နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရပရိယတ်ပဋိပတ် ဌာနတွင် ရန်ကင်းတောရ ဆရာတော်မှ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် သင်တန်းကို ယနေ့ တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် သင်ကြား ပို့ချပေးပါသည်။
ဝိသုဒ္ဓိမဂ် ဖြစ်ပေါ်လာရခြင်း၏ ပထမဦး ဆုံးမေးခွန်း ဖြစ်သော နတ်သားမှ မြတ်စွာဘုရားအား မေးလျှောက်ထားခြင်းနှင့် မြတ်စွာဘုရားမှ ပြန်လည် ဖြေကြားခြင်း ဂါထာတော်ဖြင့် သင်တန်းကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။
“အန္တောဇဋာဗဟိဇဋာ၊ ဇဋာယဇဋိတာပဇာ
တံတံဂေါတမပုစ္ဆာမိ၊ ကောဣမံ ၀ိဇဋယေ ဇဋံ
သီလေပတိဋ္ဌာယနရောသပညော၊ စိတ္တံပညဉ္စ ဘာဝယံ
အာတာပီနိပကောဘိက္ခု၊ သောဣမံ ၀ိဇဋယေ ဇဋံ”
ယနေ့ ရန်ကင်းတောရ ဆရာတော်မှ သီလပျက်စီးခြင်း၏အပြစ်များကို အကျယ်တ၀င့် သင်ကြားပေးတော် မူခဲ့ပါသည်။
ယဉ်ကျေးသောသူများသည် ကိုယ်ကျင့်သိက္ခာရှိသူကို တန်ဘိုးထား တတ်ကြပြီး လေးစားတတ်ကြပါသည်။ ကိုယ်ကကိုယ်ကျင့်တရား ရှိလျှင် သူတစ်ပါးကိုလည်း အထောက်အကူပြုစေပါသည်။ အကြောင်းကြောင်း ကြောင့် မိမိသာလျှင် ကိုယ်ကျင့်သိက္ခာပျက်မည် ဖြစ်သော်လည်း

ကိုယ်ကျင့်သိက္ခာရှိသူကိုတော့ လေးစားလေ့ရှိကြောင်း၊ ဆရာတော်မှ တပည့်ယောဂီများအား မိမိတို့စိတ်နှလုံး မချမ်းမသာ ဖြစ်တတ်သည့် အကြောင်းရင်းသည် သီလပျက်၍ ဖြစ်သည်က များသောကြောင့် မြတ်စွာဘုရား၏ အဆုံးအမအတိုင်း သီလဖြည့်ကျင့် နေထိုင်ကြရန် သင်ကြား ပို့ချပေးပါသည်။