Hetu paccayo

ဟေတုပစ္စယော
ဟေတုပစ္စယော

ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ Daily Life Patthana ၁- ဟေတုပစ္စယော Hetu Paccayo (Root Condition) (PDF ဖိုင်) အား အောက်တွင် ရှိသော Link မှ Download ယူနိုင်ပါသည်။

ဟေတုပစ္စယော
ဟေတုပစ္စယော
ဟေတုပစ္စယော
ဟေတုပစ္စယော
ဟေတုပစ္စယော
ဟေတုပစ္စယော

၁- ဟေတုပစ္စယော HETU PACCAYO (ROOT CONDITION) (1/6)

၁- ေဟတုပစၥေယာHetu Paccayo (Root condition) (1/6)
၁။ ကုသလတ္တိက  ၇။ ပဥှာဝါရ
၁။ ပစ္စယာနုလောမံ  ၁။ ဝိဘင်္ဂဝါရ
 
၁။ ဟေတုပစ္စယော  Hetu Paccayo (Root Condition)

Hetupaccayoti  – hetū hetusampayuttakānaC dhammānaC taCsamummhānānańca rūpānaC hetupaccayena paccayo.

  1. Hetu Paccaya (Root condition)

            The first condition is Hetu Paccaya. There are six Hetus. ‘Hetu’ here means root. It is compared with roots of a tree. Just as the roots maintain a tree or make a tree firm, strong and prosperous. These roots make co-nascent consciousness and mental factors and also the mind-produced matter and kamma produced matter firm, strong and prosperous.

            Hetu is compared to roots of a tree. Among the six roots greed, hatred, delusion, non-greed, non- hatred and non-delusion. If you look at the roots and a tree, you know that the roots and the tree must be existing at the same time. Roots and the tree must be connected. In the same way, the conditioning factor here must be connected with conditioned factor. The conditioned factors must be arise simultaneously with conditioning states.

  1. Hetupaccayo Pańhāvāro
  1. Kusalo dhammo kusalassa dhammassa hetupaccayena paccayo – kusalā hetū sampayuttakānaC khandhānaC hetupaccayena paccayo. Kusalo dhammo abyākatassa dhammassa hetupaccayena paccayo – kusalā hetū cittasamummhānānaC rūpānaC hetupaccayena paccayo. Kusalo dhammo kusalassa ca abyākatassa ca dhammassa hetupaccayena paccayo – kusalā hetū sampayuttakānaC khandhānaC cittasamummhānānańca rūpānaC hetupaccayena paccayo. (3)
  1. Akusalo dhammo akusalassa dhammassa hetupaccayena paccayo – akusalā hetū sampayuttakānaC khandhānaC hetupaccayena paccayo. Akusalo dhammo abyākatassa dhammassa hetupaccayena paccayo – akusalā hetū cittasamummhānānaC rūpānaC hetupaccayena paccayo. Akusalo dhammo akusalassa ca abyākatassa ca dhammassa hetupaccayena paccayo – akusalā hetū sampayuttakānaC khandhānaC cittasamummhānānańca rūpānaC hetupaccayena paccayo. (3)
  2. Abyākato dhammo abyākatassa dhammassa hetupaccayena paccayo – vipākābyākatā kiriyābyākatā hetū sampayuttakānaC khandhānaC cittasamummhānānańca rūpānaC hetupaccayena paccayo; pamisandhikkhaGe vipākābyākatā hetū sampayuttakānaC khandhānaC kamattā ca rūpānaC hetupaccayena paccayo. (1)

၁- ဟေတုပစ္စယော HETU PACCAYO (ROOT CONDITION) (2/6)

၁- ေဟတုပစၥေယာHetu Paccayo (Root condition) (2/6)
၁။ ဟေတုပစ္စယော ပဥှာဝါရပါဠိ
၄၀၁။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကုသလာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)
၄၀၂။ အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။ အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အကုသလာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ အကုသလော ဓမ္မော အကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၃)
၄၀၃။ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ ဝိပါကာဗျာကတာ ကိရိယာ ဗျာကတာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော၊ ပဋိသန္ဓိက္ခဏေ ဝိပါကာ ဗျာကတာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (၁)




၁။ ဟေတုပစ္စယော ပဥှာဝါရပါဠိနှင့် မြန်မာ

၄၀၁။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (ကု၊ ကု-၁)
ကုသိုလ်တရားသည် ကုသိုလ်တရားအား ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ ဟေတုပစ္စယေန ပစ္စယော။
အလောဘ၊ အဒေါသ၊ အမောဟဟူသော ကုသိုလ်ဟိတ်တစ်ပါးပါးသည် အတူယှဉ်ဖြစ်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာတို့အား ဟေတုပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။


ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (ကု၊ ဗျာ-၂)
ကုသိုလ်တရားသည် အဗျာကတတရားအား ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ကုသလာ ဟေတူ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ကုသိုလ်ဟိတ်တစ်ပါးပါးသည် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အား ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။


ကုသလော ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော။ (ကု၊ ကု၊ ဗျာ-၃)
ကုသိုလ်တရားသည် ကုသိုလ်တရားအားလည်းကောင်း၊ အဗျာကတတရားအားလည်းကောင်း ဟေတုပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။
ကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကုသိုလ်ဟိတ် တစ်ပါးပါးသည် အတူယှဉ်ဖြစ်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာတို့အားလည်းကောင်း၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇ ရုပ်တို့အားလည်းကောင်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၁- ဟေတုပစ္စယော HETU PACCAYO (ROOT CONDITION) (3/6)

၁- ေဟတုပစၥေယာHetu Paccayo (Root condition) (3/6)
ဘဝနှင့် ပဋ္ဌာန်းသင်ခန်းစာ

ရှေးဆရာတော်ကြီးများက ဟေတုကို ရေသောက်မြစ်ဟု ဥပမာပြုတော်မူကြပါသည်။ ဟေတုဟူသည် အကြောင်း တရားဖြစ်သည်။ ဟေတုပစ္စယမှာမူ အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သည့်တရားဟု အဓိပ္ပါယ်ယူနိုင် ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ပဋ္ဌာန်းကျမ်းများတွင်မူ ဟေတုကို Root ရေသောက်မြစ်ဟု ဘာသာပြန်ဆိုကြ ပါသည်။
      ရေသောက်မြစ်တွင် အခြေအမြစ် နှစ်မျိုးရှိ၏။ ကောင်းမွန်သည့် ကုသိုလ်ရေသောက်မြစ်နှင့် မကောင်းသည့် အကုသိုလ်ရေသောက်မြစ်တို့ ဖြစ်ပါသည်။ ကုသလဟေတုနှင့် အကုသလဟေတုတို့ ဖြစ်သည်။ အလောဘ၊ အဒေါသ၊ အမောဟတို့သည် ကောင်းသည့် ကုသိုလ်ရေသောက်မြစ်များ ဖြစ်ကြပါသည်။ လောဘ၊ ဒေါသ၊ မောဟ တို့သည် မကောင်းသည့် အကုသိုလ်ရေသောက်မြစ်များ ဖြစ်ကြပါသည်။
      ပါဠိဘာသာတွင် ‘န၊ အ၊ မ’ အက္ခရာတို့သည် အင်္ဂလိပ်ဘာသာတွင် Negative နှင့် သဘောခြင်း တူညီသည်။ ဥပမာ- လောဘသည် လိုချင်တပ်မက်ခြင်း၊ မစွန့်နိုင်၊ မခွါနိုင်သည့်သဘောဖြစ်ပြီး၊ အလောဘသည် ပေးကမ်း စွန့်ကြဲခြင်း၊ ရက်ရောခြင်း၊ လှူဒါန်းခြင်း၊ စွန့်လွှတ်နိုင်ခြင်းဟု အဓိပ္ပါယ်ရပါသည်။

ဟေတုပစ္စည်း၏သင်္ချာ

ဟေတု၏သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် ‘ဟေတုယာ သတ္တ’ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါ အတိုင်း လေ့လာနိုင်ပါသည်။

ကုသလ ဓမ္မ သင်္ချာ  – ၃

(၁) ကု – ကု (၂) ကု – အကု (၃) ကု – ကု ဗျာ

အကုသလ ဓမ္မ သင်္ချာ – ၃

(၁) အကု – အကု   (၂) အကု – ကု   (၃) အကု – အကု ဗျာ

အဗျာကတဓမ္မာ သင်္ချာ-၁

(၁) ဗျာ – ဗျာ

ကုသိုလ်နှင့် အကုသိုလ်ရေသောက်မြစ်

ကုသိုလ်ရေသောက်မြစ်ဖြစ်သည့် အလောဘ၊ အဒေါသ၊ အမောဟတွင် စွန့်လွှတ်နိုင်စွမ်းသည့်  အလောဘ ရေသောက်မြစ်၊ ခွင့်လွှတ်နိုင်စွမ်းသည့် အဒေါသ မေတ္တာရေသောက်မြစ်နှင့် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းသည့် အမောဟ ရေသောက်မြစ်တို့က အမြတ်စား အကောင်းစား ရေသောက်မြစ်များ ဖြစ်ကြ၏။

     ဟေတုကို ရှေးဆရာမြတ်တို့ ဖွင့်ဆိုချက်နှင့်အညီ ရေသောက်မြစ်ဟု ယူပြီး သုံးသပ်မည်ဆိုလျှင် မြေကြီး တူတူ ရေသောက်မြစ်က စုပ်ယူပုံ မတူညီသောကြောင့်သာ ချို ချဉ် ခါး ဖန် အရသာများ၊ ဖြူ နီ ဝါ ပြာ စသည့် အရောင်အဆင်းများ အသီးသီး ကွဲပြားခြားနားနေခြင်း ဖြစ်ပါသည်။

          ထို့အတူ လောကအာရုံ ၆-ပါးဟူသော ‘အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့’တို့ကလည်း မည်သူ့အတွက် အကုသိုလ်ဖြစ်စေပြီး မည်သူ့အတွက်မှာမူ ကုသိုလ်ဖြစ်စေဟူ၍ မရှိကောင်းပါပေ။ မိမိတို့ အသီး သီး၏ ကိလေသာဓါတ်ခံနှင့် ပါရမီဓါတ်ခံအပေါ်၌သာ မူတည်ပေသည်။

ဆန်ခြင်းနှင့် စုန်ခြင်း

ဇောက ကုသိုလ်ဇော၊ အကုသိုလ်ဇော၊ ကြိယာဇောဟူ၍ သုံးပါးရှိကြရာတွင် ကြိယာဇောကား ဘုရား ရဟန္တာတို့မှာသာ ဖြစ်ကြ၏။ ကြွင်းနှစ်ပါးတို့ကား ပုထုဇဉ်၊ သေက္ခတို့မှာ ဖြစ်ကြ၏။

ကုသလာဓမ္မာ ဖြစ်ရန်မှာမူ ယောနိသော မနသိကာရ ၊ ကလျာဏမိတ္တစသည် အကြောင်းတရားများနှင့် ညီညွတ်အောင် ပြုပြင်အားပေးမှ ဖြစ်နိုင်ကြ၏။ ဤသို့ ပြုပြင်မပေးနိုင်ပါက အလိုလိုပင် အနိမ့်သို့ကျခြင်း၊ အောက်သို့စုန်ခြင်း၊ အမိုက်အမှောင်ကြီး ဖြစ်ပေတော့မည်။ ထို့ကြောင့် အထက်သို့ အတက်သဘော၊ အဆန် သဘော၊ အလင်းသဘောသို့ ရောက်အောင်ကား ကြံဆောင် အားထုတ်ယူကြရပါသည်။

သတ္တဝါတို့၏ ဓမ္မတာအရ ကောင်းတာတွေ့ကြုံပါက လောဘဟိတ်၊ မောဟဟိတ်ဖြစ်ပြီး၊ မကောင်းတာကို တွေ့ကြုံပါက ဒေါသဟိတ်၊ မောဟဟိတ် ဖြစ်ပါသည်။ သာမညတို့ကို တွေ့ကြလျှင်မူ မောဟဟိတ် ဖြစ်နေပေ တော့သည်။

   နှစ်သက်တွယ်တာခြင်း လောဘဟိတ် ရေသောက်မြစ်ကြီးနှင့် တွေဝေမိုက်မဲသည့် မောဟဟိတ် ရေသောက်မြစ်ကြီးများကြောင့် ကြိုက်နှစ်သက်သည့် အဆင်း၊ အသံ၊အနံ့၊ အရသာ၊ အထိအတွေ့နှင့် အတွေး အကြံတည်းဟူသော အာရုံခြောက်ပါးတို့ကို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တည်းဟူသော ခြောက်ဒွါရတို့၌ ဆိုင်ရာဇောဝီထိတို့ဖြင့် သိရှိကြသောအခါ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ အမျိုးမျိုးက အကုသိုလ် အစားစားကို ပြုပါတော့သည်။

၁- ဟေတုပစ္စယော HETU PACCAYO (ROOT CONDITION) (4/6)

Right  understood & Wrong understood

ဤနေရာတွင် သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ကြောင်း နှစ်ပါးစီကို ဖော်ပြလိုပါသည်။ သမ္မာဒိဋ္ဌိဟူသော အယူ မှားမှု Right understood ဖြစ်ရန် အကြောင်းနှစ်ပါးရှိ၏။ ၎င်းင်းတို့မှာ “ပရတော စ  ဃောသော ယောနိသော မနသိကာရော။ ဣမေ ခေါ ဘိက္ခေ၀ ဒွေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယ” (ကျမ်းညွှန်း အံ – ၁၊ ၁၀၅)

          (၁)      သူတစ်ပါးထံမှ ကြားနာမှတ်သားခြင်း၊ စာအုပ်ထဲဖတ်ရှုမိခြင်း၊ အွန်လိုင်းပေါ်မှ ဖတ်ရှုမိခြင်းနှင့်

          (၂)      ကောင်းသောနှလုံးသွင်းမှု ရှိခြင်းတို့ဖြစ်၏။

          မိစ္ဆာဒိဋ္ဌိဟူသောအယူမှားမှု Wrong understood ဖြစ်ရန်အကြောင်းသည်လည်း နှစ်ပါးရှိသည်။ ၎င်းတို့မှာ “ပရတော စ ဃေသော အယောနိသောမန သိကာရော။ ဣမေ ခေါ ဘိက္ခေ၀ ဒွေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယ” (ကျမ်းညွှန်း အံ-၁၊ ၁၀၅)

          (၁)      သူတစ်ပါးထံမှကြားနာမှတ်သားခြင်း၊ စာအုပ်ထဲဖတ်ရှုမိခြင်း၊ အွန်လိုင်းပေါ်မှ ဖတ်ရှုမိခြင်းနှင့်

          (၂)      မကောင်းသောနှလုံးသွင်းမှု ရှိခြင်းတို့ပေတည်း။ 

          ယောနိသော မနသိကာရ အားကောင်းသူတို့၏သန္တာန်၌ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကောင်းမွန်သည့် ရေသောက်မြစ်ကြီးများ အားကောင်ပါမည်၊ အယောနိသောမနသိကာရ အားကောင်းသူတို့၏ သန္တာန်၌ လောဘ၊ ဒေါသ၊ မောဟဟူသော မကောင်းသည့် ရေသောက်မြစ်ကြီးတို့ အားကောင်းမည်ဟု အဋ္ဌကထာ ကျမ်းများက ဆိုထားပါသည်။

  မြတ်စွာဘုရားရှင်က အလောဘ ပေးကမ်းစွန့်ကြဲနိုင်ရန်၊ အဒေါသ မေတ္တာတရားပွား ကိုယ်ချင်းစာတရား ထားနိုင်ရန်၊ အမောဟ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာတို့ ဖြစ်ထွန်းပေါ်ပေါက် လာစေနိုင်ရန်အတွက် ‘မာ ဘိက္ခေ၀ ပုညာနံ ဘာယိတ္ထ’ ကုသိုလ်ကောင်းမှုပြုရာ၌ မကြောက်မရွံ့ပြုကြရန် တိုက်တွန်းတော် မူထားပါသည်။

          ဆက်လက်ပြီး ‘ပုညံ ဘာယတော သုခံ ဘာယတိ’ ကုသိုလ်ကောင်းမှုပြုရန် ကြောက်ရွံ့သောသူ၏ အထံသို့ သုခချမ်းသာ အမျိုးမျိုး လာရောက်ရန်လည်း ကြောက်ရွံ့နေပေမည်ဟု ဟောကြားတော်မူ၏။

ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့၏ အားကြီးသည့် ကုသလဟေတုရေသောက်မြစ်

ကုသိုလ်တည်းဟူသော အကြောင်းဓမ္မက ကုသိုလ်တည်းဟူသော အကျိုးဓမ္မကို ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော် (ကု-ကု) ၌ “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော”။    

          ဗာရာဏသီပြည်တွင် ဒေဝဒတ်အလောင်း ကလာဗုမင်း အုပ်ချုပ်စဉ်အခါကာလ ဘုရားအလောင်းတော် သည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်ပါသည်။ မိဘများ ကွယ်လွန်သောအခါ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်လှူဒါန်း၍ ဟိမဝန္တာတောသို့ဝင်ကာ ရသေ့ရဟန်း ပြုတော်မူပါသည်။ သစ်သီးများဖြင့် ရှည်ကြာကာလ မျှတ စွာနေပြီး ချဉ်၊ ဆားမှီဝဲရန် အလို့ငှါ ဗာရာဏသီပြည်သို့ ကြွတော်မူရာ စစ်သူကြီးက ကြည်ညိုသဖြင့် ရသေ့ကို ဆွမ်း လုပ်ကျွေး၍ မင်းဥယျာဉ်အတွင်း၌ပင် ကိုးကွယ်ထား၏။

          တစ်နေ့သောအခါ ဒေဝဒတ်လောင်း ကလာဗုမင်းသည် သုရာယစ်လျက် ကချေသည် မောင်းမအခြွေ အရံများနှင့်အတူ ဥယျာဉ်ကစား ထွက်လာ၏။ မင်းကြီးအိပ်ပျော်နေစဉ် အခြွေအရံများက ခန္တီဝါဒီရသေ့ထံသွား၍ တရားနာယူနေ၏။ မင်းကြီးနိုးလာသောအခါ မောင်းမအခြွေအရံများကို မတွေ့သဖြင့် လိုက်ရှာရာ ရသေ့ထံတော် ပါး၌ တရားနာနေသည်ကို တွေ့ရှိသဖြင့် အမျက်ဒေါသ ချောင်းချောင်းထွက်ကာ ရသေ့အား “သင်သည် အဘယ် ဝါဒရှိသနည်း”ဟု မေးလေ၏။ ရသေ့က “ခန္တီဝါဒရှိ၏”ဟု ဖြေကြားတော်မူရာ ခန္တီဝါဒ ရှိ၊ မရှိ စမ်းသပ်မည်ဟုဆိုကာ သူသတ်ယောကျ်ားကို ခေါ်၍ ဘုရားလောင်းတော်၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကို ဖြတ်စေပြီး ရင်ဘတ်ကို ခြေဖြင့်ကန်ကျောက်ကာ မင်းဥယျာဉ်မှ ထွက်ခွာသွား၏။

          ထိုအခါ အရှင်သာရိပုတ္တရာလောင်း စစ်သူကြီးရောက်ရှိလာပြီး ဘုရားလောင်းတော်ရသေ့အား ရှိခိုးကာ ”အရှင်ဘုရားကို နှိပ်စက်ခဲ့သည့် ဘုရင်ကိုသာ အမျက်ထွက်တော်မူပါဘုရား၊ တိုင်းပြည်ကို အမျက်ထွက်တော် မမူပါ နှင့်ဘုရား”ဟု လျှောက်ထားရာ ဘုရားလောင်းတော် ရသေ့က “ငါ၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကိုဖြတ်ခဲ့တဲ့ ဘုရင်မင်းကြီး အသက်ရှည်ပါစေသတည်း၊ ပညာရှိတို့မည်သည် အမျက် ဒေါသ မထွက် ကုန်သည်သာလျှင်တည်း”ဟု မိန့်ကြားတော်မူ၏။ ကလာဗုမင်းလည်း ဥယျာဉ်တံခါးသို့ ရောက်သောအခါ မြေမျိုခံခဲ့ ရပါသည်။

          ဒေဝဒတ်လောင်း၏သန္တာန်၌ ရွဲကုန်သည်ဘဝက စတင်ခဲ့သည့် ရန်ညှိုးဒေါသဟိတ်ကြောင့် ဆင်ခြင်ဉာဏ် ကင်းမဲ့စွာ ခန္တီဝါဒီရသေ့ကိုလည်းကောင်း၊ သူ၏အသက်ကို ကယ်တင်ပေးခဲ့သည့် ဘုရားလောင်းတော် မျောက်မင်း ကိုလည်းကောင်း နှိပ်စက်ခဲ့သဖြင့် နှစ်ကြိမ်တိုင်တိုင် မြေမျိုခံရ၏။ ထိုဒေါသ ဟေတု ရေသောက်မြစ်၏ စွမ်းပကားက ဤမျှဖြင့် မရပ်တန့်သေးဘဲ ဘုရားရှင်သီတင်းသုံးတော်မူရာ ဇေတဝန်ကျောင်းရှေ့ရှိ ရေကန်အနီး၌ မြေမျိုခံရပြီး ယနေ့တိုင် ငရဲသို့ ကျရောက်လျက် ရှိပါသည်။

          ဘုရားလောင်းတော်၏ သန္တာန်၌ ရှင်သန်နေသည့် အဒေါသ ရေသောက်မြစ်၏ သတ္တိသည်ကား အံ့ဖွယ် ပေတည်း၊ မိမိ၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရက်၊ နှာခေါင်းတို့ကို ရက်စက်စွာ ဖြတ်တောက်ကာ နှိပ်စက်ရုံမက ရင်ဝကို ခြေဖြင့်ကန်ကျောက်ခဲ့သည့် ကလာဗုမင်းကို “မင်းကြီး အသက်ရှည်ပါစေသတည်း”ဟု ဆုမွန်ကောင်း တောင်းပေးနိုင်စွမ်းသည့်အထိ ခန္တီအား၊ မေတ္တာအားကြီးမားသည့် ကုသလဟေတု၏ သတ္တိကား အံ့ဖွယ်ရှိပေစွ။ (ကျမ်းညွှန်း-ဇာတကအဋ္ဌကထာ အတွဲ-၃၊ နှာ-၃၇ ခန္တီဝါဒီဇာတ်တော်)

အကုသလာ ဟေတု၏သတ္တိကို လောကဥပမာဖြင့် ပြဆိုခြင်း

ပဋ္ဌာန်းပဥှာဝါရပါဠိ ဟေတုပစ္စည်း (အကု-အကုဗျာ) ၌ ‘အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။’ အကုသိုလ်ဟိတ် တစ်ပါးပါးသည် အတူယှဉ်၍ဖြစ်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာ ဟူသော နာမ်ခန္ဓာလေးပါးတို့အားလည်းကောင်း၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။        

          ဤပဋ္ဌာန်းပဥှာဝါရပါဠိ ဟေတုပစ္စည်းလာသည်ကို လယ်တီဆရာတော်ကြီး၏ ပဋ္ဌာနနိဒ္ဒေသ ဒီပနီလာ ဥပမာဖြင့် ပြပါမည်။ ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက်၌ တပ်မက်နှစ်သက်သော စိတ်ဖြစ်၏၊ သူသည် ထိုစိတ်ကို မစွန့်နိုင်သေးသမျှ ထိုမိန်းမကို အာရုံပြု၍ သူ့အား လောဘနှင့်တကွ ဖြစ်ကုန်သော ကာယကံ လုပ်ဆောင်မှုများ၊ ဝစီကံပြောဆိုမှုများနှင့် မနောကံ ကြံစည်တွေးတောမှုများ စဉ်ဆက်မပြတ် ဒလစပ် ဖြစ်နေ တော့၏။

          လောဘကြောင့်ဖြစ်ကုန်သော စိတ္တဇရုပ်တို့လည်း ရှည်မြင့်စွာသော ကာလပတ်လုံးဖြစ်ကြကုန်၏။ ထို့ကြောင့် ထိုမိန်းမကို နှစ်သက်သောစိတ်ကြောင့်ဖြစ်သည့် စေတသိက်နှင့် စိတ္တဇရုပ်တို့ကို ဤပါဠိဖြင့် သိနိုင်ပါ သည်။ ‘ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော’

          ဤလောဘဟေတုသည် ထိုစိတ်စေတသိက်ရုပ်တို့၏အမြစ်ဟူသော အနက်သဘောကြောင့် ဟေတုလည်း မည်၏၊ ကျေးဇူးပြုတတ်သော အနက်သဘောကြောင့် ပစ္စည်းလည်းမည်၏။ ထိုနှစ်ပါးသော အကြောင်းကြောင့် ဟေတုပစ္စည်းမည်၏။

          ထိုနည်းအတူ ပြစ်မှားအပ်သော ဝတ္ထုတို့ကို အာရုံပြု၍ ပြစ်မှားသည်၏အစွမ်းဖြင့် ဖြစ်ကုန်သော ဒေါသ၊ တွေဝေအပ်သော ဝတ္ထုတို့ကို အာရုံပြု၍ တွေဝေသည်၏ အစွမ်းဖြင့် ဖြစ်ကုန်သော မောဟတို့၌လည်း ဤနည်းကို မှတ်အပ်၏။

          ထိုဟေတုပစ္စည်း၌ သစ်ပင်၏ အမြစ်တို့သည် အလိုလို မြေ၏အတွင်း၌ ကောင်းစွာတည်၍ မြေ၏ အဆီ အရသာ၊ ရေ၏ အဆီအရသာကိုယူ၍ ထိုသစ်ပင်တို့၏ အဖျားတိုင်အောင်ဆောင်၏၊ ထိုသို့ဆောင်ခြင်းဖြင့် သစ်ပင်သည် ရှည်မြင့်စွာသော ကာလပတ်လုံး ကြီးပွါးလျက် တည်၏။

          ထို့အတူ လောဘသည်လည်း ထိုထိုသို့သော ဝတ္ထုအာရုံ၌ တပ်နှစ်သက်ခြင်း၏ အစွမ်းဖြင့် ကောင်းစွာ အာရုံပြုသောအားဖြင့် တည်၍ ထိုထိုသို့သော ဝတ္ထုအာရုံ၏ ချစ်အပ်သောသဘော ရှိသော အဆီအရသာကို ယူ၍ သမ္ပယုတ်တရားတို့ကို ကိုယ်နှုတ်ဖြင့် လွန်ကျုးခြင်းတိုင်အောင်ဆောင်၏။ ထို့ကြောင့် ကိုယ်နှုတ်ဖြင့် လွန်ကျူး ကြ၏။

          ဤနည်းအတူ ဒေါသသည်လည်း ပြစ်မှားသည်၏ အစွမ်းဖြင့် မချစ်မနှစ်မြို့အပ်သောသဘော၊ မသာယာ အပ်သောသဘောရှိ၏။ မောဟသည်လည်း တွေဝေသည်၏ အစွမ်းဖြင့် အထူးထူးသော အာရုံတို့၌ အချည်းနှီး သောစိတ် ဖြစ်ခြင်းသဘောရှိ၏။

          အကယ်၍ တစ်နေ့သောအခါ၌ ထိုယောက်ျားသည် ဝတ္ထုကာမ၊ ကိလေသာကာမတို့၏ အပြစ်ကိုမြင်၍ နှစ်သက်သောစိတ်ကို စွန့်ခွာနိုင်လျှင်မူ ထိုမိန်းမကို အာရုံပြုသောအခါတွင် အလောဘသာ ဖြစ်နေပေမည်။

          ရှေးအခါ၌ ထိုမိန်းမကို အာရုံပြုမိတိုင်း လောဘအကြောင်းရင်းရှိသော မသန့်ရှင်းသည့် ကာယကံ ဝစီကံ မနောကံတို့သာဖြစ်ခဲ့၏။ ယခုအခါ၌မူ အလောဘအကြောင်းရင်းရှိသော စင်ကြယ် သန့်ရှင်းသော ကာယကံ၊ ဝစီကံ၊ မနောကံတို့ ဖြစ်၏။

၁- ဟေတုပစ္စယော HETU PACCAYO (ROOT CONDITION) (5/6)

မရောင့်ရဲနိုင်သည့် ကိလေသာ

      လောဘ၊ ဒေါသနှင့် မောဟတို့သည် အကုသိုလ်ရေသောက်မြစ်တို့ ဖြစ်ကြ၏။ လောဘနှင့် စပ်လျဉ်း ၍လည်း ‘ဗဟုကေ ပစ္စယေ ဒေန္တော၊ တယောပေတေန ပူရယေ’ဟု စာပေ၌ လာရှိပါသည်၊ ပေးပေးသမျှ၊ ပံ့ပိုးသမျှ မည်မျှ ကြီးကျယ်စေကာမူ လောဘက မရပ်တန့်ပါ။ မီးပုံကြီးကို လောင်စာထည့်လေ လောင်လေ ဖြစ်သကဲ့သို့ လောဘကြီးသူကလည်း အဘယ်မျှ ရရှိနေစေကာမူ အားရကျေနပ် တင်းတိမ် ရောင့်ရဲသည်ဟူ၍ မရှိပေ။

     သတ္တဝါတစ်ဦး၏ သန္တာန်၌ ဒေါသဖြစ်လာသောအခါ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြား သိနိုင်စွမ်း မရှိတော့ပေ။ သူ၏စိတ်တွင် အမှောင်မိုက်ကြီး ကျနေပါတော့သည်။ အကျိုးစီးပွားဖြစ်ထွန်းမည့် အရာ ကိုလည်း အကျိုးမရှိဟု ထင်ချင်ထင်ပြီး၊ အကျိုးမဲ့မည့်အရာကိုလည်း အကျိုးရှိမည့်အရာပမာ ယူချင် ယူတတ်သည်။

     ထို့ကြောင့် ဒေါသသည် မိမိသူတစ်ပါး အကျိုးစီးပွားကို ဖျက်ဆီးတတ်သကဲ့သို့ ဖြစ်ပေါ်လာလတ္တံ့သော ဘေးဒုက္ခအပေါင်းကို သိမြင်နိုင်စွမ်းသည့် ဉာဏ်ပညာမျက်စိလည်း အကန်းပမာ ဖြစ်သွားပါတော့သည်။

ကျောက်သွေးသမား၏ ဒေါသ

     ဘုရားရှင်လက်ထက်တော်ကာလ သာဝတ္ထိမြို့၌ နန်းသုံးပတ္တမြားကိုထွင်းသည့် ကျောက်ထွင်းသမား တစ်ဦး ရှိ၏။ တိဿမထေရ်မြတ်သည် ထိုကျောက်သွေးသမား ဒါယကာ၏နေအိမ်ထဲသို့ အမြဲဆွမ်းခံ ကြွတော်မူလေ့ ရှိသည်။ တစ်နေ့ ဆွမ်းအလို့ငှါ အိမ်ထဲတွင် ခေတ္တသီတင်းသုံးနေစဉ် နန်းတော်မှ မင်းမှုထမ်း ယောကျ်ားက ဘုရင်၏ အဖိုးတန်ပတ္တမြားကို ယူလာပြီး အလုပ်အပ်နှံ၏။ ကျောက်ထွင်းသမားသည် အသား ဆွမ်းဟင်း စီမံနေရာမှ သွေးများ ပေကျံနေသောလက်ဖြင့် ပတ္တမြားကို စစ်ဆေးလက်ခံပြီးနောက် မထေရ်မြတ်အနားရှိ စားပွဲခုံပေါ် ခေတ္တတင်ထားပြီး မီးဖိုထဲ ဝင်သွားပါသည်။

     ထိုစဉ်အခိုက် သူ၏အိမ်၌ မွေးထားသည့် ကြိုးကြာက နီရဲပြီး သွေးညှိနံ့ရနေသည့် ပတ္တမြားကို မျိုချ လိုက်သည်။ ထိုဖြစ်စဉ်ကို မသိလိုက်သည့် ကျောက်ထွင်းသမားက ရဟန္တာမထေရ်မြတ်ကို မဆင်မခြင် သံသယပွားကာ ပတ္တမြားသူခိုးဟု စွပ်စွဲတော့၏။ ‘ငါ့ပတ္တမြားပေး’ဟုတောင်းရာ ထေရ်မြတ်က ‘ငါမယူဘူး’ဟု မိန့်တော်မူသည်။

    ထိုအခါ ဒေါသအဟုန် ပြင်းထန်လာသည့် ကျောက်ထွင်းသမားက မညှာမတာ ရဟန္တာ၏ခေါင်းကို ကြိုးဖြင့် တုပ်ကာ ရိုက်နှက်စစ်ဆေးရာ မထေရ်၏ပါးစပ်မှ သွေးများပင် ယိုစီးကျလာပါသည်။ ထိုသွေးကို သွေးသောက်ရန် ရောက်ရှိလာသော ကြိုးကြာကို ကျောက်သွေးသမားက ဒေါသစိတ် မိုးမွှမ်နေသောကြောင့် အားဖြင့်ကန်လိုက်ရာ ကြိုးကြာ နေရာတွင်ပင် သေသွားတော့၏။ ကြိုးကြာသေသောအခါမှ ရဟန္တာမထေရ်မြတ်က ကြိုးကြာက ပတ္တမြားကို မျိုထားကြောင်း မိန့်တော်မူသဖြင့် ဗိုက်ခွဲပြီး ပတ္တမြားပြန်ရ၏။

      နောင်တ၏သားကောင်ဖြစ်သွားသည့် ကျောက်ထွင်းသမားက ရဟန္တာမထေရ်မြတ်ထံတော်ပါး တောင်းပန် သည်။ မထေရ်မြတ်ကား ကျောက်ထွင်းသမား၏ ရိုက်နှက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဝေဒနာနှင့်ပင် မကြာမြင့်မှီ ပရိနိဗ္ဗာန်စံတော်မူပါသည်။

      ရဟန္တာ၏သန္တာန်၌ ရေသောက်မြစ်နှင့်တူသည့် ဟိတ်တရားများ မရှိတော့သောကြောင့် ပင်စည် အညွန့် အပွင့် အသီးနှင့်တူသည့် လူ့ဘဝ၊ နတ်ဘ၀ မရှိတော့ဘဲ ဆီမီးတောက်ငြိမ်းသည့်နှယ် ချုပ်ငြိမ်း တော်မူပါသည်။ ကျောက်ထွင်းသမားမှာမူ ဒေါသဟိတ်၊ မောဟဟိတ်တို့ကြောင့် ရဟန္တာမထေရ်မြတ်အပေါ် ကျူးလွန်ခဲ့သည့် အကုသိုလ်ကံက အဝီစိငရဲသို့ ပို့ဆောင်တော့၏။ (ကျမ်းညွှန်း – ဓမ္မပဒ၊ အဋ္ဌကာ အတွဲ-၂၊ နှာ-၂၂၊ မဏိကာရကုလုပက တိဿထေရ်ဝတ္ထု)

ဗိမ္မိသာရဘုရင်ကြီး၏ဂတိ

     ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရဘုရင်မင်းကြီးသည် ကုသိုလ်ကောင်းမှု အလွန်ပြုသူ ဖြစ်လေသည်။ မြတ်စွာ ဘုရားရှင်အား ဝေဠုဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းသည့် ဘုရားကျောင်း ဒကာကြီးလည်းဖြစ်၊ ကလျာဏပုထုဇဉ်အဆင့်ကို ကျော်လွန်ကာ သောတာပန်အရိယာအဆင့်သို့ ရောက်ပြီးသူလည်း ဖြစ်သည်။ ထိုထို ကုသိုလ်ကံတို့၏ စွမ်းအားကြောင့် အထက်အထက် နတ်ဘုံဗိမာန်များ၌ ဖြစ်နိုင်သူပေတည်း။

     သို့သော် ဘုရင်ကြီးသည် စတုမဟာရာဇ်နတ်ဘုံ၌ အကြိမ်များစွာ ဖြစ်ခဲ့ဖူးသဖြင့် ထိုဘုံ၌သာပြန်၍ နေလို၊ ဖြစ်လိုသည့် တဏှာနိကန္တိအားအစွမ်းကြောင့်ပင် နတ်ပြည်ခြောက်ထပ်၏ အောက်ဆုံးထပ်ဖြစ်သော စတုမဟာရာဇ် နတ်ဘုံ၌ ဇနဝသဘအမည်ဖြင့် ဝေဿ၀ဏ်နတ်မင်းကြီး၏ အခြံအရံနတ်သားမျှသာ ဖြစ်ရလေသည်။ (ကျမ်းညွှန်း- ဒီ၊ဋ္ဌ၊၂။၂၃၁)

     ဤတွင် ယောနိသောမနသိကာရလည်း ရှိမည်၊ တရားတော်နှင့်အညီ သွန်သင်ဆုံးမပေးတတ်သည့် ဆရာကောင်းကိုလည်း ဆည်းကပ်ပြီး ဝိပဿနာတရားကိုလည်း ကျင့်ကြံပွားများ အားထုတ်သူ၏သန္တာန်၌ ‘လောဘံ ပဋိစ္စ အမောဟော၊ ဒေါသံ ပဋိစ္စ အမောဟော၊ မောဟံ ပဋိစ္စ အမောဟော’ (ပဋ္ဌာန်းကျမ်းတွဲ-၃၊ နှာ-၅၅) ဟု ဟောကြားတော်မူသည့်အတိုင်း ကြုံဆုံသမျှအာရုံပေါ်မှ အမောဟ ဉာဏ်အလင်း ပွင့်ထွန်းနိုင်ပေ၏။

     ထို့ကြောင့် ထိုထိုအာရုံကြောင့် ကိလေသာဖြစ်ခွင့်ရှိသကဲ့သို့ ထိုထိုအာရုံကြောင့်ပင် အမောဟ ဉာဏ် ပေါ်ကာ ပစ္စုပ္ပန်၊ တမလွန် ချမ်းသာမည်အကြောင်း ‘ဣဓမောဒတိ၊ ပစ္စမောဒတိ’ ဟု ဟောကြားတော်မူပါသည်။ သာဓကအားဖြင့် အဋ္ဌကထာလာ ဂေါပကနတ်သားဥပမာဖြင့် ပြပါမည်။

ဂေါပကနတ်သား

ဘုရားရှင်လက်ထက်တော်ကာလ သာကီဝင်မင်းသမီး ဂေါပိကာသည် ရတနာသုံးပါး၌ သက်ဝင်ကာ သီလကို အမြဲစောင့်ထိန်းပြီး မိန်းမဘဝကို စက်စုပ်ရွံရှာသဖြင့် ယောကျ်ားဘဝကို လိုလား တောင့်တသူဖြစ်သည်။ ထိုမင်းသမီး ဘဝတစ်ပါး ကူးပြောင်းသွားသောအခါ သူ၏ တောင့်တချက် ဆုတောင်းအတိုင်းပင် တာဝတိံသာ နတ်၏သခင် သိကြားမင်း၏သားတော် ဂေါပကနတ်သား ဖြစ်လေသည်။

မင်းသမီးဘဝက ကိုးကွယ်ဆည်းကပ်ခဲ့သည့် သီလပြည့်စုံသော ရဟန်းတော်သုံးပါး ရှိလေသည်။ ထိုရဟန်းတော်များ ပျံလွန်တော်မူကြပြီးနောက် ယုတ်ညံ့သည့် ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်ကြသည်။ တစ်နေ့သောအခါ သိကြားမင်း အမှူးရှိသောနတ်သားတို့အား ဖျော်ဖြေရန်ရောက်လာသည့် ဂန္ဓဗ္ဗနတ်ထဲတွင် ရဟန်းဘဝမှ ဖြစ် လာသည့် နတ်သားသုံးပါးလည်း ပါလာသည်။ သူတို့သည် ကိုယ်ရောင် ကိုယ်ဝါ ပြောင်ဝင်းပြီး အလွန် လှပ တင့်တယ်ကြသဖြင့် ဂေါပကနတ်သားက သူတို့မည်ကဲ့သို့ ကောင်းမှုကို ပြုခဲ့ပါလိမ့်ဟု နတ်တို့၏တန်ခိုးဖြင့် ဆင်ခြင် သောအခါ လူ့ဘဝက သူဆည်းကပ်ကိုးကွယ်ခဲ့သည့် သီလဝန္တ၊ ဈာန်ရ ရဟန်းတော်သုံးပါး ဖြစ်နေပေတော့သည်။

ဂေါပကနတ်သားက ‘စင်ကြယ်သော သီလရှိပြီး၊ ဈာန်ရခဲ့သည့် ဤရဟန်းတော်များအနေဖြင့် နတ်ပြည် ခြောက်ထပ် နှစ်သက်ရာဘုံ၌ ဖြစ်ခွင့်ရှိရုံမက ဗြဟ္မာဘုံ၌ပင် ဖြစ်ခွင့်ရနိုင်ပါသော်လည်း မဖြစ်ခဲ့ကြပါ။ မိမိမှာမူ သူတို့ကို အမှီပြုကာ သိကြားမင်း၏သား ဖြစ်ရပေ၏’ဟု စဉ်းစားကာ ထိုနတ်သား သုံးပါးတို့အား သတိပေးစကား ပြောကြားလေ၏။

နတ်သားတို့ကလည်း မိမိတို့၏ဘဝကို အသီးသီးဆင်ခြင်သောအခါ ဂေါပကနတ်သား ပြောသည်မှာ မှန်ကန်နေသဖြင့် နတ်သားနှစ်ပါးသည် သတိသံဝေဂရကာ တရားအားထုတ်ကြရာ နတ်ဘဝမှစုတေပြီး ဗြဟ္မဘုံ၌ ဖြစ်ကြလေသည်။ ဤဝတ္ထု၌ ဈာန်ရသီလပြည့်စုံပါသော်လည်း ရှေးကဖြစ်ခဲ့ဖူးသည့် ဂန္ဓဗ္ဗနတ်မျိုး၌ တွယ်တာ တပ်မက်သည့် အကုသလဟေတုဖြစ်သည့် တဏှာနိကန္တိ၏ သတ္တိစွမ်းပကားပေတည်း။ ကျမ်းညွှန်း (ဒီ၊၂။၂၁၆) (ဒီ၊ဋ္ဌ၊၂။၂၉၈။၂၉၉)

၁- ဟေတုပစ္စယော HETU PACCAYO (ROOT CONDITION) (6/6)

နာမ်တရားရုပ်တရားတို့ ကျေးဇူးပြုခြင်း  

          နာမ်တရားက နာမ်တရားကို အချင်းချင်းကျေးဇူးပြုခြင်းဟူသည် အလောဘ၊ အဒေါသ၊ အမောဟက နာမ်တရားဖြစ်သည့် ယှဉ်ဘက်စိတ် စေတသိက်တို့ကို ကျေးဇူးပြုခြင်းပေတည်း။

          နာမ်တရားက ရုပ်တရားကို ကျေးဇူးပြုခြင်းဟူသည် ကုသိုလ်ဟိတ်ကြောင့်ဖြစ်လာသည့် စိတ္တဇရုပ်ကို ကျေးဇူးပြုခြင်းတည်း။

          နာမ်က နာမ်ရုပ်ကို ကျေးဇူးပြုခြင်းဟူသည် အလောဘ၊ အဒေါသ၊ အမောဟကုသိုလ်ဟိတ်ကြောင့် ဖြစ်လာသည့် စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ကိုပေါင်းပြီး ကျေးဇူးပြုခြင်း မည်ပါသည်။

အဗျာကတတရား

      အဘိဓမ္မာ၌ စိတ်စုစုပေါင်း ၈၉-ပါး၊ စေတသိက် ၅၂-ပါး ၊ ရုပ် ၂၈-ပါးနှင့် နိဗ္ဗာန်တို့သည် ပရမတ္ထ တရားလေးပါး ဖြစ်ပါသည်။

          စိတ် ၈၉ – ပါးထဲက ကုသိုလ်စိတ် =၂၁ – ပါး နှင့် အကုသိုလ်စိတ် ၁၂-ပါးကို နှုတ်ပါက ဝိပါက်စိတ် ၃၆-ပါးနှင့် ကြိယာစိတ် ၂၀-ပေါင်း = ၅၆-ပါး သည် အဗျာကတတရား ဖြစ်သည်။  ဝိပါက်နှင့် ကြိယာစိတ်၌ယှဉ်သည့် စေတသိက် ၃၈-ပါးကလည်း အဗျာကတတရား ဖြစ်သည်။ ရုပ် ၂၈-ပါးနှင့် နိဗ္ဗာန်ကလည်း အဗျာကတ တရားများဖြစ်၏။

          ထို့ကြောင့် ရုပ်လည်းအဗျာကတ၊ ဝိပါက်စိတ်လည်း အဗျာကတ၊ ကြိယာစိတ်လည်း အဗျာကတ၊ နိဗ္ဗာန်လည်း အဗျာကတဖြစ်သည်။ ကုသိုလ်လည်းမဟုတ် အကုသိုလ်လည်းမဟုတ်သည့် တရားများသည် အဗျာကတတရားဖြစ်၏။

          သို့ဖြစ်ပါ၍ ကုသိုလ်က ဝိပါက်ကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက  (ကု၊ ဗျာ) ကုသိုလ်က ရုပ်ကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက (ကု၊ ဗျာ)တစ်ဖန် အကုသိုလ်က ဝိပါက်ကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက (အကု၊ ဗျာ) အကုသိုလ်က ရုပ်ကို ပစ္စည်းတစ်ပါးပါးနှင့် ကျေးဇူးပြုပါက (အကု၊ ဗျာ)

နာမ်ရုပ်များအချင်းချင်း ကျေးဇူးပြုပုံ

          နာမ်တရားက နာမ်တရားကို အချင်းချင်းကျေးဇူးပြုခြင်းဟူသည် အလောဘ၊ အဒေါသ၊ အမောဟက နာမ်တရားဖြစ်သည့် ယှဉ်ဘက်စိတ် စေတသိက်တို့ကို ကျေးဇူးပြုခြင်းတည်း။

          နာမ်တရားက ရုပ်တရားကို ကျေးဇူးပြုခြင်းဟူသည် ကုသိုလ်ဟိတ်ကြောင့် ဖြစ်လာသည့် စိတ္တဇရုပ်ကို ကျေးဇူးပြုခြင်းတည်း။

          နာမ်က နာမ်ရုပ်ကို ကျေးဇူးပြုခြင်းဟူသည် အလောဘ၊ အဒေါသ၊ အမောဟ ကုသိုလ်ဟိတ်ကြောင့် ဖြစ်လာသည့်စိတ်၊ စေတသိက်၊ စိတ္တဇရုပ်တို့ကို ပေါင်းပြီး ကျေးဇူးပြုခြင်းတို့တည်း။

ဟေတု၏ပစ္စည်း၊ ပစ္စယုပ္ပန်နှင့် သုဒ္ဓသင်္ချာ

          ပစ္စည်းဟူသောအကြောင်းတရားမှာ လောဘ၊ ဒေါသ၊ မောဟနှင့် အလောဘ၊ အဒေါသ၊ အမောဟတို့ ဖြစ်ပါသည်။

          ပစ္စယုပ္ပန်ဟူသော အကျိုးတရားမှာ သဟိတ်စိတ် ၇၁-ပါး၊ မောမူဒွေ၌ မောဟကြဉ်သော မောဟ စေတသိက် ၅၂-ပါး၊ သဟိတ်စိတ္တဇရုပ်နှင့် သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်တို့ ဖြစ်၏။ (ဟေတုယာ သတ္တာ)

ဝေါဟာရမှတ်စု

*         သိရုံမျှသိရုံမျှသာ အာရုံကို လက်ခံသည့်စိတ် သမ္ပဋိစ္ဆိုင်းကို ရံခါ နေရာအားလျော်စွာ မနောဓာတု = မနောဓာတ် ဟူ၍သုံးသည်။

*         အာရုံကို အားရှိပါးရှိ ထိထိမိမိ အသိဆုံးစိတ် သန္တီရဏစိတ်ကို ရံခါ နေရာအားလျော်စွာ မနောဝိညာဏ ဓာတု = မနောဝိညာဏဓာတ် ဟူ၍သုံးသည်။

Mundane.         လောကီနယ်။                                           Supramundane. လောကုတ္တရာနယ်။

Mental process. ဝီထိစိတ်အစဉ်။                                         Life continuum .  ဘဝင်စိတ်။

 929 total views,  5 views today