၉-ဥပနိႆယပစၥ‌ေယာ

ဘ၀ႏွင့္ ပ႒ာန္းသင္ခန္းစာ

 

 

ဥပနိႆယပစၥည္းကို မိုးႏွင့္ ပမာျပဳၾကသည္

           ဥပနိႆယပစၥည္းကို ေရွးဆရာေတာ္ႀကီးမ်ားက မိုးႏွင့္ ပမာျပဳေတာ္မူၾကပါသည္။ မိုးႀကီးပမာ သတၱ၀ါအမ်ား တည္ေနႏိုင္မႈ၊ ေက်းဇူးျပဳ၊ ေခၚေလဥပနိႆယ။

          အဘယ္ေၾကာင့္ဆိုေသာ္ မိုးက သက္ရွိသက္မဲ့အားလံုးတို႔၏ မွီရာႀကီး ျဖစ္ေသာေၾကာင့္ေပတည္း။ အကယ္၍ တစ္ႏွစ္ ပတ္လံုးမိုးေခါင္ၿပီး ေရမရပါက ျမစ္ေခ်ာင္း ဆည္ေျမာင္း တာတမံမ်ား ခန္းေျခာက္ေပမည္။ ထိုအခါ လယ္ယာမ်ား မစိုက္ႏိုင္ ေတာ့ပါ၊ ေရအားလွ်ပ္စစ္ဓာတ္အားထုတ္ႏိုင္ရန္ တာဘိုင္ႀကီးစက္မ်ား မလည္ႏိုင္ေတာ့သျဖင့္ ဓာတ္အားမေပးႏိုင္ေတာ့ပါ။ မိုးေရမရပါက သီးပင္ စားပင္မ်ား၊ တိရိစၦာန္မ်ားသာမက လူအမ်ားလည္း ေသပဲြ၀င္ရေတာ့မည္။ ထို႔ေၾကာင့္ မိုးေရသည္ သက္ရွိသက္မဲ့ အားလံုးတို႔၏ အားႀကီးသည့္မွီရာThe great causes ျဖစ္ပါသည္။

                            

ဥပနိႆယေကာင္းရွိမွ ႀကီးပြားတိုးတက္မည္

        “ဥပနိႆယရွိမွ ပညာတတ္တယ္၊ ဥပနိႆယရွိမွ ႀကီးပြားခ်မ္းသာတယ္” ဟူေသာ ပါဠိေ၀ါဟာရကို “အမွီသဟဲ ေကာင္းရတယ္” ဟု ျမန္မာစကားျဖင့္ ေျပာႏိုင္ပါသည္။ ကလ်ာဏမိတၱ မိတ္ေဆြေကာင္းကို အမွီသဟဲျပဳခြင့္ ရရွိသျဖင့္ ဘ၀တစ္သက္တာ ေက်းဇူးမ်ားသြားသည့္ သာဓကမ်ားစြာကို ဘုရားလက္ထက္ေတာ္၌သာမက ယေန႔ကာလ၌လည္း ေတြ႕ျမင္ႏိုင္ပါသည္။ အမွီသဟဲေကာင္းဟူသည္ ဥပနိႆယကို ဆိုလိုျခင္း ျဖစ္ပါသည္။

                            

အေၾကာင္းတရားႏွင့္ အက်ဳိးတရား

          ပ႒ာန္းတရားေတာ္ကို ေလ့လာရာတြင္ အေၾကာင္းတရားပစၥယႏွင့္ အက်ဳိးတရားပစၥယုပၸႏၷကို ဦးစြာေလ့လာ သိရွိ ထားသင့္ပါသည္။ မိမိ၏စားပဲြေရွ႕တြင္ ခ်ထားသည့္ ထမင္းတစ္ပန္းကန္ကို ပစၥယုပၸႏၷအက်ဳိးတရား ေနရာထားကာ ပမာျပ စဥ္းစားၾကည့္ပါမည္။ လက္လွမ္းမွီ၍ ျဖစ္ႏိုင္ေျခရွိသည့္ ပစၥဳပၸန္ နီးစြာေသာ အေၾကာင္းတရားမ်ားမွာ ဆန္၊ ေရ၊ မီး၊ အိုးႏွင့္ ထမင္းခ်က္တတ္သည့္ နည္းပညာတို႔ကို သာမာန္အားျဖင့္ ေတြ႕ရပါမည္။  

       ဤသည္တို႔မွာ နီးစြာေသာ အေၾကာင္းတရားမွ်သာ ရွိေသးသည္။ ထပ္၍ ျဖစ္ႏိုင္ေျခရွိသည့္ အေၾကာင္းတရားတို႔ကို စဥ္းစားပါက စပါးမ်ဳိးေစ့၊ လယ္ယာေျမ၊ စိုက္ပ်ဳိးေရ၊ မွ်တသည့္ ရာသီဥတု၊ စိုက္ပ်ဳိးနည္းပညာတို႔ ရွိပါေသးသည္။ သို႔ေသာ္ ဤအေၾကာင္းတရားမွ်ႏွင့္လည္း ထမင္းမျဖစ္လာႏိုင္ေသးပါ။ စပါးရိတ္သိမ္းေျခြေလွ႔ၿပီး ႀကိတ္ခဲြရေပဦးမည္။ ထို႔ေၾကာင့္ မိမိေရွ႕က ပန္းကန္ျပားထဲေရာက္ေနသည့္ ထမင္းဟူေသာ အက်ဳိးတရားတစ္ရပ္ ျဖစ္ေပၚလာႏိုင္ရန္အတြက္ အေၾကာင္း တရားေပါင္းမ်ားစြာ ရွိေနေပသည္။        

         ေန႔စဥ္စားသံုးေနရသည့္ ထမင္းဟူေသာ အက်ဳိးတရားတစ္ရပ္ ျဖစ္ေပၚလာႏိုင္ရန္ပင္ ဤမွ်မ်ားျပားသည့္ အေၾကာင္း တရားမ်ား ပါ၀င္ေနရာ၊ ထမင္းတစ္ပန္းကန္ထက္ ႏိႈင္းဆမရေအာင္ ခက္ခဲနက္နဲ ႐ႈပ္ေထြးလွသည့္  လူသားတည္းဟူေသာ ကံ၏အက်ဳိးတရားတစ္ရပ္ ေပၚေပါက္လာႏိုင္ရန္အတြက္မွာမူ အေၾကာင္းတရားေပါင္း မည္မွ်က ပံ့ပိုးကူညီေထာက္ပံ့ေပးရ မည္ကို သဗၺညဳဘုရားရွင္မွတစ္ပါး အျခားသူမ်ားက အျပည့္အစံုကို အဘယ္သို႔ သိႏိုင္ပါအံ့နည္း။

          ထိုထိုအက်ဳိးတရားတို႔ကို သူလိုကိုယ္လိုလူတိုင္းပင္ ျမင္သိႏိုင္ပါသည္။ သို႔ပါေသာ္လည္း ထိုအက်ဳိးတရားတစ္ရပ္ကို ျဖစ္ေစႏိုင္စြမ္းသည့္ ေနာက္ခံက အေၾကာင္းတရားမ်ားကို သိႏိုင္ရန္မွာမူ သူလိုကိုယ္လို လူတိုင္း၏ အရာမဟုတ္ေတာ့ေပ။  

          အေၾကာင္းတရားႏွင့္ေလ်ာ္ညီသည့္ အက်ဳိးတရား မုခ်ရွိသည္။ ျဖစ္ထိုက္သည့္ အေၾကာင္းတရားမရွိဘဲ အက်ဳိးတရား မေပၚေပါက္ႏိုင္ေၾကာင္းႏွင့္ ေလာကတြင္ အေၾကာင္းတရားကင္း၍ျဖစ္သည့္ အက်ဳိးတရား မရွိႏိုင္သည္ကိုမူ ဗုဒၶ၏တပည့္ သာ၀က အနည္းစုကသာ သိႏိုင္ၾကပါသည္။

                            

ဧရာမအေၾကာင္းတရား

                            

ဥပနိႆယပစၥည္းက အက်ိဳးတရားတို႔ကို မလြဲမေသြ ဧကန္ ျဖစ္ေပၚေစႏိုင္သည္အထိ အားႀကီးေသာ အေၾကာင္း တရားျဖစ္ေသာေၾကာင့္ မဟာပစၥယ၊ ဗလ၀ကာရဏ ဧရာမအေၾကာင္းတရား The great causes, Strong causes ဟု အ႒ကထာက ဖြင့္ဆိုပါသည္။

ဥပနိႆယပစၥည္း၌-

          ၁။ အာရမၼဏူပနိႆယ             = Object decisive support.

          ၂။ အနႏၲ႐ူပနိႆယ                 = Proximity decisive support.

          ၃။ ပကတူပနိႆယ                 = Natural decisive support. လို႔ သံုးမ်ိဳး ရိွပါတယ္။

ဥပနိႆယပစၥည္းတြင္ ယခုကဲ့သို႔ သံုးပါးကဲြျပားရာ ပကတူပနိႆယသည္ အားႀကီးသည့္ အေၾကာင္းတရား ျဖစ္သည္။ အာရမၼဏူပနိႆယက အာ႐ံုအေၾကာင္းတရား ျဖစ္ပါသည္။ အနႏၲ႐ူပနိႆယက ရဟႏၲာျဖစ္ၿပီး သဥပါဒိသ နိဗၺာန္ကုိ မ်က္ေမွာက္မျပဳေသးသမွ် ဥပါဒ္၊ ဌီ၊ ဘင္၊ ဥပါဒ္၊ ဌီ၊ ဘင္ျဖင့္ စိတ္မ်ား ဆက္ကာ၊ ဆက္ကာ၊ ဆက္ကာ ျဖစ္၊ တည္၊ ပ်က္ေနသည့္ သဘာ၀သေဘာကပင္ အနႏၲ႐ူပနိႆယ မည္ေပသည္။

                            

ဗလ၀ႏွင့္ ဒုဗၺလ

       အားေကာင္းသည့္ ဗလ၀ကံဟုဆိုရာတြင္ သာမာန္အားေကာင္း႐ုံမွ် မဟုတ္ဘဲ လြန္လြန္ကဲကဲကို အားေကာင္း ေသာေၾကာင့္ ဗလ၀မည္ပါသည္။

          (၁) အျခားကံတစ္ပါးပါးက ေႏွာင့္ယွက္လ်င္ ပ်က္ျပယ္မည့္ကံကို ဒုဗၺလကံ ေခၚပါသည္။

(၂) အျခားကံတစ္ပါးပါးက မေႏွာင့္ယွက္ႏိုင္ေလာက္သည္အထိ အားေကာင္းသည့္ကံကို ဗလ၀ကံ ေခၚ၏။ ဥပနိႆယမွာ ဗလ၀ကံ The great , The Strong ျဖစ္ပါသည္။

                                 

၁။ အာရမၼဏူပနိႆယ (အာရမၼဏ + ဥပနိႆယ)

         

          အာရမၼဏူပနိႆယသည္ အာရမၼဏာဓိပတိႏွင့္ တူပါသည္။ အာရမၼဏာဓိပတိ = အာ႐ံုသည္ပင္ အားႀကီးသည့္ မွီရာအေၾကာင္း။ တနည္းအားျဖင့္ အာ႐ံုက ဆိုင္ရာနာမ္တရား (စိတ္)ကို ဆြဲေဆာင္သြားျခင္း မ်ိဳးျဖစ္သည္။ သို႔ေသာ္ အာ႐ံုတိုင္းမဟုတ္ဘဲ ေဇ႒အႀကီးအမွဴး Great သတၱိလည္းရိွၿပီး ရယူထားသည့္အာ႐ံုကိုလည္း ႏွစ္ႏွစ္သက္သက္ စြဲစြဲ လမ္းလမ္းျဖစ္ကာ မစြန္႔ႏိုင္၊ မခြာႏိုင္၊ အာ႐ံုမျပဳဘဲ မေနႏိုင္ေအာင္လည္းျဖစ္မွ အာရမၼဏာဓိပတိပစၥည္း တပ္ပါသည္။

ကာမအာ႐ံုတို႔က ပုထုဇဥ္တို႔၏စိတ္ကို သိမ္းႀကံဳး စဲြယူႏိုင္စြမ္းရွိပါသည္။ ကိေလသာ ကုန္ခမ္းေနသည့္ အရိယာတို႔၏ စိတ္ကိုမူ ကာမအာ႐ံုတို႔က သိမ္းႀကံဳးစဲြယူႏိုင္စြမ္း မရွိေပ။ စ်ာနလာဘီပုဂၢိဳလ္က မိမိရထားသည့္ စ်ာန္ကို အေလးအျမတ္ ျပဳေတာ္မူၾကပါသည္။ အရိယာသာ၀ကတို႔ကလည္း မိမိတို႔ရထားသည့္ ေလာကုတၱရာတရားတို႔ကို အေလးအျမတ္ ျပဳေတာ္ မူၾကပါသည္။

 

၂။ အနႏၲ႐ူပနိႆယ = အနႏၲရ + ဥပနိႆယ

 

          ေရွးေရွးစိတ္တို႔ ေပ်ာက္ေပ်ာက္သြားကာ ေနာက္ေနာက္စိတ္တို႔ မုခ်ဧကန္ ျဖစ္လာေစႏိုင္ရန္ အနႏၲရပစၥည္းက ေက်းဇူးျပဳျခင္းေၾကာင့္ေပတည္း။ အနႏၲ႐ူပနိႆယပစၥည္းသည္  အနႏၲရပစၥည္းႏွင့္ တူ၏။

          ႐ုပ္ကိုယ္ေကာင္ Physical process continuity ကဒီဘ၀ ေသလွ်င္ ပ်က္ျပဳန္းသြားပါသည္။ နာမသႏၲတိ Mental process continuity က ေရွ႕ဘ၀၊ ေရွ႕ဘ၀သံသရာမဆံုးမခ်င္း၊ နိဗၺာန္မရမခ်င္း အဆက္ဆက္ ျဖစ္၍ ေနပါသည္။ ယခုကဲ့သို႔ ဆက္ကာဆက္ကာ ျဖစ္ေနႏိုင္ရန္ Power အား ႀကီးမားေသာေၾကာင့္ အနႏၲရက ဥပနိႆယ ထိုက္ပါသည္။ ထို႔ေၾကာင့္ အႏၲ႐ူပနိႆယ ျဖစ္လာရျခင္းေပတည္း။

          တစ္နည္းအားျဖင့္ စိတ္တစ္ခုခ်ဳပ္ၿပီးသည္ႏွင့္ ေနာက္စိတ္တစ္ခု ျဖစ္လာႏိုင္ရန္မွာ သာမညစြမ္းအား Ordinary force ႏွင့္ မရႏိုင္ပါ။ ေရွးေရွးစိတ္တို႔၌ Strong force ျပင္းထန္သည့္ တြန္းအားရွိမွသာ ေနာက္ေနာက္ စိတ္ကို ေက်းဇူးျပဳ ႏိုင္ပါသည္။

အႏၲ႐ူပနိႆယ

 

          ကုသိုလ္ေဇာ၀ီထိအစဥ္တြင္ အကုသိုလ္ေဇာအစဥ္ ၀င္မရပါ။ အကုသိုလ္ေဇာ ေစာႏိုင္ရန္မူ ေဇာ၏ေနာက္၌ တဒါ႐ံု သို႔မဟုတ္ ဘ၀င္ျခားၿပီးမွသာ အကုသိုလ္ေဇာ ေစာႏိုင္ပါသည္။ ထို႔ေၾကာင့္ ကုသိုလ္အေၾကာင္းေၾကာင့္ အကုသိုလ္ျဖစ္ခြင့္ အနႏၲရမ်ဳိး၌ မရႏိုင္ေပ။ ကုသိုလ္အေၾကာင္းေၾကာင့္ ကုသိုလ္အက်ဳိးျဖစ္ခြင့္ႏွင့္ အကုသိုလ္ အေၾကာင္းေၾကာင့္ အကုသိုလ္ အက်ဳိးျဖစ္ခြင့္သာ ရႏိုင္ပါသည္။

          ေန႔စဥ္ဘ၀၏ျဖစ္စဥ္ႏွင့္ ပမာျပရမည္ဆိုလွ်င္ ဒါနျပဳစဥ္ ကုသိုလ္ေဇာ ၀ီထိက်၏။ ၎မွာ ကုသိုလ္စစ္စစ္ျဖစ္သည္။ သို႔ေသာ္ “ငါ့လို လွဴဒါန္းႏိုင္တဲ့လူ ဇမၺဴမွာ ရွိ႐ိုးလား” ဟူေသာ မာန၀င္လာသည္ဟု ဆိုပါစို႔၊ အခ်ိန္ျခားသြားေလၿပီ။ ကုသိုလ္ေဇာ၀ီထိ မ်ားစြာျဖစ္ၿပီးေနာက္၌ တဒါ႐ံုက်ၿပီး (၀ါ) ဘ၀င္ျခားၿပီးမွသာ မာနျဖစ္ကာ အကုသိုလ္ေဇာ ၀ီထိက်ျခင္း ျဖစ္သည္။ ယခုကဲ့သို႔ ၀ီထိျခားၿပီးမွ ေက်းဇူးျပႏိုင္စြမ္းသည့္ ပ႒ာန္းပစၥည္းမွာ အႏၲ႐ူနိပနိႆယ ျဖစ္၏။

 

႐ူပသႏၲတိ Physical process continuity နာမသႏၲတိ Mental process continuity

 

          စိတ္ေစတနာမရွိသည့္ ႐ူပသႏၲတိအစဥ္ Physical process continuity သည္ တစ္စံုတစ္ခုကိုမွ ျပဳလုပ္ ေဆာင္ရြက္ ႏိုင္စြမ္း မရွိပါ။ အေၾကာင္းမွာ စိတ္ေစတနာ မရွိေသာေၾကာင့္ ျဖစ္ပါသည္။ နာမသႏၲတိအစဥ္ Mental process continuity သည္ စိတ္ေစတနာရွိေသာေၾကာင့္  ေစ့ေဆာ္ တိုက္တြန္းႏိုင္စြမ္းပါသည္။ ထိုသုိ႔ေသာ အေၾကာင္းေၾကာင့္လည္း အတိတ္က ေကာင္းကံ မေကာင္းကံတို႔ကို ထူေထာင္ႏိုင္ခဲ့ျခင္း ျဖစ္ပါသည္။ ထိုထိုေကာင္းကံ မေကာင္းကံႏွင့္  ေလ်ာ္ညီသည့္  ႐ူပသႏၲတိ အစဥ္ Physical process continuity ႏွင့္ နာမသႏၲတိ အစဥ္ Mental process continuity တို႔ကို ယေန႔ ရရွိထားျခင္း ျဖစ္ေၾကာင္းကို ပရမတၳေ၀ါဟာရျဖင့္ ေခၚဆိုႏိုင္ ပါသည္။ ၎ Process ကိုပင္ ေလာကီပညတ္ ေ၀ါဟာရျဖင့္ လူဟုေခၚသည္။ လူမ်ားစြာထဲက ၎ကို ေယာက်္ားဟု ေခၚသည္။ ေယာက်္ားမ်ားစြာထဲက သူ႔ကို ေမာင္ေမာင္ဟု ေခၚသည္။ အမွန္မွာမူ ႐ူပသႏၲတိႏွင့္ နာမသႏၲတိ အစဥ္ Process မွ်သာရွိ၏။

 

ပကတူပႏွင့္ အနႏၲ႐ူပတို႔၏ မတူညီသည့္သတၱိ

 

          လြန္ခဲ့သည့္ ဘ၀ေပါင္းမ်ားစြာက ျပဳခဲ့သည့္ကုသိုလ္က ယခုအက်ဳိးျပဳႏိုင္သည္မွာ ပကတူပနိႆယ၏ သတၱိ ေပတည္း။ ျပဳေနဆဲ အခိုက္အတန္႔ကေလးမွာပင္ ကုသိုလ္၊ အကုသိုလ္ ၀ီထိေပါင္း သိန္းသန္း ကုေဋ  ျဖစ္ေနေလၿပီ။ ထို႔ေၾကာင့္ ပကတူပနိႆယသေဘာဟူသည္ ခုအေၾကာင္းပစၥည္းျဖစ္ အခုခ်က္ျခင္း အက်ဳိးပစၥယုပၸန္ေတြ ေပၚျခင္း မဟုတ္ေပ။ အေၾကာင္းႏွင့္အက်ဳိးက ကာလရွည္ၾကာ ဘ၀ သိန္း၊ သန္းမက ကမၻာေပါင္းမ်ားစြာအထိ ေ၀းခ်င္ေ၀းေန တတ္ပါသည္။ နိဗၺာန္ကို မ်က္ေမွာက္ျပဳသည့္ ကာလတိုင္ေအာင္အထိ  အက်ဳိးေပးခြင့္ ရွိေလသည္။ ထို႔ေၾကာင့္ “ online ျဖစ္ေနတယ္”ဟု ပါခ်ဳပ္ဆရာေတာ္ႀကီးက မိန္႔ေတာ္မူျခင္း ျဖစ္ပါသည္။

          အနႏၲ႐ူပနိႆယက ကုသိုလ္ေဇာစိတ္ အစဥ္တစ္ခုတြင္ ေဇာေနာက္တဒါ႐ံု က်ၿပီးေနာက္ (၀ါ) ဘ၀င္ျခားၿပီး ေနာက္မွသာ အကုသိုလ္ေဇာ ေစာခြင့္ ရွိေလသည္။ ထိုနည္းအတူ အကုသိုလ္ေဇာစိတ္ အစဥ္တစ္ခုတြင္လည္း ေဇာေနာက္ တဒါ႐ံု က်ၿပီးေနာက္ (၀ါ) ဘ၀င္ျခားၿပီး ေနာက္မွသာ ကုသိုလ္ေဇာ ေစာခြင့္ရွိေလသည္။ ထို႔ေၾကာင့္ “ေကသဥၥိ” အခ်ဳိ႕ ဟူေသာပါဠိကို ပစၥယနိေဒသ၌ ေတြ႕ရမည္ ျဖစ္သည္။ ပကတူပနိႆယႏွင့္ အာရမၼဏူပနိႆယတြင္မူ ကုသိုလ္က အကုသိုလ္ကိုလည္းေကာင္း၊ အကုသိုလ္က ကုသိုလ္ကိုလည္းေကာင္း ေက်းဇူးျပဳႏိုင္စြမ္းရွိေေသာေၾကာင့္ “ေကသဥၥိ” အခ်ဳိ႕ဟူေသာ ပါဠိကို မျပရျခင္း ျဖစ္ေလသည္။

          ထို႔ေၾကာင့္ “အကုသေလာ ဓေမၼာ ကုသလႆ ဓမၼႆ” ဟူ၍ ပ႒ာန္းပဥႇာ၀ါရပါဠိ ပကတူပနိႆယ၌ ေတြ႕ရမည္ ျဖစ္ပါသည္။ အာရမၼဏူပနိႆယႏွင့္ အနႏၲ႐ူပနိႆယကို ထူးျခားစြာ မေတြ႕ရေပ။

    

၃။ ပကတူပနိႆယ = ပကတိ + ဥပနိႆယ

         

       ပကတူပနိႆယရပစၥည္းသည္ အတိတ္၊ အနာဂတ္၊ ပစၥဳပၸန္ဟူေသာ ကာလသံုးပါး၊ အဇၥ်တၱ၊ ဗဟိဒၶ ဟူေသာ သႏၲာန္ႏွစ္ပါး၌ ျဖစ္ကုန္ေသာ အလံုးစံုေသာ စိတ္၊ ေစတသိက္၊ ႐ုပ္၊ နိဗၺာန္ ပညတ္တို႔ကို ေက်းဇူးျပဳသည္။ ပကတိမည္သည္ ပင္ကိုယ္ပကတိအားျဖင့္ပင္ အားႀကီးသည့္အေၾကာင္းတရား ျဖစ္ပါသည္။ ပကတူပနိႆယ Natural decisive support ဟူသည္ အနႏၲ႐ူပနိႆယကဲ့သို႔ ေရွ႕စိတ္က အားႀကီး၍လည္း မဟုတ္ေပ။ အာရမၼဏူပနိႆယကဲ့သို႔ အာ႐ံုကအားႀကီး ၍လည္း မဟုတ္ေပ။ ပကတူပနိႆယက ပင္ကိုယ္ပကတိအေနျဖင့္ပင္ အားႀကီးေနသည္ကို ဆိုလိုပါသည္။

          တစ္နည္းအားျဖင့္ အနႏၲ႐ူပနိႆယႏွင့္ အာရမၼဏူပနိႆယအျပင္ အျခားအားႀကီးသည့္ အရာမွန္ သမွ်အားလံုး ပကတူပနိႆယ ျဖစ္၏။ ထပ္မံ၍ တနည္းဆိုရေသာ္ အျခားအေၾကာင္းတရားမ်ား မေရာေႏွာဘဲ သူ႔ခ်ည္းသက္သက္ အက်ဳိး တရားကို ျဖစ္ေစႏိုင္စြမ္းသည္။

          ပ႒ာန္းပဥႇာ၀ါရ ဥပနိႆယတြင္ ရႏိုင္သည့္သခ်ၤာကို ေလ့လာပါက ေအာက္ပါအတိုင္း ေတြ႕ရပါသည္-

 

ဥပနိႆယပစၥည္း၏ သခ်ၤာမ်ား

         

ကုသလာ ဓမၼာ

         

          (၁) ကု-ကု တြင္  အာရမၼဏူပနိႆယ၊ အနႏၲ႐ူပနိႆယ၊ ပကတူပနိႆယ ရ၏။

          (၂) ကု-အကု တြင္ အာရမၼဏူပနိႆယ၊ (—–—မရပါ———)၊ ပကတူပနိႆယ ရ၏။

          (၃) ကု-ဗ်ာ တြင္ အာရမၼဏူပနိႆယ၊ အနႏၲ႐ူပနိႆယ၊ ပကတူပနိႆယ ရ၏။

         

အကုသလာ ဓမၼာ

         

          (၄) အကု-အကုတြင္ အာရမၼဏူပနိႆယ၊ အနႏၲ႐ူပနိႆယ၊ ပကတူပနိႆယရ၏။

          (၅) အကု-ကုတြင္ (——-—မရပါ————)၊ (—–—မရပါ————)၊ ပကတူပနိႆယ ရ၏။

          (၆) အကု-ဗ်ာတြင္ (———မရပါ——–—)၊ အနႏၲ႐ူပနိႆယ၊ ပကတူပနိႆယ ရ၏။                                                  

         

အဗ်ာကတ ဓမၼာ

         

          (၇) ဗ်ာ-ဗ်ာ တြင္ အာရမၼဏူပနိႆယ၊ အနႏၲ႐ူပနိႆယ၊ ပကတူပနိႆယ ရ၏။

          (၈) ဗ်ာ-ကု တြင္ အာရမၼဏူပနိႆယ၊ အနႏၲ႐ူပနိႆယ၊ ပကတူပနိႆယ ရ၏။                       

          (၉) ဗ်ာ-အကု တြင္ အာရမၼဏူပနိႆယ၊ အနႏၲ႐ူပနိႆယ၊ ပကတူပနိႆယ ရ၏။

 

 

၉-ဥပနိဿယပစ္စ‌ယော pyidaungsu – unicode

ဘဝနှင့် ပဋ္ဌာန်းသင်ခန်းစာ

 

 

 

ဥပနိဿယပစ္စည်းကို မိုးနှင့် ပမာပြုကြသည်

      ဥပနိဿယပစ္စည်းကို ရှေးဆရာတော်ကြီးများက မိုးနှင့် ပမာပြုတော်မူကြပါသည်။ မိုးကြီးပမာ သတ္တဝါအများ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ခေါ်လေဥပနိဿယ။

      အဘယ်ကြောင့်ဆိုသော် မိုးက သက်ရှိသက်မဲ့အားလုံးတို့၏ မှီရာကြီး ဖြစ်သောကြောင့်ပေတည်း။ အကယ်၍ တစ်နှစ် ပတ်လုံးမိုးခေါင်ပြီး ရေမရပါက မြစ်ချောင်း ဆည်မြောင်း တာတမံများ ခန်းခြောက်ပေမည်။ ထိုအခါ လယ်ယာများ မစိုက်နိုင် တော့ပါ၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်နိုင်ရန် တာဘိုင်ကြီးစက်များ မလည်နိုင်တော့သဖြင့် ဓာတ်အားမပေးနိုင်တော့ပါ။ မိုးရေမရပါက သီးပင် စားပင်များ၊ တိရိစ္ဆာန်များသာမက လူအများလည်း သေပွဲဝင်ရတော့မည်။ ထို့ကြောင့် မိုးရေသည် သက်ရှိသက်မဲ့ အားလုံးတို့၏ အားကြီးသည့်မှီရာThe great causes ဖြစ်ပါသည်။

ဥပနိဿယကောင်းရှိမှ ကြီးပွားတိုးတက်မည်

      “ဥပနိဿယရှိမှ ပညာတတ်တယ်၊ ဥပနိဿယရှိမှ ကြီးပွားချမ်းသာတယ်” ဟူသော ပါဠိဝေါဟာရကို “အမှီသဟဲ ကောင်းရတယ်” ဟု မြန်မာစကားဖြင့် ပြောနိုင်ပါသည်။ ကလျာဏမိတ္တ မိတ်ဆွေကောင်းကို အမှီသဟဲပြုခွင့် ရရှိသဖြင့် ဘဝတစ်သက်တာ ကျေးဇူးများသွားသည့် သာဓကများစွာကို ဘုရားလက်ထက်တော်၌သာမက ယနေ့ကာလ၌လည်း တွေ့မြင်နိုင်ပါသည်။ အမှီသဟဲကောင်းဟူသည် ဥပနိဿယကို ဆိုလိုခြင်း ဖြစ်ပါသည်။

 

                            

အကြောင်းတရားနှင့် အကျိုးတရား

      ပဋ္ဌာန်းတရားတော်ကို လေ့လာရာတွင် အကြောင်းတရားပစ္စယနှင့် အကျိုးတရားပစ္စယုပ္ပန္နကို ဦးစွာလေ့လာ သိရှိ ထားသင့်ပါသည်။ မိမိ၏စားပွဲရှေ့တွင် ချထားသည့် ထမင်းတစ်ပန်းကန်ကို ပစ္စယုပ္ပန္နအကျိုးတရား နေရာထားကာ ပမာပြ စဉ်းစားကြည့်ပါမည်။ လက်လှမ်းမှီ၍ ဖြစ်နိုင်ခြေရှိသည့် ပစ္စုပ္ပန် နီးစွာသော အကြောင်းတရားများမှာ ဆန်၊ ရေ၊ မီး၊ အိုးနှင့် ထမင်းချက်တတ်သည့် နည်းပညာတို့ကို သာမာန်အားဖြင့် တွေ့ရပါမည်။

       ဤသည်တို့မှာ နီးစွာသော အကြောင်းတရားမျှသာ ရှိသေးသည်။ ထပ်၍ ဖြစ်နိုင်ခြေရှိသည့် အကြောင်းတရားတို့ကို စဉ်းစားပါက စပါးမျိုးစေ့၊ လယ်ယာမြေ၊ စိုက်ပျိုးရေ၊ မျှတသည့် ရာသီဥတု၊ စိုက်ပျိုးနည်းပညာတို့ ရှိပါသေးသည်။ သို့သော် ဤအကြောင်းတရားမျှနှင့်လည်း ထမင်းမဖြစ်လာနိုင်သေးပါ။ စပါးရိတ်သိမ်းခြွေလှေ့ပြီး ကြိတ်ခွဲရပေဦးမည်။ ထို့ကြောင့် မိမိရှေ့က ပန်းကန်ပြားထဲရောက်နေသည့် ထမင်းဟူသော အကျိုးတရားတစ်ရပ် ဖြစ်ပေါ်လာနိုင်ရန်အတွက် အကြောင်း တရားပေါင်းများစွာ ရှိနေပေသည်။

     နေ့စဉ်စားသုံးနေရသည့် ထမင်းဟူသော အကျိုးတရားတစ်ရပ် ဖြစ်ပေါ်လာနိုင်ရန်ပင် ဤမျှများပြားသည့် အကြောင်း တရားများ ပါဝင်နေရာ၊ ထမင်းတစ်ပန်းကန်ထက် နှိုင်းဆမရအောင် ခက်ခဲနက်နဲ ရှုပ်ထွေးလှသည့် လူသားတည်းဟူသော ကံ၏အကျိုးတရားတစ်ရပ် ပေါ်ပေါက်လာနိုင်ရန်အတွက်မှာမူ အကြောင်းတရားပေါင်း မည်မျှက ပံ့ပိုးကူညီထောက်ပံ့ပေးရ မည်ကို သဗ္ဗညုဘုရားရှင်မှတစ်ပါး အခြားသူများက အပြည့်အစုံကို အဘယ်သို့ သိနိုင်ပါအံ့နည်း။

    ထိုထိုအကျိုးတရားတို့ကို သူလိုကိုယ်လိုလူတိုင်းပင် မြင်သိနိုင်ပါသည်။ သို့ပါသော်လည်း ထိုအကျိုးတရားတစ်ရပ်ကို ဖြစ်စေနိုင်စွမ်းသည့် နောက်ခံက အကြောင်းတရားများကို သိနိုင်ရန်မှာမူ သူလိုကိုယ်လို လူတိုင်း၏ အရာမဟုတ်တော့ပေ။

     အကြောင်းတရားနှင့်လျော်ညီသည့် အကျိုးတရား မုချရှိသည်။ ဖြစ်ထိုက်သည့် အကြောင်းတရားမရှိဘဲ အကျိုးတရား မပေါ်ပေါက်နိုင်ကြောင်းနှင့် လောကတွင် အကြောင်းတရားကင်း၍ဖြစ်သည့် အကျိုးတရား မရှိနိုင်သည်ကိုမူ ဗုဒ္ဓ၏တပည့် သာဝက အနည်းစုကသာ သိနိုင်ကြပါသည်။

ဧရာမအကြောင်းတရား

     ဥပနိဿယပစ္စည်းက အကျိုးတရားတို့ကို မလွဲမသွေ ဧကန် ဖြစ်ပေါ်စေနိုင်သည်အထိ အားကြီးသော အကြောင်း တရားဖြစ်သောကြောင့် မဟာပစ္စယ၊ ဗလဝကာရဏ ဧရာမအကြောင်းတရား The great causes, Strong causes ဟု အဋ္ဌကထာက ဖွင့်ဆိုပါသည်။

ဥပနိဿယပစ္စည်း၌-

          ၁။ အာရမ္မဏူပနိဿယ = Object decisive support.

         ၂။ အနန္တရူပနိဿယ = Proximity decisive support.

        ၃။ ပကတူပနိဿယ = Natural decisive support. လို့ သုံးမျိုး ရှိပါတယ်။

      ဥပနိဿယပစ္စည်းတွင် ယခုကဲ့သို့ သုံးပါးကွဲပြားရာ ပကတူပနိဿယသည် အားကြီးသည့် အကြောင်းတရား ဖြစ်သည်။ အာရမ္မဏူပနိဿယက အာရုံအကြောင်းတရား ဖြစ်ပါသည်။ အနန္တရူပနိဿယက ရဟန္တာဖြစ်ပြီး သဥပါဒိသ နိဗ္ဗာန်ကို မျက်မှောက်မပြုသေးသမျှ ဥပါဒ်၊ ဌီ၊ ဘင်၊ ဥပါဒ်၊ ဌီ၊ ဘင်ဖြင့် စိတ်များ ဆက်ကာ၊ ဆက်ကာ၊ ဆက်ကာ ဖြစ်၊ တည်၊ ပျက်နေသည့် သဘာဝသဘောကပင် အနန္တရူပနိဿယ မည်ပေသည်။

 

                            

ဗလဝနှင့် ဒုဗ္ဗလ

       အားကောင်းသည့် ဗလဝကံဟုဆိုရာတွင် သာမာန်အားကောင်းရုံမျှ မဟုတ်ဘဲ လွန်လွန်ကဲကဲကို အားကောင်း သောကြောင့် ဗလဝမည်ပါသည်။

  (၁) အခြားကံတစ်ပါးပါးက နှောင့်ယှက်လျင် ပျက်ပြယ်မည့်ကံကို ဒုဗ္ဗလကံ ခေါ်ပါသည်။

  (၂) အခြားကံတစ်ပါးပါးက မနှောင့်ယှက်နိုင်လောက်သည်အထိ အားကောင်းသည့်ကံကို ဗလဝကံ ခေါ်၏။ ဥပနိဿယမှာ ဗလဝကံ The great , The Strong ဖြစ်ပါသည်။

၁။ အာရမ္မဏူပနိဿယ (အာရမ္မဏ + ဥပနိဿယ)

      အာရမ္မဏူပနိဿယသည် အာရမ္မဏာဓိပတိနှင့် တူပါသည်။ အာရမ္မဏာဓိပတိ = အာရုံသည်ပင် အားကြီးသည့် မှီရာအကြောင်း။ တနည်းအားဖြင့် အာရုံက ဆိုင်ရာနာမ်တရား (စိတ်)ကို ဆွဲဆောင်သွားခြင်း မျိုးဖြစ်သည်။ သို့သော် အာရုံတိုင်းမဟုတ်ဘဲ ဇေဋ္ဌအကြီးအမှူး Great သတ္တိလည်းရှိပြီး ရယူထားသည့်အာရုံကိုလည်း နှစ်နှစ်သက်သက် စွဲစွဲ လမ်းလမ်းဖြစ်ကာ မစွန့်နိုင်၊ မခွာနိုင်၊ အာရုံမပြုဘဲ မနေနိုင်အောင်လည်းဖြစ်မှ အာရမ္မဏာဓိပတိပစ္စည်း တပ်ပါသည်။

      ကာမအာရုံတို့က ပုထုဇဉ်တို့၏စိတ်ကို သိမ်းကြုံး စွဲယူနိုင်စွမ်းရှိပါသည်။ ကိလေသာ ကုန်ခမ်းနေသည့် အရိယာတို့၏ စိတ်ကိုမူ ကာမအာရုံတို့က သိမ်းကြုံးစွဲယူနိုင်စွမ်း မရှိပေ။ ဈာနလာဘီပုဂ္ဂိုလ်က မိမိရထားသည့် ဈာန်ကို အလေးအမြတ် ပြုတော်မူကြပါသည်။ အရိယာသာဝကတို့ကလည်း မိမိတို့ရထားသည့် လောကုတ္တရာတရားတို့ကို အလေးအမြတ် ပြုတော် မူကြပါသည်။

၂။ အနန္တရူပနိဿယ = အနန္တရ + ဥပနိဿယ

       ရှေးရှေးစိတ်တို့ ပျောက်ပျောက်သွားကာ နောက်နောက်စိတ်တို့ မုချဧကန် ဖြစ်လာစေနိုင်ရန် အနန္တရပစ္စည်းက ကျေးဇူးပြုခြင်းကြောင့်ပေတည်း။ အနန္တရူပနိဿယပစ္စည်းသည် အနန္တရပစ္စည်းနှင့် တူ၏။

      ရုပ်ကိုယ်ကောင် Physical process continuity ကဒီဘ၀ သေလျှင် ပျက်ပြုန်းသွားပါသည်။ နာမသန္တတိ Mental process continuity က ရှေ့ဘဝ၊ ရှေ့ဘဝသံသရာမဆုံးမချင်း၊ နိဗ္ဗာန်မရမချင်း အဆက်ဆက် ဖြစ်၍ နေပါသည်။ ယခုကဲ့သို့ ဆက်ကာဆက်ကာ ဖြစ်နေနိုင်ရန် Power အား ကြီးမားသောကြောင့် အနန္တရက ဥပနိဿယ ထိုက်ပါသည်။ ထို့ကြောင့် အန္တရူပနိဿယ ဖြစ်လာရခြင်းပေတည်း။

      တစ်နည်းအားဖြင့် စိတ်တစ်ခုချုပ်ပြီးသည်နှင့် နောက်စိတ်တစ်ခု ဖြစ်လာနိုင်ရန်မှာ သာမညစွမ်းအား Ordinary force နှင့် မရနိုင်ပါ။ ရှေးရှေးစိတ်တို့၌ Strong force ပြင်းထန်သည့် တွန်းအားရှိမှသာ နောက်နောက် စိတ်ကို ကျေးဇူးပြု နိုင်ပါသည်။

 

အန္တရူပနိဿယ

      ကုသိုလ်ဇောဝီထိအစဉ်တွင် အကုသိုလ်ဇောအစဉ် ဝင်မရပါ။ အကုသိုလ်ဇော စောနိုင်ရန်မူ ဇော၏နောက်၌ တဒါရုံ သို့မဟုတ် ဘဝင်ခြားပြီးမှသာ အကုသိုလ်ဇော စောနိုင်ပါသည်။ ထို့ကြောင့် ကုသိုလ်အကြောင်းကြောင့် အကုသိုလ်ဖြစ်ခွင့် အနန္တရမျိုး၌ မရနိုင်ပေ။ ကုသိုလ်အကြောင်းကြောင့် ကုသိုလ်အကျိုးဖြစ်ခွင့်နှင့် အကုသိုလ် အကြောင်းကြောင့် အကုသိုလ် အကျိုးဖြစ်ခွင့်သာ ရနိုင်ပါသည်။

      နေ့စဉ်ဘဝ၏ဖြစ်စဉ်နှင့် ပမာပြရမည်ဆိုလျှင် ဒါနပြုစဉ် ကုသိုလ်ဇော ဝီထိကျ၏။ ၎င်းမှာ ကုသိုလ်စစ်စစ်ဖြစ်သည်။ သို့သော် “ငါ့လို လှူဒါန်းနိုင်တဲ့လူ ဇမ္ဗူမှာ ရှိရိုးလား” ဟူသော မာနဝင်လာသည်ဟု ဆိုပါစို့၊ အချိန်ခြားသွားလေပြီ။ ကုသိုလ်ဇောဝီထိ များစွာဖြစ်ပြီးနောက်၌ တဒါရုံကျပြီး (ဝါ) ဘဝင်ခြားပြီးမှသာ မာနဖြစ်ကာ အကုသိုလ်ဇော ဝီထိကျခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဝီထိခြားပြီးမှ ကျေးဇူးပြနိုင်စွမ်းသည့် ပဋ္ဌာန်းပစ္စည်းမှာ အန္တရူနိပနိဿယ ဖြစ်၏။

ရူပသန္တတိ Physical process continuity နာမသန္တတိ Mental process continuity

       စိတ်စေတနာမရှိသည့် ရူပသန္တတိအစဉ် Physical process continuity သည် တစ်စုံတစ်ခုကိုမှ ပြုလုပ် ဆောင်ရွက် နိုင်စွမ်း မရှိပါ။ အကြောင်းမှာ စိတ်စေတနာ မရှိသောကြောင့် ဖြစ်ပါသည်။ နာမသန္တတိအစဉ် Mental process continuity သည် စိတ်စေတနာရှိသောကြောင့် စေ့ဆော် တိုက်တွန်းနိုင်စွမ်းပါသည်။ ထိုသို့သော အကြောင်းကြောင့်လည်း အတိတ်က ကောင်းကံ မကောင်းကံတို့ကို ထူထောင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုထိုကောင်းကံ မကောင်းကံနှင့် လျော်ညီသည့် ရူပသန္တတိ အစဉ် Physical process continuity နှင့် နာမသန္တတိ အစဉ် Mental process continuity တို့ကို ယနေ့ ရရှိထားခြင်း ဖြစ်ကြောင်းကို ပရမတ္ထဝေါဟာရဖြင့် ခေါ်ဆိုနိုင် ပါသည်။ ၎င်း Process ကိုပင် လောကီပညတ် ဝေါဟာရဖြင့် လူဟုခေါ်သည်။ လူများစွာထဲက ၎င်းကို ယောကျ်ားဟု ခေါ်သည်။ ယောကျ်ားများစွာထဲက သူ့ကို မောင်မောင်ဟု ခေါ်သည်။ အမှန်မှာမူ ရူပသန္တတိနှင့် နာမသန္တတိ အစဉ် Process မျှသာရှိ၏။

ပကတူပနှင့် အနန္တရူပတို့၏ မတူညီသည့်သတ္တိ

      လွန်ခဲ့သည့် ဘဝပေါင်းများစွာက ပြုခဲ့သည့်ကုသိုလ်က ယခုအကျိုးပြုနိုင်သည်မှာ ပကတူပနိဿယ၏ သတ္တိ ပေတည်း။ ပြုနေဆဲ အခိုက်အတန့်ကလေးမှာပင် ကုသိုလ်၊ အကုသိုလ် ဝီထိပေါင်း သိန်းသန်း ကုဋေ ဖြစ်နေလေပြီ။ ထို့ကြောင့် ပကတူပနိဿယသဘောဟူသည် ခုအကြောင်းပစ္စည်းဖြစ် အခုချက်ခြင်း အကျိုးပစ္စယုပ္ပန်တွေ ပေါ်ခြင်း မဟုတ်ပေ။ အကြောင်းနှင့်အကျိုးက ကာလရှည်ကြာ ဘ၀ သိန်း၊ သန်းမက ကမ္ဘာပေါင်းများစွာအထိ ဝေးချင်ဝေးနေ တတ်ပါသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် ကာလတိုင်အောင်အထိ အကျိုးပေးခွင့် ရှိလေသည်။ ထို့ကြောင့် “ online ဖြစ်နေတယ်”ဟု ပါချုပ်ဆရာတော်ကြီးက မိန့်တော်မူခြင်း ဖြစ်ပါသည်။

      အနန္တရူပနိဿယက ကုသိုလ်ဇောစိတ် အစဉ်တစ်ခုတွင် ဇောနောက်တဒါရုံ ကျပြီးနောက် (ဝါ) ဘဝင်ခြားပြီး နောက်မှသာ အကုသိုလ်ဇော စောခွင့် ရှိလေသည်။ ထိုနည်းအတူ အကုသိုလ်ဇောစိတ် အစဉ်တစ်ခုတွင်လည်း ဇောနောက် တဒါရုံ ကျပြီးနောက် (ဝါ) ဘဝင်ခြားပြီး နောက်မှသာ ကုသိုလ်ဇော စောခွင့်ရှိလေသည်။ ထို့ကြောင့် “ကေသဉ္စိ” အချို့ ဟူသောပါဠိကို ပစ္စယနိဒေသ၌ တွေ့ရမည် ဖြစ်သည်။ ပကတူပနိဿယနှင့် အာရမ္မဏူပနိဿယတွင်မူ ကုသိုလ်က အကုသိုလ်ကိုလည်းကောင်း၊ အကုသိုလ်က ကုသိုလ်ကိုလည်းကောင်း ကျေးဇူးပြုနိုင်စွမ်းရှိေသောကြောင့် “ကေသဉ္စိ” အချို့ဟူသော ပါဠိကို မပြရခြင်း ဖြစ်လေသည်။

ထို့ကြောင့် “အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ” ဟူ၍ ပဋ္ဌာန်းပဥှာဝါရပါဠိ ပကတူပနိဿယ၌ တွေ့ရမည် ဖြစ်ပါသည်။ အာရမ္မဏူပနိဿယနှင့် အနန္တရူပနိဿယကို ထူးခြားစွာ မတွေ့ရပေ။

 

    

၃။ ပကတူပနိဿယ = ပကတိ + ဥပနိဿယ

      ပကတူပနိဿယရပစ္စည်းသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဟူသော ကာလသုံးပါး၊ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ဟူသော သန္တာန်နှစ်ပါး၌ ဖြစ်ကုန်သော အလုံးစုံသော စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ပညတ်တို့ကို ကျေးဇူးပြုသည်။ ပကတိမည်သည် ပင်ကိုယ်ပကတိအားဖြင့်ပင် အားကြီးသည့်အကြောင်းတရား ဖြစ်ပါသည်။ ပကတူပနိဿယ Natural decisive support ဟူသည် အနန္တရူပနိဿယကဲ့သို့ ရှေ့စိတ်က အားကြီး၍လည်း မဟုတ်ပေ။ အာရမ္မဏူပနိဿယကဲ့သို့ အာရုံကအားကြီး ၍လည်း မဟုတ်ပေ။ ပကတူပနိဿယက ပင်ကိုယ်ပကတိအနေဖြင့်ပင် အားကြီးနေသည်ကို ဆိုလိုပါသည်။

      တစ်နည်းအားဖြင့် အနန္တရူပနိဿယနှင့် အာရမ္မဏူပနိဿယအပြင် အခြားအားကြီးသည့် အရာမှန် သမျှအားလုံး ပကတူပနိဿယ ဖြစ်၏။ ထပ်မံ၍ တနည်းဆိုရသော် အခြားအကြောင်းတရားများ မရောနှောဘဲ သူ့ချည်းသက်သက် အကျိုး တရားကို ဖြစ်စေနိုင်စွမ်းသည်။

     ပဋ္ဌာန်းပဥှာဝါရ ဥပနိဿယတွင် ရနိုင်သည့်သင်္ချာကို လေ့လာပါက အောက်ပါအတိုင်း တွေ့ရပါသည်-

ဥပနိဿယပစ္စည်း၏ သင်္ချာများ

ကုသလာ ဓမ္မာ

    (၁) ကု-ကု တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

    (၂) ကု-အကု တွင် အာရမ္မဏူပနိဿယ၊ (—–—မရပါ———)၊ ပကတူပနိဿယ ရ၏။

    (၃) ကု-ဗျာ တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

အကုသလာ ဓမ္မာ

    (၄) အကု-အကုတွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယရ၏။

    (၅) အကု-ကုတွင် (——-—မရပါ————)၊ (—–—မရပါ————)၊ ပကတူပနိဿယ ရ၏။

    (၆) အကု-ဗျာတွင် (———မရပါ——–—)၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

အဗျာကတ ဓမ္မာ

    (၇) ဗျာ-ဗျာ တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

    (၈) ဗျာ-ကု တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

    (၉) ဗျာ-အကု တွင် အာရမ္မဏူပနိဿယ၊ အနန္တရူပနိဿယ၊ ပကတူပနိဿယ ရ၏။

 

 71 total views,  1 views today

By admin

Leave a Reply

Your email address will not be published.