(၉) အဗ်ာကေတာ ဓေမၼာ အကုသလႆ ဓမၼႆ (ဗ်ာ-အကု)  zawgyi

 

          အဗ်ာကတတည္းဟူေသာ အေၾကာင္းဓမၼက အကုသိုလ္တည္း ဟူေသာ အက်ဳိးဓမၼကို ပကတူပနိႆယ သတၱိျဖင့္ ေက်းဇူးျပဳ၏။ ပ႒ာန္းပဥႇာ၀ါရလာ ပါဠိေတာ္ကိုျပရလွ်င္ ———

ကာယိကံ သုခံ ဥပနိႆာယ ပါဏံ ဟနတိ အဒိႏၷံ အာဒိယတိ၊ မုသာ ဘဏတိ၊ ပိသုဏံ ဘဏတိ၊ ဖ႐ုသံ ဘဏတိ၊ သမၹံ ပလပတိ၊ သႏၶႎဆိႏၵတိ၊  နိေလာပံ ဟရတိ၊ ဧကာဂါရိကံ ကေရာတိ၊ ပရိပေႏၴ တိ႒တိ၊ ပရဒါရံ ဂစၦတိ၊ ဂါမဃာတံ ကေရာတိ၊ နိဂမဃာတံ ကေရာတိ၊ မာတရံ ဇီ၀ိတာ ေ၀ါေရာ ေပတိ၊ ပိတရံ ဇီ၀ိတာ ေ၀ါေရာေပတိ၊ အရဟႏၲံ ဇီ၀ိတာ ေ၀ါေရာေပတိ၊ ဒုေ႒န စိေတၱန တထာဂတႆ ေလာဟိတံ ဥပၸါေဒတိ၊ သံဃံ ဘိႏၵတိ။

    ကိုယ္ခ်မ္းသာမႈကို အားႀကီးစြာအမွီျပဳ၍ ပါဏံ ဟနတိ သူ႔အသက္ကို သတ္၏။ အဒိႏၷံ အာဒိယတိ ပိုင္ရွင္က ကိုယ္ႏႈတ္ျဖင့္ မေပးေသာ သူ႔ဥစၥာကို ခိုးယူ၏၊ မုသာ ဘဏတိ လိမ္ညာေသာ စကားကို ေျပာ၏၊ ပိသုဏံ ဘဏတိ ကုန္းတိုက္ ေခ်ာျပစ္ေသာ စကားကို ေျပာ၏၊ ဖ႐ုသံ ဘဏတိ ၾကမ္းတမ္းေသာ စကားကို ေျပာ၏၊ သမၹံ ပလပတိ အက်ိဳးမရွိေသာ စကားကို ေျပာ၏၊ သႏၶႎ ဆိႏၵတိ အိမ္ၿခံစည္း႐ုိးကို ခ်ိဳးေဖာက္ ဖ်က္၏၊၊ နိေလာပံ ဟရတိ၊ ပုန္းေအာင္း၍ ေဆာင္ယူ၏၊ ဧကာဂါရိကံ ကေရာတိ၊ တစ္အိမ္တည္း ၀ိုင္းရံ လုယက္မႈကို ျပဳ၏၊ ပရိပေႏၴ တိ႒တိ၊ လမ္းခရီး၌ ရပ္၏၊ ပရဒါရံ ဂစၦတိ သူ႔မယားကို သြားလာဆက္ဆံ၏၊ ဂါမဃာတံ ကေရာတိ၊ ရြာဖ်က္ျခင္းကို ျပဳ၏၊ နိဂမဃာတံ ကေရာတိ၊ နိဂုံး ဖ်က္ဆီးျခင္းကို ျပဳ၏၊ မာတရံ ဇီ၀ိတာ ေ၀ါေရာေပတိ၊ အေမကိုသတ္၏၊ ပိတရံ ဇီ၀ိတာ ေ၀ါေရာေပတိ၊ အေဖကိုသတ္၏၊ အရဟႏၲံ ဇီ၀ိတာ ေ၀ါေရာေပတိ၊ ရဟႏၲာကို သတ္၏၊ ဒုေ႒န စိေတၱန တထာဂတႆ ေလာဟိတံ ဥပၸါေဒတိ ျပစ္မွားလိုေသာစိတ္ျဖင့္ ျမတ္စြာ ဘုရားရွင္အား ေသြးစိမ္းတည္ျခင္းကို ျဖစ္ေစ၏၊၊ သံဃံ ဘိႏၵတိ သံဃာသင္းခြဲ၏။

 

ဥမၼာဒႏၲီပုေဏၰးမႏွင့္ မုဒုလကၡဏာမိဖုရား

 

          (ဗ်ာ-အကု) အာရမၼဏူပနိႆယ၌ “၀ိပါကာဗ်ာကေတ ကိရိယာဗ်ာကေတ ခေႏၶ ဂ႐ုံ ကတြာ အႆာေဒတိ အဘိနႏၵတိ၊ တံ ဂ႐ုံ ကတြာ ရာေဂါ ဥပၸဇၨတိç ဒိ႒ိ ဥပၸဇၨတိ”ဟု လာရွိပါသည္။

          ပမာျပရေသာ္ ဥမၼာဒႏၲီအိမ္ကို ေရာက္ရွိလာၾကသည့္ ဘုရင့္နန္းေတာ္မွ ပုေရာဟိတ္ပုဏၰားႀကီးတို႔အတြက္ ဥမၼာဒႏၲီ၏ ႐ူပကာယအဆင္းက အာရမၼဏာဓိပတိထိုက္၏။ ထို႔ေၾကာင့္ ပုေရာဟိတ္ပုဏၰားႀကီးတို႔သည္ ထမင္း၀ိုင္းထဲ၌ပင္ စိတ္ ဂေယာက္ဂယက္ ျဖစ္ၾကပါသည္။

          တစ္ဖန္ ဘုရားအေလာင္းေတာ္ ဟရိတရေသ့အတြက္ မုဒုလကၡဏာမိဖုရား၏ ခါး၀တ္ေလွ်ာက်သျဖင့္  ျမင္ေတြ႕ ရသည့္ အာ႐ံုက အာရမၼဏာဓိပတိထိုက္ေသာေၾကာင့္ စ်ာန္ေလွ်ာက်ျခင္းျဖစ္သည္။

ဥမၼာဒႏၲီ၏ ဘ၀ႏွင့္အလွ

          ဥပၸလ၀ဏ္ေထရီမ အေလာင္းအလ်ာျဖစ္သည့္ ဥမၼာဒႏၲီ အမ်ဳိးေကာင္းသမီး၏ ေနာက္ခံအေၾကာင္းကို ေဖာ္ျပပါမည္။ သူမ၏ အတိတ္ကာလ တစ္ခုေသာဘ၀၌ ၀တ္စံုတစ္စံု ရရွိရန္အတြက္ သူေဌးတစ္ဦးထံ သံုးႏွစ္ ကြၽန္ခံရသည့္အထိ ဆင္းရဲ ရွာသည္။ သူေ႒းအလိုက် ကြၽန္သက္တမ္းတစ္ခုကို ေရာက္ေသာကာလတြင္ သူ၏လက္ထဲ ၀တ္စံုရလာပါသည္။ ထိုေန႔တြင္ ေရခ်ဳိးၿပီးမွ ၀တ္မည္ဟု စိတ္၀ယ္ရည္မွန္းကာ ျမစ္ဆိပ္ကမ္းသို႔ သြား၏။

          ထုိအခ်ိန္အခါ၌ ကႆပဘုရားရွင္၏ တပည့္သာ၀က ရဟန္းေတာ္တစ္ပါး သကၤန္းမျပည့္ မစံုျဖစ္ေနသျဖင့္ သစ္ရြက္ ခက္သစ္ရြက္တုိ႔ကုိ ၀တ္ဆင္လာသည္ကို ဖူးေတြ႕ရေလသည္။ ထိုအခိုက္ သူကြၽန္ခံၿပီးခက္ခဲစြာ ရရွိပိုင္ဆိုင္ထားသည့္ အ၀တ္ကို သကၤန္းအျဖစ္ လွဴဒါန္းရန္ ဆံုးျဖတ္ေလ၏။ လွဴဒါန္းၿပီးေနာက္ သူဆုေတာင္းပါသည္။ သူ၏ဆုေတာင္းကား “သူ႕ကုိ ျမင္ရသည့္ ေယာက္်ားတိုင္း ႐ူးသြပ္သည္အထိ လွပသူ ျဖစ္ပါရေစ” ပင္တည္း။

          ဤေနရာတြင္ အလွဴရွင္ျဖစ္သည့္ အမ်ဳိးေကာင္းသမီးကေလး၏ သႏၲာန္၌ –

          ၁။       ကုိယ္က်င့္သီလျဖဴစင္ေနျခင္း၊

          ၂။       သံုးႏွစ္နီးပါး ကြၽန္ခံကာ တရားေသာနည္းလမ္းျဖင့္ ရရွိထားသည့္ အ၀တ္သကၤန္းျဖစ္ျခင္း။

          ၃။       ေပးလွဴေနသည့္ အခ်ိန္သမယတြင္ ရာဂ၊ ေဒါသ၊ ေမာဟ၊ မာန္မာနစသည့္ ကိေလသာတရားဆုိးတို႔က ေႏွာင့္ယွက္မႈမရွိဘဲ ၾကည္ရႊင္၀မ္းေျမာက္ကာ ပီတိေသာမနႆ ျပ႒ာန္းေနသည့္ ကုသုိလ္စိတ္အစဥ္ ျဖစ္ေနျခင္း။

          ၄။       ကံႏွင့္ ကံ၏အက်ဳိးတရားကုိ သက္၀င္ယုံၾကည္သည့္ သဒၶါတရားရွိျခင္းဟူေသာ အလွဴရွင္ ပုဂၢိဳလ္၏ အဂၤါ (၄)ခ်က္ႏွင့္ ျပည့္စံုေနပါသည္။

          တစ္ဖန္ အလွဴခံပုဂၢိဳလ္မွာ ကႆပဘုရားရွင္၏ တပည့္သာက သီလျပည့္စံုသည့္ အရွင္ေကာင္း အရွင္ျမတ္ ျဖစ္ေန ျခင္းဟူေသာ အဂၤါရပ္ႏွင့္လည္း ျပည့္စံုေနပါသည္။ ထို႕ေၾကာင့္ အလွဴေပးသည့္ပုဂၢိဳလ္ဘက္က အဂၤါေလးခ်က္၊ အလွဴခံ ပုဂၢိဳလ္ဘက္က အဂၤါတစ္ခ်က္ စုစုေပါင္း အဂၤါငါးခ်က္ စုံညီသည့္ အလွဴဒါန တစ္ခု ျဖစ္ေနခဲ့ပါသည္။

     ထိုအမ်ဳိးေကာင္းသမီးကေလး ေသလြန္ၿပီးေနာက္ တစ္ခုေသာဘ၀တြင္ သိ၀ိတုိင္း အရိ႒ပုရၿမိဳ႕မွ ကုေဋရွစ္ဆယ္ ၾကြယ္၀ခ်မ္းသာသည့္ သူေဌးႀကီး၏ သမီးရတနာတစ္ဦး ျဖစ္လာခဲ့ပါသည္။ အမည္မွာ ဥမၼာဒႏၲီ မည္ပါသည္။ “အ၀တ္ သကၤန္းတို႔ကို ေပးလွဴျခင္းသည္ ႐ုပ္အဆင္းကို လွပတင့္တယ္ေအာင္ ေပးလွဴေနသည္မည္သည္”ဟု ဘုရားရွင္ ေဟာေတာ္ မူသည္ႏွင့္အညီ သျူပဳစုပ်ိဳးေထာင္ခဲ့သည့္ကံက အက်ဳိးေပးလာေလၿပီ။ ႐ုပ္အဆင္းသည္ နတ္သမီးတမွ် လွပတင့္တယ္ ေလသည္။

      ထို႔ေၾကာင့္ သူအရြယ္ေရာက္ေသာအခါ ဖခင္သူေ႒းႀကီးက “ငါ့သမီး မိဖုရားျဖစ္ထိုက္တယ္”ဟုဆိုကာ ရွင္ဘုရင္ထံ ဆက္သရာ၊ နန္းေတာ္မွ ပေရာဟိတ္ ပညာရွိပုဏၰားတို႔ကို ဆန္းစစ္ကာသံေတာ္ဦးတင္ရန္ သူေ႒းႀကီးအိမ္သို႔ ေစလႊတ္၏။ ပညာရွိပေရာဟိတ္မ်ား ထမင္း၀ိုင္းတြင္ တန္ဆာဆင္ထားသည့္ ဥမၼာဒႏၲီက ဧည့္ခံရန္ ထြက္လာပါသည္။ ဥမၼာဒႏၲီကို ျမင္လိုက္ ရသည္ႏွင့္ သူ၏ဆုေတာင္အတိုင္း ပုဏၰားႀကီးမ်ား အ႐ူးပမာျဖစ္ကာ ထမင္းကို ပါးစပ္ထဲမခံြ႕မိဘဲ ဦးေခါင္းထက္တင္သူ၊ မ်က္လံုးထဲထည့္မိသျဖင့္ ထိုျမင္ကြင္းေၾကာင့္ ဥမၼာဒႏၲီကရယ္မိသျဖင့္ ဘုရင္မင္းျမတ္ထံ သံေတာ္တင္ရာတြင္ “႐ုပ္ဆင္း ႐ူပကာယ ျပည့္စံုပင္ ျပည့္စံုပါေသာ္လည္း ကာဠကဏၰီပမာ ယုတ္မာတဲ့မိန္းကေလးျဖစ္တဲ့အတြက္ မိဖုရားအရာမထိုက္ တန္ပါ”ဟု ေလွ်ာက္ၾကားသျဖင့္ သူမိဖုရားမျဖစ္လိုက္ရွာဘဲ အဘိပါရက စစ္သူႀကီးကေတာ္သာ ျဖစ္ရေလသည္။ 

 

၀က္သတ္သမားစုႏၵ

          ဗုဒၶဘုရားရွင္ လက္ထက္ေတာ္ကာလ ရာဇၿဂိဳလ္ၿမိဳ႕၊ ေ၀ဠဳ၀န္ေက်ာင္းေတာ္အနီး၌ စုႏၵအမည္ရွိေသာ ေယာက်ာ္းတစ္ေယာက္သည္ ၀က္သတ္ေသာ အလုပ္ျဖင့္ အသက္ေမြး၀မ္းေက်ာင္းျပဳသည္။ စုႏၵသည္ ၀က္ေပါက္စမ်ားကို ၀ယ္ယူၿပီး သူ႔အိမ္၏ ေနာက္ေဖးဘက္၌ ၀က္ၿခံႀကီးတစ္ခုကုိ ေဆာက္လုပ္၍ ထို၀က္ေပါက္စတို႔ကို ေမြးျမဴထားသည္။ ၀က္မ်ား အရြယ္ေရာက္ေသာအခါ သတ္ျဖတ္၍ ေရာင္းခ်ျခင္းျဖင့္ အသက္မြး၀မ္းေက်ာင္း၏။ သူသတ္သည့္ ၀က္ေသြး၊ ၀က္သားကို သားမယားႏွင့္အတူ ၿမိန္ရွက္စြာ ခ်က္ျပဳတ္စားေသာက္သည္။

          ေ၀ဠဳ၀န္ေက်ာင္းအနီးတြင္ ေနေသာ္လည္း ျမတ္စြာဘုရားကို ဆည္းကပ္ကိုးကြယ္ျခင္းလည္းမရွိ  ပန္းတစ္ဆုပ္၊ ဆြမ္းတစ္ထုပ္မွ် မကပ္မလွဴဘူးေပ။ ဤသို႔ျဖင့္ ၅၅-ႏွစ္တိုင္တိုင္ ၀က္မ်ားကို သတ္ျဖတ္စားေသာက္ ေရာင္းခ်လာခဲ့ရာ တစ္ေန႔တြင္ စုႏၵသည္ မက်န္းမမာ ျဖစ္လာ၏။ ၀က္မ်ားကို အႏိုင္ယူခဲ့သမွ် မေကာင္းမႈဒဏ္ကို ခံရေလၿပီ။ ကိုယ္ေပၚ၌ အနာႀကီးမ်ား ေပါက္လာသည္၊ အ၀ီစိ ငရဲမီးလွ်ံသည္ စုႏၵရွိရာသို႔ တက္လာ၍  ေလာင္ၿမိဳက္သျဖင့္ ေ၀ဒနာကို ျပင္းစြာ ခံစားရ၏။ ေသခါနီး ၀က္ေအာ္သကဲ့သို႔ ေအာ္ျမည္ကာ ေျပးေနရ၏။ အိမ္သူအိမ္သားမ်ားလည္း သ႔ူကို မည္သို႕မွ် သက္သာေအာင္ မျပဳေပးႏိုင္ရွာသျဖင့္ အိမ္ထဲမွ အျပင္သို႔ ေျပးမထြက္ႏိုင္ရန္ တံခါးမ်ား ပိတ္ထားၾကရ၏။ ဤသို႔ျဖင့္ ရက္သတၱပတ္လံုးလံုး ခံစားရၿပီး ၈-ရက္ ေျမာက္ေသာေန႔တြင္ ေသ၍ အ၀ီစိငရဲသို႔ က်ေရာက္သြားေလသည္။ မိမိ တစ္၀မ္းတစ္ခါးစားရဖို႔ လွရဖို႔အတြက္ သတ္ျဖတ္သည့္ စုႏၵ၏ျဖစ္စဥ္မွာ  ကာယိကံ သုခံ ဥပနိႆာယ ပါဏံ ဟနတိပင္ ျဖစ္ ပါသည္။ စုႏၵကဲ့သို႔ပင္ အသက္ေမြး၀မ္းေၾကာင္း မစင္ၾကယ္သူ၊ အကုသိုလ္ကို မေရွာင္က်ဥ္သူတို႔အေနျဖင့္ သူတို႕ဘ၀၏ ဆင္းရဲျခင္း ခ်မ္းသာျခင္းႏွင့္ မသက္ဆိုင္ေပ၊ သူတို႔၏ အသိဉာဏ္ႏွင့္သာ သက္ဆိုင္၏။ “ဆင္းရဲေလေလ သံေ၀ရရ” ဟု အဆိုရွိသကဲ့သို႔ပင္ “ဆင္းရဲလို႔ ငရဲမေၾကာက္ႏိုင္ေတာ့ဘူး”ဟူေသာ ဆို႐ိုးလည္း ရွိပါေသးသည္။ ထို႔ေၾကာင့္ အသိဉာဏ္ရွိ မွသာ စင္ၾကယ္သည့္ အသက္ေမြး၀မ္းေၾကာင္း ျပဳႏိုင္ၾကေပမည္။

 

 

(၉) အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ (ဗျာ-အကု) pyidaungsu-unicode

   အဗျာကတတည်းဟူသော အကြောင်းဓမ္မက အကုသိုလ်တည်း ဟူသော အကျိုးဓမ္မကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော်ကိုပြရလျှင် ———

ကာယိကံ သုခံ ဥပနိဿာယ ပါဏံ ဟနတိ အဒိန္နံ အာဒိယတိ၊ မုသာ ဘဏတိ၊ ပိသုဏံ ဘဏတိ၊ ဖရုသံ ဘဏတိ၊ သမ္ဖံ ပလပတိ၊ သန္ဓိံဆိန္ဒတိ၊ နိလောပံ ဟရတိ၊ ဧကာဂါရိကံ ကရောတိ၊ ပရိပန္ထေ တိဋ္ဌတိ၊ ပရဒါရံ ဂစ္ဆတိ၊ ဂါမဃာတံ ကရောတိ၊ နိဂမဃာတံ ကရောတိ၊ မာတရံ ဇီဝိတာ ဝေါရော ပေတိ၊ ပိတရံ ဇီဝိတာ ဝေါရောပေတိ၊ အရဟန္တံ ဇီဝိတာ ဝေါရောပေတိ၊ ဒုဋ္ဌေန စိတ္တေန တထာဂတဿ လောဟိတံ ဥပ္ပါဒေတိ၊ သံဃံ ဘိန္ဒတိ။

    ကိုယ်ချမ်းသာမှုကို အားကြီးစွာအမှီပြု၍ ပါဏံ ဟနတိ သူ့အသက်ကို သတ်၏။ အဒိန္နံ အာဒိယတိ ပိုင်ရှင်က ကိုယ်နှုတ်ဖြင့် မပေးသော သူ့ဥစ္စာကို ခိုးယူ၏၊ မုသာ ဘဏတိ လိမ်ညာသော စကားကို ပြော၏၊ ပိသုဏံ ဘဏတိ ကုန်းတိုက် ချောပြစ်သော စကားကို ပြော၏၊ ဖရုသံ ဘဏတိ ကြမ်းတမ်းသော စကားကို ပြော၏၊ သမ္ဖံ ပလပတိ အကျိုးမရှိသော စကားကို ပြော၏၊ သန္ဓိံ ဆိန္ဒတိ အိမ်ခြံစည်းရိုးကို ချိုးဖောက် ဖျက်၏၊၊ နိလောပံ ဟရတိ၊ ပုန်းအောင်း၍ ဆောင်ယူ၏၊ ဧကာဂါရိကံ ကရောတိ၊ တစ်အိမ်တည်း ဝိုင်းရံ လုယက်မှုကို ပြု၏၊ ပရိပန္ထေ တိဋ္ဌတိ၊ လမ်းခရီး၌ ရပ်၏၊ ပရဒါရံ ဂစ္ဆတိ သူ့မယားကို သွားလာဆက်ဆံ၏၊ ဂါမဃာတံ ကရောတိ၊ ရွာဖျက်ခြင်းကို ပြု၏၊ နိဂမဃာတံ ကရောတိ၊ နိဂုံး ဖျက်ဆီးခြင်းကို ပြု၏၊ မာတရံ ဇီဝိတာ ဝေါရောပေတိ၊ အမေကိုသတ်၏၊ ပိတရံ ဇီဝိတာ ဝေါရောပေတိ၊ အဖေကိုသတ်၏၊ အရဟန္တံ ဇီဝိတာ ဝေါရောပေတိ၊ ရဟန္တာကို သတ်၏၊ ဒုဋ္ဌေန စိတ္တေန တထာဂတဿ လောဟိတံ ဥပ္ပါဒေတိ ပြစ်မှားလိုသောစိတ်ဖြင့် မြတ်စွာ ဘုရားရှင်အား သွေးစိမ်းတည်ခြင်းကို ဖြစ်စေ၏၊၊ သံဃံ ဘိန္ဒတိ သံဃာသင်းခွဲ၏။

ဥမ္မာဒန္တီပုဏ္ဏေးမနှင့် မုဒုလက္ခဏာမိဖုရား

(ဗျာ-အကု) အာရမ္မဏူပနိဿယ၌ “ဝိပါကာဗျာကတေ ကိရိယာဗျာကတေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိç ဒိဋ္ဌိ ဥပ္ပဇ္ဇတိ”ဟု လာရှိပါသည်။

    ပမာပြရသော် ဥမ္မာဒန္တီအိမ်ကို ရောက်ရှိလာကြသည့် ဘုရင့်နန်းတော်မှ ပုရောဟိတ်ပုဏ္ဏားကြီးတို့အတွက် ဥမ္မာဒန္တီ၏ ရူပကာယအဆင်းက အာရမ္မဏာဓိပတိထိုက်၏။ ထို့ကြောင့် ပုရောဟိတ်ပုဏ္ဏားကြီးတို့သည် ထမင်းဝိုင်းထဲ၌ပင် စိတ် ဂယောက်ဂယက် ဖြစ်ကြပါသည်။

    တစ်ဖန် ဘုရားအလောင်းတော် ဟရိတရသေ့အတွက် မုဒုလက္ခဏာမိဖုရား၏ ခါးဝတ်လျှောကျသဖြင့် မြင်တွေ့ ရသည့် အာရုံက အာရမ္မဏာဓိပတိထိုက်သောကြောင့် ဈာန်လျှောကျခြင်းဖြစ်သည်။

 

ဥမ္မာဒန္တီ၏ ဘဝနှင့်အလှ

   ဥပ္ပလဝဏ်ထေရီမ အလောင်းအလျာဖြစ်သည့် ဥမ္မာဒန္တီ အမျိုးကောင်းသမီး၏ နောက်ခံအကြောင်းကို ဖော်ပြပါမည်။ သူမ၏ အတိတ်ကာလ တစ်ခုသောဘဝ၌ ဝတ်စုံတစ်စုံ ရရှိရန်အတွက် သူဌေးတစ်ဦးထံ သုံးနှစ် ကျွန်ခံရသည့်အထိ ဆင်းရဲ ရှာသည်။ သူဋ္ဌေးအလိုကျ ကျွန်သက်တမ်းတစ်ခုကို ရောက်သောကာလတွင် သူ၏လက်ထဲ ဝတ်စုံရလာပါသည်။ ထိုနေ့တွင် ရေချိုးပြီးမှ ဝတ်မည်ဟု စိတ်ဝယ်ရည်မှန်းကာ မြစ်ဆိပ်ကမ်းသို့ သွား၏။

   ထိုအချိန်အခါ၌ ကဿပဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်တစ်ပါး သင်္ကန်းမပြည့် မစုံဖြစ်နေသဖြင့် သစ်ရွက် ခက်သစ်ရွက်တို့ကို ဝတ်ဆင်လာသည်ကို ဖူးတွေ့ရလေသည်။ ထိုအခိုက် သူကျွန်ခံပြီးခက်ခဲစွာ ရရှိပိုင်ဆိုင်ထားသည့် အဝတ်ကို သင်္ကန်းအဖြစ် လှူဒါန်းရန် ဆုံးဖြတ်လေ၏။ လှူဒါန်းပြီးနောက် သူဆုတောင်းပါသည်။ သူ၏ဆုတောင်းကား “သူ့ကို မြင်ရသည့် ယောက်ျားတိုင်း ရူးသွပ်သည်အထိ လှပသူ ဖြစ်ပါရစေ” ပင်တည်း။

ဤနေရာတွင် အလှူရှင်ဖြစ်သည့် အမျိုးကောင်းသမီးကလေး၏ သန္တာန်၌ –

၁။ ကိုယ်ကျင့်သီလဖြူစင်နေခြင်း၊

၂။ သုံးနှစ်နီးပါး ကျွန်ခံကာ တရားသောနည်းလမ်းဖြင့် ရရှိထားသည့် အဝတ်သင်္ကန်းဖြစ်ခြင်း။

၃။ ပေးလှူနေသည့် အချိန်သမယတွင် ရာဂ၊ ဒေါသ၊ မောဟ၊ မာန်မာနစသည့် ကိလေသာတရားဆိုးတို့က နှောင့်ယှက်မှုမရှိဘဲ ကြည်ရွှင်ဝမ်းမြောက်ကာ ပီတိသောမနဿ ပြဋ္ဌာန်းနေသည့် ကုသိုလ်စိတ်အစဉ် ဖြစ်နေခြင်း။

၄။ ကံနှင့် ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်သည့် သဒ္ဓါတရားရှိခြင်းဟူသော အလှူရှင် ပုဂ္ဂိုလ်၏ အင်္ဂါ (၄)ချက်နှင့် ပြည့်စုံနေပါသည်။

   တစ်ဖန် အလှူခံပုဂ္ဂိုလ်မှာ ကဿပဘုရားရှင်၏ တပည့်သာက သီလပြည့်စုံသည့် အရှင်ကောင်း အရှင်မြတ် ဖြစ်နေ ခြင်းဟူသော အင်္ဂါရပ်နှင့်လည်း ပြည့်စုံနေပါသည်။ ထို့ကြောင့် အလှူပေးသည့်ပုဂ္ဂိုလ်ဘက်က အင်္ဂါလေးချက်၊ အလှူခံ ပုဂ္ဂိုလ်ဘက်က အင်္ဂါတစ်ချက် စုစုပေါင်း အင်္ဂါငါးချက် စုံညီသည့် အလှူဒါန တစ်ခု ဖြစ်နေခဲ့ပါသည်။

 

 

    ထိုအမျိုးကောင်းသမီးကလေး သေလွန်ပြီးနောက် တစ်ခုသောဘဝတွင် သိဝိတိုင်း အရိဋ္ဌပုရမြို့မှ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသည့် သူဌေးကြီး၏ သမီးရတနာတစ်ဦး ဖြစ်လာခဲ့ပါသည်။ အမည်မှာ ဥမ္မာဒန္တီ မည်ပါသည်။ “အဝတ် သင်္ကန်းတို့ကို ပေးလှူခြင်းသည် ရုပ်အဆင်းကို လှပတင့်တယ်အောင် ပေးလှူနေသည်မည်သည်”ဟု ဘုရားရှင် ဟောတော် မူသည်နှင့်အညီ သြူပုစုပျိုးထောင်ခဲ့သည့်ကံက အကျိုးပေးလာလေပြီ။ ရုပ်အဆင်းသည် နတ်သမီးတမျှ လှပတင့်တယ် လေသည်။

   ထို့ကြောင့် သူအရွယ်ရောက်သောအခါ ဖခင်သူဋ္ဌေးကြီးက “ငါ့သမီး မိဖုရားဖြစ်ထိုက်တယ်”ဟုဆိုကာ ရှင်ဘုရင်ထံ ဆက်သရာ၊ နန်းတော်မှ ပရောဟိတ် ပညာရှိပုဏ္ဏားတို့ကို ဆန်းစစ်ကာသံတော်ဦးတင်ရန် သူဋ္ဌေးကြီးအိမ်သို့ စေလွှတ်၏။ ပညာရှိပရောဟိတ်များ ထမင်းဝိုင်းတွင် တန်ဆာဆင်ထားသည့် ဥမ္မာဒန္တီက ဧည့်ခံရန် ထွက်လာပါသည်။ ဥမ္မာဒန္တီကို မြင်လိုက် ရသည်နှင့် သူ၏ဆုတောင်အတိုင်း ပုဏ္ဏားကြီးများ အရူးပမာဖြစ်ကာ ထမင်းကို ပါးစပ်ထဲမခွံ့မိဘဲ ဦးခေါင်းထက်တင်သူ၊ မျက်လုံးထဲထည့်မိသဖြင့် ထိုမြင်ကွင်းကြောင့် ဥမ္မာဒန္တီကရယ်မိသဖြင့် ဘုရင်မင်းမြတ်ထံ သံတော်တင်ရာတွင် “ရုပ်ဆင်း ရူပကာယ ပြည့်စုံပင် ပြည့်စုံပါသော်လည်း ကာဠကဏ္ဏီပမာ ယုတ်မာတဲ့မိန်းကလေးဖြစ်တဲ့အတွက် မိဖုရားအရာမထိုက် တန်ပါ”ဟု လျှောက်ကြားသဖြင့် သူမိဖုရားမဖြစ်လိုက်ရှာဘဲ အဘိပါရက စစ်သူကြီးကတော်သာ ဖြစ်ရလေသည်။

ဝက်သတ်သမားစုန္ဒ

   ဗုဒ္ဓဘုရားရှင် လက်ထက်တော်ကာလ ရာဇဂြိုလ်မြို့၊ ဝေဠုဝန်ကျောင်းတော်အနီး၌ စုန္ဒအမည်ရှိသော ယောကျာ်းတစ်ယောက်သည် ဝက်သတ်သော အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။ စုန္ဒသည် ဝက်ပေါက်စများကို ဝယ်ယူပြီး သူ့အိမ်၏ နောက်ဖေးဘက်၌ ဝက်ခြံကြီးတစ်ခုကို ဆောက်လုပ်၍ ထိုဝက်ပေါက်စတို့ကို မွေးမြူထားသည်။ ဝက်များ အရွယ်ရောက်သောအခါ သတ်ဖြတ်၍ ရောင်းချခြင်းဖြင့် အသက်မွးဝမ်းကျောင်း၏။ သူသတ်သည့် ဝက်သွေး၊ ဝက်သားကို သားမယားနှင့်အတူ မြိန်ရှက်စွာ ချက်ပြုတ်စားသောက်သည်။

ဝေဠုဝန်ကျောင်းအနီးတွင် နေသော်လည်း မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်ခြင်းလည်းမရှိ ပန်းတစ်ဆုပ်၊ ဆွမ်းတစ်ထုပ်မျှ မကပ်မလှူဘူးပေ။ ဤသို့ဖြင့် ၅၅-နှစ်တိုင်တိုင် ဝက်များကို သတ်ဖြတ်စားသောက် ရောင်းချလာခဲ့ရာ တစ်နေ့တွင် စုန္ဒသည် မကျန်းမမာ ဖြစ်လာ၏။ ဝက်များကို အနိုင်ယူခဲ့သမျှ မကောင်းမှုဒဏ်ကို ခံရလေပြီ။ ကိုယ်ပေါ်၌ အနာကြီးများ ပေါက်လာသည်၊ အဝီစိ ငရဲမီးလျှံသည် စုန္ဒရှိရာသို့ တက်လာ၍ လောင်မြိုက်သဖြင့် ဝေဒနာကို ပြင်းစွာ ခံစားရ၏။ သေခါနီး ဝက်အော်သကဲ့သို့ အော်မြည်ကာ ပြေးနေရ၏။ အိမ်သူအိမ်သားများလည်း သ့ူကို မည်သို့မျှ သက်သာအောင် မပြုပေးနိုင်ရှာသဖြင့် အိမ်ထဲမှ အပြင်သို့ ပြေးမထွက်နိုင်ရန် တံခါးများ ပိတ်ထားကြရ၏။ ဤသို့ဖြင့် ရက်သတ္တပတ်လုံးလုံး ခံစားရပြီး ၈-ရက် မြောက်သောနေ့တွင် သေ၍ အဝီစိငရဲသို့ ကျရောက်သွားလေသည်။ မိမိ တစ်ဝမ်းတစ်ခါးစားရဖို့ လှရဖို့အတွက် သတ်ဖြတ်သည့် စုန္ဒ၏ဖြစ်စဉ်မှာ ကာယိကံ သုခံ ဥပနိဿာယ ပါဏံ ဟနတိပင် ဖြစ် ပါသည်။ စုန္ဒကဲ့သို့ပင် အသက်မွေးဝမ်းကြောင်း မစင်ကြယ်သူ၊ အကုသိုလ်ကို မရှောင်ကျဉ်သူတို့အနေဖြင့် သူတို့ဘဝ၏ ဆင်းရဲခြင်း ချမ်းသာခြင်းနှင့် မသက်ဆိုင်ပေ၊ သူတို့၏ အသိဉာဏ်နှင့်သာ သက်ဆိုင်၏။ “ဆင်းရဲလေလေ သံဝေရရ” ဟု အဆိုရှိသကဲ့သို့ပင် “ဆင်းရဲလို့ ငရဲမကြောက်နိုင်တော့ဘူး”ဟူသော ဆိုရိုးလည်း ရှိပါသေးသည်။ ထို့ကြောင့် အသိဉာဏ်ရှိ မှသာ စင်ကြယ်သည့် အသက်မွေးဝမ်းကြောင်း ပြုနိုင်ကြပေမည်။

 116 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *