၂၂ – နတၳိပစၥေယာ ဘ၀ႏွင့္ ပ႒ာန္းသင္ခန္းစာ  zawgyi

 

နတၳိပစၥည္းႏွင့္ အတၳိပစၥည္း

         

         

      နတၳိပစၥေယာ၌ ‘န’ ဟူသည္ မရွိျခင္းဟု အဓိပၸါယ္ရၿပီး၊ အတၳိဟူသည္ ရွိျခင္းဟု အဓိပၸါယ္ရပါသည္။ ႐ုပ္တရားႏွင့္ နာမ္တရားတို႔ ေက်းဇူးျပဳရာတြင္ အတၳိပစၥည္းက ဥပါဒ္၊ ဌီ၊ ဘင္အားျဖင့္ ထင္ရွားရွိၿပီးမွ ေက်းဇူး ျပဳပါသည္။ နတၳိပစၥည္းက ဥပါဒ္၊ ဌီ၊ ဘင္အားျဖင့္ ထင္ရွားမရွိဘဲ ေက်းဇူးျပဳပါသည္။

    ပမာျပရေသာ္ ျမတ္စြာဘုရားရွင္ ပြင့္ေတာ္မူလာသျဖင့္ သက္ေတာ္ထင္ရွားရွိစဥ္ ကာလ၌လည္း ေလာကသားတို႔ကို သံသရာဝဲၾသဃာမွ လြတ္ေျမာက္သည္အထိ ေက်းဇူးျပဳခဲ့ပါသည္။ ယေန႔ဘုရားရွင္ မရွိေတာ့သည္မွာ ႏွစ္ေပါင္း – ၂၅၅၀ တိုင္တိုင္ ၾကာေညာင္းခဲ့ၿပီး ျဖစ္ပါေသာ္လည္း ဘုရားရွင္ ေဟာေတာ္မူခဲ့သည့္ ဓမၼတရားေတာ္မ်ားက လူသားအမ်ား ေကာင္းစားေရး၊ ခ်မ္းသာေရးကို ေဆာင္က်ဥ္းေပးေနဆဲပင္ ျဖစ္ပါသည္။ ဤသည္မွာ ဘုရားရွင္ရွိေနဆဲကလည္း အတၳိပစၥည္းအားျဖင့္ ေက်းဇူးျပဳေတာ္မူခဲ့ပါသည္။ ဘုရားရွင္ မရွိေတာ့သည့္ကာလ၌လည္း နတၳိပစၥည္းအားျဖင့္ ေက်းဇူးျပဳေတာ္မူဆဲ ျဖစ္ပါသည္။ ထိုနည္းအတူ ႐ုပ္တရား နာမ္တရားတို႔ကလည္း ရွိေနဆဲမွာ ေက်းဇူးျပဳျခင္းႏွင့္ မရွိေတာ့သည္အခါမွ ေက်းဇူးျပဳျခင္းဟူ၍ ႏွစ္မ်ိဳးရွိေလသည္။

 

 

ေနေရာင္ကြယ္၍ လေရာင္လင္းသည့္ပမာ

         

          ေရွးေရွးဆရာေတာ္ႀကီးမ်ားက ေနေရာင္ကြယ္ေပ်ာက္ လေရာင္ေရာက္လာသည့္ပမာဟု နတၳိပစၥည္းကို ျပေတာ္မူၾကပါသည္။ ေနေရာင္မရွိျခင္းကပင္ လ၏အေရာင္သာရန္ ေက်းဇူးျပဳသည့္ပစၥည္းမွာ နတၳိပစၥည္း မည္ေလ၏။

          ေရွးေရွး စိတ္ ေစတသိက္ နာမ္တရားတို႔ ခ်ဳပ္ေပ်ာက္သြားျခင္းကပင္ ေနာက္ေနာက္ စိတ္ ေစတသိက္ နာမ္တရားတို႔ ျဖစ္ခြင့္ရၾကပါသည္၊ ေရွးေရွး စိတ္ ေစတသိက္ နာမ္တရားတို႕ မခ်ဳပ္ေပ်ာက္ေသးပါက ေနာက္ေနာက္ စိတ္ ေစတသိက္ နာမ္တရားမ်ား ျဖစ္ခြင့္မရၾကေပ။ေနေရာင္ရွိေနပါက လေရာင္ မသာႏိုင္ သည့္ပမာ ျဖစ္ေပသည္။ ထို႕ေၾကာင့္ ”နတၳိပစၥေယာ= မရွိသည္ျဖစ္၍ ေက်းဇူးျပဳေသာ ပစၥည္း” ဟု ျမတ္ဗုဒၶ ေဟာၾကားေတာ္မူခဲ့ပါသည္။

 

နတၳိပစၥည္း၏သခ်ၤာ

   

          နတၳိပစၥည္း၏သခ်ၤာမွာ -၇ ျဖစ္ပါသည္။ ထို႕ေၾကာင့္ ‘နတၳိယာ သတၱ’ ဟု မွတ္သားႏိုင္ပါသည္။ ထိုသခ်ၤာကို ေအာက္ပါအတိုင္း ေလ့လာႏိုင္ပါသည္ –

                                  

ကုသလာ ဓမၼာ သခ်ၤာ-၃

(၁) ကု-ကု        (၂) ကု-ဗ်ာ

 

အကုသလာ ဓမၼာ သခ်ၤာ-၃

(၁) အကု-အကု       (၂) အကု-ဗ်ာ

 

အဗ်ာကတဓမၼာ သခ်ၤာ-၁

(၁) ဗ်ာ-ဗ်ာ     (၂) ဗ်ာ-ကု     (၃) ဗ်ာ-အကု

 

ျမစ္ေရအလ်ဥ္ပမာ

              ေရွးေရွးနာမ္တရား အေဟာင္း အေဟာင္းတို႔က ေနာက္ေနာက္ နာမ္တရား အသစ္သစ္တို႔အား အနမတဂၢ သံသရာမွစ၍ နိဗၺာန္သို႔ စံ၀င္သည့္တိုင္ေအာင္ ‘ျမစ္ေရအလ်ဥ္ကဲ့သို႔’ လည္းေကာင္း၊ ‘လွည္းဘီး စက္၀န္းကဲ့သို႔’ လည္းေကာင္း လွ်ပ္တျပက္ ခဏမွ်မျခား မရပ္မနား ျဖစ္ျဖစ္ေနၾကေစရန္ ‘အနႏၲရသတၱိ၊ သမနႏၲရ သတၱိ၊ နတၳိသတၱိ၊ ၀ိဂတသတၱိ’ တို႔ျဖင့္ ေက်းဇုူးျပဳေနၾကကုန္၏။ ဤပစၥည္းေလးပါးတို႔ကို ေကာင္းစြာ ေလ့လာ သေဘာေပါက္လွ်င္ နာမ္တရားတို႔၏ ထူးဆန္းအံ့ၾသဖြယ္ သေဘာသဘာ၀တို႔ကို ေကာင္းစြာ နားလည္ႏိုင္ ေပေတာ့မည္။

 

နတၳိႏွင့္ ၀ိဂတတို႔သည္ အရတူႏွစ္မ်ဳိးပမာ

 

          ‘နတၳိ’ သဒၵါသည္ ‘အတၳိ’ႏွင့္ ဆန္႔က်င္ဘက္ျဖစ္ၿပီး ‘မရွိျခင္း၊ ထင္ရွားမရွိျခင္း’ဟု အဓိပၸါယ္ရွိ၏။ ၿငိမ္းသြား ေလၿပီေသာ ဆီမီးသည္ (၀ါ) ဆီမီးၿငိမ္းသြားျခင္းသည္ အမိုက္အေမွာင္ျဖစ္ရန္ အခြင့္ေပးသကဲ့သို႔ ထို႔အတူ ေရွးေရွး တရားတို႔က မိမိတို႔မရွိျခင္းမွ်ျဖင့္ ေနာက္ေနာက္ တရားတို႔အား ျဖစ္ရစ္ေစရန္ ေက်းဇူးျပဳျခင္းသည္ နတၳိပစၥည္း မည္၏။ မရွိဘဲႏွင့္ ေက်းဇူးျပဳျခင္းဟု ဆိုလို၏။

          ထို႔ေၾကာင့္ ခ်ဳပ္ေပ်ာက္ေလၿပီးေသာ ေရွးေရွးစိတ္၊ ေစတသိက္ဟူေသာ နာမ္တရားတို႔သည္ မိမိတို႔ မရွိေတာ့ ျခင္းျဖင့္ ေနာက္ေနာက္ စိတ္၊ ေစတသိက္ နာမ္တရား အသစ္၊ အသစ္တို႔အား ျဖစ္ရစ္ေစရန္ နတၳိပစၥယသတၱိျဖင့္ ေက်းဇူးျပဳသည္ (၀ါ) ျဖစ္ခြင့္ေပးသည္။

 

အတၳိႏွင့္ အ၀ိဂတတို႕သည္ အရတူႏွစ္မ်ဳိးပမာ

 

          ‘၀ိဂတ’ သဒၵါလည္း ‘အ၀ိဂတ’ႏွင့္ ဆန္႔က်င္ဘက္ျဖစ္ၿပီး ‘ခ်ဳပ္ကင္းျခင္း ကင္းေပ်ာက္ျခင္း’ဟု အဓိပၸာယ္ရွိ၏။ ခ်ဳပ္ၿငိမ္းသြားေသာ ေနေရာင္သည္ (၀ါ) ေနေရာင္၏ ေပ်ာက္ကင္းသြားျခင္းသည္ လေရာင္ျဖစ္ဖို႔ရာ ေက်းဇူးျပဳ သကဲ့သို႔ ထို႔အတူပင္ ေရွးေရွး နာမ္တရားတို႔က မိမိတို႔ ခ်ဳပ္ကင္းကြယ္ေပ်ာက္မႈျဖင့္ ေနာက္ေနာက္ နာမ္တရားစုအား ျဖစ္ခြင့္ေပးမႈ ေက်းဇူးျပဳျခင္းသည္ ၀ိဂတပစၥည္းမည္၏။

          ထို႔ေၾကာင့္ ခ်ဳပ္ေပ်ာက္ေလၿပီးေသာ ေရွးေရွးစိတ္, ေစတသိက္ နာမ္တရားတို႔သည္ မိမိတို႔ ခ်ဳပ္ၿငိမ္း ေပ်ာက္ကင္းသြားျခင္းျဖင့္ ေနာက္ေနာက္ စိတ္၊ ေစတသိက္ နာမ္တရား အသစ္၊ အသစ္တို႔အား ၀ိဂတ ပစၥယသတၱိျဖင့္ ေက်းဇူးျပဳသည္ (၀ါ) ျဖစ္ခြင့္ေပးသည္။

 

သေဘာလကၡဏာ တူညီေသာ္လည္း သတၱိကား မတူညီ

         

          နတၳိႏွင့္ ၀ိဂတပစၥည္းတို႔သည္ ေက်းဇူးျပဳပုံ သေဘာလကၡဏာအားျဖင့္ တူညီေနၾကေသာ္လည္း သတၱိ အားျဖင့္ကား မတူညီၾကပါ။ နတၳိသေဘာသည္ ခ်ဳပ္ၿပီးသည့္ အျခားမဲ့၌ ကင္းဆိတ္ျခင္း ဘာမွ်မရွိေတာ့ျခင္း သေဘာျဖစ္ပါသည္။ ၀ိဂတသေဘာကား ခ်ဳပ္ကင္းမႈတည္း။ ခ်ဳပ္ၿပီးေနာက္ ရွိျခင္း၊ မရွိျခင္းမွာ ၀ိဂတသတၱိ၏ တာ၀န္ မဟုတ္။ နတၳိ၏ တာ၀န္တည္း။ မူလဋီကာ၌လည္း ထိုသေဘာမ်ဳိးကိုပင္ ဆိုထားေလ၏။

          မရွိျခင္းမွ်ျဖင့္ ေက်းဇူးျပဳႏိုင္ျခင္းသည္ နတၳိပစၥည္းမည္၏။ (အထည္ကိုယ္သေဘာမွ မကင္းခ်ဳပ္ေသး ျခင္းေၾကာင့္ ျဖစ္ခြင့္မရကုန္ေသာ ေနာက္ေနာက္ တရားတို႔အား) အထည္ကိုယ္သေဘာမွ ကင္းခ်ဳပ္ျခင္းျဖင့္ ေက်းဇူးျပဳႏိုင္ျခင္းသည္ ၀ိဂတပစၥည္းမည္၏။ ခ်ဳပ္ၿပီးသည့္ အျခားမဲ့၌ ကင္းဆိတ္ (မရွိ)ျခင္းသည္ နတၳိမည္၏။ ခ်ဳပ္ျခင္းသို႔ေရာက္ျခင္း (ခ်ဳပ္သြားျခင္း)သည္ ၀ိဂတပစၥည္း မည္၏။ ဤကား ပစၥည္းႏွစ္ပါး၏ သတၱိထူးျခား ပုံတည္း။

 

ပုဂၢလဇၩာသယအားျဖင့္ ေဟာေတာ္မူသည္

         

          အခ်ဳိ႕ကမူ နတၳိႏွင့္ ၀ိဂတ၊ အတၳိႏွင့္ အ၀ိဂတတို႔ကို ေဒသနာ၀ိလာသ၊ ပုဂၢလဇၩာသယအားျဖင့္ အရတူပါလ်က္ ဘုရားရွင္က ႏွစ္မ်ဳိးေဟာေတာ္မူသည္ဟု ဆိုၾက၏။ ယင္းပစၥည္းႏွစ္မ်ဳိးစလုံးသည္ သတၱိ ခ်င္းလည္း တူသည္ဟု ယူလိုဟန္ရွိ၏။

          သို႔ေသာ္ စင္စစ္မွာ အထက္ကျပခဲ့သည့္အတိုင္း နတၳိသတၱိႏွင့္ ၀ိဂတသတၱိ၊ အတၳိသတၱိႏွင့္ အ၀ိဂတ သတၱိတို႔ ကြဲျပားေလသည္သာတည္း။ ဤသို႔ နက္နဲခက္ခဲလွစြာ ႏိႈက္ႏိႈက္ခြၽတ္ခြၽတ္ ေရွးဆရာႀကီးတို႔က အဓိပၸာယ္ ေကာက္ယူၾကေလသည္။ မည္သို႔ပင္ျဖစ္ေစ သေဘာတရားတစ္မ်ဳိးကို လူအမ်ားစုက နားလည္ ႏိုင္သည့္ ေ၀ါဟာရႏွစ္မ်ဳိး၊ သုံးမ်ဳိး၊ ေလးမ်ဳိး စသည္ျဖင့္ ေျပာဆိုေဟာၾကားေလလွ်င္  ယင္းသေဘာ၊ ယင္း၏ အဓိပၸာယ္ အတိအက် အျပည့္အစုံကို မတိမ္းမေစာင္း နားလည္ႏိုင္ေစျခင္းအား မ်ားစြာေထာက္ကူ ေက်းဇူးျပဳ သည္ဟူ၍ မွတ္ယူရာ၏ဟု ဆရာႀကီးဦးျမင့္ေဆြက ပ႒ာန္းမဟာက်မ္း၌ ေဖာ္ျပထားပါသည္။

 

 

၂၂ – နတ္ထိပစ္စယော ဘဝနှင့် ပဋ္ဌာန်းသင်ခန်းစာ unicode

နတ္ထိပစ္စည်းနှင့် အတ္ထိပစ္စည်း

နတ္ထိပစ္စယော၌ ‘န’ ဟူသည် မရှိခြင်းဟု အဓိပ္ပါယ်ရပြီး၊ အတ္ထိဟူသည် ရှိခြင်းဟု အဓိပ္ပါယ်ရပါသည်။ ရုပ်တရားနှင့် နာမ်တရားတို့ ကျေးဇူးပြုရာတွင် အတ္ထိပစ္စည်းက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ထင်ရှားရှိပြီးမှ ကျေးဇူး ပြုပါသည်။ နတ္ထိပစ္စည်းက ဥပါဒ်၊ ဌီ၊ ဘင်အားဖြင့် ထင်ရှားမရှိဘဲ ကျေးဇူးပြုပါသည်။

ပမာပြရသော် မြတ်စွာဘုရားရှင် ပွင့်တော်မူလာသဖြင့် သက်တော်ထင်ရှားရှိစဉ် ကာလ၌လည်း လောကသားတို့ကို သံသရာဝဲသြဃာမှ လွတ်မြောက်သည်အထိ ကျေးဇူးပြုခဲ့ပါသည်။ ယနေ့ဘုရားရှင် မရှိတော့သည်မှာ နှစ်ပေါင်း – ၂၅၅၀ တိုင်တိုင် ကြာညောင်းခဲ့ပြီး ဖြစ်ပါသော်လည်း ဘုရားရှင်ဟောတော်မူခဲ့သည့် ဓမ္မတရားတော်များက လူသားအများ ကောင်းစားရေး၊ ချမ်းသာရေးကို ဆောင်ကျဉ်းပေးနေဆဲပင် ဖြစ်ပါသည်။ ဤသည်မှာ ဘုရားရှင်ရှိနေဆဲကလည်း အတ္ထိပစ္စည်းအားဖြင့် ကျေးဇူးပြုတော်မူခဲ့ပါသည်။ ဘုရားရှင် မရှိတော့သည့်ကာလ၌လည်း နတ္ထိပစ္စည်းအားဖြင့် ကျေးဇူးပြုတော်မူဆဲ ဖြစ်ပါသည်။ ထိုနည်းအတူ ရုပ်တရား နာမ်တရားတို့ကလည်း ရှိနေဆဲမှာ ကျေးဇူးပြုခြင်းနှင့် မရှိတော့သည်အခါမှ ကျေးဇူးပြုခြင်းဟူ၍ နှစ်မျိုးရှိလေသည်။

နေရောင်ကွယ်၍ လရောင်လင်းသည့်ပမာ

ရှေးရှေးဆရာတော်ကြီးများက နေရောင်ကွယ်ပျောက် လရောင်ရောက်လာသည့်ပမာဟု နတ္ထိပစ္စည်းကို ပြတော်မူကြပါသည်။ နေရောင်မရှိခြင်းကပင် လ၏အရောင်သာရန် ကျေးဇူးပြုသည့်ပစ္စည်းမှာ နတ္ထိပစ္စည်း မည်လေ၏။

ရှေးရှေး စိတ် စေတသိက် နာမ်တရားတို့ ချုပ်ပျောက်သွားခြင်းကပင် နောက်နောက် စိတ် စေတသိက် နာမ်တရားတို့ ဖြစ်ခွင့်ရကြပါသည်၊ ရှေးရှေး စိတ် စေတသိက် နာမ်တရားတို့ မချုပ်ပျောက်သေးပါက နောက်နောက် စိတ် စေတသိက် နာမ်တရားများ ဖြစ်ခွင့်မရကြပေ။ နေရောင်ရှိနေပါက လရောင် မသာနိုင်သည့်ပမာ ဖြစ်ပေသည်။ ထို့ကြောင့် ”နတ္ထိပစ္စယော= မရှိသည်ဖြစ်၍ ကျေးဇူးပြုသော ပစ္စည်း” ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါသည်။

 

 

နတ္ထိပစ္စည်း၏သင်္ချာ

နတ္ထိပစ္စည်း၏သင်္ချာမှာ -၇ ဖြစ်ပါသည်။ ထို့ကြောင့် ‘နတ္ထိယာ သတ္တ’ ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် –

ကုသလာဓမ္မာ သင်္ချာ-၃

(၁) ကု-ကု (၂) ကု-ဗျာ

အကုသလာဓမ္မာ သင်္ချာ-၃

(၁) အကု-အကု (၂) အကု-ဗျာ

အဗျာကတဓမ္မာ သင်္ချာ-၁

(၁) ဗျာ-ဗျာ (၂) ဗျာ-ကု (၃) ဗျာ-အကု

မြစ်ရေအလျဉ်ပမာ

ရှေးရှေးနာမ်တရား အဟောင်း အဟောင်းတို့က နောက်နောက် နာမ်တရား အသစ်သစ်တို့အား အနမတဂ္ဂ သံသရာမှစ၍ နိဗ္ဗာန်သို့ စံဝင်သည့်တိုင်အောင် ‘မြစ်ရေအလျဉ်ကဲ့သို့’ လည်းကောင်း၊ ‘လှည်းဘီး စက်ဝန်းကဲ့သို့’ လည်းကောင်း လျှပ်တပြက် ခဏမျှမခြား မရပ်မနား ဖြစ်ဖြစ်နေကြစေရန် ‘အနန္တရသတ္တိ၊ သမနန္တရ သတ္တိ၊ နတ္ထိသတ္တိ၊ ဝိဂတသတ္တိ’ တို့ဖြင့် ကျေးဇုူးပြုနေကြကုန်၏။ ဤပစ္စည်းလေးပါးတို့ကို ကောင်းစွာ လေ့လာ သဘောပေါက်လျှင် နာမ်တရားတို့၏ ထူးဆန်းအံ့သြဖွယ် သဘောသဘာဝတို့ကို ကောင်းစွာ နားလည်နိုင် ပေတော့မည်။

 

 

နတ္ထိနှင့် ဝိဂတတို့သည် အရတူနှစ်မျိုးပမာ

‘နတ္ထိ’ သဒ္ဒါသည် ‘အတ္ထိ’နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ‘မရှိခြင်း၊ ထင်ရှားမရှိခြင်း’ဟု အဓိပ္ပါယ်ရှိ၏။ ငြိမ်းသွားလေပြီသော ဆီမီးသည် (ဝါ) ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ဖြစ်ရန် အခွင့်ပေးသကဲ့သို့ ထို့အတူ ရှေးရှေး တရားတို့က မိမိတို့မရှိခြင်းမျှဖြင့် နောက်နောက် တရားတို့အား ဖြစ်ရစ်စေရန် ကျေးဇူးပြုခြင်းသည် နတ္ထိပစ္စည်း မည်၏။ မရှိဘဲနှင့် ကျေးဇူးပြုခြင်းဟု ဆိုလို၏။

ထို့ကြောင့် ချုပ်ပျောက်လေပြီးသော ရှေးရှေးစိတ်၊ စေတသိက်ဟူသော နာမ်တရားတို့သည် မိမိတို့ မရှိတော့ ခြင်းဖြင့် နောက်နောက် စိတ်၊ စေတသိက် နာမ်တရား အသစ်၊ အသစ်တို့အား ဖြစ်ရစ်စေရန် နတ္ထိပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည် (ဝါ) ဖြစ်ခွင့်ပေးသည်။

 

အတ္ထိနှင့် အဝိဂတတို့သည် အရတူနှစ်မျိုးပမာ

‘ဝိဂတ’ သဒ္ဒါလည်း ‘အဝိဂတ’နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ‘ချုပ်ကင်းခြင်း ကင်းပျောက်ခြင်း’ဟု အဓိပ္ပာယ်ရှိ၏။ ချုပ်ငြိမ်းသွားသော နေရောင်သည် (ဝါ) နေရောင်၏ ပျောက်ကင်းသွားခြင်းသည် လရောင်ဖြစ်ဖို့ရာ ကျေးဇူးပြု သကဲ့သို့ ထို့အတူပင် ရှေးရှေး နာမ်တရားတို့က မိမိတို့ ချုပ်ကင်းကွယ်ပျောက်မှုဖြင့် နောက်နောက် နာမ်တရားစုအား ဖြစ်ခွင့်ပေးမှု ကျေးဇူးပြုခြင်းသည် ဝိဂတပစ္စည်းမည်၏။

ထို့ကြောင့် ချုပ်ပျောက်လေပြီးသော ရှေးရှေးစိတ်, စေတသိက် နာမ်တရားတို့သည် မိမိတို့ ချုပ်ငြိမ်း ပျောက်ကင်းသွားခြင်းဖြင့် နောက်နောက် စိတ်၊ စေတသိက် နာမ်တရား အသစ်၊ အသစ်တို့အား ဝိဂတ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည် (ဝါ) ဖြစ်ခွင့်ပေးသည်။

 

 

သဘောလက္ခဏာ တူညီသော်လည်း သတ္တိကား မတူညီ

နတ္ထိနှင့် ဝိဂတပစ္စည်းတို့သည် ကျေးဇူးပြုပုံ သဘောလက္ခဏာအားဖြင့် တူညီနေကြသော်လည်း သတ္တိအားဖြင့်ကား မတူညီကြပါ။ နတ္ထိသဘောသည် ချုပ်ပြီးသည့် အခြားမဲ့၌ ကင်းဆိတ်ခြင်း ဘာမျှမရှိတော့ခြင်း သဘောဖြစ်ပါသည်။ ဝိဂတသဘောကား ချုပ်ကင်းမှုတည်း။ ချုပ်ပြီးနောက် ရှိခြင်း၊ မရှိခြင်းမှာ ဝိဂတသတ္တိ၏ တာဝန် မဟုတ်။ နတ္ထိ၏ တာဝန်တည်း။ မူလဋီကာ၌လည်း ထိုသဘောမျိုးကိုပင် ဆိုထားလေ၏။

မရှိခြင်းမျှဖြင့် ကျေးဇူးပြုနိုင်ခြင်းသည် နတ္ထိပစ္စည်းမည်၏။ (အထည်ကိုယ်သဘောမှ မကင်းချုပ်သေး ခြင်းကြောင့် ဖြစ်ခွင့်မရကုန်သော နောက်နောက် တရားတို့အား) အထည်ကိုယ်သဘောမှ ကင်းချုပ်ခြင်းဖြင့် ကျေးဇူးပြုနိုင်ခြင်းသည် ဝိဂတပစ္စည်းမည်၏။ ချုပ်ပြီးသည့် အခြားမဲ့၌ ကင်းဆိတ် (မရှိ)ခြင်းသည် နတ္ထိမည်၏။ ချုပ်ခြင်းသို့ရောက်ခြင်း (ချုပ်သွားခြင်း)သည် ဝိဂတပစ္စည်း မည်၏။ ဤကား ပစ္စည်းနှစ်ပါး၏ သတ္တိထူးခြား ပုံတည်း။

ပုဂ္ဂလဇ္ဈာသယအားဖြင့် ဟောတော်မူသည်

အချို့ကမူ နတ္ထိနှင့် ဝိဂတ၊ အတ္ထိနှင့် အဝိဂတတို့ကို ဒေသနာဝိလာသ၊ ပုဂ္ဂလဇ္ဈာသယအားဖြင့် အရတူပါလျက် ဘုရားရှင်က နှစ်မျိုးဟောတော်မူသည်ဟု ဆိုကြ၏။ ယင်းပစ္စည်းနှစ်မျိုးစလုံးသည် သတ္တိ ချင်းလည်း တူသည်ဟု ယူလိုဟန်ရှိ၏။

သို့သော် စင်စစ်မှာ အထက်ကပြခဲ့သည့်အတိုင်း နတ္ထိသတ္တိနှင့် ဝိဂတသတ္တိ၊ အတ္ထိသတ္တိနှင့် အဝိဂတ သတ္တိတို့ ကွဲပြားလေသည်သာတည်း။ ဤသို့ နက်နဲခက်ခဲလှစွာ နှိုက်နှိုက်ချွတ်ချွတ် ရှေးဆရာကြီးတို့က အဓိပ္ပာယ် ကောက်ယူကြလေသည်။ မည်သို့ပင်ဖြစ်စေ သဘောတရားတစ်မျိုးကို လူအများစုက နားလည်နိုင်သည့် ဝေါဟာရနှစ်မျိုး၊ သုံးမျိုး၊ လေးမျိုး စသည်ဖြင့် ပြောဆိုဟောကြားလေလျှင် ယင်းသဘော၊ ယင်း၏ အဓိပ္ပာယ် အတိအကျ အပြည့်အစုံကို မတိမ်းမစောင်း နားလည်နိုင်စေခြင်းအား များစွာထောက်ကူ ကျေးဇူးပြု သည်ဟူ၍ မှတ်ယူရာ၏ဟု ဆရာကြီးဦးမြင့်ဆွေက ပဋ္ဌာန်းမဟာကျမ်း၌ ဖော်ပြထားပါသည်။

 

 213 total views,  1 views today

By admin

Leave a Reply

Your email address will not be published.