၁၂- အာသေ၀နပစ္စယော Āsevana Paccayo (Repetitive condition) (8 of 10) zawgyi
အာသေ၀နမှာ  ၁- မျိုး (ကု-ကု)
ဥပနိဿယမှာ  ၃-မျိုး(ကု-ကု။ ကု-အကု။ ကု-ဗျာ)
(ဃ- ၃) အာသေ၀နပစ္စည်းသည်—
– (အန္တရူပပနိဿယ)     contiguity condition အားကြီးသော မှီိရာဟူသော ရှုတောင့်ကလည်း မပြပါ။
(ဃ- ၄) ထို့ကြောင့် အကျိုးတရားတစ်ခု ပေါ်ပေါက်လာနိုင်ရန် မတူညီသည့် စွမ်းရည်သတ္တိများစွာတို့က ကျေးဇူးပြုနေကြောင်းကို မြတ်စွာဘုရားရှင်က ပဋ္ဌာန်းဒေသနာတော်တွင် မရေမတွက်နိုင်သည့် နည်းလမ်း အဖုံဖုံဖြင့် တန်ဆာဆင်ကာ ဟောကြားတော်မူခြင်း ဖြစ်ပါသည်။
၁၂- အာသေဝနပစ္စယော Āsevana Paccayo (Repetitive condition) (8 of 10) pyidaungsu – unicode
ပဋ္ဌာန်းပစ္စည်းများကိုယှဉ်တွဲလေ့လာခြင်း
(ဃ-၁ ) အနန္တရပစ္စည်းသည် မျိုးဇာတ်တူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ ကျေးဇူးပြုသည်၊ ဥပမာ -ကု ဗျာ၊ အကု ဗျာ၊ ဗျာ ကု၊ ဗျာ အကု။ အာသေဝနပစ္စည်းကမူ မျိုးဇာတ်တူမှသာ ကျေးဇူးပြုသည်။ ဥပမာ- ကု ကု၊ အကု အကု၊ ဗျာ ဗျာ။
(ဃ- ၂) ဟေတု။ အာရမ္မဏ။ ဥပနိဿယတို့က ကု အကု။ အကု ကု ကိုလည်း ကျေးဇူးပြုပါသည်။
အာသေဝနမှာ ၁- မျိုး (ကု-ကု)
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အာသေဝနပစ္စယေန ပစ္စယော ။
အနန္တရမှာ ၂-မျိုး (ကု-ကု ၊ အကု-ဗျာ)
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော ။
အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ အနန္တရပစ္စယေန ပစ္စယော။
ဥပနိဿယမှာ ၃-မျိုး(ကု-ကု။ ကု-အကု။ ကု-ဗျာ)
ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော ။
-ကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဥပနိဿယပစ္စယေန ပစ္စယော ။
-ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ သမနန္တရပစ္စယေန ပစ္စယော။
ယခုကဲ့သို့ ပဋ္ဌာန်းပစ္စည်းများကို ယှဉ်တွဲလေ့လာခြင်းဖြင့် ပဋ္ဌာန်းတရားတော်လေ့လာရာ၌ များစွာ ထောက်ကူ ဖြစ်စေနိုင်ပါသည်။
(ဃ- ၃) အာသေဝနပစ္စည်းသည်—
– (အနန္တရ) proximity condition အခြားမရှိဟူသော ရှုတောင့်က မပြပါ။
– (အန္တရူပပနိဿယ) contiguity condition အားကြီးသော မှီရာဟူသော ရှုတောင့်ကလည်း မပြပါ။
– (နတ္ထိ) absence condition မရှိတော့မှ ကျေးဇူးပြုသည်ဟူသော ရှုတောင့်ကလည်း မပြပါ။
– (ဝိဂတ) disappearance condition လုံးဝကင်းကွာသွားပြီးမှ ကျေးဇူးပြုသည် ဟူသော ရှုတောင့်ကလည်း မပြပါ။
– (အာသေဝန) repetitive condition အဖန်ဖန် အထပ်ထပ်ကြောင့် ဖြစ်လာသည့် ရှုတောင့်က ပြပါသည်။
(ဃ- ၄) ထို့ကြောင့် အကျိူးတရားတစ်ခု ပေါ်ပေါက်လာနိုင်ရန် မတူညီသည့် စွမ်းရည်သတ္တိများစွာတို့က ကျေးဇူးပြုနေကြောင်းကို မြတ်စွာဘုရားရှင်က ပဋ္ဌာန်းဒေသနာတော်တွင် မရေမတွက်နိုင်သည့် နည်းလမ်း အဖုံဖုံဖြင့် တန်ဆာဆင်ကာ ဟောကြားတော်မူခြင်း ဖြစ်ပါသည်။
 5 total views,  1 views today
By admin
Leave a Reply
Your email address will not be published.