သဟဇာတာဓိပတိ-၂  file ( 5 of 6 ) zawgyi

(င-၁)   ၀ီရိယႏွင့္ ဆႏၵသည္ ကုသိုလ္၊ အကုသိုလ္ မဟုတ္ပါ၊  ကုသိုလ္ႏွင့္ေပါင္းပါက ကုသိုလ္သတၱိတိုးၿပီး  အကုသိုလ္ႏွင့္ ေပါင္းမိပါက အကုသိုလ္တန္ခိုးတိုး၏။

(င-၂)   ေဟတုပစၥည္း၌ ေလာဘပါၿပီး၊ အဓိပတိပစၥည္း၌မူ ဆႏၵပါသည္။ ေလာဘက အကုသိုလ္ႏွင့္သာေပါင္းၿပီး ကုသိုလ္ႏွင့္ မေပါင္းပါ။ ဆႏၵက ကုသိုလ္ အကုသိုလ္ႏွင့္ ေပါင္းႏိုင္သည္။ ဟိတ္ေျခာက္ပါးတြင္ အဓိပတိရသည့္ တရားဟူ၍ အေမာဟဉာဏ္ တစ္ပါးသာရ၏။ က်န္ႏွစ္ပါးျဖစ္သည့္ အေလာဘ၊ အေဒါသဟိတ္တို႔ကလည္း အေမာဟဉာဏ္ႏွင့္ ေပါင္းမွသာ အားေကာင္း၏။

(င-၃)   သတိျပဳစရာရွိလာသည္မွာ အဓိပတိပစၥည္းထိုက္သည့္ တရားေလးပါးလံုး အကုသိုလ္ေစတသိက္ထဲ မပါ၀င္ေပ။

 

သဟဇာတာဓိပတိ

အာ႐ံုအားျဖင့္ လြန္ကဲစြာ အစိုးရသည့္ သဟဇာတာဓိပတိပစၥည္းျဖင့္ ေက်းဇူးျပဳျခင္း ဟူသည္ –

 

၀ိပါကာဗ်ာကတ ကိရိယာဗ်ာကတာဓိပတိ သမၸယုတၱကာနံ ခႏၶာနံ စိတၱသမု႒ာနာနဥၥ ႐ူပါနံ အဓိပတိပစၥေယန ပစၥေယာ။

၀ိပါက္အဗ်ာကတ ကိရိယာအဗ်ာကတျဖစ္ေသာ အဓိပတိသည္ အတူယွဥ္တဲြ၍ျဖစ္ေသာ ေ၀ဒနကၡႏၶာ၊ သညကၡႏၶာ သခၤါရကၡႏၶာႏွင့္ ၀ိညာဏကၡႏၶာ ဟူေသာ နာမ္ခႏၶာတို႔အား လည္းေကာင္း၊ ထိုစိတ္ တို႔ေၾကာင့္ျဖစ္ေသာ စိတၱဇ႐ုပ္တို႔အားလည္းေကာင္း အဓိပတိပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

 

အဗ်ာကေတာ ဓေမၼာ ကုသလႆ ဓမၼႆ အဓိပတိပစၥေယန ပစၥေယာ။ (ဗ်ာ၊ ကု-၂)

အဗ်ာကတတရားသည္ ကုသိုလ္တရားအား အဓိပတိ ပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

 

အာရမၼဏာဓိပတိ

အာ႐ံုအားျဖင့္ လြန္ကဲစြာအစိုးရသည့္ အာရမၼဏာဓိပတိပစၥည္းျဖင့္ ေက်းဇူးျပဳျခင္းဟူသည္ –

ေသကၡာ ဖလံ ဂ႐ုံ ကတြာ ပစၥေ၀ကၡႏၲိ။ နိဗၺာနံ ဂ႐ုံ ကတြာ ပစၥေ၀ကၡႏၲိ။

က်င့္ဆဲ ေသာတာပန္၊ သကဒါဂါမ္၊ အနာဂါမ္ အရိယာ ေသကၡာပုဂၢိဳလ္တို႔သည္ မိမိတို႔ဆိုင္ရာ ေသာတာ ပတၱိဖိုလ္၊ သကဒါဂါမိဖိုလ္၊ အနာဂါမိဖိုလ္ ေအာက္ဖိုလ္ကို အေလးအျမတ္ ဂ႐ုတစိုက္ အာ႐ုံျပဳ၍ ဆင္ျခင္၏။ နိဗၺာန္ကို အေလးအျမတ္ ဂ႐ုတစိုက္ အာ႐ုံျပဳ၍ ဆင္ျခင္၏။ 

