၁၈- မဂၢပစၥေယာ- Magga Paccayo (Path condition) file (5 of 8) zawgyi

၁၉။ နတ္ျပည္ေရာက္လို႕ႏွလံုးမသာမယာျဖစ္ေနရွာတဲ့ သမဏနတ္သား

 

     အဲဒီလို သိရတဲ့အခါ သမဏနတ္သားမွာ အႀကီးအက်ယ္ ႏွလုံးမသာမယာ ျဖစ္ရတယ္။ “ငါ ရဟန္းတရား က်င့္ခဲ့တာဟာ ဒီနတ္ျပည္ေရာက္ဖို႔ က်င့္ခဲ့တာ မဟုတ္ဘူး။ အျမတ္ဆုံး အက်ဳိးစီးပြားျဖစ္တဲ့ အရဟတၱဖိုလ္ရဖို႔ က်င့္ခဲ့တာပဲ။ ဒါေပမယ့္ ခ်န္ပီယံေရႊျပားတံဆိပ္ကို ရလိမ့္မယ္လို႔ ေမွ်ာ္မွန္းၿပီး လက္ေ၀ွ႔ပြဲႀကီး ၀င္ထိုးသတ္ရာမွာ မုန္လာဥတစ္စည္းေလာက္ ဆုရသလိုပဲ ျဖစ္ေနတယ္” စသည္ျဖင့္ ဆင္ျခင္ၿပီး ႏွလုံးမသာ ျဖစ္ရတယ္။ အဲဒီလို ႏွလုံးမသာ ျဖစ္ၿပီးေတာ့ “ဒီ နတ္စည္းစိမ္ဆိုတာက ရလြယ္ပါတယ္။ ဘုရားပြင့္ေတာ္မူဆဲ ကာလက ႀကံဳခဲတယ္။ ဘုရား၏တရားကုိ နာၾကားၿပီး အရိယမဂ္ဖိုလ္တရားကို ရဖို႔က အေရးႀကီးတယ္။ နတ္စည္းစိမ္ေတြနဲ႔ ေမ႔ေနရင္ ဘုရားနဲ႔ မေတြ႕လုိက္ရဘဲလည္း ျဖစ္သြားႏိုင္တယ္” လို႔ စဥ္းစားၿပီးေတာ့ သူ႔ဗိမာန္ထဲေတာင္ မ၀င္ေတာ့ဘဲ (အသမၻိေႏၷန သီေလန) ရဟန္းဘ၀က ေစာင့္စည္းမႈ သီလမပ်က္ေသးမီ ျမတ္စြာဘုရားထံသို႔  အေရးတႀကီး လာေရာက္ပါတယ္။ သူ႔အေျခြအရံ နတ္သမီးေတြကလည္း အတူ လိုက္ပါၾကသတဲ့။ နတ္သားေပ်ာက္သြားမွာ စိုးရိမ္လို႔ေလလား မသိပါဘူး။ ျမတ္စြာဘုရားထံ ေရာက္တဲ့အခါက်ေတာ့ အဲဒီနတ္သားက ဒီလို ေမးေလွ်ာက္ပါတယ္။

                    

၂၀။ ဘုရားရွင္ထံပါး နတ္သားေလွ်ာက္ထား

အစၦရာဂဏသဃၤု႒ံ၊ ပိသာစဂဏေသ၀ိတံ၊

၀နႏၲံ ေမာဟနံ နာမ၊ ကထံ ယာၾတာ ဘ၀ိႆတိ။

 

          ဘေႏၲ- ျမတ္စြာဘုရား၊ အစၦရာ ဂဏသဃၤု႒ံ- နတ္သမီးအေပါင္းတို႔၏ သိိန္းေပါင္းမ်ားစြာ သီဆို ေၾကြးေၾကာ္ရာျဖစ္ေသာ၊ ပိသာစဂဏေသ၀ိတံ- တေစၦ ေျမဘုတ္တို႔ မွီ၀ဲက်က္စားရာျဖစ္ေသာ၊ ေမာဟနံ နာမ- နတ္အေပါင္းတို႔အား တရားေရွာင္လႊဲ မိုက္မဲေစတတ္ေသာေၾကာင့္ ေမာဟနမည္ေသာ၊ တံ ၀နံ- နႏၵ၀န္မည္ေသာ ထိုဥယ်ာဥ္ကို၊ ကထံ- အဘယ္သို႔ေသာနည္းျဖင့္ ယာၾတာ- ေက်ာ္လြန္ေရွာင္ရွား ထြက္သြားႏိုင္ျခင္းသည္၊ ဘ၀ိႆတိ- ျဖစ္ပါမည္နည္း အရွင္ဘုရားတဲ့။

          ဒီနတ္သားက နတ္သမီးေတြကို ပိသာစ- တေစၦေျမဘုတ္ေတြလို႔ ႏွိမ္ခ်ေျပာတယ္၊ နႏၵ၀န္ဥယ်ာဥ္ ကိုလည္း အမိုက္ေတာလို႔ ႏွိမ္ခ်ၿပီး ေျပာတယ္၊ ၀ိပႆနာတရားကို အျပင္းအထန္အားထုတ္လာခဲ့တဲ့ အတြက္ ကာမဂုဏ္ေတြကို ရြံမုန္းစက္ဆုပ္ဆဲျဖစ္ေနလို႔ အဲဒီလို ႏွိမ္ခ်ၿပီး ေျပာဆိုတာပါပဲ။ အဘယ္သုိ႔ ေသာနည္းျဖင့္ ထြက္သြားႏိုင္မည္လဲဆိုတဲ့ အေမးကေတာ့ (အရဟတၱႆ ေမ ပဒ႒ယနဘူတံ ၀ိပႆနံ အာစိကၡထ) အရဟတၱဖိုလ္၏ နီးေသာအေၾကာင္းျဖစ္တဲ့ ၀ိပႆနာကို တပည့္ေတာ္အား ေဟာေတာ္မူပါလို႔ ဆိုလိုပါတယ္တဲ့။ အဲဒီလို အ႒ကထာ ဖြင့္ျပထားပါတယ္။ အဲဒီေတာ့ ျမတ္စြာဘုရားက နတ္သား၏ အေျခအေန အလုံးစုံကို ၾကည့္႐ႈ ေတာ္မူၿပီးေတာ့ မဂၢင္ရွစ္ပါး ၀ိပႆနာတရားကို ဂါထာ ၃-ပုဒ္ျဖင့္ ေဟာၾကားေတာ္မူပါတယ္။

                    

၂၁။ မဂၢင္ရထားျဖင့္ အလ်င္အျမန္ ထြက္ေျပးပါနတ္သား

 

              (၁)  ဥဇုေကာ နာမ ေသာ မေဂၢါ   ၊   အဘယာ နာမ သာ ဒိသာ။

                    ရေထာ အကူဇေနာ နာမ     ၊   ဓမၼစေကၠဟိ သံယုေတာ။

 

          ေဒ၀ပုတၱ- ထြက္ေျပးလိုေရးႏွင့္ ေမးျမန္းေလွ်ာက္ထားသည့္ အိုနတ္သား၊ ဥဇုေကာ နာမ- အလ်င္ အျမန္ထြက္ေျပးရန္ လမ္းေျဖာင့္မည္သည္မွာ၊ ေသာ မေဂၢါ- ရဟန္းဘ၀တုန္းက သင္သြားခဲ့ေသာ မဂၢင္ ရွစ္ျဖာ ၀ိပႆနာလမ္းေပတည္း။ တရားနာတဲ့ ပုဂၢိဳလ္ေတြ နားလည္လြယ္ေအာင္လို႔ ဘုန္းႀကီးက အနက္ ေဖာ္ေပး ပါတယ္။ သူ႔ပါဠိ၏ သဒၵါနက္သက္သက္ဆိုရင္ေတာ့ (အေျဖာင့္အမည္သည္မွာ ထိုလမ္းပင္ တည္းလုိ႔) ဒါေလာက္ပါပဲ။ ဒါေလာက္နဲ႔ေတာ့ ယခု တရားနာ ပရိသတ္ေတြ နားလည္ဖို႔ မလြယ္ပါဘူး။ ဒါေပမယ့္ ဒီနတ္သား ကေတာ့ တရားအားထုတ္ရာ ကမၼ႒ာန္းေက်ာင္းမွ ထလာၿပီး ေမးသလို ျဖစ္ေနတဲ့အတြက္ သူ႔အဖို႔မွာ ေပၚလြင္ထင္ရွားေနပါတယ္။

၂၂။ ျမတ္စြာဘုရားညႊန္ၾကားေတာ္မူေလ့ရွိသည့္ တရားအစဥ္

 

          ျမတ္စြာဘုရားက သီလစသည္ မျပည့္စုံေသးတဲ့ ပုဂၢိဳလ္အား ကမၼ႒ာန္းေပးမယ္ဆိုရင္ (သီလံ တာ၀ ေသာေဓတိ) သီလကို ေရွးဦးစြာ စင္ၾကယ္ေစေလာ့၊ (သမာဓႎ ဘာေ၀ဟိ) သမာဓိကို ပြားေစ ၿပီးေလာ့၊ (ကမၼႆ ကတာ ဥဇုံ ကေရာဟိ) ကမၼႆကတာ သမၼာဒိ႒ိကို ေျဖာင့္မတ္ေအာင္ ျပဳေလဦး ေလာ့လို႔ အေျခခံအက်င့္ကို ေရွးဦးစြာ ညႊန္ၾကားေတာ္မူပါတယ္။ အားထုတ္ေနတဲ့ ပုဂၢိဳလ္ကိုေတာ့ အရဟတၱမဂ္၏ ပဒ႒ာန္ျဖစ္တဲ့ ၀ိပႆနာ ကိုသာ ညႊန္ၾကားေတာ္မူပါတယ္။ အားထုတ္ေနတဲ့ ပုဂၢိဳလ္ကိုေတာ့ အရဟတၱမဂ္၏ ၀ိပႆနာကိုသာ ညႊန္ၾကား ေတာ္မူပါတယ္။ ဒီနတ္သားကေတာ့ (ကာရေကာ အဘိႏၷသီေလာ) အားထုတ္ေနသူ မပ်က္တဲ့သီလရွိသူ ျဖစ္တယ္။ အရိယမဂ္တစ္ခုသာ လိုေတာ့တယ္။ ပုဗၺဘာဂ၀ိပႆနာမဂ္ကေတာ့ အေလ့အက်င့္ရၿပီး ျဖစ္ေနတယ္။ ဒါေၾကာင့္ ၀ိပႆနာကို ညႊန္ၾကားေတာ္မူလို၍ ဒီတရားဂါထာမ်ားကို ေဟာေတာ္မူပါတယ္တဲ့။

 

၂၃။ ရဟန္းဘ၀မွ နတ္ဘ၀သို႔ ေရာက္ေနပါလ်က္ သီလမပ်က္ဘူး

 

          အဲဒီလို အ႒ကထာ ဖြင့္ျပထားပါတယ္။ အဲဒီအဖြင့္ထဲမွာ ရဟန္းဘ၀မွ နတ္ဘ၀သို႔ ေရာက္ေနပါလ်က္ သီလမပ်က္ဘူးဆိုတာကို အထူးသတိျပဳရမယ္။ အဲဒါဟာ ပါဏာတိပါတ အဒိႏၷာဒါန အျဗဟၼစရိယ စသည္တို႔ကို မက်ဴးလြန္ေသးတဲ့အတြက္ သီလမပ်က္ေသးဘူးလို႔ ဆိုတာပါပဲ။ ဒါေၾကာင့္ တမင္ ေဆာက္တည္မထားေပမယ့္ မျပဳသင့္၊ မေျပာသင့္တာကို မျပဳရင္ မေျပာရင္ သီလမပ်က္ဘူးဆိုတာကိုလည္း အထူးသတိျပဳ၍ မွတ္ထား ၾကရမယ္။ ေနာက္တစ္ခုကေတာ့ ဒီဂါထာမ်ားျဖင့္ ၀ိပႆနာကို ျပတယ္ဆိုတာကိုလည္း မွတ္ထားၾကရမယ္။

          ဒါေၾကာင့္ ဘုန္းႀကီးက အနက္ေဖာ္ၿပီး ျပန္ခဲ့တဲ့အတိုင္း နႏၵ၀န္ဥယ်ာဥ္ႏွင့္တကြ နတ္ေလာက နတ္သမီး ေတြထံမွ လြတ္ေျမာက္ေအာင္ အလ်င္အျမန္ထြက္ေျပးဖို႔ အေျဖာင့္ဆုံး အေကာင္းဆုံးလမ္းကေတာ့ ရဟန္း ဘ၀တုန္းက သင္ ႐ႈမွတ္ပြားမ်ားလာခဲ့တဲ့ ၀ိပႆနာမဂၢင္လမ္းပဲလို႔ ဆိုလိုပါတယ္။ ေနာက္ၿပီးေတာ့ ဘယ္အရပ္ ေရာက္မွ ေဘးကင္းမွာလည္းလို႔ဆိုရင္-

          အဘယာ နာမ- ေဘးကင္းရာအရပ္ မည္သည္မွာ၊ သာ ဒိသာ- ရဟန္းဘ၀တုန္းက သင္ေမွ်ာ္ မွန္းခဲ့ သည့္ ထုိနိဗၺာန္အရပ္ပင္တည္းတဲ့။ အဲဒီနိဗၺာန္ကို ေရာက္ေအာင္သြားရမယ္လုိ႔ ဆိုလိုပါတယ္။ ေနာက္ၿပီးေတာ့ ဘယ္လိုရထားျဖင့္ သြားရမွာလည္းဆိုေတာ့-

          ရေထာ အကူဇနာ နာမ- သူတပါးမၾကားရ မသိရေအာင္ တိတ္တဆိတ္ထြက္ေျပးရန္ အသံ မျမည္ေသာ ရထား မည္သည္မွာ ဓမၼစေကၠဟိ သံယုေတာ- ကိုယ္လု႔ံလ စိတ္လုံ႔လဟူေသာ တရားဘီးႏွစ္ခုတို႔ႏွင့္ တပ္ဆင္ ထားေသာ ၀ိပႆနာမဂၢင္ရထားေပတည္းတဲ့။

၂၄။ ေစတသိက၀ီရိယ ႏွင့္ကာယိက၀ီရိယ

 

          ကိုယ္အမူအရာ စိတ္အမူအရာဟူသမွ်ကို ႐ႈမွတ္မိေအာင္ ေၾကာင့္ၾကစိုးရိမ္ေပးတဲ့ ၀ီရိယကို ေစတသိက၀ီရိယ- စိတ္လုံ႔လေခၚတယ္။ သြားရင္း၊ ရပ္ရင္း၊ ထိုင္ရင္း ႐ႈေနတဲ့အခါ ကိုယ္အမူအရာ ဣရိယာပုတ္ ျဖစ္ၿမဲျဖစ္ေနေအာင္ တည္ၿမဲတည္ေနေအာင္ ေၾကာင့္ၾကစိုက္ေပးတဲ့ ၀ီရိယကို ကာယိက ၀ီရိယ- ကိုယ္လုံ႔လလို႔ ေခၚတယ္။ ေလ်ာင္းအိပ္ေနရင္း ႐ႈေနတဲ့အခါမွာေတာ့ ကိုယ္လုံ႔လ မရွိဘူး။ စိတ္ လုံ႔လတစ္ခုတည္းသာ ရွိတယ္။ ဒီမွာ ကိုယ္လု႔ံလ စိတ္လုံ႔လဆိုတဲ့ ၀ီရိယတရားဘီးႏွစ္ခု တပ္ဆင္ထား တယ္ဆိုတာ စႀကႍသြားေနရင္း ရပ္ေနရင္း ထိုင္ေနရင္း ႐ႈမွတ္တဲ့ ၀ိပႆနာမဂၢင္ကို ဆိုတာပဲ၊ ဒါေၾကာင့္ အဲဒီ ကိုယ္လုံ႔လ စိတ္လုံ႔လဆိုတဲ့ ၀ီရိယဘီးႀကီး ႏွစ္ခုလုံး အျပည့္အစုံတပ္ဆင္ထားတဲ့ ၀ိပႆနာမဂၢင္ တရားေကာင္းႀကီးကို စီးနင္းသြားရေအာင္ ရံခါ စႀကႍ သြားလ်က္ ႐ႈမွတ္ေနရမယ္၊ စႀကႍသြားရင္းဆိုေတာ့ (ဂစၦေႏၲာ ၀ါ ဂစၦာမီတိ ပဇာနာတိဆိုတဲ့) သတိပ႒ာန္ေဒသနာ ေတာ္အရ သြားတယ္ ၾကြတယ္ လွမ္းတယ္ ခ်တယ္ စသည္ျဖင့္ မျပတ္႐ႈမွတ္ၿပီး အားထုတ္ေနဖို႔ပါပဲ။

          အဲဒီလို အားထုတ္ေနရင္ သမာဓိအားရွိလာတဲ့အခါက်ေတာ့ ေတာင့္တင္းလႈပ္ရွားတဲ့႐ုပ္နဲ႔ မွတ္သိတဲ့ နာမ္ဆိုတဲ့ ဒီ႐ုပ္နာမ္ ၂-ပါးကို ႐ႈမွတ္တိုင္း ႐ႈမွတ္တိုင္း ပိုင္းျခားၿပီး သိတယ္။ အဲဒီကေနာက္ သမာဓိ ဉာဏ္ တစ္ဆင့္တက္ၿပီး အားေကာင္းလာတဲ့အခါမွာ “သြားခ်င္တဲ့ စိတ္ေၾကာင့္ သြား႐ုပ္ျဖစ္တယ္၊ သိစရာ ရွိလို႔ သိမႈျဖစ္တယ္” စသည္ျဖင့္ အေၾကာင္းနဲ႔ အက်ဳိးကိုလည္း ပိုင္းျခားၿပီးသိတယ္။ အဲဒီကေနာက္ သြားခ်င္တဲ့ စိတ္ေရာ သြားတဲ့႐ုပ္ေရာ ႐ႈသိတဲ့ စိတ္နာမ္ေရာ သူ႔အခုိက္အတန္႔နဲ႔သူ ျဖစ္ျဖစ္ၿပီး ပ်က္ပ်က္သြားတာကို လက္နဲ႔ ကိုင္ၾကည့္ရသလိုပင္ ရွင္းလင္းျပတ္သားစြာ သိရတယ္။ အဲဒီေတာ့ ျဖစ္ၿပီး ေပ်ာက္ပ်က္သြားလို႔ မၿမဲဘူးဆိုတာ လည္း ရွင္းလင္းစြာ သိရတယ္။ ခဏမစဲ ျဖစ္ပ်က္ေနလို႔ ေၾကာက္စရာေကာင္းတဲ့ ဆင္းရဲပဲဆိုတာလည္း ရွင္းလင္းစြာ သိရတယ္။ ကိုယ့္အလိုအတိုင္း မျဖစ္ဘဲသူ႔သေဘာအတိုင္း ျဖစ္ပ်က္ေနလို႔ အစိုးမရတဲ့ အနတၱ သေဘာတရားပဲဆိုတာလည္း ရွင္းလင္းစြာသိရတယ္။ ေနာက္ၿပီးေတာ့ ရံခါ ရပ္လ်က္ ရံခါ ထိုင္လ်က္ ႐ႈမွတ္ေနရမယ္။

 

 

၁၈- မဂ္ဂပစ္စယော- Magga Paccayo (Path condition) file (5 of 8) pyidaungsu – unicode

၁၉။ နတ်ပြည်ရောက်လို့နှလုံးမသာမယာဖြစ်နေရှာတဲ့ သမဏနတ်သား

    အဲဒီလို သိရတဲ့အခါ သမဏနတ်သားမှာ အကြီးအကျယ် နှလုံးမသာမယာ ဖြစ်ရတယ်။ “ငါ ရဟန်းတရား ကျင့်ခဲ့တာဟာ ဒီနတ်ပြည်ရောက်ဖို့ ကျင့်ခဲ့တာ မဟုတ်ဘူး။ အမြတ်ဆုံး အကျိုးစီးပွားဖြစ်တဲ့ အရဟတ္တဖိုလ်ရဖို့ ကျင့်ခဲ့တာပဲ။ ဒါပေမယ့် ချန်ပီယံရွှေပြားတံဆိပ်ကို ရလိမ့်မယ်လို့ မျှော်မှန်းပြီး လက်ဝှေ့ပွဲကြီး ဝင်ထိုးသတ်ရာမှာ မုန်လာဥတစ်စည်းလောက် ဆုရသလိုပဲ ဖြစ်နေတယ်” စသည်ဖြင့် ဆင်ခြင်ပြီး နှလုံးမသာ ဖြစ်ရတယ်။ အဲဒီလို နှလုံးမသာ ဖြစ်ပြီးတော့ “ဒီ နတ်စည်းစိမ်ဆိုတာက ရလွယ်ပါတယ်။ ဘုရားပွင့်တော်မူဆဲ ကာလက ကြုံခဲတယ်။ ဘုရား၏တရားကို နာကြားပြီး အရိယမဂ်ဖိုလ်တရားကို ရဖို့က အရေးကြီးတယ်။ နတ်စည်းစိမ်တွေနဲ့ မေ့နေရင် ဘုရားနဲ့ မတွေ့လိုက်ရဘဲလည်း ဖြစ်သွားနိုင်တယ်” လို့ စဉ်းစားပြီးတော့ သူ့ဗိမာန်ထဲတောင် မဝင်တော့ဘဲ (အသမ္ဘိန္နေန သီလေန) ရဟန်းဘဝက စောင့်စည်းမှု သီလမပျက်သေးမီ မြတ်စွာဘုရားထံသို့ အရေးတကြီး လာရောက်ပါတယ်။ သူ့အခြွေအရံ နတ်သမီးတွေကလည်း အတူ လိုက်ပါကြသတဲ့။ နတ်သားပျောက်သွားမှာ စိုးရိမ်လို့လေလား မသိပါဘူး။ မြတ်စွာဘုရားထံ ရောက်တဲ့အခါကျတော့ အဲဒီနတ်သားက ဒီလို မေးလျှောက်ပါတယ်။

၂၀။ ဘုရားရှင်ထံပါး နတ်သားလျှောက်ထား

အစ္ဆရာဂဏသင်္ဃုဋ္ဌံ၊ ပိသာစဂဏသေဝိတံ၊

ဝနန္တံ မောဟနံ နာမ၊ ကထံ ယာတြာ ဘဝိဿတိ။

ဘန္တေ- မြတ်စွာဘုရား၊ အစ္ဆရာ ဂဏသင်္ဃုဋ္ဌံ- နတ်သမီးအပေါင်းတို့၏ သိန်းပေါင်းများစွာ သီဆို ကြွေးကြော်ရာဖြစ်သော၊ ပိသာစဂဏသေဝိတံ- တစ္ဆေ မြေဘုတ်တို့ မှီဝဲကျက်စားရာဖြစ်သော၊ မောဟနံ နာမ- နတ်အပေါင်းတို့အား တရားရှောင်လွှဲ မိုက်မဲစေတတ်သောကြောင့် မောဟနမည်သော၊ တံ ဝနံ- နန္ဒဝန်မည်သော ထိုဥယျာဉ်ကို၊ ကထံ- အဘယ်သို့သောနည်းဖြင့် ယာတြာ- ကျော်လွန်ရှောင်ရှား ထွက်သွားနိုင်ခြင်းသည်၊ ဘဝိဿတိ- ဖြစ်ပါမည်နည်း အရှင်ဘုရားတဲ့။

ဒီနတ်သားက နတ်သမီးတွေကို ပိသာစ- တစ္ဆေမြေဘုတ်တွေလို့ နှိမ်ချပြောတယ်၊ နန္ဒဝန်ဥယျာဉ် ကိုလည်း အမိုက်တောလို့ နှိမ်ချပြီး ပြောတယ်၊ ဝိပဿနာတရားကို အပြင်းအထန်အားထုတ်လာခဲ့တဲ့ အတွက် ကာမဂုဏ်တွေကို ရွံမုန်းစက်ဆုပ်ဆဲဖြစ်နေလို့ အဲဒီလို နှိမ်ချပြီး ပြောဆိုတာပါပဲ။ အဘယ်သို့ သောနည်းဖြင့် ထွက်သွားနိုင်မည်လဲဆိုတဲ့ အမေးကတော့ (အရဟတ္တဿ မေ ပဒဋ္ဌယနဘူတံ ဝိပဿနံ အာစိက္ခထ) အရဟတ္တဖိုလ်၏ နီးသောအကြောင်းဖြစ်တဲ့ ဝိပဿနာကို တပည့်တော်အား ဟောတော်မူပါလို့ ဆိုလိုပါတယ်တဲ့။ အဲဒီလို အဋ္ဌကထာ ဖွင့်ပြထားပါတယ်။ အဲဒီတော့ မြတ်စွာဘုရားက နတ်သား၏ အခြေအနေ အလုံးစုံကို ကြည့်ရှု တော်မူပြီးတော့ မဂ္ဂင်ရှစ်ပါး ဝိပဿနာတရားကို ဂါထာ ၃-ပုဒ်ဖြင့် ဟောကြားတော်မူပါတယ်။

၂၁။ မဂ္ဂင်ရထားဖြင့် အလျင်အမြန် ထွက်ပြေးပါနတ်သား

(၁) ဥဇုကော နာမ သော မဂ္ဂေါ ၊ အဘယာ နာမ သာ ဒိသာ။

ရထော အကူဇနော နာမ ၊ ဓမ္မစက္ကေဟိ သံယုတော။

ဒေဝပုတ္တ- ထွက်ပြေးလိုရေးနှင့် မေးမြန်းလျှောက်ထားသည့် အိုနတ်သား၊ ဥဇုကော နာမ- အလျင် အမြန်ထွက်ပြေးရန် လမ်းဖြောင့်မည်သည်မှာ၊ သော မဂ္ဂေါ- ရဟန်းဘဝတုန်းက သင်သွားခဲ့သော မဂ္ဂင် ရှစ်ဖြာ ဝိပဿနာလမ်းပေတည်း။ တရားနာတဲ့ ပုဂ္ဂိုလ်တွေ နားလည်လွယ်အောင်လို့ ဘုန်းကြီးက အနက် ဖော်ပေး ပါတယ်။ သူ့ပါဠိ၏ သဒ္ဒါနက်သက်သက်ဆိုရင်တော့ (အဖြောင့်အမည်သည်မှာ ထိုလမ်းပင် တည်းလို့) ဒါလောက်ပါပဲ။ ဒါလောက်နဲ့တော့ ယခု တရားနာ ပရိသတ်တွေ နားလည်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီနတ်သား ကတော့ တရားအားထုတ်ရာ ကမ္မဋ္ဌာန်းကျောင်းမှ ထလာပြီး မေးသလို ဖြစ်နေတဲ့အတွက် သူ့အဖို့မှာ ပေါ်လွင်ထင်ရှားနေပါတယ်။


၂၂။ မြတ်စွာဘုရားညွှန်ကြားတော်မူလေ့ရှိသည့် တရားအစဉ်

မြတ်စွာဘုရားက သီလစသည် မပြည့်စုံသေးတဲ့ ပုဂ္ဂိုလ်အား ကမ္မဋ္ဌာန်းပေးမယ်ဆိုရင် (သီလံ တာ၀ သောဓေတိ) သီလကို ရှေးဦးစွာ စင်ကြယ်စေလော့၊ (သမာဓိံ ဘာဝေဟိ) သမာဓိကို ပွားစေ ပြီးလော့၊ (ကမ္မဿ ကတာ ဥဇုံ ကရောဟိ) ကမ္မဿကတာ သမ္မာဒိဋ္ဌိကို ဖြောင့်မတ်အောင် ပြုလေဦး လော့လို့ အခြေခံအကျင့်ကို ရှေးဦးစွာ ညွှန်ကြားတော်မူပါတယ်။ အားထုတ်နေတဲ့ ပုဂ္ဂိုလ်ကိုတော့ အရဟတ္တမဂ်၏ ပဒဋ္ဌာန်ဖြစ်တဲ့ ဝိပဿနာ ကိုသာ ညွှန်ကြားတော်မူပါတယ်။ အားထုတ်နေတဲ့ ပုဂ္ဂိုလ်ကိုတော့ အရဟတ္တမဂ်၏ ဝိပဿနာကိုသာ ညွှန်ကြား တော်မူပါတယ်။ ဒီနတ်သားကတော့ (ကာရကော အဘိန္နသီလော) အားထုတ်နေသူ မပျက်တဲ့သီလရှိသူ ဖြစ်တယ်။ အရိယမဂ်တစ်ခုသာ လိုတော့တယ်။ ပုဗ္ဗဘာဂဝိပဿနာမဂ်ကတော့ အလေ့အကျင့်ရပြီး ဖြစ်နေတယ်။ ဒါကြောင့် ဝိပဿနာကို ညွှန်ကြားတော်မူလို၍ ဒီတရားဂါထာများကို ဟောတော်မူပါတယ်တဲ့။

၂၃။ ရဟန်းဘဝမှ နတ်ဘဝသို့ ရောက်နေပါလျက် သီလမပျက်ဘူး

    အဲဒီလို အဋ္ဌကထာ ဖွင့်ပြထားပါတယ်။ အဲဒီအဖွင့်ထဲမှာ ရဟန်းဘဝမှ နတ်ဘဝသို့ ရောက်နေပါလျက် သီလမပျက်ဘူးဆိုတာကို အထူးသတိပြုရမယ်။ အဲဒါဟာ ပါဏာတိပါတ အဒိန္နာဒါန အဗြဟ္မစရိယ စသည်တို့ကို မကျူးလွန်သေးတဲ့အတွက် သီလမပျက်သေးဘူးလို့ ဆိုတာပါပဲ။ ဒါကြောင့် တမင် ဆောက်တည်မထားပေမယ့် မပြုသင့်၊ မပြောသင့်တာကို မပြုရင် မပြောရင် သီလမပျက်ဘူးဆိုတာကိုလည်း အထူးသတိပြု၍ မှတ်ထား ကြရမယ်။ နောက်တစ်ခုကတော့ ဒီဂါထာများဖြင့် ဝိပဿနာကို ပြတယ်ဆိုတာကိုလည်း မှတ်ထားကြရမယ်။

ဒါကြောင့် ဘုန်းကြီးက အနက်ဖော်ပြီး ပြန်ခဲ့တဲ့အတိုင်း နန္ဒဝန်ဥယျာဉ်နှင့်တကွ နတ်လောက နတ်သမီး တွေထံမှ လွတ်မြောက်အောင် အလျင်အမြန်ထွက်ပြေးဖို့ အဖြောင့်ဆုံး အကောင်းဆုံးလမ်းကတော့ ရဟန်း ဘဝတုန်းက သင် ရှုမှတ်ပွားများလာခဲ့တဲ့ ဝိပဿနာမဂ္ဂင်လမ်းပဲလို့ ဆိုလိုပါတယ်။ နောက်ပြီးတော့ ဘယ်အရပ် ရောက်မှ ဘေးကင်းမှာလည်းလို့ဆိုရင်-

အဘယာ နာမ- ဘေးကင်းရာအရပ် မည်သည်မှာ၊ သာ ဒိသာ- ရဟန်းဘဝတုန်းက သင်မျှော် မှန်းခဲ့ သည့် ထိုနိဗ္ဗာန်အရပ်ပင်တည်းတဲ့။ အဲဒီနိဗ္ဗာန်ကို ရောက်အောင်သွားရမယ်လို့ ဆိုလိုပါတယ်။ နောက်ပြီးတော့ ဘယ်လိုရထားဖြင့် သွားရမှာလည်းဆိုတော့-

ရထော အကူဇနာ နာမ- သူတပါးမကြားရ မသိရအောင် တိတ်တဆိတ်ထွက်ပြေးရန် အသံ မမြည်သော ရထား မည်သည်မှာ ဓမ္မစက္ကေဟိ သံယုတော- ကိုယ်လုံ့လ စိတ်လုံ့လဟူသော တရားဘီးနှစ်ခုတို့နှင့် တပ်ဆင် ထားသော ဝိပဿနာမဂ္ဂင်ရထားပေတည်းတဲ့။


၂၄။ စေတသိကဝီရိယ နှင့်ကာယိကဝီရိယ

    ကိုယ်အမူအရာ စိတ်အမူအရာဟူသမျှကို ရှုမှတ်မိအောင် ကြောင့်ကြစိုးရိမ်ပေးတဲ့ ဝီရိယကို စေတသိကဝီရိယ- စိတ်လုံ့လခေါ်တယ်။ သွားရင်း၊ ရပ်ရင်း၊ ထိုင်ရင်း ရှုနေတဲ့အခါ ကိုယ်အမူအရာ ဣရိယာပုတ် ဖြစ်မြဲဖြစ်နေအောင် တည်မြဲတည်နေအောင် ကြောင့်ကြစိုက်ပေးတဲ့ ဝီရိယကို ကာယိက ဝီရိယ- ကိုယ်လုံ့လလို့ ခေါ်တယ်။ လျောင်းအိပ်နေရင်း ရှုနေတဲ့အခါမှာတော့ ကိုယ်လုံ့လ မရှိဘူး။ စိတ် လုံ့လတစ်ခုတည်းသာ ရှိတယ်။ ဒီမှာ ကိုယ်လုံ့လ စိတ်လုံ့လဆိုတဲ့ ဝီရိယတရားဘီးနှစ်ခု တပ်ဆင်ထား တယ်ဆိုတာ စြင်္ကံသွားနေရင်း ရပ်နေရင်း ထိုင်နေရင်း ရှုမှတ်တဲ့ ဝိပဿနာမဂ္ဂင်ကို ဆိုတာပဲ၊ ဒါကြောင့် အဲဒီ ကိုယ်လုံ့လ စိတ်လုံ့လဆိုတဲ့ ဝီရိယဘီးကြီး နှစ်ခုလုံး အပြည့်အစုံတပ်ဆင်ထားတဲ့ ဝိပဿနာမဂ္ဂင် တရားကောင်းကြီးကို စီးနင်းသွားရအောင် ရံခါ စြင်္ကံ သွားလျက် ရှုမှတ်နေရမယ်၊ စြင်္ကံသွားရင်းဆိုတော့ (ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိဆိုတဲ့) သတိပဋ္ဌာန်ဒေသနာ တော်အရ သွားတယ် ကြွတယ် လှမ်းတယ် ချတယ် စသည်ဖြင့် မပြတ်ရှုမှတ်ပြီး အားထုတ်နေဖို့ပါပဲ။

    အဲဒီလို အားထုတ်နေရင် သမာဓိအားရှိလာတဲ့အခါကျတော့ တောင့်တင်းလှုပ်ရှားတဲ့ရုပ်နဲ့ မှတ်သိတဲ့ နာမ်ဆိုတဲ့ ဒီရုပ်နာမ် ၂-ပါးကို ရှုမှတ်တိုင်း ရှုမှတ်တိုင်း ပိုင်းခြားပြီး သိတယ်။ အဲဒီကနောက် သမာဓိ ဉာဏ် တစ်ဆင့်တက်ပြီး အားကောင်းလာတဲ့အခါမှာ “သွားချင်တဲ့ စိတ်ကြောင့် သွားရုပ်ဖြစ်တယ်၊ သိစရာ ရှိလို့ သိမှုဖြစ်တယ်” စသည်ဖြင့် အကြောင်းနဲ့ အကျိုးကိုလည်း ပိုင်းခြားပြီးသိတယ်။ အဲဒီကနောက် သွားချင်တဲ့ စိတ်ရော သွားတဲ့ရုပ်ရော ရှုသိတဲ့ စိတ်နာမ်ရော သူ့အခိုက်အတန့်နဲ့သူ ဖြစ်ဖြစ်ပြီး ပျက်ပျက်သွားတာကို လက်နဲ့ ကိုင်ကြည့်ရသလိုပင် ရှင်းလင်းပြတ်သားစွာ သိရတယ်။ အဲဒီတော့ ဖြစ်ပြီး ပျောက်ပျက်သွားလို့ မမြဲဘူးဆိုတာ လည်း ရှင်းလင်းစွာ သိရတယ်။ ခဏမစဲ ဖြစ်ပျက်နေလို့ ကြောက်စရာကောင်းတဲ့ ဆင်းရဲပဲဆိုတာလည်း ရှင်းလင်းစွာ သိရတယ်။ ကိုယ့်အလိုအတိုင်း မဖြစ်ဘဲသူ့သဘောအတိုင်း ဖြစ်ပျက်နေလို့ အစိုးမရတဲ့ အနတ္တ သဘောတရားပဲဆိုတာလည်း ရှင်းလင်းစွာသိရတယ်။ နောက်ပြီးတော့ ရံခါ ရပ်လျက် ရံခါ ထိုင်လျက် ရှုမှတ်နေရမယ်။

 460 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *