၁၀- ပုေရဇာတပစၥေယာ Purejāta Paccayo (Prenascence condition) (3 of 5) zawgyi
အညႊန္း
(က-၁) ပုေရ=ေရွးဦးစြာ၊ ဇာတ=ျဖစ္ေပၚျခင္း၊ ပစၥယ=အေၾကာင္းတရား။ ေရွးဦးႀကိဳတင္ျဖစ္ေပၚသည့္ အေၾကာင္းတရား။ Prenascence – condition တနည္း Born earlier.
(က-၂) အေၾကာင္းတရားမ်ားက အက်ဳိးတရားမျဖစ္ေပၚခင္ ေရွ႕ကျဖစ္ႏွင့္သည့္ ပုေရဇာတပစၥည္း။ (ပစၥယနိေဒၵသ ပါဠိေတာ္ ပုေရဇာတ ႏွာ-၁၄၉၊ ပဥႇာ၀ါရ ႏွာ-၇၇ ကိုလည္း ၾကည့္ပါ။)
Prenascence – condition တနည္း Born earlier.
(က-၃) အက်ဳိးတရားက အေၾကာင္းတရားမျဖစ္ခင္ ေရွ႕ကျဖစ္ႏွင့္သည့္ ပစၦာဇာတပစၥည္း။ (ပစၥယနိေဒၵသ ပါဠိေတာ္ ပုေရဇာတ ႏွာ-၁၅၂၊ ပဥႇာ၀ါရ ႏွာ-၈၁ ကိုလည္း ၾကည့္ပါ။)
Prenascence – condition တနည္း Born earlier.
(က-၄) အေၾကာင္းတရားႏွင့္ အက်ဳိးတရား ၿပိဳင္တူျဖစ္သည့္ သဟဇာတပစၥည္း။ (ပစၥယနိေဒၵသ ပါဠိေတာ္ ပုေရဇာတ ႏွာ-၁၄၂၊ ပဥႇာ၀ါရ ႏွာ-၃၀ကိုလည္း ၾကည့္ပါ။)
Conascence- condition တနည္း Born together.
(က-၅) ပုေရဇာတပစၥည္းတြင္ ၁-၀တၳဳပုေရဇာတႏွင့္ ၂-အာရမၼဏပုေရဇာတဟူ၍ ႏွစ္မ်ဳိးရွိပါသည္။
(က-၆) ၀တၳဳပုေရဇာတကို ေလ့လာရာတြင္ ၁-စကၡဳ၀တၳဳ၊ ၂-ေသာတ၀တၳဳ၊ ၃-ဃာန၀တၳဳ၊ ၄-ဇိ၀ွါ၀တၳဳ၊ ၅-ကာယ၀တၳဳ၊ ၆-ဟဒယ၀တၳဳတို႔ကို ဦးစြာ မွတ္သားမိရန္ လိုေပသည္။ (ပစၥယနိေဒသပါဠိေတာ္ ပုေရဇာတ ႏွာ-၁၄၉ လည္းၾကည့္ပါ)
(က-၇) အာရမၼဏပုေရဇာတကို ေလ့ရာတြင္ ၁-႐ူပါ႐ံု အဆင္း၊ ၂-သဒၵါ႐ံု အသံ၊ ၃-ဂႏၶာ႐ံု အနံ႔၊ ၄-ရသာ႐ံု အရသာ၊ ၅-ေဖာ႒ဗၺာ႐ံု အထိအေတြ႕တို႔ကို ဦးစြာ မွတ္သားမိရန္ လိုေပသည္။ (ပစၥယနိေဒၵသပါဠိေတာ္ ပုေရဇာတကိုလည္းၾကည့္ပါ)
(က-၈) ျမင္သိစိတ္ စကၡဳ၀ိညာဏ ျဖစ္ေပၚလာႏိုင္ရန္ တည္ရာမွီရာ (Base) အျဖစ္ ေက်းဇူးျပဳျခင္းကို ၀တၳဳ ပုေရဇာတ။ ျမင္သိစိတ္ စကၡဳ၀ိညာဏ ျဖစ္ေပၚလာႏိုင္ရန္ အာ႐ံု (Object) အျဖစ္ ေက်းဇူးျပဳျခင္းကို အာရမၼဏပုေရဇာတ ျဖစ္ပါသည္။ က်န္သည့္ နား၊ ႏွာေခါင္း၌ ၾကားသိစိတ္ နံသိစိတ္တို႔ကိုလည္း အလားတူ နားလည္ရပါမည္။
၀တၳဳပုေရဇာတ ႀကိဳတင္ျဖစ္ႏွင့္သည္
(ခ-၁) ဤတြင္ ၀တၳဳပုေရဇာတပစၥည္း၏ ထူးျခားခ်က္မွာ တည္ရာမွီရာ Base က Born earlier ႀကိဳတင္ျဖစ္ႏွင့္ၿပီး ေက်းဇူးျပဳသည္ (၀ါ) ျဖစ္ေစသည္။ ဥပမာ- အဆင္းကိုျမင္ရန္ စကၡဳ၀တၳဳကို အမွီျပဳၿပီး ျဖစ္ရသည္။ အသံကို ၾကားရန္ ေသာတ၀တၳဳကို အမွီျပဳၿပီး ျဖစ္ရသည္။
( ခ-၂ ) ပဥႇာ၀ါရ၌ ႐ူပါယတနံ စကၡဳ၀ိညာဏႆ ပုေရဇာတပစၥေယန ပစၥေယာဟုလည္းေကာင္း ပစၥယနိေဒၵသ ပါဠိေတာ္၌ “စကၡာယတနံ စကၡဳ၀ိညာဏဓာတုယာ တံသမၸယုတၱကာနဥၥ ဓမၼာနံ ပုေရဇာတ-ပစၥေယန ပစၥေယာ”ဟု လာရွိပါသည္။ စကၡဳပသာဒ (၀ါ) စကၡဳ၀တၳဳသည္ စကၡဳ ၀ိညာဏဓာတ္ (ျမင္သိစိတ္)ကို ပုေရဇာတပစၥည္းျဖင့္ ေက်းဇူးျပဳ၏။
(ခ-၃ ) မ်က္စိအၾကည္ စကၡဳပသာဒ (၀ါ) စကၡဳ၀တၳဳသည္ ႐ုပ္သက္၊ နာမ္သက္မ်ား၏ သဘာ၀နိယာမအတိုင္း ဥပါဒ္၊ ႒ီ၊ ဘင္ Process ထဲမွ ျဖစ္ တည္ ပ်က္၍၊ ျဖစ္ တည္ ပ်က္၍ သြားေနပါသည္။ ဤတြင္ Born earlier တင္ႀကိဳ၍ ျဖစ္ရသည္ဟု ဆိုရာ၌ မိမိတို႔သိမွတ္ႏိုင္သည့္ အခ်ိန္ကာလအားျဖင့္ ႏွစ္၊ လ၊ ရက္၊ နာရီ မည္မွ် တင္ႀကိဳ ျဖစ္ရသနည္း ဟူေသာေမးခြန္း ေပၚေပါက္လာပါသည္။
Everything change, Nothing remain without change.
