စိတၱဟ႒မေထရ္၀တၳဳ zawgyi

 

          သာ၀တၳိၿမိဳ႕ေန အမ်ဳိးေကာင္းသားတစ္ဦးသည္ ေတာထဲႏြားေပ်ာက္ရွာရာ ေနမြန္းတည့္လာသျဖင့္ ထမင္းလည္းဆာ လူလည္း ပင္ပန္းလာပါသည္။ ထိုစဥ္ ရဟန္းေတာ္မ်ားသီတင္းသံုးရာ ေက်ာင္းကိုျမင္သျဖင့္ အစာတခုခု ရလိုရျငား ေက်ာင္းထဲ၀င္သြားရာ ဆြမ္းက်န္ စြန္႔ေတာ္မူသျဖင့္ ဗိုက္၀ေအာင္ စားခြင့္ရေလသည္။ စားရသည့္ဆြမ္း အလြန္ေကာင္း ေနသျဖင့္ ယေန႔တစ္စံုတစ္ဦးဦးက ပင့္ဖိတ္မႈေၾကာင့္ ဤမွ်ေကာင္းေနျခင္း ျဖစ္မည္ဟု ေတြးမိသျဖင့္ ေမးေလွ်ာက္ေလသည္။ ရဟန္းေတာ္မ်ားက ဤဆြမ္းသည္ ပံုမွန္ေလာင္းလွဴသည့္ ဆြမ္းျဖစ္ေၾကာင္းမိန္႔ေတာ္မူသည္။ ထိုအမ်ဳိးေကာင္းသားက ‘ငါ့မွာ ပင္ပင္ပန္းပန္း ရွာေဖြတာေတာင္ ဒီေလာက္ေကာင္းေကာင္း မစားရဘူး၊ ရဟန္း၀တ္တာပဲ ေကာင္းမယ္’ဟု ဆံုးျဖတ္ကာ ရဟန္းျပဳခြင့္ ေတာင္း၏။ ရဟန္းျဖစ္ၿပီး ရက္အတန္ၾကာေသာ္ ဆူၿဖိဳလာသျဖင့္ ‘အိမ္တကာလွည့္ၿပီး ေတာင္းရမ္းစားရတာ မဟန္ေသးပါဘူး၊ လူ႔ဘ၀ႏွင့္ပဲ လုပ္စားတာေကာင္းပါတယ္’ဟု ေတြးမိျပန္ကာ သိကၡာခ်လူထြက္ၿပီး အိမ္ျပန္ လယ္ယာ လုပ္ငန္းမ်ား လုပ္ကိုင္၏။

          ဤသို႔ျဖင့္ လူ၀တ္ႏွင့္ ေနရာမွတစ္ဖန္ ရဟန္းျပဳျပန္၊ ေနာက္တစ္ဖန္ လူထြက္ျပန္ျဖင့္ ေျခာက္ႀကိမ္တိုင္ခဲ့ေလ ေတာ့သည္။ ယခုကဲ့သို႕ စိတ္သြားရာ အာ႐ံုေနာက္ လိုက္ပါတတ္သျဖင့္ ရဟန္းေတာ္မ်ားက သူ႔ကို စိတၱဟ႒မေထရ္ဟု မွည့္ေခၚၾကေလသည္။

          သူသည္ လူ႔ဘ၀ႏွင့္ ရဟန္းဘ၀ကို လူးလာတံု႔ေခါက္ ျပဳေနရင္းပင္ သူ႔မယား၌ ကိုယ္၀န္တည္ေလသည္။ ခုႏွစ္ႀကိမ္ေျမာက္ ရဟန္းျပဳလတၱံ႕ေသာအခ်ိန္တြင္ ေတာမွ ထြန္တံုးထြန္တန္တို႔ကို အိမ္သို႔ယူလာၿပီး သကၤန္းကိုယူရန္ အိမ္ထဲ ၀င္သြားစဥ္ ကိုယ္၀န္ရွိေနသည့္ သူ၏မယား ကုတင္ထက္၌ ပိုးစိုးပက္စက္ အိပ္ေပ်ာ္သည္ကိုျမင္ရာမွ ဖူးဖူးေယာင္ေနသည့္ အေကာင္ပုပ္၏ကိုယ္ကဲ့သို႕ ရြံရွာစက္ဆုပ္ကာ သကၤန္းကိုပိုက္လ်က္ အိမ္ကထြက္ခြါသြားစဥ္ လမ္း၌ပင္ ေသာတာပန္ တည္ေလသည္။ ရဟန္းေတာ္မ်ားထံပါး ရဟန္းျပဳခြင့္ေတာင္းၿပီး ရဟႏၲာျဖစ္ေလသည္။ (က်မ္းညႊန္း-စိတၱဟ႒မေထရ္ ၊ စိတတၱ၀ဂ္) 

ပ႒ာန္းသင္တန္းႏွင့္ ပ႒ာန္းဉာဏ္

 

          အနႏၲရပစၥည္းတြင္ ေနာက္ေနာက္ ပစၥည္းတရားတို႔သည္ ေရွးေရွး ပစၥည္းတရားအေပၚ မူတည္ၿပီး ျဖစ္လာရသည္မွာ ဓမၼတာျဖစ္ေပသည္း။

          ထို႔ေၾကာင့္ ေရွးေရွးစိတ္တို႔က ပ်က္ပ်က္သြားၿပီး ေနာက္ေနာက္စိတ္မ်ား ျဖစ္ေပၚလာႏိုင္ရန္ သမနႏၲရသတၱိျဖင့္ ေက်းဇူးျပဳပါသည္။

          သို႔ေသာ္ ေဟတု ၆-ပါးထဲက ကုသိုလ္၊ အကုသိုလ္ တစ္ပါးပါး ပါေနပါသည္။ အာရမၼဏအာ႐ံုကလည္း ပါေနသည္။ အာ႐ံုက အဓိပတိထိုက္ေလာက္သည့္ အာ႐ံုျဖစ္လွ်င္မူ ထိုထိုအာ႐ံုကို မခဲြႏိုင္ မခြာႏိုင္ေအာင္ပင္ ေက်းဇူးျပဳေနပါေတာ့သည္။

          ထို႔ေၾကာင့္ ေဟတုပစၥည္းက သူရသည့္အာ႐ံုကို အျမစ္တြယ္သည့္ပမာတြယ္ၿပီး အာရမၼဏက အာ႐ံု ျပဳေနပါသည္။ ဤသို႔ေသာ သဘာ၀ေၾကာင့္ အက်ဳိးတရားတစ္ရပ္ ေပၚေပါက္လာႏိုင္ေရးအတြက္ ေဟတု၊ အာရမၼဏ၊ အဓိပတိ၊ အနႏၲရ စသည္ စသည္ျဖင့္ အေၾကာင္းပစၥည္းမ်ားစြာ ပါ၀င္ ေက်းဇူးျပဳရပါသည္။

          ယခုကဲ့သို႔ ပ႒ာန္းသင္တန္း တက္ေရာက္သင္ၾကားေနသည့္ အခ်ိန္တြင္ မဟာကုသိုလ္စိတ္ ရွစ္ပါးထဲက ေသာနႆ သဟဂုတ္ဉာဏသမၸယုတ္ အသခၤါရိကစိတ္ ျဖစ္ေနပါသည္။ ၀ီထိအေနအားျဖင့္ ပဥၥဒြါရ ၀ီထိထဲက မ်က္စိ၊ နား၊ ကိုယ္ကာယ စသည္တို႔က အလုပ္အမ်ားဆံုး လုပ္ေနၾကရသျဖင့္ ၀ီထိတစ္ခုျခင္းစီ၌ ေဇာခုနစ္ႀကိမ္ ေစာေနၾကပါသည္။ မဟာကုသိုလ္ စိတ္၏ ေဇာခုနစ္ႀကိမ္အနက္ ပထမေဇာျဖစ္လာသည္ႏွင့္ တၿပိဳင္နက္တည္း သမၸယုတၱဓမၼအေနႏွင့္ ေစတသိက္ေပါင္း ၃၈-ပါး ျဖစ္ပါသည္။

          ၎တို႔မွာ (သဗၺသာဓာရဏေစတသိက္ ၇-ပါး + ပကိဏ္းေစတသိက္ ၆-ပါး + ေသာဘဏ သာဓာရဏ ၁၉-ပါး + ၀ိရတီေစတသိက္ ၃-ပါး + အပၸမညာေစတသိက္ ၂-ပါး + ပညိေႏၵေစတသိက္ ၁-ပါး = ေပါင္း ၃၈-ပါး) ထိုထိုေစတသိက္ တို႔တြင္ အေလာဘဟိတ္ ပါေနသည္။ အေဒါသ အေမာဟဟိတ္တို႔ ပါေနပါသည္။ ဤမွ်ႀကီးက်ယ္ က်ယ္ျပန္႔သည့္ ျဖစ္စဥ္ တို႔သည္ ပထမေဇာ၏ အခိုက္အတန္႔အတြင္း၌ ျဖစ္ေနၾကျခင္း ျဖစ္ပါသည္။

          ဤျဖစ္စဥ္တို႔သည္ ယခု ပ႒ာန္းသင္တန္း သင္ၾကားသင္ယူေနၾကသည့္ ၿမိဳ႕ေတာ္၀န္ေက်ာင္း၏ စံေက်ာင္းထဲမွ ဘုန္းႀကီးတို႔ ဆရာတပည့္တို႔၏ သႏၲာန္၌ ျဖစ္ေနၾကျခင္းေပတည္း။ တစ္ဖန္ ထိုထိုစိတ္ေတြ ေစတသိက္မ်ားျဖစ္လာသည့္ တဒဂၤ တခဏအတြင္း၌ပင္ စိတၱဇ႐ုပ္မ်ားစြာတို႔လည္း သင္တန္းသူ သင္တန္းသားတို႔၏ သႏၲာန္တြင္ ျဖစ္ေပၚလာေနပါသည္။

          ထိုေၾကာင့္ ယခု အနႏၲရပစၥည္းကို သင္ၾကား၊ သင္ယူေနသည့့္ အခိုက္အတန္႔အတြင္း၌ပင္ စိတ္၊ ေစတသိက္ႏွင့္ စိတၱဇ႐ုပ္ဟူေသာ နာမ္တရားႏွစ္မ်ဳိးႏွင့္ ႐ုပ္တရားတို႔ ကုေဋေပါင္းမ်ားစြာ ျဖစ္ေနေတာ့သည္။

သရက္သီးေၾကြသည့္ ဥပမာျဖင့္ ၀ီထိကိုေလ့လာျခင္း

 

          ၀ီထိျဖစ္စဥ္ကို သရက္ပင္ရင္း၌ သရက္သီးေၾကြသည့္ ဥပမာျဖင့္ ေလ့လာႏိုင္ပါသည္။ ဥပမာအားျဖင့္ လူတစ္ေယာက္ သည္ သရက္ပင္ရင္း၌ အိပ္ေပ်ာ္ေနသည္ဆိုပါစို႔။ ထိုသူ အိပ္ေပ်ာ္ေနစဥ္ ဘ၀င္စိတ္အစဥ္ ၿငိမ္သက္စြာ ျဖစ္ေပၚေနပါသည္။

          ထိုအခိုက္ သရက္ပင္ေပၚမွ သရက္သီးအမွည့္တစ္လံုး အိပ္ေပ်ာ္ေနသူ၏ အနီးတြင္ေၾကြက်ျခင္းသည္ ျပင္ပ အသံ အာ႐ံုႏွင့္ နားႏွင့္ တိုက္ဆံုျခင္းကို ပမာျပဳႏိုင္ပါသည္။ သရက္သီး ေၾကြက်သံေၾကာင့္ ထိုလူထရန္ လႈပ္ရွားလာ၏။ ဤကား ဘ၀င္ စိတ္ ၂-ႀကိမ္လႈပ္၍ ျပတ္သည္ႏွင့္တူသည္။ (အတီတဘြင္ႏွင့္ ဘ၀ဂၤစလန)

          ထိုလူသည္ ေခါင္းေထာင္၍ စူးစမ္းဆင္ျခင္ျခင္းသည္ (ပဥၥဒြါရ၀ဇၨန္း) စိတ္က အာ႐ံုကို ႏွလံုးသြင္းသည္ႏွင့္ တူသည္။

          ထို႔ေနာက္ သရက္သီးကို ေကာက္ယူလိုက္သည္။ ဤကား (သမၸဋိစၦိဳင္း)က အာ႐ံုကို လက္ခံယူသည္ႏွင့္ တူသည္။ သရက္သီးကို အနီးကပ္ ၾကည့္႐ႈနမ္း႐ႈပ္ျခင္းသည္ (သႏၲီရဏ)က အာ႐ံုကို စံုစမ္းသည္ႏွင့္ တူသည္။ သရက္မွည့္ေနသျဖင့္ စား၍ရမွန္းသိျခင္းသည္ (၀ုေ႒ာ)က အာ႐ံုဆံုးျဖတ္သည္ႏွင့္ တူသည္။ သရက္သီးကို အားရပါးရ (၇)ႀကိမ္ ကိုက္စားျခင္းသည္ ေဇာ-၇ ႀကိမ္ေစာသည္ႏွင့္ တူသည္။ ခံတြင္းထဲ က်န္ေနသည့္ သရက္သီးအဖတ္ကို တံေတြးႏွင့္တကြ မ်ဳိခ်ျခင္းသည္ (တဒါ႐ံု) ၂ -ႀကိမ္ႏွင့္ တူသည္။ ထိုလူသည္ စားၿပီးေနာက္ လဲေလ်ာင္းကာ အိပ္ေပ်ာ္သြားသည္။ ဤကား ဘ၀င္စိတ္အစဥ္ ဆက္လက္ ျဖစ္ေနသည္ႏွင့္ တူသည္။ ဧည့္သည္ လာတံခါးေခါက္သည့္  ဥပမာကိုလည္း ဆရာေတာ္ႀကီးမ်ား ျပေတာ္မူပါေသးသည္။

 

စိတ္တဟဋ္ဌမထေရ်ဝတ္ထု pyidaungsu-unicode

သာဝတ္ထိမြို့နေ အမျိုးကောင်းသားတစ်ဦးသည် တောထဲနွားပျောက်ရှာရာ နေမွန်းတည့်လာသဖြင့် ထမင်းလည်းဆာ လူလည်း ပင်ပန်းလာပါသည်။ ထိုစဉ် ရဟန်းတော်များသီတင်းသုံးရာ ကျောင်းကိုမြင်သဖြင့် အစာတခုခု ရလိုရငြား ကျောင်းထဲဝင်သွားရာ ဆွမ်းကျန် စွန့်တော်မူသဖြင့် ဗိုက်ဝအောင် စားခွင့်ရလေသည်။ စားရသည့်ဆွမ်း အလွန်ကောင်း နေသဖြင့် ယနေ့တစ်စုံတစ်ဦးဦးက ပင့်ဖိတ်မှုကြောင့် ဤမျှကောင်းနေခြင်း ဖြစ်မည်ဟု တွေးမိသဖြင့် မေးလျှောက်လေသည်။ ရဟန်းတော်များက ဤဆွမ်းသည် ပုံမှန်လောင်းလှူသည့် ဆွမ်းဖြစ်ကြောင်းမိန့်တော်မူသည်။ ထိုအမျိုးကောင်းသားက ‘ငါ့မှာ ပင်ပင်ပန်းပန်း ရှာဖွေတာတောင် ဒီလောက်ကောင်းကောင်း မစားရဘူး၊ ရဟန်းဝတ်တာပဲ ကောင်းမယ်’ဟု ဆုံးဖြတ်ကာ ရဟန်းပြုခွင့် တောင်း၏။ ရဟန်းဖြစ်ပြီး ရက်အတန်ကြာသော် ဆူဖြိုလာသဖြင့် ‘အိမ်တကာလှည့်ပြီး တောင်းရမ်းစားရတာ မဟန်သေးပါဘူး၊ လူ့ဘဝနှင့်ပဲ လုပ်စားတာကောင်းပါတယ်’ဟု တွေးမိပြန်ကာ သိက္ခာချလူထွက်ပြီး အိမ်ပြန် လယ်ယာ လုပ်ငန်းများ လုပ်ကိုင်၏။

ဤသို့ဖြင့် လူဝတ်နှင့် နေရာမှတစ်ဖန် ရဟန်းပြုပြန်၊ နောက်တစ်ဖန် လူထွက်ပြန်ဖြင့် ခြောက်ကြိမ်တိုင်ခဲ့လေ တော့သည်။ ယခုကဲ့သို့ စိတ်သွားရာ အာရုံနောက် လိုက်ပါတတ်သဖြင့် ရဟန်းတော်များက သူ့ကို စိတ္တဟဋ္ဌမထေရ်ဟု မှည့်ခေါ်ကြလေသည်။

သူသည် လူ့ဘဝနှင့် ရဟန်းဘဝကို လူးလာတုံ့ခေါက် ပြုနေရင်းပင် သူ့မယား၌ ကိုယ်ဝန်တည်လေသည်။ ခုနှစ်ကြိမ်မြောက် ရဟန်းပြုလတ္တံ့သောအချိန်တွင် တောမှ ထွန်တုံးထွန်တန်တို့ကို အိမ်သို့ယူလာပြီး သင်္ကန်းကိုယူရန် အိမ်ထဲ ဝင်သွားစဉ် ကိုယ်ဝန်ရှိနေသည့် သူ၏မယား ကုတင်ထက်၌ ပိုးစိုးပက်စက် အိပ်ပျော်သည်ကိုမြင်ရာမှ ဖူးဖူးယောင်နေသည့် အကောင်ပုပ်၏ကိုယ်ကဲ့သို့ ရွံရှာစက်ဆုပ်ကာ သင်္ကန်းကိုပိုက်လျက် အိမ်ကထွက်ခွါသွားစဉ် လမ်း၌ပင် သောတာပန် တည်လေသည်။ ရဟန်းတော်များထံပါး ရဟန်းပြုခွင့်တောင်းပြီး ရဟန္တာဖြစ်လေသည်။ (ကျမ်းညွှန်း-စိတ္တဟဋ္ဌမထေရ် ၊ စိတတ္တဝဂ်)

 

ပဋ္ဌာန်းသင်တန်းနှင့် ပဋ္ဌာန်းဉာဏ်

အနန္တရပစ္စည်းတွင် နောက်နောက် ပစ္စည်းတရားတို့သည် ရှေးရှေး ပစ္စည်းတရားအပေါ် မူတည်ပြီး ဖြစ်လာရသည်မှာ ဓမ္မတာဖြစ်ပေသည်း။

ထို့ကြောင့် ရှေးရှေးစိတ်တို့က ပျက်ပျက်သွားပြီး နောက်နောက်စိတ်များ ဖြစ်ပေါ်လာနိုင်ရန် သမနန္တရသတ္တိဖြင့် ကျေးဇူးပြုပါသည်။

သို့သော် ဟေတု ၆-ပါးထဲက ကုသိုလ်၊ အကုသိုလ် တစ်ပါးပါး ပါနေပါသည်။ အာရမ္မဏအာရုံကလည်း ပါနေသည်။ အာရုံက အဓိပတိထိုက်လောက်သည့် အာရုံဖြစ်လျှင်မူ ထိုထိုအာရုံကို မခွဲနိုင် မခွာနိုင်အောင်ပင် ကျေးဇူးပြုနေပါတော့သည်။

ထို့ကြောင့် ဟေတုပစ္စည်းက သူရသည့်အာရုံကို အမြစ်တွယ်သည့်ပမာတွယ်ပြီး အာရမ္မဏက အာရုံ ပြုနေပါသည်။ ဤသို့သော သဘာဝကြောင့် အကျိုးတရားတစ်ရပ် ပေါ်ပေါက်လာနိုင်ရေးအတွက် ဟေတု၊ အာရမ္မဏ၊ အဓိပတိ၊ အနန္တရ စသည် စသည်ဖြင့် အကြောင်းပစ္စည်းများစွာ ပါဝင် ကျေးဇူးပြုရပါသည်။

ယခုကဲ့သို့ ပဋ္ဌာန်းသင်တန်း တက်ရောက်သင်ကြားနေသည့် အချိန်တွင် မဟာကုသိုလ်စိတ် ရှစ်ပါးထဲက သောနဿ သဟဂုတ်ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် ဖြစ်နေပါသည်။ ဝီထိအနေအားဖြင့် ပဉ္စဒွါရ ဝီထိထဲက မျက်စိ၊ နား၊ ကိုယ်ကာယ စသည်တို့က အလုပ်အများဆုံး လုပ်နေကြရသဖြင့် ဝီထိတစ်ခုခြင်းစီ၌ ဇောခုနစ်ကြိမ် စောနေကြပါသည်။ မဟာကုသိုလ် စိတ်၏ ဇောခုနစ်ကြိမ်အနက် ပထမဇောဖြစ်လာသည်နှင့် တပြိုင်နက်တည်း သမ္ပယုတ္တဓမ္မအနေနှင့် စေတသိက်ပေါင်း ၃၈-ပါး ဖြစ်ပါသည်။

၎င်းတို့မှာ (သဗ္ဗသာဓာရဏစေတသိက် ၇-ပါး + ပကိဏ်းစေတသိက် ၆-ပါး + သောဘဏ သာဓာရဏ ၁၉-ပါး + ဝိရတီစေတသိက် ၃-ပါး + အပ္ပမညာစေတသိက် ၂-ပါး + ပညိန္ဒေစေတသိက် ၁-ပါး = ပေါင်း ၃၈-ပါး) ထိုထိုစေတသိက် တို့တွင် အလောဘဟိတ် ပါနေသည်။ အဒေါသ အမောဟဟိတ်တို့ ပါနေပါသည်။ ဤမျှကြီးကျယ် ကျယ်ပြန့်သည့် ဖြစ်စဉ် တို့သည် ပထမဇော၏ အခိုက်အတန့်အတွင်း၌ ဖြစ်နေကြခြင်း ဖြစ်ပါသည်။

ဤဖြစ်စဉ်တို့သည် ယခု ပဋ္ဌာန်းသင်တန်း သင်ကြားသင်ယူနေကြသည့် မြို့တော်ဝန်ကျောင်း၏ စံကျောင်းထဲမှ ဘုန်းကြီးတို့ ဆရာတပည့်တို့၏ သန္တာန်၌ ဖြစ်နေကြခြင်းပေတည်း။ တစ်ဖန် ထိုထိုစိတ်တွေ စေတသိက်များဖြစ်လာသည့် တဒင်္ဂ တခဏအတွင်း၌ပင် စိတ္တဇရုပ်များစွာတို့လည်း သင်တန်းသူ သင်တန်းသားတို့၏ သန္တာန်တွင် ဖြစ်ပေါ်လာနေပါသည်။

ထိုကြောင့် ယခု အနန္တရပစ္စည်းကို သင်ကြား၊ သင်ယူနေသည့် အခိုက်အတန့်အတွင်း၌ပင် စိတ်၊ စေတသိက်နှင့် စိတ္တဇရုပ်ဟူသော နာမ်တရားနှစ်မျိုးနှင့် ရုပ်တရားတို့ ကုဋေပေါင်းများစွာ ဖြစ်နေတော့သည်။

 

သရက်သီးကြွေသည့် ဥပမာဖြင့် ဝီထိကိုလေ့လာခြင်း

ဝီထိဖြစ်စဉ်ကို သရက်ပင်ရင်း၌ သရက်သီးကြွေသည့် ဥပမာဖြင့် လေ့လာနိုင်ပါသည်။ ဥပမာအားဖြင့် လူတစ်ယောက် သည် သရက်ပင်ရင်း၌ အိပ်ပျော်နေသည်ဆိုပါစို့။ ထိုသူ အိပ်ပျော်နေစဉ် ဘဝင်စိတ်အစဉ် ငြိမ်သက်စွာ ဖြစ်ပေါ်နေပါသည်။

ထိုအခိုက် သရက်ပင်ပေါ်မှ သရက်သီးအမှည့်တစ်လုံး အိပ်ပျော်နေသူ၏ အနီးတွင်ကြွေကျခြင်းသည် ပြင်ပ အသံ အာရုံနှင့် နားနှင့် တိုက်ဆုံခြင်းကို ပမာပြုနိုင်ပါသည်။ သရက်သီး ကြွေကျသံကြောင့် ထိုလူထရန် လှုပ်ရှားလာ၏။ ဤကား ဘဝင် စိတ် ၂-ကြိမ်လှုပ်၍ ပြတ်သည်နှင့်တူသည်။ (အတီတဘွင်နှင့် ဘဝင်္ဂစလန)

ထိုလူသည် ခေါင်းထောင်၍ စူးစမ်းဆင်ခြင်ခြင်းသည် (ပဉ္စဒွါရဝဇ္ဇန်း) စိတ်က အာရုံကို နှလုံးသွင်းသည်နှင့် တူသည်။

ထို့နောက် သရက်သီးကို ကောက်ယူလိုက်သည်။ ဤကား (သမ္ပဋိစ္ဆိုင်း)က အာရုံကို လက်ခံယူသည်နှင့် တူသည်။ သရက်သီးကို အနီးကပ် ကြည့်ရှုနမ်းရှုပ်ခြင်းသည် (သန္တီရဏ)က အာရုံကို စုံစမ်းသည်နှင့် တူသည်။ သရက်မှည့်နေသဖြင့် စား၍ရမှန်းသိခြင်းသည် (ဝုဋ္ဌော)က အာရုံဆုံးဖြတ်သည်နှင့် တူသည်။ သရက်သီးကို အားရပါးရ (၇)ကြိမ် ကိုက်စားခြင်းသည် ဇော-၇ ကြိမ်စောသည်နှင့် တူသည်။ ခံတွင်းထဲ ကျန်နေသည့် သရက်သီးအဖတ်ကို တံတွေးနှင့်တကွ မျိုချခြင်းသည် (တဒါရုံ) ၂ -ကြိမ်နှင့် တူသည်။ ထိုလူသည် စားပြီးနောက် လဲလျောင်းကာ အိပ်ပျော်သွားသည်။ ဤကား ဘဝင်စိတ်အစဉ် ဆက်လက် ဖြစ်နေသည်နှင့် တူသည်။ ဧည့်သည် လာတံခါးခေါက်သည့် ဥပမာကိုလည်း ဆရာတော်ကြီးများ ပြတော်မူပါသေးသည်။

 

 1 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *