(၂) ကုသေလာ ဓေမၼာ အကုသလႆ ဓမၼႆ (ကု-အကု)  zawgyi

 

          ကုသိုလ္တည္းဟူေသာ အေၾကာင္းဓမၼေၾကာင့္ အကုသိုလ္တည္းဟူေသာ အက်ဳိးဓမၼကို ပကတူပနိႆယသတၱိျဖင့္ ေက်းဇူးျပဳ၏။ ပ႒ာန္းပဥႇာ၀ါရလာပါဠိေတာ္ကို ျပရလွ်င္ “သဒၶံ ဥပနိႆာယ မာနံ ဇေပၸတိ၊ ဒိ႒ႎ ဂဏွာတိ” သဒၶါတရား တည္းဟူေသာ ကုသိုလ္အေၾကာင္းေၾကာင့္ မာနျဖစ္တတ္ေၾကာင္းကို ျပေသာပါဠိ ျဖစ္ပါသည္။

          ပမာျပရေသာ္ လူ႔ေလာကႀကီးတြင္ အခ်ဳိ႕ ဥပါသကာ၊ ဥပါသိကာမတို႔က ကုသိုလ္အလို႔ငွာ ပ႒ာန္း ပူေဇာ္ေလ့ ရွိၾက ပါသည္။ “သူတို႔ ဒို႔လို သဒၶါတရား မရွိၾကဘူး၊ ရွိၾကဦးေတာ့ ဒို႔သဒၶါကို ဘယ္မွီမလဲ၊ ၾကည့္ပါလား ပ႒ာန္းပူေဇာ္တယ္ဆိုၿပီး ပစၥယုေဒၵသ ၂၄-ပစၥည္းႏွင့္ ၿပီးေနတာ၊ ဒို႔က အခုပ႒ာန္းက်မ္းႀကီးေတြ ေန႔တိုင္းပူေဇာ္လာတာ ဆယ္ႀကိမ္ျပည့္ၿပီ” ဟူ၍ လည္းေကာင္း၊ “သူတို႔က ပ႒ာန္းပူေဇာ္႐ုံသာ ပူေဇာ္တတ္တာ၊ ဒို႔က အဓိပၸါယ္ႏွင့္တကြ ပဥႇာ၀ါရကို ပူေဇာ္တာေလ”ဟူ၍ လည္းေကာင္း မိမိျပဳေလ့ရွိသည့္ အာစိဏၰကံကုသိုလ္ကို ၀ါၾကြားေနျခင္းသည္ “သဒၶံ ဥပနိႆာယ မာနံ ဇေပၸတိ၊ ဒိ႒ႎ ဂဏွာတိ” ေပတည္း။

မီးက်ီးခဲေပၚ ယင္မနားသကဲ့သို႔

          ေလာကုတၱရာတရားဟူသည္ အလြန္ပင္ သိမ္ေမြ႕ေလသည္။ ၎ကို ေလာဘစိတ္ျဖင့္ အာ႐ံုျပဳ၍ မရႏိုင္ပါ။ ကိေလ သာက လက္လွမ္းမမွီပါဟု ေျပာႏိုင္ပါသည္။ လက္လွမ္းမမွီျခင္းဟူသည္ ရဲေနသည့္မီးက်ီးခဲေပၚ ယင္မနားႏိုင္သကဲ့သို႔ မဂ္စိတ္ ဖိုလ္စိတ္ကို ေလာဘက မတြယ္၀ံ့ေပ။ ေလာကုတၱရာစိတ္ကို ကိေလသာ မကပ္ႏိုင္ပါ။ ရဲေနသည့္ အသားတံုးကမူ ယင္ေကာင္အႀကိဳက္ ျဖစ္သကဲ့သို႔ ပုထုဇဥ္၏ စိတ္သည္ ကိေလသာ၏ တည္ရာမွီရာ ေပ်ာ္စံရာ ျဖစ္ေနေပေတာ့သည္။

 

ဆုေတာင္းျခင္းအေၾကာင္း

          သဒၶါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဟူေသာ သူေတာ္ေကာင္းတရား ၅-ပါးကို ျဖည့္က်င့္သည္။ သို႔ေသာ္ ထိုသူ၌ ဆုေတာင္းမရွိလွ်င္မူ သူ၏ဂတိ မၿမဲႏိုင္ပါ။ တစ္ဖန္ သူေတာ္ေကာင္းတရားငါးပါးမရွိလွ်င္လည္း ဂတိ မၿမဲပါ။ တစ္ပါးေသာ သူမွာမူ သူေတာ္ေကာင္းတရားငါးပါးလည္း ရွိ၏၊ ဆုေတာင္းလည္း ရွိလွ်င္မူ ဂတိၿမဲသည္။

          ထို႔ေၾကာင့္ ‘တသၼာ ကုသလံ ကမၼံ ကတြာ ဧကသၼိ ံဌာေန ပထၳနံ ကာတံု ၀႗တိ’ ဟု လာရွိသျဖင့္ ကုသိုလ္ျပဳၿပီးပါက ဆုေတာင္းသင့္ပါသည္။ သို႔မဟုတ္ပါက ေကာင္းကင္ေပၚသို႔ ပစ္လိုက္ေသာ ဒုတ္ေခ်ာင္းက ေျမျပင္ေပၚသို႔ အရင္းပိုင္းႏွင့္ က်မယ္ (သို႕မဟုတ္) အဖ်ားပိုင္းႏွင့္ က်မည္ကို ဧကန္မေျပာႏိုင္သကဲ့သို႔ သတၱ၀ါတို႔၏ ေရွ႕လာမည့္ဘ၀ ပဋိသေႏၶေနရမည့္ ဂတိကိုလည္း ဧကန္ေျပာမရပါ။ (က်မ္းညႊန္း-ဥပရိပဏၰာသအ႒ကထာ ႐ူပပ၀တၱိသုတ္)

 

အေျခခံတစ္ခုေၾကာင့္ ကုသိုလ္ အကုသိုလ္ ႏွစ္မ်ဳိးျဖစ္ႏိုင္သည္

          သဒၶါ သီလ သုတ စာဂ ပညာ တရားေတြ အားေကာင္းပါက ကုသိုလ္တရား ျဖစ္မည္။ ရာဂ ေဒါသ ေမာဟ မာန ဒိ႒ိမ်ား အားေကာင္းပါက အကုသိုလ္ျဖစ္မည္။ ဤသည္မွာ ပကတူပ၏ သတၱိေပတည္း။ သို႔ေသာ္ ပဥႇာ၀ါရ၌မူ အေျခခံ တခုေၾကာင့္ ကုသိုလ္ အကုသိုလ္ ႏွစ္မ်ဳိးလံုး ျဖစ္ႏိုင္သည္။

(၃) ကုသေလာ ဓေမၼာ အဗ်ာကတႆ ဓမၼႆ (ကု-ဗ်ာ)

 

          ယံုၾကည္ခ်က္ သဒၶါတရားဟူေသာ ကုသိုလ္ေၾကာင့္ ေရွ႕ဆက္၍၊ ဆက္၍ ကုသိုလ္ ျဖစ္ႏိုင္သည္။ ပမာျပရေသာ္ မိမိ၏ပိုင္ဆိုင္မႈကို စြန္႔လႊတ္ၿပီး ဒါနျပဳႏိုင္ျခင္းသည္ လည္းေကာင္း၊ အပင္ပန္းခံၿပီး တရားအားထုတ္ျခင္း၊ သီလေဆာက္တည္ ျခင္းတို႔ကို ပကတူပနိႆယပစၥည္းျဖင့္ ေက်းဇူးျပဳျခင္းေပတည္း။

          ကုသိုလ္တည္းဟူေသာ အေၾကာင္းဓမၼေၾကာင့္ အဗ်ာကတတည္းဟူေသာ အက်ဳိးဓမၼကို ပကတူပနိႆယ သတၱိျဖင့္ ေက်းဇူးျပဳရာတြင္ မွတ္သားစရာပါဠိတစ္ခုကို ျပရေသာ္ “သဒၶံ ဥပနိႆာယ အတၱာနံ အာတာေပတိ” ေလာက၌ သဒၶါ တရားသာ ထက္သန္ေနမည္ဆိုပါက ျပဳလုပ္စရာကိစၥရပ္မ်ားအတြက္ “ေအးေသးလို႔၊ ပူေနေသးတယ္” စသည္ျဖင့္ တစ္စံုတစ္ရာ ဆုတ္နစ္တြန္႔တိုမႈမရွိဘဲ ျပဳလုပ္ႏိုင္ပါသည္။ သို႔ေသာ္ ထိုသို႔ လုပ္ေဆာင္ရ သျဖင့္ ေမာပန္းႏြမ္းနယ္ျခင္းစသည့္ ကာယိကဒုကၡေ၀ဒနာမ်ားေၾကာင့္  ခႏၶာကုိယ္ႀကီးကို ပူပန္သည္။ ထက္၀န္းက်င္၌လဲ ပူပန္ေစပါသည္။

          “ပရိယိ႒ိမူလကံဒုကၡံ ပစၥႏုေဘာတိ” —– သဒၶါတရားရွိလာပါက ကုသိုလ္ေကာင္းမႈတစ္ခုခုကို ျပဳႏိုင္ပါသည္။ သဒၶါတရားမရွိလွ်င္ အနည္းငယ္မွ်ေသာ ကုသိုလ္ကိုပင္ ျပဳႏိုင္မည္ မဟုတ္ေပ။ ဤသို႔ ျပဳႏိုင္ ရန္အတြက္ ပစၥည္းဥစၥာရွိမွ ျဖစ္သျဖင့္ ပစၥည္းဥစၥာကို ရွာရပါလိမ့္မည္။ ႀကိဳးစားရွာေဖြရာတြင္လည္း ေနပူ မိုဃ္းရြာမေရွာင္ ရွာရေသာေၾကာင့့္ ရွာမွီး ရမႈေၾကာင့္ ကာယိကဒုကၡကို ဧကန္ခံစားရမည္။

          “သီလံ ဥပနိႆာယ” —-— သီလ၀ႏၲပုဂၢိဳလ္ဟူသည္ မိမိ၏သီလကို လံုေစရန္၊ က်င့္၀တ္ျပည့္စံုေစရန္ ေစာင့္ေရွာက္ ရာတြင္ အေဗၻာကာသိက ဓူတင္စသည္ကို ေဆာက္တည္ရသျဖင့့္ မိမိကုိယ္ကို ပူပန္ေစပါသည္။ ထက္၀န္းက်င္မွ ပူပန္ ေစပါသည္။ ပိ႑ပတ္ဓုတင္ေဆာက္တည္ထားသျဖင့္ ေနပူမိုဃ္းရြာမေရွာင္ ဆြမ္းခံထြက္သည့္အခါ ဆြမ္းကို ရွာမွီးျခင္း အေၾကာင္းခံျဖစ္သည့္ ဒုကၡေ၀ဒနာကို ခံစားရသည္။ ရွစ္ပါးသီလကို ေစာင့္ထိန္းထားသည့္ ဥပါသကာအေနျဖင့္လည္း ညစာမစားရျခင္း၊ ပန္းနံ႔သာမလိမ္းရျခင္းေၾကာင့္ ပင္ပန္းမႈ ရွိေနပါသည္။

          “စာဂံ ဥပနိႆာယ” ——- ထို႔ေနာက္ စာဂံ စြန္႔ႀကဲေပးကမ္းသည့္ ပုဂၢိဳလ္သည္လည္း စြန္႔ႀကဲေပးကမ္းရန္ အတြက္သာ မိမိ၏စိတ္ကို ညႊတ္ထားသျဖင့္ မိမိအဖို႔ မွ်တေလာက္ေအာင္ပင္ ခ်န္မထားေတာ့ဘဲ အားလံုး စြန္႔ႀကဲလွဴဒါန္း လိုက္ျခင္းေၾကာင့္ ပင္ပန္းမႈ၊ ပူေလာင္မႈ ရွိသည္။

         

သဒၶါတရားေကာင္းလြန္တဲ့ ကာဏာမာတာ

          သာ၀တၳိၿမိဳ႕တြင္ ကာဏဟုအမည္ရသည့္ သတို႔သမီးတစ္ဦး ရွိေလသည္။ ကာဏာ၏အဓိပၸါယ္မွာ မ်က္ကန္းျဖစ္ပါ ေသာ္လည္း သူမ်က္စိမကန္းေနသူ မဟုတ္ပါ။ သူ႔ကို ျမင္ျမင္သမွ် ပုရိသေယာက္်ားတိုင္း ေလာဘရာဂေၾကာင့္ အကန္းပမာ ျဖစ္ကုန္ၾကသျဖင့္ ကာဏာဟု အမည္တြင္ေနျခင္း ျဖစ္ပါသည္။ ကာဏာ၏ မိခင္ႀကီးကို ကာဏာမာတာဟု ေခၚပါသည္။ သူသည္ ရတနာသံုးပါးၾကည္ညိဳၿပီး သဒၶါတရား အလြန္ေကာင္းသူ ျဖစ္ပါသည္။ ကာဏာမာတာသည္ သမီးေခ်ာကို တစ္ျပည္တစ္ရြာက သတို႔သားတစ္ေယာက္ႏွင့္ ထိမ္းျမားေပးလိုက္ပါသည္။

