Right  understood & Wrong understood  (zawgyi)

         

    ဤေနရာတြင္ သမၼာဒိ႒ိႏွင့္ မိစၦာဒိ႒ိ ျဖစ္ေၾကာင္း ႏွစ္ပါးစီကို ေဖာ္ျပလိုပါသည္။ သမၼာဒိ႒ိဟူေသာ အယူ မွားမႈ Right understood ျဖစ္ရန္ အေၾကာင္းႏွစ္ပါးရွိ၏။ ၎င္းတို႕မွာ “ပရေတာ စ  ေဃာေသာ ေယာနိေသာ မနသိကာေရာ။ ဣေမ ေခါ ဘိကၡေ၀ ေဒြ ပစၥယာ မိစၦာဒိ႒ိယာ ဥပၸါဒါယ” (က်မ္းညႊန္း အံ – ၁၊ ၁၀၅)

          (၁)      သူတစ္ပါးထံမွ ၾကားနာမွတ္သားျခင္း၊ စာအုပ္ထဲဖတ္႐ႈမိျခင္း၊ အြန္လိုင္းေပၚမွ ဖတ္႐ႈမိျခင္းႏွင့္

          (၂)      ေကာင္းေသာႏွလံုးသြင္းမႈ ရွိျခင္းတို႔ျဖစ္၏။

          မိစၦာဒိ႒ိဟူေသာအယူမွားမႈ Wrong understood ျဖစ္ရန္အေၾကာင္းသည္လည္း ႏွစ္ပါးရွိသည္။ ၎တို႔မွာ “ပရေတာ စ ေဃာေသာ အေယာနိေသာမန သိကာေရာ။ ဣေမ ေခါ ဘိကၡေ၀ ေဒြ ပစၥယာ မိစၦာဒိ႒ိယာ ဥပၸါဒါယ” (က်မ္းညႊန္း အံ-၁၊ ၁၀၅)

          (၁)      သူတစ္ပါးထံမွၾကားနာမွတ္သားျခင္း၊ စာအုပ္ထဲဖတ္႐ႈမိျခင္း၊ အြန္လိုင္းေပၚမွ ဖတ္႐ႈမိျခင္းႏွင့္

          (၂)      မေကာင္းေသာႏွလံုးသြင္းမႈ ရွိျခင္းတို႔ေပတည္း။  

          ေယာနိေသာ မနသိကာရ အားေကာင္းသူတို႔၏သႏၲာန္၌ အေလာဘ၊ အေဒါသ၊ အေမာဟ ဟူေသာ ေကာင္းမြန္သည့္ ေရေသာက္ျမစ္ႀကီးမ်ား အားေကာင္ပါမည္၊ အေယာနိေသာမနသိကာရ အားေကာင္းသူတို႔၏ သႏၲာန္၌ ေလာဘ၊ ေဒါသ၊ ေမာဟဟူေသာ မေကာင္းသည့္ ေရေသာက္ျမစ္ႀကီးတို႔ အားေကာင္းမည္ဟု အ႒ကထာ က်မ္းမ်ားက ဆိုထားပါသည္။

          ျမတ္စြာဘုရားရွင္က အေလာဘ ေပးကမ္းစြန္႔ႀကဲႏိုင္ရန္၊ အေဒါသ ေမတၱာတရားပြား ကိုယ္ခ်င္းစာတရား ထားႏိုင္ရန္၊ အေမာဟ အသိ၊ အလိမၼာ၊ ဉာဏ္၊ ပညာတို႔ ျဖစ္ထြန္းေပၚေပါက္ လာေစႏိုင္ရန္အတြက္ ‘မာ ဘိကၡေ၀ ပုညာနံ ဘာယိတၳ’ ကုသိုလ္ေကာင္းမႈျပဳရာ၌ မေၾကာက္မရြံ႕ျပဳၾကရန္ တိုက္တြန္းေတာ္ မူထားပါသည္။

          ဆက္လက္ၿပီး ‘ပုညံ ဘာယေတာ သုခံ ဘာယတိ’ ကုသိုလ္ေကာင္းမႈျပဳရန္ ေၾကာက္ရြံ႕ေသာသူ၏ အထံသို႔ သုခခ်မ္းသာ အမ်ဳိးမ်ဳိး လာေရာက္ရန္လည္း ေၾကာက္ရြံ႕ေနေပမည္ဟု ေဟာၾကားေတာ္မူ၏။

 

ဘုရားအေလာင္းေတာ္ ခႏၲီ၀ါဒီရေသ့၏ အားႀကီးသည့္ ကုသလေဟတုေရေသာက္ျမစ္

 

