၁၈- မဂၢပစၥေယာ- Magga Paccayo (Path condition) file (6 of 8) zawgyi

 

၂၅။ မဂၢင္ရထားက လူမ်ားေစကာမူ အသံမျမည္ပါ

          အဲဒီမွာ အသံမျမည္တဲ့ ရထားဆိုတာကေတာ့ ေရွးေခတ္ကရွိခဲ့တဲ့ ျမင္းရထားေတြနဲ႔ ႏိႈင္းယွဥ္ ၿပီးေျပာတဲ့ စကားပါပဲ။ တခ်ဳိ႕ရထားက ပကတိအားျဖင့္ အသံမျမည္ေပမယ့္ လူအစီးမ်ားၿပီး ၀န္ေလးေတာ့ ျမည္တတ္တယ္။ ယခု မဂၢင္ရထားကေတာ့ စီးသူေတြ ဘယ္ေလာက္ပင္မ်ားေစကာမူ အသံျမည္ျခင္း မရွိဘူး၊ တစ္ခါတစ္ရံမွာ ျမတ္စြာဘုရား၏ တရားကိုနာေနရင္း ဒီ ၀ိပႆနာမဂၢင္ ေရွ႕သြားရွိတဲ့ အရိယ မဂၢင္ရထားကိုစီးၿပီး နိဗၺာန္ကို သြားေရာက္ၾကသူေတြဟာ ရွစ္ေသာင္းေလးေထာင္ စသည္မ်ားေသာ္လည္း ဘာသံမွ မျမည္ဘူး။ ဒါေၾကာင့္ အကူဇနာ- အသံမျမည္ေသာရထားလို႔ ခ်ီးမြမ္းထားပါတယ္။ အဲဒီစကားျဖင့္ နတ္သမီးေတြ မသိေအာင္ တိတ္တဆိတ္ထြက္ေျပးခ်င္ရင္လည္း ျဖစ္ႏိုင္ေၾကာင္း သိေစပါတယ္။ ေနာက္ၿပီးေတာ့-

 

၂၆။ ဟိရီႏွင့္ ၾသတၱပၸက ၀ိပႆနာမဂၢင္ရထားရဲ့ ေနာက္မွီခုံ

 

                     (၂)      ဟိရီ တႆ အပါလေမၺာ၊ သတ်ႆ ပရိ၀ါရဏံ။

                               ဓမၼာဟံ သာရထႎ ျဗဴမိ၊ သမၼာဒိ႒ိပုေရဇ၀ံ။

 

          ဟိရီ- ရွက္ျခင္း ေၾကာက္ျခင္းသည္၊ တႆ- ထို မဂၢင္ရထား၏၊ အပါလေမၺာ- ေနာက္မွီခုံ ေပတည္း။ ရထားမွာ ေနာက္မွီမရွိရင္ ေနာက္ကို လန္က်သြားႏိုင္တယ္။ ေနာက္မွီရွိရင္ေတာ့ မက်ႏိုင္ဘူး။ ဒီ မဂၢင္ရထား မွာေတာ့ ဟိရီၾသတၱပၸဆိုတဲ့ အလြန္ေကာင္းတဲ့ ေနာက္မွီက ရွိေနတယ္။ ဘယ္လိုလည္း ဆိုေတာ့ ၀ိပႆနာ ႐ႈေနတဲ့ ေယာဂီမွာ မ႐ႈမိတဲ့ အာ႐ုံနဲ႔စပ္ၿပီး အကုသိုလ္စိတ္ကူးေတြ ျဖစ္လာမွာကို ရြံရွာစက္ဆုပ္ရတယ္။ ေရခ်ဳိးၿပီးလို႔ သန္႔ရွင္းေနတဲ့အခါ အညစ္ေၾကးလူးေပမွာ ရြံရွာစက္ဆုပ္သလိုပင္ ရြံရွာစက္ဆုပ္တာ မျဖစ္ေစခ်င္ တာက (ဟိရီ) ရွက္တဲ့သေဘာပဲ။ ထို႔ျပင္ အကုသိုလ္စိတ္ကူးျဖစ္ရာက မေကာင္းမႈ ဒုစ႐ိုက္ျဖစ္ၿပီး မေကာင္းက်ဳိး ေတြေပးမွာ သံသရာမွာ မလြတ္ႏိုင္ဘဲေနမွာကုိလည္း ေၾကာက္ရတယ္။ အဲဒါက (ၾသတၱပၸ) အကုသိုလ္နဲ႔ အကုသိုလ္အက်ဳိးကို ေၾကာက္တာပဲ။ အဲဒီလုိ ရွက္ေၾကာက္တဲ့ အတြက္ ျဖစ္တိုင္း ျဖစ္တိုင္းေသာ ႐ုပ္နာမ္ေတြကို မ႐ႈမိဘဲ လြတ္မသြားရေအာင္ ႐ုိ႐ိုေသေသ ႐ႈမွတ္ ေနတယ္။ အဲဒီလို ႐ႈမွတ္ေနတဲ့အတြက္ ၀ိပႆနာ မဂၢင္ေတြဟာ ခဏတိုင္း ခဏတိုင္း မျပတ္ျဖစ္ေနတယ္။ အဲဒါဟာ ေနာက္မွီခုံေၾကာင့္ လန္မက်ဘဲ တည္ၿမဲတည္ ေနတဲ့ သေဘာပါပဲ။ ဒါေၾကာင့္ ဟိရီႏွင့္ ၾသတၱပၸကို ၀ိပႆနာမဂၢင္ရထား၏ ေနာက္မွီခုံပဲလို႔ ေဟာေတာ္မူပါတယ္။ ေနာက္ၿပီးေတာ့-

၂၇။ ကမၼႆကတာသမၼာဒိ႒ိ၊ စ်ာနသမၼာဒိ႒ိ၊ ၀ိပႆနာသမၼာဒိ႒ိ၊ မဂၢသမၼာဒိ႒ိ၊ ဖလသမၼာဒိ႒ိ၊ ပစၥေ၀ကၡဏာသမၼာဒိ႒ိ

 

        သတိ- အမွတ္ရမႈသည္၊ အႆ- ထိုမဂၢင္ရထား၏ ပရိ၀ါရဏံ- အကာအရံေပတည္းတဲ့။ ရထားမွာ အကာအရံ လုံၿခဳံရင္ ခဲ၊ ဒုတ္စသည္ ေဘးရန္မွ လုံၿခဳံသလိုပင္ ျဖစ္တိုင္းေသာ ႐ုပ္နာမ္ေတြကို မေမ့ဘဲ အမွတ္ ရေနရင္ အကုသိုလ္ေဘးရန္ေတြ မ၀င္ႏိုင္ဘူး။ လုံၿခံဳတယ္။ ဒါေၾကာင့္ ကာယာႏုပႆနာ သတိပ႒ာန္အစရွိတဲ့ သတိပ႒ာန္ေလးပါးကို မဂၢင္ရထား၏ အကာအရံလို႔ ေဟာေတာ္မူပါတယ္။ ေနာက္ၿပီးေတာ့-

          သမၼာဒိ႒ိပုေရဇ၀ံ- ၀ိပႆနာ သမၼာဒိ႒ိ ေရွ႕သြားရွိေသာ၊ ဓမၼံ- အရိယမဂ္သမၼာဒိ႒ိကို၊ သာရထႎ- ရထားေမာင္းသူဟူ၍၊ အဟံ ျဗဴမိ- ငါ မိန္႔ဆိုသည္တဲ့။ ကမၼႆကတာသမၼာဒိ႒ိ၊ စ်ာနသမၼာဒိ႒ိ၊ ၀ိပႆနာ သမၼာဒိ႒ိ၊ မဂၢသမၼာဒိ႒ိ၊ ဖလသမၼာဒိ႒ိ၊ ပစၥေ၀ကၡဏာသမၼာဒိ႒ိလို႔ ၆-ပါးရွိရာမွာ ဖလသမၼာ ဒိ႒ိဆိုတာက မဂ္၏အက်ဳိးတရားပဲ၊ ပစၥေ၀ကၡဏာသမၼာဒိ႒ိဆုိတာက မဂ္ဖိုလ္ရၿပီးတဲ့ေနာက္မွ ျဖစ္ေပၚတဲ့ ဆင္ျခင္Óဏ္ပဲ၊ ဒါေၾကာင့္ အဲဒီ ဖလသမၼာဒိ႒ိနဲ႔ ပစၥေ၀ကၡဏာသမၼာဒိ႒ိကိုေတာ့ သီးသန္႔ပြားေစရတာ မဟုတ္ပါဘူး။ ကမၼႆ ကတာသမၼာဒိ႒ိဆိုတာ ဘာ၀နာအလုပ္ အားမထုတ္မီကတည္းက ျပည့္စုံရတဲ့ သမၼာဒိ႒ိပဲ၊ စ်ာနသမၼာဒိ႒ိ ဆိုတာကလည္း ၀ိပႆနာ၏အေျခခံ စိတၱ၀ိသုဒၶိႏွင့္ဆိုင္တဲ့ သမၼာဒိ႒ိပဲ။ ဒါေၾကာင့္ အရိယမဂ္သမၼာဒိ႒ိ ျဖစ္ေပၚေအာင္ အနီးကပ္အေနျဖင့္ ပြားေစရတဲ့ပညာက ၀ိပႆနာ- အဲဒီ ၀ိပႆနာပညာ ျပည့္စုံလာတဲ့အခါ အရိယမဂ္ဉာဏ္ပညာဆိုတဲ့ မဂၢသမၼာဒိ႒ိက သူ႔အလိုလိုပင္ ျဖစ္ေပၚလာေတာ့တာပဲ။ ဥပမာအားျဖင့္ ရဲေဘာ္ ရဲသားေတြက လမ္းရွင္းၿပီးတဲ့အခါ ဘုရင္မင္းျမတ္က ထြက္ေတာ္မူလာသလိုပါပဲ။ ဒါေၾကာင့္ အရိယ သမၼာဒိ႒ိက ေနာက္လိုက္ ၀ိပႆနာသမၼာ ဒိ႒ိက ေရွ႕သြားလို႔ ဆိုပါတယ္။ ၀ိပႆနာ႐ႈခုိက္မွာ ၀ိပႆနာဉာဏ္က ေရွ႕ေဆာင္ၿပီး အျခားမဂၢင္ေတြကို ျဖစ္ေစတယ္။ အရိယမဂ္ခဏမွာ မဂ္ဉာဏ္ကေရွ႕ေဆာင္ၿပီး အျခားမဂၢင္ေတြကို ျဖစ္ေစတယ္။ ဒါေၾကာင့္ ၀ိပႆနာသမၼာဒိ႒ိနဲ႔ အရိယမဂ္သမၼာဒိ႒ိကို ရထားေမာင္းသူလို႔ ေဟာေတာ္မူပါတယ္။ ေနာက္ဆုံး ဂါထာကေတာ့-

                    

၂၈။ မဂၢင္ရွစ္ပါး ယာဥ္ရထားႏွင့္ နိဗၺာန္ေရာက္တယ္

 

                     (၃)      ယႆ ဧတာဒိသံ ယာနံ၊ ဣတၳိယာ ပုရိသႆ ၀ါ။

                               သ ေ၀ ဧေတန ယာေနန၊ နိဗၺာနေႆ၀ သႏၲိေကတဲ့။

          ယႆာ ဣတၳိယာ ၀ါ- အၾကင္ အမ်ဳိးသမီးအားလည္းေကာင္း၊ ယႆ ပုရိသႆ ၀ါ- အၾကင္ အမ်ဳိးသားအားလည္းေကာင္း၊ ဧတာဒိသံ ယာနံ- ဤသို႔ေသာ မဂၢင္ရွစ္ပါး ယာဥ္ရထားသည္ အတၳိ-  ရွိျငားအံ့၊ သ- ထိုအမ်ဳိးသမီး အမ်ဳိးသားသည္၊ ဧေတန ယာေနန- ဤမဂၢင္ရွစ္ပါး ယာဥ္ရထားျဖင့္၊ ေ၀- စင္စစ္၊ နိဗၺာနေႆ၀ သႏၲိေက- နိဗၺာန္၏အထံသို႔ ေရာက္ေလေတာ့သည္သာတည္း။

          ဒီ ေနာက္ဆုံးဂါထာျဖင့္ မဂၢင္ရွစ္ပါး ယာဥ္ရထားရွိတဲ့သူဟာ က်ား၊ မ မေရြး နိဗၺာန္သို႔ ဧကန္ ေရာက္တယ္လို႔ ဆိုပါတယ္။ ဒီေတာ့ နိဗၺာန္ေရာက္ခ်င္ၾကရင္ ၀ိပႆနာမဂၢင္ အရင္းခံျပဳၿပီး အရိယ မဂၢင္ကို ပြားေစရမယ္ဆိုတာ အလြန္ပင္ ထင္ရွားေနပါတယ္။

          ေလာကမွာ ယာဥ္ရထားတစ္မ်ဳိးမ်ဳိးရွိလွ်င္ အဲဒီ ယာဥ္ရထားျဖင့္ အလိုရွိရာအရပ္သို႔ ေရာက္ ေအာင္သြား ႏိုင္တယ္၊ ယာဥ္ရထားမရွိဘဲ ယာဥ္ရထားအေၾကာင္း သိေန႐ုံနဲ႔ေတာ့ အလိုရွိရာအရပ္သို႔ မသြားေရာက္ႏိုင္ဘူး၊ ဒါလိုပဲ ႐ုပ္နာမ္တရားေတြကို သ႐ုပ္ခြဲ႐ုံမွ် မဂၢင္တရားေတြကို သ႐ုပ္ခြဲ႐ုံမွ်ႏွင့္ေတာ့ နိဗၺာန္မေရာက္ႏုိင္ဘူး၊ တကယ္ျဖစ္ပ်က္ေနတဲ့ ႐ုပ္နာမ္ေတြကို ႐ႈသိလ်က္ ၀ိပႆနာမဂၢင္ဆိုတဲ့ ယာဥ္ရထားကို ျဖစ္ပြားေစၿပီး အပိုင္ ရရွိထားပါမွ မဂၢင္ရွစ္ပါး ယာဥ္ရထားကိုစီးၿပီး နိဗၺာန္ကို ေရာက္မယ္ဆိုတာ ကိန္းေသ မွတ္ထားၾကရမယ္။ အဲဒီ ဂါထာ ၃-ပုဒ္ကို ဗမာလို တိုတိုန႔ဲ မွတ္ရေအာင္ ေဆာင္ပုဒ္ေတြ စီထားတယ္။ အဲဒါေတြကို လိုက္ဆိုၾကရမယ္။

၂၉။ ဂါထာ သံုးပုဒ္အတြက္ ေဆာင္ပုဒ္

 

          (၁) လမ္းေျဖာင့္မည္တြင္၊ ထိုမဂ္ပင္၊ ရပ္ခြင္ေဘးမဲ့ နိဗၺာန္ပါ။

          (၂) လု႔ံလႏွစ္လီ၊ ဘီးတပ္သည္၊ မျမည္ရထား ထိုမဂ္ပါ။

          (၃) ရွက္ေၾကာက္ႏွစ္တန္၊ ေနာက္မွီခံ၊ ကာရံ အမွတ္သတိပါ။

          (၄) ၀ိပသ္ေရွ႕သြား၊ မဂ္ဉာဏ္ကား၊ ရထားေမာင္းသူ ဆုိရပါ။

          (၅) ဤလိုရထား၊ ရွိသူမ်ား ေယာက်ာ္း မိန္းမ လူတိုင္းမွာ။

          (၆) မဂၢင္ယာဥ္ႀကီး၊ ၿငိမ့္ၿငိမ့္စီး၊ အၿပီးနိဗၺာန္ ဆိုက္ေရာက္ပါ။

 

          အဲဒီ ဂါထာ ၃-ပုဒ္တရားကို ေဟာၿပီးေတာ့ သစၥာေလးပါးကိုလည္း ျပေတာ္မူပါေသးတယ္တဲ့။ အဲဒီ သစၥာေလးပါးသိပုံကိုေတာ့ မဂၢသစၥာပိုင္းက်မွ ထပ္ၿပီးေျပာရမယ္။ သမဏနတ္သားဟာ အဲဒီ တရားကိုနာရင္း ေရွးဘ၀က သူႏွလုံးသြင္းခဲ့တဲ့တရားကို ျပန္ၿပီးႏွလုံးသြင္းတယ္။ ရဟန္းဘ၀တုန္းက အျပင္းအထန္ ၾကာျမင့္စြာ ႏွလုံးသြင္းအားထုတ္လို႔ တရားထူးကုိ မရႏိုင္ခဲ့ေပမယ့္ နတ္ဘ၀က်ေတာ့ နတ္႐ုပ္ေတြက သန္႔ရွင္းစင္ၾကယ္တဲ့ အတြက္ တခဏခ်င္းပဲ ၀ိပႆနာဉာဏ္ေတြ အစဥ္အတိုင္းတက္  ၿပီးေတာ့ ေသာတာပတၱိမဂ္ဖိုလ္ျဖင့္ နိဗၺာန္ကို မ်က္ေမွာက္ျပဳၿပီး ေသာတာပန္ ျဖစ္သြားပါသတဲ့။ (သံ-႒၊ ပ-၈၀-၈၃)

          ဒီ သမဏနတ္သား၀တၳဳမွာ သိေစလိုရင္းကေတာ့ ၀ိပႆနာအလုပ္ကုိ အျပင္းအထန္ အားထုတ္ ေနေသာ္လည္း တဏွာကင္းေစႏိုင္တဲ့ အရိယမဂ္ဉာဏ္ကို မရေသးတဲ့အတြက္ ေသသည္၏အျခားမဲ့မွာ သမုဒယ သစၥာဆိုတဲ့ တဏွာက နတ္ဘ၀ကို ျဖစ္ေစတယ္ဆိုတာ သိေစလိုရင္းပါပဲ။ ဒိျပင္ ဒီ၀တၳဳထဲမွာ မဂၢင္ရွစ္ပါး ပြားေစပုံႏွင့္ နတ္ဘ၀က်ေတာ့ အလြယ္တကူနဲ႔ တရားထူးရသြားပုံဟာလည္း အထူးသတိ ျပဳဖို႔ရာပါပဲ။ 

         က်မ္းညႊန္း– မဟာစည္ဆရာေတာ္ႀကီး၏ဓမၼစၾကာတရာေတာ္                                        

 

၁၈- မဂ္ဂပစ္စယော- Magga Paccayo (Path condition) file (6 of 8) pyidaungsu – unicod

၂၅။ မဂ္ဂင်ရထားက လူများစေကာမူ အသံမမြည်ပါ

အဲဒီမှာ အသံမမြည်တဲ့ ရထားဆိုတာကတော့ ရှေးခေတ်ကရှိခဲ့တဲ့ မြင်းရထားတွေနဲ့ နှိုင်းယှဉ် ပြီးပြောတဲ့ စကားပါပဲ။ တချို့ရထားက ပကတိအားဖြင့် အသံမမြည်ပေမယ့် လူအစီးများပြီး ဝန်လေးတော့ မြည်တတ်တယ်။ ယခု မဂ္ဂင်ရထားကတော့ စီးသူတွေ ဘယ်လောက်ပင်များစေကာမူ အသံမြည်ခြင်း မရှိဘူး၊ တစ်ခါတစ်ရံမှာ မြတ်စွာဘုရား၏ တရားကိုနာနေရင်း ဒီ ဝိပဿနာမဂ္ဂင် ရှေ့သွားရှိတဲ့ အရိယ မဂ္ဂင်ရထားကိုစီးပြီး နိဗ္ဗာန်ကို သွားရောက်ကြသူတွေဟာ ရှစ်သောင်းလေးထောင် စသည်များသော်လည်း ဘာသံမှ မမြည်ဘူး။ ဒါကြောင့် အကူဇနာ- အသံမမြည်သောရထားလို့ ချီးမွမ်းထားပါတယ်။ အဲဒီစကားဖြင့် နတ်သမီးတွေ မသိအောင် တိတ်တဆိတ်ထွက်ပြေးချင်ရင်လည်း ဖြစ်နိုင်ကြောင်း သိစေပါတယ်။ နောက်ပြီးတော့-

၂၆။ ဟိရီနှင့် သြတ္တပ္ပက ဝိပဿနာမဂ္ဂင်ရထားရဲ့ နောက်မှီခုံ

(၂) ဟိရီ တဿ အပါလမ္ဗော၊ သတျဿ ပရိဝါရဏံ။

ဓမ္မာဟံ သာရထိံ ဗြူမိ၊ သမ္မာဒိဋ္ဌိပုရေဇဝံ။

ဟိရီ- ရှက်ခြင်း ကြောက်ခြင်းသည်၊ တဿ- ထို မဂ္ဂင်ရထား၏၊ အပါလမ္ဗော- နောက်မှီခုံ ပေတည်း။ ရထားမှာ နောက်မှီမရှိရင် နောက်ကို လန်ကျသွားနိုင်တယ်။ နောက်မှီရှိရင်တော့ မကျနိုင်ဘူး။ ဒီ မဂ္ဂင်ရထား မှာတော့ ဟိရီသြတ္တပ္ပဆိုတဲ့ အလွန်ကောင်းတဲ့ နောက်မှီက ရှိနေတယ်။ ဘယ်လိုလည်း ဆိုတော့ ဝိပဿနာ ရှုနေတဲ့ ယောဂီမှာ မရှုမိတဲ့ အာရုံနဲ့စပ်ပြီး အကုသိုလ်စိတ်ကူးတွေ ဖြစ်လာမှာကို ရွံရှာစက်ဆုပ်ရတယ်။ ရေချိုးပြီးလို့ သန့်ရှင်းနေတဲ့အခါ အညစ်ကြေးလူးပေမှာ ရွံရှာစက်ဆုပ်သလိုပင် ရွံရှာစက်ဆုပ်တာ မဖြစ်စေချင် တာက (ဟိရီ) ရှက်တဲ့သဘောပဲ။ ထို့ပြင် အကုသိုလ်စိတ်ကူးဖြစ်ရာက မကောင်းမှု ဒုစရိုက်ဖြစ်ပြီး မကောင်းကျိုး တွေပေးမှာ သံသရာမှာ မလွတ်နိုင်ဘဲနေမှာကိုလည်း ကြောက်ရတယ်။ အဲဒါက (သြတ္တပ္ပ) အကုသိုလ်နဲ့ အကုသိုလ်အကျိုးကို ကြောက်တာပဲ။ အဲဒီလို ရှက်ကြောက်တဲ့ အတွက် ဖြစ်တိုင်း ဖြစ်တိုင်းသော ရုပ်နာမ်တွေကို မရှုမိဘဲ လွတ်မသွားရအောင် ရိုရိုသေသေ ရှုမှတ် နေတယ်။ အဲဒီလို ရှုမှတ်နေတဲ့အတွက် ဝိပဿနာ မဂ္ဂင်တွေဟာ ခဏတိုင်း ခဏတိုင်း မပြတ်ဖြစ်နေတယ်။ အဲဒါဟာ နောက်မှီခုံကြောင့် လန်မကျဘဲ တည်မြဲတည် နေတဲ့ သဘောပါပဲ။ ဒါကြောင့် ဟိရီနှင့် သြတ္တပ္ပကို ဝိပဿနာမဂ္ဂင်ရထား၏ နောက်မှီခုံပဲလို့ ဟောတော်မူပါတယ်။ နောက်ပြီးတော့-


၂၇။ ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ

သတိ- အမှတ်ရမှုသည်၊ အဿ- ထိုမဂ္ဂင်ရထား၏ ပရိဝါရဏံ- အကာအရံပေတည်းတဲ့။ ရထားမှာ အကာအရံ လုံခြုံရင် ခဲ၊ ဒုတ်စသည် ဘေးရန်မှ လုံခြုံသလိုပင် ဖြစ်တိုင်းသော ရုပ်နာမ်တွေကို မမေ့ဘဲ အမှတ် ရနေရင် အကုသိုလ်ဘေးရန်တွေ မဝင်နိုင်ဘူး။ လုံခြုံတယ်။ ဒါကြောင့် ကာယာနုပဿနာ သတိပဋ္ဌာန်အစရှိတဲ့ သတိပဋ္ဌာန်လေးပါးကို မဂ္ဂင်ရထား၏ အကာအရံလို့ ဟောတော်မူပါတယ်။ နောက်ပြီးတော့-

သမ္မာဒိဋ္ဌိပုရေဇဝံ- ဝိပဿနာ သမ္မာဒိဋ္ဌိ ရှေ့သွားရှိသော၊ ဓမ္မံ- အရိယမဂ်သမ္မာဒိဋ္ဌိကို၊ သာရထိံ- ရထားမောင်းသူဟူ၍၊ အဟံ ဗြူမိ- ငါ မိန့်ဆိုသည်တဲ့။ ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာ သမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိ၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိလို့ ၆-ပါးရှိရာမှာ ဖလသမ္မာ ဒိဋ္ဌိဆိုတာက မဂ်၏အကျိုးတရားပဲ၊ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဆိုတာက မဂ်ဖိုလ်ရပြီးတဲ့နောက်မှ ဖြစ်ပေါ်တဲ့ ဆင်ခြင်Óဏ်ပဲ၊ ဒါကြောင့် အဲဒီ ဖလသမ္မာဒိဋ္ဌိနဲ့ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိကိုတော့ သီးသန့်ပွားစေရတာ မဟုတ်ပါဘူး။ ကမ္မဿ ကတာသမ္မာဒိဋ္ဌိဆိုတာ ဘာဝနာအလုပ် အားမထုတ်မီကတည်းက ပြည့်စုံရတဲ့ သမ္မာဒိဋ္ဌိပဲ၊ ဈာနသမ္မာဒိဋ္ဌိ ဆိုတာကလည်း ဝိပဿနာ၏အခြေခံ စိတ္တဝိသုဒ္ဓိနှင့်ဆိုင်တဲ့ သမ္မာဒိဋ္ဌိပဲ။ ဒါကြောင့် အရိယမဂ်သမ္မာဒိဋ္ဌိ ဖြစ်ပေါ်အောင် အနီးကပ်အနေဖြင့် ပွားစေရတဲ့ပညာက ဝိပဿနာ- အဲဒီ ဝိပဿနာပညာ ပြည့်စုံလာတဲ့အခါ အရိယမဂ်ဉာဏ်ပညာဆိုတဲ့ မဂ္ဂသမ္မာဒိဋ္ဌိက သူ့အလိုလိုပင် ဖြစ်ပေါ်လာတော့တာပဲ။ ဥပမာအားဖြင့် ရဲဘော် ရဲသားတွေက လမ်းရှင်းပြီးတဲ့အခါ ဘုရင်မင်းမြတ်က ထွက်တော်မူလာသလိုပါပဲ။ ဒါကြောင့် အရိယ သမ္မာဒိဋ္ဌိက နောက်လိုက် ဝိပဿနာသမ္မာ ဒိဋ္ဌိက ရှေ့သွားလို့ ဆိုပါတယ်။ ဝိပဿနာရှုခိုက်မှာ ဝိပဿနာဉာဏ်က ရှေ့ဆောင်ပြီး အခြားမဂ္ဂင်တွေကို ဖြစ်စေတယ်။ အရိယမဂ်ခဏမှာ မဂ်ဉာဏ်ကရှေ့ဆောင်ပြီး အခြားမဂ္ဂင်တွေကို ဖြစ်စေတယ်။ ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိနဲ့ အရိယမဂ်သမ္မာဒိဋ္ဌိကို ရထားမောင်းသူလို့ ဟောတော်မူပါတယ်။ နောက်ဆုံး ဂါထာကတော့-

၂၈။ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားနှင့် နိဗ္ဗာန်ရောက်တယ်

(၃) ယဿ ဧတာဒိသံ ယာနံ၊ ဣတ္ထိယာ ပုရိသဿ ဝါ။

သ ေ၀ ဧတေန ယာနေန၊ နိဗ္ဗာနဿေ၀ သန္တိကေတဲ့။

ယဿာ ဣတ္ထိယာ ဝါ- အကြင် အမျိုးသမီးအားလည်းကောင်း၊ ယဿ ပုရိသဿ ဝါ- အကြင် အမျိုးသားအားလည်းကောင်း၊ ဧတာဒိသံ ယာနံ- ဤသို့သော မဂ္ဂင်ရှစ်ပါး ယာဉ်ရထားသည် အတ္ထိ- ရှိငြားအံ့၊ သ- ထိုအမျိုးသမီး အမျိုးသားသည်၊ ဧတေန ယာနေန- ဤမဂ္ဂင်ရှစ်ပါး ယာဉ်ရထားဖြင့်၊ ဝေ- စင်စစ်၊ နိဗ္ဗာနဿေ၀ သန္တိကေ- နိဗ္ဗာန်၏အထံသို့ ရောက်လေတော့သည်သာတည်း။

ဒီ နောက်ဆုံးဂါထာဖြင့် မဂ္ဂင်ရှစ်ပါး ယာဉ်ရထားရှိတဲ့သူဟာ ကျား၊ မ မရွေး နိဗ္ဗာန်သို့ ဧကန် ရောက်တယ်လို့ ဆိုပါတယ်။ ဒီတော့ နိဗ္ဗာန်ရောက်ချင်ကြရင် ဝိပဿနာမဂ္ဂင် အရင်းခံပြုပြီး အရိယ မဂ္ဂင်ကို ပွားစေရမယ်ဆိုတာ အလွန်ပင် ထင်ရှားနေပါတယ်။

လောကမှာ ယာဉ်ရထားတစ်မျိုးမျိုးရှိလျှင် အဲဒီ ယာဉ်ရထားဖြင့် အလိုရှိရာအရပ်သို့ ရောက် အောင်သွား နိုင်တယ်၊ ယာဉ်ရထားမရှိဘဲ ယာဉ်ရထားအကြောင်း သိနေရုံနဲ့တော့ အလိုရှိရာအရပ်သို့ မသွားရောက်နိုင်ဘူး၊ ဒါလိုပဲ ရုပ်နာမ်တရားတွေကို သရုပ်ခွဲရုံမျှ မဂ္ဂင်တရားတွေကို သရုပ်ခွဲရုံမျှနှင့်တော့ နိဗ္ဗာန်မရောက်နိုင်ဘူး၊ တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို ရှုသိလျက် ဝိပဿနာမဂ္ဂင်ဆိုတဲ့ ယာဉ်ရထားကို ဖြစ်ပွားစေပြီး အပိုင် ရရှိထားပါမှ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကိုစီးပြီး နိဗ္ဗာန်ကို ရောက်မယ်ဆိုတာ ကိန်းသေ မှတ်ထားကြရမယ်။ အဲဒီ ဂါထာ ၃-ပုဒ်ကို ဗမာလို တိုတိုနဲ့ မှတ်ရအောင် ဆောင်ပုဒ်တွေ စီထားတယ်။ အဲဒါတွေကို လိုက်ဆိုကြရမယ်။


၂၉။ ဂါထာ သုံးပုဒ်အတွက် ဆောင်ပုဒ်

(၁) လမ်းဖြောင့်မည်တွင်၊ ထိုမဂ်ပင်၊ ရပ်ခွင်ဘေးမဲ့ နိဗ္ဗာန်ပါ။

(၂) လုံ့လနှစ်လီ၊ ဘီးတပ်သည်၊ မမြည်ရထား ထိုမဂ်ပါ။

(၃) ရှက်ကြောက်နှစ်တန်၊ နောက်မှီခံ၊ ကာရံ အမှတ်သတိပါ။

(၄) ဝိပသ်ရှေ့သွား၊ မဂ်ဉာဏ်ကား၊ ရထားမောင်းသူ ဆိုရပါ။

(၅) ဤလိုရထား၊ ရှိသူများ ယောကျာ်း မိန်းမ လူတိုင်းမှာ။

(၆) မဂ္ဂင်ယာဉ်ကြီး၊ ငြိမ့်ငြိမ့်စီး၊ အပြီးနိဗ္ဗာန် ဆိုက်ရောက်ပါ။

အဲဒီ ဂါထာ ၃-ပုဒ်တရားကို ဟောပြီးတော့ သစ္စာလေးပါးကိုလည်း ပြတော်မူပါသေးတယ်တဲ့။ အဲဒီ သစ္စာလေးပါးသိပုံကိုတော့ မဂ္ဂသစ္စာပိုင်းကျမှ ထပ်ပြီးပြောရမယ်။ သမဏနတ်သားဟာ အဲဒီ တရားကိုနာရင်း ရှေးဘဝက သူနှလုံးသွင်းခဲ့တဲ့တရားကို ပြန်ပြီးနှလုံးသွင်းတယ်။ ရဟန်းဘဝတုန်းက အပြင်းအထန် ကြာမြင့်စွာ နှလုံးသွင်းအားထုတ်လို့ တရားထူးကို မရနိုင်ခဲ့ပေမယ့် နတ်ဘဝကျတော့ နတ်ရုပ်တွေက သန့်ရှင်းစင်ကြယ်တဲ့ အတွက် တခဏချင်းပဲ ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်းတက် ပြီးတော့ သောတာပတ္တိမဂ်ဖိုလ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး သောတာပန် ဖြစ်သွားပါသတဲ့။ (သံ-ဋ္ဌ၊ ပ-၈၀-၈၃)

ဒီ သမဏနတ်သားဝတ္ထုမှာ သိစေလိုရင်းကတော့ ဝိပဿနာအလုပ်ကို အပြင်းအထန် အားထုတ် နေသော်လည်း တဏှာကင်းစေနိုင်တဲ့ အရိယမဂ်ဉာဏ်ကို မရသေးတဲ့အတွက် သေသည်၏အခြားမဲ့မှာ သမုဒယ သစ္စာဆိုတဲ့ တဏှာက နတ်ဘဝကို ဖြစ်စေတယ်ဆိုတာ သိစေလိုရင်းပါပဲ။ ဒိပြင် ဒီဝတ္ထုထဲမှာ မဂ္ဂင်ရှစ်ပါး ပွားစေပုံနှင့် နတ်ဘဝကျတော့ အလွယ်တကူနဲ့ တရားထူးရသွားပုံဟာလည်း အထူးသတိ ပြုဖို့ရာပါပဲ။

ကျမ်းညွှန်း– မဟာစည်ဆရာတော်ကြီး၏ဓမ္မစကြာတရာတော်

Loading

By admin

Leave a Reply

Your email address will not be published. Required fields are marked *