၁၈- မဂၢပစၥေယာ- Magga Paccayo (Path condition) file (7 of 8) zawgyi
၂၉။ ဂါထာ သံုးပုဒ္အတြက္ ေဆာင္ပုဒ္
(၁) လမ္းေျဖာင့္မည္တြင္၊ ထိုမဂ္ပင္၊ ရပ္ခြင္ေဘးမဲ့ နိဗၺာန္ပါ။
(၂) လု႔ံလႏွစ္လီ၊ ဘီးတပ္သည္၊ မျမည္ရထား ထိုမဂ္ပါ။
(၃) ရွက္ေၾကာက္ႏွစ္တန္၊ ေနာက္မွီခံ၊ ကာရံ အမွတ္သတိပါ။
(၄) ၀ိပသ္ေရွ႕သြား၊ မဂ္ဉာဏ္ကား၊ ရထားေမာင္းသူ ဆုိရပါ။
(၅) ဤလိုရထား၊ ရွိသူမ်ား ေယာက်ာ္း မိန္းမ လူတိုင္းမွာ။
(၆) မဂၢင္ယာဥ္ႀကီး၊ ၿငိမ့္ၿငိမ့္စီး၊ အၿပီးနိဗၺာန္ ဆိုက္ေရာက္ပါ။
အဲဒီ ဂါထာ ၃-ပုဒ္တရားကို ေဟာၿပီးေတာ့ သစၥာေလးပါးကိုလည္း ျပေတာ္မူပါေသးတယ္တဲ့။ အဲဒီ သစၥာေလးပါးသိပုံကိုေတာ့ မဂၢသစၥာပိုင္းက်မွ ထပ္ၿပီးေျပာရမယ္။ သမဏနတ္သားဟာ အဲဒီ တရားကိုနာရင္း ေရွးဘ၀က သူႏွလုံးသြင္းခဲ့တဲ့တရားကို ျပန္ၿပီးႏွလုံးသြင္းတယ္။ ရဟန္းဘ၀တုန္းက အျပင္းအထန္ ၾကာျမင့္စြာ ႏွလုံးသြင္းအားထုတ္လို႔ တရားထူးကုိ မရႏိုင္ခဲ့ေပမယ့္ နတ္ဘ၀က်ေတာ့ နတ္႐ုပ္ေတြက သန္႔ရွင္းစင္ၾကယ္တဲ့ အတြက္ တခဏခ်င္းပဲ ၀ိပႆနာဉာဏ္ေတြ အစဥ္အတိုင္းတက္ ၿပီးေတာ့ ေသာတာပတၱိမဂ္ဖိုလ္ျဖင့္ နိဗၺာန္ကို မ်က္ေမွာက္ျပဳၿပီး ေသာတာပန္ ျဖစ္သြားပါသတဲ့။ (သံ-႒၊ ပ-၈၀-၈၃)
ဒီ သမဏနတ္သား၀တၳဳမွာ သိေစလိုရင္းကေတာ့ ၀ိပႆနာအလုပ္ကုိ အျပင္းအထန္ အားထုတ္ ေနေသာ္လည္း တဏွာကင္းေစႏိုင္တဲ့ အရိယမဂ္ဉာဏ္ကို မရေသးတဲ့အတြက္ ေသသည္၏အျခားမဲ့မွာ သမုဒယ သစၥာဆိုတဲ့ တဏွာက နတ္ဘ၀ကို ျဖစ္ေစတယ္ဆိုတာ သိေစလိုရင္းပါပဲ။ ဒိျပင္ ဒီ၀တၳဳထဲမွာ မဂၢင္ရွစ္ပါး ပြားေစပုံႏွင့္ နတ္ဘ၀က်ေတာ့ အလြယ္တကူနဲ႔ တရားထူးရသြားပုံဟာလည္း အထူးသတိ ျပဳဖို႔ရာပါပဲ။
က်မ္းညႊန္း– မဟာစည္ဆရာေတာ္ႀကီး၏ ဓမၼစၾကာတရာေတာ္
၃၀။ မသိေလးပါး
“ဇီ၀ိတံ ဗ်ာဓိကာေလာ စ ၊ ေဒဟ နိေကၡပနံ ဂတိ” မသိႏိုင္တာအမ်ားႀကီး ရွိတယ္။
ကိုယ္အသက္ ဇီ၀ိတ ဘယ္ေလာက္ေနရမလဲ – မသိပါ။
ဗ်ာဓိ ဘာေရာဂါျဖစ္လာမလဲ – မသိပါ။
ေဒဟ နိေကၡပနံ ကိုယ္႐ုပ္ကလာပ္ စြန္႕ပစ္မယ့္သုသာန္ကဘယ္ဟာလဲ – မသိပါ။
လားေရာက္ရမယ့္ ဂတိ – မသိပါ။
၃၁။ သီလသည္ သမာဓိႏွင့္ပညာ ျဖစ္ေရး၌ ပဓာန
သာသေန ကုလပုတၱာနံယ ပတိ႒ာ နတၳိ ယံ ဝိနာ၊
အာနိသံသပရိေစၧဒံယ တႆ သီလႆ ေကာ ဝေဒ။
သာသနာေတာ္၌ ေကာင္းက်ဳိးလိုလား အမ်ိဳးသား အမ်ဳိးသမီးတို႔အတြက္ သမာဓိႏွင့္ပညာ ျဖစ္ထြန္းေရး၌ သီလကို ၾကဥ္ဖယ္ထား၍မျဖစ္၊ သီလသည္ သမာဓိ ပညာ ျဖစ္ေပၚေရး၌ အေျခခံ ပဓာနေထာက္တည္ရာ ျဖစ္သည္။ (ၫႊန္း ဝိသုဒၶမဂ္ တဲြ-၁ ႏွာ ၁၀)
၃၂။ မာတုေပါသကဇာတ္ေတာ္
ျမတ္စြာဘုရားရွင္သည္ မိဘကို လုပ္ေကြ်းသည့္ မေထရ္တစ္ပါးကို အေၾကာင္းျပဳ၍ ဤဇာတ္ေတာ္ကို ေဟာေတာ္မူပါသည္။ ဗာရာဏသီျပည္၌ျဗဟၼဒတ္မင္းႀကီးမင္းျပဳစဥ္ ဘုရားအေလာင္းေတာ္သည္။ ဟိမ၀ႏၲာ ေတာႀကီး၌ ႀကံအင္လကၡဏာေတာ္မ်ားႏွင့္ ျပည့္စံုသည့္ ဆင္ျဖဴေတာ္ ျဖစ္ေနေလသည္။
အေလာင္းေတာ္ဆင္မင္း၏ မိခင္ဆင္မႀကီးသည္ အိုမင္းမစြမ္းျဖစ္ကာ မ်က္စိမျမင္ရွာေပ။ ထိုေၾကာင့္ ဆင္မင္းသည္ ေတာင္ေျခရွိ ပဒုမၼာၾကာေတာႀကီးကို မီွ၍ အမိကိုလုပ္ေကြ်း ျပဳစုေနရွာသည္။ တစ္ေန႕၌ ေတာထဲ တြင္ မ်က္စိလည္ေနသည့္ ဗာရာဏသီျပည္သား မုဆိုးတစ္ဦး ငိုေၾကြး ျမည္တမ္းေနသည္ကို ၾကားရသျဖင့္ အေလာင္းေတာ္ ဆင္မင္းက သူ၏ေက်ာကုန္းေပၚ တင္၍ လူသြားလမ္းေပၚ ပို႕ေဆာင္ကာ ကူညီေပးလိုက္ေလသည္။
ထိုမုဆိုး ဗာရာဏသီျပည္ ျပန္ေရာက္ခ်ိန္တြင္ ဘုရင္မင္းႀကီး၏ မဂၤလာဆင္ေတာ္ ေသဆံုးခ်ိန္ႏွင့္ တိုက္ဆိုင္ေနပါသည္။ ဤသတင္းစကားကို ၾကားသိရသည့္ မုဆိုးက ဘုရင္မင္းႀကီးထံေတာ္ပါးမွ ဆုေတာ္ လာဘ္ေတာ္မ်ား ရလိုသျဖင့္ သူ႕အသက္ကို ကယ္တင္ေပးခဲ့သည့္ ေက်းဇူးတရားကိုပင္ မေထာက္ထားေတာ့ဘဲ နန္းေတာ္ကို သြားေရာက္ကာ ဆင္လိမၼာတစ္စီး ဟိမ၀ႏၲာ ေတာနက္ႀကီးထဲ ေတြ႕ခဲ့ေၾကာင္း၊ လူႏွင့္ အလြန္ ရင္းႏွီးေၾကာင္း သံေတာ္ဦး တင္ေလသည္။ ထိုအခါဘုရင္းမင္းႀကီးက ထိုဆင္ကို ဖမ္းဆီးကာ ေခၚေဆာင္နိုင္ရန္ ဆင္ဆရာနွင့္ အဖဲြ႕ကို ထိုမုဆိုးထံ အပ္ႏွံေလသည္။
အေလာင္းေတာ္ဆင္မင္းက သူလမ္းျပကယ္တင္ေပးခဲ့သည့္ မုဆိုးဦးေဆာင္သည့္ လူစုလူေ၀းကို ျမင္ရ စဥ္သူ၏ ႏွာေမာင္းျဖင့္ ကစဥ့္ကလ်ား လြင့္စင္သြားေအာင္ ေဆာင္ရြက္နိုင္စြမ္းပါေသာ္လည္း မိမိသီလ ပ်က္မည္ ကို စိုးရိမ္သျဖင့္ အမ်က္မထြက္ဘဲ ဆင္ဆရာႏွင့္ မုဆိုးမ်ားျပဳသမွ်ကို သည္းခံရွာေလသည္။
ဗာရာဏသီေနျပည္ေတာ္ေရာက္ခ်ိန္၌ မင္းႀကီးသည္ အရသာေကာင္းမြန္သည့္ စားစရာမ်ားကို ဆင္မင္း အား ေကြၽးေစသည္။ ဆင္မင္းက မစား။ မင္းႀကီးကစားရန္ တိုက္တြန္းေသာအခါ “မင္းႀကီး ေစာင့္ေရွာက္ သူမရွိ၍ အထီးက်န္ေနရစ္ခဲ႕ေသာ မ်က္မျမင္မိခင္အိုသည္ စေ႑ာရဏေတာင္သို႕ သြားစဥ္ သစ္ငုတ္မ်ား တိုက္မိေလ ေတာ့မည္”ဟု ဆိုလိုက္သည္။ ထိုအေၾကာင္းကို သိလိုက္ရေသာအခါ မင္းႀကီးသည္ ဆင္မင္းအား ျပန္လႊတ္ ေပးရန္ အမိန႕္ေပးလိုက္သည္။
ဆင္မင္းသည္ မင္ႀကီးအား တရာေဟာၿပီးေနာက္ မိခင္အိုရွိရာသို႔ ျပန္လာၿပီး ခုႏွစ္ရက္ပတ္လံုး အစာ မစားရေသာ မိခင္ႀကီးအား ၾကာစြယ္ၾကာရင္းမ်ားကို ဦးစြာစားေစပါသည္။ မိခင္ကြယ္လြန္ေသာအခါ ကာရ႑က မည္ေသာ သခၤမ္းေက်ာင္းမွ ရေသ့ (၅၀၀) တို႔အား ၀တ္ႀကီး၀တ္ငယ္မ်ားကို ျပဳစုရင္း အသက္ထက္ဆံုးေန သြားခဲ့သည္။ ဇာတ္ေပါင္းေသာ္ မင္းႀကီးက အရွင္အာနႏၵာ၊ မုဆိုးက အရွင္ေဒ၀ဒတ္၊ ဆင္ဆရာက အရွင္ သာရိပုတၱရာ၊ မယ္ေတာ္ဆင္က မယ္ေတာ္မာယာ၊ ဆင္မင္းက ဗုဒၶျမတ္စြာဘုရားသခင္တည္း။
“အႏုရကၡႎ မမ သီလံ ၊ နာရကၡႎ မမ ဇီ၀ိတံ
သဗၺညဳတံ ပိယံ မယွံ ၊ တသၼာ သီလာ ႏုရကၡိသာ”
ငါသည္ ငါ၏ သီလကို ေစာင့္ေရွာက္ခဲ့၏။ ငါ၏အသက္ကို မေစာင့္ေရွာက္ခဲ့ေခ်။
ငါသည္ သဗၺညဳတဉာဏ္ေတာ္ႀကီးကို ခ်စ္ျမတ္ႏိုးေသာေၾကာင့္ သီလကိုအသက္ေပးၿပီး ေစာင့္ေရွာက္ခဲ့ျခင္း ျဖစ္၏။ (က်မ္းညႊန္း-ဇာတကပါဠိ)
၃၃ ။ ကာမ၀စရကုသိုလ္ႏွင့္ မဂၢင္ထိုက္သည့္ ကုသိုလ္
ဘုရားဂုဏ္ေတာ္ပြားေနသူ၊ တရားစာေပကို စိတ္၀င္တစား ဖတ္ရွဳ ေလ့လာ မွတ္သားေနသူမ်ားသည္ ကုသိုလ္ အလုပ္ကို လုပ္ေနသျဖင့္ မိစၦာကမၼႏၲကိုပယ္ၿပီး ျဖစ္ေနပါသည္။ မိစၦာ၀ါစာႏွင့္ မိစၦာအာဇီ၀လည္း ပယ္ၿပီး ျဖစ္ေနပါသည္။ ထို႔ေၾကာင့္ သမၼာဒိ႒ိစသည့္ မဂၢင္ ၅-ပါးပါ၀င္ ေနပါသည္။
တစ္ဖန္ သီလကို အထူးမေဆာက္တည္ဘဲ မိဘကို ျပဳစုျခင္း၊ သားသမီးကို ေမတၱာျဖင့္ ေစာင့္ေရွာက္ျခင္း ရပ္ေရးရြာေရး ပရဟတိတ လုပ္ငန္းတို႔ကို ေဆာင္ရြက္ျခင္းစေသာ ကာမ၀စရကုသိုလ္ျပဳရာတြင္မူ ထို ၀ိရတီ ေစတသိက္ မပါဝင္သျဖင့္ သမၼာ၀ါစာ သမၼာကမၼႏၲ သမၼာအာဇီ၀ ျဖစ္ၿပီ သီလျပည့္စံုသည္ဟု မဆိုရေပ။ (ၫႊန္း မိုးကုတ္၀ိနိစၦယ ႏွာ- ၁၂၄)
၃၄။ တရားနာရတဲ့အက်ဳိး
မၾကားဘူးၾကား၊ ၾကားဖူးစင္ၾကယ္၊ ယံုမွားဖြယ္ေပ်ာက္၊ အယူေျဖာင့္သူ၊ စိတ္ၾကည္ျဖဴ၊ တရားနာက်ဳိး ငါးပါးတည္း။
၃၅။ သမၼာ၀ါယာမ =သမၼပၸဓာန္ ၄ ပါး = Right effort
– သမၼာ၀ါယာမဟူသည္ အဘယ္နည္း ?
အႏုပၸႏၷာနံ ပါပကာနံ အႏုပၸါဒါယ ၀ါယာေမာ။
မိမိသႏၲာန္မွာ မျဖစ္ဖူးေသးတဲ့ အကုသိုလ္တရားေတြကို မျဖစ္ေအာင္ အားထုတ္မယ္။
ဥပၸႏၷာနံ ပါပကာနံ ပဟာနာယ ၀ါယာေမာ။
မိမိသႏၲာန္မွာ ျဖစ္ဖူးတဲ့ အကုသိုလ္တရားေတြကို ပယ္ႏိုင္ေအာင္ အားထုတ္မယ္။
အႏုပၸႏၷာနံ ကုသလာနံ ဥပၸါဒါယ ၀ါယာေမာ။
မိမိသႏၲာန္မွာ မျဖစ္ဖူးေသးတဲ့ ကုသိုလ္တရားေတြကို ျဖစ္ေပၚလာရအာင္ အားထုတ္မယ္။
ဥပၸႏၷာနံ ကုသလာနံ ဘိေယ်ာဘာ၀ါယ ၀ါယာေမာ။
မိမိသႏၲာန္မွာ ျဖစ္ဖူးတဲ့ ကုသိုလ္တရားေတြကို လြန္စြာ တိုးပြားလာေအာင္ အားထုတ္မယ္။
မွတ္သားရန္လကၤာ
ျပဳခဲ့မိၿပီး အကုသိုလ္ကို ၊ ျပန္ေျပာင္းေတြးထင္ မေနရေပ
ပူေလာင္ေစသည့္ အကုသိုလ္မ်ိဳး၊မျပဳလုပ္ဘဲ ေနၾကေလ။ ။
ျပဳခဲ့မိၿပီး ကုသိုလ္စုကို ၊ ျပန္ေျပာင္းေတြးထင္ ႏွလံုးသြင္းေလ၊
မျပဳေသးသည့္ ကုသိုလ္စုကို၊ မ်ားမ်ား ျဖည့္က်င့္ျပဳပါေလ။ ။
က်မ္းၫႊန္း – သဒၶမၼရံသီဆရာေတာ္ ၂၆၂
၃၆။ ၀ိပႆနာ အားထုတ္ေနသည့္ေယာဂီမ်ား မွတ္ရန္ဆယ္တစ္တန္
တြင္း ျပင္ ေ၀း နီး၊ ၾကမ္း ႏု ေကာင္း ညံ့ ၊တိတ္ နာဂတ္ ပစၥဳပၸန္၊ မွတ္ရန္ ဆယ့္တစ္တန္
အတီတာ နာဂတ ပစၥဳပၸႏၷံ ၊ အဇၨတၱံ ၀ါ ဗဟိဒၶါ ၀ါ
ၾသဠာရိကံ ၀ါ သုခုမံ ၀ါ ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူေရ သႏၲိေက ၀ါ …..ျဖစ္ေစ
၃၇။ ဤသာသနာေတာ္သည္ ေရွးဘုန္းေရွးကံ အသိဉာဏ္ ႏွင့္ သဒၶါတရားရွိသူတို႔အတြက္သာ
သာသနံ ဘဂဝႏၲႆ ၊ ဘဂဝႏၲာဝ နာယကာ။
ပူဇကာ ဉာဏဝႏၲာဝ ၊ သဒၶါဝႏၲာဝ ပဂၢဟာ။
ျမတ္္စြာဘုရားရွင္၏ သာသနာေတာ္ကို ေရွးဘုန္း ေရွးကံရွိသည့္ပုဂၢိဳလ္တို႔ကသာ ဦးေဆာင္ဦးရြက္ ျပဳႏိုင္ၾကေပသည္။
ျမတ္စြာဘုရားရွင္၏ သာသနာေတာ္ကို အသိဉာဏ္ ပညာရွိသည့္ ပုဂၢိဳလ္တို႔ကသာ ျမတ္ႏွိုးေကာ္ေရာ္ ပူေဇာ္ႏိုင္ၾကေပသည္။
ျမတ္စြာဘုရားရွင္၏ သာသနာေတာ္ကို သဒၶါတရားရွိၾကသည့္ ပုဂၢိဳလ္တို႔ကသာ အားေပးပင့္ေထာက္ ခ်ီးေျမႇာက္ႏိုင္ၾကေပသည္။ ( ၫႊန္း- ေရႊဟသၤာဆရာေတာ္ ႏွာ -၁၉၄)
၁၈- မဂ္ဂပစ္စယော- Magga Paccayo (Path condition) file (7 of 8) pyidaungsu – unicode
၂၉။ ဂါထာ သုံးပုဒ်အတွက် ဆောင်ပုဒ်
(၁) လမ်းဖြောင့်မည်တွင်၊ ထိုမဂ်ပင်၊ ရပ်ခွင်ဘေးမဲ့ နိဗ္ဗာန်ပါ။
(၂) လုံ့လနှစ်လီ၊ ဘီးတပ်သည်၊ မမြည်ရထား ထိုမဂ်ပါ။
(၃) ရှက်ကြောက်နှစ်တန်၊ နောက်မှီခံ၊ ကာရံ အမှတ်သတိပါ။
(၄) ဝိပသ်ရှေ့သွား၊ မဂ်ဉာဏ်ကား၊ ရထားမောင်းသူ ဆိုရပါ။
(၅) ဤလိုရထား၊ ရှိသူများ ယောကျာ်း မိန်းမ လူတိုင်းမှာ။
(၆) မဂ္ဂင်ယာဉ်ကြီး၊ ငြိမ့်ငြိမ့်စီး၊ အပြီးနိဗ္ဗာန် ဆိုက်ရောက်ပါ။
အဲဒီ ဂါထာ ၃-ပုဒ်တရားကို ဟောပြီးတော့ သစ္စာလေးပါးကိုလည်း ပြတော်မူပါသေးတယ်တဲ့။ အဲဒီ သစ္စာလေးပါးသိပုံကိုတော့ မဂ္ဂသစ္စာပိုင်းကျမှ ထပ်ပြီးပြောရမယ်။ သမဏနတ်သားဟာ အဲဒီ တရားကိုနာရင်း ရှေးဘဝက သူနှလုံးသွင်းခဲ့တဲ့တရားကို ပြန်ပြီးနှလုံးသွင်းတယ်။ ရဟန်းဘဝတုန်းက အပြင်းအထန် ကြာမြင့်စွာ နှလုံးသွင်းအားထုတ်လို့ တရားထူးကို မရနိုင်ခဲ့ပေမယ့် နတ်ဘဝကျတော့ နတ်ရုပ်တွေက သန့်ရှင်းစင်ကြယ်တဲ့ အတွက် တခဏချင်းပဲ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းတက် ပြီးတော့ သောတာပတ္တိမဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သောတာပန် ဖြစ်သွားပါသတဲ့။ (သံ-ဋ္ဌ၊ ပ-၈၀-၈၃)
ဒီ သမဏနတ်သားဝတ္ထုမှာ သိစေလိုရင်းကတော့ ဝိပဿနာအလုပ်ကို အပြင်းအထန် အားထုတ် နေသော်လည်း တဏှာကင်းစေနိုင်တဲ့ အရိယမဂ်ဉာဏ်ကို မရသေးတဲ့အတွက် သေသည်၏အခြားမဲ့မှာ သမုဒယ သစ္စာဆိုတဲ့ တဏှာက နတ်ဘဝကို ဖြစ်စေတယ်ဆိုတာ သိစေလိုရင်းပါပဲ။ ဒိပြင် ဒီဝတ္ထုထဲမှာ မဂ္ဂင်ရှစ်ပါး ပွားစေပုံနှင့် နတ်ဘဝကျတော့ အလွယ်တကူနဲ့ တရားထူးရသွားပုံဟာလည်း အထူးသတိ ပြုဖို့ရာပါပဲ။
ကျမ်းညွှန်း– မဟာစည်ဆရာတော်ကြီး၏ ဓမ္မစကြာတရာတော်
၃၀။ မသိလေးပါး
“ဇီဝိတံ ဗျာဓိကာလော စ ၊ ဒေဟ နိက္ခေပနံ ဂတိ” မသိနိုင်တာအများကြီး ရှိတယ်။
ကိုယ်အသက် ဇီဝိတ ဘယ်လောက်နေရမလဲ – မသိပါ။
ဗျာဓိ ဘာရောဂါဖြစ်လာမလဲ – မသိပါ။
ဒေဟ နိက္ခေပနံ ကိုယ်ရုပ်ကလာပ် စွန့်ပစ်မယ့်သုသာန်ကဘယ်ဟာလဲ – မသိပါ။
လားရောက်ရမယ့် ဂတိ – မသိပါ။
၃၁။ သီလသည် သမာဓိနှင့်ပညာ ဖြစ်ရေး၌ ပဓာန
သာသနေ ကုလပုတ္တာနံယ ပတိဋ္ဌာ နတ္ထိ ယံ ဝိနာ၊
အာနိသံသပရိစ္ဆေဒံယ တဿ သီလဿ ကော ဝဒေ။
သာသနာတော်၌ ကောင်းကျိုးလိုလား အမျိုးသား အမျိုးသမီးတို့အတွက် သမာဓိနှင့်ပညာ ဖြစ်ထွန်းရေး၌ သီလကို ကြဉ်ဖယ်ထား၍မဖြစ်၊ သီလသည် သမာဓိ ပညာ ဖြစ်ပေါ်ရေး၌ အခြေခံ ပဓာနထောက်တည်ရာ ဖြစ်သည်။ (ညွှန်း ဝိသုဒ္ဓမဂ် တွဲ-၁ နှာ ၁၀)
၃၂။ မာတုပေါသကဇာတ်တော်
မြတ်စွာဘုရားရှင်သည် မိဘကို လုပ်ကျွေးသည့် မထေရ်တစ်ပါးကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောတော်မူပါသည်။ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မင်းကြီးမင်းပြုစဉ် ဘုရားအလောင်းတော်သည်။ ဟိမဝန္တာ တောကြီး၌ ကြံအင်လက္ခဏာတော်များနှင့် ပြည့်စုံသည့် ဆင်ဖြူတော် ဖြစ်နေလေသည်။
အလောင်းတော်ဆင်မင်း၏ မိခင်ဆင်မကြီးသည် အိုမင်းမစွမ်းဖြစ်ကာ မျက်စိမမြင်ရှာပေ။ ထိုကြောင့် ဆင်မင်းသည် တောင်ခြေရှိ ပဒုမ္မာကြာတောကြီးကို မှီ၍ အမိကိုလုပ်ကျွေး ပြုစုနေရှာသည်။ တစ်နေ့၌ တောထဲ တွင် မျက်စိလည်နေသည့် ဗာရာဏသီပြည်သား မုဆိုးတစ်ဦး ငိုကြွေး မြည်တမ်းနေသည်ကို ကြားရသဖြင့် အလောင်းတော် ဆင်မင်းက သူ၏ကျောကုန်းပေါ် တင်၍ လူသွားလမ်းပေါ် ပို့ဆောင်ကာ ကူညီပေးလိုက်လေသည်။
ထိုမုဆိုး ဗာရာဏသီပြည် ပြန်ရောက်ချိန်တွင် ဘုရင်မင်းကြီး၏ မင်္ဂလာဆင်တော် သေဆုံးချိန်နှင့် တိုက်ဆိုင်နေပါသည်။ ဤသတင်းစကားကို ကြားသိရသည့် မုဆိုးက ဘုရင်မင်းကြီးထံတော်ပါးမှ ဆုတော် လာဘ်တော်များ ရလိုသဖြင့် သူ့အသက်ကို ကယ်တင်ပေးခဲ့သည့် ကျေးဇူးတရားကိုပင် မထောက်ထားတော့ဘဲ နန်းတော်ကို သွားရောက်ကာ ဆင်လိမ္မာတစ်စီး ဟိမဝန္တာ တောနက်ကြီးထဲ တွေ့ခဲ့ကြောင်း၊ လူနှင့် အလွန် ရင်းနှီးကြောင်း သံတော်ဦး တင်လေသည်။ ထိုအခါဘုရင်းမင်းကြီးက ထိုဆင်ကို ဖမ်းဆီးကာ ခေါ်ဆောင်နိုင်ရန် ဆင်ဆရာနှင့် အဖွဲ့ကို ထိုမုဆိုးထံ အပ်နှံလေသည်။
အလောင်းတော်ဆင်မင်းက သူလမ်းပြကယ်တင်ပေးခဲ့သည့် မုဆိုးဦးဆောင်သည့် လူစုလူဝေးကို မြင်ရ စဉ်သူ၏ နှာမောင်းဖြင့် ကစဉ့်ကလျား လွင့်စင်သွားအောင် ဆောင်ရွက်နိုင်စွမ်းပါသော်လည်း မိမိသီလ ပျက်မည် ကို စိုးရိမ်သဖြင့် အမျက်မထွက်ဘဲ ဆင်ဆရာနှင့် မုဆိုးများပြုသမျှကို သည်းခံရှာလေသည်။
ဗာရာဏသီနေပြည်တော်ရောက်ချိန်၌ မင်းကြီးသည် အရသာကောင်းမွန်သည့် စားစရာများကို ဆင်မင်း အား ကျွေးစေသည်။ ဆင်မင်းက မစား။ မင်းကြီးကစားရန် တိုက်တွန်းသောအခါ “မင်းကြီး စောင့်ရှောက် သူမရှိ၍ အထီးကျန်နေရစ်ခဲ့သော မျက်မမြင်မိခင်အိုသည် စဏ္ဍောရဏတောင်သို့ သွားစဉ် သစ်ငုတ်များ တိုက်မိလေ တော့မည်”ဟု ဆိုလိုက်သည်။ ထိုအကြောင်းကို သိလိုက်ရသောအခါ မင်းကြီးသည် ဆင်မင်းအား ပြန်လွှတ် ပေးရန် အမိန့်ပေးလိုက်သည်။
ဆင်မင်းသည် မင်ကြီးအား တရာဟောပြီးနောက် မိခင်အိုရှိရာသို့ ပြန်လာပြီး ခုနှစ်ရက်ပတ်လုံး အစာ မစားရသော မိခင်ကြီးအား ကြာစွယ်ကြာရင်းများကို ဦးစွာစားစေပါသည်။ မိခင်ကွယ်လွန်သောအခါ ကာရဏ္ဍက မည်သော သင်္ခမ်းကျောင်းမှ ရသေ့ (၅၀၀) တို့အား ဝတ်ကြီးဝတ်ငယ်များကို ပြုစုရင်း အသက်ထက်ဆုံးနေ သွားခဲ့သည်။ ဇာတ်ပေါင်းသော် မင်းကြီးက အရှင်အာနန္ဒာ၊ မုဆိုးက အရှင်ဒေဝဒတ်၊ ဆင်ဆရာက အရှင် သာရိပုတ္တရာ၊ မယ်တော်ဆင်က မယ်တော်မာယာ၊ ဆင်မင်းက ဗုဒ္ဓမြတ်စွာဘုရားသခင်တည်း။
“အနုရက္ခိံ မမ သီလံ ၊ နာရက္ခိံ မမ ဇီဝိတံ
သဗ္ဗညုတံ ပိယံ မယှံ ၊ တသ္မာ သီလာ နုရက္ခိသာ”
ငါသည် ငါ၏ သီလကို စောင့်ရှောက်ခဲ့၏။ ငါ၏အသက်ကို မစောင့်ရှောက်ခဲ့ချေ။
ငါသည် သဗ္ဗညုတဉာဏ်တော်ကြီးကို ချစ်မြတ်နိုးသောကြောင့် သီလကိုအသက်ပေးပြီး စောင့်ရှောက်ခဲ့ခြင်း ဖြစ်၏။ (ကျမ်းညွှန်း-ဇာတကပါဠိ)
၃၃ ။ ကာမဝစရကုသိုလ်နှင့် မဂ္ဂင်ထိုက်သည့် ကုသိုလ်
ဘုရားဂုဏ်တော်ပွားနေသူ၊ တရားစာပေကို စိတ်ဝင်တစား ဖတ်ရှု လေ့လာ မှတ်သားနေသူများသည် ကုသိုလ် အလုပ်ကို လုပ်နေသဖြင့် မိစ္ဆာကမ္မန္တကိုပယ်ပြီး ဖြစ်နေပါသည်။ မိစ္ဆာဝါစာနှင့် မိစ္ဆာအာဇီဝလည်း ပယ်ပြီး ဖြစ်နေပါသည်။ ထို့ကြောင့် သမ္မာဒိဋ္ဌိစသည့် မဂ္ဂင် ၅-ပါးပါဝင် နေပါသည်။
တစ်ဖန် သီလကို အထူးမဆောက်တည်ဘဲ မိဘကို ပြုစုခြင်း၊ သားသမီးကို မေတ္တာဖြင့် စောင့်ရှောက်ခြင်း ရပ်ရေးရွာရေး ပရဟတိတ လုပ်ငန်းတို့ကို ဆောင်ရွက်ခြင်းစသော ကာမဝစရကုသိုလ်ပြုရာတွင်မူ ထို ဝိရတီ စေတသိက် မပါဝင်သဖြင့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီ၀ ဖြစ်ပြီ သီလပြည့်စုံသည်ဟု မဆိုရပေ။ (ညွှန်း မိုးကုတ်ဝိနိစ္ဆယ နှာ- ၁၂၄)
၃၄။ တရားနာရတဲ့အကျိုး
မကြားဘူးကြား၊ ကြားဖူးစင်ကြယ်၊ ယုံမှားဖွယ်ပျောက်၊ အယူဖြောင့်သူ၊ စိတ်ကြည်ဖြူ၊ တရားနာကျိုး ငါးပါးတည်း။
၃၅။ သမ္မာဝါယာမ =သမ္မပ္ပဓာန် ၄ ပါး = Right effort
– သမ္မာဝါယာမဟူသည် အဘယ်နည်း ?
အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပါဒါယ ဝါယာမော။
မိမိသန္တာန်မှာ မဖြစ်ဖူးသေးတဲ့ အကုသိုလ်တရားတွေကို မဖြစ်အောင် အားထုတ်မယ်။
ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော။
မိမိသန္တာန်မှာ ဖြစ်ဖူးတဲ့ အကုသိုလ်တရားတွေကို ပယ်နိုင်အောင် အားထုတ်မယ်။
အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ဝါယာမော။
မိမိသန္တာန်မှာ မဖြစ်ဖူးသေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်ပေါ်လာရအာင် အားထုတ်မယ်။
ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော။
မိမိသန္တာန်မှာ ဖြစ်ဖူးတဲ့ ကုသိုလ်တရားတွေကို လွန်စွာ တိုးပွားလာအောင် အားထုတ်မယ်။
မှတ်သားရန်လင်္ကာ
ပြုခဲ့မိပြီး အကုသိုလ်ကို ၊ ပြန်ပြောင်းတွေးထင် မနေရပေ
ပူလောင်စေသည့် အကုသိုလ်မျိုး၊မပြုလုပ်ဘဲ နေကြလေ။ ။
ပြုခဲ့မိပြီး ကုသိုလ်စုကို ၊ ပြန်ပြောင်းတွေးထင် နှလုံးသွင်းလေ၊
မပြုသေးသည့် ကုသိုလ်စုကို၊ များများ ဖြည့်ကျင့်ပြုပါလေ။ ။
ကျမ်းညွှန်း – သဒ္ဓမ္မရံသီဆရာတော် ၂၆၂
၃၆။ ဝိပဿနာ အားထုတ်နေသည့်ယောဂီများ မှတ်ရန်ဆယ်တစ်တန်
တွင်း ပြင် ဝေး နီး၊ ကြမ်း နု ကောင်း ညံ့ ၊တိတ် နာဂတ် ပစ္စုပ္ပန်၊ မှတ်ရန် ဆယ့်တစ်တန်
အတီတာ နာဂတ ပစ္စုပ္ပန္နံ ၊ အဇ္ဇတ္တံ ဝါ ဗဟိဒ္ဓါ ဝါ
သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ …..ဖြစ်စေ
၃၇။ ဤသာသနာတော်သည် ရှေးဘုန်းရှေးကံ အသိဉာဏ် နှင့် သဒ္ဓါတရားရှိသူတို့အတွက်သာ
သာသနံ ဘဂဝန္တဿ ၊ ဘဂဝန္တာဝ နာယကာ။
ပူဇကာ ဉာဏဝန္တာဝ ၊ သဒ္ဓါဝန္တာဝ ပဂ္ဂဟာ။
မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ရှေးဘုန်း ရှေးကံရှိသည့်ပုဂ္ဂိုလ်တို့ကသာ ဦးဆောင်ဦးရွက် ပြုနိုင်ကြပေသည်။
မြတ်စွာဘုရားရှင်၏ သာသနာတော်ကို အသိဉာဏ် ပညာရှိသည့် ပုဂ္ဂိုလ်တို့ကသာ မြတ်နှိုးကော်ရော် ပူဇော်နိုင်ကြပေသည်။
မြတ်စွာဘုရားရှင်၏ သာသနာတော်ကို သဒ္ဓါတရားရှိကြသည့် ပုဂ္ဂိုလ်တို့ကသာ အားပေးပင့်ထောက် ချီးမြှောက်နိုင်ကြပေသည်။ ( ညွှန်း- ရွှေဟင်္သာဆရာတော် နှာ -၁၉၄)
482 total views, 1 views today