၁။ ေဟတုပစၥေယာ  zwgyi

ဘ၀ႏွင့္ ပ႒ာန္းသင္ခန္းစာ

       

    ေရွးဆရာေတာ္ႀကီးမ်ားက ေဟတုကို ေရေသာက္ျမစ္ဟု ဥပမာျပဳေတာ္မူၾကပါသည္။ ေဟတုဟူသည္ အေၾကာင္း တရားျဖစ္သည္။ ေဟတုပစၥယမွာမူ အေၾကာင္းျဖစ္၍ ေက်းဇူးျပဳတတ္သည့္တရားဟု အဓိပၸါယ္ယူႏိုင္ ပါသည္။ အဂၤလိပ္ဘာသာျဖင့္ ေရးသားသည့္ ပ႒ာန္းက်မ္းမ်ားတြင္မူ ေဟတုကို Root ေရေသာက္ျမစ္ဟု ဘာသာျပန္ဆိုၾက ပါသည္။

     ေရေသာက္ျမစ္တြင္ အေျခအျမစ္ ႏွစ္မ်ဳိးရွိ၏။ ေကာင္းမြန္သည့္ ကုသိုလ္ေရေသာက္ျမစ္ႏွင့္ မေကာင္းသည့္ အကုသိုလ္ေရေသာက္ျမစ္တို႔ ျဖစ္ပါသည္။ ကုသလေဟတုႏွင့္ အကုသလေဟတုတို႔ ျဖစ္သည္။ အေလာဘ၊ အေဒါသ၊ အေမာဟတို႔သည္ ေကာင္းသည့္ ကုသိုလ္ေရေသာက္ျမစ္မ်ား ျဖစ္ၾကပါသည္။ ေလာဘ၊ ေဒါသ၊ ေမာဟ တို႔သည္ မေကာင္းသည့္ အကုသိုလ္ေရေသာက္ျမစ္မ်ား ျဖစ္ၾကပါသည္။

     ပါဠိဘာသာတြင္ ‘န၊ အ၊ မ’ အကၡရာတို႔သည္ အဂၤလိပ္ဘာသာတြင္ Negative ႏွင့္ သေဘာျခင္း တူညီသည္။ ဥပမာ- ေလာဘသည္ လိုခ်င္တပ္မက္ျခင္း၊ မစြန္႔ႏိုင္၊ မခြါႏိုင္သည့္သေဘာျဖစ္ၿပီး၊ အေလာဘသည္ ေပးကမ္း စြန္႔ႀကဲျခင္း၊ ရက္ေရာျခင္း၊ လွဴဒါန္းျခင္း၊ စြန္႔လႊတ္ႏိုင္ျခင္းဟု အဓိပၸါယ္ရပါသည္။

                                

ေဟတုပစၥည္း၏သခ်ၤာ

   

ေဟတု၏သခ်ၤာမွာ – ၇ ျဖစ္ပါသည္။ ထို႔ေၾကာင့္ ‘ေဟတုယာ သတၱ’ဟု မွတ္သားႏိုင္ပါသည္။ ထိုသခ်ၤာကို ေအာက္ပါ အတိုင္း ေလ့လာႏိုင္ပါသည္။

 

ကုသလာ ဓမၼာ သခ်ၤာ-၃

 

(၁) ကု – ကု (၂) ကု – အကု (၃) ကု – ကု ဗ်ာ

 

အကုသလာ ဓမၼာ သခ်ၤာ-၃

 

(၁) အကု – အကု   (၂) အကု – ကု   (၃) အကု – အကု ဗ်ာ

 

အဗ်ာကတဓမၼာ သခ်ၤာ-၁

 

(၁) ဗ်ာ – ဗ်ာ

 

 

ကုသိုလ္ႏွင့္ အကုသိုလ္ေရေသာက္ျမစ္

 

     ကုသိုလ္ေရေသာက္ျမစ္ျဖစ္သည့္ အေလာဘ၊ အေဒါသ၊ အေမာဟတြင္ စြန္႔လႊတ္ႏိုင္စြမ္းသည့္  အေလာဘ ေရေသာက္ျမစ္၊ ခြင့္လႊတ္ႏိုင္စြမ္းသည့္ အေဒါသ ေမတၱာေရေသာက္ျမစ္ႏွင့္ သံုးသပ္ဆံုးျဖတ္ႏိုင္စြမ္းသည့္ အေမာဟ ေရေသာက္ျမစ္တို႔က အျမတ္စား အေကာင္းစား ေရေသာက္ျမစ္မ်ား ျဖစ္ၾက၏။

     ေဟတုကို ေရွးဆရာျမတ္တို႔ ဖြင့္ဆိုခ်က္ႏွင့္အညီ ေရေသာက္ျမစ္ဟု ယူၿပီး သံုးသပ္မည္ဆိုလွ်င္ ေျမႀကီး တူတူ ေရေသာက္ျမစ္က စုပ္ယူပံု မတူညီေသာေၾကာင့္သာ ခ်ဳိ ခ်ဥ္ ခါး ဖန္ အရသာမ်ား၊ ျဖဴ နီ ၀ါ ျပာ စသည့္ အေရာင္အဆင္းမ်ား အသီးသီး ကဲြျပားျခားနားေနျခင္း ျဖစ္ပါသည္။

          ထို႔အတူ ေလာကအာ႐ံု ၆-ပါးဟူေသာ ‘အဆင္း၊ အသံ၊ အနံ႔၊ အရသာ၊ အထိအေတြ႕’တို႔ကလည္း မည္သူ႔အတြက္ အကုသိုလ္ျဖစ္ေစၿပီး မည္သူ႔အတြက္မွာမူ ကုသိုလ္ျဖစ္ေစဟူ၍ မရွိေကာင္းပါေပ။ မိမိတို႔ အသီး သီး၏ ကိေလသာဓါတ္ခံႏွင့္ ပါရမီဓါတ္ခံအေပၚ၌သာ မူတည္ေပသည္။

ဆန္ျခင္းႏွင့္ စုန္ျခင္း

         

          ေဇာက ကုသိုလ္ေဇာ၊ အကုသိုလ္ေဇာ၊ ႀကိယာေဇာဟူ၍ သုံးပါးရွိၾကရာတြင္ ႀကိယာေဇာကား ဘုရား ရဟႏၲာတို႔မွာသာ ျဖစ္ၾက၏။ ၾကြင္းႏွစ္ပါးတို႔ကား ပုထုဇဥ္၊ ေသကၡတို႔မွာ ျဖစ္ၾက၏။

          ကုသလာဓမၼာ ျဖစ္ရန္မွာမူ ေယာနိေသာ မနသိကာရ ၊ ကလ်ာဏမိတၱစသည္ အေၾကာင္းတရားမ်ားႏွင့္ ညီညြတ္ေအာင္ ျပဳျပင္အားေပးမွ ျဖစ္ႏိုင္ၾက၏။ ဤသို႔ ျပဳျပင္မေပးႏိုင္ပါက အလိုလိုပင္ အနိမ့္သို႔က်ျခင္း၊ ေအာက္သို႔စုန္ျခင္း၊ အမိုက္အေမွာင္ႀကီး ျဖစ္ေပေတာ့မည္။ ထို႔ေၾကာင့္ အထက္သို႔ အတက္သေဘာ၊ အဆန္ သေဘာ၊ အလင္းသေဘာသို႔ ေရာက္ေအာင္ကား ႀကံေဆာင္ အားထုတ္ယူၾကရပါသည္။

          သတၱ၀ါတို႔၏ ဓမၼတာအရ ေကာင္းတာေတြ႕ႀကံဳပါက ေလာဘဟိတ္၊ ေမာဟဟိတ္ျဖစ္ၿပီး၊ မေကာင္းတာကို ေတြ႕ႀကံဳပါက ေဒါသဟိတ္၊ ေမာဟဟိတ္ ျဖစ္ပါသည္။ သာမညတို႔ကို ေတြ႕ၾကလွ်င္မူ ေမာဟဟိတ္ ျဖစ္ေနေပ ေတာ့သည္။

          ႏွစ္သက္တြယ္တာျခင္း ေလာဘဟိတ္ ေရေသာက္ျမစ္ႀကီးႏွင့္ ေတြေ၀မိုက္မဲသည့္ ေမာဟဟိတ္ ေရေသာက္ျမစ္ႀကီးမ်ားေၾကာင့္ ႀကိဳက္ႏွစ္သက္သည့္ အဆင္း၊ အသံ၊အနံ႔၊ အရသာ၊ အထိအေတြ႕ႏွင့္ အေတြး အႀကံတည္းဟူေသာ အာ႐ုံေျခာက္ပါးတို႔ကို မ်က္စိ၊ နား၊ ႏွာေခါင္း၊ လွ်ာ၊ ကိုယ္၊ စိတ္တည္းဟူေသာ ေျခာက္ဒြါရတို႔၌ ဆိုင္ရာေဇာ၀ီထိတို႔ျဖင့္ သိရွိၾကေသာအခါ ကိုယ္အမူအရာ၊ ႏႈတ္အမူအရာ၊ စိတ္အမူအရာ အမ်ဳိးမ်ဳိးက အကုသိုလ္ အစားစားကို ျပဳပါေတာ့သည္။

 

 

၁။ ဟေတုပစ္စယော pyidaungsu – unicode

ဘဝနှင့် ပဋ္ဌာန်းသင်ခန်းစာ

ရှေးဆရာတော်ကြီးများက ဟေတုကို ရေသောက်မြစ်ဟု ဥပမာပြုတော်မူကြပါသည်။ ဟေတုဟူသည် အကြောင်း တရားဖြစ်သည်။ ဟေတုပစ္စယမှာမူ အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သည့်တရားဟု အဓိပ္ပါယ်ယူနိုင် ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ပဋ္ဌာန်းကျမ်းများတွင်မူ ဟေတုကို Root ရေသောက်မြစ်ဟု ဘာသာပြန်ဆိုကြ ပါသည်။

ရေသောက်မြစ်တွင် အခြေအမြစ် နှစ်မျိုးရှိ၏။ ကောင်းမွန်သည့် ကုသိုလ်ရေသောက်မြစ်နှင့် မကောင်းသည့် အကုသိုလ်ရေသောက်မြစ်တို့ ဖြစ်ပါသည်။ ကုသလဟေတုနှင့် အကုသလဟေတုတို့ ဖြစ်သည်။ အလောဘ၊ အဒေါသ၊ အမောဟတို့သည် ကောင်းသည့် ကုသိုလ်ရေသောက်မြစ်များ ဖြစ်ကြပါသည်။ လောဘ၊ ဒေါသ၊ မောဟ တို့သည် မကောင်းသည့် အကုသိုလ်ရေသောက်မြစ်များ ဖြစ်ကြပါသည်။

ပါဠိဘာသာတွင် ‘န၊ အ၊ မ’ အက္ခရာတို့သည် အင်္ဂလိပ်ဘာသာတွင် Negative နှင့် သဘောခြင်း တူညီသည်။ ဥပမာ- လောဘသည် လိုချင်တပ်မက်ခြင်း၊ မစွန့်နိုင်၊ မခွါနိုင်သည့်သဘောဖြစ်ပြီး၊ အလောဘသည် ပေးကမ်း စွန့်ကြဲခြင်း၊ ရက်ရောခြင်း၊ လှူဒါန်းခြင်း၊ စွန့်လွှတ်နိုင်ခြင်းဟု အဓိပ္ပါယ်ရပါသည်။

 

 

ဟေတုပစ္စည်း၏သင်္ချာ

ဟေတု၏သင်္ချာမှာ – ၇ ဖြစ်ပါသည်။ ထို့ကြောင့် ‘ဟေတုယာ သတ္တ’ဟု မှတ်သားနိုင်ပါသည်။ ထိုသင်္ချာကို အောက်ပါ အတိုင်း လေ့လာနိုင်ပါသည်။

ကုသလာ ဓမ္မာ သင်္ချာ-၃

(၁) ကု – ကု (၂) ကု – အကု (၃) ကု – ကု ဗျာ

အကုသလာ ဓမ္မာ သင်္ချာ-၃

(၁) အကု – အကု (၂) အကု – ကု (၃) အကု – အကု ဗျာ

အဗျာကတဓမ္မာ သင်္ချာ-၁

(၁) ဗျာ – ဗျာ

 

ကုသိုလ်နှင့် အကုသိုလ်ရေသောက်မြစ်

     ကုသိုလ်ရေသောက်မြစ်ဖြစ်သည့် အလောဘ၊ အဒေါသ၊ အမောဟတွင် စွန့်လွှတ်နိုင်စွမ်းသည့် အလောဘ ရေသောက်မြစ်၊ ခွင့်လွှတ်နိုင်စွမ်းသည့် အဒေါသ မေတ္တာရေသောက်မြစ်နှင့် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းသည့် အမောဟ ရေသောက်မြစ်တို့က အမြတ်စား အကောင်းစား ရေသောက်မြစ်များ ဖြစ်ကြ၏။

     ဟေတုကို ရှေးဆရာမြတ်တို့ ဖွင့်ဆိုချက်နှင့်အညီ ရေသောက်မြစ်ဟု ယူပြီး သုံးသပ်မည်ဆိုလျှင် မြေကြီး တူတူ ရေသောက်မြစ်က စုပ်ယူပုံ မတူညီသောကြောင့်သာ ချို ချဉ် ခါး ဖန် အရသာများ၊ ဖြူ နီ ဝါ ပြာ စသည့် အရောင်အဆင်းများ အသီးသီး ကွဲပြားခြားနားနေခြင်း ဖြစ်ပါသည်။

     ထို့အတူ လောကအာရုံ ၆-ပါးဟူသော ‘အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့’တို့ကလည်း မည်သူ့အတွက် အကုသိုလ်ဖြစ်စေပြီး မည်သူ့အတွက်မှာမူ ကုသိုလ်ဖြစ်စေဟူ၍ မရှိကောင်းပါပေ။ မိမိတို့ အသီး သီး၏ ကိလေသာဓါတ်ခံနှင့် ပါရမီဓါတ်ခံအပေါ်၌သာ မူတည်ပေသည်။

 

ဆန်ခြင်းနှင့် စုန်ခြင်း

     ဇောက ကုသိုလ်ဇော၊ အကုသိုလ်ဇော၊ ကြိယာဇောဟူ၍ သုံးပါးရှိကြရာတွင် ကြိယာဇောကား ဘုရား ရဟန္တာတို့မှာသာ ဖြစ်ကြ၏။ ကြွင်းနှစ်ပါးတို့ကား ပုထုဇဉ်၊ သေက္ခတို့မှာ ဖြစ်ကြ၏။

ကုသလာဓမ္မာ ဖြစ်ရန်မှာမူ ယောနိသော မနသိကာရ ၊ ကလျာဏမိတ္တစသည် အကြောင်းတရားများနှင့် ညီညွတ်အောင် ပြုပြင်အားပေးမှ ဖြစ်နိုင်ကြ၏။ ဤသို့ ပြုပြင်မပေးနိုင်ပါက အလိုလိုပင် အနိမ့်သို့ကျခြင်း၊ အောက်သို့စုန်ခြင်း၊ အမိုက်အမှောင်ကြီး ဖြစ်ပေတော့မည်။ ထို့ကြောင့် အထက်သို့ အတက်သဘော၊ အဆန် သဘော၊ အလင်းသဘောသို့ ရောက်အောင်ကား ကြံဆောင် အားထုတ်ယူကြရပါသည်။

 

 

    သတ္တဝါတို့၏ ဓမ္မတာအရ ကောင်းတာတွေ့ကြုံပါက လောဘဟိတ်၊ မောဟဟိတ်ဖြစ်ပြီး၊ မကောင်းတာကို တွေ့ကြုံပါက ဒေါသဟိတ်၊ မောဟဟိတ် ဖြစ်ပါသည်။ သာမညတို့ကို တွေ့ကြလျှင်မူ မောဟဟိတ် ဖြစ်နေပေ တော့သည်။

   နှစ်သက်တွယ်တာခြင်း လောဘဟိတ် ရေသောက်မြစ်ကြီးနှင့် တွေဝေမိုက်မဲသည့် မောဟဟိတ် ရေသောက်မြစ်ကြီးများကြောင့် ကြိုက်နှစ်သက်သည့် အဆင်း၊ အသံ၊အနံ့၊ အရသာ၊ အထိအတွေ့နှင့် အတွေး အကြံတည်းဟူသော အာရုံခြောက်ပါးတို့ကို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တည်းဟူသော ခြောက်ဒွါရတို့၌ ဆိုင်ရာဇောဝီထိတို့ဖြင့် သိရှိကြသောအခါ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ အမျိုးမျိုးက အကုသိုလ် အစားစားကို ပြုပါတော့သည်။

 7 total views,  1 views today

By admin

Leave a Reply

Your email address will not be published.