Computer

Byadmin

Jan 10, 2022

ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ကွန်ပျူတာ Computer

ကွန်ပျူတာခေတ်ရောက်နေပြီ။ ကွန်ပျူတာ ဖန်သားပြင်ရှေ့ထိုင်ပြီး ခလုတ်နှိပ်လိုက်တာနှင့် Window တွေ တက်လာတော့မယ်၊ တက်လာတာနှင့် စိတ်က အလုပ်တွေအများကြီး လုပ်ရတော့ မယ်။ ဒါကြောင့် Power ခလုတ်ကို သတိလေးထားပြီး နှိပ်လိုက်ပါလား။           

           Power ခလုတ်နှိပ်ပြီး Window တွေ တက်မလာခင် စက္ကန့်ပိုင်းဖြစ်ဖြစ် Mindful ဖြစ်ဖို့လေ့ကျင့် စေချင်ပါတယ်။

          နည်းနည်းလေးပဲလို့တော့ အထင်မသေးစေချင်ဘူး။ ဟိုနား နည်းနည်းလေး ဒီနား နည်းနည်း လေး ပေမယ့် ဘ၀ကို ဟန်ချက်ညီဖို့ အကျိုးကျေးဇူးများလှပါတယ်။

လူတိုင်းဟာ ဘ၀ကို  . . .ဟန်ချက်ညီပြီး အေးချမ်းတဲ့  အပူပင်ကင်းတဲ့ ကြောင့်ကြမဲ့ ငြိမ်းအေးတဲ့ ဘ၀မျိုးကိုပဲ တောင့်တနေကြပါသော်လည်းပဲ ဘယ်သူမှ တစ်သက်တာလုံးတော့ မရနိုင်ပါဘူး။

            ဒါပေမယ့် ရနိုင်သလောက်ရအောင် ၀ိပဿနာ အားထုတ်တဲ့နည်းနှင့် ထူထောင်သင့်ပါတယ်။ ရံခါတော့ သူ့ရဲ့ဆန့်ကျင်ဘက် ရှုပ်ထွေးတဲ့ အခြေအနေမျိုးတွေ ဟန်ချက်မညီတဲ့ အခြေအနေမျိုးတွေ မငြိမ်းချမ်းတဲ့ အခြေအနေ မျိုးတွေလည်း ကြုံရတတ်တာပါပဲ။ အဲဒါကို ဥာဏ်ပါပါ ကိုင်တွယ် ဖြေရှင်းနိုင် သူမှသာ ဘ၀ရဲ့ အရည်အသွေးတွေ မြင့်တက်လာနိုင်ပါတယ်။ အသိဥာဏ် ပညာတွေလည်း တိုးတက် လာစေနိုင်ပါတယ်။                      

ဒါမှသာ ရင့်ကျက်တဲ့ဘ၀ပိုင်ရှင်တစ်ဦး ဖြစ်လာနိုင်မှာပါ။

Daily Life
Dhamma Training Center

 103 total views,  1 views today

By admin

Leave a Reply

Your email address will not be published.