ရုပ်အာဟာရနှစ်မျိုး
(ဈ-၁) ရုပ်အာဟာရနှစ်မျိုးရှိ၏ ၎င်းင်းတို့မှာ ၁-ထမင်း ဟင်း သစ်သီးစသည် ဗဟိဒ္ဓသန္တာန်၌တည်သော သြဇာနှင့်
(ဈ-၂) အဇ္ဈတ္တသန္တာန်၌ရှိသော (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) ဟူသော စတုသမုဋ္ဌာနိကသြဇာတို့ ဖြစ်၏။
စတုသမုဋ္ဌာနိကသြဇာ
(ဈ-၃) ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်၌လည်း သြဇာရုပ်ပါသည်၊ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်၌လည်း၊ သြဇာရုပ် ပါသည်၊ ဥတုကြောင့်ဖြစ်သည့် ဥတုဇရုပ်၌လည်း သြဇာရုပ်ပါသည်၊ အာဟာရကြောင့်ဖြစ်သည့် အာဟာရဇ ရုပ်၌လည်း သြဇာရုပ်ပါသည်။ ထိုသြဇာရုပ် (၄)ပါးသည် စတုသမုဋ္ဌာနိကသြဇာဖြစ်၏။
(ဈ-၄) ထိုလေးပါးသောအကြောင်းကြောင့်ဖြစ်သည့် စတုသမုဋ္ဌာနိကသြဇာရုပ်တို့သည် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ် နှင့် အာဟာရဇရုပ်တို့ကို ကျေးဇူးပြု၏။
(ဈ-၅) အတွင်းကသြဇာဓာတ်အားကောင်းသည့် လူမမာများအတွက် ပြင်ပမှဆေးဝါးဟူသောသြဇာနှင့် အဇ္ဈတ္တိက သြဇာနှင့် ပေါင်းစပ်မိသော် ကမ္မဇရုပ်၊ စိတ္တဇရုပ်၊ ဥတုဇရုပ် အာဟာရဇရုပ်ဖြစ်သည့် ဣမဿ ကာယဿ ဤကိုယ်ကောင်ကြီးကို အသက်ရှည်နိုင်ရေးတွက် ကျေးဇူးပြုနိုင်သေး၏။
အကုသလော ဓမ္မော အကုသလဿ စ အဗျာကတဿ စ ဓမ္မဿ အာဟာရ ပစ္စယေန ပစ္စယော။ (အကု၊ အကု၊ ဗျာ-၃)
Akusalo dhammo akusalassa ca abyākatassa ca dhammassa āhārapaccayena paccayo.
အကုသိုလ်တရားသည် အကုသိုလ်တရားအားလည်းကောင်း၊ အဗျာကတတရားအား လည်းကောင်း အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
အကုသလာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာ နာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။
Akusalā āhārā sampayuttakānaṃ khandhānaṃ cittasamuṭṭhānānañca rūpānaṃ āhārapaccayena paccayo.
အကုသိုလ်စိတ်နှင့် ယှဉ်သည့် ဖဿ ၊ စေတနာ၊ ဝိညာဏ်ဟူသော နာမ်အာဟာရသုံးပါး ပစ္စည်း တရားတို့သည် အတူယှဉ်၍ဖြစ်ကုန်သော စိတ် စေတသိက် နာမ်ခန္ဓာတို့အားလည်းကောင်း စိတ် ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ အာဟာရပစ္စယေန ပစ္စယော။(ဗျာ၊ဗျာ-၁)
Abyākato dhammo abyākatassa dhammassa āhārapaccayena paccayo.
အဗျာကတတရားသည် အဗျာကတတရားအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဝိပါကာဗျာကတာ ကိရိယာဗျာကတာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ သမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။
Vipākābyākatā kiriyābyākatā āhārā sampayuttakānaṃ khandhānaṃ cittasamuṭṭhānānañca rūpānaṃ āhārapaccayena paccayo.
ဝိပါက်ကိရိယာစိတ်နှင့်ယှဉ်သော နာမ်အာဟာရ ပစ္စည်းတရားသုံးပါးသည် အတူယှဉ်သော စိတ် စေတသိက် နာမ်ခန္ဓာတို့အားလည်းကောင်း၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
(ဈ-၆) အတွင်းသြဇာ အားနည်းသူအဖို့ရာမှာမူ ပြင်ပဆေးဝါးများက ဣမဿ ကာယဿ ဤကိုယ်ကောင်ကြီးကို ကျေးဇူးမပြုနိုင်တော့ပေ။
(ဈ-၇) ရုပ်အာဟာရနှင့် နာမ်အာဟာရရှိသည့်အနက် ဆေးသိပ္ပံပညာက ရုပ်အဟာရကိုသာ ပြောနေကြပါသည်။နာမ်အာဟာရကို အနည်းငယ် ရိုးတိုးရိတ်တိတ် ရိပ်မိရုံမျှသာ ရှိသေးသည်။
(ဈ-၈) စိတ်စင်ကြယ် မြင့်မြတ်ပါက စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်တို့လည်း စင်ကြယ်ပြီး ရုပ်အပေါ်ကို အကျိုးများစွာ သက်ရောက်စေနိုင်ကြောင်းကို တရားအားထုတ်သူများအတွက် သိသာထင်ရှားလှသည်။
(ဈ-၉) ထိုနည်းတူ စိတ်ဆင်းရဲသောက များလွန်းပါကလည်း စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်တို့က ညှိုးနွမ်းကာ {{စိတ်ထောင်းတော့ ကိုယ်ကြေ}} ဟူသော ဆိုရိုးစကားပုံပင် ရှိနေ၏။
အာဟာရပစ္စည်း၊ ပစ္စယုပ္ပန်၊ သုဒ္ဓသင်္ချာနှင့် မျိုးတူပစ္စည်း
( ည ) ပစ္စည်းဟူသောအကြောင်းတရားမှာ ရုပ်အာဟာရဟူသော ကဗဠီကာရာဟာရနှင့် နာမ်အာဟာရ ဟူသော ဖဿ ၊ ဝေဒနာနှင့် ဝိညာဏ်တို့ ဖြစ်၏။
( ဋ ) ပစ္စယုပ္ပန်ဟူသော အကျိုးတရားမှာ ကံ စိတ် ဥတု အာဟာရကြောင့်ဖြစ်သော မဟာဘုတ်လေးပါးဖြင့်ပြီးသော ရုပ်ခန္ဓာကိုယ်နှင့် စိတ် (၈၉)ပါး၊ စေတသိက် (၅၂)ပါး စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တို့ ဖြစ်၏။
( ဌ ) အာဟာရပစ္စည်း၏ သုဒ္ဓသင်္ချာမှာ – ၇ ဖြစ်၏။ (အာဟာရေ သတ္တ)
ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော။
Paṭisandhikkhaṇe vipākābyākatā āhārā sampayuttakānaṃ khandhānaṃ kaṭattā ca rūpānaṃ āhārapaccayena paccayo.
ပဋိသန္ဓေအခါ ဝိပါက်အဗျာကတဖြစ်သော နာမ်အာဟာရသုံးပါးသည် ယှဉ်ဘက် နာမ်ခန္ဓာတို့အား လည်းကောင်း၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့အားလည်းကောင်း အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။
Kabaḷīkāro āhāro imassa kāyassa āhārapaccayena paccayo.
စားသောက်ဝါးမြိုသောကြောင့်ဖြစ်သည့် အဆီအနှစ် သြဇာဟူသော အာဟာရသည် ကံ၊ စိတ်၊ ဥတုနှင့် အာဟာရဟူသော အကြောင်းတို့ကြောင့်ဖြစ်သော ဤကိုယ်ကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
( ဍ ) အာဟာရ၌ ရုပ်အာဟာရနှင့် နာမ်အာဟာရဟူ၍ရှိရာ ရုပ်အာဟာရ၌ မျိုးတူပစ္စည်း ၃-ပါးရှိ၏။ ၁-အာဟာရ၊ ၂-အတ္ထိ၊ ၃-အဝိဂတတို့ ဖြစ်၏။
( ဎ ) နာမ်အာဟာရ၌ မျိုးတူသည့်ပစ္စည်း ၁၂-ပါး ရှိပါသည်၊ ၎င်းင်းတို့မှာ ၁-အဓိတိ၊ ၂-သဟဇာတ၊ ၃-အညမည၊ ၄-နိဿယ၊ ၅-ကမ္မ၊ ၆-ဝိပါက၊ ၇-အာဟာရ၊ ၈-ဣန္ဒြိယ၊ ၉-သမ္ပယုတ္တ၊ ၁၀-ဝိပ္ပယုတ္တ၊ ၁၁-အတ္ထိ၊ ၁၂-အဝိဂတတို့ ဖြစ်ပါသည်။
1,590 total views, 3 views today