မာတိကာ
တယ်လီဖုန်းစကား Let’s Telephone!
ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာကြီးရဲ့ လူမှုလောက ဆက်ဆံရေးမှာ Telephone ဟာ မရှိမဖြစ် အရေးကြီးတဲ့ ဆက်သွယ်ရေးပစ္စည်း ဖြစ်လို့လာပါပြီ။
Telephon ခေါ်သံကြားရင် သာမာန်အခြေအနေမှာကို ရင်ထဲ ဒိတ်ကနဲတော့ ဖြစ်တတ်တယ်နော်။
သတိနှင့်ပဲဂဏန်းကို နှိပ်လိုက်ပါလား။
ဒါကြောင့် တယ်လီဖုန်းပေါ်က ဂဏန်းတွေ မနှိပ်ခင် ကိုယ်ပြောမယ့် ပုဂ္ဂိုလ်ရဲ့ မျက်နှာကို စိတ်ထဲဖော်ပြီး ၂စက္ကန့် ဖြစ်ဖြစ် ၃ စက္ကန့်ဖြစ်ဖြစ် မေတ္တာပို့ပါဦး။
နို့မဟုတ်ရင် စိတ်မရှည်လည်း ဖြစ်တတ်တယ်။ စိတ်လည်းဆိုးတတ်တယ်။ စိတ်ဆိုးရင်တော့ Energy lost ဖြစ်မယ်နော်။
အဲသလို စိတ်လှုပ်ရှားလိုက်ရတာ စိတ်ဆိုးရတာကြောင့် Energy Waste ဖြစ်သွားပြီနော်။ Telephon ခေါ်သံကြားတာနှင့် သတိကပ်တဲ့ အကျင့် လုပ်သင့်ပါတယ်ဗျာ၊ လေ့ကျင့်ကြည့်ပါနော်။ ဘယ်လို စလေ့ကျင့်ရမလဲ။၊
Telephon သံကြားတာနှင့် အသက်ကို သတိကပ်ပြီး ၀၀လေး ရှုလိုက်ပါဦးလား။ ပြီးမှ ငြိမ်းအေးတဲ့ စိတ်နှင့် မေတ္တာ ကရုဏာ ပြည့်ဝတဲ့အသံနှင့် သတိကပ်ပြီး Telephonပေါ်က နှုတ်ခွန်းဆက်စကား Hello လို့ပြောလိုက်ရင် နှစ်ဦး နှစ်ဖက် စိတ်ချမ်းသာမှာပါ။

နောက်ဆိုရင် Telephon ring ခေါ်သံဟာ Be Mindful! လို့ ပြောနေတဲ့ Signal လို့ သဘော ထားနိုင်တဲ့ထိ လေ့ကျင့်စေချင်ပါတယ်။ လေ့ကျင့်ကြည့်ပါ ဖြစ်နိုင်ပါတယ်။
ဒါကြောင့်Telephon ခေါ်သံ = Mindfulness Signal
ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။
www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။