၁၂- အာေသ၀နပစၥေယာ Āsevana Paccayo (Repetitive condition) (5 of 10) zawgyi

ေဇာဟူသည္ –

(ခ-၁) ကုသိုလ္၊ အကုသိုလ္တို႕ အားႀကီးလာမႈက အဖန္တလဲလဲ အထံုရသည့္ အာေသ၀န၏ သတၱိေပတည္း။ ထို႕ေၾကာင့္ အာေသ၀န ေက်းဇူးျပဳရာတြင္ မ်ဳိးဇာတ္တူရပါသည္။  (ကု  ကု  ။ အကု  အကု)

(ခ-၂) အာေသနပစၥည္း၌ ဇာတ္တူခ်င္းသာ ေက်းဇူးျပဳသည္။ ပထမေဇာေရွ႕က ၀ုေ႒ာ ဇာတ္မတူပါ။ သတၱမ ေဇာေနာက္က တဒါရံုကလည္း သတၱမေဇာႏွင့္ ဇာတ္ခ်င္းမတူပါ။ ထို႕ေၾကာင့္ ပထမေဇာၾကဥ္ေသာ။ သတၱမေဇာ ၾကဥ္ေသာဟု စာထဲ ဖတ္ရွဳရျခင္း ျဖစ္ပါသည္။

(ခ-၃) ေဇာဟူသည္ အရွိန္အဟုန္ျပင္းလြန္းေသာေၾကာင့္ အာရံုေပၚမူတည္ၿပီး – ၇ ႀကိမ္ခန္႕ ျဖစ္ပါသည္။ ေဇာ အမ်ဳိးအစားမ်ားမွာ ကုသိုလ္ေဇာ၊ အကုသိုလ္ေဇာႏွင့္  ႀကိယာေဇာတို႕ ျဖစ္သည္။

(ခ-၄) အာေသ၀နပစၥည္းက ေဇာကို ရည္ၫႊန္းပါသည္။ ေဇာခုႏွစ္ႀကိမ္သည္ တူညီသည့္သဘာ၀ျဖင့္ အထပ္ထပ္ ျဖစ္ေလ့ရွိပါသျဖင့္္ ပဂုဏ အေလ့အက်င့္ရလာၿပီး ဗလ၀ အားေကာင္းလာျခင္းျဖစ္သည္။

(ခ-၅) ေဇာေရွ႕မွ စကၡဳ၀ိညာဏ္၊  သမၸဋိစၦိဳန္း၊ သႏၲီရဏ ၊၀ုေ႒ာတို႔ သည္ မည္သည့္စြမ္းရည္သတၱိမွ် မရွိၾကေပ။ ျဖစ္႐ိုးျဖစ္စဥ္ တာ၀န္ ထမ္းေဆာင္ျခင္းသာတည္း။

 

(ခ-၆) အတီတဘင္ = ေကာင္းက်ဳိးလည္းမေပးႏိုင္ ဆိုးက်ဳိးလည္း မေပးႏိုင္ပါ။

ဘ၀ဂၤစလန = ေကာင္းက်ဳိးလည္းမေပးႏိုင္ ဆိုးက်ဳိးလည္းမေပးႏိုင္ပါ။

ဘ၀ဂၤုပေစၦဒ = ေကာင္းက်ဳိးလည္းမေပးႏိုင္ ဆိုးက်ဳိးလည္းမေပးႏိုင္ပါ။

ပဥၥဒြါရာ၀ဇၨန္း ။ သမၸဋိစၦိဳန္း ။ သႏၲီရဏ။ ၀ုေ႒ာ တို႔ကလည္း ေကာင္းက်ဳိးလည္း မေပးႏိုင္ ဆိုးက်ဳိးလည္း မေပးႏိုင္ပါ။ ေဇာက ေကာင္းက်ိဳးဆိုးက်ိဳး ေပးႏိုင္ပါသည္။

(ခ-၇) ေရွးေရွးေဇာက ခ်ဳပ္ခ်ဳပ္သြားပါေသာ္လည္း  သူ႔မွာရွိသည့္ စြမ္းအားကို အႀကိ္မ္ႀကိမ္ ထံုမြမ္း ထံုမြမ္း ေပးလိုက္သည္။ ပမာျပရေသာ္ ပန္တိမ္သည္သား ဘ၀မ်ားစြာ ေရႊႏွင့္ ထံုခဲ့၊  ေရွႊႏွင့္ေမြ႕ေလ်ာ္ခဲ့သျဖင့္   ျမတ္ဗုဒၶက ပန္တိမ္သည္ႏွင့္သင့္ေလွ်ာ္သည့္ ကမၼ႒ာန္းကို ေပးေတာ္မူခဲ့သည္။

(ခ-၈) အႀကိမ္ႀကိ္မ္ ထံုမြမ္းထားသျဖင့္ repetitive condition ေၾကာင့္ အားရွိေနျခင္း ျဖစ္ပါသည္။ ထို႕ေၾကာင့္္ အနႏၲရမ်ဳိးထဲ ပါ၀င္ျခင္း ျဖစ္ပါသည္။ အာေသ၀နပစၥည္း၏ အေထာက္အပ့ံရပါက ေဇာအားရွိၿပီး၊ မရပါက အားမရွိေပဟု အ႒ကထာ comentry ။ sub comentry က်မ္းတို႕က ျပဆိုပါသည္။

(ခ-၉) သတၱ၀ါတို႕၏ သ႑ာန္၌ ေဇာစိတ္ေတြက အာေသ၀န သတၱိရပါသည္။ ကုသိုလ္အမွဳ၌ ကုသိုလ္ သတၱိရသည္။ အကုသိုလ္၌လည္း အကုသိုလ္သတၱိရမည္။ ထို႕ေၾကာင့္ သတၱ၀ါတို႕၏ သ႑ာန္တြင္ အထပ္ထပ္ ထံုမြမ္းကာ Repetation.  Doing something again and again. ျဖစ္ေနကာ ကု၊ အကု တို႕ အားေကာင္း ေနၾကျခင္း ျဖစ္ပါသည္။

 

၁၂- အာသေဝနပစ္စယော Āsevana Paccayo (Repetitive condition) (5 of 10) pyidaungsu – unicode

ဇောဟူသည် –

(ခ-၁) ကုသိုလ်၊ အကုသိုလ်တို့ အားကြီးလာမှုက အဖန်တလဲလဲ အထုံရသည့် အာသေဝန၏ သတ္တိပေတည်း။ ထို့ကြောင့် အာသေဝန ကျေးဇူးပြုရာတွင် မျိုးဇာတ်တူရပါသည်။ (ကု ကု ။ အကု အကု)

(ခ-၂) အာသေနပစ္စည်း၌ ဇာတ်တူချင်းသာ ကျေးဇူးပြုသည်။ ပထမဇောရှေ့က ဝုဋ္ဌော ဇာတ်မတူပါ။ သတ္တမ ဇောနောက်က တဒါရုံကလည်း သတ္တမဇောနှင့် ဇာတ်ချင်းမတူပါ။ ထို့ကြောင့် ပထမဇောကြဉ်သော။ သတ္တမဇော ကြဉ်သောဟု စာထဲ ဖတ်ရှုရခြင်း ဖြစ်ပါသည်။

(ခ-၃) ဇောဟူသည် အရှိန်အဟုန်ပြင်းလွန်းသောကြောင့် အာရုံပေါ်မူတည်ပြီး – ၇ ကြိမ်ခန့် ဖြစ်ပါသည်။ ဇော အမျိုးအစားများမှာ ကုသိုလ်ဇော၊ အကုသိုလ်ဇောနှင့် ကြိယာဇောတို့ ဖြစ်သည်။


(ခ-၄) အာသေဝနပစ္စည်းက ဇောကို ရည်ညွှန်းပါသည်။ ဇောခုနှစ်ကြိမ်သည် တူညီသည့်သဘာဝဖြင့် အထပ်ထပ် ဖြစ်လေ့ရှိပါသဖြင့် ပဂုဏ အလေ့အကျင့်ရလာပြီး ဗလ၀ အားကောင်းလာခြင်းဖြစ်သည်။

(ခ-၅) ဇောရှေ့မှ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ ၊ဝုဋ္ဌောတို့ သည် မည်သည့်စွမ်းရည်သတ္တိမျှ မရှိကြပေ။ ဖြစ်ရိုးဖြစ်စဉ် တာဝန် ထမ်းဆောင်ခြင်းသာတည်း။

(ခ-၆) အတီတဘင် = ကောင်းကျိုးလည်းမပေးနိုင် ဆိုးကျိုးလည်း မပေးနိုင်ပါ။

ဘဝင်္ဂစလန = ကောင်းကျိုးလည်းမပေးနိုင် ဆိုးကျိုးလည်းမပေးနိုင်ပါ။

ဘဝင်္ဂုပစ္ဆေဒ = ကောင်းကျိုးလည်းမပေးနိုင် ဆိုးကျိုးလည်းမပေးနိုင်ပါ။

ပဉ္စဒွါရာဝဇ္ဇန်း ။ သမ္ပဋိစ္ဆိုန်း ။ သန္တီရဏ။ ဝုဋ္ဌော တို့ကလည်း ကောင်းကျိုးလည်း မပေးနိုင် ဆိုးကျိုးလည်း မပေးနိုင်ပါ။ ဇောက ကောင်းကျိုးဆိုးကျိုး ပေးနိုင်ပါသည်။

(ခ-၇) ရှေးရှေးဇောက ချုပ်ချုပ်သွားပါသော်လည်း သူ့မှာရှိသည့် စွမ်းအားကို အကြိမ်ကြိမ် ထုံမွမ်း ထုံမွမ်း ပေးလိုက်သည်။ ပမာပြရသော် ပန်တိမ်သည်သား ဘဝများစွာ ရွှေနှင့် ထုံခဲ့၊ ရှေွှနှင့်မွေ့လျော်ခဲ့သဖြင့် မြတ်ဗုဒ္ဓက ပန်တိမ်သည်နှင့်သင့်လျှော်သည့် ကမ္မဋ္ဌာန်းကို ပေးတော်မူခဲ့သည်။


(ခ-၈) အကြိမ်ကြိမ် ထုံမွမ်းထားသဖြင့် repetitive condition ကြောင့် အားရှိနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အနန္တရမျိုးထဲ ပါဝင်ခြင်း ဖြစ်ပါသည်။ အာသေဝနပစ္စည်း၏ အထောက်အပံ့ရပါက ဇောအားရှိပြီး၊ မရပါက အားမရှိပေဟု အဋ္ဌကထာ comentry ။ sub comentry ကျမ်းတို့က ပြဆိုပါသည်။

(ခ-၉) သတ္တဝါတို့၏ သဏ္ဍာန်၌ ဇောစိတ်တွေက အာသေဝန သတ္တိရပါသည်။ ကုသိုလ်အမှု၌ ကုသိုလ် သတ္တိရသည်။ အကုသိုလ်၌လည်း အကုသိုလ်သတ္တိရမည်။ ထို့ကြောင့် သတ္တဝါတို့၏ သဏ္ဍာန်တွင် အထပ်ထပ် ထုံမွမ်းကာ Repetation. Doing something again and again. ဖြစ်နေကာ ကု၊ အကု တို့ အားကောင်း နေကြခြင်း ဖြစ်ပါသည်။

 

Loading

By admin

Leave a Reply

Your email address will not be published. Required fields are marked *