ေဘးဒုကၡအေပါင္း၏ အေၾကာင္းရင္း ဖႆ  zawgyi

 

          သတၱ၀ါတို႔သည္ ခ်မ္းသာခံစားမႈကို အလြန္ စံုမက္ၾက၏။ ခ်မ္းသာခံစားေရးအတြက္ ခ်မ္းသာမႈေပး ႏိုင္မည့္ အာ႐ံုကို ေတြ႕ထိရန္ အၿမဲ ႀကိဳးပမ္းေနၾက၏။

          လွပေသာ အဆင္းကို ျမင္ရလွ်င္ ခ်မ္းသာမႈ ျဖစ္ေပၚ၏။ ထို႔ေၾကာင့္ လွပေသာ အဆင္းကို ျမင္ေတြ႕မႈ (စကၡဳသမၹႆ)အတြက္ ထိုအဆင္း ႐ူပါ႐ံုရွိရာသို႔ သြားရ၏။ ထိုအဆင္း႐ူပါ႐ံု ရရွိေရးအတြက္ ဒုကၡခံၾကရ၏။ သာယာေသာ အသံကို ၾကားေတြ႕မႈ (ေသာတသမၹႆ) ေမႊးႀကိဳင္ေသာရနံ႔ကို နံေတြ႕မႈ (ဃာနသမၹႆ)၊ လွ်ာေပၚ၌ ျမက္ျမက္ကေလးေတြ႕မႈ (ဇိ၀ွါသမၹႆ)၊ ႏူးညံ့ေသာအိပ္ရာ ေနရာအ၀တ္အထည္ ေယာက္်ား မိန္းမ၊ အေတြ႕အထိ (ကာယသမၹႆ)၊ စိတ္ကူးယဥ္ၾကည္ႏူးမႈ (မေနာသမၹႆ) ဤဖႆမ်ား ျဖစ္ေပၚေရး အတြက္ ႀကိဳးပမ္းေနစဥ္ အဆံုး အပိုင္းအျခားမရွိေသာ ဒုကၡမ်ားကို ခံစားေနၾကရ၏။

          ျမင္ေတြ႕မႈ၊ ၾကားေတြ႕မႈ၊ နံေတြ႕မႈ၊ လ်က္ေတြ႕မႈ၊ ထိေတြ႕မႈ၊ စိတ္ကူးေတြ႕မႈမ်ား ျဖစ္ေပၚလာေရးအတြက္ ထိုထိုအာ႐ံုမ်ားေနာက္သို႔ တေကာက္ေကာက္ လိုက္ေနၾက၏။ ထိုသို႔ အာ႐ံုမ်ားႏွင့္ ထိေတြ႕ႏိုင္ေရးအတြက္ တရားသျဖင့္ ႀကိဳးပမ္းအား ထုတ္၍ မရႏိုင္ေသာအခါ ျဖတ္လမ္းမွ လိုက္၍ ခိုး၀ွက္လုယက္၏။ သူတစ္ပါး သားမယား ျပစ္မွား၏။ ထိုအခါ ခိုးသူကို ပိုင္ရွင္တို႔က ဖမ္းဆီး သတ္ျဖတ္ကုန္၏။ အစိုးရမင္းတို႔က အျပစ္ဒဏ္ခတ္၊ ႏွိပ္စက္ ညႇဥ္းဆဲကုန္၏။ ေသလြန္ေသာအခါ၌လည္း အပါယ္ေလးပါးသို႔ လားရ၏။ ထို႔ေၾကာင့္ ပစၥဳပၸန္, တမလြန္ ႏွစ္တန္ေသာ ေဘးဒုကၡအေပါင္းသည္ ဖႆသာလွ်င္ အေၾကာင္းရင္းမူလ ရွိ၏။

     

ဖႆေစတသိက္ႏွင့္ ပ႒ာန္းတရားေတာ္

 

          “သဠာယတန ပစၥယာ ဖေႆာ” ၌ ပ႒ာန္းနည္း ေၾကာင္းက်ိဳး ဆက္စပ္ဟန္ကား စကၡဳပသာဒ႐ုပ္သည္ စကၡဳဒြါရျဖစ္ေသာ ဖႆအား နိႆယ၊ ပုေရဇာတ၊ ဣႁႏိၵိယ၊ ၀ိပၸယုတၱ၊ အတၳိ၊ အ၀ိဂတဟူ၍ ပစၥယသတၱိ ေျခာက္ပါးတို႔ျဖင့္ ေက်းဇူးျပဳ၏။ ေသာတ, ဃာန, ဇိ၀ွာ, ကာယ, ပသာဒ တို႔၌လည္း ဤနည္းတူ သိအပ္၏။ မနာယတနျဖစ္ေသာ ေလာကီ၀ိပါက္စိတ္သည္ သမၸယုတ္ျဖစ္ေသာ မေနာသမၹႆအား သဟဇာတ၊ အညမည၊ နိႆယ၊ ၀ိပါက၊ အာဟာရ၊ ဣႁႏိၵယ၊ သမၸယုတၱ၊ အတၳိ၊ အ၀ိဂတဟူ၍ ပစၥယသတၱိကိုးပါးတို႔ျဖင့္ ေက်းဇူးျပဳ၏။

          ႐ူပါ႐ံုသည္ စကၡဳသမၹႆအား အာရမၼဏ၊ ပုေရဇာတ၊ အတၳိ၊ အ၀ိဂတ ဟူ၍ ပစၥယသတၱိေလးပါးတို႔ျဖင့္ ေက်းဇူးျပဳ၏။ သဒၶါ႐ံုစသည္၌လည္း ဤနည္းအတူပင္ သိအပ္၏။ ပစၥဳပၸန္ျဖစ္ေသာ ႐ူပါ႐ံု၊ သဒၵါ႐ံု၊ ဂႏၶာ႐ံု၊ ရသာ႐ံု၊ ေဖာ႒ဗၺာ႐ံု၊ ဓမၼာ႐ံုတို႔သည္ မေနာသမၹအား အာရမၼဏ၊ ပုေရဇာတ၊ အတၳိ၊ အ၀ိဂတ ဟူေသာ ပစၥယ သတၱိေလးပါးတို႔ျဖင့္ ေက်းဇူးျပဳ၏။ အတိတ္, အနာဂတ္, ကာလ၀ိမုတ္ျဖစ္ေသာ အာ႐ံုေျခာက္ပါးေသာ မေနာသမၹႆ အာရမၼဏပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

          ဖႆပစၥယာ ေ၀ဒနာ၌ ပ႒ာန္းပစၥည္းျဖင့္ ေက်းဇူးျပဳဟန္ကား စကၡဳသမၹႆစေသာ ဖႆငါးပါးသည္ မိမိယွဥ္ဖက္ျဖစ္ေသာ ေ၀ဒနာငါးပါးအား သဟဇာတ၊ အညမည၊ နိႆယ၊ ၀ိပါက၊ အာဟာရ၊ သမၸယုတၱ၊ အတၳိ၊ အ၀ိဂတဟူ၍ ပစၥယသတၱိရွစ္ပါးျဖင့္ အသီးသီး ေက်းဇူးျပဳ၏။ စကၡဳသမၹႆစေသာ ဖႆငါးပါးသည္ သမၸဋိစၦိဳင္း၌ ယွဥ္ေသာ ေ၀ဒနာအား အနႏၲရ၊ သမနႏၲရ၊ ဥပနိႆယ၊ နတၳိ၊ ၀ိဂတဟူ၍ ပစၥယသတၱိငါးပါးတို႔ျဖင့္ ေက်းဇူးျပဳ၏။

          စကၡဳသမၹႆစေသာ ဖႆငါးပါးသည္ သႏၲီရဏ, တဒါ႐ံု၌ ယွဥ္ေသာ ေ၀ဒနာအား ဥပနိႆယ ပစၥယ သတၱိျဖင့္ ေက်းဇူးျပဳ၏။ မေနာဒါြရ၀ီထိ၌ တဒါ႐ံု၌ယွဥ္ေသာ မေနာသမၹႆသည္ ထိုတဒါ႐ံု၌ ယွဥ္ေသာ ေ၀ဒနာအား သဟဇာတ၊ အညမည၊ နိႆယ၊ ၀ိပါက၊ အာဟာရ၊ သမၸယုတၱ၊ အတၳိ၊ အ၀ိဂတဟူေသာ ပစၥယသတၱိရွစ္ပါးတို႔ျဖင့္ ေက်းဇူးျပဳ၏။ ပဋိသေႏၶ ဘ၀င္စုတိစိတ္တို႔၌ယွဥ္ေသာ မေနာသမၹႆသည္ မိမိယွဥ္ဖက္ ေ၀ဒနာအား ထိုနည္းအတူ ရွစ္ပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။ မေနာဒြါရ၀ဇၨန္း၌ ယွဥ္ေသာ မေနာသမၹႆသည္ တဒါ႐ံု၌ ယွဥ္ေသာေ၀ဒနာအား ဥပနိႆယပစၥယသတၱိျဖင့္ ေက်းဇူးျပဳ၏။

 

၃။ ေစတနာအာဟာရ

 

ေစတနာေစတသိက္

 

          ေစတနာေစတသိက္သည္ စိတ္ျဖစ္သည့္အခါတိုင္း စိတ္ႏွင့္အတူ ျဖစ္ေပၚလာရသည့္ ေစတသိက္ တစ္ခု ျဖစ္သည္။ ထို႔ေၾကာင့္ ထိုေစတသိက္ကို စိတ္အားလံုးႏွင့္ ဆက္ဆံေသာ ေစတသိက္ (၀ါ) စိတ္ျဖစ္တိုင္းပါ (သဗၺစိတၱ သာဓာရဏ) ေစတသိက္ဟု အဘိဓမၼတၳသဂၤဟအ႒ကထာက်မ္း စသည္တို႔၌ ေဖာ္ျပထားျခင္း ျဖစ္ပါသည္။ ထိုေစတနာေစတသိက္သည္ မိမိလည္း အာ႐ံုကိုယူသည္၊ မိမိႏွင့္အတူ ျဖစ္ေဖာ္ျဖစ္ဖက္ စိတ္ ေစတသိက္တရားမ်ား ဆိုင္ရာ ကိစၥမ်ားကို ရြက္ေဆာင္ေအာင္လည္း တိုက္တြန္း ႏိႈးေဆာ္ေပးသည္။

          ေစတနာသည္ ငွက္စေသာသတၱ၀ါတို႔၏ အေတာင္ႏွင့္ တူေပသည္။ ငွက္စေသာ သတၱ၀ါတို႔သည္ အေတာင္ရွိ၍သာ သစ္ပင္တစ္ပင္မွ တစ္ပင္သို႔၊ ေတာတစ္ခုမွ တစ္ခုသို႔ လွည့္လည္ၿပီး မိမိတို႔ခႏၶာကိုယ္ကို ထိန္း ေက်ာင္း ေမြးျမဴႏိုင္ၾက၏။ အကယ္၍ ထိုသတၱ၀ါမ်ား၌ အေတာင္မရွိခဲ့ပါလွ်င္ မပ်ံသန္းႏိုင္ၾကပဲ ေသၾကဖို႔သာ ရွိေပသည္။

          ထို႔အတူ သတၱ၀ါအေပါင္းတို႔၌လည္း အေတာင္ႏွင့္တူေသာ ေစတနာရွိ၍သာ ေစတနာ၏ လံႈ႕ေဆာ္ တိုက္တြန္းမႈေၾကာင့္ ကံႀကီးကံငယ္ အသြယ္သြယ္တို႔ ျဖစ္ေပၚလာၾကၿပီးလွ်င္ ဘ၀တစ္ခုမွ ဘ၀တစ္ခုသို႔၊ ဘံု တစ္ခုမွ ဘံုတစ္ခုသို႔ လွည့္လည္ ႏိုင္ၾကေပသည္။ အကယ္၍ ေစတနာမရွိပါက ကံတရားလည္း မေပၚလာႏိုင္၊ ကံတရား မေပၚပါက အက်ိဳး၀ိပါက၀ဋ္လည္း မျဖစ္လာႏိုင္၊ အက်ိဳး၀ိပါက၀ဋ္ မျဖစ္လာကလည္း ထို၀ိပါက၀ဋ္အတြင္း၌ ေထာက္တည္ ကိန္းေအာင္းေနၾကသည့္ ကိေလသာ၀ဋ္တို႔လည္း မရွိႏိုင္၊ ထိုအခါ ၀ဋ္သံုးပါး ျပတ္သြားဖို႔ရာပင္ ျဖစ္သည္။ ထို႔ေၾကာင့္ ၀ဋ္သံုးပါး၌ က်င္လည္ေနရမႈသည္ ေစတနာ၏ အစြမ္းသတၱိျဖစ္ေၾကာင္း သိသာထင္ရွားေပသည္။ ထို႔ေၾကာင့္ ေစတနာသည္ အာဟာရဆိုသည့္ နာမည္ထူးတစ္မ်ိဳးကို ရရွိျခင္းျဖစ္သည္။

 

ေစ့ေဆာ္တိုက္တြန္းျခင္းသေဘာ ဥပမာ

 

          ဥပမာအားျဖင့္ ေစတနာေစတသိက္သည္ ေက်ာင္းတြင္ ပညာသင္ၾကားေနေသာ ေခါင္းေဆာင္တပည့္ႀကီးႏွင့္ သေဘာတူေပသည္။ ေခါင္းေဆာင္တပည့္ႀကီးသည္ ဆရာလာေနသည္ အေ၀းမွျမင္သည္ႏွင့္ တစ္ၿပိဳင္နက္ မိမိကိုယ္တိုင္လည္း စာအံစာက်က္၏။ အျခားအတူေန တပည့္ငယ္မ်ားကိုလည္း “ဟိုမွာ ဆရာ လာေနၿပီ” စသည္ ေျပာ၍ စာအံစာက်က္ရန္ တိုက္တြန္းႏိႈးေဆာ္၏။ ထိုေခါင္းေဆာင္ တပည့္ႀကီးနည္းတူ ေစတနာေစတသိက္သည္ မိမိလည္း အာ႐ံုကိုယူသည္၊ မိမိႏွင့္အတူျဖစ္ဖက္ စိတ္ ေစတသိက္တရားတို႔ကို အာ႐ံု၌ ဆက္စပ္ေပးမႈကိုလည္း ျပဳသည္။ ဖႆစေသာ အတူျဖစ္ေဖာ္ျဖစ္ဖက္ တရားတို႔ကို ဆိုင္ရာကိစၥမ်ား ရြက္ေဆာင္ၾကရန္လည္း တိုက္တြန္း ႏိႈးေဆာ္ေပးသည္။

          ဤသို႔ မိမိကိစၥ သူတစ္ပါးကိစၥတို႔ကို ၿပီးေစတတ္ေသာေၾကာင့္ (၀ါ) မိမိလည္း အာ႐ံုကို ယူတတ္၊ အတူ ျဖစ္ဖက္တရားတို႔ကိုလည္း မိမိကဲ့သုိ႔ အာ႐ံုကိုယူၿပီး ဆိုင္ရာကိစၥကို ေဆာင္ရြက္ၾကရန္ ႏိႈးေဆာ္သကဲ့သုိ႔ ျဖစ္ေသာ ေၾကာင့္ ေစတနာကို ေခါင္းေဆာင္တပည့္ႀကီးႏွင့္ တူေသာတရားဟု အ႒ကထာဋီကာမ်ား၌ ဖြင့္ဆိုၾကေပသည္။

 

ေစတနာႏွင့္ လယ္ပိုင္ရွင္ ဥပမာ

 

          ဥပမာအားျဖင့္ ေစတနာေစတသိက္၏ ေၾကာင့္ၾကဗ်ာပါရမ်ားပံုသည္ လယ္လုပ္သားမ်ားႏွင့္အတူ ကိုယ္တုိင္ ထြက္၍ လယ္ရိတ္သိမ္းေသာ လယ္ပိုင္ရွင္ႀကီးႏွင့္ တူေပသည္။ လယ္ပိုင္ရွင္ႀကီးတို႔မည္သည္ စိုက္ ပ်ိဳးေအာင္ျမင္ ျဖစ္ထြန္းၿပီးေသာ လယ္ယာသီးႏွံမ်ားကို ရိတ္သိမ္းရာတြင္ မိမိပိုင္ပစၥည္းမ်ား မပ်က္မစီးေစရန္၊ အေလအလြင့္ နည္းပါးေစရန္၊ အခ်ိန္မီၿပီးစီးရန္ “ဥစၥာရင္လို ဥစၥာရင္ခဲ” ဆိုသလို လယ္လုပ္သားမ်ားထက္ ပိုမို၍ ေၾကာင့္ၾကဗ်ာပါရ စိုက္ရမည္မွာ ဓမၼတာျဖစ္ေပသည္။

          သုိ႔ျဖစ္၍ လယ္ပိုင္ရွင္သည္ ေရွးဦးစြာ လယ္ရိတ္သြားရန္ လယ္လုပ္သားမ်ားကို ေဆာ္ၾသ၍ ေခၚေ၀ၚ စုေဆာင္းရ၏။ ထို႔ေနာက္ မိမိႏွင့္ တစ္ေပါင္းတစ္စည္းတည္း လယ္ရိတ္ဆင္းၾကသည္။ ေကာက္ရိတ္သည့္အခါ၌ လည္း “ယူၾကပါ၊ ငင္ၾကပါ၊ ရိတ္ၾကပါ” ဟု အၿမဲမျပတ္ ႏိႈးေဆာ္ရ၏။ မည္သည့္ေနရာအထိ ရိတ္ရမည္ ဟုလည္း အပိုင္းအျခားကို ညႊန္ၾကားရ၏။ ေကာက္ရိတ္သမားတို႔ ႀကိဳးႀကိဳးစားစား ရိတ္ၾကရန္ သူတို႔အား ထမင္း ယမကာ နံ႔သာ ပန္းမာလ္စသည္တို႔ျဖင့္ အလိုက္သိစြာ တိုက္ေကြၽးေပးကမ္းရ၏။ ရိတ္ရမည့္ လမ္းကိုလည္း ညီမွ်ေအာင္ ေဆာင္ရြက္ေပးရ၏။ ထို႔အတူ ေစတနာေစတသိက္သည္ မိမိႏွင့္အတူ ျဖစ္ေဖာ္ျဖစ္ဖက္ တရားတို႔ အာ႐ံု၌ ယွဥ္စပ္မိရန္ လြန္စြာ ေၾကာင့္ၾကဗ်ာပါရမ်ားလွ၏။

          ဤဥပမာ၌ လယ္ပိုင္ရွင္ႀကီးသည္ ေစတနာ ေစတသိက္ႏွင့္တူ၍ ေကာက္ရိတ္သမား လယ္လုပ္သားမ်ားသည္ ေစတနာႏွင့္အတူ ျဖစ္ၾကသည့္ တရားမ်ားႏွင့္ တူသည္။ လယ္လုပ္သားမ်ား ႀကိဳးႀကိဳးစားစား ေကာက္ရိတ္ေအာင္ လယ္ပိုင္ရွင္ႀကီး၏ ေၾကာင့္ၾကဗ်ာပါရမ်ားျခင္းသည္ မိမိႏွင့္အတူ ျဖစ္ေဖာ္ျဖစ္ဖက္ တရားတို႔ အာ႐ံု၌ ယွဥ္စပ္ မိရန္ ေစတနာ၏ ေၾကာင့္ၾကဗ်ာပါရမ်ားပံုတို႔ တူၾကပါသည္။

 

ေစတနာပါ မပါသာ ပဓာန

 

          ေလာက၌ တစ္စံုတစ္ခုေသာ ကိုယ္မႈ, ႏႈတ္မႈတို႔ကို ျပဳလုပ္ေျပာဆိုရာတြင္ ေစတနာပါမႈ မပါမႈသာ လိုရင္း ပဓာနျဖစ္ေပသည္။ ထင္ရွားေစဦးအံ့။ မ်က္စိႏွစ္ကြင္း အလင္းမရရွာေသာ စကၡဳပါလရဟႏၲာမေထရ္ ျမတ္သည္ မိုးရြာၿပီးစ နံနက္ေစာေစာထ၍ စႀကႍၾကြေတာ္မူရာ ပိုးေကာင္မ်ားစြာကို နင္းမိသျဖင့္ ပိုးေကာင္အေျမာက္အမ်ား ေသ ေၾက ပ်က္စီးၾကရ၏။ သို႔ေသာ္ ထိုမေထရ္ျမတ္အား ေသေစလိုေသာ ေစတနာမရွိသျဖင့္ ပါဏာတိပါတကံ မျဖစ္ေပ။

          ဗုဒၶျမတ္စြာ သက္ေတာ္ထင္ရွား ရွိေတာ္မူစဥ္အခါက ေသာတာပန္ အရိယာျဖစ္သူ အမ်ိဳးသမီးတစ္ဦးသည္ မုဆိုးႀကီးတစ္ေယာက္ႏွင့္ သင့္ျမတ္ကာ အတူေနထိုင္ၾကသည္။ ထိုအမ်ိဳးသမီးသည္ ခင္ပြန္းျဖစ္သူ မုဆိုးႀကီးေစခိုင္း သမွ် ေလး, ျမႇား, လွံ, ပိုက္ကြန္စသည္တို႔ကို ယူေဆာင္ေပးရသည္။ ဇနီးသည္ ယူေဆာင္ေပးေသာ ေလး, ျမႇား စသည္ျဖင့္ ေတာသတၱ၀ါတို႔၏ အသက္ကို သတ္ျဖတ္သည္။ သို႔ရာတြင္ ဇနီးျဖစ္သူမွာ သတၱ၀ါတို႔ကို သတ္ျဖတ္ ပါေစဟူေသာ ရည္ရြယ္ခ်က္ျဖင့္ ေလး, ျမႇား စသည္တို႔ကို ယူေဆာင္ေပးသည္ မဟုတ္၊ ေသာတာပန္ အရိယာျဖစ္၍ သတၱ၀ါတို႔အား ေသေစလိုေသာ ေစတနာလည္းမရွိ၊ ခင္ပြန္းသည္၏ စကားကို လိုက္နာေသာအားျဖင့္သာ ယူေဆာင္ေပးရျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ ေသေစလိုသည့္ ေစတနာကင္းေသာ ဇနီးသည္မွာ ပါဏာတိပါတကံ မျဖစ္ေပ။ ဥပမာ လက္၌ အနာမရွိက အဆိပ္ကို ကိုင္ေသာ္လည္း အဆိပ္မသင့္သကဲ့သုိ႔ ျဖစ္သည္။

          ထို႔အတူ မုဆိုး၏ေစခိုင္းမႈေၾကာင့္ တြန္သံေပးၾကရေသာ တယ္ခါ, တယ္ၾကက္ စသည္တို႔မွာလည္း ေသေစလိုေသာ ေစတနာ မရွိေသာေၾကာင့္ ပါဏာတိပါတ မျဖစ္ေပ။

 

အိပ္မက္ေစတနာ

 

          အိပ္မက္ထဲတြင္ ဘုရားဖူးရသည္၊ တရားနာရသည္၊ သူ႔အသက္သတ္ရသည္၊ သူ႔ဥစၥာ ခိုးရသည္  စသည္ျဖင့္ ျမင္မက္ေသာသူ၏ ကုသိုလ္အိပ္မက္ေစတနာ၊ အကုသိုလ္အိပ္မက္ေစတနာတို႔သည္ အာ႐ံုထင္လာမႈ အားနည္း ေသာေၾကာင့္ ပဋိသေႏၶက်ိဳးကို မေပးစြမ္းႏိုင္။ တစ္ပါးေသာ ကုသိုလ္ေစတနာ အကုသိုလ္ ေစတနာတို႔၏ ေထာက္ပံ့ ကူညီမႈကို ရပါမူ ပ၀တၱိက်ိဳးကိုကား ေပးစြမ္းႏိုင္ေပသည္။

၀ိညာဏာဟာရ

 

          ၀ိညာဏ္ေလးပါးရွိ၏။ ၎တို႔မွာ –

          (၁)      စကၡဳ၀ိညာဏ္               =        ျမင္သိစိတ္

          (၂)      ေသာတ၀ိညာဏ္          =        ၾကားသိစိတ္

          (၃)      ဃာန၀ိညာဏ္             =        နံသိစိတ္

          (၄)      ဇိ၀ွါ၀ိညာဏ္                =        အရသာသိစိတ္

          (၅)      ကာယ၀ိညာဏ္           =        ထိသိစိတ္ ႏွင့္

          (၆)      မေနာ၀ိညာဏ             =        ႀကံေတြးသိစိတ္ တို႔ျဖစ္သည္။

         

အာဟာရပစၥည္း၊ ပစၥယုပၸန္၊ သုဒၶသခ်ၤာႏွင့္ မ်ဳိးတူပစၥည္း

 

          ပစၥည္းဟူေသာ အေၾကာင္းတရားမွာ ႐ုပ္အာဟာရဟူေသာ ကဗဠီကာရာဟာရႏွင့္ နာမ္အာဟာရ ဟူေသာ ဖႆ၊ ေ၀ဒနာႏွင့္ ၀ိညာဏ္တို႔ ျဖစ္၏။ ပစၥယုပၸန္ဟူေသာ အက်ဳိးတရားမွာ ကံ စိတ္ ဥတု အာဟာရ ေၾကာင့္ျဖစ္ေသာ မဟာဘုတ္ေလးပါးျဖင့္ၿပီးေသာ ႐ုပ္ခႏၶာကိုယ္ႏွင့္ စိတ္ (၈၉)ပါး၊ ေစတသိက္ (၅၂)ပါး စိတၱဇ႐ုပ္၊ ပဋိသေႏၶ ကမၼဇ႐ုပ္ တို႔ ျဖစ္၏။

 

 

 

ဘေးဒုက္ခအပေါင်း၏ အကြောင်းရင်း ဖဿ unicode

သတ္တဝါတို့သည် ချမ်းသာခံစားမှုကို အလွန် စုံမက်ကြ၏။ ချမ်းသာခံစားရေးအတွက် ချမ်းသာမှုပေး နိုင်မည့် အာရုံကို တွေ့ထိရန် အမြဲ ကြိုးပမ်းနေကြ၏။

လှပသော အဆင်းကို မြင်ရလျှင် ချမ်းသာမှု ဖြစ်ပေါ်၏။ ထို့ကြောင့် လှပသော အဆင်းကို မြင်တွေ့မှု (စက္ခုသမ္ဖဿ)အတွက် ထိုအဆင်း ရူပါရုံရှိရာသို့ သွားရ၏။ ထိုအဆင်းရူပါရုံ ရရှိရေးအတွက် ဒုက္ခခံကြရ၏။ သာယာသော အသံကို ကြားတွေ့မှု (သောတသမ္ဖဿ) မွှေးကြိုင်သောရနံ့ကို နံတွေ့မှု (ဃာနသမ္ဖဿ)၊ လျှာပေါ်၌ မြက်မြက်ကလေးတွေ့မှု (ဇိဝှါသမ္ဖဿ)၊ နူးညံ့သောအိပ်ရာ နေရာအဝတ်အထည် ယောက်ျား မိန်းမ၊ အတွေ့အထိ (ကာယသမ္ဖဿ)၊ စိတ်ကူးယဉ်ကြည်နူးမှု (မနောသမ္ဖဿ) ဤဖဿများ ဖြစ်ပေါ်ရေး အတွက် ကြိုးပမ်းနေစဉ် အဆုံး အပိုင်းအခြားမရှိသော ဒုက္ခများကို ခံစားနေကြရ၏။

မြင်တွေ့မှု၊ ကြားတွေ့မှု၊ နံတွေ့မှု၊ လျက်တွေ့မှု၊ ထိတွေ့မှု၊ စိတ်ကူးတွေ့မှုများ ဖြစ်ပေါ်လာရေးအတွက် ထိုထိုအာရုံများနောက်သို့ တကောက်ကောက် လိုက်နေကြ၏။ ထိုသို့ အာရုံများနှင့် ထိတွေ့နိုင်ရေးအတွက် တရားသဖြင့် ကြိုးပမ်းအား ထုတ်၍ မရနိုင်သောအခါ ဖြတ်လမ်းမှ လိုက်၍ ခိုးဝှက်လုယက်၏။ သူတစ်ပါး သားမယား ပြစ်မှား၏။ ထိုအခါ ခိုးသူကို ပိုင်ရှင်တို့က ဖမ်းဆီး သတ်ဖြတ်ကုန်၏။ အစိုးရမင်းတို့က အပြစ်ဒဏ်ခတ်၊ နှိပ်စက် ညှဉ်းဆဲကုန်၏။ သေလွန်သောအခါ၌လည်း အပါယ်လေးပါးသို့ လားရ၏။ ထို့ကြောင့် ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘေးဒုက္ခအပေါင်းသည် ဖဿသာလျှင် အကြောင်းရင်းမူလ ရှိ၏။

 

 

ဖဿစေတသိက်နှင့် ပဋ္ဌာန်းတရားတော်

“သဠာယတန ပစ္စယာ ဖဿော” ၌ ပဋ္ဌာန်းနည်း ကြောင်းကျိုး ဆက်စပ်ဟန်ကား စက္ခုပသာဒရုပ်သည် စက္ခုဒွါရဖြစ်သော ဖဿအား နိဿယ၊ ပုရေဇာတ၊ ဣနြ္ဒိိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိ ခြောက်ပါးတို့ဖြင့် ကျေးဇူးပြု၏။ သောတ, ဃာန, ဇိဝှာ, ကာယ, ပသာဒ တို့၌လည်း ဤနည်းတူ သိအပ်၏။ မနာယတနဖြစ်သော လောကီဝိပါက်စိတ်သည် သမ္ပယုတ်ဖြစ်သော မနောသမ္ဖဿအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ ဣနြ္ဒိယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိကိုးပါးတို့ဖြင့် ကျေးဇူးပြု၏။

ရူပါရုံသည် စက္ခုသမ္ဖဿအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ ဟူ၍ ပစ္စယသတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။ သဒ္ဓါရုံစသည်၌လည်း ဤနည်းအတူပင် သိအပ်၏။ ပစ္စုပ္ပန်ဖြစ်သော ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံတို့သည် မနောသမ္ဖအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ ဟူသော ပစ္စယ သတ္တိလေးပါးတို့ဖြင့် ကျေးဇူးပြု၏။ အတိတ်, အနာဂတ်, ကာလဝိမုတ်ဖြစ်သော အာရုံခြောက်ပါးသော မနောသမ္ဖဿ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

ဖဿပစ္စယာ ဝေဒနာ၌ ပဋ္ဌာန်းပစ္စည်းဖြင့် ကျေးဇူးပြုဟန်ကား စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် မိမိယှဉ်ဖက်ဖြစ်သော ဝေဒနာငါးပါးအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူ၍ ပစ္စယသတ္တိရှစ်ပါးဖြင့် အသီးသီး ကျေးဇူးပြု၏။ စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် သမ္ပဋိစ္ဆိုင်း၌ ယှဉ်သော ဝေဒနာအား အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ဝိဂတဟူ၍ ပစ္စယသတ္တိငါးပါးတို့ဖြင့် ကျေးဇူးပြု၏။

စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် သန္တီရဏ, တဒါရုံ၌ ယှဉ်သော ဝေဒနာအား ဥပနိဿယ ပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏။ မနောဒါွရဝီထိ၌ တဒါရုံ၌ယှဉ်သော မနောသမ္ဖဿသည် ထိုတဒါရုံ၌ ယှဉ်သော ဝေဒနာအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတဟူသော ပစ္စယသတ္တိရှစ်ပါးတို့ဖြင့် ကျေးဇူးပြု၏။ ပဋိသန္ဓေ ဘဝင်စုတိစိတ်တို့၌ယှဉ်သော မနောသမ္ဖဿသည် မိမိယှဉ်ဖက် ဝေဒနာအား ထိုနည်းအတူ ရှစ်ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ မနောဒွါရဝဇ္ဇန်း၌ ယှဉ်သော မနောသမ္ဖဿသည် တဒါရုံ၌ ယှဉ်သောဝေဒနာအား ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

၃။ စေတနာအာဟာရ

စေတနာစေတသိက်

စေတနာစေတသိက်သည် စိတ်ဖြစ်သည့်အခါတိုင်း စိတ်နှင့်အတူ ဖြစ်ပေါ်လာရသည့် စေတသိက် တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုစေတသိက်ကို စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (ဝါ) စိတ်ဖြစ်တိုင်းပါ (သဗ္ဗစိတ္တ သာဓာရဏ) စေတသိက်ဟု အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာကျမ်း စသည်တို့၌ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထိုစေတနာစေတသိက်သည် မိမိလည်း အာရုံကိုယူသည်၊ မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် စိတ် စေတသိက်တရားများ ဆိုင်ရာ ကိစ္စများကို ရွက်ဆောင်အောင်လည်း တိုက်တွန်း နှိုးဆော်ပေးသည်။

စေတနာသည် ငှက်စသောသတ္တဝါတို့၏ အတောင်နှင့် တူပေသည်။ ငှက်စသော သတ္တဝါတို့သည် အတောင်ရှိ၍သာ သစ်ပင်တစ်ပင်မှ တစ်ပင်သို့၊ တောတစ်ခုမှ တစ်ခုသို့ လှည့်လည်ပြီး မိမိတို့ခန္ဓာကိုယ်ကို ထိန်း ကျောင်း မွေးမြူနိုင်ကြ၏။ အကယ်၍ ထိုသတ္တဝါများ၌ အတောင်မရှိခဲ့ပါလျှင် မပျံသန်းနိုင်ကြပဲ သေကြဖို့သာ ရှိပေသည်။

ထို့အတူ သတ္တဝါအပေါင်းတို့၌လည်း အတောင်နှင့်တူသော စေတနာရှိ၍သာ စေတနာ၏ လှုံ့ဆော် တိုက်တွန်းမှုကြောင့် ကံကြီးကံငယ် အသွယ်သွယ်တို့ ဖြစ်ပေါ်လာကြပြီးလျှင် ဘဝတစ်ခုမှ ဘဝတစ်ခုသို့၊ ဘုံ တစ်ခုမှ ဘုံတစ်ခုသို့ လှည့်လည် နိုင်ကြပေသည်။ အကယ်၍ စေတနာမရှိပါက ကံတရားလည်း မပေါ်လာနိုင်၊ ကံတရား မပေါ်ပါက အကျိုးဝိပါကဝဋ်လည်း မဖြစ်လာနိုင်၊ အကျိုးဝိပါကဝဋ် မဖြစ်လာကလည်း ထိုဝိပါကဝဋ်အတွင်း၌ ထောက်တည် ကိန်းအောင်းနေကြသည့် ကိလေသာဝဋ်တို့လည်း မရှိနိုင်၊ ထိုအခါ ဝဋ်သုံးပါး ပြတ်သွားဖို့ရာပင် ဖြစ်သည်။ ထို့ကြောင့် ဝဋ်သုံးပါး၌ ကျင်လည်နေရမှုသည် စေတနာ၏ အစွမ်းသတ္တိဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထို့ကြောင့် စေတနာသည် အာဟာရဆိုသည့် နာမည်ထူးတစ်မျိုးကို ရရှိခြင်းဖြစ်သည်။

 

 

စေ့ဆော်တိုက်တွန်းခြင်းသဘော ဥပမာ

ဥပမာအားဖြင့် စေတနာစေတသိက်သည် ကျောင်းတွင် ပညာသင်ကြားနေသော ခေါင်းဆောင်တပည့်ကြီးနှင့် သဘောတူပေသည်။ ခေါင်းဆောင်တပည့်ကြီးသည် ဆရာလာနေသည် အဝေးမှမြင်သည်နှင့် တစ်ပြိုင်နက် မိမိကိုယ်တိုင်လည်း စာအံစာကျက်၏။ အခြားအတူနေ တပည့်ငယ်များကိုလည်း “ဟိုမှာ ဆရာ လာနေပြီ” စသည် ပြော၍ စာအံစာကျက်ရန် တိုက်တွန်းနှိုးဆော်၏။ ထိုခေါင်းဆောင် တပည့်ကြီးနည်းတူ စေတနာစေတသိက်သည် မိမိလည်း အာရုံကိုယူသည်၊ မိမိနှင့်အတူဖြစ်ဖက် စိတ် စေတသိက်တရားတို့ကို အာရုံ၌ ဆက်စပ်ပေးမှုကိုလည်း ပြုသည်။ ဖဿစသော အတူဖြစ်ဖော်ဖြစ်ဖက် တရားတို့ကို ဆိုင်ရာကိစ္စများ ရွက်ဆောင်ကြရန်လည်း တိုက်တွန်း နှိုးဆော်ပေးသည်။

ဤသို့ မိမိကိစ္စ သူတစ်ပါးကိစ္စတို့ကို ပြီးစေတတ်သောကြောင့် (ဝါ) မိမိလည်း အာရုံကို ယူတတ်၊ အတူ ဖြစ်ဖက်တရားတို့ကိုလည်း မိမိကဲ့သို့ အာရုံကိုယူပြီး ဆိုင်ရာကိစ္စကို ဆောင်ရွက်ကြရန် နှိုးဆော်သကဲ့သို့ ဖြစ်သော ကြောင့် စေတနာကို ခေါင်းဆောင်တပည့်ကြီးနှင့် တူသောတရားဟု အဋ္ဌကထာဋီကာများ၌ ဖွင့်ဆိုကြပေသည်။

စေတနာနှင့် လယ်ပိုင်ရှင် ဥပမာ

ဥပမာအားဖြင့် စေတနာစေတသိက်၏ ကြောင့်ကြဗျာပါရများပုံသည် လယ်လုပ်သားများနှင့်အတူ ကိုယ်တိုင် ထွက်၍ လယ်ရိတ်သိမ်းသော လယ်ပိုင်ရှင်ကြီးနှင့် တူပေသည်။ လယ်ပိုင်ရှင်ကြီးတို့မည်သည် စိုက် ပျိုးအောင်မြင် ဖြစ်ထွန်းပြီးသော လယ်ယာသီးနှံများကို ရိတ်သိမ်းရာတွင် မိမိပိုင်ပစ္စည်းများ မပျက်မစီးစေရန်၊ အလေအလွင့် နည်းပါးစေရန်၊ အချိန်မီပြီးစီးရန် “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဆိုသလို လယ်လုပ်သားများထက် ပိုမို၍ ကြောင့်ကြဗျာပါရ စိုက်ရမည်မှာ ဓမ္မတာဖြစ်ပေသည်။

သို့ဖြစ်၍ လယ်ပိုင်ရှင်သည် ရှေးဦးစွာ လယ်ရိတ်သွားရန် လယ်လုပ်သားများကို ဆော်သြ၍ ခေါ်ဝေါ် စုဆောင်းရ၏။ ထို့နောက် မိမိနှင့် တစ်ပေါင်းတစ်စည်းတည်း လယ်ရိတ်ဆင်းကြသည်။ ကောက်ရိတ်သည့်အခါ၌ လည်း “ယူကြပါ၊ ငင်ကြပါ၊ ရိတ်ကြပါ” ဟု အမြဲမပြတ် နှိုးဆော်ရ၏။ မည်သည့်နေရာအထိ ရိတ်ရမည် ဟုလည်း အပိုင်းအခြားကို ညွှန်ကြားရ၏။ ကောက်ရိတ်သမားတို့ ကြိုးကြိုးစားစား ရိတ်ကြရန် သူတို့အား ထမင်း ယမကာ နံ့သာ ပန်းမာလ်စသည်တို့ဖြင့် အလိုက်သိစွာ တိုက်ကျွေးပေးကမ်းရ၏။ ရိတ်ရမည့် လမ်းကိုလည်း ညီမျှအောင် ဆောင်ရွက်ပေးရ၏။ ထို့အတူ စေတနာစေတသိက်သည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားတို့ အာရုံ၌ ယှဉ်စပ်မိရန် လွန်စွာ ကြောင့်ကြဗျာပါရများလှ၏။

ဤဥပမာ၌ လယ်ပိုင်ရှင်ကြီးသည် စေတနာ စေတသိက်နှင့်တူ၍ ကောက်ရိတ်သမား လယ်လုပ်သားများသည် စေတနာနှင့်အတူ ဖြစ်ကြသည့် တရားများနှင့် တူသည်။ လယ်လုပ်သားများ ကြိုးကြိုးစားစား ကောက်ရိတ်အောင် လယ်ပိုင်ရှင်ကြီး၏ ကြောင့်ကြဗျာပါရများခြင်းသည် မိမိနှင့်အတူ ဖြစ်ဖော်ဖြစ်ဖက် တရားတို့ အာရုံ၌ ယှဉ်စပ် မိရန် စေတနာ၏ ကြောင့်ကြဗျာပါရများပုံတို့ တူကြပါသည်။

စေတနာပါ မပါသာ ပဓာန

လောက၌ တစ်စုံတစ်ခုသော ကိုယ်မှု, နှုတ်မှုတို့ကို ပြုလုပ်ပြောဆိုရာတွင် စေတနာပါမှု မပါမှုသာ လိုရင်း ပဓာနဖြစ်ပေသည်။ ထင်ရှားစေဦးအံ့။ မျက်စိနှစ်ကွင်း အလင်းမရရှာသော စက္ခုပါလရဟန္တာမထေရ် မြတ်သည် မိုးရွာပြီးစ နံနက်စောစောထ၍ စြင်္ကံကြွတော်မူရာ ပိုးကောင်များစွာကို နင်းမိသဖြင့် ပိုးကောင်အမြောက်အများ သေ ကြေ ပျက်စီးကြရ၏။ သို့သော် ထိုမထေရ်မြတ်အား သေစေလိုသော စေတနာမရှိသဖြင့် ပါဏာတိပါတကံ မဖြစ်ပေ။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက သောတာပန် အရိယာဖြစ်သူ အမျိုးသမီးတစ်ဦးသည် မုဆိုးကြီးတစ်ယောက်နှင့် သင့်မြတ်ကာ အတူနေထိုင်ကြသည်။ ထိုအမျိုးသမီးသည် ခင်ပွန်းဖြစ်သူ မုဆိုးကြီးစေခိုင်း သမျှ လေး, မြှား, လှံ, ပိုက်ကွန်စသည်တို့ကို ယူဆောင်ပေးရသည်။ ဇနီးသည် ယူဆောင်ပေးသော လေး, မြှား စသည်ဖြင့် တောသတ္တဝါတို့၏ အသက်ကို သတ်ဖြတ်သည်။ သို့ရာတွင် ဇနီးဖြစ်သူမှာ သတ္တဝါတို့ကို သတ်ဖြတ် ပါစေဟူသော ရည်ရွယ်ချက်ဖြင့် လေး, မြှား စသည်တို့ကို ယူဆောင်ပေးသည် မဟုတ်၊ သောတာပန် အရိယာဖြစ်၍ သတ္တဝါတို့အား သေစေလိုသော စေတနာလည်းမရှိ၊ ခင်ပွန်းသည်၏ စကားကို လိုက်နာသောအားဖြင့်သာ ယူဆောင်ပေးရခြင်း ဖြစ်သည်။ ထို့ကြောင့် သေစေလိုသည့် စေတနာကင်းသော ဇနီးသည်မှာ ပါဏာတိပါတကံ မဖြစ်ပေ။ ဥပမာ လက်၌ အနာမရှိက အဆိပ်ကို ကိုင်သော်လည်း အဆိပ်မသင့်သကဲ့သို့ ဖြစ်သည်။

ထို့အတူ မုဆိုး၏စေခိုင်းမှုကြောင့် တွန်သံပေးကြရသော တယ်ခါ, တယ်ကြက် စသည်တို့မှာလည်း သေစေလိုသော စေတနာ မရှိသောကြောင့် ပါဏာတိပါတ မဖြစ်ပေ။

အိပ်မက်စေတနာ

အိပ်မက်ထဲတွင် ဘုရားဖူးရသည်၊ တရားနာရသည်၊ သူ့အသက်သတ်ရသည်၊ သူ့ဥစ္စာ ခိုးရသည် စသည်ဖြင့် မြင်မက်သောသူ၏ ကုသိုလ်အိပ်မက်စေတနာ၊ အကုသိုလ်အိပ်မက်စေတနာတို့သည် အာရုံထင်လာမှု အားနည်း သောကြောင့် ပဋိသန္ဓေကျိုးကို မပေးစွမ်းနိုင်။ တစ်ပါးသော ကုသိုလ်စေတနာ အကုသိုလ် စေတနာတို့၏ ထောက်ပံ့ ကူညီမှုကို ရပါမူ ပဝတ္တိကျိုးကိုကား ပေးစွမ်းနိုင်ပေသည်။

 

၄-ဝိညာဏာဟာရ

ဝိညာဏ်လေးပါးရှိ၏။ ၎င်းတို့မှာ –

(၁) စက္ခုဝိညာဏ် = မြင်သိစိတ်

(၂) သောတဝိညာဏ် = ကြားသိစိတ်

(၃) ဃာနဝိညာဏ် = နံသိစိတ်

(၄) ဇိဝှါဝိညာဏ် = အရသာသိစိတ်

(၅) ကာယဝိညာဏ် = ထိသိစိတ် နှင့်

(၆) မနောဝိညာဏ = ကြံတွေးသိစိတ် တို့ဖြစ်သည်။

အာဟာရပစ္စည်း၊ ပစ္စယုပ္ပန်၊ သုဒ္ဓသင်္ချာနှင့် မျိုးတူပစ္စည်း

ပစ္စည်းဟူသော အကြောင်းတရားမှာ ရုပ်အာဟာရဟူသော ကဗဠီကာရာဟာရနှင့် နာမ်အာဟာရ ဟူသော ဖဿ၊ ဝေဒနာနှင့် ဝိညာဏ်တို့ ဖြစ်၏။ ပစ္စယုပ္ပန်ဟူသော အကျိုးတရားမှာ ကံ စိတ် ဥတု အာဟာရ ကြောင့်ဖြစ်သော မဟာဘုတ်လေးပါးဖြင့်ပြီးသော ရုပ်ခန္ဓာကိုယ်နှင့် စိတ် (၈၉)ပါး၊ စေတသိက် (၅၂)ပါး စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ် တို့ ဖြစ်၏။

 

 13 total views,  1 views today

By admin

Leave a Reply

Your email address will not be published.