ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာ၊ဆရာမ မွမ်းမံသင်တန်း အမှတ်စဉ် ၂၀/ ၂၀၁၄ သင်တန်းဆင်းပွဲ ကျင်းပပြီးစီး

 

 

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဓမ္မကျောင်းတော် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆရာ၊ဆရာမ  မွမ်းမံသင်တန်းအမှတ်စဉ်
( ၂၀/၂၀၁၄) ကို ဖေဖော်ဝါရီလ (၇)ရက်နေ့မှ (၉)ရက်နေ့ အထိကျင်းပခဲ့ရာ (၉)ရက်နေ့ညနေ (၄)နာရီအချိန်တွင် သင်တန်းဆင်းပွဲကျင်းပပြီးစီးခဲ့ပါသည်။

 

 

 

ရောင်စုံခြယ်သ ပုံဆွဲပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား

အဆိုပါသင်တန်းဆင်းပွဲတွင် ရောင်စုံခြယ်သ ပုံပြဗုဒ္ဓဝင်ပြိုင်ပွဲတွင် ဆုရကြသော ကလေးများအားဆုချီးမြှင့်ပွဲကိုလည်း တစ်ပြိုင်နက်တည်းကျင်းပခဲ့သည်။ ဆုပေးပွဲသို့ ကျောင်းသာများ၏မိဘများ လယ်ဝေးမြို့နယ်ကော်မတီမှတာဝန်ရှိသူများလည်းတတ်ရောက်ခဲ့ ကြပါသည်။ ဓမ္မကျောင်းတော်၏နာယကဆရာတော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းကျောင်းအုပ်ကြီးမှ ရောင်စုံခြယ်သပုံပြဗုဒ္ဓဝင်စာအုပ်အား မည်သို့အသုံးပြုရမည်ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

Loading

By admin