နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ Facebook page (Dhamma School- ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန)သည် ၁.၄.၂၀၁၆ (သောကြာနေ့) ညနေ ၄:၄၅ အချိန်တွင် ဘာသာရေး အစွန်းရောက်သူတချို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါသည်။ နေပြည်တော်ယဉ်လိမ္မာစင်တာ၏ သာသနာပြု လုပ်ငန်းများကို မြတ်နိုးကြသည့် ကွန်ပျူတာကျွမ်းကျင်ပညာရှင်များကလည်း ၎င်းဘာသာရေးအစွန်းရောက်သူတို့ လက်ဝယ်တွင် ကျရောက်ကာခြ ယ်လှယ်ခံနေရသော Facebook page ကို ပြန်လည်ရှင်သန်လာရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်မှုကြောင့် ၂၇.၄.၂၀၁၆ (ဗုဒ္ဓဟူးနေ့) ည ၁၁:၃၀ အချိန်တွင် ပြန်လည်အောင်မြင်ခဲ့ပါသည်။

၎င်းဘာသာရေး အစွန်းရောက်သူတို့လက်ထဲ ကျရောက်နေချိန်တွင် မိမိတို့၏ ဘာသာရေးနှင့် ယဉ်ကျေးလိမ္မာ page တွင် ၎င်းတို့၏ ညစ်ညမ်းသောဆဲဆိုမှုများနှင့် ပုံများ တင်ထားမှုအပေါ် နားလည်ပေးကြပါရန်တောင်းပန်အပ်ပါသည်။

၎င်းFacebook account & page ပြန်လည်ရရှိရေးအတွက် ဝိုင်းဝန်းကြိုးစားပေးကြသော အသိပညာရှင် အတတ်ပညာရှင်များ၊ လမ်းညွန်ကူညီပေးကြသော မိတ်ဆွေညီနောင်အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားစွာ လေ့လာစောင့်ကြည့် ပေးကြသော ရဟန်ရှင်လူပရိသတ်တို့အား အထူးပင်ကျေးဇူးဥပကာရတင်ရှိပါသည်။

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာကလည်း တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုး ဘာသာ သာသနာကို ချစ်မြတိနိုးတတ်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမည်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ …A1 (289)

A1 (184)

a (25)

a (851)

a (4)

IMG_6193

 536 total views,  3 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *