အာ႐ံု၏ထင္ရွားမႈ၊ မထင္ရွားမႈအလိုက္ ၀ီထိအစဥ္

 

          အာ႐ံုထင္ရွားမႈ၊ မထင္ရွားမႈအလိုက္ ၀ီထိျဖစ္စဥ္ကို အတိမဟႏၲာ႐ံု၊ မဟႏၲာ႐ံုစသည္တို႔ကိုလည္း သိထားရပါမည္။

          ၁။       အတိမဟႏၲာ႐ံု = ထင္ရွားအားႀကီးသည့္အာ႐ံု ၅-ပါး ဥပါဒ္ၿပီးေနာက္ စိတၱခဏတစ္ခ်က္ အလြန္တြင္ ဒြြါရ၌ ထင္လာ၏။ အလြန္မ်ားေသာ ၀ီထိ စိတၱဳပါဒ္ရွိ၏။

          ၂။       မဟႏၲာ႐ံု  = သင့္႐ံုထင္ရွားအားႀကီးေသာ အာ႐ံု ၅-ပါး ဥပါဒ္ၿပီးေနာက္ စိတၱခဏႏွစ္ခ်က္ သို႔မဟုတ္ သံုးခ်က္အလြန္တြင္ ဒြါရ၌ထင္လာ၏။ မ်ားေသာ ၀ီထိစိတၱဳပါဒ္ရွိ၏။

          ၃။       ပရိတၱာ႐ံု = မထင္ရွားမသိသာသည့္ အားနည္းလွေသာ အာ႐ံု ၅-ပါး ဥပါဒ္ၿပီးေနာက္ စိတၱခဏ ၄-ခ်က္မွ ၉-ခ်က္အလြန္တြင္ ဒြါရ၌ ထင္လာ၏။ နည္းေသာ စိတၱဳပါဒ္အေရအတြက္ ရွိ၏။

          ၄။       အတိပရိတၱာ႐ံု = အလြန္တရာ မထင္ရွား မသိသာသည့္ အားနည္းလွေသာအာ႐ံု ၅-ပါး ဥပါဒ္ၿပီးေနာက္ စိတၱခဏ ၁၀-ခ်က္မွ ၁၅-ခ်က္အလြန္တြင္ ဒြါရ၌ ထင္လာ၏။

          အလြန္နည္းေသာ ၀ီထိစိတၱဳပၸါဒ္ အေရအတြက္ရွိ၏။ ေရွ႕ကုသိုလ္ေဇာက အေၾကာင္းဓမၼ၊ ေနာက္ ကုသိုလ္ေဇာက အက်ဳိးဓမၼျဖစ္သျဖင့္ သခ်ၤာ (ကု-ကု) သတၱမေဇာက အေၾကာင္းဓမၼျဖစ္ၿပီး သူ၏ေနာက္၌ ေဇာမလာဘဲ တဒါ႐ံုလာသျဖင့္ သခ်ၤာ (ကု-ကု) မရဘဲ (ကု-ဗ်ာ) ရေလသည္။ အဘိဓမၼာကို ပိုင္တယ္ဟု ေရွးဆရာျမတ္မ်ားက မိန္႔ၾကားေတာ္မူဖူးေလ၏။

SONY DSC

မေနာဒြါရ၀ီထိ

 

          ဤကဲ့သို႔၀ီထိျဖစ္စဥ္ Mental process တစ္ခုၿပီးဆံုးသြားပါက အိမ္ရွင္စိတ္ဟူေသာ ဘ၀င္စိတ္  Life continuum    ျဖစ္၏။ ထို႕ေနာက္ ထိုျမင္ၿပီး ၾကားၿပီးသည့္ အာ႐ံုတို႕ကို အႀကိမ္ႀကိမ္ ျပန္လည္ေတြးေတာ စဥ္းစားသည့္ မေနာဒြါရ၀ီထိ ျဖစ္၏။ ထို႔ေနာက္ ညႀကံေတြးစိတ္မ်ားက သေဘာက် ေက်နပ္ေလာက္သည့္အထိ ဆက္၍ဆက္၍ ျဖစ္ၿပီးေနာက္၌မူ ဘ၀င္စိတ္အစဥ္ ဆက္ျဖစ္ေနပါေတာ့သည္။

          ဤစိတ္ျဖစ္စဥ္ Mental process ၁၇-ႀကိမ္ထဲမွ အာ႐ံု၏အရသာကို အမွန္တကယ္ခံစားခြင့္ရသည့္ ေဇာစိတ္ ၇-ႀကိမ္ အခိုက္အတန္႔အတြင္း၌သာ ကုသုိလ္စိတ္၊ အကုသိုလ္စိတ္တို႔ ျဖစ္၏။ အတီတဘ၀င္မွသည္ ဘ၀ဂၤစလန၊ ဘ၀ဂၤုပေစၦဒ၊ ပဥၥဒြါရ၀ဇၨန္း၊ စကၡဳ၀ိညာဏ္၊ သမၸဋိစၦိဳန္းစိတ္၊ သႏၲီရဏ၊ ၀ုေ႒ာစိတ္တို႔သည္ အခုိက္အတံ့ တစ္ခုစီသာျဖစ္ၿပီး ခ်ဳပ္ေပ်ာက္ သြားၾကပါသည္။ ထို႔ေၾကာင့္ ထိုထိုစိတ္တို႔က ေကာင္းဆိုးကြဲျပား ခံစားျခင္း မရွိေပ။ ထို႔ေၾကာင့္ ၎စိတ္တို႔သည္ ကုသိုလ္ အကုသုိလ္ဟူေသာ အမည္မရဘဲ အဗ်ာကတဟူေသာ အမည္ရျခင္း ျဖစ္သည္။

 

 

မေနာဓာတ္ႏွင့္ မေနာ၀ိညာဏဓာတ္

 

          ပ႒ာန္းတရားေတာ္ ပစၥယနိေဒၵသ၌လာရွိသည့္ မေနာဓါတ္ႏွင့္ မေနာ၀ိညာဏဓါတ္ကိုလည္း သိထားရန္ လိုေပသည္။ စိတ္အက်ဥ္း ၈၉-ပါးထဲက ပဥၥဒြါရာ၀ဇၨန္းႏွင့္ သမၸဋိစၦိဳင္းေဒြးဟုေခၚသည့့္ စိတ္ ၃-ပါး ေဒြပဥၥ၀ိညာဏ္ ၁၀-ပါး စုစုေပါင္း စိတ္ ၁၃-ပါးသည္ မေနာဓါတ္ (သို႔) မေနာဓာတုဟုအမည္ရသည္။ က-စကၡဳ၀ိညာဏ္ေဒြး ခ-ေသာတ၀ိညာဏ္ေဒြး ဂ-ဃာန ၀ိညာဏ္ေဒြး ဃ-ဇိ၀ွါ၀ိညာဏေဒြးႏွင့္ င-ကာယ ၀ိညာဏ္ေဒြးဟူ၍ စိတ္စုစုေပါင္း ၁၀-ပါး စ-ပဥၥဒြါရာ၀ဇၨန္း ၁-ပါး ဆ-သမၸဋိစၦိဳင္းေဒြး ၂-ပါးတို႔ကို စုစုေပါင္းေသာ စိတ္ ၁၃-ပါးရ၏။ က်န္သည့္စိတ္ (၈၉ – ၁၃ = ၇၆)ပါးက မေနာ၀ိညာဏဓါတ္ (သို႔) မေနာ၀ိညာဏဓာတုဟု အမည္ရေလသည္။ ေသာတ၊ ဃာန၊ ဇိ၀ွါ၊ ကာယ စသည္ကို အမွီမရေပ။ ထိုစိတ္ ၇၆-ပါး၏ မွီရာမွာ ဟဒယ၀တၳဳ႐ုပ္ေပတည္း။          

စကၡဳ၀ိညာဏဓာတု၊ မေနာဓာတုႏွင့္ မေနာ၀ိညာဏဓာတု

 

          ပ႒ာန္းက်မ္း၌လာရွိသည့္ စကၡဳ၀ိညာဏဓာတုသည္ သၿဂႋဳအရ စကၡဳ၀ိညာဏႏွင့္ အဓိပၸါယ္တူပါသည္။ မေနာ ဓာတုသည္ သၿဂႋဳအရ သမၸဋိစၦိဳင္းႏွင့္ အဓိပၸါယ္တူပါသည္။ မေနာ၀ိညာဏ ဓာတုမွာမူ သၿဂႋဳအရ သႏၲီရဏႏွင့္ အဓိပၸါယ္ တူပါသည္။

          မဂၢ၀ီထိကိုဉာဏ္ႏု႔ံသည့္ မႏၵပုဂၢိဳလ္၏မဂၢ၀ီထိႏွင့္ ဉာဏ္ထက္သည့္ တိကၡပုဂၢိဳလ္၏ မဂၢ၀ီထိဟူ၍ ႏွစ္မ်ဳိး ေလ့လာ ပါမည္။

          မႏၵပုဂၢိဳလ္၏ မဂၢ၀ီထိမွာ န-ဒ-မ-ပ-ဥ-နု-ေဂါ-မဂ္-ဖိုလ္-ဖိုလ္-ဘ၀င္- ဘ၀င္ တို႔ျဖစ္သည္။  တိကၡပုဂၢိဳလ္၏ မဂၢ၀ီထိမွာ န-ဒ-မ-ပ-ဥ-နု-ေဂါ-မဂ္-ဖိုလ္-ဖိုလ္-ဖိုလ္ဘ၀င္-ဘ၀င္ တို႔ ျဖစ္သည္။   န-ဒ-မသည္ ဘ၀ဂၤ စလန၊ ဘ၀ဂၤုပေစၦဒ၊ မေေနာဒြါရ၀ဇၨန္းတို႔ ျဖစ္၏။

          ပ = ပရိကမ္      ဥ = ဥပစာ     နု = အနုလံု       ေဂါ = ေဂါၾတဘု

          ပုထုဇဥ္ေယာဂီ၏ မေနာဒြါရ၌ အနိစၥ၊ ဒုကၡ၊ အနတၱ လကၡဏာေရးသံုးပါး အာ႐ံု ထင္လာသည္ရွိေသာ္ ဘ၀ဂၤစလန၊ ဘ၀ဂၤုပေစၦဒဟု ဘ၀င္ ၂-ႀကိမ္ လႈပ္၍ျပတ္ၿပီးလွ်င္ ထုိထင္လာေသာအာ႐ံုကို ဆင္ျခင္လ်က္ မေနာဒြါရာ၀ဇၨန္း ျဖစ္၏။

          ထို႔ေနာက္ မဟာကုသိုလ္ ဉာဏသမၸယုတ္ စိတ္ ၄-ပါးအနက္မွ တစ္ပါးပါးသည္ လကၡဏာေရးသံုးပါးကို အာ႐ံုျပဳလ်က္ ပရိကမ္ ဥပစာ အႏုလံုဟု ၃-ႀကိမ္၊ နိဗၺာန္ကို အာ႐ံုျပဳလ်က္ ေဂါၾတဘု ၁-ႀကိမ္ ျဖစ္၍ခ်ဳပ္၏။ ထို႔ေနာက္ ေသာတာပတိၱမဂ္ေဇာသည္ နိဗၺာန္ကိုအာ႐ံုျပဳလ်က္ ၁-ႀကိမ္ျဖစ္၍ ထိုမဂ္၏ အျခား မဲ့၌ ေသာတာပတိၱဖိုလ္ေဇာသည္ နိဗၺာန္ကို အာ႐ံုျပဳလ်က္ ၂-ႀကိမ္ ျဖစ္၍ခ်ဳပ္ၿပီးလွ်င္ ဘ၀င္က်၍ မဂ္မွထ၏။ (တိကၡပညာ ပုဂိၢဳလ္ျဖစ္ေသာ္ ပရိကမ္ကို ခ်န္လွပ္ၿပီး ဖိုလ္ေဇာ ၃-ႀကိမ္ ေစာရမည္။)

 

စ်ာန္၀င္စားေသာ သမာပဇၨန၀ီထိ

 

          (မႏၵပညာ  ) န-ဒ- “မ-ပ-ဥ-ႏု-ေဂါ-စ်ာန္-စ်ာန္-စ်ာန္ မ်ားစြာ” -ဘြင္-

          (တိကၡပညာ) န-ဒ-“မ-ဥ-ႏု-ေဂါ-စ်ာန္-စ်ာန္-စ်ာန္ မ်ားစြာ” -ဘြင္-

႐ူပါ၀စရ စ်ာန္၀င္စားရန္

 

          ကသိုဏ္းနိမိတ္အာ႐ံုသည္ မေနာဒြါရ၌ ထင္လာသည္ရွိေသာ္ ဘ၀ဂၤစလန၊ ဘ၀ဂုၤပေစၦဒဟူ၍ ဘ၀င္ ၂-ႀကိမ္ လႈပ္၍ ျပတ္ၿပီးလွ်င္ ထိုကသိုဏ္းနိမိတ္ကို အာ႐ံုျပဳ၍ မေနာဒြါရာ၀ဇၨန္းစိတ္ျဖစ္၏။

          ထို႔ေနာက္ မဟာကုသိုလ္ ဉာဏသမၸယုတ္ ေသာမနႆစိတ္ (ပဥၥမစ်ာန္ ၀င္စားရန္ ဥေပကၡာစိတ္ယူ) ၂-ပါးတြင္ တစ္ပါးပါးသည္ မႏၵပညာပုဂၢိဳလ္ျဖစ္ေသာ္ ပရိကမ္၊ ဥပစာ၊ အႏုလံု၊ ေဂါၾတဘုဟု ၄-ႀကိမ္၊ (တိကၡ ပညာပုဂိၢဳလ္ျဖစ္ေသာ္ ဥပစာ၊ အႏုလံု၊ ေဂါၾတဘုဟု ၃-ႀကိမ္) ျဖစ္၍ ခ်ဳပ္၏။ ထို႔ေနာက္ ႐ူပါ၀စရ ကုသိုလ္ ပထမစ်ာန္ (သို႔မဟုတ္ ဒု-တ-စ-ပဥၥမစ်ာန္) စိတ္သည္ အပၸနာေဇာအျဖစ္ အႀကိမ္မ်ားစြာ ျဖစ္၍ခ်ဳပ္၏။ ထို႔ေနာက္ ဘ၀င္က်ၿပီး စ်ာန္မွထ၏။

 

 

အာရုံ၏ထင်ရှားမှု၊ မထင်ရှားမှုအလိုက် ဝီထိအစဉ်  pyidaungsu-unicode

အာရုံထင်ရှားမှု၊ မထင်ရှားမှုအလိုက် ဝီထိဖြစ်စဉ်ကို အတိမဟန္တာရုံ၊ မဟန္တာရုံစသည်တို့ကိုလည်း သိထားရပါမည်။

၁။ အတိမဟန္တာရုံ = ထင်ရှားအားကြီးသည့်အာရုံ ၅-ပါး ဥပါဒ်ပြီးနောက် စိတ္တခဏတစ်ချက် အလွန်တွင် ဒွါရ၌ ထင်လာ၏။ အလွန်များသော ဝီထိ စိတ္တုပါဒ်ရှိ၏။

၂။ မဟန္တာရုံ = သင့်ရုံထင်ရှားအားကြီးသော အာရုံ ၅-ပါး ဥပါဒ်ပြီးနောက် စိတ္တခဏနှစ်ချက် သို့မဟုတ် သုံးချက်အလွန်တွင် ဒွါရ၌ထင်လာ၏။ များသော ဝီထိစိတ္တုပါဒ်ရှိ၏။

၃။ ပရိတ္တာရုံ = မထင်ရှားမသိသာသည့် အားနည်းလှသော အာရုံ ၅-ပါး ဥပါဒ်ပြီးနောက် စိတ္တခဏ ၄-ချက်မှ ၉-ချက်အလွန်တွင် ဒွါရ၌ ထင်လာ၏။ နည်းသော စိတ္တုပါဒ်အရေအတွက် ရှိ၏။

၄။ အတိပရိတ္တာရုံ = အလွန်တရာ မထင်ရှား မသိသာသည့် အားနည်းလှသောအာရုံ ၅-ပါး ဥပါဒ်ပြီးနောက် စိတ္တခဏ ၁၀-ချက်မှ ၁၅-ချက်အလွန်တွင် ဒွါရ၌ ထင်လာ၏။

အလွန်နည်းသော ဝီထိစိတ္တုပ္ပါဒ် အရေအတွက်ရှိ၏။ ရှေ့ကုသိုလ်ဇောက အကြောင်းဓမ္မ၊ နောက် ကုသိုလ်ဇောက အကျိုးဓမ္မဖြစ်သဖြင့် သင်္ချာ (ကု-ကု) သတ္တမဇောက အကြောင်းဓမ္မဖြစ်ပြီး သူ၏နောက်၌ ဇောမလာဘဲ တဒါရုံလာသဖြင့် သင်္ချာ (ကု-ကု) မရဘဲ (ကု-ဗျာ) ရလေသည်။ အဘိဓမ္မာကို ပိုင်တယ်ဟု ရှေးဆရာမြတ်များက မိန့်ကြားတော်မူဖူးလေ၏။

 

SONY DSC

မနောဒွါရဝီထိ

ဤကဲ့သို့ဝီထိဖြစ်စဉ် Mental process တစ်ခုပြီးဆုံးသွားပါက အိမ်ရှင်စိတ်ဟူသော ဘဝင်စိတ် Life continuum ဖြစ်၏။ ထို့နောက် ထိုမြင်ပြီး ကြားပြီးသည့် အာရုံတို့ကို အကြိမ်ကြိမ် ပြန်လည်တွေးတော စဉ်းစားသည့် မနောဒွါရဝီထိ ဖြစ်၏။ ထို့နောက် ညကြံတွေးစိတ်များက သဘောကျ ကျေနပ်လောက်သည့်အထိ ဆက်၍ဆက်၍ ဖြစ်ပြီးနောက်၌မူ ဘဝင်စိတ်အစဉ် ဆက်ဖြစ်နေပါတော့သည်။

ဤစိတ်ဖြစ်စဉ် Mental process ၁၇-ကြိမ်ထဲမှ အာရုံ၏အရသာကို အမှန်တကယ်ခံစားခွင့်ရသည့် ဇောစိတ် ၇-ကြိမ် အခိုက်အတန့်အတွင်း၌သာ ကုသိုလ်စိတ်၊ အကုသိုလ်စိတ်တို့ ဖြစ်၏။ အတီတဘဝင်မှသည် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုန်းစိတ်၊ သန္တီရဏ၊ ဝုဋ္ဌောစိတ်တို့သည် အခိုက်အတံ့ တစ်ခုစီသာဖြစ်ပြီး ချုပ်ပျောက် သွားကြပါသည်။ ထို့ကြောင့် ထိုထိုစိတ်တို့က ကောင်းဆိုးကွဲပြား ခံစားခြင်း မရှိပေ။ ထို့ကြောင့် ၎င်းစိတ်တို့သည် ကုသိုလ် အကုသိုလ်ဟူသော အမည်မရဘဲ အဗျာကတဟူသော အမည်ရခြင်း ဖြစ်သည်။

 

မနောဓာတ်နှင့် မနောဝိညာဏဓာတ်

ပဋ္ဌာန်းတရားတော် ပစ္စယနိဒ္ဒေသ၌လာရှိသည့် မနောဓါတ်နှင့် မနောဝိညာဏဓါတ်ကိုလည်း သိထားရန် လိုပေသည်။ စိတ်အကျဉ်း ၈၉-ပါးထဲက ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေးဟုခေါ်သည့် စိတ် ၃-ပါး ဒွေပဉ္စဝိညာဏ် ၁၀-ပါး စုစုပေါင်း စိတ် ၁၃-ပါးသည် မနောဓါတ် (သို့) မနောဓာတုဟုအမည်ရသည်။ က-စက္ခုဝိညာဏ်ဒွေး ခ-သောတဝိညာဏ်ဒွေး ဂ-ဃာန ဝိညာဏ်ဒွေး ဃ-ဇိဝှါဝိညာဏဒွေးနှင့် င-ကာယ ဝိညာဏ်ဒွေးဟူ၍ စိတ်စုစုပေါင်း ၁၀-ပါး စ-ပဉ္စဒွါရာဝဇ္ဇန်း ၁-ပါး ဆ-သမ္ပဋိစ္ဆိုင်းဒွေး ၂-ပါးတို့ကို စုစုပေါင်းသော စိတ် ၁၃-ပါးရ၏။ ကျန်သည့်စိတ် (၈၉ – ၁၃ = ၇၆)ပါးက မနောဝိညာဏဓါတ် (သို့) မနောဝိညာဏဓာတုဟု အမည်ရလေသည်။ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ စသည်ကို အမှီမရပေ။ ထိုစိတ် ၇၆-ပါး၏ မှီရာမှာ ဟဒယဝတ္ထုရုပ်ပေတည်း။

 

စက္ခုဝိညာဏဓာတု၊ မနောဓာတုနှင့် မနောဝိညာဏဓာတု

ပဋ္ဌာန်းကျမ်း၌လာရှိသည့် စက္ခုဝိညာဏဓာတုသည် သြင်္ဂိုအရ စက္ခုဝိညာဏနှင့် အဓိပ္ပါယ်တူပါသည်။ မနော ဓာတုသည် သြင်္ဂိုအရ သမ္ပဋိစ္ဆိုင်းနှင့် အဓိပ္ပါယ်တူပါသည်။ မနောဝိညာဏ ဓာတုမှာမူ သြင်္ဂိုအရ သန္တီရဏနှင့် အဓိပ္ပါယ် တူပါသည်။

မဂ္ဂဝီထိကိုဉာဏ်နုံ့သည့် မန္ဒပုဂ္ဂိုလ်၏မဂ္ဂဝီထိနှင့် ဉာဏ်ထက်သည့် တိက္ခပုဂ္ဂိုလ်၏ မဂ္ဂဝီထိဟူ၍ နှစ်မျိုး လေ့လာ ပါမည်။

မန္ဒပုဂ္ဂိုလ်၏ မဂ္ဂဝီထိမှာ န-ဒ-မ-ပ-ဥ-နု-ဂေါ-မဂ်-ဖိုလ်-ဖိုလ်-ဘဝင်- ဘဝင် တို့ဖြစ်သည်။ တိက္ခပုဂ္ဂိုလ်၏ မဂ္ဂဝီထိမှာ န-ဒ-မ-ပ-ဥ-နု-ဂေါ-မဂ်-ဖိုလ်-ဖိုလ်-ဖိုလ်ဘဝင်-ဘဝင် တို့ ဖြစ်သည်။ န-ဒ-မသည် ဘဝင်္ဂ စလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မေနောဒွါရဝဇ္ဇန်းတို့ ဖြစ်၏။

ပ = ပရိကမ် ဥ = ဥပစာ နု = အနုလုံ ဂေါ = ဂေါတြဘု

ပုထုဇဉ်ယောဂီ၏ မနောဒွါရ၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါး အာရုံ ထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဟု ဘဝင် ၂-ကြိမ် လှုပ်၍ပြတ်ပြီးလျှင် ထိုထင်လာသောအာရုံကို ဆင်ခြင်လျက် မနောဒွါရာဝဇ္ဇန်း ဖြစ်၏။

ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ် စိတ် ၄-ပါးအနက်မှ တစ်ပါးပါးသည် လက္ခဏာရေးသုံးပါးကို အာရုံပြုလျက် ပရိကမ် ဥပစာ အနုလုံဟု ၃-ကြိမ်၊ နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘု ၁-ကြိမ် ဖြစ်၍ချုပ်၏။ ထို့နောက် သောတာပတ္တိမဂ်ဇောသည် နိဗ္ဗာန်ကိုအာရုံပြုလျက် ၁-ကြိမ်ဖြစ်၍ ထိုမဂ်၏ အခြား မဲ့၌ သောတာပတ္တိဖိုလ်ဇောသည် နိဗ္ဗာန်ကို အာရုံပြုလျက် ၂-ကြိမ် ဖြစ်၍ချုပ်ပြီးလျှင် ဘဝင်ကျ၍ မဂ်မှထ၏။ (တိက္ခပညာ ပုဂ္ဂိုလ်ဖြစ်သော် ပရိကမ်ကို ချန်လှပ်ပြီး ဖိုလ်ဇော ၃-ကြိမ် စောရမည်။)

ဈာန်ဝင်စားသော သမာပဇ္ဇနဝီထိ

(မန္ဒပညာ ) န-ဒ- “မ-ပ-ဥ-နု-ဂေါ-ဈာန်-ဈာန်-ဈာန် များစွာ” -ဘွင်-

(တိက္ခပညာ) န-ဒ-“မ-ဥ-နု-ဂေါ-ဈာန်-ဈာန်-ဈာန် များစွာ” -ဘွင်-

 

ရူပါဝစရ ဈာန်ဝင်စားရန်

ကသိုဏ်းနိမိတ်အာရုံသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝဂုၤပစ္ဆေဒဟူ၍ ဘဝင် ၂-ကြိမ် လှုပ်၍ ပြတ်ပြီးလျှင် ထိုကသိုဏ်းနိမိတ်ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ်ဖြစ်၏။

ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ် သောမနဿစိတ် (ပဉ္စမဈာန် ဝင်စားရန် ဥပေက္ခာစိတ်ယူ) ၂-ပါးတွင် တစ်ပါးပါးသည် မန္ဒပညာပုဂ္ဂိုလ်ဖြစ်သော် ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ်၊ (တိက္ခ ပညာပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၃-ကြိမ်) ဖြစ်၍ ချုပ်၏။ ထို့နောက် ရူပါဝစရ ကုသိုလ် ပထမဈာန် (သို့မဟုတ် ဒု-တ-စ-ပဉ္စမဈာန်) စိတ်သည် အပ္ပနာဇောအဖြစ် အကြိမ်များစွာ ဖြစ်၍ချုပ်၏။ ထို့နောက် ဘဝင်ကျပြီး ဈာန်မှထ၏။

 3 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *