်တစ်ခုတစ်ဆက် တစ်စပ်တည်း မဟုတ်ဘဲ၊ အပြတ်၊ အပြတ်များသာ ဖြစ်ကြသည်။ သို့သော် တဆက်တစ်စပ်တည်းဟု ထင်ရလောက်အောင် ဖြစ်ပျက်မှုက မြန်ဆန်လွန်း လှပါသည်။

ဥပမာပြရသော် မှောင်မိုက်သည့် ညဉ့်အခါကာလတွင် ခပ်လှမ်းလှမ်းမှ လူတစ်ယောက်က မီးစတစ်ခုကို ကိုင်၍ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်အောင် မြန်နိုင်သမျှ မြန်မြန်လှည့်ပြလိုက်သည့်အခါ မြင်ရသူတို့က မီးစင်္ကြာဝိုင်းဟု ထင်ရသကဲ့သို့တည်း။ ဤသဘောသည် ပရမတ်အမှန်တရားကို သန္တတိပညတ်က ဖုံးထားခြင်းဖြစ်သည်။

 

၃။ သမူဟပညတ်

 

အပေါင်းအစုက ဖုံးအုပ်ထားခြင်း။ ပရမတ် သဘာဝ၌ ရုပ်တရားသည် သူ့ဘာသာသူ၊ သူ့ကလာပ်စည်း နှင့်သူ တစ်ခုပြီးမှတစ်ခု ဖြစ်နေသည်။ စိတ်လည်း ထို့အတူဖြစ်သည်။ တစ်စိတ်ပြီးမှတစ်စိတ် ဖြစ်နေသည်။ အပေါင်း အစုဟူ၍ မရှိပါပဲလျက် အပေါင်းအစုဟူ၍ ထင်မှတ်နေကြသည်။ အထူးသဖြင့် ရုပ်အပေါ်၌ ရုပ်တုံးကြီး၊ ရုပ်ခဲကြီးဟု ထင်မှတ်နေခြင်းသည် သမူဟပညတ် ဖုံးထားခြင်း ဖြစ်သည်။

 

၄။ သဏ္ဍာန်ပညတ်

 

ပရမတ္တသဘာဝ၌ ယောက်ျားသဏ္ဍာန်၊ မိန်းမသဏ္ဍာန်၊ ခွေးသဏ္ဍာန်၊ နွားသဏ္ဍာန်၊ ငှက်သဏ္ဍာန်၊ ဦးခေါင်းသဏ္ဍာန်၊ လက်ခြေသဏ္ဍာန် စသည်ဖြင့် မရှိ။ ထိုသဏ္ဍာန်သည် ပရမတ္တသဘာဝ၏ တည်နေဟန်ကို လိုက်၍ ခေါ်ဆိုနေခြင်းသာ ဖြစ်သည်။ အမှန်တကယ် အရင်းခံပရမတ်မှာ သဏ္ဍာန်အနေဖြင့် မရှိ။

ဥပမာ မြေမှုန့်များကိုစု၍ ရေဖြင့်နှယ်ပြီး နွားသဏ္ဍာန်လုပ်လျှင် နွားရုပ် ခေါ်နိုင်သည်။ ဆင်သဏ္ဍာန် လုပ်လျှင် ဆင်ရုပ်ခေါ်နိုင်သည်။ လူသဏ္ဍာန်လုပ်လျှင် လူရုပ်ခေါ်နိုင်သည်။ မိမိပြုလုပ်ချင်သည့် အရုပ်များကို ပြုလုပ်၍ ခေါ်ဆိုနိုင်ကြပါသည်။ ဤသည်ကိုပင် သူ့တည်နေဟန်ကိုလိုက်၍ အမျိုးမျိုးခေါ်ဆိုနေခြင်း ဖြစ်သည်။ ထို့အတူပင် ပရမတ္ထတရားကိုလည်း သူတို့၏တည်နေရာကို လိုက်၍ လူဟု ခေါ်ချင်ခေါ်ကြသည်။ အိမ် ကျောင်း ဇရပ် ဓမ္မာရုံ အသီးသီးခေါ်ကြသည်။ သို့သော် မူလပရမတ်သည် လူလည်းမဟုတ်၊ နတ်လည်း မဟုတ်၊ အိမ် ကျောင်း ဇရပ် ဓမ္မာရုံလည်း မဟုတ်ပေ။

သတ္တဝါတို့သည် ထိုထိုသဏ္ဍာန်များကိုသာ ကာလရှည်ကြာ ကမ္ဘာပေါင်းများစွာ အမှားကြာလာတော့ အမှန် ဖြစ်နေတော့သည်။ ထို့ကြောင့် တကယ့်အစစ်အမှန် ပရမတ်များကိုမူ မမြင်ကြတော့ဘဲ သဏ္ဍာန်ပညတ်တို့ အပေါ်၌ ထင်မြင် စွဲလမ်းနေကြပေတော့သည်။

 

 

ပရမတ်ကွယ်သောကြောင့် ကိလေသာဖြစ်ကြသည်

 

ဤပညတ်တို့၏ အစွမ်းဖြင့် နိမိတ်ပုံသဏ္ဍာန် အသီးသီး ပေါ်လွင်နေသောကြောင့် တင့်တယ်သည်၊ မင်္ဂလာ ရှိသည်၊ ကောင်းမြတ်သည်၊ ချစ်ခင်ဘွယ်ဖြစ်သည်ဟု ထင်မှတ်ပြီးကာ လိုခြင်မှု၊ လိုခြင်မှု၊ လိုခြင်မှုတို့က အတော မသတ်နိုင်ဘဲ ပွားများနေကြရပါသည်။

မူလသဘောအားဖြင့် နိမိတ်အမှတ်အသား လက္ခဏာမရှိပါက လောဘဟူ၍ မရှိနိုင်တော့ပေ။ အတ္ထိ ပစ္စည်းဖြင့် ရုပ်နာမ်တို့အချင်းချင်း ကျေးဇူးပြုပုံကို အတိအကျ မြင်လာနိုင်ပါက နိမိတ်သဏ္ဍာန် ပျောက်ကွယ်ပြီးမူ သဘောမှန်အတိုင်း သိရှိလာနိုင်သဖြင့် လောဘလည်းမရှိရကား သာယာဘွယ်ဟု ထင်မှတ်မှားရန် မရှိနိုင်တော့ပေ။

ဤရုပ်နာမ်တရားတို့၏ အစဉ်ဖြစ်နေသည့် ပညတ်တို့၏ အစွမ်းအားဖြင့် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ လှပသည်၊ တင့်တယ်သည်၊ မြတ်နိုးဘွယ်ဖြစ်နေသည်မှာ အတ္တဇီဝရှိသဖြင့်ဟု စွဲထင်မှတ်မှား နေကြပါသည်။ အတ္ထိ ပစ္စယသတ္တိဖြင့် “ဒီတရားရှိနေလို့သာ ဒီတရားရှိရတယ်၊ ဒီတရားတည်နေဖို့ရာ ဒီတရားက ကျေးဇူးပြုထားတယ်”ဟု အမှန်ကို အမှန်အတိုင်း သဘာဝတရား၏ ကျေးဇူးပြုပုံကို မြင်နိုင်စွမ်းပါမူကား အတ္တဇီဝစသည့်အယူ သုဉ်းဆိတ်နိုင် ပါသည်။

တစ်နည်းအားဖြင့် ရူပါရုံအဆင်းကို အာရမ္မဏာပုရေဇာသတ္တိကြောင့် မြင်ခြင်းဟူသော စက္ခုဝိညာဏ် ဖြစ်နေသည်။ ဤသည်မှာအကြောင်းကိုစွဲ၍ အကျိုးတရား ဖြစ်မှုသာတည်း။ “ငါမြင်တာမဟုတ်၊ သဟဇာ တတ္ထိကြောင့် ရုပ်နာမ်အစဉ်ဖြစ်နေတာ၊ ငါဖြစ်နေတာမဟုတ်၊ ပစ္ဆာဇာတတ္ထိနာမ်တရားတို့ကြောင့် ဒီစတုသမုဋ္ဌာနိက ရုပ်တရားတွေတည်နေတယ်၊ ငါတည်နေတာ မဟုတ်။ ရုပ်အာဟာရတ္ထိ သြဇာကြောင့် စတုသမုဋ္ဌာနိက ရုပ်တရားတို့ အင်အားပြည့်ဝပြီး ရွှင်လန်းလတ်ဆတ်နေတယ်၊ ငါအင်အားပြည့်၀ လတ်ဆတ်နေတာ မဟုတ်ဘူး။ ရူပဇီဝိတိန္ဒြိယ အတွက် ကမ္မဇရုပ်တို့ မပျက်မပြားဘဲ ရှည်ကြာစွာ အသက်ရှိတဲ့အသွင်နဲ့ တည်နေနိုင်တာဖြစ်တယ်၊ ငါတည်နေ နိုင်တာ မဟုတ်”ဟု အတ္ထိပစ္စည်း၏ သဘောမှန်ကို ဆင်ခြင်နိုင်လျှင် ယုံမှားမှုများ ကင်းပျောက်နိုင်ပါသည်။

အတ္ထိပစ္စည်း၏ ဝိပဿနာအမြင်ကိုပြခြင်း

 

(၁)      ရူပါရုံတည်းဟူသော ပုရေဇာတတ္ထိပစ္စည်းအတွက်ကြောင့် မြင်ခြင်းတည်းဟူသော ‘ဝိညာဏ်’ ပစ္စယုပ္ပန်တွေ ဖြစ်၍နေသည့် အကြောင်းကို အစွဲပြုပြီး၊ အကျိုးတရား ဖြစ်ပွား၍နေသော ပဋိစ္စသမုပ္ပာဒ်တည်း။ ‘ငါမြင်သည် မဟုတ်’ဟု စက္ခုဒွါရ၌ ယုံမှားကင်းလေ၏။ သောတဒွါရ စသည်တို့၌လည်း ဤနည်းတူ သိပါလေ။

(၂)      သဟဇာတတ္ထိ ပစ္စည်းအတွက်ကြောင့် ရုပ်နာမ်အစဉ် ဖြစ်နေသည်။ “ငါဖြစ်နေသည် မဟုတ်” ဟု သိရမည်။

(၃)      ပစ္ဆာဇာတတ္ထိ ပစ္စည်းထိုက်သော နာမ်တရားတို့အတွက်ကြောင့် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ကြောင့်ဖြစ်သော) ဤစတုသမုဋ္ဌာနိကရုပ်သည် တည်တံ့၍ နေနိုင်သည်။ ”ငါတည်နေ သည် မဟုတ်”ဟု သိရမည်။

(၄)      အာဟာရတ္ထိ ပစ္စည်းထိုက်သော ‘သြဇာ’အတွက်ကြောင့် စတုသမုဋ္ဌာနိကရုပ်တရားတို့ အားအင်ပြည့်ဝ၊ ရွှင်ပလတ်ဆတ်၍ နေသည်။ “ငါအင်အားပြည့်၀ လတ်ဆတ်၍ နေသည်မဟုတ်”ဟု သိရမည်။

(၅)      ဣန္ဒြိယတ္ထိပစ္စည်းထိုက်သော ရုပ်ဇီဝိတအတွက်ကြောင့် သတ္တဝါထင်စရာ, အထည်ကိုယ်ဖြစ်သော ကမ္မဇရုပ်တို့ မပျက်ပြားဘဲ၊ ရှည်ကြာစွာ အသက်ရှိကြသည့်အသွင်ဖြင့် တည်နေနိုင်သည်။ “ငါတည်နေနိုင်သည် မဟုတ်”ဟု သိရမည်။

ဤသို့ အတ္ထိပစ္စည်း၏သဘောကို ကျနစွာ သိစွမ်းနိုင်ပါမူ ယုံမှားခြင်း အမျိုးမျိုးပျောက်၍ ကင်္ခါဝိတရဏ ဝိသုဒ္ဓိဉာဏ်လမ်း ပေါက်နိုင်လေသည်။ ယင်းဉာဏ်အမြင်ရှိသူသည် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းကွာသွားပြီ ဖြစ်ရကား စူဠသောတာပန်မည်တော့သည်ဟု ဝိသုဒ္ဓိမဂ် (ဒု၊ ၂၄၀)၌ မိန့်ဆိုလေသည်။ အတ္ထိပစ္စည်း၏ သဘောကို ကျနစွာ မြင်သိပါမူကား ဤမျှလောက်ပင် အကျိုးများပေတော့သည်။ ။(ညွှန်း- ဦးမြင့်ဆွေ၏ ပဋ္ဌာန်းမဟာ)

 

သမာဓိ ပညာဖြင့် အကုသိုလ်ပယ်ခြင်း

 

ကိုယ်နှင့် နှုတ်မှာ  ဖြစ်ပေါ်လာငြား အကုများ  ပယ်ရှားမြတ်သီလ။

စိတ်အစဉ်မှာ  ဖြစ်ပေါ်လာငြား အကုများ ပယ်ရှားမြတ်သမထ။

ဘဝစဉ်ဆက် ကိန်းလျက်ပါငြား အကုများ ပယ်ရှားမြတ်ပညာ။

 

နိဗ္ဗာန်သည် အတ္ထိပစ္စည်းမထိုက်ပါ

 

ထင်ရှားရှိခိုက် ကျေးဇူးပြုသောကြောင့်  အတ္ထိပစ္စည်းထဲတွင် နိဗ္ဗာန်ပါသင့်သည်ဟု ထင်စရာရှိပါသည်။ အတ္ထိ (၉)မျိုး၏ သုဒ္ဓသင်္ချာကို ကြည့်ပါက နိဗ္ဗာန်မပါဝင်ပေ။ အတ္ထိပစ္စည်းဟူသည် ရှိခိုက်၌ ကျေးဇူးပြုသည်၊ မရှိသည့် အခိုက်၌ ကျေးဇူးမပြုပါ။ နိဗ္ဗာန်ဟူသည် မရှိခိုက်ဟူ၍ မရနိုင်ပေ။ သဘာဝအနေဖြင့် နိဗ္ဗာန်မည်သည် အမြဲတမ်း ရှိနေသည်။ ပမာပြရလျှင် ‘မီးငြိမ်းသည်’ ဟု ဆိုရာတွင် ငြိမ်းခြင်းမည်သော အငြိမ်းဓာတ် ရှိနေပါသည်။  ထို့ကြောင့် နိဗ္ဗာန်သည် အမြဲတမ်းရှိနေသောကြောင့် အတ္ထိပစ္စည်း မတပ်ပေ။ ရှိနေသည့်အခိုက် ကျေးဇူး ပြုပြီး၊ မရှိသည့်အခိုက် ကျေးဇူးမပြုပါဟူ၍ အပြောင်းအလွဲမျိုး မရနိုင်သဖြင့်  နိဗ္ဗာန်ကို အတ္ထိပစ္စည်း မတပ်ရပါ။ ကျန်သည့် သင်္ခါရတရားတို့ကမူ ရှိသည့်အခိုက် ကျေးဇူးပြုကြပြီး မရှိသည့်အခိုက်၌ ကျေးဇူးမပြုကြပေဟု ပါချုပ် ဆရာတော်ကြီး၏ ပဋ္ဌာန်းတရာတော်၌ ဟောကြားထားပါသည်။

 

 

 

 

စိတ်တဇရုပျ

(၄-စတုတ်တ) “စိတ်တစတေသိကာ ဓမ်မာ စိတ်တသမုဋ်ဌာနာနံ ရူပါနံ အတ်ထိပစ်စယနေ ပစ်စယော”။ (စိတျ စတေသိကျ) (နာမျကရုပျကို ကြေးဇူးပွုသညျ)


(၅-ပဉ်စမ) “မဟာဘူတာ ဥပါဒါရူပါနံ အတ်ထိပစ်စယနေ ပစ်စယော”။ (မဟာဘုတျနှင့ျ ဥပါဒါရုပျ) (ရုပျကရုပျကို ကြေးဇူးပွုသညျ)







 

 

 

 

(၆-ဆဋ်ဌမ) စက်ခာယတနံ စက်ခုဝိညာဏဓာတုယာ တံသမ်ပယုတ်တကာနဉ်စ ဓမ်မာနံ အတ်ထိပစ်စယနေ ပစ်စယော။ (အာယတန)



ရပါသည်။ ထို့ကြောင့် စက္ခုပသာဒရုပ်က ကြိုတင် ဖြစ်နှင့် ရသောကြောင့် ပုရေဇာတပစ္စည်း Born earlier က ကျေးဇူးပြု၏။

(၇-သတ္တမ) ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ဝတ္တန္တိယ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။(ဝတ္ထုရုပ်)

ယံရူပံ= ဟဒယဝတ္ထုရုပ်ကို ဆိုလိုပါသည်။ စိတ်၏မှီရာ ဝတ္ထုရုပ်က ခြောက်ခု ရှိပါသည်။ ၎င်းတို့မှာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု နှင့် ဟဒယဝတ္ထုတို့ ဖြစ်ပါသည်။

ဟဒယဝတ္ထုကိုမှီ၍ သိရုံမျှသိသည့် မနောဓာတုနှင့် သေသေချာချာသိသည့် မနောဝိညာဏဓာတုတို့ ဖြစ်ကုန်၏။ ထိုသိရုံမျှသိသည့် မနောဓာတု၊ သေသေချာချာသိသည့် မနောဝိညာဏဓာတုတို့နှင့် ယှဉ်ကုန်သော စေတသိက်တရားတို့အား ဟဒယဝတ္ထုက ကြိုတင်ဖြစ်၍ အတ္ထိပစ္စည်းဖြင့် ကျေးဇူးပြု၏။ (မနောဓာတု = သမ္ပဋိစ္ဆိုင်း။ မနောဝိညာဏဓာတု = သန္တီရဏ)

 

အတ္ထိပစ္စည်းနှင့် ယထာဘူတဉာဏ်

ရုပ်နာမ်တရားတို့ကို ပစ္စုပ္ပန်အနေအားဖြင့် တစ်ခုနဲ့တစ်ခု အတ္ထိပစ္စည်းဖြင့် ဖွဲ့စပ်၍ ကျေးဇူးပြုထား ခြင်းကြောင့် အထူးထူးသော နိမိတ်သဏ္ဍာန် ဟန်ပန်ပုံပန်း အဆန်းတကျယ် ဖြစ်နေကြ၏။ ‘ထိုထို အမျိုးမျိုး အထူး ထူးသော နိမိတ်တို့သည် အတ္ထိပစ္စည်း၏ ကိစ္စပါတကား’ ဟု နားလည်လာသူအဖို့ ထိုထိုနိမိတ်တို့ ပျောက်ကွယ်နိုင် ကြပါသည်။

ဥပမာအားဖြင့် ဆန်ကြိတ်စက်ကြီး၌ အချင်းချင်းဖွဲ့စပ် ချိတ်ဆက်ထားသည့် စက်ယန္ဒယားတို့၏ ပဓာန ဖြစ်သော ခလုပ်ကို မဖွင့်သေးသမျှ ငြိမ်သက်စွာပင် ရှိနေပေမည်။ ထို Starting ခလုပ်ကို ဖွင့်လိုက်သည်နှင့် စက်ယန္ဒယားကြီး၏ ပူလီများ၊ ဘတ်ကြိုးများ၊ ကြိတ်လုံးများ၊ ဆန်ကာများက တလှုပ်လှုပ်တရွရွ လှုပ်၍၊ ယမ်း၍၊ ခါ၍နေတော့သည်နှယ် တူပါသည်။

ပရပတ္ထတရားကို မမြင်နိုင်ရန် ဖုံးကာထားသည့်တရားများ

၁။ နာမပညတ်ခေါ် အမည်ဖုံးကာနေခြင်း။

၂။ သန္တတိပညတ်ခေါ် အစဉ်အတန်းဖုံးကာနေခြင်း။

၃။ သမူဟပညတ်ခေါ် အပေါင်းအစုဖုံးကာနေခြင်း။

၄။ သဏ္ဍာနပညတ်ခေါ် အသွင်သဏ္ဍာန် ဖုံးကာနေခြင်းတို့သည် လောကသားတို့အတွက် ပရမတ္ထ တရားကို မြင်နိုင်စွမ်းမရှိရန် ဖုံးကာထားသည့် တရားစုများ ဖြစ်၏။

၁။ နာမပညတ်

လောက၌ အရာဝတ္ထုမှန်သမျှတို့သည် အမှန်တကယ် ပရမတ်ဖြစ်ကြသည်။ ထိုပရမတ် သဘောတို့ကို နာမည်ခေါ်ဝေါ်၍ မဖြစ်၊ စကားပြောဆို၍ မဖြစ်၊ ထိုသို့ မဖြစ်သဖြင့် ‘ငါ၊ သူ၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ မောင်ဖြူ၊ မောင်မဲ’ စသည်ဖြင့် နာမည်အသီးသီး သတ်မှတ်ထားကြရသည်။ ကာလကြာမြင့်လာသည့်အခါ သတ္တဝါများသည် မူလပရမတ်အပေါ်သို့ စိတ်မရောက်ကြတော့ဘဲ ပညတ်ထားသည့် အမည်နာမတို့တွင်သာ စိတ်စွဲ သွားတတ်ကြသည်။ ထိုအခါ ကြာကြာစံလိုပါက ကြာဇံလှူရမည်ဟု ရှုပ်ထွေးလာသည်။ အနေမြဲရန် ပြောင်းဖူး စိုက်ရမည်။ အင်္ဂလိပ်စကားဖြင့် ပြောင်းဖူးကို Corn ဟု ပြောင်းခေါ်လိုက်ပါက အဘယ်သို့ အနေမြဲရန် မပြောင်းဖူး ဖြစ်တော့မည်နည်း။ သတ်မှတ်ချက်မျှသာ ဖြစ်ပါသည်။ ထို့ကြောင့် မူလဖြစ်သည့် ခန္ဓာငါးပါး သို့မဟုတ် နာမ်ရုပ် တရားဟုခေါ်သည့် ပရမတ်ကို မမြင်နိုင်စွမ်းသည်က အကြောင်းရင်းဖြစ်ပေသည်။

၂။ သန္တတိပညတ်

ပရမတ္တသဘာ၀ အစစ်အမှန်တရားသည် တစ်ခုနှင့်တစ်ခုတစ်ဆက် တစ်စပ်တည်း မဟုတ်ဘဲ၊ အပြတ်၊ အပြတ်များသာ ဖြစ်ကြသည်။ သို့သော် တဆက်တစ်စပ်တည်းဟု ထင်ရလောက်အောင် ဖြစ်ပျက်မှုက မြန်ဆန်လွန်း လှပါသည်။

ဥပမာပြရသော် မှောင်မိုက်သည့် ညဉ့်အခါကာလတွင် ခပ်လှမ်းလှမ်းမှ လူတစ်ယောက်က မီးစတစ်ခုကို ကိုင်၍ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်အောင် မြန်နိုင်သမျှ မြန်မြန်လှည့်ပြလိုက်သည့်အခါ မြင်ရသူတို့က မီးစြင်္ကာဝိုင်းဟု ထင်ရသကဲ့သို့တည်း။ ဤသဘောသည် ပရမတ်အမှန်တရားကို သန္တတိပညတ်က ဖုံးထားခြင်းဖြစ်သည်။

၃။ သမူဟပညတ်

အပေါင်းအစုက ဖုံးအုပ်ထားခြင်း။ ပရမတ် သဘာဝ၌ ရုပ်တရားသည် သူ့ဘာသာသူ၊ သူ့ကလာပ်စည်း နှင့်သူ တစ်ခုပြီးမှတစ်ခု ဖြစ်နေသည်။ စိတ်လည်း ထို့အတူဖြစ်သည်။ တစ်စိတ်ပြီးမှတစ်စိတ် ဖြစ်နေသည်။ အပေါင်း အစုဟူ၍ မရှိပါပဲလျက် အပေါင်းအစုဟူ၍ ထင်မှတ်နေကြသည်။ အထူးသဖြင့် ရုပ်အပေါ်၌ ရုပ်တုံးကြီး၊ ရုပ်ခဲကြီးဟု ထင်မှတ်နေခြင်းသည် သမူဟပညတ် ဖုံးထားခြင်း ဖြစ်သည်။

 

 

၄။ သဏ္ဍာန်ပညတ်

ပရမတ္တသဘာဝ၌ ယောက်ျားသဏ္ဍာန်၊ မိန်းမသဏ္ဍာန်၊ ခွေးသဏ္ဍာန်၊ နွားသဏ္ဍာန်၊ ငှက်သဏ္ဍာန်၊ ဦးခေါင်းသဏ္ဍာန်၊ လက်ခြေသဏ္ဍာန် စသည်ဖြင့် မရှိ။ ထိုသဏ္ဍာန်သည် ပရမတ္တသဘာဝ၏ တည်နေဟန်ကို လိုက်၍ ခေါ်ဆိုနေခြင်းသာ ဖြစ်သည်။ အမှန်တကယ် အရင်းခံပရမတ်မှာ သဏ္ဍာန်အနေဖြင့် မရှိ။

ဥပမာ မြေမှုန့်များကိုစု၍ ရေဖြင့်နှယ်ပြီး နွားသဏ္ဍာန်လုပ်လျှင် နွားရုပ် ခေါ်နိုင်သည်။ ဆင်သဏ္ဍာန် လုပ်လျှင် ဆင်ရုပ်ခေါ်နိုင်သည်။ လူသဏ္ဍာန်လုပ်လျှင် လူရုပ်ခေါ်နိုင်သည်။ မိမိပြုလုပ်ချင်သည့် အရုပ်များကို ပြုလုပ်၍ ခေါ်ဆိုနိုင်ကြပါသည်။ ဤသည်ကိုပင် သူ့တည်နေဟန်ကိုလိုက်၍ အမျိုးမျိုးခေါ်ဆိုနေခြင်း ဖြစ်သည်။ ထို့အတူပင် ပရမတ္ထတရားကိုလည်း သူတို့၏တည်နေရာကို လိုက်၍ လူဟု ခေါ်ချင်ခေါ်ကြသည်။ အိမ် ကျောင်း ဇရပ် ဓမ္မာရုံ အသီးသီးခေါ်ကြသည်။ သို့သော် မူလပရမတ်သည် လူလည်းမဟုတ်၊ နတ်လည်း မဟုတ်၊ အိမ် ကျောင်း ဇရပ် ဓမ္မာရုံလည်း မဟုတ်ပေ။

သတ္တဝါတို့သည် ထိုထိုသဏ္ဍာန်များကိုသာ ကာလရှည်ကြာ ကမ္ဘာပေါင်းများစွာ အမှားကြာလာတော့ အမှန် ဖြစ်နေတော့သည်။ ထို့ကြောင့် တကယ့်အစစ်အမှန် ပရမတ်များကိုမူ မမြင်ကြတော့ဘဲ သဏ္ဍာန်ပညတ်တို့ အပေါ်၌ ထင်မြင် စွဲလမ်းနေကြပေတော့သည်။

ပရမတ်ကွယ်သောကြောင့် ကိလေသာဖြစ်ကြသည်

ဤပညတ်တို့၏ အစွမ်းဖြင့် နိမိတ်ပုံသဏ္ဍာန် အသီးသီး ပေါ်လွင်နေသောကြောင့် တင့်တယ်သည်၊ မင်္ဂလာ ရှိသည်၊ ကောင်းမြတ်သည်၊ ချစ်ခင်ဘွယ်ဖြစ်သည်ဟု ထင်မှတ်ပြီးကာ လိုခြင်မှု၊ လိုခြင်မှု၊ လိုခြင်မှုတို့က အတော မသတ်နိုင်ဘဲ ပွားများနေကြရပါသည်။

မူလသဘောအားဖြင့် နိမိတ်အမှတ်အသား လက္ခဏာမရှိပါက လောဘဟူ၍ မရှိနိုင်တော့ပေ။ အတ္ထိ ပစ္စည်းဖြင့် ရုပ်နာမ်တို့အချင်းချင်း ကျေးဇူးပြုပုံကို အတိအကျ မြင်လာနိုင်ပါက နိမိတ်သဏ္ဍာန် ပျောက်ကွယ်ပြီးမူ သဘောမှန်အတိုင်း သိရှိလာနိုင်သဖြင့် လောဘလည်းမရှိရကား သာယာဘွယ်ဟု ထင်မှတ်မှားရန် မရှိနိုင်တော့ပေ။