(င-၄)   ထို႕ေၾကာင့္ ဆႏၵလည္း ေကာင္းတာရွိႏိုင္သကဲ့သို႔ မေကာင္းတာလည္း ရွိႏိုင္သည္။ ၀ီရိယလည္း ေကာင္းတာ ရွိႏိုင္သကဲ့သို႔ မေကာင္းတာလည္း ရွိႏိုင္သည္။ စိတ္လည္း ေကာင္းတာရွိႏိုင္သကဲ့သို႔ မေကာင္းတာလည္း ရွိႏိုင္သည္။ ၀ီမံသပညာကမူ အကုသိုလ္ဘက္၌ မရွိပါ။ ကုသိုလ္ဘက္တြင္သာ ရွိသည္။

(င-၅)   ၀ိပႆနာတရားကို အားထုတ္သည့္ေယာဂီက ကိေလသာကိုပယ္သတ္လိုၿပီး မဂ္ဉာဏ္ ဖိုလ္ဉာဏ္ကို မ်က္ ေမွာက္ျပဳလိုပါက ဆႏၵသာအဓိပတိထိုက္ပါက ျဖစ္ပါသည္။ ၀ီရိယသာ အဓိပတိထိုက္ပါက ျဖစ္ပါသည္။ ပညာသာ အဓိပတိထိုက္ပါက ျဖစ္ပါသည္။ စိတၱသာအဓိပတိထိုက္ပါက ျဖစ္ပါသည္။

(င-၆)   ဆႏၵ၏သေဘာကို ျပဳလိုကာမတၱဟူ၍လည္း ဖြင့္ဆိုၾကပါသည္။ ပမာျပရေသာ္ ”ဘုရားမွာေရႊထီး လွဴခ်င္တယ္” ဟူေသာဆႏၵ ျဖစ္ေပၚလာ၏၊ မလွဴျဖစ္ေသးပါ။ ျပဳလိုကာမတၱဟု ေခၚႏိုင္သည္။ ၎မွာ ႐ိုး႐ိုး ဆႏၵျဖစ္သည္။ အဓိပတိတပ္သည့္ဆႏၵမွာ သဗၺညဳတဉာဏ္ေတာ္ႀကီးကို ရရွိမည္ဆိုလွ်င္ ေျခလက္အဂၤါသာမက အသက္ပါစြန္႔ လွ်င္စြန႔္ရပါေစ စြန္႔၀ံ့သည္။  

(င-၇)   ၀ီရိယာဓိပတိ၌လည္း ႐ိုး႐ိုး၀ီရိယႏွင့္ အဓိပတိထိုက္သည့္၀ီရိယဟူ၍ ႏွစ္မ်ဳိးရွိ၏။ အဓိပတိထိုက္သည့္ ၀ီရိယ သည္ တန္ခိုးႀကီး၏၊ ခိုင္ခံ့၏၊ မေပ်ာက္ပ်က္လြယ္ေပ။ အဓိပတိထိုက္သည့္၀ီရိယေၾကာင့္ ေမာသည္၊ ပင္ပန္း သည္ဟူ၍ မရွိေတာ့ေပ။ မျဖစ္ႏိုင္ဘူးဟူ၍ မရွိေတာ့ေပ။ အသက္ေသႏိုင္သည္ကိုလည္း မငဲ့ကြက္ ေတာ့ေပ။

 

နိဗၺာနံ ေဂါၾတဘုႆ၊ ေ၀ါဒါနႆ၊ မဂၢႆ အဓိပတိပစၥေယန ပစၥေယာ။

နိဗၺာန္သည္ ေသာတာပတၱိမဂ္၏ ေရွ႕၌ျဖစ္ေသာ ေဂါၾတဘူစိတ္အားလည္းေကာင္း၊ မဂ္၏ ေရွ႕၌ျဖစ္ၿပီး ကိေလသာမွ ျဖဴစင္ေသာ ေ၀ါဒါန္စိတ္အားလည္းေကာင္း၊ မဂ္စိတ္အား လည္းေကာင္း၊ အဓိပတိပစၥယ သတၱိျဖင့္ ေက်းဇူးျပဳ၏။

 

အဗ်ာကေတာ ဓေမၼာ အကုသလႆ ဓမၼႆ အဓိပတိပစၥေယန ပစၥေယာ။  (၃)

အဗ်ာကတတရားသည္ အကုသိုလ္တရားအား အဓိပတိပစၥယသတၱိျဖင့္  ေက်းဇူးျပဳ၏။ 

 

အာရမၼဏာဓိပတိ စကၡဳံ ဂ႐ုံ ကတြာ အႆာေဒတိ အဘိနႏၵတိ၊ တံ ဂ႐ုံ ကတြာ ရာေဂါ ဥပၸဇၨတိ၊ ဒိ႒ိ ဥပၸဇၨတိ။

အာ႐ံုအားျဖင့္ လြန္ကဲေသာအစိုးရျခင္းဟူေသာ အာရမၼဏာဓိပတိျဖင့္ ေက်းဇူးျပဳသည္မွာ မ်က္စိ အၾကည္ကို အေလးအျမတ္ အာ႐ုံျပဳ၍ အႆာေဒတိ သာယာျမတ္ႏိုး၏၊ အဘိနႏၵတိ အလြန္ ႏွစ္သက္၏၊ ထိုသို႔ သာယာ ျမတ္ႏိုး ႏွစ္သက္မႈကို အာ႐ုံျပဳ၍ စြဲလမ္းကပ္ၿငိမႈရာဂ ျဖစ္ေပၚလာ၏။ အယူလြဲမွားမႈဒိ႒ိ ျဖစ္ေပၚလာ၏။

 

ဘုရားအေလာင္းေတာ္ ဇနကမင္းသား၏ အဓိပတိထိုက္သည့္ လံု႔လ၀ီရိယ

မဟာဇနကဇာတ္ေတာ္၌ ဘုရားအေလာင္းေတာ္ ဇနကမင္းသား၏ ခမည္းေတာ္ကို ဘေထြးေတာ္က စစ္ပဲြ ဆင္ႏဲြၿပီး မိထိလာျပည္ကို အရယူသြားေတာ့သည္။ ဘုရားအေလာင္းေတာ္ ကိုယ္၀န္လြယ္ထားသည့္ မိဖုရားေခါင္ ႀကီးသည္ ကိုယ္လြတ္ ထြက္ေျပးလြတ္ေျမာက္ခဲ့သည္။ သားကေလး ဖြားျမင္လာေသာအခါ မင္းသားငယ္၏ အဖိုးအမည္ ျဖစ္သည့္ ဇနကမင္းသားဟု မွည့္ေခၚ၏။ အရြယ္ေရာက္လာေသာအခါ ဖခင္အစစ္အမွန္ကို ဖံုးကြယ္ထား၍ မျဖစ္ ေတာ့သည့္တစ္ေန႔ မယ္ေတာ္ႀကီးက ျဖစ္ေၾကာင္းကုန္စဥ္ကို ေျပာျပ၏။ ဇနကမင္းသားကေလးက အဖ၏တိုင္းျပည္ကို ျပန္လည္ရယူႏိုင္ရန္ စီမံရာတြင္ ဥစၥာဘ႑ာကို ဦးစြာစုေဆာင္းရမည္ဟု ဆံုးျဖတ္ပါသည္။ မယ္ေတာ့ထံမွ ဥစၥာေငြေၾကး အခ်ဳိ႕ကို အရင္းအႏွီးအျဖစ္ယူၿပီး မယ္ေတာ္ႀကီး အတန္တန္ တားသည့္ၾကားကပင္ ကုန္ကူးသန္းရန္အတြက္ သု၀ဏၰ ဘူမိသို႔ ရြက္သေဘၤာျဖင့္ ထြက္ခြာလာ၏။ ပင္လယ္ျပင္တြင္ ေလမုန္းတိုင္းမိသျဖင့္ သေဘၤာပ်က္ေလသည္။ ထိုအခါ မင္းသားသည္ သေဘၤာရြက္တိုင္ထိပ္သို႔တက္ကာ တစ္ကိုယ္လံုးေထာပတ္ဆီမ်ား သုတ္လိမ္းၿပီး  သေဘၤာႏွင့္ အေ၀းဆံုး ေရာက္ေအာင္ ခုန္ခ်ပါေတာ့သည္။

ပင္လယ္ျပင္တြင္ မည္သည့္အစာမွ မစားရေသာ္လည္း ဥပုသ္ေန႔၌ ဥပုသ္ေစာင့္ေတာ္မူေသးသည္။ မင္းသား သည္ လံု႕လ၀ီရိယမေလ်ာ့ခ်ဘဲ ခုႏွစ္ရက္ပတ္လံုး မိထိလာျပည္သို႔ ရည္မွန္းကာ ကူးခတ္ေနေတာ့၏။ ခုႏွစ္ရက္ျပည့္ေသာ ေန႔တြင္ မဏိေမခလာနတ္သမီးက ကယ္တင္ၿပီး မင္းသားရည္မွန္းထားရာ မိထိလာျပည္သို႔ ပို႕ေဆာင္ ေပးပါသည္။ထိုကာလ၌ ဘေထြးေတာ္မင္းတရားႀကီး နတ္ရြာစံၿပီးခ်ိန္ျဖစ္သျဖင့္ စစ္မတိုက္ရဘဲ ဘုရင္အျဖစ္ကို ေရာက္ေတာ္မူ၏။ အေလာင္းေတာ္၏ ၀ီရိယသည္ ထက္သန္သျဖင့္ အတူျဖစ္ဖက္ နာမ္တရားမ်ားႏွင့္ စိတၱဇ႐ုပ္မ်ား လည္း ၀ီရိယ၏ အလိုအတိုင္း လိုက္ပါေပးရေတာ့သည္။ အတြင္းအဇၥ်တၱသႏၲာန္မွ နာမ္တရား အႀကီးအမွဴးျဖစ္သည့္ ၀ီရိယ ဦးေဆာင္ ရာသို႔ ဆႏၵ၊ စိတၱ၊ ၀ီမံသတို႔သည္လည္း ရည္မွန္းရာ ပန္းတိုင္စီသို႔ ပို႕ေဆာင္ေပသည္။

ေသာတံ။ ဃာနံ။ ဇိ၀ွံ။ ကာယံ။ ႐ူေပ။ သေဒၵ။ ဂေႏၶ။ ရေသ။ ေဖာ႒ေဗၺ။ ၀တၳဳံ။ ၀ိပါကာဗ်ာကေတ ကိရိယာဗ်ာကေတ ခေႏၶ ဂ႐ုံ ကတြာ အႆာေဒတိ အဘိနႏၵတိ၊ တံ ဂ႐ုံ ကတြာ ရာေဂါ ဥပၸဇၨတိ၊ ဒိ႒ိ ဥပၸဇၨတိ။

နားအၾကည္၊ ႏွာေခါင္းအၾကည္၊ လွ်ာအၾကည္၊ ကိုယ္အၾကည္၊ အဆင္း၊ အသံ၊ အန႔ံ၊ အရသာ၊ အထိအေတြ႕၊ ႏွလုံးသားတည္ရာ၀တၳဳ၊ ၀ိပါက္ အဗ်ာကတ၊ ကိရိယာ အဗ်ာကတတို႕ႏွင့္အတူ ျဖစ္ကုန္ေသာ နာမ္ခႏၶာတို႔ကို အေလးအျမတ္ အာ႐ုံျပဳ၍ အႆာေဒတိ သာယာျမတ္ႏိုး၏၊ အဘိနႏၵတိ အလြန္ ႏွစ္သက္၏၊ ထိုသို႔ သာယာ ျမတ္ႏိုး ႏွစ္သက္မႈကို အေလးအျမတ္ အာ႐ုံျပဳ၍ စြဲလမ္း ကပ္ၿငိမႈရာဂ ျဖစ္ေပၚလာ၏။ အယူလြဲမွားမႈဒိ႒ိ ျဖစ္ေပၚလာ၏။

 

 

 

သဟဇာတာဓိပတိ-၂ file ( 5 of 6 ) ( Pyidaungsu – Unicode)

(င-၁) ဝီရိယနှင့် ဆန္ဒသည် ကုသိုလ်၊ အကုသိုလ် မဟုတ်ပါ၊ ကုသိုလ်နှင့်ပေါင်းပါက ကုသိုလ်သတ္တိတိုးပြီး အကုသိုလ်နှင့် ပေါင်းမိပါက အကုသိုလ်တန်ခိုးတိုး၏။

(င-၂) ဟေတုပစ္စည်း၌ လောဘပါပြီး၊ အဓိပတိပစ္စည်း၌မူ ဆန္ဒပါသည်။ လောဘက အကုသိုလ်နှင့်သာပေါင်းပြီး ကုသိုလ်နှင့် မပေါင်းပါ။ ဆန္ဒက ကုသိုလ် အကုသိုလ်နှင့် ပေါင်းနိုင်သည်။ ဟိတ်ခြောက်ပါးတွင် အဓိပတိရသည့် တရားဟူ၍ အမောဟဉာဏ် တစ်ပါးသာရ၏။ ကျန်နှစ်ပါးဖြစ်သည့် အလောဘ၊ အဒေါသဟိတ်တို့ကလည်း အမောဟဉာဏ်နှင့် ပေါင်းမှသာ အားကောင်း၏။

(င-၃) သတိပြုစရာရှိလာသည်မှာ အဓိပတိပစ္စည်းထိုက်သည့် တရားလေးပါးလုံး အကုသိုလ်စေတသိက်ထဲ မပါဝင်ပေ။

သဟဇာတာဓိပတိ

အာရုံအားဖြင့် လွန်ကဲစွာ အစိုးရသည့် သဟဇာတာဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ဟူသည် –

ဝိပါကာဗျာကတ ကိရိယာဗျာကတာဓိပတိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။

ဝိပါက်အဗျာကတ ကိရိယာအဗျာကတဖြစ်သော အဓိပတိသည် အတူယှဉ်တွဲ၍ဖြစ်သော ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာ ဟူသော နာမ်ခန္ဓာတို့အား လည်းကောင်း၊ ထိုစိတ် တို့ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း အဓိပတိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (ဗျာ၊ ကု-၂)

အဗျာကတတရားသည် ကုသိုလ်တရားအား အဓိပတိ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

အာရမ္မဏာဓိပတိ

အာရုံအားဖြင့် လွန်ကဲစွာအစိုးရသည့် အာရမ္မဏာဓိပတိပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟူသည် –

သေက္ခာ ဖလံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။ နိဗ္ဗာနံ ဂရုံ ကတွာ ပစ္စဝေက္ခန္တိ။

ကျင့်ဆဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် အရိယာ သေက္ခာပုဂ္ဂိုလ်တို့သည် မိမိတို့ဆိုင်ရာ သောတာ ပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် အောက်ဖိုလ်ကို အလေးအမြတ် ဂရုတစိုက် အာရုံပြု၍ ဆင်ခြင်၏။ နိဗ္ဗာန်ကို အလေးအမြတ် ဂရုတစိုက် အာရုံပြု၍ ဆင်ခြင်၏။

(င-၄) ထို့ကြောင့် ဆန္ဒလည်း ကောင်းတာရှိနိုင်သကဲ့သို့ မကောင်းတာလည်း ရှိနိုင်သည်။ ဝီရိယလည်း ကောင်းတာ ရှိနိုင်သကဲ့သို့ မကောင်းတာလည်း ရှိနိုင်သည်။ စိတ်လည်း ကောင်းတာရှိနိုင်သကဲ့သို့ မကောင်းတာလည်း ရှိနိုင်သည်။ ဝီမံသပညာကမူ အကုသိုလ်ဘက်၌ မရှိပါ။ ကုသိုလ်ဘက်တွင်သာ ရှိသည်။

(င-၅) ဝိပဿနာတရားကို အားထုတ်သည့်ယောဂီက ကိလေသာကိုပယ်သတ်လိုပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မျက် မှောက်ပြုလိုပါက ဆန္ဒသာအဓိပတိထိုက်ပါက ဖြစ်ပါသည်။ ဝီရိယသာ အဓိပတိထိုက်ပါက ဖြစ်ပါသည်။ ပညာသာ အဓိပတိထိုက်ပါက ဖြစ်ပါသည်။ စိတ္တသာအဓိပတိထိုက်ပါက ဖြစ်ပါသည်။

(င-၆) ဆန္ဒ၏သဘောကို ပြုလိုကာမတ္တဟူ၍လည်း ဖွင့်ဆိုကြပါသည်။ ပမာပြရသော် ”ဘုရားမှာရွှေထီး လှူချင်တယ်” ဟူသောဆန္ဒ ဖြစ်ပေါ်လာ၏၊ မလှူဖြစ်သေးပါ။ ပြုလိုကာမတ္တဟု ခေါ်နိုင်သည်။ ၎င်းမှာ ရိုးရိုး ဆန္ဒဖြစ်သည်။ အဓိပတိတပ်သည့်ဆန္ဒမှာ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိမည်ဆိုလျှင် ခြေလက်အင်္ဂါသာမက အသက်ပါစွန့် လျှင်စွန့်ရပါစေ စွန့်ဝံ့သည်။

(င-၇) ဝီရိယာဓိပတိ၌လည်း ရိုးရိုးဝီရိယနှင့် အဓိပတိထိုက်သည့်ဝီရိယဟူ၍ နှစ်မျိုးရှိ၏။ အဓိပတိထိုက်သည့် ဝီရိယ သည် တန်ခိုးကြီး၏၊ ခိုင်ခံ့၏၊ မပျောက်ပျက်လွယ်ပေ။ အဓိပတိထိုက်သည့်ဝီရိယကြောင့် မောသည်၊ ပင်ပန်း သည်ဟူ၍ မရှိတော့ပေ။ မဖြစ်နိုင်ဘူးဟူ၍ မရှိတော့ပေ။ အသက်သေနိုင်သည်ကိုလည်း မငဲ့ကွက် တော့ပေ။

နိဗ္ဗာနံ ဂေါတြဘုဿ၊ ဝေါဒါနဿ၊ မဂ္ဂဿ အဓိပတိပစ္စယေန ပစ္စယော။

နိဗ္ဗာန်သည် သောတာပတ္တိမဂ်၏ ရှေ့၌ဖြစ်သော ဂေါတြဘူစိတ်အားလည်းကောင်း၊ မဂ်၏ ရှေ့၌ဖြစ်ပြီး ကိလေသာမှ ဖြူစင်သော ဝေါဒါန်စိတ်အားလည်းကောင်း၊ မဂ်စိတ်အား လည်းကောင်း၊ အဓိပတိပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။

အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ အဓိပတိပစ္စယေန ပစ္စယော။ (၃)

အဗျာကတတရားသည် အကုသိုလ်တရားအား အဓိပတိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

အာရမ္မဏာဓိပတိ စက္ခုံ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။

အာရုံအားဖြင့် လွန်ကဲသောအစိုးရခြင်းဟူသော အာရမ္မဏာဓိပတိဖြင့် ကျေးဇူးပြုသည်မှာ မျက်စိ အကြည်ကို အလေးအမြတ် အာရုံပြု၍ အဿာဒေတိ သာယာမြတ်နိုး၏၊ အဘိနန္ဒတိ အလွန် နှစ်သက်၏၊ ထိုသို့ သာယာ မြတ်နိုး နှစ်သက်မှုကို အာရုံပြု၍ စွဲလမ်းကပ်ငြိမှုရာဂ ဖြစ်ပေါ်လာ၏။ အယူလွဲမှားမှုဒိဋ္ဌိ ဖြစ်ပေါ်လာ၏။

ဘုရားအလောင်းတော် ဇနကမင်းသား၏ အဓိပတိထိုက်သည့် လုံ့လဝီရိယ

မဟာဇနကဇာတ်တော်၌ ဘုရားအလောင်းတော် ဇနကမင်းသား၏ ခမည်းတော်ကို ဘထွေးတော်က စစ်ပွဲ ဆင်နွဲပြီး မိထိလာပြည်ကို အရယူသွားတော့သည်။ ဘုရားအလောင်းတော် ကိုယ်ဝန်လွယ်ထားသည့် မိဖုရားခေါင် ကြီးသည် ကိုယ်လွတ် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သားကလေး ဖွားမြင်လာသောအခါ မင်းသားငယ်၏ အဖိုးအမည် ဖြစ်သည့် ဇနကမင်းသားဟု မှည့်ခေါ်၏။ အရွယ်ရောက်လာသောအခါ ဖခင်အစစ်အမှန်ကို ဖုံးကွယ်ထား၍ မဖြစ် တော့သည့်တစ်နေ့ မယ်တော်ကြီးက ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြ၏။ ဇနကမင်းသားကလေးက အဖ၏တိုင်းပြည်ကို ပြန်လည်ရယူနိုင်ရန် စီမံရာတွင် ဥစ္စာဘဏ္ဍာကို ဦးစွာစုဆောင်းရမည်ဟု ဆုံးဖြတ်ပါသည်။ မယ်တော့ထံမှ ဥစ္စာငွေကြေး အချို့ကို အရင်းအနှီးအဖြစ်ယူပြီး မယ်တော်ကြီး အတန်တန် တားသည့်ကြားကပင် ကုန်ကူးသန်းရန်အတွက် သုဝဏ္ဏ ဘူမိသို့ ရွက်သင်္ဘောဖြင့် ထွက်ခွာလာ၏။ ပင်လယ်ပြင်တွင် လေမုန်းတိုင်းမိသဖြင့် သင်္ဘောပျက်လေသည်။ ထိုအခါ မင်းသားသည် သင်္ဘောရွက်တိုင်ထိပ်သို့တက်ကာ တစ်ကိုယ်လုံးထောပတ်ဆီများ သုတ်လိမ်းပြီး သင်္ဘောနှင့် အဝေးဆုံး ရောက်အောင် ခုန်ချပါတော့သည်။


ပင်လယ်ပြင်တွင် မည်သည့်အစာမှ မစားရသော်လည်း ဥပုသ်နေ့၌ ဥပုသ်စောင့်တော်မူသေးသည်။ မင်းသား သည် လုံ့လဝီရိယမလျော့ချဘဲ ခုနှစ်ရက်ပတ်လုံး မိထိလာပြည်သို့ ရည်မှန်းကာ ကူးခတ်နေတော့၏။ ခုနှစ်ရက်ပြည့်သော နေ့တွင် မဏိမေခလာနတ်သမီးက ကယ်တင်ပြီး မင်းသားရည်မှန်းထားရာ မိထိလာပြည်သို့ ပို့ဆောင် ပေးပါသည်။ထိုကာလ၌ ဘထွေးတော်မင်းတရားကြီး နတ်ရွာစံပြီးချိန်ဖြစ်သဖြင့် စစ်မတိုက်ရဘဲ ဘုရင်အဖြစ်ကို ရောက်တော်မူ၏။ အလောင်းတော်၏ ဝီရိယသည် ထက်သန်သဖြင့် အတူဖြစ်ဖက် နာမ်တရားများနှင့် စိတ္တဇရုပ်များ လည်း ဝီရိယ၏ အလိုအတိုင်း လိုက်ပါပေးရတော့သည်။ အတွင်းအဇ္ဈတ္တသန္တာန်မှ နာမ်တရား အကြီးအမှူးဖြစ်သည့် ဝီရိယ ဦးဆောင် ရာသို့ ဆန္ဒ၊ စိတ္တ၊ ဝီမံသတို့သည်လည်း ရည်မှန်းရာ ပန်းတိုင်စီသို့ ပို့ဆောင်ပေသည်။

 

သောတံ။ ဃာနံ။ ဇိဝှံ။ ကာယံ။ ရူပေ။ သဒ္ဒေ။ ဂန္ဓေ။ ရသေ။ ဖောဋ္ဌဗ္ဗေ။ ဝတ္ထုံ။ ဝိပါကာဗျာကတေ ကိရိယာဗျာကတေ ခန္ဓေ ဂရုံ ကတွာ အဿာဒေတိ အဘိနန္ဒတိ၊ တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ။

နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ နှလုံးသားတည်ရာဝတ္ထု၊ ဝိပါက် အဗျာကတ၊ ကိရိယာ အဗျာကတတို့နှင့်အတူ ဖြစ်ကုန်သော နာမ်ခန္ဓာတို့ကို အလေးအမြတ် အာရုံပြု၍ အဿာဒေတိ သာယာမြတ်နိုး၏၊ အဘိနန္ဒတိ အလွန် နှစ်သက်၏၊ ထိုသို့ သာယာ မြတ်နိုး နှစ်သက်မှုကို အလေးအမြတ် အာရုံပြု၍ စွဲလမ်း ကပ်ငြိမှုရာဂ ဖြစ်ပေါ်လာ၏။ အယူလွဲမှားမှုဒိဋ္ဌိ ဖြစ်ပေါ်လာ၏။

 

 9 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *