(၁) ကုသေလာ ဓေမၼာ ကုသလႆ ဓမၼႆ (ကု-ကု)

                             

      ကုသိုလ္တည္းဟူေသာ အေၾကာင္းဓမၼက ကုသိုလ္တည္းဟူေသာ အက်ဳိးဓမၼကို ပကတူပနိႆယ သတၱိျဖင့္ ေက်းဇူးျပဳ၏။ ပ႒ာန္းပဥႇာ၀ါရလာ ပါဠိေတာ္ကိုျပရလွ်င္ “သဒၶံ ဥပနိႆာယ ဒါနံ ေဒတိ၊ သီလံ သမာဒိယတိ၊ ဥေပါသထကမၼံ ကေရာတိ၊ စ်ာနံ ဥပၸါေဒတိ၊ ၀ိပႆနံ ဥပၸါေဒတိ၊ မဂၢံ ဥပၸါေဒတိ၊  အဘိညံ ဥပၸါေဒတိ၊ သမာပတၱႎ ဥပၸါေဒတိ” သဒၶါတရားတည္းဟူေသာ ကုသိုလ္က စြန္႔ႀကဲလွဴဒါန္းျခင္းဟူေသာ ဒါနကို ပကတူပနိႆယသတၱိျဖင့္ ေက်းဇူးျပဳ၏။ ဆက္လက္ၿပီး ေစာင့္စည္းမႈသီလ၊ စူးစမ္းေလ့လာမႈ သုတ၊ ေပးကမ္းစြန္႔ႀကဲမႈ စာဂႏွင့္ သစၥာေလးပါးကို ထိုးထြင္းသိျမင္မႈ ပညာတည္းဟူေသာ အေၾကာင္းေၾကာင့္လည္း ကုသိုလ္မ်ား ဆက္လက္ ျဖစ္ႏိုင္ေပသည္။

          ဤတြင္ သတိျပဳစရာတစ္ခုမွာ ပကတိဟူေသာပါဠိကို ေရွးကျပဳလုပ္ခဲ့သည့္ ကုသိုလ္ကံ အကုသိုလ္ကံကိုပင္ ယူရ မည္ဟု သဒၶမၼေဇာတိက ပ႒ာန္းက်မ္းျပဳဆရာက ဆိုထားပါသည္။

          သဒၶါတရားဟူသည္ ကံႏွင့္ ကံ၏အက်ဳိးအပါအ၀င္၊ ပစၥဳပၸန္ေလာက တမလြန္ေလာက၊ သံသရာစသည္ကို ယုံၾကည္ မႈက သဒၶါတရား ျဖစ္ပါသည္။ သဒၶါ ယုံၾကည္မႈကို ေရွးဆရာေတာ္ႀကီးမ်ားက “ေရကို လိုခ်င္တဲ့ ေယာက္်ားဟာ ေျမႀကီးရဲ႕ ေအာက္မွာ  ဧကန္မုခ် ေရရွိကိုရွိရမယ္ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ ေျမကိုတူးသလို သဒၶါတရားနဲ႔ ျပည့္စုံတဲ့ ပုဂၢိဳလ္ဟာလဲ ဒါန သီလစသည္ျပဳရင္ ဒီကုသိုလ္ရဲ႕ အက်ဳိးအာနိသင္ကို ဧကန္ရလိမ့္မယ္ဆိုၿပီး ယံုၾကည္လို႔ျပဳတာ”ဟု ပမာျပေတာ္မူၾက ပါသည္။

          ထိုနည္းအတူ မိမိတို႔ပင္ပန္းစြာ ရွာေဖြစုေဆာင္းထားရွိသည့္ ဥစၥာပစၥည္းကို မိမိ၏ရင္ေသြးငယ္မ်ားကိုပင္ မေပး မေကြၽးဘဲ ေရႊတိဂံုဘုရား၌ ေရႊသကၤန္းကပ္ရန္ လွဴဒါန္းႏိုင္ျခင္းသည္ သာမာန္ယံုၾကည္မႈ သဒၶါတရား မဟုတ္ေပ။ ဤကုသိုလ္ ေကာင္းမႈသည္ ဧကန္အက်ဳိးေပးမည္ဟု ယံုၾကည္ေသာေၾကာင့္ စြန္႔လွဴႏိုင္ၾကျခင္း ျဖစ္ပါသည္။

          သို႔ေသာ္ အားနာ၍ျဖစ္ေစ၊ ေၾကာက္၍ျဖစ္ေစ၊ မေကာင္းတတ္၍ျဖစ္ေစ၊ သူတစ္ပါးကဲ့ရဲ႕မွာစိုး၍ျဖစ္ေစ ျပဳတတ္ ၾကသည့္ ဒါနေကာင္းမႈစသည္ကမူ “သဒၶံ ဥပနိႆာယ”ႏွင့္ အႀကံဳး၀င္မည္ဟု မထင္ပါ။

          အေၾကာင္းဓမၼက အတိတ္ အက်ဳိးဓမၼက ပစၥဳပၸန္ကာလကို ေဖာ္ျပသည့္ ပ႒ာန္းပါဠိေတာ္မွာ “အတီေတာ ဓေမၼာ ပစၥဳပၸႏၷႆ ဓမၼႆ ဥပနိႆယ ပစၥေယနပစၥေယာ၊ ပကတူပနိႆေယာ အတီတံ သဒၶံ ဥပနိႆာယ ဒါနံ ေဒတိ၊ သီလံသမာဒိယတိ———” (ညႊန္း – ပ႒ာန္းက်မ္း အတဲြ-၂၊ ႏွာ-၄၁၄) မွာ ေဟာေတာ္မူပါသည္။    

          ျမင္ေတြ႕ေနၾက ပါဠိေတာ္မ်ား၌ အေၾကာင္းက ပစၥဳပၸန္၊ အက်ဳိးက အနာဂတ္ျဖစ္ပါေသာ္လည္း ဤပါဠိေတာ္၌မူ အေၾကာင္းဓမၼက  အတိတ္ကာလျဖစ္ၿပီး၊ အက်ဳိးဓမၼက ပစၥဳပၸန္ကာလ ျဖစ္ေနပါသည္။

         ေဖၚျပခဲ့သည့္ ပ႒ာန္းပါဠိေတာ္ကို လယ္တီဆရာေတာ္ႀကီးက “ပရိနိဗၺာန္ျပဳေတာ္မူၿပီးခဲ့တဲ့ ဘုရားႏွင့္ အရိယာ သံဃာ သမၼဳတိ သံဃာေတာ္ အဆက္ဆက္တို႔ဟာ ေနာက္လူေတြကို ကုသိုလ္ျဖစ္ဖို႔ရာ ပကတူပ နိႆယသတၱိနဲ႔ ေက်းဇူးျပဳ ၾကပါတယ္”ဟု မိန္႔ေတာ္မူၿပီး၊ ဆက္လက္ၿပီး “ေလာကမွာ ေသလြန္ၾကၿပီးျဖစ္တဲ့ မိဘဆရာသမားေတြ၊ ပညာရွိ ရဟန္း ပုဏၰားေတြ၊  တန္ခိုးအာႏုေဘာ္ႀကီးတဲ့ ေရွးမင္းေတြဟာ ေနာက္လူေတြကို ကုသိုလ္ အကုသိုလ္ျဖစ္ဖို႔ရာ၊ ခ်မ္းသာ ဆင္းရဲ ျဖစ္ဖို႔ရာ ေက်းဇူးျပဳၾကပါတယ္”ဟု မိန္႔ေတာ္မူပါသည္။

          ဆိုလိုသည္မွာ ေရွးေရွးပုဂၢိဳလ္တို႔က ေနာက္ေနာက္ပုဂၢိဳလ္တို႔အား မ်ားျပားလွသည့္ သူေတာ္ေကာင္းစကားမ်ား၊ အထူးထူးေသာ ေလာကအေဆာက္အဦမ်ား ထားေပးခဲ့ၾကပါသည္။

          ေနာက္ေနာင္လူမ်ားက ေရွးေရွးလူတို႔ ထားေပးခဲ့သည့္ ေလာကက်င့္၀တ္၊ အမ်ဳိးအႏြယ္က်င့္၀တ္၊ အထူးထူးေသာ အယူ၀ါဒ၊ အလုပ္အကိုင္၊ အတတ္ပညာမ်ားအျပင္ တည္ထားေပးခဲ့သည့္ ဆည္ေျမာင္း တာတမံမ်ား၊ အေဆာက္အဦမ်ား၊ ေစတီပုထိုးမ်ား၏ အေမြခံျဖစ္ၾကပါသည္။ ထို႔ေၾကာင့္ အတိတ္ကအေၾကာင္းေၾကာင့္ ယေန႔ယခုေလာကမွာ ႀကီးပြားေနၾက သည္ကို ဤပါဠိေတာ္က ျပဆိုျခင္း ျဖစ္ပါသည္။

 

ပဋိသမၻိဒါဉာဏ္ရွင္ အရွင္စူဠပန္

 

          “မေဂၢါ ေသကၡာနံ အတၳပဋိသမၻိဒါယ၊ ဓမၼပဋိသမၻိဒါယ၊ နိ႐ုတၱိပဋိသမၻိဒါယ၊ ပဋိဘာနပဋိသမၻိဒါယ၊ ဌာနာဌာန ေကာသလႆ ဥပနိႆယပစၥေယန ပစၥေယာ” က်င့္ဆဲျဖစ္ေသာ ေသာတာပန္၊ သကဒါဂါမ္၊ အနာဂါမ္ဟူေသာ အရိယာ ေသကၡာပုဂၢိဳလ္တို႔၏ ေအာက္မဂ္သံုးပါးသည္ မာဂဓ ပါဠိ အနက္အဓိပၸါယ္ကို သိႏိုင္စြမ္းေသာ အတၳပၸဋိသမၻိဒါဉာဏ္ျဖစ္ျခင္း အက်ဳိးငွာလည္းေကာင္း၊ ပါဠိ၏သဒၵါကိုသိေသာ ဓမၼပၸဋိသမၻိဒါ ဉာဏ္ျဖစ္ျခင္း အက်ဳိးငွာလည္းေကာင္း၊ သတၱ၀ါတိုင္း၏ ဘာသာစကားကိုသိေသာ နိ႐ုတၱိပၸဋိသမၻိဒါဉာဏ္ျဖစ္ျခင္း အက်ဳိးငွာလည္းေကာင္း၊ အနက္၊ သဒၵါ၊ အဓိပၸါယ္ဘာသာကို ထိုးထြင္းသိေသာ ပဋိဘာနပၸဋိသမၻိဒါဉာဏ္ျဖစ္ျခင္း အက်ဳိးငွာလည္းေကာင္း၊ အေၾကာင္းအက်ိဳး ဟုတ္သည္ မဟုတ္သည္ကို သိေသာ ဌာနာဌာန ေကာသလဉာဏ္ျဖစ္ျခင္း အက်ဳိးငွာလည္းေကာင္း ဥပနိႆယပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

          မဂ္ဉာဏ္ကပဋိသမၻိဒါဉာဏ္ကို ျဖစ္ေစသည့္သာဓကကို အရွင္စူဠပန္၀တၳဳျဖင့္ ျပပါမည္။ အရွင္စူဠပန္သည္ ျမတ္စြာ ဘုရားရွင္၏ ႐ူပကာယ အသေရေတာ္ တင့္တယ္မႈကို ဖူးေျမာ္ရန္ ဖြဲ႕ဆုိထားသည့္ စာေလးေၾကာင္းမွ်သာရွိသည့္ ဂါထာ ေတာ္ကို ေလးလတာကာလပတ္လံုး က်က္မရႏိုင္ေလာက္ေအာင္ပင္ ဉာဏ္ရည္ ဉာဏ္ေသြး ထိုင္းမိႈင္းေတာ္မူရွာပါသည္။ 

          ဤမွ် ဉာဏ္ထံုထိုင္းေနသည့္ ညီေတာ္အရွင္စူဠပန္ကို ေနာင္ေတာ္ျဖစ္သူ အရွင္မဟာပန္က ရဟန္းဘ၀ျဖင့္ေနလွ်င္ အက်ဳိးမ်ားမည္မဟုတ္ဟု ဆင္ျခင္ကာ လူထြက္ရန္ တိုက္တြန္းေတာ္မူ၏။ သို႔ပါေသာ္လည္း အရွင္စူဠပန္က မိမိရရွိထားသည့္ ရဟန္းဘ၀၌ ေမြ႔ေလ်ာ္ေတာ္မူ၏။ ျမင့္ျမတ္သည့္ဘုရားရွင္၏ သာသနာ့၀န္ထမ္း ရဟန္းဘ၀မွသည္ ယုတ္ညံ့သည့္ လူ႔ဘ၀သို႔ မေရြ႕ေလ်ာခ်င္ဘဲ ရွိေန၏။

          တစ္ေန႔တြင္ ဆရာဇီ၀ကသည္ ျမတ္စြာဘုရားရွင္ႏွင့္ သံဃာေတာ္မ်ားအား ဆြမ္းကပ္ရန္ ေလွ်ာက္ထားလာ၏။ အရွင္မဟာပန္က ေက်ာင္း၌ သံဃာငါးရာရွိပါေသာ္လည္း  ညီျဖစ္သူ အရွင္စူဠပန္ကို ခ်န္လွပ္ကာ- ၄၉၉-အပါး ရွိသည္ဟု ဆရာဇီ၀ကကို မွာၾကားလိုက္၏။ ထိုအခါ အရွင္စူဠပန္သည္ အလြန္အမင္း၀မ္းနည္းကာ မနက္ျဖန္မိုးေသာက္လွ်င္ လူထြက္ မည္ဟု ဆုံးျဖတ္ေတာ္မူေလ၏။

          ျမတ္စြာဘုရားရွင္သည္ နံနက္မိုးေသာက္အခ်ိန္ေရာက္ေသာအခါ ေက်ာင္း၏မုခ္၀၌ အရွင္စူဠပန္ကို ေစာင့္ဆိုင္း ေနေတာ္မူ၏။ ထိုအခါ အိမ္ျပန္ရန္ ေဇတ၀န္ေက်ာင္းမုခ္၀သို႔ ေရာက္လာသည့္ အရွင္စူဠပန္ကို “ခ်စ္သား ဘယ္ကို သြားမလို႔လဲ” ဟု ေမးေတာ္မူ၏။ အရွင္စူဠပန္က ျဖစ္စဥ္အေၾကာင္းအရာတို႔ကို ေလွ်ာက္ထား၏။

          ထိုအခါ ဘုရားရွင္သည္ အရွင္စူဠပန္ကို ဂႏၶကုဋီတိုက္အတြင္းသို႔ ေခၚေတာ္မူၿပီး သူ၏စ႐ိုက္ႏွင့္ ေလွ်ာ္ညီသည့္ ကမၼ႒ာန္းေပးေတာ္မူရာ ပဋိသမၻိဒါဉာဏ္ႏွင့္တကြ စိတ္ျဖင့္ၿပီးသည့္ကိုယ္ကို ဖန္ဆင္းရာ၌လည္းေကာင္း၊ ႐ူပါ၀စရ စ်ာန္ ၀င္စားရာတြင္လည္းေကာင္း ဧတဒဂ္ႏွစ္ပါးရ ရဟႏၲာႀကီး ျဖစ္ေတာ္မူ၏။ ပဋိသမၻိဒါ ဉာဏ္ရသည့္ အရွင္စူဠပန္သည္ ပါဠိ စာေပကို မသင္ၾကားရဘဲ၊ မက်က္ရဘဲ အလိုလိုပင္ ပိဋကတ္ေတာ္လာ တရားတို႔ကို သိၿပီး၊ နားလည္ၿပီး ျဖစ္ေနပါ ေတာ့သည္။

          အရွင္စူဠပန္ ဤမွ်ဉာဏ္ထုိင္းရျခင္းမွာလည္း အေၾကာင္းမဲ့ မဟုတ္ပါေပ။ သူရဟန္းျဖစ္ခဲ့သည့္ တစ္ခုေသာဘ၀၌ ဉာဏ္ေလးသည့္ ရဟန္းေတာ္မ်ားကို ကဲ့ရဲ႕ျပစ္တင္ ေလွာင္ေျပာင္ခဲ့ဖူးသည့္ ကံေၾကြးကို ေပးဆပ္ေနရျခင္း ျဖစ္ပါသည္။

          ပဋိသမၻိဒါဉာဏ္ရျခင္းကလည္း အေၾကာင္းမဲ့ မဟုတ္ပါ။ သံသရာ၌ ဘုရားသာသနာေတာ္ႏွင့္ ႀကံဳသည့္ အခါသမယ ေကာင္းမ်ားတြင္ အဘိဓမၼာသင္ၾကားခဲ့ဖူးသူျဖစ္မွသာ မဂ္ရသည့္အခါ၌ အျခားပုဂၢိဳလ္မ်ားႏွင့္မတူဘဲ ပဋိသမၻိဒါဉာဏ္ ရႏိုင္ ပါသည္။

          အရွင္စူဠပန္ ေလးလတာကာလပတ္လံုး က်က္မရႏိုင္ခဲ့သည့္ ဂါထာေတာ္ကိုလည္း ဗဟုသုတအလို႔ငွာ ေဖၚျပေပအံ့။

                     ပဒုမံ ယထာ ေကာကႏုဒံ သုဂႏၶံ၊

                     ပါေတာ သိယာ ဖုလႅမ၀ီတဂႏၶံ။

                     အဂၤ ီရသံ ပႆ ၀ိေရာစမာနံ၊

                     တပႏၱမာဒိစၥမိ၀ႏၲလိေကၡ။ (က်မ္းညႊန္း-ပါစိတ္၊ ႒-ႏွာ-၆၈)

 

နိဗၺာန္တရားက ပကတူပနိႆယသတၱိျဖင့္ ေက်းဇူးျပဳျခင္း

         

          မဂၢဖလနိဗၺာန္အက်ဳိးငွာ က်င့္ႀကံအားထုတ္ရာတြင္ ဤဘ၀တြင္ နိဗၺာန္ကို မ်က္ေမွာက္ျပဳႏိုင္ရန္ ေဗာဓိပကၡိယတရား (၃၇)ပါးကို ပြားမ်ားရပါမည္။ ပြင့္ေတာ္မူလတၱံ႕ေသာ ဘုရားရွင္လက္ထက္ေတာ္၌ ပရိနိဗၺာန္ျပဳႏိုင္ရန္ ႏွလံုးသြင္းထားရွိသူအဖို႔ ပါရမီဆယ္ပါး၊ အျပားသံုးဆယ္တို႔ကို ျဖည့္က်င့္ရေပမည္။ ဤတြင္ နိဗၺာန္တရားသည္ ပါရမီတရားတို႔ကို ျဖစ္ေစရန္ လည္းေကာင္း၊ ေဗာဓိပကၡိယတရား (၃၇)ပါးတို႔ကို ျဖစ္ေစရန္လည္းေကာင္း ပကတူပနိႆယသည္ အားႀကီးေသာ အေၾကာင္း ဗလ၀ပစၥယ ျဖစ္၏။

          ထို႔ေၾကာင့္ ပ႒ာန္းပဥႇာ၀ါရတြင္ သဒၶံ။ ပ။ သီလံ။ ပ။ သုတံ။ ပ။ စာဂံ။ ပ။ ပညံဥပနိႆယ ဒါနံေဒတိ၊ သီလံ သမာဒိယတိ၊ ဥေပါသထကမၼံ ကေရာတိ၊ စ်ာနံ ဥပၸါေဒတိ၊ ၀ိပႆနံ ဥပၸါေဒတိ၊ မဂၢံ ဥပၸါေဒတိ၊ အဘိညံ ဥပၸါေဒတိ၊ သမာပတၱႎ ဥပၸါေဒတိ ဟု လာရွိ၏။

          ေဗာဓိပကၡိယတရားႏွင့္ ပါရမီတရားတို႔၏ အသင္းအပင္းျဖစ္ၾကသည့္ သဒၶါတရားတည္းဟူေသာ ယံုၾကည္ျခင္းသည္၊ သီလသည္၊ အၾကားအျမင္ ဗဟုသုတသည္၊ စြန္႔ႀကဲျခင္း စာဂသည္၊ ဉာဏ္ပညာတို႔သည္ အားႀကီးစြာ အမွီျပဳ၍ အလွဴဒါနကို ေပးသည္၊ ငါးပါးသီလ ေဆာက္တည္သည္၊ ရွစ္ပါးေသာဥပုသ္သီလကို ေဆာက္တည္သည္၊ စ်ာန္ကို ျဖစ္ေပၚေစ၏၊ ၀ိပႆနာကို ျဖစ္ေပၚေစ၏၊ မဂ္ကို ျဖစ္ေပၚေစ၏၊၊ အဘိညာဥ္ တန္ခိုးကို ျဖစ္ေပၚေစ၏၊၊ သမာပတ္ကို ျဖစ္ေပၚေစ၏။

 

(ကု-ကု) သဒၶါ။ သီလံ။ သုတံ။ စာေဂါ။ ပညာ။ သဒၶါယ။ သီလႆ။ သုတႆ။ စာဂႆ။ ပညာယ ဥပနိႆယပစၥေယန ပစၥေယာ။

သဒၶါတရားတည္းဟူေသာ ယံုၾကည္ျခင္းသည္၊ သီလသည္၊ အၾကားအျမင္ ဗဟုသုတသည္၊ စြန္႔ႀကဲျခင္း စာဂသည္၊ ဉာဏ္ပညာသည္ သဒၶါတရားတည္းဟူေသာ ယံုၾကည္ျခင္းအား၊ သီလအား၊ အၾကားအျမင္ ဗဟုသုတအား၊ စြန္႔ႀကဲျခင္း စာဂအား၊ ဉာဏပညာအား ဥပနိႆယပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

 

 

(၁) ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ (ကု-ကု)

      ကုသိုလ်တည်းဟူသော အကြောင်းဓမ္မက ကုသိုလ်တည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော်ကိုပြရလျှင် “သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ” သဒ္ဓါတရားတည်းဟူသော ကုသိုလ်က စွန့်ကြဲလှူဒါန်းခြင်းဟူသော ဒါနကို ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏။ ဆက်လက်ပြီး စောင့်စည်းမှုသီလ၊ စူးစမ်းလေ့လာမှု သုတ၊ ပေးကမ်းစွန့်ကြဲမှု စာဂနှင့် သစ္စာလေးပါးကို ထိုးထွင်းသိမြင်မှု ပညာတည်းဟူသော အကြောင်းကြောင့်လည်း ကုသိုလ်များ ဆက်လက် ဖြစ်နိုင်ပေသည်။

          ဤတွင် သတိပြုစရာတစ်ခုမှာ ပကတိဟူသောပါဠိကို ရှေးကပြုလုပ်ခဲ့သည့် ကုသိုလ်ကံ အကုသိုလ်ကံကိုပင် ယူရ မည်ဟု သဒ္ဓမ္မဇောတိက ပဋ္ဌာန်းကျမ်းပြုဆရာက ဆိုထားပါသည်။

        သဒ္ဓါတရားဟူသည် ကံနှင့် ကံ၏အကျိုးအပါအဝင်၊ ပစ္စုပ္ပန်လောက တမလွန်လောက၊ သံသရာစသည်ကို ယုံကြည် မှုက သဒ္ဓါတရား ဖြစ်ပါသည်။ သဒ္ဓါ ယုံကြည်မှုကို ရှေးဆရာတော်ကြီးများက “ရေကို လိုချင်တဲ့ ယောက်ျားဟာ မြေကြီးရဲ့ အောက်မှာ ဧကန်မုချ ရေရှိကိုရှိရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ မြေကိုတူးသလို သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဟာလဲ ဒါန သီလစသည်ပြုရင် ဒီကုသိုလ်ရဲ့ အကျိုးအာနိသင်ကို ဧကန်ရလိမ့်မယ်ဆိုပြီး ယုံကြည်လို့ပြုတာ”ဟု ပမာပြတော်မူကြ ပါသည်။

         ထိုနည်းအတူ မိမိတို့ပင်ပန်းစွာ ရှာဖွေစုဆောင်းထားရှိသည့် ဥစ္စာပစ္စည်းကို မိမိ၏ရင်သွေးငယ်များကိုပင် မပေး မကျွေးဘဲ ရွှေတိဂုံဘုရား၌ ရွှေသင်္ကန်းကပ်ရန် လှူဒါန်းနိုင်ခြင်းသည် သာမာန်ယုံကြည်မှု သဒ္ဓါတရား မဟုတ်ပေ။ ဤကုသိုလ် ကောင်းမှုသည် ဧကန်အကျိုးပေးမည်ဟု ယုံကြည်သောကြောင့် စွန့်လှူနိုင်ကြခြင်း ဖြစ်ပါသည်။

           သို့သော် အားနာ၍ဖြစ်စေ၊ ကြောက်၍ဖြစ်စေ၊ မကောင်းတတ်၍ဖြစ်စေ၊ သူတစ်ပါးကဲ့ရဲ့မှာစိုး၍ဖြစ်စေ ပြုတတ် ကြသည့် ဒါနကောင်းမှုစသည်ကမူ “သဒ္ဓံ ဥပနိဿာယ”နှင့် အကြုံးဝင်မည်ဟု မထင်ပါ။

        အကြောင်းဓမ္မက အတိတ် အကျိုးဓမ္မက ပစ္စုပ္ပန်ကာလကို ဖော်ပြသည့် ပဋ္ဌာန်းပါဠိတော်မှာ “အတီတော ဓမ္မော ပစ္စုပ္ပန္နဿ ဓမ္မဿ ဥပနိဿယ ပစ္စယေနပစ္စယော၊ ပကတူပနိဿယော အတီတံ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံသမာဒိယတိ———” (ညွှန်း – ပဋ္ဌာန်းကျမ်း အတွဲ-၂၊ နှာ-၄၁၄) မှာ ဟောတော်မူပါသည်။

        မြင်တွေ့နေကြ ပါဠိတော်များ၌ အကြောင်းက ပစ္စုပ္ပန်၊ အကျိုးက အနာဂတ်ဖြစ်ပါသော်လည်း ဤပါဠိတော်၌မူ အကြောင်းဓမ္မက အတိတ်ကာလဖြစ်ပြီး၊ အကျိုးဓမ္မက ပစ္စုပ္ပန်ကာလ ဖြစ်နေပါသည်။

 

      

          ဖေါ်ပြခဲ့သည့် ပဋ္ဌာန်းပါဠိတော်ကို လယ်တီဆရာတော်ကြီးက “ပရိနိဗ္ဗာန်ပြုတော်မူပြီးခဲ့တဲ့ ဘုရားနှင့် အရိယာ သံဃာ သမ္မုတိ သံဃာတော် အဆက်ဆက်တို့ဟာ နောက်လူတွေကို ကုသိုလ်ဖြစ်ဖို့ရာ ပကတူပ နိဿယသတ္တိနဲ့ ကျေးဇူးပြု ကြပါတယ်”ဟု မိန့်တော်မူပြီး၊ ဆက်လက်ပြီး “လောကမှာ သေလွန်ကြပြီးဖြစ်တဲ့ မိဘဆရာသမားတွေ၊ ပညာရှိ ရဟန်း ပုဏ္ဏားတွေ၊ တန်ခိုးအာနုဘော်ကြီးတဲ့ ရှေးမင်းတွေဟာ နောက်လူတွေကို ကုသိုလ် အကုသိုလ်ဖြစ်ဖို့ရာ၊ ချမ်းသာ ဆင်းရဲ ဖြစ်ဖို့ရာ ကျေးဇူးပြုကြပါတယ်”ဟု မိန့်တော်မူပါသည်။

                  ဆိုလိုသည်မှာ ရှေးရှေးပုဂ္ဂိုလ်တို့က နောက်နောက်ပုဂ္ဂိုလ်တို့အား များပြားလှသည့် သူတော်ကောင်းစကားများ၊ အထူးထူးသော လောကအဆောက်အဦများ ထားပေးခဲ့ကြပါသည်။

              နောက်နောင်လူများက ရှေးရှေးလူတို့ ထားပေးခဲ့သည့် လောကကျင့်ဝတ်၊ အမျိုးအနွယ်ကျင့်ဝတ်၊ အထူးထူးသော အယူဝါဒ၊ အလုပ်အကိုင်၊ အတတ်ပညာများအပြင် တည်ထားပေးခဲ့သည့် ဆည်မြောင်း တာတမံများ၊ အဆောက်အဦများ၊ စေတီပုထိုးများ၏ အမွေခံဖြစ်ကြပါသည်။ ထို့ကြောင့် အတိတ်ကအကြောင်းကြောင့် ယနေ့ယခုလောကမှာ ကြီးပွားနေကြ သည်ကို ဤပါဠိတော်က ပြဆိုခြင်း ဖြစ်ပါသည်။

ပဋိသမ္ဘိဒါဉာဏ်ရှင် အရှင်စူဠပန်

      “မဂ္ဂေါ သေက္ခာနံ အတ္ထပဋိသမ္ဘိဒါယ၊ ဓမ္မပဋိသမ္ဘိဒါယ၊ နိရုတ္တိပဋိသမ္ဘိဒါယ၊ ပဋိဘာနပဋိသမ္ဘိဒါယ၊ ဌာနာဌာန ကောသလဿ ဥပနိဿယပစ္စယေန ပစ္စယော” ကျင့်ဆဲဖြစ်သော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဟူသော အရိယာ သေက္ခာပုဂ္ဂိုလ်တို့၏ အောက်မဂ်သုံးပါးသည် မာဂဓ ပါဠိ အနက်အဓိပ္ပါယ်ကို သိနိုင်စွမ်းသော အတ္ထပ္ပဋိသမ္ဘိဒါဉာဏ်ဖြစ်ခြင်း အကျိုးငှာလည်းကောင်း၊ ပါဠိ၏သဒ္ဒါကိုသိသော ဓမ္မပ္ပဋိသမ္ဘိဒါ ဉာဏ်ဖြစ်ခြင်း အကျိုးငှာလည်းကောင်း၊ သတ္တဝါတိုင်း၏ ဘာသာစကားကိုသိသော နိရုတ္တိပ္ပဋိသမ္ဘိဒါဉာဏ်ဖြစ်ခြင်း အကျိုးငှာလည်းကောင်း၊ အနက်၊ သဒ္ဒါ၊ အဓိပ္ပါယ်ဘာသာကို ထိုးထွင်းသိသော ပဋိဘာနပ္ပဋိသမ္ဘိဒါဉာဏ်ဖြစ်ခြင်း အကျိုးငှာလည်းကောင်း၊ အကြောင်းအကျိုး ဟုတ်သည် မဟုတ်သည်ကို သိသော ဌာနာဌာန ကောသလဉာဏ်ဖြစ်ခြင်း အကျိုးငှာလည်းကောင်း ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

       မဂ်ဉာဏ်ကပဋိသမ္ဘိဒါဉာဏ်ကို ဖြစ်စေသည့်သာဓကကို အရှင်စူဠပန်ဝတ္ထုဖြင့် ပြပါမည်။ အရှင်စူဠပန်သည် မြတ်စွာ ဘုရားရှင်၏ ရူပကာယ အသရေတော် တင့်တယ်မှုကို ဖူးမြော်ရန် ဖွဲ့ဆိုထားသည့် စာလေးကြောင်းမျှသာရှိသည့် ဂါထာ တော်ကို လေးလတာကာလပတ်လုံး ကျက်မရနိုင်လောက်အောင်ပင် ဉာဏ်ရည် ဉာဏ်သွေး ထိုင်းမှိုင်းတော်မူရှာပါသည်။

        ဤမျှ ဉာဏ်ထုံထိုင်းနေသည့် ညီတော်အရှင်စူဠပန်ကို နောင်တော်ဖြစ်သူ အရှင်မဟာပန်က ရဟန်းဘဝဖြင့်နေလျှင် အကျိုးများမည်မဟုတ်ဟု ဆင်ခြင်ကာ လူထွက်ရန် တိုက်တွန်းတော်မူ၏။ သို့ပါသော်လည်း အရှင်စူဠပန်က မိမိရရှိထားသည့် ရဟန်းဘဝ၌ မွေ့လျော်တော်မူ၏။ မြင့်မြတ်သည့်ဘုရားရှင်၏ သာသနာ့ဝန်ထမ်း ရဟန်းဘဝမှသည် ယုတ်ညံ့သည့် လူ့ဘဝသို့ မရွေ့လျောချင်ဘဲ ရှိနေ၏။

 

 

       တစ်နေ့တွင် ဆရာဇီဝကသည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များအား ဆွမ်းကပ်ရန် လျှောက်ထားလာ၏။ အရှင်မဟာပန်က ကျောင်း၌ သံဃာငါးရာရှိပါသော်လည်း ညီဖြစ်သူ အရှင်စူဠပန်ကို ချန်လှပ်ကာ- ၄၉၉-အပါး ရှိသည်ဟု ဆရာဇီဝကကို မှာကြားလိုက်၏။ ထိုအခါ အရှင်စူဠပန်သည် အလွန်အမင်းဝမ်းနည်းကာ မနက်ဖြန်မိုးသောက်လျှင် လူထွက် မည်ဟု ဆုံးဖြတ်တော်မူလေ၏။

       မြတ်စွာဘုရားရှင်သည် နံနက်မိုးသောက်အချိန်ရောက်သောအခါ ကျောင်း၏မုခ်ဝ၌ အရှင်စူဠပန်ကို စောင့်ဆိုင်း နေတော်မူ၏။ ထိုအခါ အိမ်ပြန်ရန် ဇေတဝန်ကျောင်းမုခ်ဝသို့ ရောက်လာသည့် အရှင်စူဠပန်ကို “ချစ်သား ဘယ်ကို သွားမလို့လဲ” ဟု မေးတော်မူ၏။ အရှင်စူဠပန်က ဖြစ်စဉ်အကြောင်းအရာတို့ကို လျှောက်ထား၏။

     ထိုအခါ ဘုရားရှင်သည် အရှင်စူဠပန်ကို ဂန္ဓကုဋီတိုက်အတွင်းသို့ ခေါ်တော်မူပြီး သူ၏စရိုက်နှင့် လျှော်ညီသည့် ကမ္မဋ္ဌာန်းပေးတော်မူရာ ပဋိသမ္ဘိဒါဉာဏ်နှင့်တကွ စိတ်ဖြင့်ပြီးသည့်ကိုယ်ကို ဖန်ဆင်းရာ၌လည်းကောင်း၊ ရူပါဝစရ ဈာန် ဝင်စားရာတွင်လည်းကောင်း ဧတဒဂ်နှစ်ပါးရ ရဟန္တာကြီး ဖြစ်တော်မူ၏။ ပဋိသမ္ဘိဒါ ဉာဏ်ရသည့် အရှင်စူဠပန်သည် ပါဠိ စာပေကို မသင်ကြားရဘဲ၊ မကျက်ရဘဲ အလိုလိုပင် ပိဋကတ်တော်လာ တရားတို့ကို သိပြီး၊ နားလည်ပြီး ဖြစ်နေပါ တော့သည်။

      အရှင်စူဠပန် ဤမျှဉာဏ်ထိုင်းရခြင်းမှာလည်း အကြောင်းမဲ့ မဟုတ်ပါပေ။ သူရဟန်းဖြစ်ခဲ့သည့် တစ်ခုသောဘဝ၌ ဉာဏ်လေးသည့် ရဟန်းတော်များကို ကဲ့ရဲ့ပြစ်တင် လှောင်ပြောင်ခဲ့ဖူးသည့် ကံကြွေးကို ပေးဆပ်နေရခြင်း ဖြစ်ပါသည်။

       ပဋိသမ္ဘိဒါဉာဏ်ရခြင်းကလည်း အကြောင်းမဲ့ မဟုတ်ပါ။ သံသရာ၌ ဘုရားသာသနာတော်နှင့် ကြုံသည့် အခါသမယ ကောင်းများတွင် အဘိဓမ္မာသင်ကြားခဲ့ဖူးသူဖြစ်မှသာ မဂ်ရသည့်အခါ၌ အခြားပုဂ္ဂိုလ်များနှင့်မတူဘဲ ပဋိသမ္ဘိဒါဉာဏ် ရနိုင် ပါသည်။

       အရှင်စူဠပန် လေးလတာကာလပတ်လုံး ကျက်မရနိုင်ခဲ့သည့် ဂါထာတော်ကိုလည်း ဗဟုသုတအလို့ငှာ ဖေါ်ပြပေအံ့။

ပဒုမံ ယထာ ကောကနုဒံ သုဂန္ဓံ၊

ပါတော သိယာ ဖုလ္လမဝီတဂန္ဓံ။

အင်္ဂ ီရသံ ပဿ ဝိရောစမာနံ၊

တပန္တမာဒိစ္စမိဝန္တလိက္ခေ။ (ကျမ်းညွှန်း-ပါစိတ်၊ ဋ္ဌ-နှာ-၆၈)

နိဗ္ဗာန်တရားက ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုခြင်း

        မဂ္ဂဖလနိဗ္ဗာန်အကျိုးငှာ ကျင့်ကြံအားထုတ်ရာတွင် ဤဘဝတွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် ဗောဓိပက္ခိယတရား (၃၇)ပါးကို ပွားများရပါမည်။ ပွင့်တော်မူလတ္တံ့သော ဘုရားရှင်လက်ထက်တော်၌ ပရိနိဗ္ဗာန်ပြုနိုင်ရန် နှလုံးသွင်းထားရှိသူအဖို့ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ရပေမည်။ ဤတွင် နိဗ္ဗာန်တရားသည် ပါရမီတရားတို့ကို ဖြစ်စေရန် လည်းကောင်း၊ ဗောဓိပက္ခိယတရား (၃၇)ပါးတို့ကို ဖြစ်စေရန်လည်းကောင်း ပကတူပနိဿယသည် အားကြီးသော အကြောင်း ဗလဝပစ္စယ ဖြစ်၏။

      ထို့ကြောင့် ပဋ္ဌာန်းပဥှာဝါရတွင် သဒ္ဓံ။ ပ။ သီလံ။ ပ။ သုတံ။ ပ။ စာဂံ။ ပ။ ပညံဥပနိဿယ ဒါနံဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ ဟု လာရှိ၏။

 

      ဗောဓိပက္ခိယတရားနှင့် ပါရမီတရားတို့၏ အသင်းအပင်းဖြစ်ကြသည့် သဒ္ဓါတရားတည်းဟူသော ယုံကြည်ခြင်းသည်၊ သီလသည်၊ အကြားအမြင် ဗဟုသုတသည်၊ စွန့်ကြဲခြင်း စာဂသည်၊ ဉာဏ်ပညာတို့သည် အားကြီးစွာ အမှီပြု၍ အလှူဒါနကို ပေးသည်၊ ငါးပါးသီလ ဆောက်တည်သည်၊ ရှစ်ပါးသောဥပုသ်သီလကို ဆောက်တည်သည်၊ ဈာန်ကို ဖြစ်ပေါ်စေ၏၊ ဝိပဿနာကို ဖြစ်ပေါ်စေ၏၊ မဂ်ကို ဖြစ်ပေါ်စေ၏၊၊ အဘိညာဉ် တန်ခိုးကို ဖြစ်ပေါ်စေ၏၊၊ သမာပတ်ကို ဖြစ်ပေါ်စေ၏။

(ကု-ကု) သဒ္ဓါ။ သီလံ။ သုတံ။ စာဂေါ။ ပညာ။ သဒ္ဓါယ။ သီလဿ။ သုတဿ။ စာဂဿ။ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော။

      သဒ္ဓါတရားတည်းဟူသော ယုံကြည်ခြင်းသည်၊ သီလသည်၊ အကြားအမြင် ဗဟုသုတသည်၊ စွန့်ကြဲခြင်း စာဂသည်၊ ဉာဏ်ပညာသည် သဒ္ဓါတရားတည်းဟူသော ယုံကြည်ခြင်းအား၊ သီလအား၊ အကြားအမြင် ဗဟုသုတအား၊ စွန့်ကြဲခြင်း စာဂအား၊ ဉာဏပညာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 104 total views,  3 views today

By admin

Leave a Reply

Your email address will not be published.