အႆာေဒတိႏွင့္ အဘိနႏၵတိ  zawgyi

 

          အာ႐ံုေျခာက္ပါးက စားက်က္ဟုပမာျပဳမည္ဆိုလွ်င္ စားက်က္၌ ကုသိုလ္၊ အကုသိုလ္ဟူ၍ မရွိေကာင္းေပ။ နာမ္တရားျဖစ္သည့္ ကုသလေဟတုႏွင့္ အကုသလေဟတုကသာ ကုသိုလ္၊ အကုသိုလ္ဟူ၍ ရွိသည္။

          ထို႔ေၾကာင့္အေလာဘ၊ အေဒါသ၊ အေမာဟဟူေသာ ကုသလေဟတု အားေကာင္းပါက ဒါန သီလ စသည့္ ျပဳျပဳသမွ်ေသာ ကာမာ၀စရကုသိုလ္တို႔ကို ပစၥေ၀ကၡတိ အာ႐ုံျပဳ၍ ဆင္ျခင္ႏိုင္၏။

          ေလာဘ၊ ေဒါသ၊ ေမာဟ ဟူေသာ အကုသလေဟတု အားေကာင္းပါမူကား ထိုထို ဒါန သီလ စသည့္ ေကာင္းမႈမ်ားအေပၚ၌ပင္ အႆာေဒတိ သာယာျမတ္ႏိုး၏၊ အဘိနႏၵတိ အလြန္ ႏွစ္သက္၏၊ ထိုသို႔ သာယာ ျမတ္ႏိုး ႏွစ္သက္မႈကို အာ႐ုံျပဳ၍ စြဲလမ္းကပ္ၿငိမႈရာဂ ျဖစ္ေပၚလာ၏။ အယူလြဲမွားမႈဒိ႒ိ ျဖစ္ေပၚလာႏိုင္၏။

      သို႔ျဖစ္ပါ၍ ကုသိုလ္မျဖစ္ေစႏိုင္သည့္ အာ႐ံုဟူ၍မရွိပါ။ ကုသိုလ္ရႏိုင္ရန္ အသံုးခ်ႏိုင္စြမ္းရွိသူႏွင့္ အသံုးခ် ႏိုင္စြမ္းမရွိသူတို႔သာ ကြာျခားပါသည္။ ပုဂၢိဳလ္၏ အတြင္းဓါတ္ခံအေပၚ၌ မူတည္ပါသည္။

 

 

အရွင္အာနႏၵာႏွင့္ အရွင္ေဒ၀ဒတ္တို႔၏ ဓာတ္ခံအားေလွ်ာ္သည့္ ေတာင္းဆုမ်ား

 

          ပမာျပရေသာ္ အရွင္အာနႏၵာႏွင့္ အရွင္ေဒ၀ဒတ္တို႔သည္ သာကီ၀င္မင္းမ်ဳိးခ်င္း တူညီသည္။ ခတၱိယ မ်ဳိးႏြယ္ခ်င္းလည္း တူညီသည္။ ဘုရား၏ညီေတာ္မ်ား ျဖစ္တာခ်င္းလည္း တူညီသည္။ ရဟန္းျဖစ္တာခ်င္းလည္း တူညီျပန္သည္။ ဘုရားရွင္ထံ ေတာင္းခံသည့္ ျဖစ္စဥ္၌လည္း တူညီျပန္သည္။ သို႔ေသာ္ ဓာတ္ခံမ်ားက မိုးေျမမက ကြာျခားလြန္းပါသည္။

          အရွင္အာနႏၵာသည္ ဘုရားထံပါးမွ ပယ္ဆုေလးမ်ိဳး ေတာင္းခံခဲ့သည္။ ၎တို႔မွာ ဘုရားရွင္သည္ အကယ္၍ တပည့္ေတာ္အား ၁-အဖိုးထုိက္ အဖိုးတန္သကၤန္းကို မေပးဘဲေနေတာ္မူပါလွ်င္၊ ၂-မြန္ျမတ္ေသာ ဆြမ္းခဲဖြယ္ကို မေပးဘဲေနေတာ္မူပါလွ်င္၊ ၃-ဘုရားရွင္ က်ိန္းစက္ေတာ္မူရာေက်ာင္း၌ ေနထိုင္ခြင့္မေပးဘဲ ေနေတာ္မူပါလွ်င္၊ ၄-ပင့္ဖိတ္ရာသို႔ တပည့္ေတာ္ကို မေခၚဘဲထားေတာ္မူပါလွ်င္ တပည့္ေတာ္သည္ ဘုရားရွင္အား လုပ္ေကြၽးျပဳစုပါမည္ ဘုရား။

          တစ္ဖန္ အရွင္အာနႏၵာသည္ ေတာင္းဆုေလးပါးေလွ်ာက္ထားသည္၊ ၎တို႔မွာ –

          အကယ္၍ ဘုရားရွင္သည္ ၁-တပည့္ေတာ္ လက္ခံထားေသာ ဖိတ္ၾကားရာသို႔ လိုက္ေတာ္မူပါလွ်င္၊ ၂-ရပ္ေ၀းမွ ေရာက္လာၾကေသာ ပရိတ္သတ္အား ေရာက္လာေသာအခ်ိန္မွာပင္ ဘုရားရွင္ထံသို႔ ပို႔ေဆာင္ခြင့္ရ ပါလွ်င္၊ ၃-ယံုမွားသကၤာ တစ္စံုတစ္ရာ ေပၚလာခဲ့ေသာ္ ေပၚလာေသာ အခ်ိန္မွာပင္ ဘုရားရွင္ထံ ခ်ဥ္းကပ္ ခြင့္ရပါလွ်င္၊ ၄-တပည့္ေတာ္၏ မ်က္ကြယ္မွာ ေဟာၾကားေတာ္မူခဲ့ေသာ တရားေဒသနာမ်ားကို တပည့္ေတာ္အား ထပ္မံ ေဟာၾကားေတာ္မူပါလွ်င္ ဘုရားရွင္အား တပည့္ေတာ္ လုပ္ေကြၽး ျပဳစုပါမည္ဟူ၍ ျဖစ္ပါသည္။

          အရွင္ေဒ၀ဒတ္သည္လည္း ေတာင္းဆုငါးပါးကို ေလွ်ာက္ထားဖူးသည္။ ၎တို႔မွာ ရဟန္းအားလံုးသည္ –

၁- အသက္ထက္ဆံုး ေတာေက်ာင္း၌သာ ေနၾကရန္၊ ၂- ပင့္ဆြမ္းကိုပယ္၍ ဆြမ္းခံစားရန္၊ ၃-အသက္ထက္ဆံုး ပံ့သကူသကၤန္းကိုသာ သံုးေဆာင္ရန္၊ ၄- သစ္ပင္ရင္းဟူေသာ ေက်ာင္း၌သာ သီတင္းသံုးရန္၊ ၅-သက္သတ္ လြတ္ကိုသာ ဘုဥ္းေပးေရးကို သံဃာေတာ္တို႔အား စည္းကမ္းျပ႒ာန္းေပးရန္ ျဖစ္ပါသည္။ ေဒ၀ဒတ္၏ ေလွ်ာက္ထား ခ်က္သည္ ျမင့္ျမတ္သူတို႔၏ က်င့္စဥ္ပမာ ထင္မွတ္ရပါေသာ္လည္း အရွင္ေဒ၀ဒတ္၏ မူလဓာတ္ခံ စိတ္ထား အလြန္ပင္ ေကာက္က်စ္သျဖင့္ ၾကားေကာင္း႐ံု ေတာင္းျခင္းျဖစ္ၿပီး ထိုသို႔လိုက္နာက်င့္သံုးရန္ သူ႔၌ စိတ္ဆႏၵ မရွိ ပါေလ။

          အေၾကာင္းမွာ ႐ုပ္ကိုပဓာနျပဳကာ ၾကည္ညိဳၾကသူ သံုးပံုပံုလွ်င္ ႏွစ္ပံုရွိသည္။ ေက်ာ္ေစာမႈကို ပဓာန ျပဳကာ ၾကည္ညိဳၾကသူ ငါးပံုပံုလွ်င္ ေလးပံုရွိသည္။ ေခါင္းပါးေသာ အက်င့္ကို ပဓာနျပဳကာ ၾကည္ညိဳၾကသူ ဆယ္ပံုပံုလွ်င္ ကိုးပံုရွိၿပီး ဓမၼကိုပဓာနျပဳကာ ၾကည္ညိဳသူတစ္သိန္းပံုလွ်င္ တစ္ပံုသာရွိသည္ဟု ျမတ္ဘုရား ေဟာၾကားေတာ္ မူထားသည္။

          ေဒ၀ဒတ္သည္ ဤေခါင္းပါးေသာအက်င့္ကို လူႀကိဳက္မ်ားမွန္း သိထားၿပီး ျဖစ္သည္။ ထို႕ေၾကာင့္ ေဒ၀ဒတ္၏ ေလွ်ာက္ထားခ်က္ကို ဘုရားရွင္ခြင့္ျပဳလွ်င္ ဘုရားသည္ သူ႔ေလာက္ပင္ ဓမၼေရးရာ၌ မလိမၼာေခ်ဟု စြပ္စဲြ ေပေတာ့မည္။ ဘုရားရွင္ခြင့္မျပဳပါလွ်င္ ငါသည္ ျမင့္ျမတ္သူတို႔၏ ျမင့္ျမတ္ေသာက်င့္စဥ္ကို က်င့္သံုး ႏိုင္ရန္ ေတာင္းဆိုပါေသာ္လည္း အားေပးျခင္းမရွိဟု စြပ္စဲြေပမည္။ ႏွစ္ဖက္အစြန္းမလြတ္ေအာင္ ေကာက္က်စ္ ေသာအႀကံျဖင့္ သံဃပရိသတ္အလယ္တြင္ ေလွ်ာက္ထားျခင္းသာ ျဖစ္ေပေတာ့သည္။

 

သဟဇာတာဓိပတိ

 

          ဤသဟဇာတာဓိပတိ ပ႒ာန္းပစၥည္းသည္ သာမန္လူစား အႏုံစားတို႔ မျဖစ္ပြားႏိုင္ ၾကကုန္။ သံသရာ ေခါင္းေဆာင္ႀကီးမ်ားျဖစ္ေသာ ဘုရား၊ ပေစၥကဗုဒၶါ ၊ သာ၀ကအေလာင္းလ်ာႀကီးမ်ားႏွင့္ ကမၻာေလာကႀကီးမ်ား ႀကီးပြားေအာင္ ေဆာင္ရြက္ၾကသည့္ ကမၻာ႔ေခါင္းေဆာင္ႀကီးမ်ားတို႔မွာ မ်ားေသာအားျဖင့္ ဤဓိပတိပစၥည္း ထင္ရွား၏။ မိမိတို႔အလုပ္ အဟုတ္ၿပီးစီးေအာင္ အထူးသျဖင့္ ႀကံေဆာင္အားထုတ္၍ ထုိထိုအမႈကိစၥ ၿပီးစီး ေအာင္ျမင္ၾကပါသည္။

          “ဆႏၵာဓိပတိ ဆႏၵသမၸယုတၱကာနံ ဓမၼာနံ တံ သမု႒ာနာနဥၥ ႐ူပါနံ အဓိပတိပစၥေယန ပစၥေယာ”ဟု ပ႒ာန္းပါဠိေတာ္ႀကီးတြင္ လာရွိပါသည္။ ကမၻာ႔ေခါင္းေဆာင္ႀကီးမ်ားဟူသည္ လူထဲကလူျဖစ္ပါေသာ္လည္း အဓိပတိတပ္ရန္ ျပဳမူအားထုတ္ၾကသျဖင့္သာ အဓိပတိေခါင္းေဆာင္ႀကီးမ်ား ျဖစ္ၾကေပသည္။ မိမိတို႔အေန ျဖင့္လည္း ဤဓိပတိေလးပါးတရားႏွင့္ တြဲကာ တြဲကာ အားထုတ္ၾကပါမူ ဤဘ၀တြင္လည္း အဓိပတိလူႀကီး လူေကာင္းမ်ား၊ အစားစားျဖစ္ႏိုင္၏။ ေနာက္ ေနာက္သံသရာ ကမၻာေလာကႀကီး၌လည္း အဓိပတိအက်ဳိး အမ်ဳိးမ်ဳိးတို႔ ခံစားၾကၿပီးလွ်င္ မိမိ မိမိတို႔ အဓိပတိပါရမီအားေလ်ာ္စြာ ဘုရားအဓိပတိ၊ ပေစၥကဗုဒၶါအဓိပတိ၊ သာ၀ကႀကီးအဓိပတိ၊ လူေကာင္း နတ္ေကာင္း ျဗဟၼာေကာင္း နိဗၺာန္တိုင္ေအာင္ ေရာက္ၾကရ ခံစားၾကရေပမည္။

          အဓိပတိမေဆာင္ဘဲ ထိုထိုအမႈတို႕ကို ဆႏၵ၊ ၀ီရိယ၊ စိတၱ၊ ၀ီမံသတို႔ ႏုံနဲ႔ျပဳလုပ္ၾကပါမူ လူူႏုံ၊ နတ္ႏုံ စသည္တို႔ ျဖစ္ၾကပါမည္။ အလတ္စား ျပဳၾကပါမူ အလတ္စားလူ၊ နတ္မွ်သာ ျဖစ္ၾကေပမည္။

          ေန႔စဥ္ ကုသိုလ္အလုပ္ျဖစ္သည့္ နံနက္ေစာေစာထ ေရမ်ား ဆီမီးမ်ား ပူေဇာ္ကာ ဘုရားရွိခိုး၊ သီလ ေဆာက္တည္၊ ေမတၱာစေသာ သမထကမၼ႒ာန္းႏွင့္ ၀ိပႆနာကမၼ႒ာန္းတို႔ကို ၀တ္ထားၿပီး အားထုတ္ ျပဳလုပ္ ၾကရာတြင္ ရံခါ စိတ္အားထက္သန္၍ ရံခါမွာမူ ႏုံႏုံနဲ႔နဲ႔ ပ်င္းပ်င္းရိရိ ျဖစ္ေနတတ္၏။

          ဤကဲ့သို႔ ပ်င္းပ်င္းရိရိ မျဖစ္ဘဲ မဆုတ္မဆိုင္း မေႏွာင့္မေႏွးေစဘဲ သဟဇာတာဓိပတိ စိတ္ေစတနာျဖင့္ ျပဳလုပ္အားထုတ္ပါမူ နိဗၺာန္ကို မ်က္ေမွာက္ျပဳသည့္တိုင္ေအာင္ ေက်းဇူးမ်ားေပမည္။

          နာမ္အဓိပတိျဖစ္သည့္ သဟဇာတာဓိပတိ၌ ပါ၀င္သည့္ ဆႏၵာဓိပတိ၊ ၀ီရိယာဓိပတိ၊ စိတၱာဓိပတိႏွင့္ ၀ီမံသာဓိပတိတို႔သည္ အင္အားႀကီးေသာ တန္ခိုးဣဒၶိ၏ အေျခခံမ်ား ဣဒၶိပါဒ တရားမ်ားလည္း ျဖစ္ၾက၏။

          ထို႔ေၾကာင့္ ထိုတရားတို႔သည္ ကုသိုလ္ႏွင့္ ယွဥ္လွ်င္လည္း ေကာင္းမႈ အဖံုဖံုကို မနားမေန ထက္ထက္ သန္သန္ႀကီး ျပဳေပေတာ့သည္။ အကုသိုလ္ႏွင့္ ယွဥ္လွ်င္လည္း မေကာင္းမႈအဖံုဖံုကို မနားမေန ထက္ထက္ သန္သန္ႀကီး ျပဳေပေတာ့သည္ဟု လယ္တီဆရာေတာ္ဘုရားႀကီး၏ ပ႒ာႏုေဒၵသဒီပနီ၌ လာရွိပါသည္။

 

 

ေကာသလမင္းႀကီး၏ အသဒိသဒါန၀တၳဳ

 

          အသဒိသဒါနႀကီးအတြက္ သာ၀တၳိျပည္၌ အၿပိဳင္အဆိုင္ လွဴဒါန္းေနၾကသည့္ကာလတြင္ ေကာသလ မင္းႀကီး၏ ကဏွမည္ေသာ အမတ္ႀကီးတစ္ေယာက္က “သူတို႔ အၿပိဳင္အဆိုင္ အႏိုင္ဂုဏ္ထူးကိုရခ်င္လို႔ လွဴဒါန္း ေနၾကတာ ဘာကုသိုလ္ရမွာလဲ၊ ၀တၳဳပစၥည္းေတြ ကုန္ဆုံး႐ုံမွ်ပဲရွိတယ္” ဟု စိတ္၌ ျပစ္မွားလ်က္ ရွိေန၏။

          အျခားအမတ္တစ္ဦးျဖစ္သည့္ ဇုဏွအမတ္ႀကီးကမူကား “ေၾသာ္ ဘုရားတစ္ဆူတစ္ဆူ သက္ရွိထင္ရွား ကာလအတြင္း ႀကီးမားျမင့္ျမတ္လွတဲ့ ဒါနႀကီးမ်ား တစ္လွဴသာျဖစ္ပြားႏိုင္တဲ့ ဒီအသဒိသဒါနႀကီးမ်ားကို  ကိုယ္အား၊ ဉာဏ္အား၊ ပစၥည္းအားတို႔ႏွင့္ မႏိုင္ႏိုင္ေအာင္၊အၿပိဳင္အဆိုင္ ႀကံေဆာင္ျပဳလုပ္ အားထုတ္လွဴဒါန္းႏိုင္ၾကပါေပ တကား”ဟု စိတ္၀ယ္ျဖစ္ကာ ၀မ္းေျမာက္၀မ္းသာလ်က္ ရွိေန၏။

          ေနာက္ဆံုးတြင္ မလိကာမိဖုရားႀကီး၏ စီမံမႈေၾကာင့္ ေကာသလမင္းႀကီးက အႏိုင္ရ၍ အႏုေမာဒနာ တရားကို ျမတ္စြာဘုရားသခင္က တစ္ဂါထာမွ်သာ ေဟာေတာ္မူပါသည္။ ထိုအခါ ေကာသလမင္းႀကီးက မေက်နပ္ လွ၍ ေနာက္တစ္ေန႔မွာ ဘုရားရွင္ထံပါးသြားကာ “ဤမွ်ေလာက္ ႀကီးက်ယ္ေသာ ဒါနႀကီးကို ျပဳပါလ်က္ အဘယ္အတြက္ေၾကာင့္ အႏုေမာဒနာတရားကို တစ္ဂါထာတည္းသာ ေဟာၾကားရပါသလဲဘုရား” ဟု ေလွ်ာက္ ထားေသာအခါ “အကယ္၍ ဤအသဒိသဒါန အက်ဳိးႀကီးေၾကာင္းကို အက်ယ္ပြား၍ ငါဘုရား ေဟာၾကား လိုက္သည္ရွိေသာ္ ဤဒါနႀကီးကို ခ်ီးမြမ္း၀မ္းေျမာက္ေသာ ဇုဏွအမတ္မူကား ေသာတာပန္ျဖစ္ေသာ္လည္း ဤကဲ့သို႔ ႀကီးက်ယ္ျမင့္ျမတ္ေသာ အလွဴႀကီးမ်ားကို စိတ္၀ယ္ျပစ္မွားကာေနေသာ ကဏွအမတ္ႀကီးသည္ကား ဦးေခါင္းရွစ္စိတ္ကြဲ၍ တစ္ခါတည္း ေသသြားမည္မ်ားကို က႐ုဏာေရွ႕ထား၍ တစ္ဂါထာတည္းသာ ငါဘုရား ေဟာၾကားသည္”ဟု မိန္႔ေတာ္မူပါသည္။

       မင္းႏွင့္ျပည္သူ တစ္ဦးႏွင့္ တစ္ဦးအႏိုင္ရေအာင္ ျပဳလုပ္လွဴဒါန္းၾကေသာအခါ သူတို႔၏ စိတ္ေနႏွလုံး၀ယ္ သာလိုႏိုင္လိုၾကသည္ မွန္ေသာ္လည္း ေလာဘ၊ ေဒါသ၊ ေမာဟ အရာမ်ဳိးမဟုတ္ပါဘဲ   ဆႏၵာဓိပတိ၊ ၀ီရိယာ ဓိပတိ၊ စိတၱာဓိပတိႏွင့္ ၀ီမံသာ ဓိပတိတည္းဟူေသာ အဓိပတိ၏ အင္အားႀကီးေသာ ကုသိုလ္နယ္ထဲကသာ လိုၾကျခင္း ေပတည္း။  

 

 

 

အဿာဒေတိနှင့် အဘိနန္ဒတိ pyidaungsu-unicode

       အာရုံခြောက်ပါးက စားကျက်ဟုပမာပြုမည်ဆိုလျှင် စားကျက်၌ ကုသိုလ်၊ အကုသိုလ်ဟူ၍ မရှိကောင်းပေ။ နာမ်တရားဖြစ်သည့် ကုသလဟေတုနှင့် အကုသလဟေတုကသာ ကုသိုလ်၊ အကုသိုလ်ဟူ၍ ရှိသည်။

       ထို့ကြောင့်အလောဘ၊ အဒေါသ၊ အမောဟဟူသော ကုသလဟေတု အားကောင်းပါက ဒါန သီလ စသည့် ပြုပြုသမျှသော ကာမာဝစရကုသိုလ်တို့ကို ပစ္စဝေက္ခတိ အာရုံပြု၍ ဆင်ခြင်နိုင်၏။

       လောဘ၊ ဒေါသ၊ မောဟ ဟူသော အကုသလဟေတု အားကောင်းပါမူကား ထိုထို ဒါန သီလ စသည့် ကောင်းမှုများအပေါ်၌ပင် အဿာဒေတိ သာယာမြတ်နိုး၏၊ အဘိနန္ဒတိ အလွန် နှစ်သက်၏၊ ထိုသို့ သာယာ မြတ်နိုး နှစ်သက်မှုကို အာရုံပြု၍ စွဲလမ်းကပ်ငြိမှုရာဂ ဖြစ်ပေါ်လာ၏။ အယူလွဲမှားမှုဒိဋ္ဌိ ဖြစ်ပေါ်လာနိုင်၏။

       သို့ဖြစ်ပါ၍ ကုသိုလ်မဖြစ်စေနိုင်သည့် အာရုံဟူ၍မရှိပါ။ ကုသိုလ်ရနိုင်ရန် အသုံးချနိုင်စွမ်းရှိသူနှင့် အသုံးချ နိုင်စွမ်းမရှိသူတို့သာ ကွာခြားပါသည်။ ပုဂ္ဂိုလ်၏ အတွင်းဓါတ်ခံအပေါ်၌ မူတည်ပါသည်။

 

 

 

အရှင်အာနန္ဒာနှင့် အရှင်ဒေဝဒတ်တို့၏ ဓာတ်ခံအားလျှော်သည့် တောင်းဆုများ

     ပမာပြရသော် အရှင်အာနန္ဒာနှင့် အရှင်ဒေဝဒတ်တို့သည် သာကီဝင်မင်းမျိုးချင်း တူညီသည်။ ခတ္တိယ မျိုးနွယ်ချင်းလည်း တူညီသည်။ ဘုရား၏ညီတော်များ ဖြစ်တာချင်းလည်း တူညီသည်။ ရဟန်းဖြစ်တာချင်းလည်း တူညီပြန်သည်။ ဘုရားရှင်ထံ တောင်းခံသည့် ဖြစ်စဉ်၌လည်း တူညီပြန်သည်။ သို့သော် ဓာတ်ခံများက မိုးမြေမက ကွာခြားလွန်းပါသည်။

      အရှင်အာနန္ဒာသည် ဘုရားထံပါးမှ ပယ်ဆုလေးမျိုး တောင်းခံခဲ့သည်။ ၎င်းတို့မှာ ဘုရားရှင်သည် အကယ်၍ တပည့်တော်အား ၁-အဖိုးထိုက် အဖိုးတန်သင်္ကန်းကို မပေးဘဲနေတော်မူပါလျှင်၊ ၂-မွန်မြတ်သော ဆွမ်းခဲဖွယ်ကို မပေးဘဲနေတော်မူပါလျှင်၊ ၃-ဘုရားရှင် ကျိန်းစက်တော်မူရာကျောင်း၌ နေထိုင်ခွင့်မပေးဘဲ နေတော်မူပါလျှင်၊ ၄-ပင့်ဖိတ်ရာသို့ တပည့်တော်ကို မခေါ်ဘဲထားတော်မူပါလျှင် တပည့်တော်သည် ဘုရားရှင်အား လုပ်ကျွေးပြုစုပါမည် ဘုရား။

      တစ်ဖန် အရှင်အာနန္ဒာသည် တောင်းဆုလေးပါးလျှောက်ထားသည်၊ ၎င်းတို့မှာ –

      အကယ်၍ ဘုရားရှင်သည် ၁-တပည့်တော် လက်ခံထားသော ဖိတ်ကြားရာသို့ လိုက်တော်မူပါလျှင်၊ ၂-ရပ်ဝေးမှ ရောက်လာကြသော ပရိတ်သတ်အား ရောက်လာသောအချိန်မှာပင် ဘုရားရှင်ထံသို့ ပို့ဆောင်ခွင့်ရ ပါလျှင်၊ ၃-ယုံမှားသင်္ကာ တစ်စုံတစ်ရာ ပေါ်လာခဲ့သော် ပေါ်လာသော အချိန်မှာပင် ဘုရားရှင်ထံ ချဉ်းကပ် ခွင့်ရပါလျှင်၊ ၄-တပည့်တော်၏ မျက်ကွယ်မှာ ဟောကြားတော်မူခဲ့သော တရားဒေသနာများကို တပည့်တော်အား ထပ်မံ ဟောကြားတော်မူပါလျှင် ဘုရားရှင်အား တပည့်တော် လုပ်ကျွေး ပြုစုပါမည်ဟူ၍ ဖြစ်ပါသည်။

      အရှင်ဒေဝဒတ်သည်လည်း တောင်းဆုငါးပါးကို လျှောက်ထားဖူးသည်။ ၎င်းတို့မှာ ရဟန်းအားလုံးသည် –

      ၁- အသက်ထက်ဆုံး တောကျောင်း၌သာ နေကြရန်၊ ၂- ပင့်ဆွမ်းကိုပယ်၍ ဆွမ်းခံစားရန်၊ ၃-အသက်ထက်ဆုံး ပံ့သကူသင်္ကန်းကိုသာ သုံးဆောင်ရန်၊ ၄- သစ်ပင်ရင်းဟူသော ကျောင်း၌သာ သီတင်းသုံးရန်၊ ၅-သက်သတ် လွတ်ကိုသာ ဘုဉ်းပေးရေးကို သံဃာတော်တို့အား စည်းကမ်းပြဋ္ဌာန်းပေးရန် ဖြစ်ပါသည်။ ဒေဝဒတ်၏ လျှောက်ထား ချက်သည် မြင့်မြတ်သူတို့၏ ကျင့်စဉ်ပမာ ထင်မှတ်ရပါသော်လည်း အရှင်ဒေဝဒတ်၏ မူလဓာတ်ခံ စိတ်ထား အလွန်ပင် ကောက်ကျစ်သဖြင့် ကြားကောင်းရုံ တောင်းခြင်းဖြစ်ပြီး ထိုသို့လိုက်နာကျင့်သုံးရန် သူ့၌ စိတ်ဆန္ဒ မရှိ ပါလေ။

      အကြောင်းမှာ ရုပ်ကိုပဓာနပြုကာ ကြည်ညိုကြသူ သုံးပုံပုံလျှင် နှစ်ပုံရှိသည်။ ကျော်စောမှုကို ပဓာန ပြုကာ ကြည်ညိုကြသူ ငါးပုံပုံလျှင် လေးပုံရှိသည်။ ခေါင်းပါးသော အကျင့်ကို ပဓာနပြုကာ ကြည်ညိုကြသူ ဆယ်ပုံပုံလျှင် ကိုးပုံရှိပြီး ဓမ္မကိုပဓာနပြုကာ ကြည်ညိုသူတစ်သိန်းပုံလျှင် တစ်ပုံသာရှိသည်ဟု မြတ်ဘုရား ဟောကြားတော် မူထားသည်။

       ဒေဝဒတ်သည် ဤခေါင်းပါးသောအကျင့်ကို လူကြိုက်များမှန်း သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ဒေဝဒတ်၏ လျှောက်ထားချက်ကို ဘုရားရှင်ခွင့်ပြုလျှင် ဘုရားသည် သူ့လောက်ပင် ဓမ္မရေးရာ၌ မလိမ္မာချေဟု စွပ်စွဲ ပေတော့မည်။ ဘုရားရှင်ခွင့်မပြုပါလျှင် ငါသည် မြင့်မြတ်သူတို့၏ မြင့်မြတ်သောကျင့်စဉ်ကို ကျင့်သုံး နိုင်ရန် တောင်းဆိုပါသော်လည်း အားပေးခြင်းမရှိဟု စွပ်စွဲပေမည်။ နှစ်ဖက်အစွန်းမလွတ်အောင် ကောက်ကျစ် သောအကြံဖြင့် သံဃပရိသတ်အလယ်တွင် လျှောက်ထားခြင်းသာ ဖြစ်ပေတော့သည်။

 

 

သဟဇာတာဓိပတိ

      ဤသဟဇာတာဓိပတိ ပဋ္ဌာန်းပစ္စည်းသည် သာမန်လူစား အနုံစားတို့ မဖြစ်ပွားနိုင် ကြကုန်။ သံသရာ ခေါင်းဆောင်ကြီးများဖြစ်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ သာဝကအလောင်းလျာကြီးများနှင့် ကမ္ဘာလောကကြီးများ ကြီးပွားအောင် ဆောင်ရွက်ကြသည့် ကမ္ဘာ့ခေါင်းဆောင်ကြီးများတို့မှာ များသောအားဖြင့် ဤဓိပတိပစ္စည်း ထင်ရှား၏။ မိမိတို့အလုပ် အဟုတ်ပြီးစီးအောင် အထူးသဖြင့် ကြံဆောင်အားထုတ်၍ ထိုထိုအမှုကိစ္စ ပြီးစီး အောင်မြင်ကြပါသည်။

      “ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော”ဟု ပဋ္ဌာန်းပါဠိတော်ကြီးတွင် လာရှိပါသည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများဟူသည် လူထဲကလူဖြစ်ပါသော်လည်း အဓိပတိတပ်ရန် ပြုမူအားထုတ်ကြသဖြင့်သာ အဓိပတိခေါင်းဆောင်ကြီးများ ဖြစ်ကြပေသည်။ မိမိတို့အနေ ဖြင့်လည်း ဤဓိပတိလေးပါးတရားနှင့် တွဲကာ တွဲကာ အားထုတ်ကြပါမူ ဤဘဝတွင်လည်း အဓိပတိလူကြီး လူကောင်းများ၊ အစားစားဖြစ်နိုင်၏။ နောက် နောက်သံသရာ ကမ္ဘာလောကကြီး၌လည်း အဓိပတိအကျိုး အမျိုးမျိုးတို့ ခံစားကြပြီးလျှင် မိမိ မိမိတို့ အဓိပတိပါရမီအားလျော်စွာ ဘုရားအဓိပတိ၊ ပစ္စေကဗုဒ္ဓါအဓိပတိ၊ သာဝကကြီးအဓိပတိ၊ လူကောင်း နတ်ကောင်း ဗြဟ္မာကောင်း နိဗ္ဗာန်တိုင်အောင် ရောက်ကြရ ခံစားကြရပေမည်။

       အဓိပတိမဆောင်ဘဲ ထိုထိုအမှုတို့ကို ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသတို့ နုံနဲ့ပြုလုပ်ကြပါမူ လူူနုံ၊ နတ်နုံ စသည်တို့ ဖြစ်ကြပါမည်။ အလတ်စား ပြုကြပါမူ အလတ်စားလူ၊ နတ်မျှသာ ဖြစ်ကြပေမည်။

      နေ့စဉ် ကုသိုလ်အလုပ်ဖြစ်သည့် နံနက်စောစောထ ရေများ ဆီမီးများ ပူဇော်ကာ ဘုရားရှိခိုး၊ သီလ ဆောက်တည်၊ မေတ္တာစသော သမထကမ္မဋ္ဌာန်းနှင့် ဝိပဿနာကမ္မဋ္ဌာန်းတို့ကို ဝတ်ထားပြီး အားထုတ် ပြုလုပ် ကြရာတွင် ရံခါ စိတ်အားထက်သန်၍ ရံခါမှာမူ နုံနုံနဲ့နဲ့ ပျင်းပျင်းရိရိ ဖြစ်နေတတ်၏။

       ဤကဲ့သို့ ပျင်းပျင်းရိရိ မဖြစ်ဘဲ မဆုတ်မဆိုင်း မနှောင့်မနှေးစေဘဲ သဟဇာတာဓိပတိ စိတ်စေတနာဖြင့် ပြုလုပ်အားထုတ်ပါမူ နိဗ္ဗာန်ကို မျက်မှောက်ပြုသည့်တိုင်အောင် ကျေးဇူးများပေမည်။

       နာမ်အဓိပတိဖြစ်သည့် သဟဇာတာဓိပတိ၌ ပါဝင်သည့် ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိနှင့် ဝီမံသာဓိပတိတို့သည် အင်အားကြီးသော တန်ခိုးဣဒ္ဓိ၏ အခြေခံများ ဣဒ္ဓိပါဒ တရားများလည်း ဖြစ်ကြ၏။

       ထို့ကြောင့် ထိုတရားတို့သည် ကုသိုလ်နှင့် ယှဉ်လျှင်လည်း ကောင်းမှု အဖုံဖုံကို မနားမနေ ထက်ထက် သန်သန်ကြီး ပြုပေတော့သည်။ အကုသိုလ်နှင့် ယှဉ်လျှင်လည်း မကောင်းမှုအဖုံဖုံကို မနားမနေ ထက်ထက် သန်သန်ကြီး ပြုပေတော့သည်ဟု လယ်တီဆရာတော်ဘုရားကြီး၏ ပဋ္ဌာနုဒ္ဒေသဒီပနီ၌ လာရှိပါသည်။

 

 

ကောသလမင်းကြီး၏ အသဒိသဒါနဝတ္ထု

      အသဒိသဒါနကြီးအတွက် သာဝတ္ထိပြည်၌ အပြိုင်အဆိုင် လှူဒါန်းနေကြသည့်ကာလတွင် ကောသလ မင်းကြီး၏ ကဏှမည်သော အမတ်ကြီးတစ်ယောက်က “သူတို့ အပြိုင်အဆိုင် အနိုင်ဂုဏ်ထူးကိုရချင်လို့ လှူဒါန်း နေကြတာ ဘာကုသိုလ်ရမှာလဲ၊ ဝတ္ထုပစ္စည်းတွေ ကုန်ဆုံးရုံမျှပဲရှိတယ်” ဟု စိတ်၌ ပြစ်မှားလျက် ရှိနေ၏။

      အခြားအမတ်တစ်ဦးဖြစ်သည့် ဇုဏှအမတ်ကြီးကမူကား “သြော် ဘုရားတစ်ဆူတစ်ဆူ သက်ရှိထင်ရှား ကာလအတွင်း ကြီးမားမြင့်မြတ်လှတဲ့ ဒါနကြီးများ တစ်လှူသာဖြစ်ပွားနိုင်တဲ့ ဒီအသဒိသဒါနကြီးများကို ကိုယ်အား၊ ဉာဏ်အား၊ ပစ္စည်းအားတို့နှင့် မနိုင်နိုင်အောင်၊အပြိုင်အဆိုင် ကြံဆောင်ပြုလုပ် အားထုတ်လှူဒါန်းနိုင်ကြပါပေ တကား”ဟု စိတ်ဝယ်ဖြစ်ကာ ဝမ်းမြောက်ဝမ်းသာလျက် ရှိနေ၏။

      နောက်ဆုံးတွင် မလိကာမိဖုရားကြီး၏ စီမံမှုကြောင့် ကောသလမင်းကြီးက အနိုင်ရ၍ အနုမောဒနာ တရားကို မြတ်စွာဘုရားသခင်က တစ်ဂါထာမျှသာ ဟောတော်မူပါသည်။ ထိုအခါ ကောသလမင်းကြီးက မကျေနပ် လှ၍ နောက်တစ်နေ့မှာ ဘုရားရှင်ထံပါးသွားကာ “ဤမျှလောက် ကြီးကျယ်သော ဒါနကြီးကို ပြုပါလျက် အဘယ်အတွက်ကြောင့် အနုမောဒနာတရားကို တစ်ဂါထာတည်းသာ ဟောကြားရပါသလဲဘုရား” ဟု လျှောက် ထားသောအခါ “အကယ်၍ ဤအသဒိသဒါန အကျိုးကြီးကြောင်းကို အကျယ်ပွား၍ ငါဘုရား ဟောကြား လိုက်သည်ရှိသော် ဤဒါနကြီးကို ချီးမွမ်းဝမ်းမြောက်သော ဇုဏှအမတ်မူကား သောတာပန်ဖြစ်သော်လည်း ဤကဲ့သို့ ကြီးကျယ်မြင့်မြတ်သော အလှူကြီးများကို စိတ်ဝယ်ပြစ်မှားကာနေသော ကဏှအမတ်ကြီးသည်ကား ဦးခေါင်းရှစ်စိတ်ကွဲ၍ တစ်ခါတည်း သေသွားမည်များကို ကရုဏာရှေ့ထား၍ တစ်ဂါထာတည်းသာ ငါဘုရား ဟောကြားသည်”ဟု မိန့်တော်မူပါသည်။

        မင်းနှင့်ပြည်သူ တစ်ဦးနှင့် တစ်ဦးအနိုင်ရအောင် ပြုလုပ်လှူဒါန်းကြသောအခါ သူတို့၏ စိတ်နေနှလုံးဝယ် သာလိုနိုင်လိုကြသည် မှန်သော်လည်း လောဘ၊ ဒေါသ၊ မောဟ အရာမျိုးမဟုတ်ပါဘဲ ဆန္ဒာဓိပတိ၊ ဝီရိယာ ဓိပတိ၊ စိတ္တာဓိပတိနှင့် ဝီမံသာ ဓိပတိတည်းဟူသော အဓိပတိ၏ အင်အားကြီးသော ကုသိုလ်နယ်ထဲကသာ လိုကြခြင်း ပေတည်း။

 

 5 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *