၁၀-ပုရေဇာတပစ္စယော ပဥှာဝါရပါဠိနှင့် မြန်မာ  zawgyi
ပုရေဇာတပစ္စည်းတွင် –
အာရမ္မဏပုရေဇာတံ
ဝတ္ထုပုရေဇာတံ
အာရမ္မဏပုရေဇာတံ
အာရမ္မဏပုရေဇာတံ
၁၀-ပုရေဇာတပစ္စယော ပဥှာဝါရပါဠိနှင့် မြန်မာ  pyidaungsu-unicode
၄၂၄။ အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ (ဗျာ၊ ဗျာ-၁)
အဗျာကတတရားသည် အဗျာကတတရားအား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။
ပုရေဇာတပစ္စည်းတွင် –
၁။ ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် အာရုံ (Object) ဟူသော အာရမ္မဏ ပုရေဇာတပစ္စည်းနှင့်
၂။ ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် မှီရာ (Base) ဟူသော ဝတ္ထုပုရေဇာတ ပစ္စည်းဟူ၍ နှစ်မျိုးရှိ၏။
အာရမ္မဏပုရေဇာတံ
ထိုနှစ်မျိုးတို့တွင် ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် အာရုံဟူသော အာရမ္မဏ ပုရေဇာတပစ္စည်းဟူသည်–
အရဟာ စက္ခုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ။
ရဟန္တာပုဂ္ဂိုလ်သည် မျက်စိအကြည်ကို မမြဲ အနိစ္စ၊ ဆင်းရဲ ဒုက္ခ၊ အစိုးမရ အနတ္တဟု ဝိပဿနာရှု၏။
သောတံ။ ပ။ ဃာနံ။ ပ။ ဇိဝှံ။ ပ။ ကာယံ။ ပ။ ရူပေ။ ပ။ သဒ္ဒေ။ ပ။ ဂန္ဓေ။ ပ။ ရသေ။ ပ။ ဖောဋ္ဌဗ္ဗေ။ ပ။ ဝတ္ထုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿတိ၊
နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ နှလုံးသားတည်ရာဝတ္ထုကို မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရအနတ္တဟု ဝိပဿနာရှု၏။
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿတိ၊ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဒံသုဏာတိ။
ဒိဗ္ဗစက္ခုအဘိညာဉ်ဟူသော အဘိညာဉ်မျက်စိဖြင့် ရုပ်အဆင်းကို မြင်၏။ ဒိဗ္ဗသောတဟူသော အဘိညာဉ်နားဖြင့် အသံကို ကြား၏။
ရူပါယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ သဒ္ဒါယတနံ သောတ-ဝိညာဏဿ။ ပ။ ဂန္ဓာယတနံ ဃာနဝိညာဏဿ။ ပ။ ရသာယတနံ ဇိဝှါဝိညာဏဿ။ ပ။ ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။
အဆင်း ရူပါရုံသည် မြင်သိစိတ်အား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ အသံ သဒ္ဒါရုံသည် ကြားသိစိတ်အား၊ အနံ့ ဂန္ဓာရုံသည် နံသိစိတ်အား၊ အရသာ ရသာရုံသည် အရသာသိစိတ်အား၊ အထိအတွေ့ ဖောဋ္ဌဗ္ဗာရုံသည် ထိသိစိတ်အား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဝတ္ထုပုရေဇာတံ
ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် မှီရာ (Base) ဟူသော ဝတ္ထုပုရေဇာတပစ္စည်း ဟူသည် –
စက္ခာယတနံ စက္ခုဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။ သောတာယတနံ သောတ ဝိညာဏဿ။ ပ။ ဃာနာယတနံ ဃာနဝိညာဏဿ။ ပ။ ဇိဝှါယတနံ ဇိဝှါဝိညာဏဿ။ ပ။ ကာယာယတနံ ကာယဝိညာဏဿ ပုရေဇာတပစ္စယေန ပစ္စယော။
စက္ခုပသာဒ မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သောတပသာဒ နားအကြည် ရုပ်သည် ကြားသိစိတ်အား၊ ဃာနပသာဒ နှာခေါင်းအကြည်ရုပ်သည် နံသိစိတ်အား၊ ဇိဝှါပသာဒ လျှာအကြည်ရုပ်သည် အရသာသိစိတ်အား၊ ကာယပသာဒ ကိုယ်အကြည် ရုပ်သည် ထိသိစိတ်အား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
ဝတ္ထု ဝိပါကာဗျာကတာနံ ကိရိယာဗျာကတာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။
မှီရာဝတ္ထုရုပ်သည် ဝိပါက်ကိရိယာ အဗျာကတဖြစ်ကုန်သော ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာ ဟူသော နာမ်ခန္ဓာတို့အား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
အဗျာကတော ဓမ္မော ကုသလဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ (ဗျာ၊ ကု-၁)
အဗျာကတတရားသည် ကုသိုလ်တရားအား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
အာရမ္မဏပုရေဇာတံ၊ ဝတ္ထုပုရေဇာတံ။
၁။ ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် အာရုံဟူသော အာရမ္မဏပုရေဇာတ ပစ္စည်းနှင့်
၂။ ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် မှီရာဟူသော ဝတ္ထုပုရေဇာတပစ္စည်း ဟူ၍ နှစ်မျိုးရှိ၏။
အာရမ္မဏပုရေဇာတံ
ထိုနှစ်မျိုးတို့တွင် ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် အာရုံဟူသောအာရမ္မဏ ပုရေဇာတပစ္စည်းဟူသည် –
သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ စက္ခုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ။ သောတံ။ ပ။ ဃာနံ။ ပ။ ဇိဝှံ။ ပ။ ကာယံ။ ပ။ ရူပေ။ ပ။ သဒ္ဒေ။ ပ။ ဂန္ဓေ။ ပ။ ရသေ။ ပ။ ဖောဋ္ဌဗ္ဗေ။ ပ။ ဝတ္ထုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ။
ကျင့်ဆဲဖြစ်သော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဟူသော အရိယာသေက္ခပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ဝိပဿနာ တရားအားထုတ်ကြသည့် ပုထုဇဉ် ယောဂီပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ မျက်စိအကြည်ကို မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရအနတ္တဟု ဝိပဿနာရှုကြကုန်၏။ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ နှလုံးသားတည်ရာဝတ္ထုကို မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရ အနတ္တဟု ဝိပဿနာရှုကြကုန်၏။
ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿန္တိ။ ဒိဗ္ဗာယ သောတဓာတုယာ သဒ္ဒံ သုဏန္တိ။
ဒိဗ္ဗစက္ခုအဘိညာဉ်ဟူသော အဘိညာဉ်မျက်စိဖြင့် ရုပ်အဆင်းကို မြင်၏၊ ဒိဗ္ဗသောတဟူသော အဘိညာဉ်နားဖြင့် အသံကို ကြား၏။
ဝတ္ထုပုရေဇာတံ ဝတ္ထု ကုသလာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။
မှီရာဝတ္ထုရုပ်သည် ကုသိုလ်နာမ်ခန္ဓာတို့အား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
အဗျာကတော ဓမ္မော အကုသလဿ ဓမ္မဿ ပုရေဇာတပစ္စယေန ပစ္စယော။ (ဗျာ၊ အကု-၃)
အဗျာကတတရားသည် အကုသိုလ်တရားအား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်။
၁။ ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် အာရုံဟူသော အာရမ္မဏပုရေဇာတ ပစ္စည်းနှင့်
၂။ ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် မှီရာဟူသော ဝတ္ထုပုရေဇာတပစ္စည်း ဟူ၍ နှစ်မျိုးရှိ၏။
အာရမ္မဏပုရေဇာတံ
ပစ္စယုပ္ပန်အကျိုးတရားများမဖြစ်မီ ရှေးကဖြစ်နှင့်သည့် အာရုံဟူသော အာရမ္မဏပုရေဇာတပစ္စည်း ဟူသည် –
စက္ခုံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဘ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
မျက်စိအကြည်ကို အဿာဒေတိ သာယာမြတ်နိုး၏၊ အဘိနန္ဒတိ အလွန် နှစ်သက်၏၊ ထိုသို့ သာယာ မြတ်နိုး နှစ်သက်မှုကို အာရုံပြု၍ စွဲလမ်းကပ်ငြိမှု ရာဂ ဖြစ်၏။ အယူလွဲမှားမှု ဒိဋ္ဌိ ဖြစ်၏၊ ယုံမှားသံသယ ဝိစိကိစ္ဆာ ဖြစ်၏၊ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ ဖြစ်၏၊ စိတ်နှလုံး မသာယာမှု ဖြစ်၏။
သောတံ။ ပ။ ဃာနံ။ ပ။ ဇိဝှံ။ ပ။ ကာယံ။ ပ။ ရူပေ။ ပ။ သဒ္ဒေ။ ပ။ ဂန္ဓေ။ ပ။ ရသေ။ ပ။ ဖောဋ္ဌဗ္ဗေ။ ပ။ ဝတ္ထုံ အဿာဒေတိ အဘိနန္ဒတိ၊ တံ အာရဗ္ဘ ရာဂေါ ဥပ္ပဇ္ဇတိ၊ ဒိဋ္ဌိ ဥပ္ပဇ္ဇတိ၊ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇတိ၊ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတိ၊ ဒေါမနဿံ ဥပ္ပဇ္ဇတိ။
နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ နှလုံးသားတည်ရာဝတ္ထုတို့ကို အဿာဒေတိ သာယာမြတ်နိုး၏၊ အဘိနန္ဒတိ အလွန် နှစ်သက်၏၊ ထိုသို့ သာယာမြတ်နိုး နှစ်သက်မှုကို အာရုံပြု၍ စွဲလမ်းကပ်ငြိမှု ရာဂ ဖြစ်၏။ အယူလွဲမှားမှု ဒိဋ္ဌိ ဖြစ်၏၊ ယုံမှားသံသယ ဝိစိကိစ္ဆာ ဖြစ်၏၊ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ ဖြစ်၏၊ စိတ်နှလုံး မသာယာခြင်း ဖြစ်၏။
ဝတ္ထုပုရေဇာတံ ဝတ္ထု အကုသလာနံ ခန္ဓာနံ ပုရေဇာတပစ္စယေန ပစ္စယော။
မှီရာဝတ္ထုရုပ်သည် အကုသိုလ်နာမ်ခန္ဓာတို့အား ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
 7 total views,  3 views today
By admin
Leave a Reply
Your email address will not be published. Required fields are marked *