၄- အနႏၲရပစၥေယာ  Anantara Paccaya (Proximity condition) (4 of 7)

စိတ္တစ္ခု၏ သက္တမ္း၊ ဘ၀င္စိတ္ႏွင့္၀ီထိစိတ္အစဥ္ zawgyi

 

စိတ္တစ္ခု၏ သက္တမ္း

(ခ-၁)   စိတ္တစ္ခု၏ အသက္မွာ ဥပါဒ္၊ ဌီ၊ ဘင္ (ျဖစ္တည္ပ်က္)ဟူေသာ ခဏငယ္သံုးခ်က္ရွိသည္။ ခဏငယ္သံုးခ်က္ကို စိတၱခဏ ၁-ခ်က္ဟု ေခၚသည္။ ၁-၀ီထိ၌ စိတၱခဏ ၁၇-ခ်က္ရွိသည္။ စိတၱခဏ ၁၇-ခ်က္ကာ လၾကာသည့္တိုင္ ျဖစ္ေနေသာ စိတ္ျဖစ္စဥ္ ဓမၼသဘာ၀ႀကီးကို  တစ္၀ီထိဟု ေခၚေလသည္။

(ခ-၂)   ဤစိတ္ျဖစ္စဥ္  Mental process သည္ အလြန္တိက်ၿပီး တစ္ခုကို၊ တစ္ခု ေက်ာ္သြား႐ိုးမရွိပါေပ။ လက္ဖ်စ္ ၁-တြက္၊ မ်က္စိ ၁-မွိတ္ တဒဂၤ တစ္ခဏ ကာလတိုအတြင္း၌ စိတၱခဏေပါင္းကုေဋ ၁-သိန္း(10 12 ) ရွိ၏။ ထို႕ေၾကာင့္ စိတ္တစ္ခု၏အသက္ (1/10 12)=0.000000000001  စကၠန္႕ရွိသည္။

(ခ-၃)   လက္ဖ်စ္ ၁တြက္၊မ်က္စိ ၁-မွိတ္ တဒဂၤ တစ္ခဏ ကာလတိုကို နားလည္လြယ္ေစရန္ ၁-စကၠန္႕ဟု ယူထား သည္။ အမွန္တကယ္တြင္မူ လက္ဖ်စ္ ၁-တြက္ ကာလသည္ ၁-စကၠန္႕ထက္ပင္ တိုေတာင္းေသာ အခ်ိန္   ျဖစ္ေပသည္။ ၀ီထိ ၂-မ်ဳိးရွိသည္။ (က)ပဥၥဒြါရ၀ီထိ (ခ)မေနာဒြါရ၀ီထိတို႕ ျဖစ္ပါသည္။

ဘ၀င္စိတ္ႏွင့္ ၀ီထိစိတ္အစဥ္

(ခ-၄) သတၱ၀ါတို႔၏ သႏၲာန္၌ အဆင္း၊အသံ၊ အနံ႕စသည့္အာ႐ံုတစ္ခုခုျဖင့္မႀကံဳဆံုရဘဲ အိပ္ေပ်ာ္ေန သကဲ့သို႕ ျဖစ္ေနသည့္ နာမ္တရားတို႕ကို ဘ၀င္စိတ္ Life continuum  အိမ္ရွင္စိတ္ဟုေခၚ၏။

(ခ-၅) ဘ၀င္စိတ္မ်ား စဥ္ဆက္မျပတ္ တရစပ္ျဖစ္ေနရာမွသည္ အဆင္း အသံ စသည့္ အာ႐ုံတစ္ပါးပါး ကရုိက္ခတ္လာပါကဘ၀င္စိတ္ကို လာထိပါသည္။ အာ႐ံုဆံုကာ ထိထိခ်င္း မသိနိုင္ေသးပါ ဘ၀င္စိတ္ အစဥ္က အလြန္ႀကီးမားသည့္ အရွိန္အဟုန္ျဖင့္  မရပ္မနားတရစပ္ ျဖစ္ေနသျဖင့္ထို စိတ္အစဥ္ႀကီးကို ရပ္၍ မရေသးသျဖင့္ ဘ၀င္တစ္ခုခန္႕ အနည္းဆံုး အရွိန္လြန္သြားပါသည္။

(ခ-၆) ထိုအရွိန္လြန္သြားသည့္ ဘ၀င္စိတ္ကို (၁) အတီတဘ၀င္ ဟုေခၚပါသည္။ ထို႕ေနာက္ ဘ၀င္အစဥ္ လႈပ္သြားသည့္ ဘ၀င္စိတ္ကို (၂)ဘ၀ဂၤစလနဟု ေခၚပါသည္။ ဘ၀င္ အစဥ္ ရပ္သြားသည့္ဘ၀င္စိတ္ကို (၃)ဘ၀ဂၤုပေစၦဒဟုေခၚပါသည္။ ထို႕ေနာက္ အဆင္းအာ႐ံုကို ဆင္ျခင္သည့္ (၄) ပဥၥဒြါရာ၀ဇၨန္းစိတ္ ျဖစ္လာပါသည္။ အဆင္း အာ႐ံုကို သိသည့္ျမင္ သိိစိတ္ (၅) စကၡဳ၀ိညာဏ္ စိတ္ျဖစ္လာသည္။ ျမင္သိစိတ္ ျဖစ္ၿပီးေနာက္ အာ႐ံုကို လက္ခံသည့္ (၆)သမၸဋိစၦိဳန္းစိတ္။ အာ႐ံုကိုု စူးစမ္းသည့္(၇)သႏၲီရဏ    စိတ္၊ အာ႐ံုကုိ ဆံုးျဖတ္သည့္(၈) ၀ုေ႒ာစိတ္တို႕ ျဖစ္ၾကသည္။

(ခ-၇) ထို႕ေနာက္ ၀ုေ႒ာ၏ အဆံုးအျဖတ္အတိုင္း အေကာင္းအဆိုး ခြဲျခားကာ ခံစားသည့္ ေဇာစိတ္ ၇-ႀကိမ္ ဆက္၍ ျဖစ္သည္။ ထို႕ေနာက္ အာ႐ံုကို အာသာမေျပႏိုင္ေသးသည့္ သေဘာျဖင့္ တဒါ႐ံုစိတ္ ၂-ႀကိမ္ ျဖစ္ပါသည္။ အတီတဘ၀င္က စတင္ၿပီး ဒုတိယ တဒါ႐ံုအဆံုးအထိ စိတ္အေရအတြက္ ၁၇-လံုးျပည့္ေသာအခါ သိစိတ္ျဖစ္စဥ္တစ္ခု ၿပီးဆံုးေလသည္။

 

အာရံု၏ ထင္ရွားမွဳ၊ မထင္ရွားမွဳအလိုက္ ၀ီထိအစဥ္

(ခ-၈) အာရံုထင္ရွားမွဳ၊ မထင္ရွားမွဳအလိုက္ ၀ီထိျဖစ္စဥ္ကို အတိမဟႏၲာရံု၊ မဟႏၲာရံု  စသည္တို႕ကိုလည္း သိထားရပါမည္။ ၁။အတိမဟႏၲာရံု=ထင္ရွားအားႀကီးသည့္ အာရံု-၅ ပါးဥပါဒ္ၿပီးေနာက္ စိတၱခဏ တစ္ခ်က္ အလြန္တြင္ဒြြါရ၌ ထင္လာ၏။ အလြန္မ်ားေသာ ၀ီထိ စိတၱဳပါဒ္ရွိ၏။

၂။       မဟႏၲာရံု  = သင့္ရံုထင္ရွားအားႀကီးေသာ အာရံု ၅-ပါးဥပါဒ္ၿပီးေနာက္ စိတၱခဏႏွစ္ခ်က္ သို႔မဟုတ္ သံုးခ်က္အလြန္တြင္ ဒြါရ၌ထင္လာ၏။ မ်ားေသာ ၀ီထိစိတၱဳပါဒ္ရွိ၏။

၃။       ပရိတၱာရံု= မထင္ရွားမသိသာသည့္ အားနည္းလွေသာ အာရံု၅ပါး ဥပါဒ္ၿပီးေနာက္ စိတၱခဏေလး     ခ်က္မွ-၉ ခ်က္အလြန္တြင္ ဒြါရ၌ထင္လာ၏။ နည္းေသာ စိတၱဳပါဒ္အေရအတြက္ ရွိ၏။

၄။       အတိပရိတၱာရံု= အလြန္တရာ မထင္ရွား မသိသာသည့္ အားနည္းလွေသာအာရံု ၅ပါး ဥပါဒ္ၿပီးေနာက္

စိတၱခဏဆယ္ခ်က္မွ-၁၅ ခ်က္ အလြန္တြင္ ဒြါရ၌ထင္လာ၏။ အလြန္နည္းေသာ ၀ီထိ  စိတၱဳပၸါဒ္ အေရအတြက္ရွိ၏။

(ခ-၉)   ေရွ႕ကုသိုလ္ေဇာက အေၾကာင္းဓမၼ၊ ေနာက္ကုသိုလ္ေဇာက အက်ဳိးဓမၼျဖစ္သျဖင့္ သခ်ၤာ (ကု-ကု) သတၱမေဇာက အေၾကာင္းဓမၼျဖစ္ၿပီး သူ၏ေနာက္၌ ေဇာမလာဘဲ တဒါရံုလာသျဖင့္ သခ်ၤာ(ကု-ကု) မရဘဲ (ကု-ဗ်ာ) ရေလသည္။

(ခ-၁၀)အဘိဓမၼာသၿဂိဳ ၤလ္၌ ၀ီထိ၊ ယမုိက္၌ သခၤါရယမိုက္၊ ပ႒ာန္း၌ အနႏၲရပစၥည္းကို ပိုင္ပိုင္သေဘာက်ပါမွ အဘိဓမၼာကို ပိုင္တယ္ဟု ေရွးဆရာျမတ္မ်ားက မိန္႕ၾကားေတာ္မူဖူးေလ၏။

 

၄- အနန္တရပစ္စယော Anantara Paccaya (Proximity condition) (4 of 7)

စိတ်တစ်ခု၏သက်တမ်း၊ ဘဝင်စိတ်နှင့်ဝီထိစိတ်အစဉ်  pyidaungsu – unicode

စိတ်တစ်ခု၏သက်တမ်း

(ခ-၁) စိတ်တစ် ခု၏အသက်မှာ ဥပါဒ်၊ ဌီ၊ ဘင် (ဖြစ်တည်ပျက်)ဟူသော ခဏငယ်သုံးချက်ရှိသည်။ ခဏငယ်သုံးချက်ကို စိတ္တခဏ ၁-ချက်ဟု ခေါ်သည်။ ၁-ဝီထိ၌ စိတ္တခဏ ၁၇-ချက်ရှိသည်။ စိတ္တခဏ ၁၇-ချက်ကာ လကြာသည့်တိုင် ဖြစ်နေသော စိတ်ဖြစ်စဉ် ဓမ္မသဘာဝကြီးကို တစ်ဝီထိဟု ခေါ်လေသည်။

(ခ-၂) ဤစိတ်ဖြစ်စဉ် Mental process သည် အလွန်တိကျပြီး တစ်ခုကို၊ တစ်ခု ကျော်သွားရိုးမရှိပါပေ။ လက်ဖျစ် ၁-တွက်၊ မျက်စိ ၁-မှိတ် တဒင်္ဂ တစ်ခဏ ကာလတိုအတွင်း၌ စိတ္တခဏပေါင်းကုဋေ ၁-သိန်း(10 12 ) ရှိ၏။ ထို့ကြောင့် စိတ်တစ်ခု၏အသက် (1/10 12)=0.000000000001 စက္ကန့်ရှိသည်။

(ခ-၃) လက်ဖျစ် ၁တွက်၊မျက်စိ ၁-မှိတ် တဒင်္ဂ တစ်ခဏ ကာလတိုကို နားလည်လွယ်စေရန် ၁-စက္ကန့်ဟု ယူထားသည်။ အမှန်တကယ်တွင်မူ လက်ဖျစ် ၁-တွက် ကာလသည် ၁-စက္ကန့်ထက်ပင် တိုတောင်းသော အချိန် ဖြစ်ပေသည်။ ဝီထိ ၂-မျိုးရှိသည်။ (က)ပဉ္စဒွါရဝီထိ (ခ)မနောဒွါရဝီထိတို့ ဖြစ်ပါသည်။


ဘဝင်စိတ်နှင့် ဝီထိစိတ်အစဉ်

(ခ-၄) သတ္တဝါတို့၏ သန္တာန်၌ အဆင်း၊အသံ၊ အနံ့စသည့် အာရုံတစ်ခုခုဖြင့်မကြုံဆုံရဘဲ အိပ်ပျော်နေ သကဲ့သို့ ဖြစ်နေသည့် နာမ်တရားတို့ကို ဘဝင်စိတ် Life continuum အိမ်ရှင်စိတ်ဟုခေါ်၏။

(ခ-၅) ဘဝင်စိတ်များ စဉ်ဆက်မပြတ် တရစပ်ဖြစ်နေရာမှသည် အဆင်း အသံ စသည့် အာရုံတစ်ပါးပါး ကရိုက်ခတ်လာပါကဘဝင်စိတ်ကို လာထိပါသည်။ အာရုံဆုံကာ ထိထိချင်း မသိနိုင်သေးပါ ဘဝင်စိတ် အစဉ်က အလွန်ကြီးမားသည့် အရှိန်အဟုန်ဖြင့် မရပ်မနားတရစပ် ဖြစ်နေသဖြင့်ထို စိတ်အစဉ်ကြီးကို ရပ်၍ မရသေးသဖြင့် ဘဝင်တစ်ခုခန့် အနည်းဆုံး အရှိန်လွန်သွားပါသည်။

(ခ-၆) ထိုအရှိန်လွန်သွားသည့် ဘဝင်စိတ်ကို (၁) အတီတဘဝင် ဟုခေါ်ပါသည်။ ထို့နောက် ဘဝင်အစဉ် လှုပ်သွားသည့် ဘဝင်စိတ်ကို (၂)ဘဝင်္ဂစလနဟု ခေါ်ပါသည်။ ဘဝင် အစဉ် ရပ်သွားသည့်ဘဝင်စိတ်ကို (၃)ဘဝင်္ဂုပစ္ဆေဒဟုခေါ်ပါသည်။ ထို့နောက် အဆင်းအာရုံကို ဆင်ခြင်သည့် (၄) ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်လာပါသည်။ အဆင်း အာရုံကို သိသည့်မြင် သိစိတ် (၅) စက္ခုဝိညာဏ် စိတ်ဖြစ်လာသည်။ မြင်သိစိတ် ဖြစ်ပြီးနောက် အာရုံကို လက်ခံသည့် (၆)သမ္ပဋိစ္ဆိုန်းစိတ်။ အာရုံကို စူးစမ်းသည့်(၇)သန္တီရဏ စိတ်၊ အာရုံကို ဆုံးဖြတ်သည့်(၈) ဝုဋ္ဌောစိတ်တို့ ဖြစ်ကြသည်။

(ခ-၇) ထို့နောက် ဝုဋ္ဌော၏ အဆုံးအဖြတ်အတိုင်း အကောင်းအဆိုး ခွဲခြားကာ ခံစားသည့် ဇောစိတ် ၇-ကြိမ် ဆက်၍ ဖြစ်သည်။ ထို့နောက် အာရုံကို အာသာမပြေနိုင်သေးသည့် သဘောဖြင့် တဒါရုံစိတ် ၂-ကြိမ် ဖြစ်ပါသည်။ အတီတဘဝင်က စတင်ပြီး ဒုတိယ တဒါရုံအဆုံးအထိ စိတ်အရေအတွက် ၁၇-လုံးပြည့်သောအခါ သိစိတ်ဖြစ်စဉ်တစ်ခု ပြီးဆုံးလေသည်။

အာရုံ၏ထင်ရှားမှု၊ မထင်ရှားမှုအလိုက်ဝီထိအစဉ်

(ခ-၈) အာရုံထင်ရှားမှု၊ မထင်ရှားမှုအလိုက် ဝီထိဖြစ်စဉ်ကို အတိမဟန္တာရုံ၊ မဟန္တာရုံ စသည်တို့ကိုလည်း သိထားရပါမည်။ ၁။အတိမဟန္တာရုံ=ထင်ရှားအားကြီးသည့် အာရုံ-၅ ပါးဥပါဒ်ပြီးနောက် စိတ္တခဏ တစ်ချက် အလွန်တွင်ဒွါရ၌ ထင်လာ၏။ အလွန်များသော ဝီထိ စိတ္တုပါဒ်ရှိ၏။

၂။ မဟန္တာရုံ = သင့်ရုံထင်ရှားအားကြီးသော အာရုံ ၅-ပါးဥပါဒ်ပြီးနောက် စိတ္တခဏနှစ်ချက် သို့မဟုတ် သုံးချက်အလွန်တွင် ဒွါရ၌ထင်လာ၏။ များသော ဝီထိစိတ္တုပါဒ်ရှိ၏။

၃။ ပရိတ္တာရုံ= မထင်ရှားမသိသာသည့် အားနည်းလှသော အာရုံ၅ပါး ဥပါဒ်ပြီးနောက် စိတ္တခဏလေး ချက်မှ-၉ ချက်အလွန်တွင် ဒွါရ၌ထင်လာ၏။ နည်းသော စိတ္တုပါဒ်အရေအတွက်ရှိ၏။

၄။ အတိပရိတ္တာရုံ= အလွန်တရာ မထင်ရှား မသိသာသည့် အားနည်းလှသောအာရုံ ၅ပါး ဥပါဒ်ပြီးနောက် စိတ္တခဏဆယ်ချက်မှ-၁၅ ချက် အလွန်တွင် ဒွါရ၌ထင်လာ၏။ အလွန်နည်းသောဝီထိ စိတ္တုပ္ပါဒ် အရေအတွက်ရှိ၏။

(ခ-၉) ရှေ့ကုသိုလ်ဇောက အကြောင်းဓမ္မ၊ နောက်ကုသိုလ်ဇောက အကျိုးဓမ္မဖြစ်သဖြင့် သင်္ချာ (ကု-ကု) သတ္တမဇောက အကြောင်းဓမ္မဖြစ်ပြီး သူ၏နောက်၌ ဇောမလာဘဲ တဒါရုံလာသဖြင့် သင်္ချာ(ကု-ကု) မရဘဲ (ကု-ဗျာ) ရလေသည်။

(ခ-၁၀)အဘိဓမ္မာသဂြို ၤလ်၌ ဝီထိ၊ ယမိုက်၌ သင်္ခါရယမိုက်၊ ပဋ္ဌာန်း၌ အနန္တရပစ္စည်းကို ပိုင်ပိုင်သဘောကျပါမှ အဘိဓမ္မာကို ပိုင်တယ်ဟု ရှေးဆရာမြတ်များက မိန့်ကြားတော်မူဖူးလေ၏။

 1 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *