ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။
www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။
မာတိကာ
မျက်နှာသစ်မယ် Let’s clean the face

နေ့တိုင်း နေ့တိုင်း မျက်နှာသစ်နေရတယ်နော် မျက်နှာသစ်တာကိုလည်း သတိပြုကြည့်ပါဦးလား၊ မျက်နှာကို ရေအေးအေးထိတာ ရံခါတော့ ရေနွေးသုံးရတာတွေမှာလည်း သိလို့ရပါတယ်။
ရေချိုးခန်းထဲမှာ မွှေးတဲ့ဆပ်ပြာ နှစ်မျိုးနှစ်စားရှိရင် ပိုမွှေးတာနှင့်မှ မျက်နှာ သစ်ချင်နေတဲ့ စိတ်ရဲ့သဘာဝကိုလည်း သိလို့ရတာပါပဲ။
မျက်နှာကို တဘက်နဲ့ သုတ်တဲ့အခါ နူးညံ့မှု ခံစားရတာ မျက်နှာသုတ်ပြီးရင် လန်းဆန်း သွားတာကိုလည်း ခံစားလို့ရပါတယ်။
ဒါထက်မက မျက်နှာသစ်ရင်း သိစရာတွေ အများကြီး အများကြီး ရှိနိုင်ပါ သေးတယ်။
ဒီနေရာလေးမှာလည်း mind fulness practiceကို လက်မလွှတ်သင့်ပါဘူး။ သိနိုင်သလောက်ကိုတော့ သိသိပြီး မျက်နှာသစ်သင့်ပါတယ်။
မျက်နှာသစ်ပြီးပြီ၊ ဒီနေ့ တစ်နေ့တာကို ရင်ဆိုင်ရတော့မယ်၊ ခိုက်ရန်ဖြစ်တတ်တဲ့ လူ့ဘောင်၊ ငြင်းခုံတတ်တဲ့ လူ့ဘောင်၊ ရှုတ်ထွေးနေတဲ့ လူ့ဘောင်မှာ ရိုးရိုးရှင်းရှင်း ခိုက်ရန် မဖြစ်ဘဲ နေတတ်ဖို့ပညာလည်း အရေးတကြီး တတ်ထားရဦးမယ်နော်။
ဒါကြောင့် မနက်အစောမျက်နှာသစ်ပြီးတာနှင့် ငါးမိနစ်ဖြစ်ဖြစ် တရားထိုင်ပြီးမှပဲ တစ်နေ့တာကို ရင်ဆိုင်ဖို့ လေ့ကျင့်စေချင်ပါတယ်။
ပြောမပြနိုင်တဲ့အကျိုးရနိုင်ပါတယ်ဗျာ။
87 total views, 1 views today