မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းမှ အဘိဝိနယာစရိယစာပြန်ပွဲများကို နှစ်စဉ် ကျင်းပလာခဲ့ရာ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ပထမအကြိမ်၊၂၀၂ဝ ခုနှစ် ဇူလိုင်လတွင် ဒုတိယအကြိမ်နှင့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် တတိယအကြိမ်တို့ကို ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုနှစ်ဇူလိုင်လတွင် စတုတ္ထအကြိမ်မြောက် စာတော်ပြန်ပွဲကို ကျင်းပသွားမည် ဖြစ်ပါသည်။

စတုတ္ထအကြိမ်မြောက် စာတော်ပြန်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂) ကို မေလ ၁၅ ရက် နေ့လည် ၁:ဝဝ နာရီအချိန်တွင် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)၏ သိရိမင်္ဂလာသာသနာ့ဗိမန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရဟန်းသံဃာတော် (၇)ပါး၊ လူပုဂ္ဂိုလ် (၇၅) ဦး တက်ရောက်ခဲ့ကြပြီး ကဏ္ဍအလိုက် လုပ်ငန်းများကို အကောင်အထည်‌ဖော်ဆောင်ရွက်မည့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ စတုတ္ထအကြိမ် မြောက် စာတော်ပြန်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအသေးစိတ် အစီအမံများ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ ကြပါသည်။

ယခုနှစ် စတုတ္ထအကြိမ်မြောက် စာတော်ပြန်ပွဲကို ဇွန်လ(၂၈) အင်္ဂါနေ့နံနက်ပိုင်းတွင် ဝိနည်းလက်တွေ့ကျင့်သုံးကိုလက်တွေ့စစ်ဆေးပါမည်။ ညနေပိုင်းတွင် အာဂုံစာရေးဖြေစစ်ဆေးပြီးဇွန်လ (၂၉) ရက်နေ့မှဇူလိုင်လ (၂)ရက်နေ့အထိရေးဖြေစာမေးပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ဇူလိုင်လ (၃)ရက်နေ့တွင်‌ စာအောင်သံဃာတော်များအား အောင်လက်မှတ်များ ဆက်ကပ်သွားမည်ဖြစ်ပါသည်။

 

Loading