မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ခွဲ(၁)၏ ဓမ္မကျောင်းတော်များ နှစ်ပတ်လည် အစည်းအဝေး(၂၀၁၅) တွင် တင်သွင်းမည့် စာတမ်းခေါင်းစဉ်များကို အောက်ပါအတိုင်း ကဏ္ဍသုံးခု ခွဲခြားထားပါသည်။
(၁) ယဉ်ကျေးလိမ္မာသင်တန်းများ နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ ဖွင့်လှစ်နိုင်ရေး ဆိုင်ရာစာတမ်း
(၂) ယဉ်ကျေးလိမ္မာသင်တန်းများအတွက် ခေတ်မီပြီး ထိရောက်သည့် သင်ကြားရေးဆိုင်ရာစာတမ်း
(၃) ယဉ်ကျေးလိမ္မာသင်တန်းများ ရေရှည်တည်တံ့ရေးဆိုင်ရာ စာတမ်းများကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ဘာသာရပ်တွင် အကျွမ်းတဝင်ရှိပြီး အတွေ့အကြုံ ရှိသူများက ရေးသားတင်သွင်းနိုင်ကြောင်း သိရှိရပါသည်။
ဤကဏ္ဍ (၃)ခုအနက် မိမိနှစ်သက်ရာ ကဏ္ဍအတွက် စာတမ်းရေးသား တင်သွင်းခွင့် ရှိပါသည်။ စာတမ်းတင်သွင်းရန် စိတ်ပါဝင်စားသူတိုင်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရေးသားတင်သွင်းနိုင်ပါသည်။ စာတမ်း၏အောက်ခြေ၌ ရေးသားသည့် ပုဂ္ဂိုလ် (ဝါ) အဖွဲ့အစည်း၏ အမည်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ရေးသားပြီး လက်မှတ် ရေးထိုးရပါမည်။
ခေါင်းစဉ်တစ်ခု၏ စာတမ်းမှာ စာလုံးရေ (၃၀၀၀)ထက် မပိုလွန်စေရပါ။ A4 စာမျက်နှာ တစ်ဖက်တည်းသာ ရေးသားရပါမည်။ စာတမ်းကို နေပြည်တော် ယဉ်ကျေး လိမ္မာစင်တာ ရုံးခန်းသို့ စာဖြင့်လည်းကောင်း Email ဖြင့်လည်းကောင်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့ ညနေ(၆း၀၀) နာရီ နောက်ဆုံး ထား၍ပေးပို့ရပါမည်။

နှစ်ပတ်လည်အစည်းအဝေးပွဲကျင်းပရေးဦးစီးကော်မတီ
ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)

 954 total views,  1 views today

By admin