(၆) အကုသေလာ ဓေမၼာ အဗ်ာကတႆႆ ဓမၼႆ  (အကု-ဗ်ာ) zawgyi

         

      အကုသိုလ္တည္းဟူေသာ အေၾကာင္းဓမၼက အဗ်ာကတတည္းဟူေသာ အက်ဳိးဓမၼကို ပကတူပနိႆယ သတၱိျဖင့္ ေက်းဇူး ျပဳ၏။ ပ႒ာန္းပဥႇာ၀ါရလာ ပါဠိေတာ္ကိုျပရလွ်င္ အကုသလံ ကမၼံ ၀ိပါကႆ ဥပနိႆယ ပစၥေယနပစၥေယာ = အကုသိုလ္ ကံသည္ အကုသိုလ္အက်ိဳး၀ိပါက္စိတ္တို႔အား ဥပနိႆယပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

                            

သတ္ေသဖို႔ကံပါတဲ့သူ ကယ္မရပါ         

          ၀ိပါက္ကံကိုယူရာတြင္ ဗလ၀နာနာကၡဏိက ကမၼကို ယူရမည္ ျဖစ္ပါသည္။ ဗလ၀ကုသိုလ္ေစတနာကို ယူရပါမည္။ ဒုဗၺလေစတနာကို မယူရပါ။ ေရွးေရွးဆရာေတာ္ႀကီးမ်ားမွ ၀တၳဳသာဓက ထုတ္ျပသည္မွာ “မိန္းမတစ္ေယာက္ဟာ ႀကိဳးဆြဲ ခ်ၿပီးေသဖို႔ရာ သစ္ပင္မွာ ႀကိဳးကိုျခည္တယ္၊ လည္ပင္းစြပ္ဖို႔ ကြင္းေတြလုပ္ၿပီး  သူလုပ္စရာတစ္ခုသတိရလို႔ အိမ္ထဲ ခဏ၀င္ သြားတယ္။ အဲဒီအခါမွာ သူခိုးတစ္ေယာက္က သစ္ပင္ေပၚက ႀကိဳးကို ျမင္ေတာ့ ‘ဟန္ၾကၿပီ ငါခိုးလို႔ရတဲ့ ဥစၥာပစၥည္းေတြကို ဒီႀကိဳးနဲ႔ ခ်ည္ၿပီးေတာ့ယူမွပဲ ဆိုၿပီး ႀကိဳးကို ဓါးနဲ႔ျဖတ္ဖို႔ရာ ႀကိဳးနား ကပ္သြားတယ္။ ဒီအခါ ႀကိဳးကေျမြျဖစ္ၿပီး ႐ႈး႐ႈးဆိုတဲ့ အသံလို သူ႔မ်က္လံုးထဲမွာလည္းျမင္၊ သူ႔နားထဲၾကားလာေတာ့ သူခိုးလဲေၾကာက္ၿပီး ထြက္ေျပးသြားတယ္။ ဒီမိန္းမကလဲ အိမ္ထဲကထြက္လာၿပီး သူစီစဥ္ထားတဲ့အတိုင္း ႀကိဳးဆြဲခ်ၿပီး ေသသြားပါတယ္”။ ဤေနရာတြင္ သတ္ေသရန္ အေၾကာင္းစံု လာေသာအခါ သူခိုးကပင္ အေႏွာင့္အယွက္ မေပးႏိုင္ေလာက္သည္အထိ ကံက အားႀကီးေနေတာ့သည္။ ဘ၀ဘ၀က ျပဳခဲ့သည့္ ဤဗလ၀ အကုသိုလ္ေစတနာကံကပင္ ႀကိဳးသူခိုးလက္ထဲပါသြားမည့္အေရးကို တားျမစ္ျခင္းကပင္လွ်င္ အကုသလံ ကမၼံ ၀ိပါကႆ ဥပနိႆယ  ပစၥေယနပစၥေယာ အျဖစ္ အကုသိုလ္၀ိပါက္ကို ဥပနိႆယပစၥည္းျဖင့္ ေက်းဇူး ျပဳျခင္းေပတည္း။

ကိုးဆယ့္ကိုးဇာတ္ ေယာက်္ားသတ္ အဆံုးနိဗၺဴတာ         

          ရဟန္းတို႔သည္ မာတိကာမာတာ လွဴဒါန္းသည့္ သင့္တင့္ေလ်ာက္ပတ္ကာ သပၸါယမွ်တေသာ အစာအဟာရကို ဘုဥ္းေပးသံုးေဆာင္ခြင့္ ရရွိၾကသျဖင့္ မၾကာမီမွာပင္ ပဋိသမၻိဒါႏွင့္တကြ၊ အရဟတၱဖိုလ္သို႔ ဆိုက္ေရာက္ကုန္ၾက၏။

          ၀ါကြၽတ္ေသာအခါ ျမတ္စြာဘုရားရွင္ထံေတာ္ပါး သြားေရာက္ကာ ဖူးေျမာ္ၾကသျဖင့္ မာတိကာမာတာ၏ ဂုဏ္သတင္းကို ေဇတ၀န္ေက်ာင္းတိုက္ရွိ အျခားရဟန္းေတာ္မ်ားလည္း ၾကားသိၾကရသည္။ ဤတြင္ မထင္ရွားသည့္ အညတရ ရဟန္းေတာ္တစ္ပါးသည္ ထိုသတင္းကို ၾကားရ၍ ျမတ္စြာဘုရားထံပါး ကမၼ႒ာန္းကို သင္ယူၿပီး မာတိကာရြာသို႔ သြားေလ၏။

          ေတာသို႔ေရာက္ေသာ အညတရရဟန္းသည္ ‘ငါသည္ ဒါယိကာမႀကီးအား ေတြ႕ျမင္လိုလွ၏။ ငါ၏ အလိုဆႏၵကို တကယ္ပင္ သိႏိုင္စြမ္းပါက ဒါယိကာမႀကီးသည္ ငါ့ထံသို႔ ဆြမ္း ခဲဖြယ္ ေဘာဇဥ္တို႔ႏွင့္ လာေစသတည္း’ဟု ႀကံစည္ေလ၏။ ထိုအခါ မာတိကာမာတာ ဒါယိကာမႀကီးလည္း ‘ယေန႔ ငါ၏သားသည္  ငါ့ကိုေတြ႕ရန္ ေတာင့္တေနေပၿပီ’ ဟုဆိုကာ ဆြမ္း ခဲဖြယ္ ေဘာဇဥ္တို႔ကိုယူ၍ ေက်ာင္းသိခၤမ္းသို႔ သြားၿပီး အညတရရဟန္းအား ဆက္ကပ္လွဴဒါန္းေလ၏။

          အညတရရဟန္း ဆြမ္းစားၿပီးသည္ရွိေသာ္  “ဒါယိကာမႀကီး သင္သည္  သူတစ္ပါး၏စိတ္ကို သိသေလာ” ဟု ေမးေလ၏။ မာတိကာမာတာက “သူတစ္ပါးတို႔၏စိတ္ကို သိေသာသူတို႔မည္သည္ကား ဤသို႔ပင္ ျပဳၾကကုန္၏”ဟု ေျဖရာ အညတရရဟန္းေတာ္က “တစ္ပါးသူကို ေမးျခင္းမဟုတ္ သင့္ကိုသာ ေမးျခင္းျဖစ္၏”ဟု မိန္႔ေလရာ မာတိကာမာတာက တပည့္ေတာ္သူတစ္ပါး၏စိတ္ကို သိပါသည္ဘုရားဟု မေလွ်ာက္ၾကားဘဲ “သူတစ္ပါးစိတ္ကို သိေသာသူတို႔က ဤသို႔ပင္ ျပဳၾကကုန္၏”ဟု ေျဖၾကားပါသည္။

အလုပ္ရံုေဆြးေႏြးပြဲ

          အညတရရဟန္းအဖို႔ အခက္ႀကံဳပါေတာ့သည္။ အေၾကာင္းမွာ ဒါယိကာမႀကီးက သူႀကံစည္သမွ်ကို အကုန္အစင္ သိေနသျဖင့္ ‘ပုထုဇဥ္တို႔မည္သည္  ေကာင္းသည္ကိုလည္း ႀကံမိ၏၊ မေကာင္းသည္ကိုလည္း ႀကံမိတတ္၏’ ထို႔ေၾကာင့္ ဤအရပ္မွ ထြက္ေျပးမွျဖစ္ေတာ့မည္ဟု ႀကံ၍ ဒါယိကာမႀကီးထံ ခြင့္ပန္ၿပီး ျမတ္စြာဘုရားထံ သြားေလ၏။

          ျမတ္စြာဘုရားရွင္ထံေတာ္ပါး အေၾကာင္းစံုေလွ်ာက္ေလေသာ္ “ခ်စ္သား ထိုအရပ္၌သာ ေနသင့္၏”ဟု မိန္႔ေတာ္ မူ၏။ ဤတြင္ အညတရရဟန္းက “အရွင္ဘုရား တပည့္ေတာ္  ထိုအရပ္၌ မေနႏိုင္ပါ”ဟု  ေလွ်ာက္ထားေသာအခါ ျမတ္စြာ ဘုရားမွ သင္၏စိတ္ကိုသာလွ်င္ ႏွိပ္ကြပ္ဆံုးမေလေလာ့ဟု မိန္႔ၾကားေတာ္မူေလ၏။

          ထိုအညတရရဟန္းသည္ ရက္ကာလတိုတိုျဖင့္ ေလာကီအဘိညာဥ္ပါ၀င္ ပဋိသမၻိဒါေလးပါးႏွင့္တကြ အရဟတၱ ဖိုလ္ကို မ်က္ေမွာက္ျပဳ၏။ ထိုအခါ မဂ္ ဖိုလ္တည္းဟူေသာ ခ်မ္းသာျဖင့္ အခ်ိန္တို႔ကို ကုန္လြန္ေစလ်က္ “ေၾသာ္ အံ့ဖြယ္ ေကာင္းေပစြတကား။ မာတိကာမာတာဒါယိကာမႀကီးသည္ ငါ၏ေဆာက္တည္ရာ ျဖစ္ေပ၏။ ထိုဒါယိကာမႀကီးကိုမွီ၍ ဘ၀မွ လြတ္ေျမာက္ရာသို႔ ေရာက္ေပၿပီ” ဟု ျပန္လည္ ဆင္ျခင္မိေလ၏။

          ထိုအခါ မာတိကာမာတာ ဒါယိကာမႀကီးသည္ ဤဘ၀၌သာ ငါ၏ေဆာက္တည္ရာျဖစ္ေပသေလာဟု ဆင္ျခင္ရာ ကိုးဆယ့္ကိုးဘ၀တိုင္တိုင္ ထိုအညတရရဟန္း၏ ဇနီးမယားျဖစ္ခဲ့ၿပီး အျခားေသာေယာက်္ားတို႔အေပၚ၌ တပ္မက္ႏွစ္သက္ ေသာစိတ္ေၾကာင့္ ကိုးဆယ့္ကိုးဘ၀တိုင္တိုင္ သူ႔ကို သတ္ခဲ့့သည့္အျဖစ္ကို ျမင္ေလ၏။

          ထိုအခါ ဤဒါယိကာမႀကီး၏ ေက်းဇူးမဲ့သည့္အျဖစ္ကား ၀န္ေလးေပစြတကားဟု ႀကံစည္ေအာက္ေမ့မိေနေလ၏။ မာတိကာမာတာလည္း တန္ခုိးျဖင့္ၾကည့္ရာ ရဟန္းေတာ္က  ကိုးဆယ့္ကိုးဘ၀ကိုသာ ႐ႈျမင္သံုးသပ္ေလ၏၊ ကိုးဆယ့္ ကိုးဘ၀မွ အလြန္  ခုႏွစ္ခုေျမာက္ေသာဘ၀၌ ထိုအညတရရဟန္းအား မိမိအသက္ကို အေသခံ၍ ကယ္တင္ခဲ့ဖူးပံုကို ျမင္ေလ၏။ ထိုေၾကာင့္ မာတိကာမာတာက ရဟန္းေတာ္အား “ကိုးဆယ္ကိုးဘ၀လြန္၍ ခုနစ္ဘ၀တိုင္ ၾကည့္႐ႈ ဆင္ျခင္ေတာ္ မူပါဦး ဘုရား” ဟု ေလွ်ာက္ရာ အညတရရဟန္း၏  ဒိဗၺေသာတနားျဖင့္ ၾကားသျဖင့္ ဆင္ျခင္ပါသည္။ ထိုအခါ၌ ဒါယိကာ မႀကီးသည္ မိမိအတြက္ အသက္ေပးကာ စေတးခံခဲ့ရရွာပံုကို သိေတာ္မူ၏။

          ထို႔ေၾကာင့္ က၀ိလကၡဏာက်မ္းျပဳဆရာက “ကိုးဆယ့္ကိုးဇာတ္ေယာက်္ားသတ္ အဆံုးနိဗၺဴတာ”ဟု စာဆို မွတ္တမ္းတင္ခဲ့၏။ (က်မ္းညႊန္း – စိတၱ၀ဂ္၊ အညတရဘိကၡဳ၀တၳဳ၊ ဓမၼပဒပထမတဲြ)

                            

(၇) အဗ်ာကေတာ ဓေမၼာ အဗ်ာကတႆ ဓမၼႆ (ဗ်ာ-ဗ်ာ)

                            

       အဗ်ာကတတည္းဟူေသာ အေၾကာင္းဓမၼက အဗ်ာကတတည္းဟူေသာ အက်ဳိးဓမၼကို ပကတူပနိႆယသတၱိျဖင့္ ေက်းဇူး ျပဳ၏။ ပ႒ာန္းပဥႇာ၀ါရလာ ပါဠိေတာ္ကို ျပရလွ်င္ –

      ကာယိကံ သုခံ ဥပနိႆာယ ဒါနံ ေဒတိ၊ သီလံ သမာဒိယတိ၊ ဥေပါသထကမၼံ ကေရာတိ၊ စ်ာနံ ဥပၸါေဒတိ၊ ၀ိပႆနံ ဥပၸါေဒတိ၊ မဂၢံ ဥပၸါေဒတိ၊ အဘိညံ ဥပၸါေဒတိ၊ သမာပတၱႎ ဥပၸါေဒတိ။

          ေႏြမိုးေဆာင္း ဥတုသံုးပါးလံုး၌ ရဟန္းသံဃာတို႔က ဘုရားရွင္သာသနာေတာ္၏ က်င့္၀တ္ျဖစ္သည့္ ဆြမ္းခံၾကြ ရပါသည္။ ၀န္းက်င္တစ္ခြင္ ေအးစက္ေနၿပီး နံနက္ခင္းအေစာ ေနမထြက္ေသးသည့္ ျပာသို၊ တပို႔တဲြလ၏ ဆြမ္းခံလမ္းသည္ ဖံုထူေနသည့္ လွည္းလမ္းေပၚ လမ္းေလွ်ာက္ရလွ်င္ ေျခဖ၀ါးမနာက်င္ေသာ္လည္း ေက်ာက္လမ္း၌မူ ဖ၀ါးျပင္ကို ေက်ာက္စရစ္ခဲမ်ားစူးသည့္ ဒုကၡေ၀ဒနာေၾကာင့္ အလြန္ ပင္ပန္းၾကရပါသည္။ ထိုကဲ့သို႔ ေအးေနသည့္ ရာသီကာလတြင္ ဆြမ္းခံလမ္းေဘး မီးဖိုထားၿပီး ကုသိုလ္ယူႏိုင္ေၾကာင္း သတိျပဳမိသူ အလြန္ နည္းပါးေပသည္။ ဆြမ္းခံအျပန္ ေျခေဆးႏိုင္ရန္ ေရေႏြးႀကိဳေပးျခင္းျဖင့္လည္း ကုသိုလ္ယူႏိုင္ပါသည္။ ဤသည္မွာ ဥတုကို အေၾကာင္းျပဳကာ ကုသိုလ္ရေၾကာင္း ျပျခင္း ျဖစ္ပါသည္။

          ဥတုၿပီးေနာက္ ေဘာဇနမၸိဟူသည္ စားဖြယ္၊ ခဲဖြယ္တို႔ပင္ ျဖစ္ေပသည္။ ေသနာသနမည္သည္  ေနစရာ ထိုင္စရာ အိပ္ယာေနရာမ်ားေပတည္း။ ဤတြင္လည္း စိတ္ထားတတ္ပါက ကုသိုလ္ရၿပီး၊ စိတ္မထားတတ္ပါက အကုသိုလ္ ျဖစ္ေပ ေတာ့မည္။

          ပမာျပရေသာ္ စူပါမားကက္ေရာက္သူသည္ “ဒါေလး ေက်ာင္းက ကိုရင္ေလးေတြအတြက္ အဆင္ေျပမယ္ ထင္တယ္၊ ဒီအာဟာရက ဆရာေတာ္မ်ားအတြက္ အဆင္ေျပေလာက္မယ္”ဟု စဥ္းစားေနျခင္းကပင္ ကုသိုလ္ျဖစ္ေနေလၿပီ၊ မလွဴရေသး ေသာ္လည္း မိမိတို႔၏သႏၲာန္၌ ကုသိုလ္တိုးပြားေနေလၿပီ။ မိမိ၀တ္ႏိုင္ေၾကာင္း၊ မိမိက၀ယ္ႏိုင္ေၾကာင္းကို သူတစ္ပါးၾကားရန္ အတြက္လည္းေကာင္း၊ မိမိစားႏိုင္ေၾကာင္းကို သူတစ္ပါး ၾကားရန္အတြက္ လုပ္ေဆာင္သမွ်၊ ေျပာၾကားသမွ် အားလံုး အကုသိုလ္ ျဖစ္ေနေလၿပီ။

အဗ်ာကတတရားက အဗ်ာကတတရားကို ေက်းဇူးျပဳျခင္း

ကာယိကံ ဒုကၡံ ဥပနိႆာယ ဒါနံ ေဒတိ၊ သီလံ သမာဒိယတိ၊ ဥေပါသထကမၼံ ကေရာတိ၊ စ်ာနံ ဥပၸါေဒတိ၊ အဘိညံ ဥပၸါေဒတိ၊ သမာပတၱႎ ဥပၸါေဒတိ။

          ကိုယ္ဆင္းရဲျခင္းဒုကၡကို၊ အေအးအပူဥတုကို၊ အစာအာဟာရကို၊ အိပ္ရာေနရာကို အမွီျပဳ၍ အလွဴဒါန ေပး၏။ သီလခံယူေဆာက္တည္ က်င့္သုံး၏၊ ရွစ္ပါးေသာဥပုသ္သီလကို ေဆာက္တည္၏၊ စ်ာန္ကို ျဖစ္ေပၚေစ၏၊ အဘိညာဥ္ တန္ခိုးကို ျဖစ္ေပၚေစ၏၊ သမာပတ္ကို ျဖစ္ေပၚေစ၏။

     ဒါနပါရမီ၊ သီလပါရမီ၊ နိကၡမပါရမီ၊ ပညာပါရမီ၊ ၀ီရိယပါရမီ စသည္ ပါရမီ(၁၀)ပါးတို႔ကို ျဖည့္က်င့္ ဆည္းပူးျခင္းမည္သည္ ကာယိကဒုကၡ ကိုယ္ပင္ပန္းမႈ ဆင္းရဲဒုကၡကို ခံစားၾကရပါသည္။ ထို႔ေၾကာင့္ ကုသိုလ္တရားတည္းဟူေသာ ပါရမီဆယ္ပါး အျပားသံုးဆယ္သည္ အဗ်ာကတတရားျဖစ္သည့္ ခႏၶာကိုယ္ေကာင္ႀကီး ဆင္းရဲဒုကၡျဖစ္ေစရန္ ပကတူပနိႆယသည္ အားႀကီးေသာအေၾကာင္း ဗလ၀ပစၥယ ျဖစ္၏။

     

The law of nature         

    အကုသိုလ္က မေကာင္းက်ဳိးကိုသာ ဖန္တီးေပးႏိုင္ၿပီး ကုသိုလ္က ေကာင္းက်ဳိးကိုသာ ဖန္တီးေပးပါသည္။ ဤသည္မွာ The law of nature သဘာ၀နိယာမ ျဖစ္ပါသည္။ ထိုထိုေကာင္းသည့္အေၾကာင္းရွိခဲ့၍သာ ဤေကာင္းသည့္ အက်ဳိး ျဖစ္ေပၚလာျခင္းျဖစ္သည္။ ထိုထို ေကာင္းသည့္အေၾကာင္းတရားသာ မရွိခဲ့ပါက ဤေကာင္းသည့္ အက်ဳိးတရား ျဖစ္ေပၚလာမည္ မဟုတ္ေပ။

          ႐ႈပ္ေထြးနက္နဲသည့္ သတၱ၀ါတို႔၏ ကံအက်ဳိးေပးကိုနားလည္ရန္ ခက္ခဲေနမည္ဆိုလွ်င္ ပတ္၀န္းက်င္ ႐ုပ္ပိုင္းဆိုင္ရာ တြင္လည္း ထိုထိုအေၾကာင္းတရားျပည့္စံု၍သာ ဤအက်ဳိးတရားမ်ား ေပၚေပါက္လာေၾကာင္းကို ျမင္ေတြ႕ေနရမည္ ျဖစ္ပါ သည္။ ပမာျပရမည္ဆိုလွ်င္ တန္ခူးလ၏ ဥတုဟူေသာ အေၾကာင္းေၾကာင့္ ကံ့ေကာ္ပန္းပြင့္လာျခင္းဟူေသာအက်ဳိးကို နားလည္ရေပမည္။ မိုးေရဟူေသာ အေၾကာင္းဓမၼေၾကာင့္ ညိႇဳးႏြမ္းေနသည့္ သစ္ပင္မ်ား စိမ္းလန္းေ၀ျဖာလာျခင္းဟူေသာ အက်ဳိးတရားကို နားလည္ႏိုင္ပါသည္။ ခါကာဘိုရာဇီေတာင္ထိပ္၏ အေအးဓာတ္ဟူေသာ အေၾကာင္းက ေရခဲျခင္းဟူေသာ အက်ဳိးကို ျမင္ေတြ႕ရမည္ ျဖစ္ပါသည္။

          ယခု ဆက္လက္ၿပီး ကံႏွင့္ကံ၏ အေၾကာင္းအက်ဳိးကို ေလ့လာပါမည္။ စကၡဳပါလမေထရ္က ေဆးဆရာ ၀န္ျဖစ္ခဲ့သည့္ တစ္ခုေသာဘ၀၌ သူတစ္ပါး၏ မ်က္လံုးကို ကန္းေအာင္ ျပဳခဲ့ပါသည္။ ထိုအကုသိုလ္ကံသည္ ျပဳဆဲခဏ၌ပင္ ဥပါဒ္၊ ဌီ၊ ဘင္အျဖစ္ ခ်ဳပ္ေပ်ာက္ ကုန္ဆံုးသြားခဲ့ပါသည္။ သို႔ေသာ္ ထိုအကုသိုလ္ကံ၏သတၱိ Potential energy က အနႏၲရ၊ သမနႏၲရ၊ နာနာကၡဏိကကမၼ စသည့္ ပစၥည္းတို႔ေၾကာင့္ လွည္းဘီးသည္ ႏြား ေျခရာေနာက္ လိုက္ပါသကဲ့သို႔ လိုက္ပါလာကာ ရဟႏၲာ ျဖစ္သည့္ဘ၀၌ပင္ မ်က္လံုးကန္းရပါေသးသည္။ အကယ္၍ သူတစ္ပါး၏ မ်က္လံုးကန္းေအာင္ ျပဳလုပ္ခဲ့သည့္ အေၾကာင္း ကံသာ မရွိခဲ့ပါမူ ယခုဘ၀ မ်က္လံုး ကန္းျခင္းဟူေသာ အက်ဳိးတရား ေပၚေပါက္လာမည္ မဟုတ္ေပ။ ရွည္ၾကာကာလ သံသရာတြင္ ျပဳလုပ္ထူေထာင္ထားရွိခဲ့သည့္ အေၾကာင္းတရားတို႔ ရွိခဲ့၍သာ ယခုဘ၀တြင္ အက်ဳိးတရားမ်ား ေပၚေပါက္၍ လာေနျခင္း ျဖစ္ပါသည္။

          “ေယာနိေသာ ဘိကၡေ၀ မနသိကေရာေတာ အႏုပၸႏၷာ ကုသလာ ဥပၸဇၨႏၲိ” လို႔ ေဟာေတာ္မူပါသည္။ ေတြ႕ႀကံဳ လာသည့္ အာ႐ုံေပၚကို အသင့္အတင့္ ႏွလံုးသြင္းတတ္ပါက ကုသိုလ္ျဖစ္မည္။ မျဖစ္ေသးသည့္ ကုသိုလ္လည္း ျဖစ္ၿပီး၊ ျဖစ္ေနသည့္ ကုသိုလ္မ်ားလည္း တိုးပြားေနေပမည္။

          အေယာနိေသာ မနသိကအျဖစ္ ႏွလံုးသြင္းမွားလွ်င္မူ မျဖစ္ေသးသည့္ အကုသိုလ္လည္း ျဖစ္မည္၊ ျဖစ္ဆဲ အကုသိုလ္လည္္း တိုးပြားေပမည္။ ပမာျပရေသာ္ ႐ုပ္ရွင္ၾကည့္ၿပီး သ႐ုပ္ေဆာင္တို႔၏ အျပဳအမူေၾကာင့္ စိတ္ဆိုးေနျခင္း၊ မင္းသမီးအတြက္ လြမ္းေပးေနျခင္းတို႔လည္း ႏွလံုးသြင္းမွားယြင္းမႈပင္ ျဖစ္သည္။ ယခုကဲ့သို႔ အကုသိုလ္အျဖစ္ခံျခင္းသည္ လြန္စြာ လြန္စြာ ဆံုး႐ႈံးလွပါသည္။

 

 

(၆) အကုသလော ဓမ္မော အဗျာကတဿဿ ဓမ္မဿ (အကု-ဗျာ) pyidaungsu-unicode

      အကုသိုလ်တည်းဟူသော အကြောင်းဓမ္မက အဗျာကတတည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူး ပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော်ကိုပြရလျှင် အကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယ ပစ္စယေနပစ္စယော = အကုသိုလ် ကံသည် အကုသိုလ်အကျိုးဝိပါက်စိတ်တို့အား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

သတ်သေဖို့ကံပါတဲ့သူ ကယ်မရပါ

      ဝိပါက်ကံကိုယူရာတွင် ဗလဝနာနာက္ခဏိက ကမ္မကို ယူရမည် ဖြစ်ပါသည်။ ဗလဝကုသိုလ်စေတနာကို ယူရပါမည်။ ဒုဗ္ဗလစေတနာကို မယူရပါ။ ရှေးရှေးဆရာတော်ကြီးများမှ ဝတ္ထုသာဓက ထုတ်ပြသည်မှာ “မိန်းမတစ်ယောက်ဟာ ကြိုးဆွဲ ချပြီးသေဖို့ရာ သစ်ပင်မှာ ကြိုးကိုခြည်တယ်၊ လည်ပင်းစွပ်ဖို့ ကွင်းတွေလုပ်ပြီး သူလုပ်စရာတစ်ခုသတိရလို့ အိမ်ထဲ ခဏဝင် သွားတယ်။ အဲဒီအခါမှာ သူခိုးတစ်ယောက်က သစ်ပင်ပေါ်က ကြိုးကို မြင်တော့ ‘ဟန်ကြပြီ ငါခိုးလို့ရတဲ့ ဥစ္စာပစ္စည်းတွေကို ဒီကြိုးနဲ့ ချည်ပြီးတော့ယူမှပဲ ဆိုပြီး ကြိုးကို ဓါးနဲ့ဖြတ်ဖို့ရာ ကြိုးနား ကပ်သွားတယ်။ ဒီအခါ ကြိုးကမြွေဖြစ်ပြီး ရှုးရှုးဆိုတဲ့ အသံလို သူ့မျက်လုံးထဲမှာလည်းမြင်၊ သူ့နားထဲကြားလာတော့ သူခိုးလဲကြောက်ပြီး ထွက်ပြေးသွားတယ်။ ဒီမိန်းမကလဲ အိမ်ထဲကထွက်လာပြီး သူစီစဉ်ထားတဲ့အတိုင်း ကြိုးဆွဲချပြီး သေသွားပါတယ်”။ ဤနေရာတွင် သတ်သေရန် အကြောင်းစုံ လာသောအခါ သူခိုးကပင် အနှောင့်အယှက် မပေးနိုင်လောက်သည်အထိ ကံက အားကြီးနေတော့သည်။ ဘဝဘ၀က ပြုခဲ့သည့် ဤဗလ၀ အကုသိုလ်စေတနာကံကပင် ကြိုးသူခိုးလက်ထဲပါသွားမည့်အရေးကို တားမြစ်ခြင်းကပင်လျှင် အကုသလံ ကမ္မံ ဝိပါကဿ ဥပနိဿယ ပစ္စယေနပစ္စယော အဖြစ် အကုသိုလ်ဝိပါက်ကို ဥပနိဿယပစ္စည်းဖြင့် ကျေးဇူး ပြုခြင်းပေတည်း။

 

ကိုးဆယ့်ကိုးဇာတ် ယောကျ်ားသတ် အဆုံးနိဗ္ဗူတာ

ရဟန်းတို့သည် မာတိကာမာတာ လှူဒါန်းသည့် သင့်တင့်လျောက်ပတ်ကာ သပ္ပါယမျှတသော အစာအဟာရကို ဘုဉ်းပေးသုံးဆောင်ခွင့် ရရှိကြသဖြင့် မကြာမီမှာပင် ပဋိသမ္ဘိဒါနှင့်တကွ၊ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကုန်ကြ၏။

ဝါကျွတ်သောအခါ မြတ်စွာဘုရားရှင်ထံတော်ပါး သွားရောက်ကာ ဖူးမြော်ကြသဖြင့် မာတိကာမာတာ၏ ဂုဏ်သတင်းကို ဇေတဝန်ကျောင်းတိုက်ရှိ အခြားရဟန်းတော်များလည်း ကြားသိကြရသည်။ ဤတွင် မထင်ရှားသည့် အညတရ ရဟန်းတော်တစ်ပါးသည် ထိုသတင်းကို ကြားရ၍ မြတ်စွာဘုရားထံပါး ကမ္မဋ္ဌာန်းကို သင်ယူပြီး မာတိကာရွာသို့ သွားလေ၏။

တောသို့ရောက်သော အညတရရဟန်းသည် ‘ငါသည် ဒါယိကာမကြီးအား တွေ့မြင်လိုလှ၏။ ငါ၏ အလိုဆန္ဒကို တကယ်ပင် သိနိုင်စွမ်းပါက ဒါယိကာမကြီးသည် ငါ့ထံသို့ ဆွမ်း ခဲဖွယ် ဘောဇဉ်တို့နှင့် လာစေသတည်း’ဟု ကြံစည်လေ၏။ ထိုအခါ မာတိကာမာတာ ဒါယိကာမကြီးလည်း ‘ယနေ့ ငါ၏သားသည် ငါ့ကိုတွေ့ရန် တောင့်တနေပေပြီ’ ဟုဆိုကာ ဆွမ်း ခဲဖွယ် ဘောဇဉ်တို့ကိုယူ၍ ကျောင်းသိင်္ခမ်းသို့ သွားပြီး အညတရရဟန်းအား ဆက်ကပ်လှူဒါန်းလေ၏။

အညတရရဟန်း ဆွမ်းစားပြီးသည်ရှိသော် “ဒါယိကာမကြီး သင်သည် သူတစ်ပါး၏စိတ်ကို သိသလော” ဟု မေးလေ၏။ မာတိကာမာတာက “သူတစ်ပါးတို့၏စိတ်ကို သိသောသူတို့မည်သည်ကား ဤသို့ပင် ပြုကြကုန်၏”ဟု ဖြေရာ အညတရရဟန်းတော်က “တစ်ပါးသူကို မေးခြင်းမဟုတ် သင့်ကိုသာ မေးခြင်းဖြစ်၏”ဟု မိန့်လေရာ မာတိကာမာတာက တပည့်တော်သူတစ်ပါး၏စိတ်ကို သိပါသည်ဘုရားဟု မလျှောက်ကြားဘဲ “သူတစ်ပါးစိတ်ကို သိသောသူတို့က ဤသို့ပင် ပြုကြကုန်၏”ဟု ဖြေကြားပါသည်။

 

အလုပ္ရံုေဆြးေႏြးပြဲ

 

     အညတရရဟန်းအဖို့ အခက်ကြုံပါတော့သည်။ အကြောင်းမှာ ဒါယိကာမကြီးက သူကြံစည်သမျှကို အကုန်အစင် သိနေသဖြင့် ‘ပုထုဇဉ်တို့မည်သည် ကောင်းသည်ကိုလည်း ကြံမိ၏၊ မကောင်းသည်ကိုလည်း ကြံမိတတ်၏’ ထို့ကြောင့် ဤအရပ်မှ ထွက်ပြေးမှဖြစ်တော့မည်ဟု ကြံ၍ ဒါယိကာမကြီးထံ ခွင့်ပန်ပြီး မြတ်စွာဘုရားထံ သွားလေ၏။

       မြတ်စွာဘုရားရှင်ထံတော်ပါး အကြောင်းစုံလျှောက်လေသော် “ချစ်သား ထိုအရပ်၌သာ နေသင့်၏”ဟု မိန့်တော် မူ၏။ ဤတွင် အညတရရဟန်းက “အရှင်ဘုရား တပည့်တော် ထိုအရပ်၌ မနေနိုင်ပါ”ဟု လျှောက်ထားသောအခါ မြတ်စွာ ဘုရားမှ သင်၏စိတ်ကိုသာလျှင် နှိပ်ကွပ်ဆုံးမလေလော့ဟု မိန့်ကြားတော်မူလေ၏။

       ထိုအညတရရဟန်းသည် ရက်ကာလတိုတိုဖြင့် လောကီအဘိညာဉ်ပါဝင် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြု၏။ ထိုအခါ မဂ် ဖိုလ်တည်းဟူသော ချမ်းသာဖြင့် အချိန်တို့ကို ကုန်လွန်စေလျက် “သြော် အံ့ဖွယ် ကောင်းပေစွတကား။ မာတိကာမာတာဒါယိကာမကြီးသည် ငါ၏ဆောက်တည်ရာ ဖြစ်ပေ၏။ ထိုဒါယိကာမကြီးကိုမှီ၍ ဘဝမှ လွတ်မြောက်ရာသို့ ရောက်ပေပြီ” ဟု ပြန်လည် ဆင်ခြင်မိလေ၏။

       ထိုအခါ မာတိကာမာတာ ဒါယိကာမကြီးသည် ဤဘဝ၌သာ ငါ၏ ဆောက်တည်ရာဖြစ်ပေသလောဟု ဆင်ခြင်ရာ ကိုးဆယ့်ကိုးဘဝတိုင်တိုင် ထိုအညတရရဟန်း၏ ဇနီးမယားဖြစ်ခဲ့ပြီး အခြားသောယောကျ်ားတို့အပေါ်၌ တပ်မက်နှစ်သက် သောစိတ်ကြောင့် ကိုးဆယ့်ကိုးဘဝတိုင်တိုင် သူ့ကို သတ်ခဲ့သည့်အဖြစ်ကို မြင်လေ၏။

      ထိုအခါ ဤဒါယိကာမကြီး၏ ကျေးဇူးမဲ့သည့်အဖြစ်ကား ဝန်လေးပေစွတကားဟု ကြံစည်အောက်မေ့မိနေလေ၏။ မာတိကာမာတာလည်း တန်ခိုးဖြင့်ကြည့်ရာ ရဟန်းတော်က ကိုးဆယ့်ကိုးဘဝကိုသာ ရှုမြင်သုံးသပ်လေ၏၊ ကိုးဆယ့် ကိုးဘဝမှ အလွန် ခုနှစ်ခုမြောက်သောဘဝ၌ ထိုအညတရရဟန်းအား မိမိအသက်ကို အသေခံ၍ ကယ်တင်ခဲ့ဖူးပုံကို မြင်လေ၏။ ထိုကြောင့် မာတိကာမာတာက ရဟန်းတော်အား “ကိုးဆယ်ကိုးဘဝလွန်၍ ခုနစ်ဘဝတိုင် ကြည့်ရှု ဆင်ခြင်တော် မူပါဦး ဘုရား” ဟု လျှောက်ရာ အညတရရဟန်း၏ ဒိဗ္ဗသောတနားဖြင့် ကြားသဖြင့် ဆင်ခြင်ပါသည်။ ထိုအခါ၌ ဒါယိကာ မကြီးသည် မိမိအတွက် အသက်ပေးကာ စတေးခံခဲ့ရရှာပုံကို သိတော်မူ၏။

      ထို့ကြောင့် ကဝိလက္ခဏာကျမ်းပြုဆရာက “ကိုးဆယ့်ကိုးဇာတ်ယောကျ်ားသတ် အဆုံးနိဗ္ဗူတာ”ဟု စာဆို မှတ်တမ်းတင်ခဲ့၏။ (ကျမ်းညွှန်း – စိတ္တဝဂ်၊ အညတရဘိက္ခုဝတ္ထု၊ ဓမ္မပဒပထမတွဲ)

 

(၇) အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ (ဗျာ-ဗျာ)

     အဗျာကတတည်းဟူသော အကြောင်းဓမ္မက အဗျာကတတည်းဟူသော အကျိုးဓမ္မကို ပကတူပနိဿယသတ္တိဖြင့် ကျေးဇူး ပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော်ကို ပြရလျှင် –

     ကာယိကံ သုခံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။

     နွေမိုးဆောင်း ဥတုသုံးပါးလုံး၌ ရဟန်းသံဃာတို့က ဘုရားရှင်သာသနာတော်၏ ကျင့်ဝတ်ဖြစ်သည့် ဆွမ်းခံကြွ ရပါသည်။ ဝန်းကျင်တစ်ခွင် အေးစက်နေပြီး နံနက်ခင်းအစော နေမထွက်သေးသည့် ပြာသို၊ တပို့တွဲလ၏ ဆွမ်းခံလမ်းသည် ဖုံထူနေသည့် လှည်းလမ်းပေါ် လမ်းလျှောက်ရလျှင် ခြေဖဝါးမနာကျင်သော်လည်း ကျောက်လမ်း၌မူ ဖဝါးပြင်ကို ကျောက်စရစ်ခဲများစူးသည့် ဒုက္ခဝေဒနာကြောင့် အလွန် ပင်ပန်းကြရပါသည်။ ထိုကဲ့သို့ အေးနေသည့် ရာသီကာလတွင် ဆွမ်းခံလမ်းဘေး မီးဖိုထားပြီး ကုသိုလ်ယူနိုင်ကြောင်း သတိပြုမိသူ အလွန် နည်းပါးပေသည်။ ဆွမ်းခံအပြန် ခြေဆေးနိုင်ရန် ရေနွေးကြိုပေးခြင်းဖြင့်လည်း ကုသိုလ်ယူနိုင်ပါသည်။ ဤသည်မှာ ဥတုကို အကြောင်းပြုကာ ကုသိုလ်ရကြောင်း ပြခြင်း ဖြစ်ပါသည်။

      ဥတုပြီးနောက် ဘောဇနမ္ပိဟူသည် စားဖွယ်၊ ခဲဖွယ်တို့ပင် ဖြစ်ပေသည်။ သေနာသနမည်သည် နေစရာ ထိုင်စရာ အိပ်ယာနေရာများပေတည်း။ ဤတွင်လည်း စိတ်ထားတတ်ပါက ကုသိုလ်ရပြီး၊ စိတ်မထားတတ်ပါက အကုသိုလ် ဖြစ်ပေ တော့မည်။

       ပမာပြရသော် စူပါမားကက်ရောက်သူသည် “ဒါလေး ကျောင်းက ကိုရင်လေးတွေအတွက် အဆင်ပြေမယ် ထင်တယ်၊ ဒီအာဟာရက ဆရာတော်များအတွက် အဆင်ပြေလောက်မယ်”ဟု စဉ်းစားနေခြင်းကပင် ကုသိုလ်ဖြစ်နေလေပြီ၊ မလှူရသေး သော်လည်း မိမိတို့၏သန္တာန်၌ ကုသိုလ်တိုးပွားနေလေပြီ။ မိမိဝတ်နိုင်ကြောင်း၊ မိမိကဝယ်နိုင်ကြောင်းကို သူတစ်ပါးကြားရန် အတွက်လည်းကောင်း၊ မိမိစားနိုင်ကြောင်းကို သူတစ်ပါး ကြားရန်အတွက် လုပ်ဆောင်သမျှ၊ ပြောကြားသမျှ အားလုံး အကုသိုလ် ဖြစ်နေလေပြီ။

 

အဗျာကတတရားက အဗျာကတတရားကို ကျေးဇူးပြုခြင်း

      ကာယိကံ ဒုက္ခံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။

      ကိုယ်ဆင်းရဲခြင်းဒုက္ခကို၊ အအေးအပူဥတုကို၊ အစာအာဟာရကို၊ အိပ်ရာနေရာကို အမှီပြု၍ အလှူဒါန ပေး၏။ သီလခံယူဆောက်တည် ကျင့်သုံး၏၊ ရှစ်ပါးသောဥပုသ်သီလကို ဆောက်တည်၏၊ ဈာန်ကို ဖြစ်ပေါ်စေ၏၊ အဘိညာဉ် တန်ခိုးကို ဖြစ်ပေါ်စေ၏၊ သမာပတ်ကို ဖြစ်ပေါ်စေ၏။

     ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ စသည် ပါရမီ(၁၀)ပါးတို့ကို ဖြည့်ကျင့် ဆည်းပူးခြင်းမည်သည် ကာယိကဒုက္ခ ကိုယ်ပင်ပန်းမှု ဆင်းရဲဒုက္ခကို ခံစားကြရပါသည်။ ထို့ကြောင့် ကုသိုလ်တရားတည်းဟူသော ပါရမီဆယ်ပါး အပြားသုံးဆယ်သည် အဗျာကတတရားဖြစ်သည့် ခန္ဓာကိုယ်ကောင်ကြီး ဆင်းရဲဒုက္ခဖြစ်စေရန် ပကတူပနိဿယသည် အားကြီးသောအကြောင်း ဗလဝပစ္စယ ဖြစ်၏။

 

The law of nature

     အကုသိုလ်က မကောင်းကျိုးကိုသာ ဖန်တီးပေးနိုင်ပြီး ကုသိုလ်က ကောင်းကျိုးကိုသာ ဖန်တီးပေးပါသည်။ ဤသည်မှာ The law of nature သဘာဝနိယာမ ဖြစ်ပါသည်။ ထိုထိုကောင်းသည့်အကြောင်းရှိခဲ့၍သာ ဤကောင်းသည့် အကျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုထို ကောင်းသည့်အကြောင်းတရားသာ မရှိခဲ့ပါက ဤကောင်းသည့် အကျိုးတရား ဖြစ်ပေါ်လာမည် မဟုတ်ပေ။

       ရှုပ်ထွေးနက်နဲသည့် သတ္တဝါတို့၏ ကံအကျိုးပေးကိုနားလည်ရန် ခက်ခဲနေမည်ဆိုလျှင် ပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာ တွင်လည်း ထိုထိုအကြောင်းတရားပြည့်စုံ၍သာ ဤအကျိုးတရားများ ပေါ်ပေါက်လာကြောင်းကို မြင်တွေ့နေရမည် ဖြစ်ပါ သည်။ ပမာပြရမည်ဆိုလျှင် တန်ခူးလ၏ ဥတုဟူသော အကြောင်းကြောင့် ကံ့ကော်ပန်းပွင့်လာခြင်းဟူသောအကျိုးကို နားလည်ရပေမည်။ မိုးရေဟူသော အကြောင်းဓမ္မကြောင့် ညှိုးနွမ်းနေသည့် သစ်ပင်များ စိမ်းလန်းဝေဖြာလာခြင်းဟူသော အကျိုးတရားကို နားလည်နိုင်ပါသည်။ ခါကာဘိုရာဇီတောင်ထိပ်၏ အအေးဓာတ်ဟူသော အကြောင်းက ရေခဲခြင်းဟူသော အကျိုးကို မြင်တွေ့ရမည် ဖြစ်ပါသည်။

 

 

    ယခု ဆက်လက်ပြီး ကံနှင့်ကံ၏ အကြောင်းအကျိုးကို လေ့လာပါမည်။ စက္ခုပါလမထေရ်က ဆေးဆရာ ဝန်ဖြစ်ခဲ့သည့် တစ်ခုသောဘဝ၌ သူတစ်ပါး၏ မျက်လုံးကို ကန်းအောင် ပြုခဲ့ပါသည်။ ထိုအကုသိုလ်ကံသည် ပြုဆဲခဏ၌ပင် ဥပါဒ်၊ ဌီ၊ ဘင်အဖြစ် ချုပ်ပျောက် ကုန်ဆုံးသွားခဲ့ပါသည်။ သို့သော် ထိုအကုသိုလ်ကံ၏သတ္တိ Potential energy က အနန္တရ၊ သမနန္တရ၊ နာနာက္ခဏိကကမ္မ စသည့် ပစ္စည်းတို့ကြောင့် လှည်းဘီးသည် နွား ခြေရာနောက် လိုက်ပါသကဲ့သို့ လိုက်ပါလာကာ ရဟန္တာ ဖြစ်သည့်ဘဝ၌ပင် မျက်လုံးကန်းရပါသေးသည်။ အကယ်၍ သူတစ်ပါး၏ မျက်လုံးကန်းအောင် ပြုလုပ်ခဲ့သည့် အကြောင်း ကံသာ မရှိခဲ့ပါမူ ယခုဘ၀ မျက်လုံး ကန်းခြင်းဟူသော အကျိုးတရား ပေါ်ပေါက်လာမည် မဟုတ်ပေ။ ရှည်ကြာကာလ သံသရာတွင် ပြုလုပ်ထူထောင်ထားရှိခဲ့သည့် အကြောင်းတရားတို့ ရှိခဲ့၍သာ ယခုဘဝတွင် အကျိုးတရားများ ပေါ်ပေါက်၍ လာနေခြင်း ဖြစ်ပါသည်။

      “ယောနိသော ဘိက္ခေ၀ မနသိကရောတော အနုပ္ပန္နာ ကုသလာ ဥပ္ပဇ္ဇန္တိ” လို့ ဟောတော်မူပါသည်။ တွေ့ကြုံ လာသည့် အာရုံပေါ်ကို အသင့်အတင့် နှလုံးသွင်းတတ်ပါက ကုသိုလ်ဖြစ်မည်။ မဖြစ်သေးသည့် ကုသိုလ်လည်း ဖြစ်ပြီး၊ ဖြစ်နေသည့် ကုသိုလ်များလည်း တိုးပွားနေပေမည်။

      အယောနိသော မနသိကအဖြစ် နှလုံးသွင်းမှားလျှင်မူ မဖြစ်သေးသည့် အကုသိုလ်လည်း  ဖြစ်မည်၊ ဖြစ်ဆဲ အကုသိုလ်လည်း တိုးပွားပေမည်။ ပမာပြရသော် ရုပ်ရှင်ကြည့်ပြီး သရုပ်ဆောင်တို့၏ အပြုအမူကြောင့် စိတ်ဆိုးနေခြင်း၊ မင်းသမီးအတွက် လွမ်းပေးနေခြင်းတို့လည်း နှလုံးသွင်းမှားယွင်းမှုပင် ဖြစ်သည်။ ယခုကဲ့သို့ အကုသိုလ်အဖြစ်ခံခြင်းသည် လွန်စွာ လွန်စွာ ဆုံးရှုံးလှပါသည်။

 7 total views,  1 views today

By admin

Leave a Reply

Your email address will not be published.