ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

မျဉ်းကြားကကူးမယ်   Let’s across the road!

မျဉ်းကြားထိပ်မှာ ရပ်နေတာကို တတ်နိုင်သလောက် တစ်ချက်ပဲရရ သိသိပေးလိုက်ပါ၊ ဒါမှ မဟုတ် သတိကပ်ပြီး အသက်၀၀လေးတစ်ချက် ကလေးဖြစ်ဖြစ် ရှုလိုက်ပါဦး။

          နို့မဟုတ်ရင်လည်း လောနေတဲ့စိတ်ကို သိပေးပါလား၊ လူကူးမျဉ်းကြားမှာရပ်ပြီး ဘာလို့စိတ်က ဒီလောက်ကြီး လောနေတာလဲ ၊

          အရှိန်လျှော့မောင်းလာပြီး ကိုယ်လမ်းကူးမယ့် မျဉ်းကြားထိပ်မှာ ရပ်ပေးတဲ့ကား Driver ကို စိတ်ထဲ ချီးမွမ်းဖူးပါသလား။

    ဒါဆိုရင် မရပ်ပေးတဲ့ ကား Driver ကိုလည်း ခွင့်လွှတ်တတ်ဖို့ လေ့ကျင့်ရပါဦးမယ်။  

Daily Life
Dhamma Training Center

    “သူ့ခမျာ သိပ်အရေးကြီးလို့ မရပ်တာ နေမှာပါ’’ လို့ ဖြည့်ပြီး တွေးပေးလိုက်ရင် ဒီနေ့ စိတ်မဆိုးဘဲ မျဉ်းကြားကူးလို့ရပါပြီ။ မနက်ဖြန်လည်း လူကူးမျဉ်းကြားကို စိတ်မလောဘဲ၊ စိတ်မဆိုးဘဲ ကူးမယ်လို့ ဆုံးဖြတ်ချက် ချထားလိုက်ရအောင်လေ။                            

      မိမိစိတ် ပူလောင်တာလည်း မိမိမှာပဲ တာဝန်ရှိတယ်၊ မိမိစိတ် ငြိမ်းအေးဖို့လည်း မိမိမှာပဲ တာဝန် ရှိပါတယ်။ Other people are not responsible for my happiness or unhappiness. သတိမရှိတဲ့ စိတ်က အမြဲပူလောင်ပင်ပန်း နေတာပါပဲ။ အချိန်တိုင်း နေရာတိုင်းမှာ သတိရှိဖို့ 

Mindfulness prectice ကို မျဉ်းကြားကူးရင်းလည်း လေ့ကျင့်ရအောင်နော်။

Loading

By admin

Leave a Reply

Your email address will not be published. Required fields are marked *