ဤရုပ်နာမ်တရားတို့၏ အစဉ်ဖြစ်နေသည့် ပညတ်တို့၏ အစွမ်းအားဖြင့် ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ လှပသည်၊ တင့်တယ်သည်၊ မြတ်နိုးဘွယ်ဖြစ်နေသည်မှာ အတ္တဇီဝရှိသဖြင့်ဟု စွဲထင်မှတ်မှား နေကြပါသည်။ အတ္ထိ ပစ္စယသတ္တိဖြင့် “ဒီတရားရှိနေလို့သာ ဒီတရားရှိရတယ်၊ ဒီတရားတည်နေဖို့ရာ ဒီတရားက ကျေးဇူးပြုထားတယ်”ဟု အမှန်ကို အမှန်အတိုင်း သဘာဝတရား၏ ကျေးဇူးပြုပုံကို မြင်နိုင်စွမ်းပါမူကား အတ္တဇီဝစသည့်အယူ သုဉ်းဆိတ်နိုင် ပါသည်။

တစ်နည်းအားဖြင့် ရူပါရုံအဆင်းကို အာရမ္မဏာပုရေဇာသတ္တိကြောင့် မြင်ခြင်းဟူသော စက္ခုဝိညာဏ် ဖြစ်နေသည်။ ဤသည်မှာအကြောင်းကိုစွဲ၍ အကျိုးတရား ဖြစ်မှုသာတည်း။ “ငါမြင်တာမဟုတ်၊ သဟဇာ တတ္ထိကြောင့် ရုပ်နာမ်အစဉ်ဖြစ်နေတာ၊ ငါဖြစ်နေတာမဟုတ်၊ ပစ္ဆာဇာတတ္ထိနာမ်တရားတို့ကြောင့် ဒီစတုသမုဋ္ဌာနိက ရုပ်တရားတွေတည်နေတယ်၊ ငါတည်နေတာ မဟုတ်။ ရုပ်အာဟာရတ္ထိ သြဇာကြောင့် စတုသမုဋ္ဌာနိက ရုပ်တရားတို့ အင်အားပြည့်ဝပြီး ရွှင်လန်းလတ်ဆတ်နေတယ်၊ ငါအင်အားပြည့်၀ လတ်ဆတ်နေတာ မဟုတ်ဘူး။ ရူပဇီဝိတိန္ဒြိယ အတွက် ကမ္မဇရုပ်တို့ မပျက်မပြားဘဲ ရှည်ကြာစွာ အသက်ရှိတဲ့အသွင်နဲ့ တည်နေနိုင်တာဖြစ်တယ်၊ ငါတည်နေ နိုင်တာ မဟုတ်”ဟု အတ္ထိပစ္စည်း၏ သဘောမှန်ကို ဆင်ခြင်နိုင်လျှင် ယုံမှားမှုများ ကင်းပျောက်နိုင်ပါသည်။

 

အတ္ထိပစ္စည်း၏ ဝိပဿနာအမြင်ကိုပြခြင်း

(၁) ရူပါရုံတည်းဟူသော ပုရေဇာတတ္ထိပစ္စည်းအတွက်ကြောင့် မြင်ခြင်းတည်းဟူသော ‘ဝိညာဏ်’ ပစ္စယုပ္ပန်တွေ ဖြစ်၍နေသည့် အကြောင်းကို အစွဲပြုပြီး၊ အကျိုးတရား ဖြစ်ပွား၍နေသော ပဋိစ္စသမုပ္ပာဒ်တည်း။ ‘ငါမြင်သည် မဟုတ်’ဟု စက္ခုဒွါရ၌ ယုံမှားကင်းလေ၏။ သောတဒွါရ စသည်တို့၌လည်း ဤနည်းတူ သိပါလေ။

(၂) သဟဇာတတ္ထိ ပစ္စည်းအတွက်ကြောင့် ရုပ်နာမ်အစဉ် ဖြစ်နေသည်။ “ငါဖြစ်နေသည် မဟုတ်” ဟု သိရမည်။

(၃) ပစ္ဆာဇာတတ္ထိ ပစ္စည်းထိုက်သော နာမ်တရားတို့အတွက်ကြောင့် (ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ကြောင့်ဖြစ်သော) ဤစတုသမုဋ္ဌာနိကရုပ်သည် တည်တံ့၍ နေနိုင်သည်။ ”ငါတည်နေ သည် မဟုတ်”ဟု သိရမည်။

(၄) အာဟာရတ္ထိ ပစ္စည်းထိုက်သော ‘သြဇာ’အတွက်ကြောင့် စတုသမုဋ္ဌာနိကရုပ်တရားတို့ အားအင်ပြည့်ဝ၊ ရွှင်ပလတ်ဆတ်၍ နေသည်။ “ငါအင်အားပြည့်၀ လတ်ဆတ်၍ နေသည်မဟုတ်”ဟု သိရမည်။

(၅) ဣန္ဒြိယတ္ထိပစ္စည်းထိုက်သော ရုပ်ဇီဝိတအတွက်ကြောင့် သတ္တဝါထင်စရာ, အထည်ကိုယ်ဖြစ်သော ကမ္မဇရုပ်တို့ မပျက်ပြားဘဲ၊ ရှည်ကြာစွာ အသက်ရှိကြသည့်အသွင်ဖြင့် တည်နေနိုင်သည်။ “ငါတည်နေနိုင်သည် မဟုတ်”ဟု သိရမည်။

ဤသို့ အတ္ထိပစ္စည်း၏သဘောကို ကျနစွာ သိစွမ်းနိုင်ပါမူ ယုံမှားခြင်း အမျိုးမျိုးပျောက်၍ ကင်္ခါဝိတရဏ ဝိသုဒ္ဓိဉာဏ်လမ်း ပေါက်နိုင်လေသည်။ ယင်းဉာဏ်အမြင်ရှိသူသည် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းကွာသွားပြီ ဖြစ်ရကား စူဠသောတာပန်မည်တော့သည်ဟု ဝိသုဒ္ဓိမဂ် (ဒု၊ ၂၄၀)၌ မိန့်ဆိုလေသည်။ အတ္ထိပစ္စည်း၏ သဘောကို ကျနစွာ မြင်သိပါမူကား ဤမျှလောက်ပင် အကျိုးများပေတော့သည်။ ။(ညွှန်း- ဦးမြင့်ဆွေ၏ ပဋ္ဌာန်းမဟာ)

သမာဓိ ပညာဖြင့် အကုသိုလ်ပယ်ခြင်း

ကိုယ်နှင့် နှုတ်မှာ ဖြစ်ပေါ်လာငြား အကုများ ပယ်ရှားမြတ်သီလ။

စိတ်အစဉ်မှာ ဖြစ်ပေါ်လာငြား အကုများ ပယ်ရှားမြတ်သမထ။

ဘဝစဉ်ဆက် ကိန်းလျက်ပါငြား အကုများ ပယ်ရှားမြတ်ပညာ။

နိဗ္ဗာန်သည် အတ္ထိပစ္စည်းမထိုက်ပါ

ထင်ရှားရှိခိုက် ကျေးဇူးပြုသောကြောင့် အတ္ထိပစ္စည်းထဲတွင် နိဗ္ဗာန်ပါသင့်သည်ဟု ထင်စရာရှိပါသည်။ အတ္ထိ (၉)မျိုး၏ သုဒ္ဓသင်္ချာကို ကြည့်ပါက နိဗ္ဗာန်မပါဝင်ပေ။ အတ္ထိပစ္စည်းဟူသည် ရှိခိုက်၌ ကျေးဇူးပြုသည်၊ မရှိသည့် အခိုက်၌ ကျေးဇူးမပြုပါ။ နိဗ္ဗာန်ဟူသည် မရှိခိုက်ဟူ၍ မရနိုင်ပေ။ သဘာဝအနေဖြင့် နိဗ္ဗာန်မည်သည် အမြဲတမ်း ရှိနေသည်။ ပမာပြရလျှင် ‘မီးငြိမ်းသည်’ ဟု ဆိုရာတွင် ငြိမ်းခြင်းမည်သော အငြိမ်းဓာတ် ရှိနေပါသည်။ ထို့ကြောင့် နိဗ္ဗာန်သည် အမြဲတမ်းရှိနေသောကြောင့် အတ္ထိပစ္စည်း မတပ်ပေ။ ရှိနေသည့်အခိုက် ကျေးဇူး ပြုပြီး၊ မရှိသည့်အခိုက် ကျေးဇူးမပြုပါဟူ၍ အပြောင်းအလွဲမျိုး မရနိုင်သဖြင့် နိဗ္ဗာန်ကို အတ္ထိပစ္စည်း မတပ်ရပါ။ ကျန်သည့် သင်္ခါရတရားတို့ကမူ ရှိသည့်အခိုက် ကျေးဇူးပြုကြပြီး မရှိသည့်အခိုက်၌ ကျေးဇူးမပြုကြပေဟု ပါချုပ် ဆရာတော်ကြီး၏ ပဋ္ဌာန်းတရာတော်၌ ဟောကြားထားပါသည်။

 

 190 total views,  1 views today

By admin

Leave a Reply

Your email address will not be published.