          ကုသိုလ္တည္းဟူေသာ အေၾကာင္းဓမၼက ကုသိုလ္တည္းဟူေသာ အက်ဳိးဓမၼကို ေဟတုပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။ ပ႒ာန္းပဥႇာ၀ါရလာ ပါဠိေတာ္ (ကု-ကု) ၌ “ကုသေလာ ဓေမၼာ ကုသလႆ ဓမၼႆ ေဟတုပစၥေယန ပစၥေယာ”။     

          ဗာရာဏသီျပည္တြင္ ေဒ၀ဒတ္အေလာင္း ကလာဗုမင္း အုပ္ခ်ဳပ္စဥ္အခါကာလ ဘုရားအေလာင္းေတာ္ သည္ ကုေဋရွစ္ဆယ္ၾကြယ္၀ေသာ ပုဏၰားမ်ဳိး၌ ျဖစ္ပါသည္။ မိဘမ်ား ကြယ္လြန္ေသာအခါ စည္းစိမ္ဥစၥာတို႔ကို စြန္႔လႊတ္လွဴဒါန္း၍ ဟိမ၀ႏၲာေတာသို႔၀င္ကာ ရေသ့ရဟန္း ျပဳေတာ္မူပါသည္။ သစ္သီးမ်ားျဖင့္ ရွည္ၾကာကာလ မွ်တ စြာေနၿပီး ခ်ဥ္၊ ဆားမွီ၀ဲရန္ အလို႔ငွါ ဗာရာဏသီျပည္သို႔ ၾကြေတာ္မူရာ စစ္သူႀကီးက ၾကည္ညိဳသျဖင့္ ရေသ့ကို ဆြမ္း လုပ္ေကြၽး၍ မင္းဥယ်ာဥ္အတြင္း၌ပင္ ကိုးကြယ္ထား၏။

          တစ္ေန႔ေသာအခါ ေဒ၀ဒတ္ေလာင္း ကလာဗုမင္းသည္ သုရာယစ္လ်က္ ကေခ်သည္ ေမာင္းမအေျခြ အရံမ်ားႏွင့္အတူ ဥယ်ာဥ္ကစား ထြက္လာ၏။ မင္းႀကီးအိပ္ေပ်ာ္ေနစဥ္ အေျခြအရံမ်ားက ခႏၲီ၀ါဒီရေသ့ထံသြား၍ တရားနာယူေန၏။ မင္းႀကီးႏိုးလာေသာအခါ ေမာင္းမအေျခြအရံမ်ားကို မေတြ႕သျဖင့္ လိုက္ရွာရာ ရေသ့ထံေတာ္ ပါး၌ တရားနာေနသည္ကို ေတြ႕ရွိသျဖင့္ အမ်က္ေဒါသ ေခ်ာင္းေခ်ာင္းထြက္ကာ ရေသ့အား “သင္သည္ အဘယ္ ၀ါဒရွိသနည္း”ဟု ေမးေလ၏။ ရေသ့က “ခႏၲီ၀ါဒရွိ၏”ဟု ေျဖၾကားေတာ္မူရာ ခႏၲီ၀ါဒ ရွိ၊ မရွိ စမ္းသပ္မည္ဟုဆိုကာ သူသတ္ေယာက်္ားကို ေခၚ၍ ဘုရားေလာင္းေတာ္၏ လက္၊ ေျခ၊ အသား၊ အေရ၊ နားရြက္၊ ႏွာေခါင္းတုိ႔ကို ျဖတ္ေစၿပီး ရင္ဘတ္ကို ေျချဖင့္ကန္ေက်ာက္ကာ မင္းဥယ်ာဥ္မွ ထြက္ခြာသြား၏။

          ထိုအခါ အရွင္သာရိပုတၱရာေလာင္း စစ္သူႀကီးေရာက္ရွိလာၿပီး ဘုရားေလာင္းေတာ္ရေသ့အား ရွိခိုးကာ ”အရွင္ဘုရားကို ႏွိပ္စက္ခဲ့သည့္ ဘုရင္ကိုသာ အမ်က္ထြက္ေတာ္မူပါဘုရား၊ တိုင္းျပည္ကို အမ်က္ထြက္ေတာ္ မမူပါ ႏွင့္ဘုရား”ဟု ေလွ်ာက္ထားရာ ဘုရားေလာင္းေတာ္ ရေသ့က “ငါ၏ လက္၊ ေျခ၊ အသား၊ အေရ၊ နားရြက္၊ ႏွာေခါင္းတုိ႔ကိုျဖတ္ခဲ့တဲ့ ဘုရင္မင္းႀကီး အသက္ရွည္ပါေစသတည္း၊ ပညာရွိတို႔မည္သည္ အမ်က္ ေဒါသ မထြက္ ကုန္သည္သာလွ်င္တည္း”ဟု မိန္႔ၾကားေတာ္မူ၏။ ကလာဗုမင္းလည္း ဥယ်ာဥ္တံခါးသို႔ ေရာက္ေသာအခါ ေျမမ်ဳိခံခဲ့ ရပါသည္။

          ေဒ၀ဒတ္ေလာင္း၏သႏၲာန္၌ ရြဲကုန္သည္ဘ၀က စတင္ခဲ့သည့္ ရန္ညႇိဳးေဒါသဟိတ္ေၾကာင့္ ဆင္ျခင္ဉာဏ္ ကင္းမဲ့စြာ ခႏၲီ၀ါဒီရေသ့ကိုလည္းေကာင္း၊ သူ၏အသက္ကို ကယ္တင္ေပးခဲ့သည့္ ဘုရားေလာင္းေတာ္ ေမ်ာက္မင္း ကိုလည္းေကာင္း ႏွိပ္စက္ခဲ့သျဖင့္ ႏွစ္ႀကိမ္တိုင္တိုင္ ေျမမ်ဳိခံရ၏။ ထိုေဒါသ ေဟတု ေရေသာက္ျမစ္၏ စြမ္းပကားက ဤမွ်ျဖင့္ မရပ္တန္႔ေသးဘဲ ဘုရားရွင္သီတင္းသံုးေတာ္မူရာ ေဇတ၀န္ေက်ာင္းေရွ႕ရွိ ေရကန္အနီး၌ ေျမမ်ဳိခံရၿပီး ယေန႔တိုင္ ငရဲသို႔ က်ေရာက္လ်က္ ရွိပါသည္။

          ဘုရားေလာင္းေတာ္၏ သႏၲာန္၌ ရွင္သန္ေနသည့္ အေဒါသ ေရေသာက္ျမစ္၏ သတိၱသည္ကား အံ့ဖြယ္ ေပတည္း၊ မိမိ၏ လက္၊ ေျခ၊ အသား၊ အေရ၊ နားရက္၊ ႏွာေခါင္းတို႔ကို ရက္စက္စြာ ျဖတ္ေတာက္ကာ ႏွိပ္စက္႐ံုမက ရင္၀ကို ေျချဖင့္ကန္ေက်ာက္ခဲ့သည့္ ကလာဗုမင္းကို “မင္းႀကီး အသက္ရွည္ပါေစသတည္း”ဟု ဆုမြန္ေကာင္း ေတာင္းေပးႏိုင္စြမ္းသည့္အထိ ခႏၲီအား၊ ေမတၱာအားႀကီးမားသည့္ ကုသလေဟတု၏ သတၱိကား အံ့ဖြယ္ရွိေပစြ။ (က်မ္းညႊန္း-ဇာတကအ႒ကထာ အတဲြ-၃၊ ႏွာ-၃၇ ခႏၲီ၀ါဒီဇာတ္ေတာ္)

 

အကုသလာ ေဟတု၏သတၱိကို ေလာကဥပမာျဖင့္ ျပဆိုျခင္း

 

          ပ႒ာန္းပဥႇာ၀ါရပါဠိ ေဟတုပစၥည္း (အကု-အကုဗ်ာ) ၌ ‘အကုသလာ ေဟတူ သမၸယုတၱကာနံ ခႏၶာနံ စိတၱ သမု႒ာနာနဥၥ ႐ူပါနံ ေဟတုပစၥေယန ပစၥေယာ။’ အကုသိုလ္ဟိတ္ တစ္ပါးပါးသည္ အတူယွဥ္၍ျဖစ္ေသာ ေ၀ဒနာကၡႏၶာ၊ သညာကၡႏၶာ၊ သခၤါရကၡႏၶာႏွင့္ ၀ိညာဏကၡႏၶာ ဟူေသာ နာမ္ခႏၶာေလးပါးတို႔အားလည္းေကာင္း၊ စိတ္ေၾကာင့္ျဖစ္ေသာ စိတၱဇ႐ုပ္တို႔အားလည္းေကာင္း ေဟတုပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။         

          ဤပ႒ာန္းပဥႇာ၀ါရပါဠိ ေဟတုပစၥည္းလာသည္ကို လယ္တီဆရာေတာ္ႀကီး၏ ပ႒ာနနိေဒၵသ ဒီပနီလာ ဥပမာျဖင့္ ျပပါမည္။ ေယာက္်ားတစ္ေယာက္သည္ မိန္းမတစ္ေယာက္၌ တပ္မက္ႏွစ္သက္ေသာ စိတ္ျဖစ္၏၊ သူသည္ ထိုစိတ္ကို မစြန္႔ႏိုင္ေသးသမွ် ထိုမိန္းမကို အာ႐ုံျပဳ၍ သူ႔အား ေလာဘႏွင့္တကြ ျဖစ္ကုန္ေသာ ကာယကံ လုပ္ေဆာင္မႈမ်ား၊ ၀စီကံေျပာဆိုမႈမ်ားႏွင့္ မေနာကံ ႀကံစည္ေတြးေတာမႈမ်ား စဥ္ဆက္မျပတ္ ဒလစပ္ ျဖစ္ေန ေတာ့၏။

          ေလာဘေၾကာင့္ျဖစ္ကုန္ေသာ စိတၱဇ႐ုပ္တို႔လည္း ရွည္ျမင့္စြာေသာ ကာလပတ္လုံးျဖစ္ၾကကုန္၏။ ထို႔ေၾကာင့္ ထိုမိန္းမကို ႏွစ္သက္ေသာစိတ္ေၾကာင့္ျဖစ္သည့္ ေစတသိက္ႏွင့္ စိတၱဇ႐ုပ္တို႔ကို ဤပါဠိျဖင့္ သိႏိုင္ပါ သည္။ ‘ေဟတူ သမၸယုတၱကာနံ ခႏၶာနံ စိတၱသမု႒ာနာနဥၥ ႐ူပါနံ ေဟတုပစၥေယန ပစၥေယာ’

          ဤေလာဘေဟတုသည္ ထိုစိတ္ေစတသိက္႐ုပ္တို႔၏အျမစ္ဟူေသာ အနက္သေဘာေၾကာင့္ ေဟတုလည္း မည္၏၊ ေက်းဇူးျပဳတတ္ေသာ အနက္သေဘာေၾကာင့္ ပစၥည္းလည္းမည္၏။ ထိုႏွစ္ပါးေသာ အေၾကာင္းေၾကာင့္ ေဟတုပစၥည္းမည္၏။

          ထိုနည္းအတူ ျပစ္မွားအပ္ေသာ ၀တၳဳတို႔ကို အာ႐ုံျပဳ၍ ျပစ္မွားသည္၏အစြမ္းျဖင့္ ျဖစ္ကုန္ေသာ ေဒါသ၊ ေတြေ၀အပ္ေသာ ၀တၳဳတို႔ကို အာ႐ုံျပဳ၍ ေတြေ၀သည္၏ အစြမ္းျဖင့္ ျဖစ္ကုန္ေသာ ေမာဟတို႔၌လည္း ဤနည္းကို မွတ္အပ္၏။

          ထိုေဟတုပစၥည္း၌ သစ္ပင္၏ အျမစ္တို႔သည္ အလိုလို ေျမ၏အတြင္း၌ ေကာင္းစြာတည္၍ ေျမ၏ အဆီ အရသာ၊ ေရ၏ အဆီအရသာကိုယူ၍ ထိုသစ္ပင္တို႔၏ အဖ်ားတိုင္ေအာင္ေဆာင္၏၊ ထိုသို႔ေဆာင္ျခင္းျဖင့္ သစ္ပင္သည္ ရွည္ျမင့္စြာေသာ ကာလပတ္လုံး ႀကီးပြါးလ်က္ တည္၏။

          ထို႔အတူ ေလာဘသည္လည္း ထိုထိုသို႔ေသာ ၀တၳဳအာ႐ုံ၌ တပ္ႏွစ္သက္ျခင္း၏ အစြမ္းျဖင့္ ေကာင္းစြာ အာ႐ုံျပဳေသာအားျဖင့္ တည္၍ ထိုထိုသို႔ေသာ ၀တၳဳအာ႐ုံ၏ ခ်စ္အပ္ေသာသေဘာ ရွိေသာ အဆီအရသာကို ယူ၍ သမၸယုတ္တရားတို႔ကို ကိုယ္ႏႈတ္ျဖင့္ လြန္က်ဳးျခင္းတိုင္ေအာင္ေဆာင္၏။ ထို႔ေၾကာင့္ ကိုယ္ႏႈတ္ျဖင့္ လြန္က်ဴး ၾက၏။

          ဤနည္းအတူ ေဒါသသည္လည္း ျပစ္မွားသည္၏ အစြမ္းျဖင့္ မခ်စ္မႏွစ္ၿမိဳ႕အပ္ေသာသေဘာ၊ မသာယာ အပ္ေသာသေဘာရွိ၏။ ေမာဟသည္လည္း ေတြေ၀သည္၏ အစြမ္းျဖင့္ အထူးထူးေသာ အာ႐ုံတို႔၌ အခ်ည္းႏွီး ေသာစိတ္ ျဖစ္ျခင္းသေဘာရွိ၏။

          အကယ္၍ တစ္ေန႔ေသာအခါ၌ ထိုေယာက္်ားသည္ ၀တၳဳကာမ၊ ကိေလသာကာမတို႔၏ အျပစ္ကိုျမင္၍ ႏွစ္သက္ေသာစိတ္ကို စြန္႔ခြာႏိုင္လွ်င္မူ ထိုမိန္းမကို အာ႐ုံျပဳေသာအခါတြင္ အေလာဘသာ ျဖစ္ေနေပမည္။

          ေရွးအခါ၌ ထိုမိန္းမကို အာ႐ုံျပဳမိတိုင္း ေလာဘအေၾကာင္းရင္းရွိေသာ မသန္႔ရွင္းသည့္ ကာယကံ ၀စီကံ မေနာကံတို႔သာျဖစ္ခဲ့၏။ ယခုအခါ၌မူ အေလာဘအေၾကာင္းရင္းရွိေသာ စင္ၾကယ္ သန္႔ရွင္းေသာ ကာယကံ၊ ၀စီကံ၊ မေနာကံတို႔ ျဖစ္၏။

 

 

Right understood & Wrong understood  (pyidaungsu – unicode)

ဤနေရာတွင် သမ္မာဒိဋ္ဌိနှင့် မိစ္ဆာဒိဋ္ဌိ ဖြစ်ကြောင်း နှစ်ပါးစီကို ဖော်ပြလိုပါသည်။ သမ္မာဒိဋ္ဌိဟူသော အယူ မှားမှု Right understood ဖြစ်ရန် အကြောင်းနှစ်ပါးရှိ၏။ ၎င်းင်းတို့မှာ “ပရတော စ ဃောသော ယောနိသော မနသိကာရော။ ဣမေ ခေါ ဘိက္ခေ၀ ဒွေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယ” (ကျမ်းညွှန်း အံ – ၁၊ ၁၀၅)

(၁) သူတစ်ပါးထံမှ ကြားနာမှတ်သားခြင်း၊ စာအုပ်ထဲဖတ်ရှုမိခြင်း၊ အွန်လိုင်းပေါ်မှ ဖတ်ရှုမိခြင်းနှင့်

(၂) ကောင်းသောနှလုံးသွင်းမှု ရှိခြင်းတို့ဖြစ်၏။

မိစ္ဆာဒိဋ္ဌိဟူသောအယူမှားမှု Wrong understood ဖြစ်ရန်အကြောင်းသည်လည်း နှစ်ပါးရှိသည်။ ၎င်းတို့မှာ “ပရတော စ ဃောသော အယောနိသောမန သိကာရော။ ဣမေ ခေါ ဘိက္ခေ၀ ဒွေ ပစ္စယာ မိစ္ဆာဒိဋ္ဌိယာ ဥပ္ပါဒါယ” (ကျမ်းညွှန်း အံ-၁၊ ၁၀၅)

(၁) သူတစ်ပါးထံမှကြားနာမှတ်သားခြင်း၊ စာအုပ်ထဲဖတ်ရှုမိခြင်း၊ အွန်လိုင်းပေါ်မှ ဖတ်ရှုမိခြင်းနှင့်

(၂) မကောင်းသောနှလုံးသွင်းမှု ရှိခြင်းတို့ပေတည်း။

ယောနိသော မနသိကာရ အားကောင်းသူတို့၏သန္တာန်၌ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ကောင်းမွန်သည့် ရေသောက်မြစ်ကြီးများ အားကောင်ပါမည်၊ အယောနိသောမနသိကာရ အားကောင်းသူတို့၏ သန္တာန်၌ လောဘ၊ ဒေါသ၊ မောဟဟူသော မကောင်းသည့် ရေသောက်မြစ်ကြီးတို့ အားကောင်းမည်ဟု အဋ္ဌကထာ ကျမ်းများက ဆိုထားပါသည်။

 

 

မြတ်စွာဘုရားရှင်က အလောဘ ပေးကမ်းစွန့်ကြဲနိုင်ရန်၊ အဒေါသ မေတ္တာတရားပွား ကိုယ်ချင်းစာတရား ထားနိုင်ရန်၊ အမောဟ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာတို့ ဖြစ်ထွန်းပေါ်ပေါက် လာစေနိုင်ရန်အတွက် ‘မာ ဘိက္ခေ၀ ပုညာနံ ဘာယိတ္ထ’ ကုသိုလ်ကောင်းမှုပြုရာ၌ မကြောက်မရွံ့ပြုကြရန် တိုက်တွန်းတော် မူထားပါသည်။

ဆက်လက်ပြီး ‘ပုညံ ဘာယတော သုခံ ဘာယတိ’ ကုသိုလ်ကောင်းမှုပြုရန် ကြောက်ရွံ့သောသူ၏ အထံသို့ သုခချမ်းသာ အမျိုးမျိုး လာရောက်ရန်လည်း ကြောက်ရွံ့နေပေမည်ဟု ဟောကြားတော်မူ၏။

ဘုရားအလောင်းတော် ခန္တီဝါဒီရသေ့၏ အားကြီးသည့် ကုသလဟေတုရေသောက်မြစ်

ကုသိုလ်တည်းဟူသော အကြောင်းဓမ္မက ကုသိုလ်တည်းဟူသော အကျိုးဓမ္မကို ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ပဋ္ဌာန်းပဥှာဝါရလာ ပါဠိတော် (ကု-ကု) ၌ “ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဟေတုပစ္စယေန ပစ္စယော”။

ဗာရာဏသီပြည်တွင် ဒေဝဒတ်အလောင်း ကလာဗုမင်း အုပ်ချုပ်စဉ်အခါကာလ ဘုရားအလောင်းတော် သည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်ပါသည်။ မိဘများ ကွယ်လွန်သောအခါ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်လှူဒါန်း၍ ဟိမဝန္တာတောသို့ဝင်ကာ ရသေ့ရဟန်း ပြုတော်မူပါသည်။ သစ်သီးများဖြင့် ရှည်ကြာကာလ မျှတ စွာနေပြီး ချဉ်၊ ဆားမှီဝဲရန် အလို့ငှါ ဗာရာဏသီပြည်သို့ ကြွတော်မူရာ စစ်သူကြီးက ကြည်ညိုသဖြင့် ရသေ့ကို ဆွမ်း လုပ်ကျွေး၍ မင်းဥယျာဉ်အတွင်း၌ပင် ကိုးကွယ်ထား၏။

တစ်နေ့သောအခါ ဒေဝဒတ်လောင်း ကလာဗုမင်းသည် သုရာယစ်လျက် ကချေသည် မောင်းမအခြွေ အရံများနှင့်အတူ ဥယျာဉ်ကစား ထွက်လာ၏။ မင်းကြီးအိပ်ပျော်နေစဉ် အခြွေအရံများက ခန္တီဝါဒီရသေ့ထံသွား၍ တရားနာယူနေ၏။ မင်းကြီးနိုးလာသောအခါ မောင်းမအခြွေအရံများကို မတွေ့သဖြင့် လိုက်ရှာရာ ရသေ့ထံတော် ပါး၌ တရားနာနေသည်ကို တွေ့ရှိသဖြင့် အမျက်ဒေါသ ချောင်းချောင်းထွက်ကာ ရသေ့အား “သင်သည် အဘယ် ဝါဒရှိသနည်း”ဟု မေးလေ၏။ ရသေ့က “ခန္တီဝါဒရှိ၏”ဟု ဖြေကြားတော်မူရာ ခန္တီဝါဒ ရှိ၊ မရှိ စမ်းသပ်မည်ဟုဆိုကာ သူသတ်ယောကျ်ားကို ခေါ်၍ ဘုရားလောင်းတော်၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကို ဖြတ်စေပြီး ရင်ဘတ်ကို ခြေဖြင့်ကန်ကျောက်ကာ မင်းဥယျာဉ်မှ ထွက်ခွာသွား၏။

 

ထိုအခါ အရှင်သာရိပုတ္တရာလောင်း စစ်သူကြီးရောက်ရှိလာပြီး ဘုရားလောင်းတော်ရသေ့အား ရှိခိုးကာ ”အရှင်ဘုရားကို နှိပ်စက်ခဲ့သည့် ဘုရင်ကိုသာ အမျက်ထွက်တော်မူပါဘုရား၊ တိုင်းပြည်ကို အမျက်ထွက်တော် မမူပါ နှင့်ဘုရား”ဟု လျှောက်ထားရာ ဘုရားလောင်းတော် ရသေ့က “ငါ၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရွက်၊ နှာခေါင်းတို့ကိုဖြတ်ခဲ့တဲ့ ဘုရင်မင်းကြီး အသက်ရှည်ပါစေသတည်း၊ ပညာရှိတို့မည်သည် အမျက် ဒေါသ မထွက် ကုန်သည်သာလျှင်တည်း”ဟု မိန့်ကြားတော်မူ၏။ ကလာဗုမင်းလည်း ဥယျာဉ်တံခါးသို့ ရောက်သောအခါ မြေမျိုခံခဲ့ ရပါသည်။

ဒေဝဒတ်လောင်း၏သန္တာန်၌ ရွဲကုန်သည်ဘဝက စတင်ခဲ့သည့် ရန်ညှိုးဒေါသဟိတ်ကြောင့် ဆင်ခြင်ဉာဏ် ကင်းမဲ့စွာ ခန္တီဝါဒီရသေ့ကိုလည်းကောင်း၊ သူ၏အသက်ကို ကယ်တင်ပေးခဲ့သည့် ဘုရားလောင်းတော် မျောက်မင်း ကိုလည်းကောင်း နှိပ်စက်ခဲ့သဖြင့် နှစ်ကြိမ်တိုင်တိုင် မြေမျိုခံရ၏။ ထိုဒေါသ ဟေတု ရေသောက်မြစ်၏ စွမ်းပကားက ဤမျှဖြင့် မရပ်တန့်သေးဘဲ ဘုရားရှင်သီတင်းသုံးတော်မူရာ ဇေတဝန်ကျောင်းရှေ့ရှိ ရေကန်အနီး၌ မြေမျိုခံရပြီး ယနေ့တိုင် ငရဲသို့ ကျရောက်လျက် ရှိပါသည်။

ဘုရားလောင်းတော်၏ သန္တာန်၌ ရှင်သန်နေသည့် အဒေါသ ရေသောက်မြစ်၏ သတ္တိသည်ကား အံ့ဖွယ် ပေတည်း၊ မိမိ၏ လက်၊ ခြေ၊ အသား၊ အရေ၊ နားရက်၊ နှာခေါင်းတို့ကို ရက်စက်စွာ ဖြတ်တောက်ကာ နှိပ်စက်ရုံမက ရင်ဝကို ခြေဖြင့်ကန်ကျောက်ခဲ့သည့် ကလာဗုမင်းကို “မင်းကြီး အသက်ရှည်ပါစေသတည်း”ဟု ဆုမွန်ကောင်း တောင်းပေးနိုင်စွမ်းသည့်အထိ ခန္တီအား၊ မေတ္တာအားကြီးမားသည့် ကုသလဟေတု၏ သတ္တိကား အံ့ဖွယ်ရှိပေစွ။ (ကျမ်းညွှန်း-ဇာတကအဋ္ဌကထာ အတွဲ-၃၊ နှာ-၃၇ ခန္တီဝါဒီဇာတ်တော်)

အကုသလာ ဟေတု၏သတ္တိကို လောကဥပမာဖြင့် ပြဆိုခြင်း

ပဋ္ဌာန်းပဥှာဝါရပါဠိ ဟေတုပစ္စည်း (အကု-အကုဗျာ) ၌ ‘အကုသလာ ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။’ အကုသိုလ်ဟိတ် တစ်ပါးပါးသည် အတူယှဉ်၍ဖြစ်သော ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာ ဟူသော နာမ်ခန္ဓာလေးပါးတို့အားလည်းကောင်း၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

ဤပဋ္ဌာန်းပဥှာဝါရပါဠိ ဟေတုပစ္စည်းလာသည်ကို လယ်တီဆရာတော်ကြီး၏ ပဋ္ဌာနနိဒ္ဒေသ ဒီပနီလာ ဥပမာဖြင့် ပြပါမည်။ ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက်၌ တပ်မက်နှစ်သက်သော စိတ်ဖြစ်၏၊ သူသည် ထိုစိတ်ကို မစွန့်နိုင်သေးသမျှ ထိုမိန်းမကို အာရုံပြု၍ သူ့အား လောဘနှင့်တကွ ဖြစ်ကုန်သော ကာယကံ လုပ်ဆောင်မှုများ၊ ဝစီကံပြောဆိုမှုများနှင့် မနောကံ ကြံစည်တွေးတောမှုများ စဉ်ဆက်မပြတ် ဒလစပ် ဖြစ်နေ တော့၏။

လောဘကြောင့်ဖြစ်ကုန်သော စိတ္တဇရုပ်တို့လည်း ရှည်မြင့်စွာသော ကာလပတ်လုံးဖြစ်ကြကုန်၏။ ထို့ကြောင့် ထိုမိန်းမကို နှစ်သက်သောစိတ်ကြောင့်ဖြစ်သည့် စေတသိက်နှင့် စိတ္တဇရုပ်တို့ကို ဤပါဠိဖြင့် သိနိုင်ပါ သည်။ ‘ဟေတူ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော’

ဤလောဘဟေတုသည် ထိုစိတ်စေတသိက်ရုပ်တို့၏အမြစ်ဟူသော အနက်သဘောကြောင့် ဟေတုလည်း မည်၏၊ ကျေးဇူးပြုတတ်သော အနက်သဘောကြောင့် ပစ္စည်းလည်းမည်၏။ ထိုနှစ်ပါးသော အကြောင်းကြောင့် ဟေတုပစ္စည်းမည်၏။

 

ထိုနည်းအတူ ပြစ်မှားအပ်သော ဝတ္ထုတို့ကို အာရုံပြု၍ ပြစ်မှားသည်၏အစွမ်းဖြင့် ဖြစ်ကုန်သော ဒေါသ၊ တွေဝေအပ်သော ဝတ္ထုတို့ကို အာရုံပြု၍ တွေဝေသည်၏ အစွမ်းဖြင့် ဖြစ်ကုန်သော မောဟတို့၌လည်း ဤနည်းကို မှတ်အပ်၏။

ထိုဟေတုပစ္စည်း၌ သစ်ပင်၏ အမြစ်တို့သည် အလိုလို မြေ၏အတွင်း၌ ကောင်းစွာတည်၍ မြေ၏ အဆီ အရသာ၊ ရေ၏ အဆီအရသာကိုယူ၍ ထိုသစ်ပင်တို့၏ အဖျားတိုင်အောင်ဆောင်၏၊ ထိုသို့ဆောင်ခြင်းဖြင့် သစ်ပင်သည် ရှည်မြင့်စွာသော ကာလပတ်လုံး ကြီးပွါးလျက် တည်၏။

ထို့အတူ လောဘသည်လည်း ထိုထိုသို့သော ဝတ္ထုအာရုံ၌ တပ်နှစ်သက်ခြင်း၏ အစွမ်းဖြင့် ကောင်းစွာ အာရုံပြုသောအားဖြင့် တည်၍ ထိုထိုသို့သော ဝတ္ထုအာရုံ၏ ချစ်အပ်သောသဘော ရှိသော အဆီအရသာကို ယူ၍ သမ္ပယုတ်တရားတို့ကို ကိုယ်နှုတ်ဖြင့် လွန်ကျုးခြင်းတိုင်အောင်ဆောင်၏။ ထို့ကြောင့် ကိုယ်နှုတ်ဖြင့် လွန်ကျူး ကြ၏။

ဤနည်းအတူ ဒေါသသည်လည်း ပြစ်မှားသည်၏ အစွမ်းဖြင့် မချစ်မနှစ်မြို့အပ်သောသဘော၊ မသာယာ အပ်သောသဘောရှိ၏။ မောဟသည်လည်း တွေဝေသည်၏ အစွမ်းဖြင့် အထူးထူးသော အာရုံတို့၌ အချည်းနှီး သောစိတ် ဖြစ်ခြင်းသဘောရှိ၏။

အကယ်၍ တစ်နေ့သောအခါ၌ ထိုယောက်ျားသည် ဝတ္ထုကာမ၊ ကိလေသာကာမတို့၏ အပြစ်ကိုမြင်၍ နှစ်သက်သောစိတ်ကို စွန့်ခွာနိုင်လျှင်မူ ထိုမိန်းမကို အာရုံပြုသောအခါတွင် အလောဘသာ ဖြစ်နေပေမည်။

ရှေးအခါ၌ ထိုမိန်းမကို အာရုံပြုမိတိုင်း လောဘအကြောင်းရင်းရှိသော မသန့်ရှင်းသည့် ကာယကံ ဝစီကံ မနောကံတို့သာဖြစ်ခဲ့၏။ ယခုအခါ၌မူ အလောဘအကြောင်းရင်းရှိသော စင်ကြယ် သန့်ရှင်းသော ကာယကံ၊ ဝစီကံ၊ မနောကံတို့ ဖြစ်၏။

 13 total views,  1 views today

By admin

Leave a Reply

Your email address will not be published.