(၈) အဗ်ာကေတာ ဓေမၼာ ကုသလႆ ဓမၼႆ (ဗ်ာ-ကု) zawgyi

 

          အဗ်ာကတတည္းဟူေသာ အေၾကာင္းဓမၼက ကုသိုလ္တည္းဟူေသာ အက်ဳိးဓမၼကို ပကတူပနိႆယ သတၱိျဖင့္ ေက်းဇူးျပဳ၏။ ပ႒ာန္းပဥႇာ၀ါရလာပါဠိေတာ္ကို ျပရလွ်င္ ကာယိကံ သုခံ ဥပနိႆာယ ဒါနံ ေဒတိ၊ သီလံ သမာဒိယတိ၊ ဥေပါသထကမၼံ ကေရာတိ၊ စ်ာနံ ဥပၸါေဒတိ၊ ၀ိပႆနံ ဥပၸါေဒတိ၊ မဂၢံ ဥပၸါေဒတိ၊ အဘိညံ ဥပၸါေဒတိ၊ သမာပတၱႎ ဥပၸါေဒတိ။ ကိုယ္ခ်မ္းသာျခင္းသုခကို အမွီျပဳ၍ အလွဴဒါနေပး၏။ သီလခံယူေဆာက္တည္ က်င့္သုံး၏၊  ရွစ္ပါးေသာ ဥပုသ္သီလကို ေဆာက္တည္၏၊ စ်ာန္ကို ျဖစ္ေပၚေစ၏၊ ၀ိပႆနာကို ျဖစ္ေပၚေစ၏၊ မဂ္ကို ျဖစ္ေပၚေစ၏၊၊ အဘိညာဥ္တန္ခိုးကို ျဖစ္ေပၚ ေစ၏၊ သမာပတ္ကို ျဖစ္ေပၚေစ၏။

          အနာဂတ္တရားက ေက်းဇူးျပဳပုံကို ပါဠိေတာ္၌ “အနာဂတံ စကၡဳသမၸဒံ ပတၳယ မာေနာ ဒါနံေဒတိ၊ သီလံသမာဒိ ယတိ၊ ဥေပါသထကမၼံ ကေရာတိ။ ေသာတသမၸဒံ ဃာန သမၸဒံ ဇိ၀ွါသမၸဒံ ကာယသမၸဒံ ၀ဏၰသမၸဒံ သဒၵသမၸဒံ ဂႏၶသမၸဒံ ရသသမၸဒံ ေဖာ႒ဗၺသမၸဒံ ပတၳယ မာေနာ အနာဂေတ ခေႏၶ ပတၳယမာေနာ” (ညႊန္း-ပ႒ာန္းက်မ္း အတဲြ-၂၊ ႏွာ-၄၁၄) စသည္ျဖင့္ လာရွိသျဖင့္ ေနာင္အနာဂတ္ကာလ၌ မိမိတို႔၏ စကၡဳစသည့္ ျပည့္စုံမႈကို ေတာင့္တၿပီး ဒါန၊ သီလ စသည္ ကုသုိလ္ေကာင္းမႈကို ျပဳေၾကာင္း၊ ျဖစ္လတၱံ႕ျဖစ္သည့္ စကၡဳ၏ ျပည့္စုံျခင္း စသည္က ပစၥဳပၸန္ျဖစ္သည့္ သဒၶါ သီလ သုတ စာဂ ပညာ ကာယိက သုခ ကာယိက ဒုကၡ မဂ္ ဖလသမာပတ္အား ေက်းဇူးျပဳေလသည္။

          ဤပါဠိေတာ္အရ လယ္တီဆရာေတာ္ဘုရားႀကီးက ပြင့္ေတာ္မူလတၱံ႕ျဖစ္သည့္ ေမေတၱယ်ဘုရားႏွင့္ ဘုရားရွင္ လက္ထက္ေတာ္ကာလ ေဟာၾကားေတာ္မူမည့္ တရားေတာ္ႏွင့္ သံဃာေတာ္အေပါင္းသည္ ယခုပစၥဳပၸန္ကာလ၌ ထင္ရွား ရွိေနသည့္ လူအမ်ားအား ပါရမီ ကုသိုလ္ျပဳႏိုင္ရန္ ေက်းဇူးျပဳေနပါသည္။    

          ယခုဘ၀ ေနာင္ဘ၀တို႔၌ ရလတၱံ႕ျဖစ္သည့္ ဥစၥာ စပါး ေပါမ်ားျပည့္စုံမႈတို႔သည္ ေရွးအခါက ရွိေနခဲ့ၾကသည့္ သူတို႔အား အထူးထူးေသာ လု႔ံလ ပေယာဂ ပုည, အပုည, အာေနဇၩာဘိ သခၤါရတို႔ကို ျပဳလုပ္ဆည္းပူးရန္ ေက်းဇူးျပဳခဲ့ ပါသည္။ အနာဂတ္ဘ၀၌ ခံစားရလတၱံ႕ျဖစ္သည့္ ဘ၀သမၸတၱိ ေဘာဂသမၸတၱိ မဂ္ဖိုလ္နိဗၺာန္တို႔၏ ျပည့္စုံျခင္းမ်ားကလည္း ယခုပစၥဳပၸန္ဘ၀ရွိ မ်ားစြာေသာ လူတို႔အား ဒါန သီလ စသည့္ ကုသိုလ္ေကာင္းမႈတို႔ကို ျပဳလုပ္ဆည္းပူးရန္ ေက်းဇူးျပဳပါသည္။

          ဥပမာအားျဖင့္ ေလာက၌ ေဆာင္းအခါ စပါးသီးႏွံတို႔ကို ဧကန္ရလိမ့္မည္။ “ငါတို႔ အလုပ္လုပ္ထားရင္ ငါတို႔လိုတဲ့ ဥစၥာကို ရၾကမွာပဲ” ဟု ယံုၾကည္ ေမွ်ာ္လင့္ၿပီး မိုးအခါကပင္ လယ္ထြန္းျခင္း စပါးစိုက္ျခင္းအမႈတို႔ကို အားထုတ္ၾကျခင္း ျဖစ္သည္။ ေမွ်ာ္လင့္သကဲ့သို႔ပင္ စပါးအသီးအႏွံရသည္ကို အတိတ္ ပကတူပသတၱိျဖင့္ ေက်းဇူးျပဳပါသည္။

 

အတိတ္ဘ၀က လင္နတ္သားထံေရာက္ရန္ ကုသိုလ္ျပဳျခင္း

 

          တာ၀တႎသာနတ္ျပည္၌ မာလာဘာရီနတ္သားကို နတ္သမီးငါးရာက သစ္ပင္ေပၚတက္ၿပီး ပန္းခူးေပးေနပါသည္။ က်န္သည့္နတ္သမီးငါးရာက သစ္ပင္ေပၚကက်လာသည့္ပန္းကို သီကံုးၿပီးနတ္သားကို ပန္ဆင္ေပးေနၾကပါသည္။ ထိုအခိုက္ အတန္႔ကေလးအတြင္း၌ပင္ သစ္ပင္ေပၚက နတ္သမီးတစ္ပါး ပန္းခူးရင္းေသဆံုးၿပီး ကြယ္ေပ်ာက္သြားပါသည္။ သူက သာ၀တၳိျပည္တြင္ အမ်ဳိးသမီးတစ္ေယာက္အျဖစ္ ကိုးလလြယ္ ဆယ္လေနကာ ေမြးဖြားလာ၏။

          သူက ဘ၀ေဟာင္းကို ေအာက္ေမ့ႏိုင္စြမ္းသည့္ ဇာတိႆရဉာဏ္ရသူျဖစ္သျဖင့္ သူ၏ အတိတ္ဘ၀ျဖစ္စဥ္ အားလံုးကို ျပန္ေျပာႏိုင္ေလသည္။ အရြယ္ေရာက္ေသာအခါ အိမ္ေထာင္က်ၿပီး သားေလးေယာက္ ဖြားျမင္ပါသည္။

          သူ႔အေနႏွင့္ လဆန္းလဆုတ္ ဥပုသ္အဖိတ္ေန႔တိုင္း သံဃာေတာ္မ်ားကို ဆြမ္းစသည္ လွဴဒါန္းကာ၊ ကုသိုလ္ ေကာင္းမႈ ျပဳပါသည္။ ေကာင္းမႈျပဳတိုင္း ယခင္ဘ၀က မာလာဘာရီနတ္သားႏွင့္ ျပန္ဆံုဖို႔ကို ဆုေတာင္းေလ့ရွိ၏။ သူေသဆံုး ေသာအခါ တာ၀တႎသာနတ္ျပည္မွာပဲ နတ္သမီး ျပန္ျဖစ္ပါသည္။ ထိုအခ်ိန္အထိ သူ၏ သူငယ္ခ်င္း နတ္သမီး မ်ားက ပန္းခူးၿမဲ ခူးေနဆဲ ရွိပါေသးသည္။ (တာ၀တႎသာနတ္ျပည္၏ တစ္ရက္က လူ႔ျပည္၏ ႏွစ္တစ္ရာႏွင့္ ညီမွ်ပါသည္)။ (က်မ္းညႊန္း – ပုပၹ၀ဂ္၊ ပတိပူဇိကာ၀တၳဳ၊ ဓမၼပဒ)

          ဤ၀တၳဳတြင္ ပတိပူဇိကာနတ္သမီးသည္ လူ႔ခႏၶာမွသည္ နတ္ခႏၶာကို ရႏိုင္ရန္ အပင္ပန္းခံကာ သီလ ေဆာက္ တည္သည္။ မိမိမစားမသံုးဘဲ သံဃာေတာ္မ်ားအား လွဴဒါန္းသည္။ ခႏၶာကိုယ္ပင္ပန္းခံကာ ေ၀ယ်ာ၀စၥမ်ား ျပဳလုပ္သည္။ ထို႔ေၾကာင့္ ဒုတိယဘ၀တြင္ နတ္သမီးျဖစ္ေလသည္။ ထို႕ေၾကာင့္ ကာယိကံ ဒုကၡံ ဥတုံ ေဘာဇနံ ေသနာသနံ ဥပနိႆာယ ဒါနံ ေဒတိ၊ သီလံ သမာဒိယတိ၊ ဥေပါသထကမၼံ ကေရာတိ

          ကိုယ္ဆင္းရဲျခင္း ဒုကၡကို၊ အေအးအပူဥတုကို၊ အစာအာဟာရကို၊ အိပ္ရာေနရာကို အမွီျပဳ၍ အလွဴဒါန ေပး၏။ သီလခံယူေဆာက္တည္ က်င့္သုံး၏၊ ရွစ္ပါးေသာဥပုသ္သီလကို ေဆာက္တည္၏ဟု ေဟာေတာ္မူျခင္း ျဖစ္သည္။

 

 

(၈) အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ (ဗျာ-ကု) PYIDAUNGSU -UINCODE

    အဗျာကတတည်းဟူသော အကြောင်းဓမ္မက ကုသိုလ်တည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာပါဠိတော်ကို ပြရလျှင် ကာယိကံ သုခံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။ ကိုယ်ချမ်းသာခြင်းသုခကို အမှီပြု၍ အလှူဒါနပေး၏။ သီလခံယူဆောက်တည် ကျင့်သုံး၏၊ ရှစ်ပါးသော ဥပုသ်သီလကို ဆောက်တည်၏၊ ဈာန်ကို ဖြစ်ပေါ်စေ၏၊ ဝိပဿနာကို ဖြစ်ပေါ်စေ၏၊ မဂ်ကို ဖြစ်ပေါ်စေ၏၊၊ အဘိညာဉ်တန်ခိုးကို ဖြစ်ပေါ် စေ၏၊ သမာပတ်ကို ဖြစ်ပေါ်စေ၏။

 

 

     အနာဂတ်တရားက ကျေးဇူးပြုပုံကို ပါဠိတော်၌ “အနာဂတံ စက္ခုသမ္ပဒံ ပတ္ထယ မာနော ဒါနံဒေတိ၊ သီလံသမာဒိ ယတိ၊ ဥပေါသထကမ္မံ ကရောတိ။ သောတသမ္ပဒံ ဃာန သမ္ပဒံ ဇိဝှါသမ္ပဒံ ကာယသမ္ပဒံ ဝဏ္ဏသမ္ပဒံ သဒ္ဒသမ္ပဒံ ဂန္ဓသမ္ပဒံ ရသသမ္ပဒံ ဖောဋ္ဌဗ္ဗသမ္ပဒံ ပတ္ထယ မာနော အနာဂတေ ခန္ဓေ ပတ္ထယမာနော” (ညွှန်း-ပဋ္ဌာန်းကျမ်း အတွဲ-၂၊ နှာ-၄၁၄) စသည်ဖြင့် လာရှိသဖြင့် နောင်အနာဂတ်ကာလ၌ မိမိတို့၏ စက္ခုစသည့် ပြည့်စုံမှုကို တောင့်တပြီး ဒါန၊ သီလ စသည် ကုသိုလ်ကောင်းမှုကို ပြုကြောင်း၊ ဖြစ်လတ္တံ့ဖြစ်သည့် စက္ခု၏ ပြည့်စုံခြင်း စသည်က ပစ္စုပ္ပန်ဖြစ်သည့် သဒ္ဓါ သီလ သုတ စာဂ ပညာ ကာယိက သုခ ကာယိက ဒုက္ခ မဂ် ဖလသမာပတ်အား ကျေးဇူးပြုလေသည်။

      ဤပါဠိတော်အရ လယ်တီဆရာတော်ဘုရားကြီးက ပွင့်တော်မူလတ္တံ့ဖြစ်သည့် မေတ္တေယျဘုရားနှင့် ဘုရားရှင် လက်ထက်တော်ကာလ ဟောကြားတော်မူမည့် တရားတော်နှင့် သံဃာတော်အပေါင်းသည် ယခုပစ္စုပ္ပန်ကာလ၌ ထင်ရှား ရှိနေသည့် လူအများအား ပါရမီ ကုသိုလ်ပြုနိုင်ရန် ကျေးဇူးပြုနေပါသည်။

      ယခုဘ၀ နောင်ဘဝတို့၌ ရလတ္တံ့ဖြစ်သည့် ဥစ္စာ စပါး ပေါများပြည့်စုံမှုတို့သည် ရှေးအခါက ရှိနေခဲ့ကြသည့် သူတို့အား အထူးထူးသော လုံ့လ ပယောဂ ပုည, အပုည, အာနေဇ္ဈာဘိ သင်္ခါရတို့ကို ပြုလုပ်ဆည်းပူးရန် ကျေးဇူးပြုခဲ့ ပါသည်။ အနာဂတ်ဘဝ၌ ခံစားရလတ္တံ့ဖြစ်သည့် ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ မဂ်ဖိုလ်နိဗ္ဗာန်တို့၏ ပြည့်စုံခြင်းများကလည်း ယခုပစ္စုပ္ပန်ဘဝရှိ များစွာသော လူတို့အား ဒါန သီလ စသည့် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးရန် ကျေးဇူးပြုပါသည်။

     ဥပမာအားဖြင့် လောက၌ ဆောင်းအခါ စပါးသီးနှံတို့ကို ဧကန်ရလိမ့်မည်။ “ငါတို့ အလုပ်လုပ်ထားရင် ငါတို့လိုတဲ့ ဥစ္စာကို ရကြမှာပဲ” ဟု ယုံကြည် မျှော်လင့်ပြီး မိုးအခါကပင် လယ်ထွန်းခြင်း စပါးစိုက်ခြင်းအမှုတို့ကို အားထုတ်ကြခြင်း ဖြစ်သည်။ မျှော်လင့်သကဲ့သို့ပင် စပါးအသီးအနှံရသည်ကို အတိတ် ပကတူပသတ္တိဖြင့် ကျေးဇူးပြုပါသည်။

 

အတိတ်ဘဝက လင်နတ်သားထံရောက်ရန် ကုသိုလ်ပြုခြင်း

    တာဝတိံသာနတ်ပြည်၌ မာလာဘာရီနတ်သားကို နတ်သမီးငါးရာက သစ်ပင်ပေါ်တက်ပြီး ပန်းခူးပေးနေပါသည်။ ကျန်သည့်နတ်သမီးငါးရာက သစ်ပင်ပေါ်ကကျလာသည့်ပန်းကို သီကုံးပြီးနတ်သားကို ပန်ဆင်ပေးနေကြပါသည်။ ထိုအခိုက် အတန့်ကလေးအတွင်း၌ပင် သစ်ပင်ပေါ်က နတ်သမီးတစ်ပါး ပန်းခူးရင်းသေဆုံးပြီး ကွယ်ပျောက်သွားပါသည်။ သူက သာဝတ္ထိပြည်တွင် အမျိုးသမီးတစ်ယောက်အဖြစ် ကိုးလလွယ် ဆယ်လနေကာ မွေးဖွားလာ၏။

     သူက ဘဝဟောင်းကို အောက်မေ့နိုင်စွမ်းသည့် ဇာတိဿရဉာဏ်ရသူဖြစ်သဖြင့် သူ၏ အတိတ်ဘဝဖြစ်စဉ် အားလုံးကို ပြန်ပြောနိုင်လေသည်။ အရွယ်ရောက်သောအခါ အိမ်ထောင်ကျပြီး သားလေးယောက် ဖွားမြင်ပါသည်။

    သူ့အနေနှင့် လဆန်းလဆုတ် ဥပုသ်အဖိတ်နေ့တိုင်း သံဃာတော်များကို ဆွမ်းစသည် လှူဒါန်းကာ၊ ကုသိုလ် ကောင်းမှု ပြုပါသည်။ ကောင်းမှုပြုတိုင်း ယခင်ဘဝက မာလာဘာရီနတ်သားနှင့် ပြန်ဆုံဖို့ကို ဆုတောင်းလေ့ရှိ၏။ သူသေဆုံး သောအခါ တာဝတိံသာနတ်ပြည်မှာပဲ နတ်သမီး ပြန်ဖြစ်ပါသည်။ ထိုအချိန်အထိ သူ၏ သူငယ်ချင်း နတ်သမီး များက ပန်းခူးမြဲ ခူးနေဆဲ ရှိပါသေးသည်။ (တာဝတိံသာနတ်ပြည်၏ တစ်ရက်က လူ့ပြည်၏ နှစ်တစ်ရာနှင့် ညီမျှပါသည်)။ (ကျမ်းညွှန်း – ပုပ္ဖဝဂ်၊ ပတိပူဇိကာဝတ္ထု၊ ဓမ္မပဒ)

 

 

ဤဝတ္ထုတွင် ပတိပူဇိကာနတ်သမီးသည် လူ့ခန္ဓာမှသည် နတ်ခန္ဓာကို ရနိုင်ရန် အပင်ပန်းခံကာ သီလ ဆောက် တည်သည်။ မိမိမစားမသုံးဘဲ သံဃာတော်များအား လှူဒါန်းသည်။ ခန္ဓာကိုယ်ပင်ပန်းခံကာ ဝေယျာဝစ္စများ ပြုလုပ်သည်။ ထို့ကြောင့် ဒုတိယဘဝတွင် နတ်သမီးဖြစ်လေသည်။ ထို့ကြောင့် ကာယိကံ ဒုက္ခံ ဥတုံ ဘောဇနံ သေနာသနံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ

ကိုယ်ဆင်းရဲခြင်း ဒုက္ခကို၊ အအေးအပူဥတုကို၊ အစာအာဟာရကို၊ အိပ်ရာနေရာကို အမှီပြု၍ အလှူဒါန ပေး၏။ သီလခံယူဆောက်တည် ကျင့်သုံး၏၊ ရှစ်ပါးသောဥပုသ်သီလကို ဆောက်တည်၏ဟု ဟောတော်မူခြင်း ဖြစ်သည်။

 33 total views,  1 views today

By admin

Leave a Reply

Your email address will not be published.