ဘုရားအေလာင္းေတာ္ ဇနကမင္းသား၏ အဓိပတိထိုက္သည့္ လံု႔လ၀ီရိယ  zawgyi

 

          မဟာဇနကဇာတ္ေတာ္၌ ဘုရားအေလာင္းေတာ္ ဇနကမင္းသား၏ ခမည္းေတာ္ကို ဘေထြးေတာ္က စစ္ပဲြဆင္ႏဲြၿပီး မိထိလာျပည္ကို အရယူသြားေတာ့သည္။ ဘုရားအေလာင္းေတာ္ ကိုယ္၀န္လြယ္ထားသည့္ မိဖုရားေခါင္ႀကီးသည္ ကိုယ္လြတ္ ထြက္ေျပးလြတ္ေျမာက္ခဲ့သည္။ သားကေလး ဖြားျမင္လာေသာအခါ မင္းသား ငယ္၏ အဖိုးအမည္ျဖစ္သည့္ ဇနကမင္းသားဟု မွည့္ေခၚ၏။

          အရြယ္ေရာက္လာေသာအခါ ဖခင္အစစ္အမွန္ကို ဖံုးကြယ္ထား၍ မျဖစ္ေတာ့သည့္တစ္ေန႔ မယ္ေတာ္ ႀကီးက ျဖစ္ေၾကာင္းကုန္စဥ္ကို ေျပာျပ၏။ ဇနကမင္းသားကေလးက အဖ၏တိုင္းျပည္ကို ျပန္လည္ရယူႏိုင္ရန္ စီမံ ရာတြင္ ဥစၥာဘ႑ာကို ဦးစြာ စုေဆာင္းရမည္ဟု ဆံုးျဖတ္ပါသည္။

 

          မယ္ေတာ့ထံမွ ဥစၥာေငြေၾကးအခ်ဳိ႕ကို အရင္းအႏွီးအျဖစ္ယူၿပီး မယ္ေတာ္ႀကီး အတန္တန္တားသည့္ ၾကားကပင္ ကုန္ကူးသန္းရန္အတြက္ သု၀ဏၰဘူမိသို႔ ရြက္သေဘၤာျဖင့္ ထြက္ခြာလာ၏။ ပင္လယ္ျပင္တြင္ ေလမုန္းတိုင္းမိသျဖင့္ သေဘၤာပ်က္ေလသည္။ ထိုအခါ မင္းသားသည္ သေဘၤာရြက္တိုင္ ထိပ္သို႔တက္ကာ တစ္ကိုယ္လံုး ေထာပတ္ဆီမ်ား သုတ္လိမ္းၿပီး သေဘၤာႏွင့္ အေ၀းဆံုးေရာက္ေအာင္ ခုန္ခ်ပါေတာ့သည္။ ပင္လယ္ျပင္တြင္ မည္သည့္အစာမွ မစားရေသာ္လည္း ဥပုသ္ေန႔၌ ဥပုသ္ေစာင့္ေတာ္မူေသးသည္။ မင္းသား သည္ လံု႔လ၀ီရိယ မေလ်ာ့ခ်ဘဲ ခုနစ္ရက္ပတ္လံုး မိထိလာျပည္သို႔ ရည္မွန္းကာ ကူးခတ္ေနေတာ့၏။ ခုနစ္ရက္ ျပည့္ေသာေန႔တြင္ မဏိေမခလာနတ္သမီးက ကယ္တင္ၿပီး မင္းသားရည္မွန္းထားရာ မိထိလာျပည္သို႔ ပို႔ေဆာင္ ေပးပါသည္။

          ထိုကာလ၌ မိထိလာျပည့္ရွင္ဘုရင္ ဘေထြးေတာ္မင္းတရားႀကီး နတ္ရြာစံၿပီးခ်ိန္ ျဖစ္သျဖင့္ စစ္မတိုက္ ရဘဲ ဘုရင္အျဖစ္ကို ေရာက္ေတာ္မူ၏။ အေလာင္းေတာ္၏ ၀ီရိယသည္ ထက္သန္သျဖင့္ အတူျဖစ္ဖက္ နာမ္တရား မ်ားႏွင့္ စိတၱဇ႐ုပ္မ်ားလည္း ၀ီရိယ၏အလိုအတိုင္း လိုက္ပါေပးရေတာ့သည္။ အတြင္းအဇၥ်တၱသႏၲာန္မွ နာမ္တရား အႀကီးအမွဴးျဖစ္သည့္ ၀ီရိယဦးေဆာင္ရာသို႔ ဆႏၵ၊ စိတၱ၊ ၀ီမံသ တို႔သည္လည္း ရည္မွန္းရာ ပန္းတိုင္ဆီသို႔ ပို႔ေဆာင္ေပးေတာ့သည္။

 

စႀကၤာမင္းပမာ အဓိပတိ

 

          ဆႏၵ၊ ၀ီရိယ၊ စိတၱ၊ ၀ီမံသ ေလးပါးလံုး တၿပိဳင္တည္း အဓိပတိမရပါ။ အေၾကာင္းမွာ အဓိပတိဟူသည္ ရွင္ဘုရင္ျဖစ္သျဖင့္ ၿပိဳင္ဘက္ကင္း၏။ ထို႔ေၾကာင့္ ဆႏၵကအဓိပတိျဖစ္ပါက က်န္သူတို႔ ေနာက္လိုက္ျဖစ္ၿပီး ဆႏၵခိုင္းသမွ်ကို လုပ္ေပးရသည္။

          ဆႏၵက ပစၥယ အေၾကာင္းတရားျဖစ္လွ်င္ က်န္သံုးပါးက ပစၥယုပၸန္ အက်ဳိးတရားျဖစ္၏။ စႀကၤာမင္းဟူသည္ ဤကမၻာေျမျပင္၌ တစ္ဦးတည္း ပိုင္စိုးအုပ္ခ်ဳပ္သကဲ့သို႔တည္း။

          ၀ီရိယဦးေဆာင္လွ်င္လည္း က်န္သူတို႔က ေနာက္လိုက္ျဖစ္၏။ ေလာဘေစတသိက္က စိတ္ကို ခ်ယ္ လွယ္ၿပီး ေလာဘစိတ္ ျပင္းထန္လာပါက ေလာဘစိတ္က အဓိပတိျဖစ္ေတာ့၏။ က်န္သူတို႔ ေနာက္လိုက္ အျဖစ္ ေလာဘစိတ္အလိုက် ေဆာင္က်ဥ္းေပးရေပေတာ့မည္။

          မေကာင္းေသာ အကုသိုလ္လုပ္ေဆာင္မႈအစုစုတို႔၌ ဓမၼသဘာ၀ကပင္ အသိအလိမၼာ ဉာဏ္ပညာ ၀ိဇၨာ အေမာဟမပါ၀င္ေသာေၾကာင့္ စိတ္ေဇာအားႀကီးသည္ႏွင့္ အမွ်၊ ၀ီရိယထက္သန္သည္ႏွင့္အမွ်၊ ဆႏၵ ျပင္းျပသည္ ႏွင့္အမွ် တိုး၍တိုး၍သာ မိုက္ၾကေပေတာ့သည္။ အေၾကာင္းမွာ ၀ီမံသပညာ၏ ဦးေဆာင္လမ္းညႊန္မႈ မရေသာ ေၾကာင့္ေပတည္း။

အဓိပတိပစၥည္း၊ ပစၥယုပၸန္၊ သုဒၶသခ်ၤာႏွင့္ မ်ဳိးတူပစၥည္း

 

          ပစၥည္းဟူေသာ အေၾကာင္းတရားမွာ ဆႏၵ၊ ၀ီရိယ၊ စိတၱ၊ ပညာပစၥယုပၸန္ ဟူေသာ အက်ဳိးတရားမွာ ယွဥ္ဖက္ေစတသိက္ႏွင့္ စိတၱဇ႐ုပ္မ်ားတည္း။

 

ေ၀ါဟာရမွတ္စု

 

          ပစၥေယန ပစၥေယာ = အေၾကာင္းတရားက အက်ဳိးတရား ျဖစ္ေပၚေအာင္ ေက်းဇူးျပဳသည္။ (တနည္း အားျဖင့္ အေၾကာင္းတရားရွိလို႔သာ အက်ဳိးတရားဆိုတာ ျဖစ္ေပၚႏိုင္တယ္)

         

Reality.       ပရမတ္္    Concept.        ပညတ္

 

 

 

ဘုရားအလောင်းတော် ဇနကမင်းသား၏ အဓိပတိထိုက်သည့် လုံ့လဝီရိယ pyidaungsu-unicode

     မဟာဇနကဇာတ်တော်၌ ဘုရားအလောင်းတော် ဇနကမင်းသား၏ ခမည်းတော်ကို ဘထွေးတော်က စစ်ပွဲဆင်နွဲပြီး မိထိလာပြည်ကို အရယူသွားတော့သည်။ ဘုရားအလောင်းတော် ကိုယ်ဝန်လွယ်ထားသည့် မိဖုရားခေါင်ကြီးသည် ကိုယ်လွတ် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သားကလေး ဖွားမြင်လာသောအခါ မင်းသား ငယ်၏ အဖိုးအမည်ဖြစ်သည့် ဇနကမင်းသားဟု မှည့်ခေါ်၏။

     အရွယ်ရောက်လာသောအခါ ဖခင်အစစ်အမှန်ကို ဖုံးကွယ်ထား၍ မဖြစ်တော့သည့်တစ်နေ့ မယ်တော် ကြီးက ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြ၏။ ဇနကမင်းသားကလေးက အဖ၏တိုင်းပြည်ကို ပြန်လည်ရယူနိုင်ရန် စီမံ ရာတွင် ဥစ္စာဘဏ္ဍာကို ဦးစွာ စုဆောင်းရမည်ဟု ဆုံးဖြတ်ပါသည်။

 

 

 

      မယ်တော့ထံမှ ဥစ္စာငွေကြေးအချို့ကို အရင်းအနှီးအဖြစ်ယူပြီး မယ်တော်ကြီး အတန်တန်တားသည့် ကြားကပင် ကုန်ကူးသန်းရန်အတွက် သုဝဏ္ဏဘူမိသို့ ရွက်သင်္ဘောဖြင့် ထွက်ခွာလာ၏။ ပင်လယ်ပြင်တွင် လေမုန်းတိုင်းမိသဖြင့် သင်္ဘောပျက်လေသည်။ ထိုအခါ မင်းသားသည် သင်္ဘောရွက်တိုင် ထိပ်သို့တက်ကာ တစ်ကိုယ်လုံး ထောပတ်ဆီများ သုတ်လိမ်းပြီး သင်္ဘောနှင့် အဝေးဆုံးရောက်အောင် ခုန်ချပါတော့သည်။ ပင်လယ်ပြင်တွင် မည်သည့်အစာမှ မစားရသော်လည်း ဥပုသ်နေ့၌ ဥပုသ်စောင့်တော်မူသေးသည်။ မင်းသား သည် လုံ့လဝီရိယ မလျော့ချဘဲ ခုနစ်ရက်ပတ်လုံး မိထိလာပြည်သို့ ရည်မှန်းကာ ကူးခတ်နေတော့၏။ ခုနစ်ရက် ပြည့်သောနေ့တွင် မဏိမေခလာနတ်သမီးက ကယ်တင်ပြီး မင်းသားရည်မှန်းထားရာ မိထိလာပြည်သို့ ပို့ဆောင် ပေးပါသည်။

      ထိုကာလ၌ မိထိလာပြည့်ရှင်ဘုရင် ဘထွေးတော်မင်းတရားကြီး နတ်ရွာစံပြီးချိန် ဖြစ်သဖြင့် စစ်မတိုက် ရဘဲ ဘုရင်အဖြစ်ကို ရောက်တော်မူ၏။ အလောင်းတော်၏ ဝီရိယသည် ထက်သန်သဖြင့် အတူဖြစ်ဖက် နာမ်တရား များနှင့် စိတ္တဇရုပ်များလည်း ဝီရိယ၏အလိုအတိုင်း လိုက်ပါပေးရတော့သည်။ အတွင်းအဇ္ဈတ္တသန္တာန်မှ နာမ်တရား အကြီးအမှူးဖြစ်သည့် ဝီရိယဦးဆောင်ရာသို့ ဆန္ဒ၊ စိတ္တ၊ ဝီမံသ တို့သည်လည်း ရည်မှန်းရာ ပန်းတိုင်ဆီသို့ ပို့ဆောင်ပေးတော့သည်။

 

စြင်္ကာမင်းပမာ အဓိပတိ

     ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ လေးပါးလုံး တပြိုင်တည်း အဓိပတိမရပါ။ အကြောင်းမှာ အဓိပတိဟူသည် ရှင်ဘုရင်ဖြစ်သဖြင့် ပြိုင်ဘက်ကင်း၏။ ထို့ကြောင့် ဆန္ဒကအဓိပတိဖြစ်ပါက ကျန်သူတို့ နောက်လိုက်ဖြစ်ပြီး ဆန္ဒခိုင်းသမျှကို လုပ်ပေးရသည်။

      ဆန္ဒက ပစ္စယ အကြောင်းတရားဖြစ်လျှင် ကျန်သုံးပါးက ပစ္စယုပ္ပန် အကျိုးတရားဖြစ်၏။ စြင်္ကာမင်းဟူသည် ဤကမ္ဘာမြေပြင်၌ တစ်ဦးတည်း ပိုင်စိုးအုပ်ချုပ်သကဲ့သို့တည်း။

     ဝီရိယဦးဆောင်လျှင်လည်း ကျန်သူတို့က နောက်လိုက်ဖြစ်၏။ လောဘစေတသိက်က စိတ်ကို ချယ် လှယ်ပြီး လောဘစိတ် ပြင်းထန်လာပါက လောဘစိတ်က အဓိပတိဖြစ်တော့၏။ ကျန်သူတို့ နောက်လိုက် အဖြစ် လောဘစိတ်အလိုကျ ဆောင်ကျဉ်းပေးရပေတော့မည်။

     မကောင်းသော အကုသိုလ်လုပ်ဆောင်မှုအစုစုတို့၌ ဓမ္မသဘာဝကပင် အသိအလိမ္မာ ဉာဏ်ပညာ ဝိဇ္ဇာ အမောဟမပါဝင်သောကြောင့် စိတ်ဇောအားကြီးသည်နှင့် အမျှ၊ ဝီရိယထက်သန်သည်နှင့်အမျှ၊ ဆန္ဒ ပြင်းပြသည် နှင့်အမျှ တိုး၍တိုး၍သာ မိုက်ကြပေတော့သည်။ အကြောင်းမှာ ဝီမံသပညာ၏ ဦးဆောင်လမ်းညွှန်မှု မရသော ကြောင့်ပေတည်း။

 

အဓိပတိပစ္စည်း၊ ပစ္စယုပ္ပန်၊ သုဒ္ဓသင်္ချာနှင့် မျိုးတူပစ္စည်း

ပစ္စည်းဟူသော အကြောင်းတရားမှာ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာပစ္စယုပ္ပန် ဟူသော အကျိုးတရားမှာ ယှဉ်ဖက်စေတသိက်နှင့် စိတ္တဇရုပ်များတည်း။

ဝေါဟာရမှတ်စု

ပစ္စယေန ပစ္စယော = အကြောင်းတရားက အကျိုးတရား ဖြစ်ပေါ်အောင် ကျေးဇူးပြုသည်။ (တနည်း အားဖြင့် အကြောင်းတရားရှိလို့သာ အကျိုးတရားဆိုတာ ဖြစ်ပေါ်နိုင်တယ်)

Reality. ပရမတ် Concept. ပညတ်

 

 17 total views,  1 views today

By admin

Leave a Reply

Your email address will not be published.