၁၈- မဂၢပစၥေယာ- Magga Paccayo (Path condition) file (4 of 8)

၁၂။ မဂၢသစၥာ

၁- ဒုကၡသစၥာ ၂- ဒုကၡသမုဒယသစၥာ ၃- ဒုကၡနိေရာဓသစၥာ ၄- ဒုကၡနိေရာဓဂါမိနိပဋိပဒါသစၥာ အရိေယာ အ႒ဂႋေကာ မေဂၢါ = မဂၢင္းရွစ္ပါးကို ၫႊန္းပါတယ္။ Noble path သာမာန္မဂၢက path Noble path က ကိေလသာေတြကို ပယ္သတ္ၿပီး နိဗၺာန္ကို ေရာက္ေစတယ္။

 

၁၃။ သခၤါရႏွင့္ ၀ိသခၤါရ

   ဒါေၾကာင့္ မဂၢင္  ၁၂- ပါးက သူတို႔ကိုယ္တိုင္ကပင္ တစ္စံုတစ္ခုကို ေရာက္ဖို႔ရာအတြက္ ဦးတည္တဲ့ လမ္းေၾကာင္းႀကီးေတြ ျဖစ္ေနပါေတာ့တယ္။ သူတို႔လမ္းေၾကာင္းျဖစ္ေနသလို သူတို႔နွင့္ ယွဥ္တဲြေနတဲ့၊ သူတို႔ႏွင့္ ပတ္သက္ေနတဲ့ စိတ္ေတြ၊ ေစတသိက္ေတြ၊ စိတၱဇ႐ုပ္ေတြစတဲ့ သဘာ၀တရားေတြကလည္း အဲဒီလမ္းေၾကာင္း ေပၚကို စုျပံဳတင္ေပးတယ္။

   ဒါကို “ကုသေလာ ဓေမၼာ အဗ်ာကတႆ ဓမၼႆ မဂၢပစၥေယန ပစၥေယာ ကုသလာနိ မဂၢဂၤါနိ စိတၱသမု႒ာနာနံ ႐ူပါနံ မဂၢပစၥေယန ပစၥေယာ။ ကုသလာနိ မဂၢဂၤါနိ သမၸယုတၱကာနံ ခႏၶာနံ စိတၱသမု႒ာနာနဥၥ ႐ူပါနံ မဂၢပစၥေယန ပစၥေယာ” လို႔ စာထဲ လာရွိပါတယ္။

      ပစၥည္းတရားေတြ တစ္ခုႏွင့္တစ္ခု ေက်းဇူးျပဳေနတာ အေထာက္အကူ ျပဳေနတာကိုပဲ သခၤါရလို႔လည္း ေခၚပါတယ္။ နိဗၺာန္က ၀ိသခၤါရ သခၤါရေတြကင္းတယ္။ ထာ၀ရရွိေနတဲ့ အၿငိမ္းဓါတ္အေနႏွင့္ တည္ရွိေနတာ ျဖစ္ပါတယ္။

၁၄။ န+ အာဂါမိ  Non returner ျပန္မလာေတာ့တဲ့ သုဒၶ၀ါသဘံု

 

    ဓမၼပဒမွာ “န ဟိ ဧေတဟိ ယာေနဟိ ၊ ဂေစၦယ် အာဂတံ ဒိသံ”  လို႕ ဂါထာ လာရွိပါတယ္။ အဓိပၸါယ္က   ေလာကမွာရွိတဲ့ ယာဥ္ရထားႏွင့္ သြားရင္ မေရာက္ဖူးတဲ့ အရပ္ကို ဘယ္ေတာ့မွ ေရာက္မွာမဟုတ္ဘူး။ ၃၁-ဘံုမွာ ငရဲျပည္ တိရိစၦာန္ျပည္၊ ၿပိတၱာျပည္ တို႔ကို ေရာက္ဖူးလွၿပီ “စတၱာေရာ အပါယ သကေဂဟာ သဒိသာ” လို႕ စာက ဆိုထားပါတယ္။ အဓိပၸါယ္က ကုသိုလ္ကို ေမ့ေလ်ာ့ေနတဲ့ သူမ်ားအဖို႔ အပါယ္ေလးဘံုဟာ မိမိ အၿမဲေနေနက် ကိုယ္ပိုင္အိမ္ႏွင့္ တူပါတယ္။

    နတ္ျပည္ လူ႔ျပည္  ျဗဟၼာ့ျပည္ေတြကိုလည္း ေရာက္ဖူးလွပါၿပီ သို႔ေသာ္ နိဗၺာန္ကိုေတာ့ မေရာက္ဖူး ေသးပါဘူး။ ျဗဟၼာ့ဘံုထဲက သုဒၶ၀ါသ ၅-ဘံုကိုမေရာက္ဖူးေသးဘူး။ သုဒၶ၀ါသက အနာဂါမ္ပုဂၢိဳလ္တို႔ရဲ႕ ဘံုျဖစ္ ပါတယ္။ အဲဒီဘံုကေနပဲ ပရိနိဗၺာန္စံ၀င္မွာမို႔လို႔ န+ အာဂါမိ  =ျပန္မလာဘူး- Non returner

 

၁၅။ သာမဏနတ္သား၀တၳဳ

   ဘုရားလက္ထက္ေတာ္ ကာလတုန္းက အမ်ဳိးသားတစ္ေယာက္ဟာ ဗုဒၶသာသနာေတာ္မွာ သဒၶါတရား ထက္သန္စြာနဲ႔ ရဟန္းျပဳတယ္။ ငါး၀ါျပည့္သည့္တိုင္ေအာင္ ဆရာဥပဇၩယ္တို႔ထံမွာ ၀တ္ႀကီး၀တ္ငယ္ကို ျဖည့္က်င့္ ေဆာင္ရြက္လ်က္ ေဒြမာတိကာဆိုတဲ့ ရဟန္းက်င့္၀တ္ သိကၡာပုဒ္ေခါင္းစဥ္ကို ေက်ပြန္ေအာင္ သင္ယူတယ္။ ကံႀကီးကံငယ္ ျပဳပုံကိုလည္း နားလည္ေအာင္ ေလ့လာသင္ယူတယ္။ အဲဒီလိုသင္ယူၿပီးေတာ့ သူသေဘာက်တဲ့ ကမၼ႒ာန္းကိုယူၿပီး ေတာေက်ာင္းတစ္ခုမွာ သြားေရာက္ေနထိုင္တယ္။ ကမၼ႒ာန္းတရားကို မျပတ္ႏွလုံးသြင္း အားထုတ္ေနတယ္။

 

၁၆။ လုပ္ငန္းခြင္၌ ပ်ံလြန္းေတာ္မူသည့္ ရဟန္း

 

    ရဟန္းေတာ္ရဲ႕ အားထုတ္ပုံက အလြန္ ျပင္းထန္ပါတယ္။ ျမတ္စြာဘုရားက လဲေလ်ာင္းအိပ္ဖို႔ ခြင့္ျပဳ ထားတဲ့ သန္းေခါင္ယံအခ်ိန္မွာေတာင္ သူက လဲေလ်ာင္းမအိပ္ဘူး။ ေန႔ေရာညဥ့္ပါ မျပတ္အားထုတ္ေနပါသတဲ့။ အဲဒီလို အားထုတ္ေနရင္း အစာအာဟာရက အားနည္းတဲ့အတြက္ သတၳက၀ါတာလို႔ေခၚတဲ့ ေလသင္ဓုန္းက ျဖစ္ေပၚလာၿပီး ေသြးေၾကာကို ျဖတ္လိုက္တယ္။ ဒါေၾကာင့္ အဲဒီရဟန္းေတာ္ဟာ စႀကႍသြားလ်က္ တရား အားထုတ္ေနရင္း ပ်ံလြန္ေတာ္မူသြားပါသတဲ့။ အဲဒါဟာ ရဟန္းတို႔၏ တာ၀န္ျဖစ္တဲ့ လုပ္ငန္းခြင္ထဲ၌ ပ်ံေတာ္ မူသည္ မည္ပါသတဲ့။

          ေယာ ဟိ ေကာစိ ဘိကၡဳ- တစ္စုံတစ္ေယာက္ေသာ ရဟန္းသည္ စကၤေမ စကၤမမာေနာ- စႀကႍ လမ္းေပၚ၌ စႀကႍသြားေနစဥ္ေသာ္လည္းေကာင္း၊ အာလမၺနတၳဗၻံ နိႆယာ ဌိေတာ- ေနာက္မွီတိုင္ကို မွီလ်က္ ရပ္ေနစဥ္ေသာ္လည္းေကာင္း၊ စကၤမေကာဋိယံ- စႀကႍအစြန္း စႀကႍဦး၌၊ စီ၀ရံ သီေသ ဌေပတြာ- သကၤန္းႀကီးကို ေခါင္းေပၚတင္ထား၍ နိသိေႏၷာ၀ါ- ထိုင္ေနစဥ္ေသာ္လည္းေကာင္း၊ နိပေႏၷာ၀ါ- ေလ်ာင္းေနစဥ္ေသာ္လည္း ေကာင္း၊ ကာလံကေရာတိ- ေသျခင္း ပ်ံလြန္ေတာ္မူျခင္းကို ျပဳျငားအံ့၊ ေသာ- ထိုသို႔ ပ်ံေတာ္မူေသာ ရဟန္း အားလုံးသည္၊ ဓုရသၼႎ ေယ၀ကာလံ ကေရာတိနာမ လုပ္ငန္းခြင္ထဲ၌သာလွ်င္ ပ်ံေတာ္မူသည္ မည္၏လို႔ အ႒ကထာက ျပဆိုထားပါတယ္။ ေနာက္ၿပီးေတာ့ ၀ဋ္ဆင္းရဲမွ လြတ္ေျမာက္ ေရးအတြက္သာ ဦးစားေပးၿပီး တရားေဟာေနစဥ္ ပ်ံေတာ္မူသြားရင္လည္း လုပ္ငန္းခြင္ထဲ၌သာ ပ်ံေတာ္မူသည္ မည္တယ္လို႔ အဲဒီအ႒ကထာမွာ ျပဆိုထားပါေသးတယ္။

         

၁၇။ ပ်ံလြန္ေတာ္မူၿပီး တာ၀တိ ံသာ နတ္ျပည္ေရာက္

 

        ယခုတရားအားထုတ္ေနတဲ့ ရဟန္းေတာ္ကေတာ့ စႀကႍသြားေနရင္း ပ်ံေတာ္မူတယ္လို႔ ဆိုပါတယ္။ သတိပ႒ာန္ ေဒသနာေတာ္အရသြားျခင္း ဣရိယာပုတ္ဆိုင္ရာ ႐ုပ္နာမ္ေတြကို ၀ိပႆနာ႐ႈေနရင္း ပ်ံေတာ္ မူသြားတယ္လို႔ ဆိုရမွာပဲ။ အဲဒီလို အျပင္းအထန္ ၀ိပႆနာ ႐ႈေနေပမယ့္ (ဥပနိႆယမႏၵတာယ) အရိယမဂ္ ဉာဏ္ေရာက္ဖို႔ရာ အေထာက္အပံ့ ပါရမီကုသိုလ္က အားနည္းေနေသာေၾကာင့္ အရဟတၱမဂ္သို႔ မေရာက္ ေသးဘဲ ပ်ံေတာ္မူသြားတယ္၊ အရဟတၱမဂ္သို႔ မေရာက္ေသးရင္ တဏွာက လုံး၀မကင္းေသးဘူး။ ဒီ ရဟန္းမွာ ေတာ့ ေသာတာပတၱိမဂ္ေတာင္ မေရာက္ေသးေၾကာင္း ေနာက္ပိုင္းက်ေတာ့ ထင္ရွားပါလိမ့္မယ္။

     ဒါေၾကာင့္ (ေပါေနာဘ၀ိကာ) တဖန္ ဘ၀သစ္ကို ျဖစ္ေစတတ္တဲ့ တဏွာေၾကာင့္ ဘ၀သစ္ ျဖစ္ရတယ္။ ဘယ္မွာျဖစ္ရသလဲဆိုေတာ့ ဘာ၀နာကုသိုလ္ကံ၏ အစြမ္းေၾကာင့္ တာ၀တႎသာ နတ္ျပည္မွာ သူ႔အတြက္ အသင့္ ျဖစ္ေပၚေနႏွင့္တဲ့ နတ္ဘုံဗိမာန္ႀကီး၏ တံခါးေပါက္ဘ၀၌ ၀င္ေရာက္ ေနတဲ့အသြင္ျဖင့္ အိပ္ရာမွ ႏိုးလာသလိုပင္ နတ္ကိုယ္ကာယ အျပည့္အစုံ နတ္၀တ္ အဆင္တန္ဆာ အျပည့္အစုံႏွင့္တကြ ဘြားကနဲ ဥပပါတ္ ဘ၀အသစ္ ျဖစ္ေပၚရတယ္။

၁၈။ ဘ၀ျခားသြားေသာ္လည္း နတ္ဘ၀ေရာက္ေနမွန္း မသိေသး

 

          အဲဒီအခါ ဗိမာန္အတြင္းက ဗိမာန္ရွင္နတ္သားကို ေမွ်ာ္ေနၾကတဲ့ တစ္ေထာင္ခန္႔ရွိတဲ့ နတ္သမီးေတြက “ေဟာဗိမာန္ရွင္နတ္သား ေရာက္လာၿပီ၊ ေဖ်ာ္ေျဖၾကစို႔”လို႔ ဆိုၿပီး ၀မ္းေျမာက္၀မ္းသာႏွင့္ တူရိယာေတြကို ကိုင္လ်က္ ၀ိုင္းရံႀကိဳဆိုၾကတယ္။ သို႔ေပမယ့္ နတ္သားက နတ္ျပည္ေရာက္မွန္း မသိေသးဘူး။ သူ႔ကုိယ္သူ ရဟန္းလို႔ ထင္မွတ္ေနတုန္းပဲ။ ဒါေၾကာင့္ နတ္သမီးေတြရဲ့အသံကိုၾကားတဲ့့အခါ အမ်ဳိးသမီးကေလးေတြ ေက်ာင္းသို႔ ၾကည့္႐ႈလွည့္လည္ရန္ လာၾကတယ္ထင္မွတ္ၿပီး အေပၚ႐ုံအ၀တ္ပိုင္းျဖင့္ လက္၀ဲပခုံးကို လုံေအာင္ ႐ုံလ်က္ မ်က္လႊာခ်ကာ ဣေႁႏၵႀကီးနဲ႔ ေနသတဲ့။

          အဲဒီလို အေျခအေနကို ျမင္ရေတာ့ ရဟန္းဘ၀မွျဖစ္လာတဲ့ နတ္သားပဲလို႔ နတ္သမီးေတြက ရိပ္မိၿပီးေတာ့ “အရွင္နတ္သား၊ ဒါက နတ္ျပည္ပဲ၊ ရဟန္းတရားက်င့္ဖို႔အခါ မဟုတ္ေတာ့ဘူး။ နတ္စည္း စိမ္ကို ခံစားဖို႔ အခ်ိန္အခါျဖစ္ပါတယ္” လို႔ ေျပာၾကတယ္။ ဒါေပမယ့္ နတ္သားက ဣေႁႏၵမပ်က္ တည္ၿမဲ တည္ေနတယ္။ ဒီေတာ့ နတ္သမီးေတြက “ဒီနတ္သားဟာ နတ္ဘ၀ေရာက္ေနမွန္း မသိေသးဘူး၊ သိေအာင္ ေဖ်ာ္ေျဖလိုက္ၾကစို႔”လို႔ ဆိုၿပီး တူရိယာေတြကို တီးမႈတ္ၿပီး သီဆိုၾကတယ္။ အဲဒီအခါက်မွ “ေတာေက်ာင္းသို႔ လာၿပီး ကေလးမကေလးေတြ ကျမင္းေနၾကတယ္” ထင္ၿပီး ဣေႁႏၵကို အထူးထိန္းသိမ္းလ်က္ တည္ေနတယ္။

          ဒီေတာ့ နတ္သမီးေတြက သူ႔ေရွ႕မွာ ကိုယ္လုံးေပၚ ၾကည့္မွန္ႀကီးကို ေထာင္ျပၾကတယ္။ အဲဒီေတာ့မွ သူ႔အရိပ္ကိုျမင္ၿပီး ရဟန္းဘ၀မွ ေသခဲ့ၿပီး နတ္ျပည္ေရာက္ေနေၾကာင္း သိရတယ္။

 

 

၁၈- မဂ္ဂပစ္စယော- Magga Paccayo (Path condition) file (4 of 8) pyidaungsu – uincode

၁၂။ မဂ္ဂသစ္စာ

၁- ဒုက္ခသစ္စာ ၂- ဒုက္ခသမုဒယသစ္စာ ၃- ဒုက္ခနိရောဓသစ္စာ ၄- ဒုက္ခနိရောဓဂါမိနိပဋိပဒါသစ္စာ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ = မဂ္ဂင်းရှစ်ပါးကို ညွှန်းပါတယ်။ Noble path သာမာန်မဂ္ဂက path Noble path က ကိလေသာတွေကို ပယ်သတ်ပြီး နိဗ္ဗာန်ကို ရောက်စေတယ်။

၁၃။ သင်္ခါရနှင့် ဝိသင်္ခါရ

   ဒါကြောင့် မဂ္ဂင် ၁၂- ပါးက သူတို့ကိုယ်တိုင်ကပင် တစ်စုံတစ်ခုကို ရောက်ဖို့ရာအတွက် ဦးတည်တဲ့ လမ်းကြောင်းကြီးတွေ ဖြစ်နေပါတော့တယ်။ သူတို့လမ်းကြောင်းဖြစ်နေသလို သူတို့နှင့် ယှဉ်တွဲနေတဲ့၊ သူတို့နှင့် ပတ်သက်နေတဲ့ စိတ်တွေ၊ စေတသိက်တွေ၊ စိတ္တဇရုပ်တွေစတဲ့ သဘာဝတရားတွေကလည်း အဲဒီလမ်းကြောင်း ပေါ်ကို စုပြုံတင်ပေးတယ်။

ဒါကို “ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ မဂ္ဂပစ္စယေန ပစ္စယော ကုသလာနိ မဂ္ဂင်္ဂါနိ စိတ္တသမုဋ္ဌာနာနံ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။ ကုသလာနိ မဂ္ဂင်္ဂါနိ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော” လို့ စာထဲ လာရှိပါတယ်။

ပစ္စည်းတရားတွေ တစ်ခုနှင့်တစ်ခု ကျေးဇူးပြုနေတာ အထောက်အကူ ပြုနေတာကိုပဲ သင်္ခါရလို့လည်း ခေါ်ပါတယ်။ နိဗ္ဗာန်က ဝိသင်္ခါရ သင်္ခါရတွေကင်းတယ်။ ထာဝရရှိနေတဲ့ အငြိမ်းဓါတ်အနေနှင့် တည်ရှိနေတာ ဖြစ်ပါတယ်။


၁၄။ န+ အာဂါမိ Non returner ပြန်မလာတော့တဲ့ သုဒ္ဓဝါသဘုံ

   ဓမ္မပဒမှာ “န ဟိ ဧတေဟိ ယာနေဟိ ၊ ဂစ္ဆေယျ အာဂတံ ဒိသံ” လို့ ဂါထာ လာရှိပါတယ်။ အဓိပ္ပါယ်က လောကမှာရှိတဲ့ ယာဉ်ရထားနှင့် သွားရင် မရောက်ဖူးတဲ့ အရပ်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ ၃၁-ဘုံမှာ ငရဲပြည် တိရိစ္ဆာန်ပြည်၊ ပြိတ္တာပြည် တို့ကို ရောက်ဖူးလှပြီ “စတ္တာရော အပါယ သကဂေဟာ သဒိသာ” လို့ စာက ဆိုထားပါတယ်။ အဓိပ္ပါယ်က ကုသိုလ်ကို မေ့လျော့နေတဲ့ သူများအဖို့ အပါယ်လေးဘုံဟာ မိမိ အမြဲနေနေကျ ကိုယ်ပိုင်အိမ်နှင့် တူပါတယ်။

နတ်ပြည် လူ့ပြည် ဗြဟ္မာ့ပြည်တွေကိုလည်း ရောက်ဖူးလှပါပြီ သို့သော် နိဗ္ဗာန်ကိုတော့ မရောက်ဖူး သေးပါဘူး။ ဗြဟ္မာ့ဘုံထဲက သုဒ္ဓဝါသ ၅-ဘုံကိုမရောက်ဖူးသေးဘူး။ သုဒ္ဓဝါသက အနာဂါမ်ပုဂ္ဂိုလ်တို့ရဲ့ ဘုံဖြစ် ပါတယ်။ အဲဒီဘုံကနေပဲ ပရိနိဗ္ဗာန်စံဝင်မှာမို့လို့ န+ အာဂါမိ =ပြန်မလာဘူး- Non returner

၁၅။ သာမဏနတ်သားဝတ္ထု

    ဘုရားလက်ထက်တော် ကာလတုန်းက အမျိုးသားတစ်ယောက်ဟာ ဗုဒ္ဓသာသနာတော်မှာ သဒ္ဓါတရား ထက်သန်စွာနဲ့ ရဟန်းပြုတယ်။ ငါးဝါပြည့်သည့်တိုင်အောင် ဆရာဥပဇ္ဈယ်တို့ထံမှာ ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ကျင့် ဆောင်ရွက်လျက် ဒွေမာတိကာဆိုတဲ့ ရဟန်းကျင့်ဝတ် သိက္ခာပုဒ်ခေါင်းစဉ်ကို ကျေပွန်အောင် သင်ယူတယ်။ ကံကြီးကံငယ် ပြုပုံကိုလည်း နားလည်အောင် လေ့လာသင်ယူတယ်။ အဲဒီလိုသင်ယူပြီးတော့ သူသဘောကျတဲ့ ကမ္မဋ္ဌာန်းကိုယူပြီး တောကျောင်းတစ်ခုမှာ သွားရောက်နေထိုင်တယ်။ ကမ္မဋ္ဌာန်းတရားကို မပြတ်နှလုံးသွင်း အားထုတ်နေတယ်။

၁၆။ လုပ်ငန်းခွင်၌ ပျံလွန်းတော်မူသည့် ရဟန်း

   ရဟန်းတော်ရဲ့ အားထုတ်ပုံက အလွန် ပြင်းထန်ပါတယ်။ မြတ်စွာဘုရားက လဲလျောင်းအိပ်ဖို့ ခွင့်ပြု ထားတဲ့ သန်းခေါင်ယံအချိန်မှာတောင် သူက လဲလျောင်းမအိပ်ဘူး။ နေ့ရောညဉ့်ပါ မပြတ်အားထုတ်နေပါသတဲ့။ အဲဒီလို အားထုတ်နေရင်း အစာအာဟာရက အားနည်းတဲ့အတွက် သတ္ထကဝါတာလို့ခေါ်တဲ့ လေသင်ဓုန်းက ဖြစ်ပေါ်လာပြီး သွေးကြောကို ဖြတ်လိုက်တယ်။ ဒါကြောင့် အဲဒီရဟန်းတော်ဟာ စြင်္ကံသွားလျက် တရား အားထုတ်နေရင်း ပျံလွန်တော်မူသွားပါသတဲ့။ အဲဒါဟာ ရဟန်းတို့၏ တာဝန်ဖြစ်တဲ့ လုပ်ငန်းခွင်ထဲ၌ ပျံတော် မူသည် မည်ပါသတဲ့။

ယော ဟိ ကောစိ ဘိက္ခု- တစ်စုံတစ်ယောက်သော ရဟန်းသည် စင်္ကမေ စင်္ကမမာနော- စြင်္ကံ လမ်းပေါ်၌ စြင်္ကံသွားနေစဉ်သော်လည်းကောင်း၊ အာလမ္ဗနတ္ထဗ္ဘံ နိဿယာ ဌိတော- နောက်မှီတိုင်ကို မှီလျက် ရပ်နေစဉ်သော်လည်းကောင်း၊ စင်္ကမကောဋိယံ- စြင်္ကံအစွန်း စြင်္ကံဦး၌၊ စီဝရံ သီသေ ဌပေတွာ- သင်္ကန်းကြီးကို ခေါင်းပေါ်တင်ထား၍ နိသိန္နောဝါ- ထိုင်နေစဉ်သော်လည်းကောင်း၊ နိပန္နောဝါ- လျောင်းနေစဉ်သော်လည်း ကောင်း၊ ကာလံကရောတိ- သေခြင်း ပျံလွန်တော်မူခြင်းကို ပြုငြားအံ့၊ သော- ထိုသို့ ပျံတော်မူသော ရဟန်း အားလုံးသည်၊ ဓုရသ္မိံ ယေဝကာလံ ကရောတိနာမ လုပ်ငန်းခွင်ထဲ၌သာလျှင် ပျံတော်မူသည် မည်၏လို့ အဋ္ဌကထာက ပြဆိုထားပါတယ်။ နောက်ပြီးတော့ ဝဋ်ဆင်းရဲမှ လွတ်မြောက် ရေးအတွက်သာ ဦးစားပေးပြီး တရားဟောနေစဉ် ပျံတော်မူသွားရင်လည်း လုပ်ငန်းခွင်ထဲ၌သာ ပျံတော်မူသည် မည်တယ်လို့ အဲဒီအဋ္ဌကထာမှာ ပြဆိုထားပါသေးတယ်။

၁၇။ ပျံလွန်တော်မူပြီး တာဝတိ ံသာ နတ်ပြည်ရောက်

  ယခုတရားအားထုတ်နေတဲ့ ရဟန်းတော်ကတော့ စြင်္ကံသွားနေရင်း ပျံတော်မူတယ်လို့ ဆိုပါတယ်။ သတိပဋ္ဌာန် ဒေသနာတော်အရသွားခြင်း ဣရိယာပုတ်ဆိုင်ရာ ရုပ်နာမ်တွေကို ဝိပဿနာရှုနေရင်း ပျံတော် မူသွားတယ်လို့ ဆိုရမှာပဲ။ အဲဒီလို အပြင်းအထန် ဝိပဿနာ ရှုနေပေမယ့် (ဥပနိဿယမန္ဒတာယ) အရိယမဂ် ဉာဏ်ရောက်ဖို့ရာ အထောက်အပံ့ ပါရမီကုသိုလ်က အားနည်းနေသောကြောင့် အရဟတ္တမဂ်သို့ မရောက် သေးဘဲ ပျံတော်မူသွားတယ်၊ အရဟတ္တမဂ်သို့ မရောက်သေးရင် တဏှာက လုံးဝမကင်းသေးဘူး။ ဒီ ရဟန်းမှာ တော့ သောတာပတ္တိမဂ်တောင် မရောက်သေးကြောင်း နောက်ပိုင်းကျတော့ ထင်ရှားပါလိမ့်မယ်။

ဒါကြောင့် (ပေါနောဘဝိကာ) တဖန် ဘဝသစ်ကို ဖြစ်စေတတ်တဲ့ တဏှာကြောင့် ဘဝသစ် ဖြစ်ရတယ်။ ဘယ်မှာဖြစ်ရသလဲဆိုတော့ ဘာဝနာကုသိုလ်ကံ၏ အစွမ်းကြောင့် တာဝတိံသာ နတ်ပြည်မှာ သူ့အတွက် အသင့် ဖြစ်ပေါ်နေနှင့်တဲ့ နတ်ဘုံဗိမာန်ကြီး၏ တံခါးပေါက်ဘဝ၌ ဝင်ရောက် နေတဲ့အသွင်ဖြင့် အိပ်ရာမှ နိုးလာသလိုပင် နတ်ကိုယ်ကာယ အပြည့်အစုံ နတ်ဝတ် အဆင်တန်ဆာ အပြည့်အစုံနှင့်တကွ ဘွားကနဲ ဥပပါတ် ဘဝအသစ် ဖြစ်ပေါ်ရတယ်။


၁၈။ ဘဝခြားသွားသော်လည်း နတ်ဘဝရောက်နေမှန်း မသိသေး

   အဲဒီအခါ ဗိမာန်အတွင်းက ဗိမာန်ရှင်နတ်သားကို မျှော်နေကြတဲ့ တစ်ထောင်ခန့်ရှိတဲ့ နတ်သမီးတွေက “ဟောဗိမာန်ရှင်နတ်သား ရောက်လာပြီ၊ ဖျော်ဖြေကြစို့”လို့ ဆိုပြီး ဝမ်းမြောက်ဝမ်းသာနှင့် တူရိယာတွေကို ကိုင်လျက် ဝိုင်းရံကြိုဆိုကြတယ်။ သို့ပေမယ့် နတ်သားက နတ်ပြည်ရောက်မှန်း မသိသေးဘူး။ သူ့ကိုယ်သူ ရဟန်းလို့ ထင်မှတ်နေတုန်းပဲ။ ဒါကြောင့် နတ်သမီးတွေရဲ့အသံကိုကြားတဲ့အခါ အမျိုးသမီးကလေးတွေ ကျောင်းသို့ ကြည့်ရှုလှည့်လည်ရန် လာကြတယ်ထင်မှတ်ပြီး အပေါ်ရုံအဝတ်ပိုင်းဖြင့် လက်ဝဲပခုံးကို လုံအောင် ရုံလျက် မျက်လွှာချကာ ဣန္ဒြေကြီးနဲ့ နေသတဲ့။

အဲဒီလို အခြေအနေကို မြင်ရတော့ ရဟန်းဘဝမှဖြစ်လာတဲ့ နတ်သားပဲလို့ နတ်သမီးတွေက ရိပ်မိပြီးတော့ “အရှင်နတ်သား၊ ဒါက နတ်ပြည်ပဲ၊ ရဟန်းတရားကျင့်ဖို့အခါ မဟုတ်တော့ဘူး။ နတ်စည်း စိမ်ကို ခံစားဖို့ အချိန်အခါဖြစ်ပါတယ်” လို့ ပြောကြတယ်။ ဒါပေမယ့် နတ်သားက ဣန္ဒြေမပျက် တည်မြဲ တည်နေတယ်။ ဒီတော့ နတ်သမီးတွေက “ဒီနတ်သားဟာ နတ်ဘဝရောက်နေမှန်း မသိသေးဘူး၊ သိအောင် ဖျော်ဖြေလိုက်ကြစို့”လို့ ဆိုပြီး တူရိယာတွေကို တီးမှုတ်ပြီး သီဆိုကြတယ်။ အဲဒီအခါကျမှ “တောကျောင်းသို့ လာပြီး ကလေးမကလေးတွေ ကမြင်းနေကြတယ်” ထင်ပြီး ဣန္ဒြေကို အထူးထိန်းသိမ်းလျက် တည်နေတယ်။

ဒီတော့ နတ်သမီးတွေက သူ့ရှေ့မှာ ကိုယ်လုံးပေါ် ကြည့်မှန်ကြီးကို ထောင်ပြကြတယ်။ အဲဒီတော့မှ သူ့အရိပ်ကိုမြင်ပြီး ရဟန်းဘဝမှ သေခဲ့ပြီး နတ်ပြည်ရောက်နေကြောင်း သိရတယ်။

 373 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *