၁၅- အာဟာရပစၥေယာ – Āhāra Paccayo (Nutriment condition) (3/5) zawgyi

 

သေဗၺသတၱာ အာဟာရ ႒ိတိကာ

( က-၁ )    ‘သေဗၺသတၱာ အာဟာရ ႒ိတိကာ’  သတၱ၀ါမွန္သမွ်သည္ အာဟာရအေၾကာင္း အေထာက္ အပ့ံေၾကာင့္သာ ျဖစ္တည္ ေနႏိုင္ၾကပါသည္။

( က-၂ )    ကံက ဘ၀အသစ္ကို ပို႔ေပးလိုက္သျဖင့္ ဘ၀အသစ္ရရွိေရး၌ ကံ၏ တာ၀န္ေက်ေလၿပီ။ ထိုရရွိထားသည့္ဘ၀ ဆက္လက္ ရွင္သန္ေနရန္ အာဟာရက ဆက္လက္တာ၀န္ယူကာ ေထာက္ပ့ံေပးရ၏။

႐ုပ္အာဟာရႏွင့္ နာမ္အာဟာရ

(ခ-၁)        အာဟာရႏွစ္မ်ဳိးရွိ၏ ၁- ႐ုပ္အာဟာရ  physical nutriment  ႏွင့္  ၂-နာမ္ အာဟာရ mental nutriment တို႔ျဖစ္၏။

(ခ-၂)        ႐ုပ္အာဟာရဟူသည္ ‘ကဗဠီကာေရာ အာဟာေရာ’ဟု ဆိုအပ္ေသာ စားေသာက္ ၀ါးမ်ဳိသျဖင့္ ျဖစ္ေပၚ လာသည့္ အဆီအႏွစ္ ၾသဇာအာဟာရဓာတ္ ျဖစ္၏။

(ခ-၃)        နာမ္အာဟာရဟူသည္ ဖႆ= Contact nutriment အာ႐ံုကိုေတြ႕ထိျခင္းသေဘာ။ ေစတနာဟာရ= Intention nutriment ေစ့ေဆာ္ တိုက္တြန္းျခင္းသေဘာႏွင့္ ၀ိညာဏာဟာရ= Conciousnes nutriment အာ႐ံုကို သိတတ္ ေသာ သေဘာတရားတို႔ကို နာမ္အာဟာရဟု ေခၚ၏။

(ခ-၄)        ထို႔ေၾကာင့္ အာဟာရဟူသည္ နာမ္အာဟာရက သံုးပါး၊ ႐ုပ္အာဟာရကတစ္ပါး ျဖစ္သျဖင့္ စုစုေပါင္း  အာဟာရေလးပါးျဖစ္၏။

(ဂ) အရိယာျဖစ္သည္တိုင္ ေက်းဇူးျပဳခဲ့သည့္ ထမင္းအာဟာရ

      ျမတ္စြာဘုရားရွင္သည္ သံဃာငါးရာၿခံရံလ်က္ အာဠ၀ီၿမိဳ႕၌ ဆြမ္းခံကြွြေတာ္မူစဥ္ သူဆင္းရဲသားတစ္ေယာက္သည္ ႏြားေပ်ာက္ သျဖင့္ ရွာေန၏။ ျမတ္စြာဘုရားရွင္က ဤသူဆင္းရဲ အရိယာျဖစ္မည့္အေရးကို ျမင္ေတာ္မူသျဖင့္ ေဇတ၀န္ေက်ာင္းေတာ္ မွသည္ ယူဇနာသံုးဆယ္ (မိုင္-၃၀၀ခန္႔) ကြာေ၀းသည့္ အာဠ၀ီၿမိဳ႕သို႔ ကြွလာေတာ္မူျခင္းျဖစ္ပါသည္။ တရားနာခ်ိန္ ေရာက္ၿပီျဖစ္ေသာ္လည္း သူဆင္းရဲ မေရာက္ေသးသျဖင့္ ေစာင့္ဆိုင္းေနေတာ္မူ၏။ သူဆင္းရဲက ေနမြန္းတည့္ခ်ိန္၌ ႏြားရွာေတြ႕သျဖင့္ အိမ္မျပန္ေသးဘဲ ဘုရားရွင္ထံပါး တရားနာရန္ ေရာက္လာခဲ့ပါသည္။ ျမတ္စြာဘုရားရွင္က ေ၀ယ်ာ၀စၥအဖဲြ႕ ေခါင္းေဆာင္အား သံဃာေတာ္မ်ား၏ ဆြမ္းကြွင္းဆြမ္းက်န္မ်ား ရွိမရွိ ေမးေတာ္မူရာ ရွိသည့္အေၾကာင္း ေလွ်ာက္ၾကားသျဖင့္ သူဆင္းရဲကို ေကြၽးေမြးရန္ မိန္႕ၾကားေတာ္မူ၏။ ဆာေလာင္၍ ပူေလာင္ ပင္ပန္းေနသည့္ သူဆင္းရဲသည္ ထမင္း၀သျဖင့္ ပူပန္မႈကင္းကာ စိတ္မွာလည္း တည္တည္ၾကည္ၾကည္ ျဖစ္ေတာ့၏။ ထိုအခါ ျမတ္စြာဘုရားရွင္ထံပါးမွ တရားေတာ္ကို နာၾကားရသျဖင့္ သူဆင္းရဲ ေသာတာပန္ျဖစ္၏။

ထိုသူဆင္းရဲ ဘုရားထံပါး ေရာက္ခါစတြင္ အလြန္အမင္း ဆာေလာင္မြတ္သိပ္ ေနသျဖင့္ ဘုရားရွင္၏ ႏႈတ္ေတာ္ထြက္ နက္နဲတရားေတာ္ကို ႏွလံုးသြင္းႏိုင္မည္ မဟုတ္ေပ၊ အစာအာဟာရစားသံုးၿပီးသည့္ အခါတြင္မူ ခႏၶာကိုယ္တြင္ အာဟာရဇ႐ုပ္မ်ား စည္ပင္သြား၏၊ က်န္သည့္ကမၼဇ႐ုပ္၊ စိတၱဇ႐ုပ္ႏွင့္ ဥတုဇ႐ုပ္တို႔လည္း အာဟာရဇ႐ုပ္ႏွင့္ ဆက္ႏြယ္ကာ လန္းဆန္းစည္ပင္ျခင္းသည္ အာဟာရသတၱိျဖင့္ ေက်းဇူးျပဳျခင္း ျဖစ္၏။ တစ္ဖန္ ျမတ္ဗုဒၶ၏ အသံေတာ္ သဒၵါ႐ံုႏွင့္ သူဆင္းရဲ၏ နားအၾကည္႐ုပ္တို႔သည္ လည္းေကာင္း၊ ျမတ္ဗုဒၶ၏ အဆင္းေတာ္႐ူပါ႐ံုႏွင့္ သူ၏ မ်က္စိအၾကည္ ႐ုပ္တို႔သည္လည္းေကာင္း တိုက္ဆံုၿပီး ေတြ႕ထိမႈဖႆသည္ ဖႆာဟာရ အျဖစ္ ယွဥ္ေဖာ္ယွဥ္ဖက္ နာမ္တရားႏွင့္ စိတၱဇ႐ုပ္တို႔အား နာမ္အာဟာရ သတၱိျဖင့္ ေက်းဇူးျပဳ၏။

(မွတ္ခ်က္- ျမတ္ဗုဒၶမွ ထမင္းေကြၽးရန္ စီစဥ္ေပးေတာ္မူသည့္ အေၾကာင္းဟူ၍ ပိဋကတ္သံုးပံုတြင္ ဤ၀တၳဳ၌သာ လာရွိ၏။)

(က်မ္းညႊန္း- ဓမၼပဒအ႒ကထာ၊ အတဲြ-၂၊ ႏွာ-၁၆၉၊ ႏြားေပ်ာက္ေသာ ဥပါသာ၀တၳဳ)

 

၁၅- အာဟာရပစ္စယော – Āhāra Paccayo (Nutriment condition) (3/5) paydaungsu-unicode

သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ

( က-၁ ) ‘သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ’ သတ္တဝါမှန်သမျှသည် အာဟာရအကြောင်း အထောက် အပံ့ကြောင့်သာ ဖြစ်တည် နေနိုင်ကြပါသည်။

( က-၂ ) ကံက ဘဝအသစ်ကို ပို့ပေးလိုက်သဖြင့် ဘဝအသစ်ရရှိရေး၌ ကံ၏ တာဝန်ကျေလေပြီ။ ထိုရရှိထားသည့်ဘ၀ ဆက်လက် ရှင်သန်နေရန် အာဟာရက ဆက်လက်တာဝန်ယူကာ ထောက်ပံ့ပေးရ၏။


ရုပ်အာဟာရနှင့် နာမ်အာဟာရ

(ခ-၁) အာဟာရနှစ်မျိုးရှိ၏ ၁- ရုပ်အာဟာရ physical nutriment နှင့် ၂-နာမ် အာဟာရ mental nutriment တို့ဖြစ်၏။

(ခ-၂) ရုပ်အာဟာရဟူသည် ‘ကဗဠီကာရော အာဟာရော’ဟု ဆိုအပ်သော စားသောက် ဝါးမျိုသဖြင့် ဖြစ်ပေါ် လာသည့် အဆီအနှစ် သြဇာအာဟာရဓာတ် ဖြစ်၏။

(ခ-၃) နာမ်အာဟာရဟူသည် ဖဿ= Contact nutriment အာရုံကိုတွေ့ထိခြင်းသဘော။ စေတနာဟာရ= Intention nutriment စေ့ဆော် တိုက်တွန်းခြင်းသဘောနှင့် ဝိညာဏာဟာရ= Conciousnes nutriment အာရုံကို သိတတ် သော သဘောတရားတို့ကို နာမ်အာဟာရဟု ခေါ်၏။

(ခ-၄) ထို့ကြောင့် အာဟာရဟူသည် နာမ်အာဟာရက သုံးပါး၊ ရုပ်အာဟာရကတစ်ပါး ဖြစ်သဖြင့် စုစုပေါင်း အာဟာရလေးပါးဖြစ်၏။


(ဂ) အရိယာဖြစ်သည်တိုင် ကျေးဇူးပြုခဲ့သည့် ထမင်းအာဟာရ

မြတ်စွာဘုရားရှင်သည် သံဃာငါးရာခြံရံလျက် အာဠဝီမြို့၌ ဆွမ်းခံကွှတော်မူစဉ် သူဆင်းရဲသားတစ်ယောက်သည် နွားပျောက် သဖြင့် ရှာနေ၏။ မြတ်စွာဘုရားရှင်က ဤသူဆင်းရဲ အရိယာဖြစ်မည့်အရေးကို မြင်တော်မူသဖြင့် ဇေတဝန်ကျောင်းတော် မှသည် ယူဇနာသုံးဆယ် (မိုင်-၃၀၀ခန့်) ကွာဝေးသည့် အာဠဝီမြို့သို့ ကွှလာတော်မူခြင်းဖြစ်ပါသည်။ တရားနာချိန် ရောက်ပြီဖြစ်သော်လည်း သူဆင်းရဲ မရောက်သေးသဖြင့် စောင့်ဆိုင်းနေတော်မူ၏။ သူဆင်းရဲက နေမွန်းတည့်ချိန်၌ နွားရှာတွေ့သဖြင့် အိမ်မပြန်သေးဘဲ ဘုရားရှင်ထံပါး တရားနာရန် ရောက်လာခဲ့ပါသည်။ မြတ်စွာဘုရားရှင်က ဝေယျာဝစ္စအဖွဲ့ ခေါင်းဆောင်အား သံဃာတော်များ၏ ဆွမ်းကွှင်းဆွမ်းကျန်များ ရှိမရှိ မေးတော်မူရာ ရှိသည့်အကြောင်း လျှောက်ကြားသဖြင့် သူဆင်းရဲကို ကျွေးမွေးရန် မိန့်ကြားတော်မူ၏။ ဆာလောင်၍ ပူလောင် ပင်ပန်းနေသည့် သူဆင်းရဲသည် ထမင်းဝသဖြင့် ပူပန်မှုကင်းကာ စိတ်မှာလည်း တည်တည်ကြည်ကြည် ဖြစ်တော့၏။ ထိုအခါ မြတ်စွာဘုရားရှင်ထံပါးမှ တရားတော်ကို နာကြားရသဖြင့် သူဆင်းရဲ သောတာပန်ဖြစ်၏။


ထိုသူဆင်းရဲ ဘုရားထံပါး ရောက်ခါစတွင် အလွန်အမင်း ဆာလောင်မွတ်သိပ် နေသဖြင့် ဘုရားရှင်၏ နှုတ်တော်ထွက် နက်နဲတရားတော်ကို နှလုံးသွင်းနိုင်မည် မဟုတ်ပေ၊ အစာအာဟာရစားသုံးပြီးသည့် အခါတွင်မူ ခန္ဓာကိုယ်တွင် အာဟာရဇရုပ်များ စည်ပင်သွား၏၊ ကျန်သည့်ကမ္မဇရုပ်၊ စိတ္တဇရုပ်နှင့် ဥတုဇရုပ်တို့လည်း အာဟာရဇရုပ်နှင့် ဆက်နွယ်ကာ လန်းဆန်းစည်ပင်ခြင်းသည် အာဟာရသတ္တိဖြင့် ကျေးဇူးပြုခြင်း ဖြစ်၏။ တစ်ဖန် မြတ်ဗုဒ္ဓ၏ အသံတော် သဒ္ဒါရုံနှင့် သူဆင်းရဲ၏ နားအကြည်ရုပ်တို့သည် လည်းကောင်း၊ မြတ်ဗုဒ္ဓ၏ အဆင်းတော်ရူပါရုံနှင့် သူ၏ မျက်စိအကြည် ရုပ်တို့သည်လည်းကောင်း တိုက်ဆုံပြီး တွေ့ထိမှုဖဿသည် ဖဿာဟာရ အဖြစ် ယှဉ်ဖော်ယှဉ်ဖက် နာမ်တရားနှင့် စိတ္တဇရုပ်တို့အား နာမ်အာဟာရ သတ္တိဖြင့် ကျေးဇူးပြု၏။

(မှတ်ချက်- မြတ်ဗုဒ္ဓမှ ထမင်းကျွေးရန် စီစဉ်ပေးတော်မူသည့် အကြောင်းဟူ၍ ပိဋကတ်သုံးပုံတွင် ဤဝတ္ထု၌သာ လာရှိ၏။)

(ကျမ်းညွှန်း- ဓမ္မပဒအဋ္ဌကထာ၊ အတွဲ-၂၊ နှာ-၁၆၉၊ နွားပျောက်သော ဥပါသာဝတ္ထု)

 3 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *