၁၀- ပုေရဇာတပစၥေယာ Purejāta Paccayo (Prenascence condition) (4 of 5) zawgyi

 

ဆဲလ္ Cell ဟူေသာ ကလပ္စည္း

(ဃ-၁) ယေန႔သိပၸံပညာ၏ ေလ့လာေတြ႕ရွိခ်က္တြင္ သာမန္မ်က္စိျဖင့္ မျမင္မေတြ႕ႏိုင္ေလာက္ေအာင္ပင္ အလြန္႔ အလြန္ေသးငယ္သည့္ အဏုျမဴဓာတ္မႈန္မ်ားျဖင့္ လူ႔ခႏၶာကိုယ္ကို ဖဲြ႕စည္းတည္ေဆာက္ထားေၾကာင္း ေဖာ္ျပပါသည္။

(ဃ-၂) ထိုအဏုျမဴဓာတ္မႈန္ေလးတစ္ခုကို အက္တမ္ Atom ဟု အမည္ေပးထားပါသည္။ ထိုအက္တမ္ကို ထပ္မံ၍ ခဲြျခမ္းစိတ္ျဖာေသာအခါ ပ႐ိုတြန္ Proton ႏ်ဴထရြန္ Neutron ႏွင့္ အီလက္ထရြန္ Electronတို႔ ပါ၀င္ ေနေၾကာင္း ေတြ႕ရွိၾကပါသည္။

(ဃ-၃) လူ႔ခႏၶာကိုယ္တြင္ ထိုအက္တမ္ Atom တစ္ခုထက္ ပိုၿပီး ေပါင္းစပ္ႀကီးထြားလာပါက  ေမာ္လီက်ဴး Molecule ဟုေခၚသည္။ ဥပမာအားျဖင့္ လူတိုင္းသိၾကသည့္ ေရ H2O ကို ေမာ္လီက်ဴး Molecule ဟုေခၚ သည္။ ထိုေမာ္လီက်ဴး  Molecule မ်ား စနစ္တက် ဖဲြ႕စည္းလာေသာအခါ ဆဲလ္ Cell ဟူေသာ္ ကလပ္ စည္းမ်ား ျဖစ္လာပါသည္။ လူ၏ႏၶာကိုယ္ကို ေယဘူယ်အားျဖင့္ Cell ဟုေခၚေသာ ကလပ္စည္းေပါင္း  30 Trillions ခန္႔ျဖင့္ ဖဲြ႕စည္းထားပါသည္။ (1 Trillion =1 000,000,000,000။ ၁-ေနာက္က သုည ၁၂-လံုးရွိသည့္ သခ်ၤာကို ၁-ထရီလီယန္ ေခၚပါသည္။)

(ဃ-၄) လူတစ္ေယာက္၌ ၁-စကၠန္႔လွ်င္ Cell ဟူေခၚေသာ ကလပ္စည္းေပါင္း 3 000,000,000 သံုးဘီလီယန္ ေသေၾက ပ်က္စီးေနပါသည္။ အသစ္အသစ္ျဖစ္ၿပီး ျဖည့္ၿပီးျဖစ္ေနသည္ကလည္း အေရအတြက္ တူညီ ေနပါသည္။ အသက္အရြယ္ ႀကီးရင့္လာသည္ႏွင့္အမွ် ကလပ္စည္းမ်ား ေသေၾကပ်က္စီးသည့္ႏႈန္းက မ်ားၿပီး ျပန္လည္ျဖည့္တင္းရန္ အသစ္ျဖစ္သည့္ ကလာပ္စည္းက နည္းပါးလာေလသည္။ (Cells are constantly dying and new ones are being made simultaneously.) ဟု သိပၸံက ဆိုေလသည္။

(ဃ-၄) မိမိတို႔၏ ခႏၶာကိုယ္တြင္ျဖစ္ေနသည့္ ထိုထိုအေျခအေနအရပ္ရပ္ကို ပကတိမ်က္စိျဖင့္ မျမင္ႏိုင္ပါ ေသာ္လည္း  အသက္အရြယ္ ႀကီးရင့္လာသည္ႏွင့္အမွ် အသားအေရ ၾကည္လင္ေတာက္ပမႈ နည္းပါးလာ ပါသည္။ အေရျပားမ်ား ေတာင့္တင္းမႈမရွိဘဲ ေလွ်ာ့ရဲကာ တဲြက်လာသည္ကိုမူ ေတြ႕ျမင္ႏိုင္ပါသည္။

 

ကလပ္စည္းတစ္ခုသည္ သူ၏တာ၀န္ထမ္းေဆာင္ၿပီးလွ်င္ ပ်က္သြားပါသည္

(င-၁)   သိပၸံပညာ၏ ေတြ႕ရွိခ်က္တြင္ Cell ဟုေခၚေသာ ကလပ္စည္းတစ္ခုျခင္းစီ၊ တစ္ခုျခင္းစီသည္ အၿငိမ္မေနဘဲ လႈပ္လႈပ္ရြရြ၊ လႈပ္လႈပ္ရြရြျဖစ္ၿပီး လႈပ္ရွားေနေၾကာင္းႏွင့္ အေသအခ်ာ ေလ့လာၾကည့္ေသာအခါတြင္ ကလပ္စည္း တစ္ခုျခင္းသည္ သူတို႔၏တာ၀န္ ၿပီးဆံုးသည္ႏွင့္ ပ်က္၍ ပ်က္၍ ပ်က္၍သြားေနသည့္ အစဥ္ အတန္းႀကီးကို ပညာရွင္မ်ားက ေတြ႕ရွိလာၾကပါသည္။ သို႔ေသာ္ လူပုဂၢိဳလ္က ဤျဖစ္စဥ္ကို မည္သို႔မွ ခံစားမႈ မရွိႏိုင္သကဲ့သို႔၊ ပကတိမ်က္စိႏွင့္လည္း မျမင္ၾကရေပ။

(င-၂)   Cell ဟုေခၚေသာ ကလပ္စည္းတစ္ခု ပ်က္စီးေနသည့္ႏႈန္း (သို႕မဟုတ္) ဆဲလ္တစ္ခု အသက္ရွင္ႏိုင္သည့္ သက္တမ္းမွာ Nano one secondသာ ရွိေလသည္။ Nano one second ဟူသည္ ၁-စကၠန္႕၏ သန္းတစ္ေထာင္ပံု တစ္ပံုျဖစ္ပါသည္။

တစ္နည္းေျပာရလွ်င္ ၁-စကၠန္႔ကို ၁ ၀၀၀ယ၀၀၀ယ၀၀၀ သန္းတစ္ေထာင္ႏွင့္စား၍ ရသည့္အခ်ိန္တို႔ကို Nano one second ဟုေခၚပါသည္။ အေမ့ဗိုက္ထဲတြင္ သေႏၶတည္သည့္ အခ်ိန္ကစ၍ အဆိုပါ ျဖစ္စဥ္အတိုင္း ျဖစ္၍၊ ပ်က္၍ေနပါသည္။

(င-၃)   ႐ုပ္ကလာပ္တစ္ခု၏ အသက္သည္ စိတ္၏အသက္ ခဏငယ္ (၁၇ x ၃ = ၅၁) ခ်က္ႏွင့္ ညီမွ်၏။ ႐ုပ္၏ ဥပါဒ္ ခဏႏွင့္ ဘင္ခဏသည္ ခေဏငယ္တစ္ခ်က္စီသာ ၾကာပါသည္။ ႐ုပ္၏ဌီခဏမွာမူ ခဏငယ္ ၄၉-ခ်က္ ၾကာပါသည္။ ထို႔ေၾကာင့္ လက္ဖ်စ္ ၁-တြက္၊ မ်က္စိတစ္မွိတ္၊ လွ်ပ္တစ္ပ်က္ ကာလတိုအတြင္း၌ ႐ုပ္ကလာပ္ ေပါင္း ကုေဋေပါင္း ၅၈၀၀-ေက်ာ္ ေပၚၿပီးေပ်ာက္ ျဖစ္ၿပီး ပ်က္ေနၾကပါသည္။ ထို႔ေၾကာင့္ ႐ုပ္ကလာပ္တစ္ခု၏ အသက္သည္ ၁-စကၠန္႔ထက္ပင္ တိုေတာင္းေသာ လက္ဖ်စ္ ၁-တြက္၊ မ်က္စိတစ္မွိတ္၊ လွ်ပ္တစ္ပ်က္အခ်ိန္၏ ကုေဋ ၅၈၀၀-ပံု တစ္ပံုခန္႔သာ ရွိေလသည္။

စကၡဳပသာဒ မ်က္စိ႐ုပ္ကလည္း ပရမတ္

(စ-၁)   ႐ူပါ႐ုံအဆင္းကလည္း ပရမတ္ ျဖစ္ပါသည္။ ျမင္သိစိတ္ကလည္း ပရမတ္ ျဖစ္ပါသည္။ ႐ူပါ႐ုံႏွင့္ စကၡဳပသာဒတို႔သည္ ပင္ကိုယ္သေဘာအားျဖင့္ ေဖာက္ျပန္ေျပာင္းလဲေနေပသည္။ သူလိုကုိယ္လို သာမာန္လူသား တစ္ေယာက္အေနျဖင့္ ဤသို႔ခိုင္ၿမဲမႈမရွိ၊ အႏွစ္သာရမရွိေသာ ဓမၼသဘာ၀တရား သက္သက္ကို ဓမၼသဘာ၀ သက္သက္အျဖစ္ သိရွိနားလည္သေဘာေပါက္ကာ လက္ခံရန္ လြန္စြာပင္ ခက္ခဲရွိပါသည္။

(စ-၂)   ထို႕ေၾကာင့္ပင္ ႐ူပါ႐ုံႏွင့္ စကၡဳပသာဒတို႔ တိုက္ဆံုမႈေၾကာင့္ ျဖစ္ေပၚလာသည့္ ျမင္ျခင္းေပၚမူတည္ၿပီး လည္းေကာင္း၊ ၾကားျခင္း၊ နံျခင္း၊ ထိေတြ႕ျခင္း စသည္ေပၚမူတည္ၿပီး ျဖဴနီ၀ါျပာအေရာင္အေသြး အဆင္း သ႑ာန္ Form ၊ အ၀ိုင္းေလးေတာင့္ အရြယ္အစားပမာဏ Dimension ၊ အေလးခ်ိန္ ႊ Weight ၊ ျဒပ္သေဘာ Mass ဟူ၍ ပညတ္ေ၀ါဟာရ တင္ၾကပါသည္။

အသိမွား၊ အျမင္မွား

(ဇ-၁)   တစ္ဖက္တြင္လည္း စကၡဳပသာဒ သက္သက္ျဖစ္ေသာ ဓမၼသဘာ၀ကို မသိႏိုင္သျဖင့္ “ငါ့မ်က္စိ ၾကည့္ ေကာင္းတယ္၊ ငါ့မ်က္စိလွတယ္၊ ငါ့မ်က္စိ အျမင္အားမက်ေသးဘူး”ဟု မာန၊ အတၱ ျဖစ္ၾကေတာ့သည္။ ပရမတၳတရား၏ အထင္အရွားမရွိသည့္သဘာ၀ကို အမွန္အတိုင္း သိရွိနားလည္ သေဘာေပါက္ရန္ ခက္ခဲသျဖင့္ မိမိတို႔ နားလည္သကဲ့သို႕ ေျပာင္းလဲေခၚေ၀ၚၾကျခင္း ျဖစ္ပါသည္။              

(ဇ-၂)   မ်က္စိသည္ဟူေသာ စကၡဳပသာဒ႐ုပ္တရားသည္ အေၾကာင္းေၾကာင့္ ျဖစ္ေပၚလာသည့္ အက်ဳိးတရားမွ်သာဟု မသိႏိုင္ေသးသမွ် ကာလပတ္လံုး သံသရာေၾကာမွာ ရွည္ၾကာသေရြ႕ ေမ်ာပါကာ “ငါ့မ်က္စိေကာင္းေအာင္ ဘုရားသခင္က ေစာင့္ေရွာက္ေပးထားလို႕ ေကာင္းေနတာ” ဟူ၍ လည္းေကာင္း၊ “နတ္ေတြ ေစာင့္ေရွာက္ ေပးထားလို႔ ေကာင္းေနတာ”ဟူ၍ လည္းေကာင္း၊ “ဘာအေၾကာင္းေၾကာင့္မွ မဟုတ္ဘူး၊ သူ႔အလိုလို ငါ့မ်က္စိေတြ ေကာင္းေနတာ”ဟူ၍ လည္းေကာင္း ယူေနၾကပါသည္။ ဉာဏ္နည္းလြန္းေသာေၾကာင့္ မူလသဘာ၀ အေၾကာင္းတရားက ေပ်ာက္ေနျခင္း ျဖစ္ပါသည္။

(ဇ-၃)   အမွန္တကယ္တြင္မူ လူဟုသမုတ္ထားေသာ္လည္း ႐ုပ္အမႈန္မ်ားစြာျဖင့္ ႐ုပ္ကိုတည္ေဆာက္ထား ပါသည္။ ၎႐ုပ္မႈန္မ်ားလည္း ေပၚၿပီးေပ်ာက္ေနသည့္ သေဘာတရားမွ်သာျဖစ္သည္။ နာမ္တရား အပိုင္းတြင္လည္း အလြန္႔အလြန္ တိုေတာင္းသည့္ကာလတိုအတြင္း ေပၚၿပီးေပ်ာက္ ျဖစ္ေပၚလာၿပီး ခ်ဳပ္ေနသည့္ သေဘာတရားမွ်သာ ရွိေလသည္။

 

၁၀- ပုရေဇာတပစ္စယော Purejāta Paccayo (Prenascence condition) (4 of 5) pyidaungsu – unicode

ဆဲလ် Cell ဟူသော ကလပ်စည်း

(ဃ-၁) ယနေ့သိပ္ပံပညာ၏ လေ့လာတွေ့ရှိချက်တွင် သာမန်မျက်စိဖြင့် မမြင်မတွေ့နိုင်လောက်အောင်ပင် အလွန့် အလွန်သေးငယ်သည့် အဏုမြူဓာတ်မှုန်များဖြင့် လူ့ခန္ဓာကိုယ်ကို ဖွဲ့စည်းတည်ဆောက်ထားကြောင်း ဖော်ပြပါသည်။

(ဃ-၂) ထိုအဏုမြူဓာတ်မှုန်လေးတစ်ခုကို အက်တမ် Atom ဟု အမည်ပေးထားပါသည်။ ထိုအက်တမ်ကို ထပ်မံ၍ ခွဲခြမ်းစိတ်ဖြာသောအခါ ပရိုတွန် Proton နျူထရွန် Neutron နှင့် အီလက်ထရွန် Electronတို့ ပါဝင် နေကြောင်း တွေ့ရှိကြပါသည်။

(ဃ-၃) လူ့ခန္ဓာကိုယ်တွင် ထိုအက်တမ် Atom တစ်ခုထက် ပိုပြီး ပေါင်းစပ်ကြီးထွားလာပါက မော်လီကျူး Molecule ဟုခေါ်သည်။ ဥပမာအားဖြင့် လူတိုင်းသိကြသည့် ရေ H2O ကို မော်လီကျူး Molecule ဟုခေါ် သည်။ ထိုမော်လီကျူး Molecule များ စနစ်တကျ ဖွဲ့စည်းလာသောအခါ ဆဲလ် Cell ဟူသော် ကလပ် စည်းများ ဖြစ်လာပါသည်။ လူ၏န္ဓာကိုယ်ကို ယေဘူယျအားဖြင့် Cell ဟုခေါ်သော ကလပ်စည်းပေါင်း 30 Trillions ခန့်ဖြင့် ဖွဲ့စည်းထားပါသည်။ (1 Trillion =1 000,000,000,000။ ၁-နောက်က သုည ၁၂-လုံးရှိသည့် သင်္ချာကို ၁-ထရီလီယန် ခေါ်ပါသည်။)

(ဃ-၄) လူတစ်ယောက်၌ ၁-စက္ကန့်လျှင် Cell ဟူခေါ်သော ကလပ်စည်းပေါင်း 3 000,000,000 သုံးဘီလီယန် သေကြေ ပျက်စီးနေပါသည်။ အသစ်အသစ်ဖြစ်ပြီး ဖြည့်ပြီးဖြစ်နေသည်ကလည်း အရေအတွက် တူညီ နေပါသည်။ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ကလပ်စည်းများ သေကြေပျက်စီးသည့်နှုန်းက များပြီး ပြန်လည်ဖြည့်တင်းရန် အသစ်ဖြစ်သည့် ကလာပ်စည်းက နည်းပါးလာလေသည်။ (Cells are constantly dying and new ones are being made simultaneously.) ဟု သိပ္ပံက ဆိုလေသည်။

(ဃ-၄) မိမိတို့၏ ခန္ဓာကိုယ်တွင်ဖြစ်နေသည့် ထိုထိုအခြေအနေအရပ်ရပ်ကို ပကတိမျက်စိဖြင့် မမြင်နိုင်ပါ သော်လည်း အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ အသားအရေ ကြည်လင်တောက်ပမှု နည်းပါးလာ ပါသည်။ အရေပြားများ တောင့်တင်းမှုမရှိဘဲ လျှော့ရဲကာ တွဲကျလာသည်ကိုမူ တွေ့မြင်နိုင်ပါသည်။

ကလပ်စည်းတစ်ခုသည် သူ၏တာဝန်ထမ်းဆောင်ပြီးလျှင် ပျက်သွားပါသည်

(င-၁) သိပ္ပံပညာ၏ တွေ့ရှိချက်တွင် Cell ဟုခေါ်သော ကလပ်စည်းတစ်ခုခြင်းစီ၊ တစ်ခုခြင်းစီသည် အငြိမ်မနေဘဲ လှုပ်လှုပ်ရွရွ၊ လှုပ်လှုပ်ရွရွဖြစ်ပြီး လှုပ်ရှားနေကြောင်းနှင့် အသေအချာ လေ့လာကြည့်သောအခါတွင် ကလပ်စည်း တစ်ခုခြင်းသည် သူတို့၏တာဝန် ပြီးဆုံးသည်နှင့် ပျက်၍ ပျက်၍ ပျက်၍သွားနေသည့် အစဉ် အတန်းကြီးကို ပညာရှင်များက တွေ့ရှိလာကြပါသည်။ သို့သော် လူပုဂ္ဂိုလ်က ဤဖြစ်စဉ်ကို မည်သို့မှ ခံစားမှု မရှိနိုင်သကဲ့သို့၊ ပကတိမျက်စိနှင့်လည်း မမြင်ကြရပေ။

(င-၂) Cell ဟုခေါ်သော ကလပ်စည်းတစ်ခု ပျက်စီးနေသည့်နှုန်း (သို့မဟုတ်) ဆဲလ်တစ်ခု အသက်ရှင်နိုင်သည့် သက်တမ်းမှာ Nano one secondသာ ရှိလေသည်။ Nano one second ဟူသည် ၁-စက္ကန့်၏ သန်းတစ်ထောင်ပုံ တစ်ပုံဖြစ်ပါသည်။

တစ်နည်းပြောရလျှင် ၁-စက္ကန့်ကို ၁ ၀၀၀ယ၀၀၀ယ၀၀၀ သန်းတစ်ထောင်နှင့်စား၍ ရသည့်အချိန်တို့ကို Nano one second ဟုခေါ်ပါသည်။ အမေ့ဗိုက်ထဲတွင် သန္ဓေတည်သည့် အချိန်ကစ၍ အဆိုပါ ဖြစ်စဉ်အတိုင်း ဖြစ်၍၊ ပျက်၍နေပါသည်။

(င-၃) ရုပ်ကလာပ်တစ်ခု၏ အသက်သည် စိတ်၏အသက် ခဏငယ် (၁၇ x ၃ = ၅၁) ချက်နှင့် ညီမျှ၏။ ရုပ်၏ ဥပါဒ် ခဏနှင့် ဘင်ခဏသည် ခဏေငယ်တစ်ချက်စီသာ ကြာပါသည်။ ရုပ်၏ဌီခဏမှာမူ ခဏငယ် ၄၉-ချက် ကြာပါသည်။ ထို့ကြောင့် လက်ဖျစ် ၁-တွက်၊ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပျက် ကာလတိုအတွင်း၌ ရုပ်ကလာပ် ပေါင်း ကုဋေပေါင်း ၅၈၀၀-ကျော် ပေါ်ပြီးပျောက် ဖြစ်ပြီး ပျက်နေကြပါသည်။ ထို့ကြောင့် ရုပ်ကလာပ်တစ်ခု၏ အသက်သည် ၁-စက္ကန့်ထက်ပင် တိုတောင်းသော လက်ဖျစ် ၁-တွက်၊ မျက်စိတစ်မှိတ်၊ လျှပ်တစ်ပျက်အချိန်၏ ကုဋေ ၅၈၀၀-ပုံ တစ်ပုံခန့်သာ ရှိလေသည်။

စက္ခုပသာဒ မျက်စိရုပ်ကလည်း ပရမတ်

(စ-၁) ရူပါရုံအဆင်းကလည်း ပရမတ် ဖြစ်ပါသည်။ မြင်သိစိတ်ကလည်း ပရမတ် ဖြစ်ပါသည်။ ရူပါရုံနှင့် စက္ခုပသာဒတို့သည် ပင်ကိုယ်သဘောအားဖြင့် ဖောက်ပြန်ပြောင်းလဲနေပေသည်။ သူလိုကိုယ်လို သာမာန်လူသား တစ်ယောက်အနေဖြင့် ဤသို့ခိုင်မြဲမှုမရှိ၊ အနှစ်သာရမရှိသော ဓမ္မသဘာဝတရား သက်သက်ကို ဓမ္မသဘာ၀ သက်သက်အဖြစ် သိရှိနားလည်သဘောပေါက်ကာ လက်ခံရန် လွန်စွာပင် ခက်ခဲရှိပါသည်။

(စ-၂) ထို့ကြောင့်ပင် ရူပါရုံနှင့် စက္ခုပသာဒတို့ တိုက်ဆုံမှုကြောင့် ဖြစ်ပေါ်လာသည့် မြင်ခြင်းပေါ်မူတည်ပြီး လည်းကောင်း၊ ကြားခြင်း၊ နံခြင်း၊ ထိတွေ့ခြင်း စသည်ပေါ်မူတည်ပြီး ဖြူနီဝါပြာအရောင်အသွေး အဆင်း သဏ္ဍာန် Form ၊ အဝိုင်းလေးတောင့် အရွယ်အစားပမာဏ Dimension ၊ အလေးချိန် ွှ Weight ၊ ဒြပ်သဘော Mass ဟူ၍ ပညတ်ဝေါဟာရ တင်ကြပါသည်။

အသိမှား၊ အမြင်မှား

(ဇ-၁) တစ်ဖက်တွင်လည်း စက္ခုပသာဒ သက်သက်ဖြစ်သော ဓမ္မသဘာဝကို မသိနိုင်သဖြင့် “ငါ့မျက်စိ ကြည့် ကောင်းတယ်၊ ငါ့မျက်စိလှတယ်၊ ငါ့မျက်စိ အမြင်အားမကျသေးဘူး”ဟု မာန၊ အတ္တ ဖြစ်ကြတော့သည်။ ပရမတ္ထတရား၏ အထင်အရှားမရှိသည့်သဘာဝကို အမှန်အတိုင်း သိရှိနားလည် သဘောပေါက်ရန် ခက်ခဲသဖြင့် မိမိတို့ နားလည်သကဲ့သို့ ပြောင်းလဲခေါ်ဝေါ်ကြခြင်း ဖြစ်ပါသည်။

(ဇ-၂) မျက်စိသည်ဟူသော စက္ခုပသာဒရုပ်တရားသည် အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားမျှသာဟု မသိနိုင်သေးသမျှ ကာလပတ်လုံး သံသရာကြောမှာ ရှည်ကြာသရွေ့ မျောပါကာ “ငါ့မျက်စိကောင်းအောင် ဘုရားသခင်က စောင့်ရှောက်ပေးထားလို့ ကောင်းနေတာ” ဟူ၍ လည်းကောင်း၊ “နတ်တွေ စောင့်ရှောက် ပေးထားလို့ ကောင်းနေတာ”ဟူ၍ လည်းကောင်း၊ “ဘာအကြောင်းကြောင့်မှ မဟုတ်ဘူး၊ သူ့အလိုလို ငါ့မျက်စိတွေ ကောင်းနေတာ”ဟူ၍ လည်းကောင်း ယူနေကြပါသည်။ ဉာဏ်နည်းလွန်းသောကြောင့် မူလသဘာ၀ အကြောင်းတရားက ပျောက်နေခြင်း ဖြစ်ပါသည်။

(ဇ-၃) အမှန်တကယ်တွင်မူ လူဟုသမုတ်ထားသော်လည်း ရုပ်အမှုန်များစွာဖြင့် ရုပ်ကိုတည်ဆောက်ထား ပါသည်။ ၎င်းရုပ်မှုန်များလည်း ပေါ်ပြီးပျောက်နေသည့် သဘောတရားမျှသာဖြစ်သည်။ နာမ်တရား အပိုင်းတွင်လည်း အလွန့်အလွန် တိုတောင်းသည့်ကာလတိုအတွင်း ပေါ်ပြီးပျောက် ဖြစ်ပေါ်လာပြီး ချုပ်နေသည့် သဘောတရားမျှသာ ရှိလေသည်။

 233 total views,  1 views today

By admin

Leave a Reply

Your email address will not be published. Required fields are marked *