          ကာလအတန္ၾကာေသာ္အခါ ကာဏာက သူ႔မိခင္အိမ္ကို အလည္အပတ္ ျပန္လာပါသည္။ သ႔ူခင္ပြန္း ေယာက်္ားက လူလႊတ္ၿပီး အျမန္ျပန္လာဖို႔ မွာၾကားေလသည္။ ထိုအခါ မိခင္ျဖစ္သူ ကာဏာမာတာက ‘လက္ေဆာင္မပါ လက္ျခည္း သက္သက္ျပန္ရတာ ငါ့သမီး မ်က္ႏွာငယ္ရွာမယ္’ဟုဆိုကာ မုန္႔ေၾကာ္ေပးေန၏။     

          ထိုအခ်ိန္တြင္ ရဟန္းေတာ္မ်ား တစ္ပါးၿပီးတစ္ပါး ဆြမ္းခံၾကြလာသျဖင့္ ေၾကာ္ထားသည့္မုန္႔မ်ားကို ေလာင္းလွဴ လိုက္ရာ မုန္႔မက်န္ေတာ့ပါ။ ထို႔ေၾကာင့္ သမီးကိုမနက္ဖန္မွ ျပန္ခိုင္းၿပီး ေနာက္တစ္ေန႔ မုန္႔ေၾကာ္ျပန္ရာ ကုန္သြားပါသည္။ ဤသို႔ျဖင့္ ေနာက္ရက္၊ ေနာက္ရက္မ်ား၌လည္း ဆြမ္းေလာင္းေနသျဖင့္ မုန္႔ကုန္သြားသျဖင့္ ကာဏာမျပန္ႏိုင္ဘဲ ျဖစ္ေနရွာ ပါသည္။ သူ၏ လင္ေယာက်္ားက လူလႊတ္ၿပီး သံုးႀကိမ္တိုင္တိုင္ ေခၚေသာ္လည္း  ကာဏာမလာႏိုင္ေသးေသာေၾကာင့္ ေနာက္အိမ္ေထာင္ ျပဳလိုက္သျဖင့္ ကာဏာငိုေနပါေတာ့သည္။

          ကာဏာငိုေၾကြးေနသည္ကို  ဘုရားရွင္ၾကြလာခိုက္ ျမင္ေတာ္မူသျဖင့္ တရားေဟာေပးေတာ္မူပါသည္။ ရဟန္းေတာ္ တို႔ကိုလည္း အလွဴခံရာတြင္ အတိုင္းအရွည္သိတတ္ရန္ ၀ိနည္းပညတ္ေတာ္မူပါသည္။ ကာဏာ၏ လင္ေယာက်္ားကလည္း ဘုရားရွင္ၾကြလာေတာ္မုူေၾကာင္း ၾကားသိရသျဖင့္ ကာဏာကိုျပန္၍ လက္ခံေလသည္။ သဒၶါတရားကို အေျခခံကာ စြန္႔ႀကဲ လွဴဒါန္းသျဖင့္ ပူေလာင္ၿပီး ငိုေၾကြးရသည့္ သာဓကပင္တည္း။

          “ပညံ ဥပနိႆာယ” — ပညာရွိဟူ၍ ျဖစ္လာပါက အဆင့္ဆင့္ပညာကို တိုးပြားႏိုင္ရန္ အခ်မ္းအပူ စသည္ကို ဂ႐ုမထားႏိုင္ဘဲ စာက်က္ရသည္၊ စာျပန္ရသည္၊ ႏွလံုးသြင္းရသည္ ထိုထိုအားထုတ္မႈေတြအတြက္ ပူပန္ေစသည္။ ပညာရွိသည္ ၀ိနည္းသီလကို သိနားလည္သျဖင့္ မိစၦာဇီ၀၌ အျပစ္ျမင္သည္။ သမၼာအာဇီ၀၌ အက်ိဳးကို ျမင္စြမ္းသည္။ မိစၦာ ဇီ၀ကို ပယ္စြန္႔ၿပီး စင္ၾကယ္သည့္ အသက္ေမြးျခင္းေသာ္လည္း ရွာမွီးျခင္း အေၾကာင္းခံသျဖင့္ ဆင္းရဲကို ခံစားရပါသည္။

          ဘုရားေလာင္းေတာ္က “ငါဘုရားျဖစ္ရမယ္”ဟူေသာ္ ယံုၾကည္ခ်က္သဒၶါတရားျဖင့္ ၆-ႏွစ္တာ ကာလပတ္လံုး ဒုကၠရစရိယကို က်င့္သံုးေတာ္မူခဲ့ပါသည္။ မဟာသီ၀မေထရ္ႀကီး၏ ပညာအေၾကာင္းခံၿပီး ကာယိက ဒုကၡျဖစ္ပံုမွာလည္း မွတ္သားစရာ ေကာင္းလွပါသည္။

 

(၂) ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ (ကု-အကု)   pyidaungsu – unicode

       ကုသိုလ်တည်းဟူသော အကြောင်းဓမ္မကြောင့် အကုသိုလ်တည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာပါဠိတော်ကို ပြရလျှင် “သဒ္ဓံ ဥပနိဿာယ မာနံ ဇပ္ပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ” သဒ္ဓါတရား တည်းဟူသော ကုသိုလ်အကြောင်းကြောင့် မာနဖြစ်တတ်ကြောင်းကို ပြသောပါဠိ ဖြစ်ပါသည်။

       ပမာပြရသော် လူ့လောကကြီးတွင် အချို့ ဥပါသကာ၊ ဥပါသိကာမတို့က ကုသိုလ်အလို့ငှာ ပဋ္ဌာန်း ပူဇော်လေ့ ရှိကြ ပါသည်။ “သူတို့ ဒို့လို သဒ္ဓါတရား မရှိကြဘူး၊ ရှိကြဦးတော့ ဒို့သဒ္ဓါကို ဘယ်မှီမလဲ၊ ကြည့်ပါလား ပဋ္ဌာန်းပူဇော်တယ်ဆိုပြီး ပစ္စယုဒ္ဒေသ ၂၄-ပစ္စည်းနှင့် ပြီးနေတာ၊ ဒို့က အခုပဋ္ဌာန်းကျမ်းကြီးတွေ နေ့တိုင်းပူဇော်လာတာ ဆယ်ကြိမ်ပြည့်ပြီ” ဟူ၍ လည်းကောင်း၊ “သူတို့က ပဋ္ဌာန်းပူဇော်ရုံသာ ပူဇော်တတ်တာ၊ ဒို့က အဓိပ္ပါယ်နှင့်တကွ ပဥှာဝါရကို ပူဇော်တာလေ”ဟူ၍ လည်းကောင်း မိမိပြုလေ့ရှိသည့် အာစိဏ္ဏကံကုသိုလ်ကို ဝါကြွားနေခြင်းသည် “သဒ္ဓံ ဥပနိဿာယ မာနံ ဇပ္ပေတိ၊ ဒိဋ္ဌိံ ဂဏှာတိ” ပေတည်း။

 

မီးကျီးခဲပေါ် ယင်မနားသကဲ့သို့

       လောကုတ္တရာတရားဟူသည် အလွန်ပင် သိမ်မွေ့လေသည်။ ၎င်းကို လောဘစိတ်ဖြင့် အာရုံပြု၍ မရနိုင်ပါ။ ကိလေ သာက လက်လှမ်းမမှီပါဟု ပြောနိုင်ပါသည်။ လက်လှမ်းမမှီခြင်းဟူသည် ရဲနေသည့်မီးကျီးခဲပေါ် ယင်မနားနိုင်သကဲ့သို့ မဂ်စိတ် ဖိုလ်စိတ်ကို လောဘက မတွယ်ဝံ့ပေ။ လောကုတ္တရာစိတ်ကို ကိလေသာ မကပ်နိုင်ပါ။ ရဲနေသည့် အသားတုံးကမူ ယင်ကောင်အကြိုက် ဖြစ်သကဲ့သို့ ပုထုဇဉ်၏ စိတ်သည် ကိလေသာ၏ တည်ရာမှီရာ ပျော်စံရာ ဖြစ်နေပေတော့သည်။

ဆုတောင်းခြင်းအကြောင်း

       သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဟူသော သူတော်ကောင်းတရား ၅-ပါးကို ဖြည့်ကျင့်သည်။ သို့သော် ထိုသူ၌ ဆုတောင်းမရှိလျှင်မူ သူ၏ဂတိ မမြဲနိုင်ပါ။ တစ်ဖန် သူတော်ကောင်းတရားငါးပါးမရှိလျှင်လည်း ဂတိ မမြဲပါ။ တစ်ပါးသော သူမှာမူ သူတော်ကောင်းတရားငါးပါးလည်း ရှိ၏၊ ဆုတောင်းလည်း ရှိလျှင်မူ ဂတိမြဲသည်။

       ထို့ကြောင့် ‘တသ္မာ ကုသလံ ကမ္မံ ကတွာ ဧကသ္မိ ံဌာနေ ပထ္ထနံ ကာတုံ ဝဋ္ဋတိ’ ဟု လာရှိသဖြင့် ကုသိုလ်ပြုပြီးပါက ဆုတောင်းသင့်ပါသည်။ သို့မဟုတ်ပါက ကောင်းကင်ပေါ်သို့ ပစ်လိုက်သော ဒုတ်ချောင်းက မြေပြင်ပေါ်သို့ အရင်းပိုင်းနှင့် ကျမယ် (သို့မဟုတ်) အဖျားပိုင်းနှင့် ကျမည်ကို ဧကန်မပြောနိုင်သကဲ့သို့ သတ္တဝါတို့၏ ရှေ့လာမည့်ဘ၀ ပဋိသန္ဓေနေရမည့် ဂတိကိုလည်း ဧကန်ပြောမရပါ။ (ကျမ်းညွှန်း-ဥပရိပဏ္ဏာသအဋ္ဌကထာ ရူပပဝတ္တိသုတ်)

အခြေခံတစ်ခုကြောင့် ကုသိုလ် အကုသိုလ် နှစ်မျိုးဖြစ်နိုင်သည်

       သဒ္ဓါ သီလ သုတ စာဂ ပညာ တရားတွေ အားကောင်းပါက ကုသိုလ်တရား ဖြစ်မည်။ ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိများ အားကောင်းပါက အကုသိုလ်ဖြစ်မည်။ ဤသည်မှာ ပကတူပ၏ သတ္တိပေတည်း။ သို့သော် ပဥှာဝါရ၌မူ အခြေခံ တခုကြောင့် ကုသိုလ် အကုသိုလ် နှစ်မျိုးလုံး ဖြစ်နိုင်သည်။

 

(၃) ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ (ကု-ဗျာ)

       ယုံကြည်ချက် သဒ္ဓါတရားဟူသော ကုသိုလ်ကြောင့် ရှေ့ဆက်၍၊ ဆက်၍ ကုသိုလ် ဖြစ်နိုင်သည်။ ပမာပြရသော် မိမိ၏ပိုင်ဆိုင်မှုကို စွန့်လွှတ်ပြီး ဒါနပြုနိုင်ခြင်းသည် လည်းကောင်း၊ အပင်ပန်းခံပြီး တရားအားထုတ်ခြင်း၊ သီလဆောက်တည် ခြင်းတို့ကို ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းပေတည်း။

       ကုသိုလ်တည်းဟူသော အကြောင်းဓမ္မကြောင့် အဗျာကတတည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုရာတွင် မှတ်သားစရာပါဠိတစ်ခုကို ပြရသော် “သဒ္ဓံ ဥပနိဿာယ အတ္တာနံ အာတာပေတိ” လောက၌ သဒ္ဓါ တရားသာ ထက်သန်နေမည်ဆိုပါက ပြုလုပ်စရာကိစ္စရပ်များအတွက် “အေးသေးလို့၊ ပူနေသေးတယ်” စသည်ဖြင့် တစ်စုံတစ်ရာ ဆုတ်နစ်တွန့်တိုမှုမရှိဘဲ ပြုလုပ်နိုင်ပါသည်။ သို့သော် ထိုသို့ လုပ်ဆောင်ရ သဖြင့် မောပန်းနွမ်းနယ်ခြင်းစသည့် ကာယိကဒုက္ခဝေဒနာများကြောင့် ခန္ဓာကိုယ်ကြီးကို ပူပန်သည်။ ထက်ဝန်းကျင်၌လဲ ပူပန်စေပါသည်။

       “ပရိယိဋ္ဌိမူလကံဒုက္ခံ ပစ္စနုဘောတိ” —– သဒ္ဓါတရားရှိလာပါက ကုသိုလ်ကောင်းမှုတစ်ခုခုကို ပြုနိုင်ပါသည်။ သဒ္ဓါတရားမရှိလျှင် အနည်းငယ်မျှသော ကုသိုလ်ကိုပင် ပြုနိုင်မည် မဟုတ်ပေ။ ဤသို့ ပြုနိုင် ရန်အတွက် ပစ္စည်းဥစ္စာရှိမှ ဖြစ်သဖြင့် ပစ္စည်းဥစ္စာကို ရှာရပါလိမ့်မည်။ ကြိုးစားရှာဖွေရာတွင်လည်း နေပူ မိုဃ်းရွာမရှောင် ရှာရသောကြောင့် ရှာမှီး ရမှုကြောင့် ကာယိကဒုက္ခကို ဧကန်ခံစားရမည်။

       “သီလံ ဥပနိဿာယ” —-— သီလဝန္တပုဂ္ဂိုလ်ဟူသည် မိမိ၏သီလကို လုံစေရန်၊ ကျင့်ဝတ်ပြည့်စုံစေရန် စောင့်ရှောက် ရာတွင် အဗ္ဘောကာသိက ဓူတင်စသည်ကို ဆောက်တည်ရသဖြင့် မိမိကိုယ်ကို ပူပန်စေပါသည်။ ထက်ဝန်းကျင်မှ ပူပန် စေပါသည်။ ပိဏ္ဍပတ်ဓုတင်ဆောက်တည်ထားသဖြင့် နေပူမိုဃ်းရွာမရှောင် ဆွမ်းခံထွက်သည့်အခါ ဆွမ်းကို ရှာမှီးခြင်း အကြောင်းခံဖြစ်သည့် ဒုက္ခဝေဒနာကို ခံစားရသည်။ ရှစ်ပါးသီလကို စောင့်ထိန်းထားသည့် ဥပါသကာအနေဖြင့်လည်း ညစာမစားရခြင်း၊ ပန်းနံ့သာမလိမ်းရခြင်းကြောင့် ပင်ပန်းမှု ရှိနေပါသည်။

      “စာဂံ ဥပနိဿာယ” ——- ထို့နောက် စာဂံ စွန့်ကြဲပေးကမ်းသည့် ပုဂ္ဂိုလ်သည်လည်း စွန့်ကြဲပေးကမ်းရန် အတွက်သာ မိမိ၏စိတ်ကို ညွှတ်ထားသဖြင့် မိမိအဖို့ မျှတလောက်အောင်ပင် ချန်မထားတော့ဘဲ အားလုံး စွန့်ကြဲလှူဒါန်း လိုက်ခြင်းကြောင့် ပင်ပန်းမှု၊ ပူလောင်မှု ရှိသည်။

 

သဒ္ဓါတရားကောင်းလွန်တဲ့ ကာဏာမာတာ

      သာဝတ္ထိမြို့တွင် ကာဏဟုအမည်ရသည့် သတို့သမီးတစ်ဦး ရှိလေသည်။ ကာဏာ၏အဓိပ္ပါယ်မှာ မျက်ကန်းဖြစ်ပါ သော်လည်း သူမျက်စိမကန်းနေသူ မဟုတ်ပါ။ သူ့ကို မြင်မြင်သမျှ ပုရိသယောက်ျားတိုင်း လောဘရာဂကြောင့် အကန်းပမာ ဖြစ်ကုန်ကြသဖြင့် ကာဏာဟု အမည်တွင်နေခြင်း ဖြစ်ပါသည်။ ကာဏာ၏ မိခင်ကြီးကို ကာဏာမာတာဟု ခေါ်ပါသည်။ သူသည် ရတနာသုံးပါးကြည်ညိုပြီး သဒ္ဓါတရား အလွန်ကောင်းသူ ဖြစ်ပါသည်။ ကာဏာမာတာသည် သမီးချောကို တစ်ပြည်တစ်ရွာက သတို့သားတစ်ယောက်နှင့် ထိမ်းမြားပေးလိုက်ပါသည်။

       ကာလအတန်ကြာသော်အခါ ကာဏာက သူ့မိခင်အိမ်ကို အလည်အပတ် ပြန်လာပါသည်။ သ့ူခင်ပွန်း ယောကျ်ားက လူလွှတ်ပြီး အမြန်ပြန်လာဖို့ မှာကြားလေသည်။ ထိုအခါ မိခင်ဖြစ်သူ ကာဏာမာတာက ‘လက်ဆောင်မပါ လက်ခြည်း သက်သက်ပြန်ရတာ ငါ့သမီး မျက်နှာငယ်ရှာမယ်’ဟုဆိုကာ မုန့်ကြော်ပေးနေ၏။

       ထိုအချိန်တွင် ရဟန်းတော်များ တစ်ပါးပြီးတစ်ပါး ဆွမ်းခံကြွလာသဖြင့် ကြော်ထားသည့်မုန့်များကို လောင်းလှူ လိုက်ရာ မုန့်မကျန်တော့ပါ။ ထို့ကြောင့် သမီးကိုမနက်ဖန်မှ ပြန်ခိုင်းပြီး နောက်တစ်နေ့ မုန့်ကြော်ပြန်ရာ ကုန်သွားပါသည်။ ဤသို့ဖြင့် နောက်ရက်၊ နောက်ရက်များ၌လည်း ဆွမ်းလောင်းနေသဖြင့် မုန့်ကုန်သွားသဖြင့် ကာဏာမပြန်နိုင်ဘဲ ဖြစ်နေရှာ ပါသည်။ သူ၏ လင်ယောကျ်ားက လူလွှတ်ပြီး သုံးကြိမ်တိုင်တိုင် ခေါ်သော်လည်း ကာဏာမလာနိုင်သေးသောကြောင့် နောက်အိမ်ထောင် ပြုလိုက်သဖြင့် ကာဏာငိုနေပါတော့သည်။

       ကာဏာငိုကြွေးနေသည်ကို ဘုရားရှင်ကြွလာခိုက် မြင်တော်မူသဖြင့် တရားဟောပေးတော်မူပါသည်။ ရဟန်းတော် တို့ကိုလည်း အလှူခံရာတွင် အတိုင်းအရှည်သိတတ်ရန် ဝိနည်းပညတ်တော်မူပါသည်။ ကာဏာ၏ လင်ယောကျ်ားကလည်း ဘုရားရှင်ကြွလာတော်မုူကြောင်း ကြားသိရသဖြင့် ကာဏာကိုပြန်၍ လက်ခံလေသည်။ သဒ္ဓါတရားကို အခြေခံကာ စွန့်ကြဲ လှူဒါန်းသဖြင့် ပူလောင်ပြီး ငိုကြွေးရသည့် သာဓကပင်တည်း။

 

 

       “ပညံ ဥပနိဿာယ” — ပညာရှိဟူ၍ ဖြစ်လာပါက အဆင့်ဆင့်ပညာကို တိုးပွားနိုင်ရန် အချမ်းအပူ စသည်ကို ဂရုမထားနိုင်ဘဲ စာကျက်ရသည်၊ စာပြန်ရသည်၊ နှလုံးသွင်းရသည် ထိုထိုအားထုတ်မှုတွေအတွက် ပူပန်စေသည်။ ပညာရှိသည် ဝိနည်းသီလကို သိနားလည်သဖြင့် မိစ္ဆာဇီဝ၌ အပြစ်မြင်သည်။ သမ္မာအာဇီဝ၌ အကျိုးကို မြင်စွမ်းသည်။ မိစ္ဆာ ဇီဝကို ပယ်စွန့်ပြီး စင်ကြယ်သည့် အသက်မွေးခြင်းသော်လည်း ရှာမှီးခြင်း အကြောင်းခံသဖြင့် ဆင်းရဲကို ခံစားရပါသည်။

       ဘုရားလောင်းတော်က “ငါဘုရားဖြစ်ရမယ်”ဟူသော် ယုံကြည်ချက်သဒ္ဓါတရားဖြင့် ၆-နှစ်တာ ကာလပတ်လုံး ဒုက္ကရစရိယကို ကျင့်သုံးတော်မူခဲ့ပါသည်။ မဟာသီဝမထေရ်ကြီး၏ ပညာအကြောင်းခံပြီး ကာယိက ဒုက္ခဖြစ်ပုံမှာလည်း မှတ်သားစရာ ကောင်းလှပါသည်။

 1 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *