–   

  ရှေ့လုပ်ငန်းစဉ် (၈)ရပ် မှာအောက်ပါအတိုင်းဖြစ်ကြောင်းသိရှိရပါသည်။

၁။       ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့ရေးအတွက် ဆရာတော်၊ သံဃာတော်များ ရပ်မိရပ်ဖများနှင့် ဆရာ၊ဆရာမများ သုံးချောင်းထောက် အင်အားစုတို့သည် ပိုမိုထိတွေ့ကာ စည်းလုံးညီညွတ်စွာဖြင့် အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်ရန်။

၂။       ထိရောက်သော သင်ကြားရေးနည်းစနစ် ဖြစ်ထွန်းရေးအတွက် သင်ထောက်ကူ ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆောင်ရွက်ရန်။

၃။       ဓမ္မကျောင်းတော်က လေ့ကျင့်သင်ကြားပေးလိုက်သော ကလေးသူငယ်များ၊ လူငယ် လူရွယ်များ၏ အမူအရာပြောင်လဲမှု့ (Behaviour Change) ကို ပုံမှန်အကဲဖြတ်ပြီး နှစ်စဉ်ဒီဇင်ဘာ (၁၅) ရက်မတိုင်မီအရောက် နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာသို့ အရောက်ပေးပို့ရန်။

၄။       မြို့နယ်အသီးသီးရှိ ကိုယ်ပိုင်အထက်တန်းကျောင်း ဘော်ဒါများတွင် ကျောင်းစာ သင်ချိန်ကို မထိခိုက်စေဘဲ၊ အချိန်ပိုင်း ယဉ်ကျေးလိမ္မာသင်ခန်းစာများ ပို့ချနိုင်ရေး၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဘောဒါအုပ်များနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရန်။

၅။       နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာက နည်းးပြဆရာဖြစ်သင်တန်းများကို မြို့နယ်များတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်။

၆။       မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွံဲ့ခွဲ(၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာက အတည်ပြု သတ်မှတ်ပေးထားသော ဓမ္မကျောင်းတော် ဆိုင်းဘုတ် ပုံစံအတိုင်း တပြေးညီ စိုက်ထူသွားရန်။

၇။       ယဉ်ကျေးလိမ္မာ လူငယ်နှီးနှော ဖလှယ်ပွဲနှင့် အရည်အချင်းမြူှင့် စွမ်းရည်ပြပွဲများ အခါအားလျော်စွာ ကျင်းပနိုင်ရန်။

၈။       ဓမ္မကျောင်းတော်များ ရေရှည်တည်တံ့တိုးတက်ရေးအတွက် ညီနောင်အဖွဲ့ အစည်းများနှင့် ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန်။

Loading

By admin