
နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရပရိယတ်ပဋိပတ် ဌာနတွင် ရန်ကင်းတောရဆရာတော်မှ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် သင်တန်းကို ယနေ့ တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် သင်ကြားပို့ချ ပေးပါသည်။
“အနုရက္ခိံ မမ သီလံ၊ နာရက္ခိံ မမ ဇီဝိတံ။
သဗ္ဗညုတံ ပိယံ မယှံ၊ တသ္မာ သီလာ နုရက္ခိသာ”ဂါထာတော်ဖြင့် သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
ယနေ့ ရန်ကင်းတောရဆရာတော်မှ (၁)သီလ၏ညစ်နွမ်းကြောင်း (သံကိလေသ) နှင့် (၂) သီလ၏ဖြူစင်ကြောင်း (ဝေါဒါန) အကြောင်း တို့ကို အကျယ်တ၀င့် သင်ကြားပေးတော်မူခဲ့ပါသည်။
လာဘ်၊ အခြံအရံ၊ အဆွေအမျိုး၊ အသက်စသည့် အကြောင်းကြောင့် လည်းကောင်း၊ မေထုန်ငယ်ခုနှစ်ပါးကြောင့် လည်းကောင်း၊ သီလကျိုးပြတ် ခြင်း၊ ပေါက်ခြင်း၊ ကျားခြင်း၊ ပြောက်ခြင်း အစရှိသည်တို့သည် သီလ၏ညစ် နွမ်းကြောင်း ဖြစ်ပါသည်။
အဆိုပါအကြောင်းတို့ကြောင့် သီလ၏မကျိုးပြတ်ခြင်း၊ မပေါက်ခြင်း၊ မကျားခြင်း၊ မပြောက်ကွက်ခြင်း အစရှိသည်တို့သည် သီလ၏ဖြူစင်ကြောင်း ဖြစ်ပါသည်ဟု မိန့်ကြားတော် မူခဲ့ပါသည်။
ဆက်လက်၍ မေထုန်ငယ်(၇)ပါးနှင့် ယှဉ်ခြင်းကြောင့် သီလညစ်နွမ်းခြင်း အကြောင်းကိုလည်း အကျယ်တ၀င့် ဟောကြားပေးတော်မူခဲ့ပါသည်။
ရဟန်း၊ သံဃာတော်များသည် မိမိတို့၏သီလကို မြတ်မြတ်နိုးနိုး စောင့်ထိန်း ရမည် ဖြစ်ပါသည်။ ထိုသို့စောင့်ထိန်းနိုင်ရန်မှာလည်း သဒ္ဓါတရား ထက်သန်မှ ဖြစ်ပါမည်။
ဒကာ၊ ဒကာမများအနေဖြင့်လည်း ရဟန်း၊သံဃာတော်များ သီလ စောင့်ထိန်းနိုင်ရန်ု စောင့်ရှောက်ပေးနေခြင်း သည်ပင်လျှင် သာသနာတော် ကြီး အဓွန့်ရှည်ကြာစေရန် စောင့်ရှောက်ပေးနေခြင်း ဖြစ်ပါသည်ဟု ဟောကြားတော် မူခဲ့ပါသည်။
336 total views, 3 views today