၇ – စ်ာနပစၥေယာ(Jhānapaccayo) Zawgyi      

                                               (အပိုင္း ၇/၉) ( File 7 of 9) 

                     ၇ – သာမေဏတစ္ပါး၏ တရားေၾကာင့္ အ‌ေသာကမင္း ဗုဒၶဘာသာကူးေျပာင္း

            ရွင္သာမေဏငယ္တစ္ပါး ၿငိမ္သက္ တည္ၾကည္ေသာဣေႁႏၵျဖင့္ ၾကြလွမ္းေနသည္ကို အ‌ေသာကမင္းတရားႀကီးက နန္းေတာ္ ေလသာျပဴတင္းမွ စူးစူးစိုက္စိုက္ၾကည့္ရွဳကာ ‘ေလာကလူသားေတြ အခ်ိန္တိုင္း လႈပ္လႈပ္ခတ္ခတ္ ျဖစ္ေန ၾကတယ္၊ ဒီသာမေဏေ‌ေလးက အလြန္မတန္ ၿငိမ္သက္တည္ၾကည္တယ္၊ ၾကည္ညိဳစရာ ေကာင္းလိုက္တာ’ ဤေနရာတြင္ စ်ာနပစၥည္းက ေက်းဇူးျပဳေနျခင္း ျဖစ္ပါသည္။ မင္းတရားႀကီးအမိန္႕ျဖင့္ အမတ္ႀကီးမ်ားက ကိုရင္ေလးအား ပင့္လာရာ ၿငိမ္ၿငိမ္သက္သက္ပင္ နန္းေတာ္ထဲ ေရာက္ရွိလာပါသည္။

          ထိုအခါမင္းတရားႀကီးက ”အရွင္ဘုရားနဲ႔ သင့္ေတာ္တဲ့ေနရာဌာနမွာ ထိုင္ေတာ္မူပါဘုရား” ဟု ေလွ်ာက္ထားရာ ကိုရင္က မိမိအေလးဂရုျပဳရမည့္ ရဟန္း၊ သာမေဏ ရွိ မရွိ၊ ၾကည့္႐ႈရာ မရွိေၾကာင္း သိသျဖင့္ ဘုရင္မင္းတရားႀကီး၏ ရာဇပလႅင္ထက္တက္ၿပီး ရဲရဲရင့္ရင့္ သီတင္းသံုးေတာ္မူပါသည္။

အ‌ေသာကမင္းႀကီးကိုဗုဒၶဘာသာ၀င္ ျဖစ္သြားေစသည့္တရား

       ရွင္ဘုရင္က အရွင္ဘုရား၏ဆရာ ေဟာၾကားသည့္တရား နာလိုပါသည္ဟု ေလွ်ာက္ထားရာ နိေျဂာဓ သာမေဏက ”အပၸမာေဒါ အမတံ ပဒံ၊ ပမာေဒါ မစၥဳေနာ ပဒံ” ဟု ေဟာၾကားေတာ္မူပါသည္။ အဓိပၸါယ္မွာ ”သတိရွိကာ သိေနတာ၊ ေသမွာ လြတ္ဖို႕ အေၾကာင္းတည္း။ သတိကင္းပ ေမ့ေနက ေသၾကဖို႕ရာ အေၾကာင္းတည္း။ လုပ္ကိုင္ေျပာၾကား သတိထား ေနမ့အားမႀကီးနဲ႔” ။

      အေသာကမင္းႀကီးသည္ ဤအပၸမာဒတရားကို နာၾကားလိုက္ရသျဖင့္ အလြန္ပင္ ႏွစ္သက္သေဘာက်သျဖင့္  ”အရွင္ဘုရားအတြက္ ဘုရားတပည့္ေတာ္ ဆြမ္းရွစ္အုပ္ လွဴဒါန္းပါမယ္ဘုရား”ဟု ေလွ်ာက္ထားရာ  ကိုရင္က ”ဒကာေတာ္ မင္းတရား အဲဒီဆြမ္းရွစ္အုပ္ကို ဥပဇၥ်ယ္ဆရာအား လွဴဒါန္းပါတယ္”ဟု မိန္႕ၾကားပါသည္။ ရွင္ဘုရင္က ”ေကာင္းပါၿပီ၊ အရွင္ဘုရားအတြက္ ဘုရားတပည့္ေတာ္ ေနာက္ထပ္ ဆြမ္းရွစ္အုပ္ လွဴဒါန္းပါမယ္ဘုရား” ဟု ေလွ်ာက္ထားရာ  ကိုရင္က ”ဒကာေတာ္မင္းတရား အဲဒီဆြမ္းရွစ္အုပ္ကို ဓမၼာစရိယ ဆရာေတာ္တို႔အား  လွဴဒါန္းပါတယ္”ဟု မိန္႕ၾကားပါသည္။

         ရွင္ဘုရင္က ”ေကာင္းပါၿပီ၊ အရွင္ဘုရားအတြက္ ဘုရားတပည့္ေတာ္ ေနာက္ထပ္ ဆြမ္းရွစ္အုပ္ လွဴဒါန္းပါမယ္ဘုရား” ဟု ေလွ်ာက္ထားရာ ကိုရင္က ”ဒကာေတာ္မင္းတရား အဲဒီဆြမ္းရွစ္အုပ္ကို သံဃာေတာ္မ်ားအား လွဴဒါန္းပါတယ္” ဟု မိန္႔ၾကားပါသည္။

        ရွင္ဘုရင္က ”ေကာင္းပါၿပီ၊ အရွင္ဘုရားအတြက္ ဘုရားတပည့္ေတာ္ ေနာက္ထပ္ ဆြမ္းရွစ္အုပ္ လွဴဒါန္းပါမယ္ ဘုရား” ဟု ေလွ်ာက္ထားရာ  ကိုရင္က ”ဒကာေတာ္မင္းတရား အဲဒီဆြမ္းရွစ္အုပ္ကို သံဃာေတာ္မ်ားအား လွဴဒါန္းပါတယ္” ဟု မိန္႔ၾကားပါသည္။ ရွင္ဘုရင္က ”ေကာင္းပါၿပီ၊ အရွင္ဘုရားအတြက္ ဘုရားတပည့္ေတာ္ ေနာက္ထပ္ ဆြမ္းရွစ္အုပ္ လွဴဒါန္း ပါမယ္ဘုရား”ဟု ေလွ်ာက္ထားသျဖင့္ ရွင္ဘုရင္မင္းျမတ္္သည္ တစ္ထိုင္တည္း တစ္ေနရာတည္းတြင္ ဆြမ္းအုပ္ (၃၂)အုပ္ လွဴဒါန္းခဲ့ပါသည္။

 

မင္းေကာင္းတစ္ပါးေၾကာင့္ သာသနာ တစ္ေခတ္ဆန္းခဲ့သည္

          ေနာက္တစ္ေန႕နံနက္တြင္ နိေျဂာဓသာမေဏက ဥပဇၥ်ယ္ဆရာ အပါအ၀င္ သံဃာေတာ္ အရွင္သူျမတ္မ်ားကို နန္းေတာ္သို႔ ပင့္ေဆာင္လာခဲ့ပါသည္။ အရွင္သူျမတ္မ်ားသည္ စိတ္ေတာ္ကလည္း ၿငိမ္သက္၊ ဣေႁႏၵကလည္း ၿငိမ္သက္ စြာျဖင့္ ၾကြေရာက္ကာ၊ ဆြမ္းဘုဥ္းေပးေတာ္မူၾကသည္ကို ဖူးျမင္ရသျဖင့္ မင္းတရားႀကီးက အလြန္ပင္ ၾကည္ညိဳေလသည္။

          အေသာကမင္း၏ဘိုးေတာ္ စႏၵဂုတ္မင္း၊ ခမည္းေတာ္ ဗိႏၵဳသာရမင္းတို႔ လက္ထက္မွသည္ အ၀တ္ဗလာ ကိုယ္တုန္းလံုး တကၠတြန္း ေျခာက္ေသာင္းကို နန္းေတာ္တြင္း၌ ေန႔စဥ္ ထမင္းအေဖ်ာ္မ်ား လွဴဒါန္းခဲ့ပါသည္။ ထို တိတၳိတို႕၌ ေစာင့္စည္းမႈဣေႁႏၵမရွိ၊ နန္းတြင္း၌ ေသာေသာညံလ်က္၊ စားၾကေသာက္ၾကသည့္ ျမင္ကြင္းႏွင့္ ယေန႔ ဘုရားသားေတာ္တို႕၏ အျပဳအမူက အလြန္အမင္းပင္ မိုးေျမမက ကြာျခားေနသည္ကို ရွင္ဘုရင္က ႏိႈင္းယွဥ္ ၾကည့္မိေလ၏။ ထို႕ေၾကာင့္ ထိုေန႔မွစ၍ တိတၳိေျခာက္ေသာင္းအစား ရဟန္းေတာ္ေျခာက္ေသာင္းတို႕ကို နန္းေတာ္သို႕ပင့္ကာ ေန႔စဥ္ ေန႔စဥ္ ဆြမ္းမ်ား ဆက္ကပ္ လွဴဒါန္း ပါေတာ့သည္။

 

ဓမၼကၡႏၶာအားျဖင့္ ရွစ္ေသာင္းေလးေထာင္

      မင္းႀကီးက ”အရွင္သူျမတ္တို႔ဘုရား ဗုဒၶျမတ္စြာ ေဟာျပေတာ္မူခဲ့တဲ့ တရားေတြဟာ ဘယ္ေလာက္ ရွိပါသလဲဘုရား”ဟု ေမးေလွ်ာက္ရာ အရွင္မဟာေမာဂၢလိပုတၱတိႆ မေထရ္သူျမတ္က” ပိဋကတ္အားျဖင့္ သံုးပံု၊ သုတၱာန္ ၀ိနည္း အဘိဓမၼာ။ နိကာယ္အားျဖင့္ ငါးရပ္ ဒီဃနိကာယ္ မဇၥိ်မနိကာယ္ ခုဒၵကနိကာယ္ သံယုတၱနိကာယ္ အဂၤုတၱဳရနိကာယ္။ အဂၤါအားျဖင့္ ကိုးတန္ သုတၱ ေဂယ် ေ၀ယ်ာကရဏ ဂါထာ ဥဒါန ဣတိ၀ုတၱက ဇာတက အဗၻဳတဓမၼ ေ၀ဒလႅ။ ဓမၼကၡႏၶာအားျဖင့္ ရွစ္ေသာင္း ေလးေထာင္ ရွိတယ” ဟု ျပည့္ျပည့္စံုစံု ေျဖၾကားေတာ္မူပါသည္။

          အေသာကမင္းတရားႀကီးသည္ ဓား လွံ လက္နက္ ေလး ျမႇားကို စြန္႕ကာ ဗုဒၶတရားေတာ္ကို လူတိုင္း လူတိုင္း သိရွိရန္ အိႏၵိယႏိုင္ငံ အႏွံ႔အျပား ေက်ာက္စာေတာ္မ်ား စိုက္ထူပါသည္။ ထိုအခါ မင္းတရားႀကီးက ဓမၼကၡႏၶာ တစ္ဆူ တစ္ဆူ အတြက္ ေက်ာင္းေဆာင္တစ္ေဆာင္၊ ေစတီတစ္ဆူ၊ ေရကန္တစ္ကန္၊ ေရတြင္းတစ္တြင္းျဖင့္ ပူေဇာ္ေတာ့မည္ဟု ဆံုးျဖတ္ခ်က္ ခ်ပါသည္။

     ထို႕ေၾကာင့္ ဇမၺဴဒိပ္ေျမျပင္အႏွံ႔ ေစတီေပါင္း ရွစ္ေသာင္းေလးေထာင္၊ ေရကန္ေပါင္း ရွစ္ေသာင္းေလးေထာင္၊ ေရတြင္း ေပါင္း ရွစ္ေသာင္းေလးေထာင္၊ ေက်ာင္းေဆာင္ေပါင္း ရွစ္ေသာင္းေလးေထာင္ ေပၚထြန္းလာခဲ့ပါေတာ့သည္။

 

                                           ၁၇ – ဈာနပစ္စယော(Jhānapaccayo) Pyidaungsu – Unicode

                                               (အပိုင်း ၇/၉) ( File 7 of 9) 

                     ၇-သာမဏေတစ်ပါး၏ တရားကြောင့် အာသောကမင်း ဗုဒ္ဓဘာသာကူးပြောင်း

                

            ရှင်သာမဏေငယ်တစ်ပါး ငြိမ်သက် တည်ကြည်သောဣန္ဒြေဖြင့် ကြွလှမ်းနေသည်ကို အသောကမင်း တရားကြီးက နန်းတော် လေသာပြူတင်းမှ စူးစူးစိုက်စိုက်ကြည့်ရှုကာ ‘လောကလူသားတွေ အချိန်တိုင်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေ ကြတယ်၊ ဒီသာမဏေလေးက အလွန်မတန် ငြိမ်သက်တည်ကြည်တယ်၊ ကြည်ညိုစရာ ကောင်းလိုက်တာ’ ဤနေရာတွင် ဈာနပစ္စည်းက ကျေးဇူးပြုနေခြင်း ဖြစ်ပါသည်။ မင်းတရားကြီးအမိန့်ဖြင့် အမတ်ကြီးများက ကိုရင်လေးအား ပင့်လာရာ ငြိမ်ငြိမ်သက်သက်ပင် နန်းတော်ထဲ ရောက်ရှိလာပါသည်။

            ထိုအခါမင်းတရားကြီးက ”အရှင်ဘုရားနဲ့ သင့်တော်တဲ့နေရာဌာနမှာ ထိုင်တော်မူပါဘုရား” ဟု လျှောက်ထားရာ ကိုရင်က မိမိအလေးဂရုပြုရမည့် ရဟန်း၊ သာမဏေ ရှိ မရှိ၊ ကြည့်ရှုရာ မရှိကြောင်း သိသဖြင့် ဘုရင်မင်းတရားကြီး၏ ရာဇပလ္လင်ထက်တက်ပြီး ရဲရဲရင့်ရင့် သီတင်းသုံးတော်မူပါသည်။

အသောကမင်းကြီးကိုဗုဒ္ဓဘာသာဝင် ဖြစ်သွားစေသည့်တရား

       ရှင်ဘုရင်က အရှင်ဘုရား၏ဆရာ ဟောကြားသည့်တရား နာလိုပါသည်ဟု လျှောက်ထားရာ နိဂြောဓ သာမဏေက ”အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ” ဟု ဟောကြားတော်မူပါသည်။ အဓိပ္ပါယ်မှာ ”သတိရှိကာ သိနေတာ၊ သေမှာ လွတ်ဖို့ အကြောင်းတည်း။ သတိကင်းပ မေ့နေက သေကြဖို့ရာ အကြောင်းတည်း။ လုပ်ကိုင်ပြောကြား သတိထား နေမ့အားမကြီးနဲ့” ။

      အသောကမင်းကြီးသည် ဤအပ္ပမာဒတရားကို နာကြားလိုက်ရသဖြင့် အလွန်ပင် နှစ်သက်သဘောကျသဖြင့်  ”အရှင်ဘုရားအတွက် ဘုရားတပည့်တော် ဆွမ်းရှစ်အုပ် လှူဒါန်းပါမယ်ဘုရား”ဟု လျှောက်ထားရာ  ကိုရင်က ”ဒကာတော် မင်းတရား အဲဒီဆွမ်းရှစ်အုပ်ကို ဥပဇ္ဈယ်ဆရာအား လှူဒါန်းပါတယ်”ဟု မိန့်ကြားပါသည်။ ရှင်ဘုရင်က ”ကောင်းပါပြီ၊ အရှင်ဘုရားအတွက် ဘုရားတပည့်တော် နောက်ထပ် ဆွမ်းရှစ်အုပ် လှူဒါန်းပါမယ်ဘုရား” ဟု လျှောက်ထားရာ  ကိုရင်က ”ဒကာတော်မင်းတရား အဲဒီဆွမ်းရှစ်အုပ်ကို ဓမ္မာစရိယ ဆရာတော်တို့အား  လှူဒါန်းပါတယ်”ဟု မိန့်ကြားပါသည်။

         ရှင်ဘုရင်က ”ကောင်းပါပြီ၊ အရှင်ဘုရားအတွက် ဘုရားတပည့်တော် နောက်ထပ် ဆွမ်းရှစ်အုပ် လှူဒါန်းပါမယ်ဘုရား” ဟု လျှောက်ထားရာ ကိုရင်က ”ဒကာတော်မင်းတရား အဲဒီဆွမ်းရှစ်အုပ်ကို သံဃာတော်များအား လှူဒါန်းပါတယ်” ဟု မိန့်ကြားပါသည်။

        ရှင်ဘုရင်က ”ကောင်းပါပြီ၊ အရှင်ဘုရားအတွက် ဘုရားတပည့်တော် နောက်ထပ် ဆွမ်းရှစ်အုပ် လှူဒါန်းပါမယ် ဘုရား” ဟု လျှောက်ထားရာ  ကိုရင်က ”ဒကာတော်မင်းတရား အဲဒီဆွမ်းရှစ်အုပ်ကို သံဃာတော်များအား လှူဒါန်းပါတယ်” ဟု မိန့်ကြားပါသည်။ ရှင်ဘုရင်က ”ကောင်းပါပြီ၊ အရှင်ဘုရားအတွက် ဘုရားတပည့်တော် နောက်ထပ် ဆွမ်းရှစ်အုပ် လှူဒါန်း ပါမယ်ဘုရား”ဟု လျှောက်ထားသဖြင့် ရှင်ဘုရင်မင်းမြတ်သည် တစ်ထိုင်တည်း တစ်နေရာတည်းတွင် ဆွမ်းအုပ် (၃၂)အုပ် လှူဒါန်းခဲ့ပါသည်။

 

မင်းကောင်းတစ်ပါးကြောင့် သာသနာ တစ်ခေတ်ဆန်းခဲ့သည်

            နောက်တစ်နေ့နံနက်တွင် နိဂြောဓသာမဏေက ဥပဇ္ဈယ်ဆရာ အပါအဝင် သံဃာတော် အရှင်သူမြတ်များကို နန်းတော်သို့ ပင့်ဆောင်လာခဲ့ပါသည်။ အရှင်သူမြတ်များသည် စိတ်တော်ကလည်း ငြိမ်သက်၊ ဣန္ဒြေကလည်း ငြိမ်သက် စွာဖြင့် ကြွရောက်ကာ၊ ဆွမ်းဘုဉ်းပေးတော်မူကြသည်ကို ဖူးမြင်ရသဖြင့် မင်းတရားကြီးက အလွန်ပင် ကြည်ညိုလေသည်။

            အသောကမင်း၏ဘိုးတော် စန္ဒဂုတ်မင်း၊ ခမည်းတော် ဗိန္ဒုသာရမင်းတို့ လက်ထက်မှသည် အဝတ်ဗလာ ကိုယ်တုန်းလုံး တက္ကတွန်း ခြောက်သောင်းကို နန်းတော်တွင်း၌ နေ့စဉ် ထမင်းအဖျော်များ လှူဒါန်းခဲ့ပါသည်။ ထို တိတ္ထိတို့၌ စောင့်စည်းမှုဣန္ဒြေမရှိ၊ နန်းတွင်း၌ သောသောညံလျက်၊ စားကြသောက်ကြသည့် မြင်ကွင်းနှင့် ယနေ့ ဘုရားသားတော်တို့၏ အပြုအမူက အလွန်အမင်းပင် မိုးမြေမက ကွာခြားနေသည်ကို ရှင်ဘုရင်က နှိုင်းယှဉ် ကြည့်မိလေ၏။ ထို့ကြောင့် ထိုနေ့မှစ၍ တိတ္ထိခြောက်သောင်းအစား ရဟန်းတော်ခြောက်သောင်းတို့ကို နန်းတော်သို့ပင့်ကာ နေ့စဉ် နေ့စဉ် ဆွမ်းများ ဆက်ကပ် လှူဒါန်း ပါတော့သည်။

 

ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင်

      မင်းကြီးက ”အရှင်သူမြတ်တို့ဘုရား ဗုဒ္ဓမြတ်စွာ ဟောပြတော်မူခဲ့တဲ့ တရားတွေဟာ ဘယ်လောက် ရှိပါသလဲဘုရား”ဟု မေးလျှောက်ရာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သူမြတ်က” ပိဋကတ်အားဖြင့် သုံးပုံ၊ သုတ္တာန် ဝိနည်း အဘိဓမ္မာ။ နိကာယ်အားဖြင့် ငါးရပ် ဒီဃနိကာယ် မဇ္ဈိမနိကာယ် ခုဒ္ဒကနိကာယ် သံယုတ္တနိကာယ် အင်္ဂုတ္တုရနိကာယ်။ အင်္ဂါအားဖြင့် ကိုးတန် သုတ္တ ဂေယျ ဝေယျာကရဏ ဂါထာ ဥဒါန ဣတိဝုတ္တက ဇာတက အဗ္ဘုတဓမ္မ ဝေဒလ္လ။ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်း လေးထောင် ရှိတယ” ဟု ပြည့်ပြည့်စုံစုံ ဖြေကြားတော်မူပါသည်။

            အသောကမင်းတရားကြီးသည် ဓား လှံ လက်နက် လေး မြှားကို စွန့်ကာ ဗုဒ္ဓတရားတော်ကို လူတိုင်း လူတိုင်း သိရှိရန် အိန္ဒိယနိုင်ငံ အနှံ့အပြား ကျောက်စာတော်များ စိုက်ထူပါသည်။ ထိုအခါ မင်းတရားကြီးက ဓမ္မက္ခန္ဓာ တစ်ဆူ တစ်ဆူ အတွက် ကျောင်းဆောင်တစ်ဆောင်၊ စေတီတစ်ဆူ၊ ရေကန်တစ်ကန်၊ ရေတွင်းတစ်တွင်းဖြင့် ပူဇော်တော့မည်ဟု ဆုံးဖြတ်ချက် ချပါသည်။

     ထို့ကြောင့် ဇမ္ဗူဒိပ်မြေပြင်အနှံ့ စေတီပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်းလေးထောင်၊ ရေတွင်း ပေါင်း ရှစ်သောင်းလေးထောင်၊ ကျောင်းဆောင်ပေါင်း ရှစ်သောင်းလေးထောင် ပေါ်ထွန်းလာခဲ့ပါတော့သည်။

 1 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *