ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။
www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။
ဆိုင်ကယ်မောင်းမယ် Let’s Bike
တိုးတက်ဖွံ့ဖြိုးလာတာနှင့်အမျှ ဆိုင်ကယ်တွေက စက်ဘီးရဲ့ နေရာကို အတင်းလုယူ လိုက်ကြပါပြီ။
စက်ဘီးလဲရင် ဒူးကွဲ၊ တံတောင်ပွန်းရုံ၊ အလွန်ဆုံး လက်ကျိုးရုံထက် မပိုပါဘူး။ ကားက မောင်းတဲ့သူ ခံရခဲတယ်။ ဆိုင်ကယ်ကတော့ သတိဥာဏ် အဆင်ခြင်နည်းရင် စက္ကန့်ပိုင်းမှာတင် လူကောင်းကနေ ဒုက္ခိတ ဘ၀ကို ရောက်သွားနိုင်သလိုဘ၀ခြားသည့်တိုင်လည်း ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ဆိုင်ကယ် စက်မနှိုးခင် seat ပေါ်ထိုင်ပြီး လက်ကိုင်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီးတာနှင့် မိမိသွားမယ့် အရပ်မျက်နှာမှာရှိတဲ့ ပုဂ္ဂိုလ်တွေကို မေတ္တာပို့လိုက်ပါဦးလား။
မေတ္တာဟာ ဘေးအန္တရာယ် ကင်းစေနိုင်ပါတယ်။ ဝေနေယျအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေ။
May All Living Being be Healthy.
. ဝေနေယျအားလုံး ကိုယ်စိတ်နှစ်ဖြာ ပျော်ရွှင် ချမ်းမြေ့ပြီး ငြိမ်းအေးပါစေ။
May All Living Being be Happy and Peaceful.
မေတ္တာပို့ပြီးသွားရင်တော့ သော့ဖွင့်စက်နှိုးတာပေါ့။ စက်ရှိန်ကြောင့် ဆိုင်ကယ် တုန်ခါတာတွေ၊ လက်နဲ့လီဘာကို လှည့်ကစားရတာတွေ၊ စက်သံ ပြောင်းလဲတာတွေ၊ မီးခိုးငွေ့ အနံ့ရတာတွေ၊ ဂီယာ ပြောင်းရတာတွေ၊ ဘီးလှိမ့်သွားတာတွေကိုလည်း သိနိုင်သလောက်၊ သိနိုင်သလောက်ကို သိ သိ သိ ပေးပါ။
လမ်းပေါ် ဆိုင်ကယ်ပြေးနေတုန်းလည်း သိနိုင် သလောက်ကို သိ သိ သိပေးပါဦးလား။
မေတ္တာလည်း ပို့ပြီးပြီ။ တရားသတိလည်း ရှိနေပြီ၊ ခရီးလည်း အစစ အဆင်ပြေ ချောမွေ့မှာပါ။
May your journey be safe and peace!
75 total views, 1 views today