ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။
www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။
မာတိကာ
သွားတိုက်မယ် Let’s Brush the Teeth!

သွားတိုက်တဲ့ Process ကို သေသေချာချာ သတိပြုကြည့်ပါလား။ နေ့တိုင်း နေ့တိုင်း တစ်နေ့ နှစ်ကြိမ် သုံးကြိမ်တော့ သွားတိုက်နေတာပါပဲ။
Tooth brush က ညာဘက်ခြမ်းသွားကို တိုက်ရာကနေ ဘယ်လိုလုပ်ပြီး ဘယ်ဘက် သွားဆီကို ရောက်သွားသလဲ၊ ဘယ်ဘက်ကို တိုက်နေရာကနေ Tooth brush က လှစ်ခနဲ အပေါ်ဆုံးသွားရဲ့ အတွင်းဘက်ကို ရောက်သွားပြန်တယ်။
သတိပြုကြည့်ပါဦးလား၊
သတိပြုကြည့်ပါဦးလား။
ခိုင်းတဲ့စိတ်က လက်ကို အမိန့်ပေးပြီး ခိုင်းလိုက်လို့Tooth brush က ပါးစပ်တစ်ခုလုံးကို ရွေ့ရွေ့ သွားနေတာ ပါ။ ခိုင်းတဲ့ စိတ်ကို မြင်ရင်တော့ ရှင်းပါတယ်။
ဒါပေမယ့် အလောတကြီး စိတ်မရှည်ပဲ သတိလက်လွတ်ကြီးTooth brushနှင့် သွားတွေကို အတင်း ပွတ်တိုက်ပြီး ဆွဲခဲ့တာပဲ များခဲ့ပြီနော်။
ဒီကနေ့ကစပြီး သွားတိုက်တာမှာလည်း Mindfulness ဖြစ်အောင် လေ့ကျင့်ကြရအောင်လား။
သွားပွတ်တံကိုင်တာ သွားတိုက်ဆေးညစ်တာ၊ သွားတိုက်ဆေးများသွားမှာ စိုးရိမ်တာ၊ သွားတိုက် ဆေးဗူး အဖုံးပိတ်တာ၊ သွားပွတ်တံ ပါးစပ်ထဲထည့်တာ၊ လက်လှုပ်ရှားတာ၊ သွားပွတ်တံနှင့် သွားတွေထိလို့ အသံကြားရတာ၊ သွားတိုက်ဆေးအရသာ ပူစပ်စပ် ဖြစ်နေတာ၊ နှာခေါင်းမှာ သွားတိုက်ဆေး အနံ့ရနေတာတွေ ထဲက ထင်ရှားရာ၊ ထင်ရှားရာကို သိနိုင်သလောက် သိပေးရာကနေ စလို့ရပါပြီ။
ဒီနေ့ သွားတိုက်တာကနေ Let’s Practice from Today. စလိုက်ကြရအောင်လေ။
65 total views, 1 views today