(ဂ-၁) Everything change, Nothing remain without change. ဟူေသာ ျမတ္ဗုဒၶ၏ အဆံုးအမအတိုင္း ျမစ္ေရမ်ား မနားတမ္း တစ္သြင္သြင္ စီးဆင္းေနသကဲ့သို႔ ႐ုပ္ဓမၼ နာမ္ဓမၼအစဥ္သည္လည္း မနားတမ္း ျဖစ္ပ်က္ ေျပာင္းလဲ ၍ ေနပါသည္။
(ဂ-၂) ဤမွ် သက္တမ္းတိုေတာင္းေသာ ႐ုပ္တရားမ်ားထဲမွ မည္သည့္ စကၡဳ၀တၳဳ= စကၡဳပသာဒ႐ုပ္က ျမင္သိစိတ္ကို ေရွ႕မွ ႀကိဳတင္ျဖစ္ကာ ေက်းဇူးျပဳမည္နည္း။
(ဂ-၃) ေသကၡ်ေတာင္ဆရာေတာ္ဦးတိေလာက ျပဳစုေတာ္မူခဲ့သည့္ က်မ္းစာအုပ္တြင္ ႐ုပ္ကလာပ္မ်ား ျဖစ္တည္ ေနမႈကို အလြန္တိက်စြာျဖင့္ ေဖာ္ျပထားပါသည္။ “အေျခခံ႐ုပ္ကလာပ္ကို ပရမတၱ႐ုပ္ကလာပ္”ဟု မွတ္ၾက၊ ပရမတ္႐ုပ္ ကလာပ္မည္သည္ကား တစ္ပါးကိုတစ္ပါး မမွီတြယ္ရဘဲ မျဖစ္ႏိုင္ၾက၊ မတည္ႏိုင္ၾက၊ ထိုသို႔ မျဖစ္ႏိုင္၊ မတည္ႏိုင္ၾကေသာေၾကာင့္ ဘယ္႐ုပ္က ေအာက္က၊ ဘယ္႐ုပ္က အထက္က၊ ဘယ္႐ုပ္က လက္၀ဲ၊ ဘယ္႐ုပ္ကလက္ယာ၊ ဘယ္႐ုပ္က အတြင္း၊ ဘယ္႐ုပ္က အျပင္ကဟု ေရြးခ်ယ္မရဘဲ တစ္ခုတည္း ျဖစ္ေနၾက၏။ ထို႔ေၾကာင့္ တစ္ခုစီကဲြသြားေအာင္ ခဲြျခား၍မရေသာ အ၀ိနိေဗၻာဂ႐ုပ္မ်ားအျဖစ္ စုစည္း ေနၾက၏။ ထို႐ုပ္မ်ားသည္ သဟဇာတသေဘာျဖင့္ အကုန္လံုး အတူတကြ တၿပိဳင္တည္းျဖစ္ေပၚလာ၍ ပ်က္လွ်င္လည္း အကုန္လံုး အတူတကြ တၿပိဳင္တည္း ပ်က္ၾကေလ၏။ ေျမဓာတ္လြန္ကဲေသာ ပရမတၱ ႐ုပ္ကလာပ္ေပါင္း သိန္း၊ သန္း၊ ကုေဋေလာက္ သမူဟကလာပ္မ်ား ေပါင္းစုဖဲြ႕ၾကလွ်င္ ပရမာဏုျမဴ ျဖစ္လာ ၏။ ထိုပရမာဏုျမဴ၏ အထည္ပမာဏ အရြယ္အစားကို ဤသို႔သိရမည္”
(ဂ-၄) “ဦးေခါင္းက သန္းတစ္ေကာင္ကို ခုႏွစ္စိတ္စိတ္ေသာ္ တစ္စိတ္စာသည္ လိကၡာမည္ေသာ ပိုးတစ္ ေကာင္ႏွင့္ ညီမွ်သည္” (ထိုလိကၡာပိုးသည္ ၀ဲနာ၊ ယားနာ ျဖစ္ေစေသာပိုးျဖစ္ေၾကာင္း ယေန႔ ေဆးသိပၸံက အတည္ျပဳၾကပါသည္။)
“ထိုပိုးေကာင္ငယ္တစ္ေကာင္ကို ၃၆-စိတ္ စိတ္ေသာ္ တစ္စိတ္သည္ ရထေရဏုျမဴတစ္ခုႏွင့္ ညီမွ်၏”
“ရထေရဏုျမဴတစ္လံုးကို ၃၆-စိတ္စိတ္ေသာ္ တစ္စိတ္သည္ တဇၨရီျမဴတစ္ခုႏွင့္ ညီမွ်၏”
“တဇၨရီျမဴတစ္လံုးကို ၃၆-စိတ္စိတ္ေသာ္ တစ္စိတ္သည္ အႏုျမဴ Atom တစ္ခုႏွင့္ ညီမွ်၏”
“အႏုျမဴ Atom တစ္လံုးကို ၃၆-စိတ္စိတ္ေသာ္ တစ္စိတ္သည္ ပရမာဏုျမဴ Partical တစ္ခုႏွင့္ ညီမွ်၏”
ထို႕ေၾကာင့္ ဗုဒၶျမတ္စြာဘုရား၏ အဘိဓမၼာတရားေတာ္အရ အႏုျမဴ ဗအသာ တစ္လံုးတြင္ ပရမာဏုျမဴ Partical ၃၆-မ်ဳိးျဖင့္ ဖဲြ႕စည္းထားေၾကာင္း နားလည္ရမည္ ျဖစ္ပါသည္။
(ဂ-၅) ယခုအခါ သိပၸံပညာရွင္မ်ားက႐ုပ္ Matter ကို အထပ္ထပ္ခဲြျခမ္းစိတ္ျဖာကာ ေလ့လာေသာအခါ႐ုပ္၌ အႏွစ္ အဆံ တစ္စံုတစ္ရာမွ မေတြ႕ရွိေတာ့ဘဲ စြမ္းအင္ Energy အျဖစ္သာ ရွိေၾကာင္း ေဖာ္ျပၾကပါသည္။ ထိုစြမ္းအင္ Energy မွ်သာရွိေသာ သေဘာတရားတြင္ ႐ုပ္တစ္ခု၌ ရွိသင့္ရွိထိုက္သည့္ Weight အေလးခ်ိန္၊ Mass ျဒပ္ထု သေဘာ၊ Form အဆင္းသ႑ာန္၊ Dimension အရြယ္အစားပမာဏတို႔ မရွိေၾကာင္းကို ယေန႔ ႐ူပေဗဒ သိပၸံပညာရွင္မ်ားက ေတြ႕ရွိလာပါသည္။
(ဂ-၆) ဤေတြ႕ရွိခ်က္က ႐ုပ္တြင္ ထာ၀ရတည္ၿမဲသည့္ အထည္ျဒပ္မရွိေတာ့ေၾကာင္း သက္ေသထူပါသည္။ ျမတ္စြာ ဘုရားက လြန္ခဲ့သည့္ ႏွစ္ေပါင္း (၂၅၀၀)ေက်ာ္ကပင္ သိရွိေတာ္မူၿပီး ‘႐ူပံ ဘိကၡေ၀ အနတၱ’ဟု ေဟာၾကားေတာ္မူသည့္ တရားေတာ္ႏွင့္ ယေန႔ေတြ႕ရွိခ်က္သည္ လြန္စြာမွ ညီညြတ္ေနေပေတာ့သည္။
၁၀- ပုရေဇာတပစ္စယော Purejāta Paccayo (Prenascence condition) (3 of 5) pyidaungsu – unicode
အညွှန်း
(က-၁) ပုရေ=ရှေးဦးစွာ၊ ဇာတ=ဖြစ်ပေါ်ခြင်း၊ ပစ္စယ=အကြောင်းတရား။ ရှေးဦးကြိုတင်ဖြစ်ပေါ်သည့် အကြောင်းတရား။ Prenascence – condition တနည်း Born earlier.
(က-၂) အကြောင်းတရားများက အကျိုးတရားမဖြစ်ပေါ်ခင် ရှေ့ကဖြစ်နှင့်သည့် ပုရေဇာတပစ္စည်း။ (ပစ္စယနိဒ္ဒေသ ပါဠိတော် ပုရေဇာတ နှာ-၁၄၉၊ ပဥှာဝါရ နှာ-၇၇ ကိုလည်း ကြည့်ပါ။)
Prenascence – condition တနည်း Born earlier.
(က-၃) အကျိုးတရားက အကြောင်းတရားမဖြစ်ခင် ရှေ့ကဖြစ်နှင့်သည့် ပစ္ဆာဇာတပစ္စည်း။ (ပစ္စယနိဒ္ဒေသ ပါဠိတော် ပုရေဇာတ နှာ-၁၅၂၊ ပဥှာဝါရ နှာ-၈၁ ကိုလည်း ကြည့်ပါ။)
Prenascence – condition တနည်း Born earlier.
(က-၄) အကြောင်းတရားနှင့် အကျိုးတရား ပြိုင်တူဖြစ်သည့် သဟဇာတပစ္စည်း။ (ပစ္စယနိဒ္ဒေသ ပါဠိတော် ပုရေဇာတ နှာ-၁၄၂၊ ပဥှာဝါရ နှာ-၃၀ကိုလည်း ကြည့်ပါ။)
Conascence- condition တနည်း Born together.
(က-၅) ပုရေဇာတပစ္စည်းတွင် ၁-ဝတ္ထုပုရေဇာတနှင့် ၂-အာရမ္မဏပုရေဇာတဟူ၍ နှစ်မျိုးရှိပါသည်။
(က-၆) ဝတ္ထုပုရေဇာတကို လေ့လာရာတွင် ၁-စက္ခုဝတ္ထု၊ ၂-သောတဝတ္ထု၊ ၃-ဃာနဝတ္ထု၊ ၄-ဇိဝှါဝတ္ထု၊ ၅-ကာယဝတ္ထု၊ ၆-ဟဒယဝတ္ထုတို့ကို ဦးစွာ မှတ်သားမိရန် လိုပေသည်။ (ပစ္စယနိဒေသပါဠိတော် ပုရေဇာတ နှာ-၁၄၉ လည်းကြည့်ပါ)
(က-၇) အာရမ္မဏပုရေဇာတကို လေ့ရာတွင် ၁-ရူပါရုံ အဆင်း၊ ၂-သဒ္ဒါရုံ အသံ၊ ၃-ဂန္ဓာရုံ အနံ့၊ ၄-ရသာရုံ အရသာ၊ ၅-ဖောဋ္ဌဗ္ဗာရုံ အထိအတွေ့တို့ကို ဦးစွာ မှတ်သားမိရန် လိုပေသည်။ (ပစ္စယနိဒ္ဒေသပါဠိတော် ပုရေဇာတကိုလည်းကြည့်ပါ)
(က-၈) မြင်သိစိတ် စက္ခုဝိညာဏ ဖြစ်ပေါ်လာနိုင်ရန် တည်ရာမှီရာ (Base) အဖြစ် ကျေးဇူးပြုခြင်းကို ဝတ္ထု ပုရေဇာတ။ မြင်သိစိတ် စက္ခုဝိညာဏ ဖြစ်ပေါ်လာနိုင်ရန် အာရုံ (Object) အဖြစ် ကျေးဇူးပြုခြင်းကို အာရမ္မဏပုရေဇာတ ဖြစ်ပါသည်။ ကျန်သည့် နား၊ နှာခေါင်း၌ ကြားသိစိတ် နံသိစိတ်တို့ကိုလည်း အလားတူ နားလည်ရပါမည်။
ဝတ္ထုပုရေဇာတ ကြိုတင်ဖြစ်နှင့်သည်
(ခ-၁) ဤတွင် ဝတ္ထုပုရေဇာတပစ္စည်း၏ ထူးခြားချက်မှာ တည်ရာမှီရာ Base က Born earlier ကြိုတင်ဖြစ်နှင့်ပြီး ကျေးဇူးပြုသည် (ဝါ) ဖြစ်စေသည်။ ဥပမာ- အဆင်းကိုမြင်ရန် စက္ခုဝတ္ထုကို အမှီပြုပြီး ဖြစ်ရသည်။ အသံကို ကြားရန် သောတဝတ္ထုကို အမှီပြုပြီး ဖြစ်ရသည်။
( ခ-၂ ) ပဥှာဝါရ၌ ရူပါယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယောဟုလည်းကောင်း ပစ္စယနိဒ္ဒေသ ပါဠိတော်၌ “စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ-ပစ္စယေန ပစ္စယော”ဟု လာရှိပါသည်။ စက္ခုပသာဒ (ဝါ) စက္ခုဝတ္ထုသည် စက္ခု ဝိညာဏဓာတ် (မြင်သိစိတ်)ကို ပုရေဇာတပစ္စည်းဖြင့် ကျေးဇူးပြု၏။
(ခ-၃ ) မျက်စိအကြည် စက္ခုပသာဒ (ဝါ) စက္ခုဝတ္ထုသည် ရုပ်သက်၊ နာမ်သက်များ၏ သဘာဝနိယာမအတိုင်း ဥပါဒ်၊ ဋ္ဌီ၊ ဘင် Process ထဲမှ ဖြစ် တည် ပျက်၍၊ ဖြစ် တည် ပျက်၍ သွားနေပါသည်။ ဤတွင် Born earlier တင်ကြို၍ ဖြစ်ရသည်ဟု ဆိုရာ၌ မိမိတို့သိမှတ်နိုင်သည့် အချိန်ကာလအားဖြင့် နှစ်၊ လ၊ ရက်၊ နာရီ မည်မျှ တင်ကြို ဖြစ်ရသနည်း ဟူသောမေးခွန်း ပေါ်ပေါက်လာပါသည်။
Everything change, Nothing remain without change.
(ဂ-၁) Everything change, Nothing remain without change. ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း မြစ်ရေများ မနားတမ်း တစ်သွင်သွင် စီးဆင်းနေသကဲ့သို့ ရုပ်ဓမ္မ နာမ်ဓမ္မအစဉ်သည်လည်း မနားတမ်း ဖြစ်ပျက် ပြောင်းလဲ ၍ နေပါသည်။
(ဂ-၂) ဤမျှ သက်တမ်းတိုတောင်းသော ရုပ်တရားများထဲမှ မည်သည့် စက္ခုဝတ္ထု= စက္ခုပသာဒရုပ်က မြင်သိစိတ်ကို ရှေ့မှ ကြိုတင်ဖြစ်ကာ ကျေးဇူးပြုမည်နည်း။
(ဂ-၃) သေက္ချတောင်ဆရာတော်ဦးတိလောက ပြုစုတော်မူခဲ့သည့် ကျမ်းစာအုပ်တွင် ရုပ်ကလာပ်များ ဖြစ်တည် နေမှုကို အလွန်တိကျစွာဖြင့် ဖော်ပြထားပါသည်။ “အခြေခံရုပ်ကလာပ်ကို ပရမတ္တရုပ်ကလာပ်”ဟု မှတ်ကြ၊ ပရမတ်ရုပ် ကလာပ်မည်သည်ကား တစ်ပါးကိုတစ်ပါး မမှီတွယ်ရဘဲ မဖြစ်နိုင်ကြ၊ မတည်နိုင်ကြ၊ ထိုသို့ မဖြစ်နိုင်၊ မတည်နိုင်ကြသောကြောင့် ဘယ်ရုပ်က အောက်က၊ ဘယ်ရုပ်က အထက်က၊ ဘယ်ရုပ်က လက်ဝဲ၊ ဘယ်ရုပ်ကလက်ယာ၊ ဘယ်ရုပ်က အတွင်း၊ ဘယ်ရုပ်က အပြင်ကဟု ရွေးချယ်မရဘဲ တစ်ခုတည်း ဖြစ်နေကြ၏။ ထို့ကြောင့် တစ်ခုစီကွဲသွားအောင် ခွဲခြား၍မရသော အဝိနိဗ္ဘောဂရုပ်များအဖြစ် စုစည်း နေကြ၏။ ထိုရုပ်များသည် သဟဇာတသဘောဖြင့် အကုန်လုံး အတူတကွ တပြိုင်တည်းဖြစ်ပေါ်လာ၍ ပျက်လျှင်လည်း အကုန်လုံး အတူတကွ တပြိုင်တည်း ပျက်ကြလေ၏။ မြေဓာတ်လွန်ကဲသော ပရမတ္တ ရုပ်ကလာပ်ပေါင်း သိန်း၊ သန်း၊ ကုဋေလောက် သမူဟကလာပ်များ ပေါင်းစုဖွဲ့ကြလျှင် ပရမာဏုမြူ ဖြစ်လာ ၏။ ထိုပရမာဏုမြူ၏ အထည်ပမာဏ အရွယ်အစားကို ဤသို့သိရမည်”
(ဂ-၄) “ဦးခေါင်းက သန်းတစ်ကောင်ကို ခုနှစ်စိတ်စိတ်သော် တစ်စိတ်စာသည် လိက္ခာမည်သော ပိုးတစ် ကောင်နှင့် ညီမျှသည်” (ထိုလိက္ခာပိုးသည် ဝဲနာ၊ ယားနာ ဖြစ်စေသောပိုးဖြစ်ကြောင်း ယနေ့ ဆေးသိပ္ပံက အတည်ပြုကြပါသည်။)
“ထိုပိုးကောင်ငယ်တစ်ကောင်ကို ၃၆-စိတ် စိတ်သော် တစ်စိတ်သည် ရထရေဏုမြူတစ်ခုနှင့် ညီမျှ၏”
“ရထရေဏုမြူတစ်လုံးကို ၃၆-စိတ်စိတ်သော် တစ်စိတ်သည် တဇ္ဇရီမြူတစ်ခုနှင့် ညီမျှ၏”
“တဇ္ဇရီမြူတစ်လုံးကို ၃၆-စိတ်စိတ်သော် တစ်စိတ်သည် အနုမြူ Atom တစ်ခုနှင့် ညီမျှ၏”
“အနုမြူ Atom တစ်လုံးကို ၃၆-စိတ်စိတ်သော် တစ်စိတ်သည် ပရမာဏုမြူ Partical တစ်ခုနှင့် ညီမျှ၏”
ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ အဘိဓမ္မာတရားတော်အရ အနုမြူ ဗအသာ တစ်လုံးတွင် ပရမာဏုမြူ Partical ၃၆-မျိုးဖြင့် ဖွဲ့စည်းထားကြောင်း နားလည်ရမည် ဖြစ်ပါသည်။
(ဂ-၅) ယခုအခါ သိပ္ပံပညာရှင်များကရုပ် Matter ကို အထပ်ထပ်ခွဲခြမ်းစိတ်ဖြာကာ လေ့လာသောအခါရုပ်၌ အနှစ် အဆံ တစ်စုံတစ်ရာမှ မတွေ့ရှိတော့ဘဲ စွမ်းအင် Energy အဖြစ်သာ ရှိကြောင်း ဖော်ပြကြပါသည်။ ထိုစွမ်းအင် Energy မျှသာရှိသော သဘောတရားတွင် ရုပ်တစ်ခု၌ ရှိသင့်ရှိထိုက်သည့် Weight အလေးချိန်၊ Mass ဒြပ်ထု သဘော၊ Form အဆင်းသဏ္ဍာန်၊ Dimension အရွယ်အစားပမာဏတို့ မရှိကြောင်းကို ယနေ့ ရူပဗေဒ သိပ္ပံပညာရှင်များက တွေ့ရှိလာပါသည်။
(ဂ-၆) ဤတွေ့ရှိချက်က ရုပ်တွင် ထာဝရတည်မြဲသည့် အထည်ဒြပ်မရှိတော့ကြောင်း သက်သေထူပါသည်။ မြတ်စွာ ဘုရားက လွန်ခဲ့သည့် နှစ်ပေါင်း (၂၅၀၀)ကျော်ကပင် သိရှိတော်မူပြီး ‘ရူပံ ဘိက္ခေ၀ အနတ္တ’ဟု ဟောကြားတော်မူသည့် တရားတော်နှင့် ယနေ့တွေ့ရှိချက်သည် လွန်စွာမှ ညီညွတ်နေပေတော့သည်။
266 total views, 1 views today